← Chapters

အပိုင်း(၁၉၆)-လေလံပွဲမှ အမြင့်ဆုံးဈေးနှုန်းများ

Vol. 002 Ch. 196

အပိုင်း(၁၉၆)-လေလံပွဲမှ အမြင့်ဆုံးဈေးနှုန်းများ

Vol. 002 Ch. 196

“၂၅,၀၀၀”

“၃၀,၀၀၀”

“၄၀,၀၀၀”

“………..”

“၁၅၀,၀၀၀”

“………..”

ရှီမာယူယူသည် အောက်မှဈေးပြိုင်သည့် တိုက်ပွဲကို အပေါ်မှကြည့်နေလေသည်။ သူမသည် ထိုပစ္စည်းအား လေလံပွဲသို့ယူလာသည်ဖြစ်ကြောင်းကို အားလုံးသိကြသဖြင့် သူမသည် ပါဝင်နိုင်ခြင်းမရှိကာ စောင့်ကြည့်ရုံသာကြည့်နေခဲ့သည်။

သူမ ရုတ်တရက် တစ်စုံတစ်ခုအားစဉ်းစားမိကာ ဝန်ဆောင်မှုအားခေါ်သော ခလုတ်ကိုနှိပ်လိုက်သည်။ အစေခံမိန်းကလေးသည် ချက်ချင်းပင် ပေါ်ထွက်လာသည်။

“ဆရာ ဘာလုပ်ပေးရမလဲရှင့်”

“မင်းတို့ ကြီးကြပ်သူကို အခုတွေ့ချင်တယ်”

“ခဏလောက်စောင့်ပေးပါ”

အစေခံမိန်းကလေးသည် လှေကားမှ ထွက်သွားကာ ကြီးကြပ်သူသည် ပေါ်လာသည်။

“ဆရာ ကျွန်တော် ဘာများကူညီပေးရမလဲ” ကြီးကြပ်သူသည် ယဉ်ကျေးစွာမေးလိုက်သည်။

“အင်း… ဒီပစ္စည်းကိုလေလံပစ်ရာမှာ တောင်းဆိုစရာတစ်ခုရှိလို့….”

အောက်ထပ်တွင် ပထမဆေး ဈေးနှုန်းမှာ ၃၀၀,၀၀၀ တွင်ရပ်နေသည် သို့သော် ထိုသည်မှာ အတည်ပြုဈေးနှုန်းဟု ထင်ထားကြသော်လည်း ဝေကျိရွှီသည် ရုတ်တရက် ၃၃၀,၀၀၀ ဟုအောလိုက်လေသည်။

“၃၃၀,၀၀၀ ဈေးပြိုင်ပေးချင်တဲ့သူများရှိသေးလား” ဂျွန်လန်မေးလိုက်သည်။

“၃၅၀,၀၀၀” ဘိုင်ယွန်ရွှီသည် သဲစင်ရော်စစ်တပ် သီးသန့်ခန်းမှ အော်လိုက်သည်။

“၃၈၀,၀၀၀”

“၄၀၀,၀၀၀” ရှီယူရှီ ထပ်ပေါင်းပြောသည်။

“၄၂၀,၀၀၀” ဝေကျိရွှီ ဈေးပြိုင်သည်။

“၄၅၀,၀၀၀” ဘိုင်ယွန်ရွှီ ထပ်လိုက်သည်။

“၄၅၀,၀၀၀” ခြယ်လှယ်ခြင်းစစ်တပ်သည် ဘိုင်ယွန်ရွှီနှင့် တခြားသူများကို ဆန့်ကျင်ရသည်ကို နှစ်သက်ကြသည်။

“၄၇၀,၀၀၀” ဘိုင်ယွန်ရွှီ ပြောလိုက်သည်။

“၄၈၀,၀၀၀” ရှင်းဝမ်ထပ်ပေါင်းသည်။

“၄၉၀,၀၀၀” ဘိုင်ယွန်ရွှီ၏ အသံမှာ အားအင်ကုန်ခမ်းနေကာ သူသည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို အပြင်မှသူများသည် ပြောနိုင်ကြသည်။

