← Chapters

အပိုင်း(၁၉၅)-ဆန့်ကျင်ရေးဆေးတစ်ရာ ထွက်ပေါ်လာခြင်း

Vol. 002 Ch. 195

အပိုင်း(၁၉၅)-ဆန့်ကျင်ရေးဆေးတစ်ရာ ထွက်ပေါ်လာခြင်း

Vol. 002 Ch. 195

ထို့နောက်တွင် ထိုသူသည် ဈေးထပ်မံပေးရာ ရှီမာယူယူသည် တစ်ထောင် နှစ်ထောင်လိုက်ပေးမြဲဖြစ်လေသည်။ အချိန်ကုန်ရုံဖြစ်သည်ဟုသာ ထိုလူခံစားမိတော့သည်။

နောက်ဆုံးတွင် ထိုမိန်းကလေးသည် အံကြိတ်ကာ တစ်သိန်းခေါ်လိုက်သော်လည်း ရှီမာယူယူ ဈေးလိုက်ပေးရာ ထိုလူသည် ပို၍ စိတ်ရှုပ်လာသည်။

“ကောင်းပြီ မင်းနိုင်ပါတယ်” ထိုလူသည် စိတ်ဆိုးစွာပြောလိုက်သည် “ငါထပ်မလိုက်တော့ဘူး”

သူမ နောက်ပြောင်နေသည်ဟု အားလုံးကထင်ကြသည်၊ သို့သော် သူမ အလေးအနက်ဖြစ်သည်ကိုတော့ သူမ တစ်ယောက်တည်းသာသိသည်။

သူမသည် တစ်ထောင်၊ နှစ်ထောင်တိုးရခြင်းမှာ သူမ ငွေအရမ်းမသုံးချင်၍ ဖြစ်သည်ကိုတော့ ဝန်မခံချင်ပေ။

ထိုအကြောင်းအား ထိုလူသိပါက သူမသည်သေချာပေါက် စိတ်ပျက်သွားမည်ဖြစ်သည်။ ဒီလို ညစ်ပတ်တဲံသူ ရှိဦးမလား။

အစေခံမိန်းကလေးသည် လျင်မြန်စွာပင် ခရမ်းစွဲပုလဲအားယူဆောင်လာလေသည်။ ထိုပစ္စည်းသူမလက်ထဲသို့  ရောက်ရှိရန် ရှီမာယူယူသည် ငွေ တစ်သိန်းနှစ်သောင်းသုံးလိုက်ရသည်။

“ငါထင်ထားတာလောက်တော့ ဈေးမကြီးဘူးပဲ၊ ဒါပေမယ့် ဒီပုလဲက တကယ်လှတာပဲ” သူမသည် ပြုံးကာ လက်ထဲရှိပုလဲနှင့် ဆော့ကစားနေလေသည်။

ဈေးနှုန်းမှာ အစပိုင်းက သူမထင်ထားသည်ထက် ပိုဈေးသက်သာနေခဲ့သည်။ ထိုအကြောင်းအရင်းအား စဉ်းစားကြည့်လျှင် အရင်ပစ္စည်းများသည် ဈေးကြီးလှသည်။ အားလုံးသည် နောက်ဆုံးအချိန်ထိ ပိုက်ဆံ များချန်ထားချင်ကြကာ အစပိုင်းတွင် မဖြုန်းတီးလိုသောကြောင့် သူမသည် အလွယ်တကူပင် ရနိုင်ခဲ့ခြင်းဖြစ်သည်။

သူမသည် ခရမ်းစွဲပုလဲအား သေချာစွာမကြည့်ရသေးခင်မှာပင် အောက်တွင် နှင်းခဲဆေးအတွက် ဈေးပြိုင်ခြင်း စတင်နေပြီဖြစ်သည်။