သီးသန့်အခန်းတွင် ဘိုင်ယွမ်ချွန်းနှင့် စွန်းရန်ရန်တို့သည် သူတို့သားအား ထူးဆန်းစွာကြည့်လိုက်သည်။ ၄၉၀,၀၀၀ သည် သူတို့ စစ်တပ်အတွက် နည်းသော ပမာဏတော့မဟုတ်ပေ။ သို့သော် သူတို့သား၏ ခန္ဓာကိုယ်တည်ဆောက်မှုအား ပိုကောင်းသည်အထိပြောင်းလဲပေးမည်ဆိုပါက ဘာထင်မြင်ချက်မှမပေးပေ။

နောက်ဆုံးတွင် ရှင်းဝမ်နှင့် ဘိုင်ယွန်ရွှီတို့သာ ပြိုင်ဆိုင်ကြတော့သည်။ ပထမဆုံးသည် ၄၀၀,၀၀၀ ကျော်သွားပြီဖြစ်ရာ အားလုံးသည်ကျန်သုံးလုံးကိုသာ ပစ်မှတ်ထားကြလေသည်။ ထိုပြိုင်ဖက် နှစ်ယောက်နှင့် ပြိုင်ပါက မွဲသွားရုံသာရှိမည်။

“၅၀၀,၀၀၀” ရှင်းဝမ်ဈေးပြိုင်သည်။

“၅၀၀…… ထားလိုက်တော့ မင်းက ချမ်းသာတော့ မင်းကိုပဲ ပေးလိုက်မယ်” ဘိုင်ယွန်ရွှီသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

“၅၀၀,၀၀၀.. ဒီထပ်ပို ပေးနိုင်တဲ့သူရှိလား” ဂျွန်လန်မေးလိုက်သည် “မရှိဘူးဆိုရင် ၅၀၀,၀၀၀ တစ်ခါ၊ ၅၀၀,၀၀ နှစ်ခါ၊ ၅၀၀,၀၀၀ သုံးခါ၊ ပထမဆုံးဆန့်ကျင်ရေးဆေးတစ်ရာကတော့ မိန်းကလေးရှင်းရသွားပါပြီ၊ ဒီတန်ဖိုးကြီးပစ္စည်းကိုရတဲ့အတွက် ဂုဏ်ပြုပါတယ်”

အစေခံမိန်းကလေးသည် တက်လာကာ ကျောက်စိမ်းပုလင်းကိုယူပြီး အထဲသို့ ဆန့်ကျင်ရေးဆေးတစ်ရာအား ထည့်လိုက်သည်။ ထို့နောက်တွင် သူမသည် သီးသန့်အခန်းသို့သွားကာ ငွေသားဖြင့် လဲလိုက်လေသည်။

ရှင်းဝမ်၏ ဖခင် ရှင်မင်သည် ဆေးတစ်လုံးအတွက် ၅၀၀,၀၀၀ ပေးရသည်ကို နာကျင်မှုခံစားနေရလေသည်။ သို့သော် ထိုဆေးအားစားခြင်းသည် သူမအား ပါရမီရှင်အဖြစ်ပြောင်းပေးသည်ကို စဉ်းစားလိုက်လျှင် စိတ်သက်သာရာရသွားလေသည်။

ရှင်းဝမ်သည် မျက်လုံးအရောင်တောက်ကာ ဆေးအားကြည့်လိုက်သည်။ သူမသည် စိတ်လှုပ်ရှားကာ ထုတ်ကြည့်လိုက်သည်။

“အဖေ သမီး အခုစားလို့ရလား”

“အလောမကြီးနဲ့ အဖေတို့ အခုအပြင်မှာပဲရှိသေးတယ်၊ အိမ်ရောက်မှ စားလည်း နောက်မကျပါဘူး” ရှင်းမင်သည် သူမအား တားလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ” ရှင်းဝမ်သည် ဆေးအား အထဲသို့ပြန်ထည့်ကာ နောက်ဈေးတိုက်ပွဲအား စောင့်ကြည့်နေလေသည်။