ဂျွန်လန်သည် နှင်းခဲဆေးအားယူကာ ပြောလိုက်သည် “ဒီမှာရှိတဲ့လူတွေက နှင်းခဲဆေးကို မစိမ်းကြဘူးလို့ ကျွန်မထင်ပါတယ်၊ ဒါက အဆင့်ငါးဆေးပါ သူ့ရဲ့အဆင့်က သိပ်မမြင့်ပေမယ့် ဝိညာဉ်သခင်တွေအတွက်တော့ အရမ်းအသုံးဝင်မှာပါ၊ အားလုံးသိတဲ့အတိုင်းပဲ ကျင့်စဉ်မြင့်လေ ခင်ဗျားတို့ရဲ့ ရွှီကလည်း လွယ်လွယ်  ပျောက်ကွယ်လေပဲလေ၊ ဒီနှင်းခဲဆေးမှာတော့ ဒါတွေကို အကျိုးသက်ရောက်စေတဲ့ အာနိသင်တွေပါပါတယ်”

ထိုသို့ပြောပြီးနောက် သူမသည် ခေတ္တတုံးဆိုင်းသွားကာ အောက်မှလူအုပ်၏ တုန့်ပြန်မှုကို ကျေနပ်စွာကြည့်လိုက်သည်။ သူမ ဆက်ပြောလေသည် “ဒီဆေးစားရခြင်းရဲ့ အကျိုးသက်ရောက်မှုကိုတော့ အားလုံးသိကြမှာပါ၊ ပြီးတော့ ဒီဆေးဖော်ရာမှာ ခက်ခဲတာကတော့ ထင်ရှားပါတယ်၊ ပါဝင်ပစ္စည်းအဆင့်တွေကစလို့ လွယ်ကူတဲ့စွမ်းရည်တော့မဟုတ်ပါဘူး၊ ဒီတစ်ခါစမှာ  တော့ ရွှေပြား ၅၀၀၀ ဖြစ်ပါတယ် အခု စပြီး ဈေးပြိုင်လို့ရပါပြီ”

၅၀၀၀ နှင့် စတင်ခြင်းသည်အနည်းငယ် ဈေးမြင့်သော်လည်း ဈေးပြိုင်သူများရှိနေသေးသည်။ ထို့အပြင် ထိုဆေးမျိုးသည် ရရှိရန်ခက်ခဲသည်။ ထိုဆေးစားလိုက်လျှင် ရွှီပျောက်ကွယ်ခြင်း နှင့် သွေဖယ်ခြင်းဖြစ်လာပါက ပြင်ဆင်ပြီးဖြစ်သားဖြစ်သွားပေမည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ရွှေပြား ၃၀၀၀၀ နှင့် တခြားတစ်ယောက်သည် ရွှေပြား ၃၅၀၀၀ ပေးရာ ရှီမာယူယူသည် ထိုဈေးနှုန်းအား ကျေနပ်ခဲ့သည်။

ဝေကျိရွှီနှင့်တခြားသူများသည် လက်ရှိတွင် သီးသန့်အခန်းတွင်ရှိနေသည်။ တုလေးသည် နှင်းခဲဆေး၏ ဈေးနှုန်းအား တအံ့တသြဖြစ်နေသည်။

“အစ်ကိုကြီးက ကျွန်တော့်ကို အဲလောက်ဈေးကြီးတဲ့ဆေးကျွေးခဲ့တာပဲ” ရှီမာယူယူ မျက်တောင်မခတ်ပဲ သူ့အား ထိုဆေးကျွေးခဲ့သည်ကို စဉ်းစားမိသောအခါ သူစိတ်လှုပ်ရှားမိသည်။

ဘေဂုံထန်သည် တုလေး၏ ခေါင်းအား ကိုင်ကာ ပြောလိုက်သည် “ယူယူက မင်းအပေါ်တကယ်ကောင်းတယ်”

“ကျွန်တော့်အပေါ် အစ်ကိုကြီးကောင်းတာတွေကို မှတ်ထားပါမယ်” တုလေးသည် အလေးအနက်ပြော  လေသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ပစ္စည်းများသည် ရောင်းထွက်သွားကြကာ ပစ္စည်းအနည်း ငယ်သာကျန်တော့သည်။

တချို့အင်အားကြီးများသည် အပိုင်းလိုက် ခွဲပြီး ပါဝင်ကြပြီး တချိုု့မှာ ပါဝင်ခြင်းမရှိကြပေ။ အများစုမှာ တတိယအဆင့်ကို ပြိုင်ရန် လုပ်ထားကြလေသည်။