သူမ၏ ပထမဆေးသည် ရှင်းဝမ်လက်ထဲရောက်သွားမည်ဟု ရှီမာယူယူမထင်ခဲ့ပေ။ သို့သော် သူတို့ထဲမှ ၅၀၀,၀၀၀ ရလိုက်သည်ကို တွေးလိုက်လျှင် သူမ ပျော်သည်ကို ခံစားရသည်။

ဒုတိယ ဆန့်ကျင်ရေးဆေးတစ်ရာအတွက် ဈေးပြိုင်ခြင်း

နောက်ဆုံးတွင် ဒုတိယဆေးလုံးမှာ ၅၅၀,၀၀၀ နှင့် ရောင်းထွက်သွားသည်။

ဒုတိယဆေး လေလံအပြီးတွင် နောက်မှ သူမအား ခေါ်သံကို ဂျွန်လန်ကြားလိုက်သည်။ သူမသည် နောက်ဆုံးဆေးနှစ်လုံးအတွက် လေလံပွဲကို အချိန်ခဏနားရန် အားလုံးကို ပြုံ းပြီး တောင်းပန်လေသည်။ သူမ လေလံပွဲစင်ရှေ့လာရာ ကြီးကြပ်သူသည် သူမအား စကားနှစ်ခွန်းကို နူးညံ့စွာပြောလေသည်။ သူမ သီးသန့်အခန်း နံပါတ်၃အား သိချင်စိတ်ဖြင့်ကြည့်ပြီး အကြည့်လွှဲသွားလေသည်။

သူမ လေလံပွဲစင်ပေါ်သို့ ရောက်သောအခါ လှပသော ပုံစံဖြင့်ပေါ်လာပြီး ပြောလေသည် “ကြီးကြပ်သူက ကျွန်မကိုပြောပါတယ် ဆန့်ကျင်ရေးဆေးတစ်ရာရဲ့ပိုင်ရှင်က ဆေးနှစ်လုံးကို တစ်ပွဲတည်းခေါ်ဖို့ တောင်း ဆိုလာပါတယ်”

“ဘာ”

ထိုသတင်းအားကြားသောအခါ အောက်ရှိလူများသည် အထိတ်တလန့်ဖြစ်သွားကြသည်။ အစပိုင်းတွင် သူတို့တွင် အခွင့်အရေးနှစ်ခါရှိသည်ဟု ထင်ထားသော်လည်း အခုတော့ သူတို့တွင် အခွင့်အရေး တစ်ခါသာကျန်တော့သည်။ သည်တစ်ခေါက် လေလံမအောင်ပါက ဆန့်ကျင်ရေးဆေးတစ်ရာဆေးကို တစ်သက်လုံး မမြင်လိုက်ရတော့မည့် သဘောမလား။

“ဒီလူက တကယ်ရက်စက်တာပဲ” လူများသည် သီးသန့်ခန်းများမှ ကျိန်ဆဲကြသည်။

“လေလံပွဲအတွင်းကို စည်းကမ်းတွေ မပြောင်းနိုင်ဘူးလို့ ကြေညာထားခြင်းမရှိပါဘူး၊ ဒါကြောင့် ဒီဆရာက ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ ချိုးဖောက်ခြင်းမရှိပါဘူး၊ ဒီဆေးနှစ်လုံး လေလံပွဲကို ၄၀၀,၀၀၀ကနေ စပါမယ် ဈေးစပြိုင်လို့ရပါပြီ”

လေလံပွဲတစ်ခုလုံးသည် အချိန်တစ်ခဏမျှ တိတ်ဆိတ်သွားပြီး စတင်အော်ဟစ်ကြလေသည်။ ဝေကျိရွှီနှင့် တခြားသူများ မပါဝင်သော်လည်း ဈေးနှုန်းမှာ ၁,၀၀၀,၀၀၀ အထိ တက်သွားသည်။