ရှီမာယူယူသည် သူတို့ပြိုင်ပွဲအား စောင့်ကြည့်နေသည်။ ထိုပစ္စည်းများသည် တန်ဖိုးကြီးသော်လည်း သူမအတွက် ဆွဲဆောင်မှုမရှိပေ။ သူမ လိုချင်သော ပစ္စည်းရပြီးဖြစ်၍ ဒီကိုလာရခြင်း၏ ရည်ရွယ်ချက်  ပြီးမြောက်သွားပြီဖြစ်သည်။ အခြားသော ပစ္စည်းများသည် သူမအတွက် အရေးမပါတော့ပေ။

“၁၀၀၀၀၀”

“၁၁၀၀၀၀”

“၁၅၀၀၀၀”

“၂၀၀၀၀၀”

တစ်သောင်းချင်းစီ ဈေးတိုးသွားသည်ကိုကြားရသည်မှာ အစပိုင်းက တစ်ထောင်စီတိုးသွားသည်နှင့် ယှဉ်လျှင် ကွာခြားချက်များစွာရှိလှသည်။

ဒီတစ်ကြိမ်တွင် အစေခံမိန်းကလေးသည် လင်ဗန်းအား ကိုင်ကာ တက်လာသည်။ သူမသည် အနီရောင်အဝတ်အား ကာထားခြင်းမရှိပဲ ဘေးဘက်အားပြသထားသည်။

“ဒီတစ်ခေါက် ကျွန်မတို့ရဲ့ လေလံပွဲရဲ့ အဓိကနေရာတော့ ရောက်လာပါပြီ ဒီတစ်ခေါက် လေလံရဲ့ ပစ္စည်းကတော့ အဆင့်ခြောက် အံ့ဖွယ်ဆေးပဲဖြစ်ပါတယ်၊ ဒီဆေးကိုသုံးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ အင်အား နှစ်ဆတက်လာမှာဖြစ်ပါတယ်၊ စဉ်းစားကြည့်မယ်ဆိုရင်တော့ သင်တို့ဟာ အဆင့်တူတဲ့လူနှစ်ယောက် တိုက်ခိုက်ခဲ့မယ်ဆိုရင် သင်ဟာ သင့်ပြိုင်ဘက်ထက် အားနှစ်ဆသာနေမယ်ဆိုရင်တော့ တိုက်ပွဲရဲ့ရလဒ်ကို ဂျွန်လန်ပြောဖို့မလိုတော့ဘူးထင်ပါတယ်၊ စုစုပေါင်းဆိုရင်တော့ အံ့ဖွယ်အဆင့်ဆေး နှစ်လုံးပါဝင်ပြီး တစ်လုံးစီကို အနည်းဆုံး ၁၅၀၀၀ ကနေစတင်မှာဖြစ်ပါတယ်”

ထိုအံ့ဖွယ်ဆေးသည် ၁၅၀၀၀ မှစတင်မည်ဟု ရှီမာယူယူ ထင်မထားခဲ့ပေ။ သူမတွင်ရှိသော ခရမ်းစွဲပုလဲမှာ ၁၆၀၀၀ မှစတင်ခဲ့လေသည်။

သူမ အတွေးများပြန်စုစည်းမိချိန်တွင် ပထမတစ်လုံးမှာ ၂၅၀၀၀၀ ရရှိသွားသည်။

ဒုတိယဆေးမှာ ၃၀၀၀၀၀ နှင့် ရောင်းထွက်သွားပြီဖြစ်သည်။

“၁၅၀၀၀ နဲ့စခဲ့ပေမယ့် နောက်ဆုံးတော့ ၃၀၀၀၀၀ ရတာပဲ၊ အဆ နှစ်ဆယ်လောက်တက်သွားတာပဲ၊ ဆန့်ကျင်ရေးဆေးတစ်ရာက ၂၀၀၀၀ နဲ့စတော့ ၄၀၀၀၀၀ အထိရနိုင်တဲ့ အခွင့်အရေးရှိတာပဲ၊ ဝါး ဝါး ငါသူဌေးဖြစ်တော့မှာပဲ” ရှီမာယူယူသည် သူမ ရှာနိုင်သည့် ပမာဏကိုတွေးလိုက်ရာ စိတ်ထဲတွင် ပျော်ရွှင်မှုများ သီးပွင့်လာသည်။

“ယူယူ စိတ်ထိန်း စိတ်ထိန်း ဒါက သောင်းဂဏန်းနည်းနည်းပဲရှိသေးတယ်၊ မင်းအရင်က ဒီထက်ပိုရှိခဲ့တာ” ဟိန်းသံလေးသည် ဝိညာဉ်အသီးအား ကိုင်ပြီး ပျော်ရွှင်စွာစားနေကာ သူမအား အထင်သေးစွာကြည့်ုလိုက်သည်။

“အဲဒါအရင်တုန်းကလေ ငါမမှတ်မိတော့ဘူး အခုတော့ ငါအရမ်းဆင်းရဲနေတာပဲ” ရှီမာယူယူ သက်ပြင်းချကာ “rမဖြစ်တော့ဘူး ဈေးမြင့်မြင့်ရဖို့ နည်းလမ်းရှာရတော့မယ်”

အံ့ဖွယ်ဆေးအား ချသွားကာ သူမ၏ ဆန့်ကျင်ရေးဆေးတစ်ရာသည် နောက်တစ်ချီတွင် အပေါ်သို့  ရောက်လာသည်။

ဆန့်ကျင်ရေးဆေးတစ်ရာအကို ကျောက်စိမ်းပုလင်းတွင် ထည့်ထားခြင်းမဟုတ်ပဲ အနီရောင် အဝတ်ပေါ်တွင် ထားတားသည်။ တောက်ပသော ဆေးလေးလုံးသည် အားလုံး၏ အာရုံကို ချက်ချင်းပင်ဆွဲဆောင်လိုက်နိုင်သည်။

“ဒါက ဆန့်ကျင်ရေးဆေးတစ်ရာဆေးလား”

“တခြားဆေးတွေနဲ့ ကြည့်ရတာတောင် ကွာတယ်”

“ဒီဆေးစားရရင် တကယ်ပဲ ငါတို့ရဲ့ ခြင်ဆီတွေ အကြောတွေက သန့်ရှင်းသွားမယ်ဆိုတာ တကယ်လား”

“တကယ်ပေါ့ ဒီဟာက အမှိုက်ကိုတောင် ပါရမီရှင်ဖြစ်သွားစေနိုင်တယ်လို့ပြောကြတယ်”

“ဟီးဟီး ဒီဟာကို ဘယ်သူလေလံအောင်မလဲ ငါသိချင်လာပြီ”

“မင်းတော့ မဖြစ်နိုင်တာသေချာတယ် ဟားဟားဟား”

“ဒီဆေး နောက်ဆုံးဘယ်လောက်နဲ့ ရောင်းထွက်မလဲသိချင်တယ်”

“ဘယ်လောက်နဲ့ ရောင်းထွက်ထွက် တန်ပါတယ်၊ စဉ်းစားကြည့်လေ ဆေးတစ်လုံးထဲနဲ့ ပါရမီရှင်ကို မွေးထုတ်ပေးမှာ၊ စွမ်းအားရှိတဲ့ မျိုးနွယ်တွေဆိုရင် ပါရမီရှင်တစ်ယောက်က  ရွှေပြားတစ်သိန်းထက်တောင် တန်ဖိုးရှိတယ်လေ”

“မင်းပြောတာဟုတ်တယ်”

“ဒီနေ့လာတဲ့သူတွေက အင်အားကြီးတဲ့သူတွေတွေ့တယ်၊ သူတို့က ဆန့်ကျင်ရေးဆေးတစ်ရာအတွက် လာကြတာပဲ၊ ပြီးတော့ ဆေးက လေးလုံးထဲ ပွဲကြီးပွဲကောင်းတော့ ဖြစ်တော့မှာပဲ”

“ဟား ဟား စောင့်ကြည့်ကြတာပေါ့”

“…..”