“၁,၀၅၀,၀၀၀” ရှီယူရှီသည် ရင်နာနာဖြင့် အော်လိုက်သည်။

ဆန့်ကျင်ရေးဆေးတစ်ရာဝယ်ရန် အတွက် ၁,၀၀၀,၀၀၀ သုံးလိုက်မည်ကို သူမ ထင်မထားခဲ့ပေ။ အစပိုင်းတွင် သူမသည် ဆေးတစ်လုံးဝယ်ရန် တစ်သိန်းကျော်သုံးမည်ဟု စိတ်ကူးထားသော်လည်း ထိုများပြားသော ပမာဏကို သုံးလိုက်ရခြင်းအတွက်… ခံစားချက်မှာ မကျေမချမ်းဖြစ်မိသည်။

အောက်မှလူများ ရင်နာစွာအော်နေကြသည်ကို ရှီမာယူယူမြင်သောအခါ မီးထဲဆီလောင်းမည်ဟု ဆုံးဖြတ်ပြီး ပြောလိုက်သည် “ကျွန်တော်က သေးသိမ်တယ်လို့တော့ အားလုံး မထင်ဖို့မျှော်လင့်ပါတယ်၊ ဆန့်ကျင်ရေးဆေးတစ်ရာက နှစ်လုံးစားရင် ပိုကောင်းပါတယ်၊ ဆေးတစ်လုံးထဲနဲ့က ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို လုံလုံလောက်လောက် မသန့်ရှင်းပေးနိုင်ပါဘူး….  ဆေးနှစ်လုံးတွဲစားတာ ပိုကောင်းပါတယ်… လုံးဝပြီးပြည့်စုံတာနဲ့ နီးစပ်သွားမှာပါ၊ ကျွန်တော်ဒီလိုလုပ်တာက ဆေးကို  လေလံအောင်တဲ့သူအတွက်ပါ”

ရှီမာယူယူ ပြောသည်ကိုကြားပြီးနောက် သူတို့၏ အမူအရာများသည် ပြောင်းသွားကာ ဈေးစတင်  ပြိုင်ကြတော့သည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက်အင်အားပြိုင်ဆိုင်ကြလေသည်။

နောက်ဆုံးတွင် ဆေးနှစ်လုံးသည် အဂ္ဂိရတ်ပညာရှင်အသင်းမှ ၁,၈၀၀,၀၀၀ ဖြင့် လေလံအောင်သွားလေသည်။

ရှီယူရှီသည် ဆန့်ကျင်ရေးဆေးတစ်ရာအား လက်လွှတ်လိုက်ရသဖြင့် အလွန်အမင်း ဒေါသထွက်နေလေသည်။ ထိုရလဒ်မျိုးရမည်ကို ထင်မထားသဖြင့် သူမ ရွှေများကို အလုံအလောက်မယူခဲ့မိပေ။ အဂ္ဂိရတ်ပညာရှင်အ သင်းမှ လေလံအောင်သွားသည်ကို သူမ မျက်လုံးပြူးကျယ်စွာ စောင့်ကြည့်နေခဲ့ရသည်။

“မင်းသမီး စိတ်မဆိုးပါနဲ့ ဒီဆေးနှစ်လုံး လက်လွှတ်ပေးလိုက်ရလည်း မိန်းကလေးရှင်းက ဆေးတစ်လုံးရလိုက်တယ်မလား၊ အဲအချိန်ကျရင် သူတို့ကို တောင်းလိုက်ရင်တော့ မင်းသမီးက အရည်အချင်းမြင့်လို့ရသွားပါပြီ” ထိုသူသည်သူမအား အကြံပေးလိုက်သည်။

“ဒါပေမယ့် ဆေးတစ်လုံးထဲနဲ့က အကောင်းဆုံးမဖြစ်နိုင်ဘူး၊ ငါ ဆေးနှစ်လုံးလိုချင်တယ်” ရှီယူရှီ မျက်နှာ ပျက်သွားသည်။