ဂျွန်လန်သည် အောက်မှတုန့်ပြန်မှုများကို စောင့်ကြည့်နေကာ ဘာမှမပြောပေ။ ဆန့်ကျင်ရေးဆေးတစ်ရာ အား မြင်သော်အခါ တချို့သူများသည် သူတို့ထိုဆေးအား ရနိုင်ရန်မျှော်လင့်ချက်သည်ကို သိထားဖြင့် မျက်လုံးများ နီရဲလာလေသည်။ သူတို့သည် ခိုးပြေးချင်သော်လည်း ဖိအားပေးထားသော ရောင်ဝါငါးခုကြောင့် သူတို့ သည်လှုပ်ရှား၍မရပေ။ သူတို့ အကြံအား စွန့်လွှတ်လိုက်ကြရတော့သည်။

“ဟူး”

သက်ပြင်းတစ်ချက်နှင့်အတူ ထိုလူများသည် အာရုံပြန်စုစည်းလိုက်ကြသည်။ သူတို့သည် ထိုဧရိယာအတွင်းတွင် ကျွမ်းကျင်သူ ငါးယောက်စောင့်ကြပ်နေသည်ကို နောက်ဆုံးမှ သတိပြန်ရကြလေသည်။ သူတို့သာ ခိုးပြေးရန် ကြိုးစားပါက သူတို့အရိုးများပင် ကျန်မည်မဟုတ်ပေ။

ထိုလူများ ငြိမ်သက်သည်အထိ စောင့်ပြီး ဂျွန်လန် အပြုံးဖြင့် ပြောလိုက်လေသည် “ဟုတ်ပါတယ် ဒါက အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ဆန့်ကျင်ရေးဆေးတစ်ရာဆေးဖြစ်ပါတယ်၊ ရိုးရိုးသားသားပြောရရင် ဂျွန်လန်လည်း ဆန့်ကျင်ရေးဆေးတစ်ရာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ရဲ့ တန်ဖိုးဖြတ်သခင်က ဒါက ဆန့်ကျင်ရေးဆေးတစ်ရာဖြစ်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်၊ ပြီးတော့ ဆန့်ကျင်ရေးဆေးတစ်ရာရဲ့ အသုံးဝင်မှုကိုတော့ ရှင်းပြလို့မလိုလောက်ပါဘူး၊ အရိုးနဲ့ ခြင်ဆီတွေကို ရှင်းလင်းပေးပြီး ခန္ဓာကိုယ်အသစ်တစ်ခုရလိုက်သလိုဖြစ်မှာပါ၊ အမှိုက်တစ်ခုက သုံးရင်တောင် ပါရမီရှင် ဖြစ်စေမှာပါ၊ သင်ဟာ ပါရမီရှင်ဖြစ်ပြီးသားဆိုရင်တော့ တကယ့်ကို ကြောက်ခမန်းလိလိဖြစ်သွားမှာပါ”

“ဟားဟား”

အားလုံးသည် စိတ်လှုပ်ရှားနေရာမှ သူမပြောသည်ကိုကြားသော်အခါ ရယ်မောကြလေသည်။

“ဒီဆန့်ကျင်ရေးဆေးတစ်ရာဖော်တဲ့ နည်းလမ်းက ပျောက်ကွယ်သွားပါပြီး ပြီးတော့ ပါဝင်ပစ္စည်းတွေကလည်း ရဖို့ရာခက်ပါတယ်၊ ဒါကြောင့်ပဲ ကျွန်မတို့ဟာ မသေခင်တစ်ခါပဲမြင်သွားနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်၊ ဒါက အခွင့်အရေးတစ်ခုလို့ ပြောနိုင်ပါတယ်၊ အားလုံးပဲ ဒီအခွင့်အရေးက တစ်ခါပဲရလို့ ဆုပ်ကိုင်ကြပါ၊ ဒီအခွင့်အရေးလွတ်သွားရင်တော့ ပါရမီရှင်ဖြစ်ဖို့အခွင့်အရေးလွတ်သွားပါလိမ့်မယ်၊ သင်တို့ရဲ့ မိသားစုကလည်း ပါရမီရှင်ကိုလက်လွှတ်ရပါလိမ့်မယ်”

“မိန်းကလေး ဂျွန်လန် ထပ်ပြောဖို့မလိုတော့ဘူး မြန်မြန်စရအောင်” တစ်စုံတစ်ယောက်သည် ဒုတိယအထပ် သီးသန့်အခန်းမှ အော်လိုက်သည်။

“ကောင်းပါပြီး ဒီပစ္စည်းရဲ့ ခေါ်ဈေးကို အားလုံးသိထားကြတော့ ဂျွန်လန် အပိုစကားပြောဖို့မလိုတော့ပါဘူး၊ ၂၀၀၀၀ ကနေစပြီး ပါဝင်သူတွေ လေလံစလို့ရပါပြီ”

All Chapters