“ကျွန်တော်တို့ အဂ္ဂိရတ်ပညာရှင်အသင်းကို သွားထိလို့မရဘူး၊ ဒါပေမယ့် တခြားဆေးရှိသေးတယ်မလား၊ အဲအချိန်ကျရင် မင်းသမီးအတွက် ဆန့်ကျင်ရေးဆေးတစ်ရာဆေးနှစ်လုံးကို ယူဖို့နည်းလမ်းစဉ်းစားရမယ်”

“အဲဒါပိုကောင်းတယ်” ထိုစကားကြားသောအခါ ရှီယူရှီ၏ မျက်နှာသည် ပိုပျော့ပျောင်းလာသည်။

ရှီမာယူယူသည် သူမ ကိုယ်ပိုင်အခန်းတွင် ပျော်ရွှင်နေသည်။ ဆေးတစ်လုံးသည် ၅၀၀,၀၀၀ နောက်တစ်လုံးမှာ ၅၅၀,၀၀၀ နောက်နှစ်လုံးမှာ ၁,၈၀၀,၀၀၀ဖြင့် ရောင်းထွက်သွားသည်။ အားလုံးပေါင်းလိုက်လျှင် ၂,၈၀၀,၀၀၀ … နှင်းခဲဆေး၏ ၆၀,၅၀၀ ထပ်ပေါင်းလျှင် သူမ ရှာခဲ့သည်မှာ ၂,၉၁၀,၅၀၀ ပေးရမည့် တစ်ဆယ်ရာခိုင်နှုန်း၊ သူမ ဝယ်လိုက်သည့် ပစ္စည်းများ ပေါင်းလျှင် သူမတွင် ၂,၀၀၀,၀၀၀ ကျော်ကျန်သေးသည်။

“ငါထောပြီ ငါထောပြီ” သူမျသည် ဟိန်းသံလေးအားကြည့်ပြီး သူမမျက်လုံးများသည် လင်းလက်သွားလေသည်။

ဆန့်ကျင်ရေးဆေးတစ်ရာ၏ ရိုက်ခတ်မှုသည် ထိုလေလံပွဲ၏ နောက်ဆုံးပစ္စည်းပြီးဆုံးသည်ထိတိုင်အောင် ရှိနေခဲ့သည်။

စာအုပ်တစ်အုပ်သည် လင်ဗန်းပေါ်တွင်ရှိနေခဲ့သည်၊ ထိုအရာသည် အားလုံး၏ စိတ်လှုပ်ရှားမှုကို နိုးဆွပေးခဲ့သည်။

ဂျွန်လန်သည် ဝိညာဉ်အရည်အချင်းစာအုပ်ကို အားလုံးမြင်စေရန် မြှောက်ပြီပြီး ပြန်ထားကာ ပြောလေသည် “ဒါကတော့ ဒီည လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်ပါတယ်၊ ရေခဲအရည်အချင်း၊ အနက်ရောင်သတ္တု၊ အမြင့်ဆုံးဝိညာဉ်အရည်အသွေး၊ အားလုံးပဲ ဒီလေ၊ မိုးကြိုးနဲ့ ရေခဲက အရမ်းရှားတယ်ဆိုတာ သိကြမှာပေါ့၊ ဒါကတော့ အားလုံးရဲ့ အိမ်မက်ကို ရောက်ရှိစေမယ့် အရည်အချင်းတွေဖြစ်ပါတယ်၊ ခေါ်ဈေးကတော့ ၃၀,၀၀၀ ဖြစ်ပါတယ်၊ ဈေးစခေါ်လို့ရပါပြီ”

ရှီမာယူယူသည် ဂျွန်လန်၏ စကားများကိုကြားပြီးနောက် သူမ မျက်လုံးတစ်စုံသည် လခြမ်းအသွင်  ပြောင်းသွားကာ ရေရွတ်လိုက်သည် “ရေခဲဝိညာဉ်အရည်အချင်း ငါက အခုငါ့မှာမရှိတဲ့ဟာပဲ”

All Chapters