အပိုင်း(၁၉၇)-ဝိညာဉ်အရည်အချင်းတွက် တိုက်ခိုက်ခြင်း
Vol. 002 Ch. 197
ဝေကျိရွှီသည် ရေခဲနှင့် သစ်အရည်အချင်းဖြစ်သည်။ အခုအချိန်တွင် သူသည် ရေခဲအရည်အချင်းတွင် တိုက်ခိုက်မှုစွမ်းရည် သန်မာသော်လည်း သစ်အရည်အချင်းတွင် ကိုယ်ခံအရည်သွေးမှာ သန်မာခြင်းမရှိသေးပေ၊ သူ့တွင် သန်မာသော ဝိညာဉ်အရည်အချင်း မည်မည်ရရမရှိသေးပေ။ ထို့ကြောင့်ပင် သူသည် အဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်လေသည်။
ဝိညာဉ်စေတီထဲတွင် ဝိညာဉ်အရည်အချင်းများရှိသော်လည်း အထပ်ခုနှစ်ဆင့် စေတီအဖြစ် မွမ်းမံပြီးနောက်တွင် အမြင့်င်းရှိ ထိုအရည်အချင်းများသည် ချိပ်ပိတ်ခံထားရသည်။ အရည်အချင်းကောင်းများသည် အမြင့်ပိုင်း တွင်ရှိကြသည်။ ထိုသည်ကို သူမ စိတ်အားပျက်နေသည်မှာ အချိန်ကြာပြီဖြစ်သည်။ သူမသာ ကြိုသိခဲ့ပါက မမွမ်းမံခင်တွင် ထိုအရည်အချင်းများကို နှုတ်ယူထားမည်ဖြစ်သည်။
သူမသည် ထိုအကြောင်းအား ခေတ္တစဉ်းစားပြီးချိန်တွင် ခေါ်ဈေးမှာ ၅၅၀,၀၀၀ ရောက်ရှိနေပြီဖြစ်သည်။
“တကယ်ရူးကြတာပဲ” ဖက်တီးကျူသည် ဈေးနှုန်းများမြင့်တက်လာသည်ကို စောင့်ကြည့်ကာ ပါးစပ်အဟောင်း သားဖြစ်နေလေသည်။
အစပိုင်းတွင် ရေခဲအရည်အချင်းဟု ကြားသောအခါ ဝေကျိရွှီသည် အလွန်အမင်းအံ့သြမိသည်။ သို့သော် ဈေးနှုန်းမှာ အဆက်မပြတ်တက်နေပြီဖြစ်၍ သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို တည်ငြိမ်စွာထား လိုက်တော့သည်။ ထိုအခွင့်အရေးအား ဆုပ်ကိုင်ရန် ခက်ခဲသော်လည်း သူ့အတွက်တော့ မဟုတ်ဘူး ထင်ပါတယ်။
အခန်းထဲမှလူများသည် သူ့မျက်လုံးထဲမှ စိတ်ပျက်မှုကို မြင်တွေ့ရာ ဝူရန်ဖေသည် သူ့နောက်ကျောအား ပုတ်လိုက်ပြီး ပြောလိုက်သည် “နောက်ကို ဒီထက်ကောင်းတဲ့ အခွင့်အရေးရလာဦးမှာပါ”
“အင်း..” ဝေကျိရွှီ ပြုံးလိုက်သည်။
“၅၅၀,၀၀၀”
ဈေးခေါ်လိုက်သော အသံအားကြားသည်နှင့် လေးယောက်သားသည် အံ့သြသွားပြီး မသိစိတ်မှ အပြင်သို့ ကြည့်လိုက်ကြသည်။ သို့သော် သူတို့သည် ပိတ်ထားသော အခန်းကိုပင်မြင်ရသည်။
“ဒါက…”
ရှီမာယူယူသည် သူမအသံဖျက်ခြင်းအတွက် မည်သည့်နည်းလမ်းကို သုံးထားသည်ကို သူတို့မသိသော်လည်း သူမ ဈေးပြိုင်ခေါ်လိုက်သည်ကို တော့သူတို့သိကြသည်။
“အခန်းနံပါတ် ၃က ၅၅၀,၀၀၀ ဈေးခေါ်ပါတယ်၊ ဈေးပိုပေးမယ့်သူများ ရှိပါသေးသလား” ဂျွန်လန် မေးလိုက်သည်။
ရှီမာယူယူ ဈေးခေါ်လိုက်ချိန်တွင် အားလုံးနောက်ဆုတ်သွားကြသည်။ သူတို့သည် စတင်ရန် ရေခဲ အရည်အချင်းမရှိကြသော်လည်း အပျော်သဘောနှင့် ပါဝင်ကြခြင်းဖြစ်သည်။ ထိုအရာကို ရရှိခြင်းမှာ အဂ္ဂိရတ်ပညာရှင်ဖြစ်ပါကလည်း ဆုံးရှုံးမှုပင်ဖြစ်သည်။
“၆၀၀,၀၀၀” ရှီမာယူယူသည် ဆန့်ကျင်ရေးဆေးတစ်ရာကို ကန့်သတ်လိုက်သည့်အတွက် ရှီယူရှီ ဒေါသထွက်ခဲ့ကာ သူနှင့် အပြိုင်တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုသို့ပေါင်းပြီးနောက် တခြားသော အင်အားကြီးများ ပါဝင်လာသောအခါ ဝိညာဉ်အရည်အချင်း၏ ဈေးနှုန်းသည် ၁,၂၀၀၀,၀၀၀ အထိတက်သွားသည်။
“မိန်းကလေး ဂျွန်လန် ဒီလေလံပွဲက ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်၊ အဲဒါကြောင့် တစ်ခုလောက် မေးချင်လို့ပါ” ရှီမာယူယူသည် ရုတ်တရက်မေးလိုက်သည်။
“ငါတို့အခု ဈေးပြိုင်နေကြတာလေ၊ မင်းအခုဘာလုပ်တာလဲ” ရှီယူရှီသည် မကျေမနပ်ဖြင့် အော်လိုက်သည်။
“မင်း ဈေးပြိုင်နေလို့ ငါလည်း မေးချင်တာရှိလို့မေးတာလေ” ရှီမာယူယူပြောလိုက်သည်။
“ဒီဆရာမေးလို့ရပါတယ်” ဂျွန်လန် ပြောလိုက်သည်။
“ဒီအတွက် ငွေကိုချက်ချင်းပေးရမှာလား၊ ဒါမှမဟုတ် ဒီမှာ ဈေးပြိုင်ပြီး လေလံပွဲပြီးမှ ပိုက်ဆံစုပြီး ပစ္စည်းလာယူရမှာလား” ရှီမာယူယူ မေးလိုက်သည်။
ရုတ်တရက် သူ ထိုကဲ့သို့ မေးခွန်းမျိုးမေးမည် မထင်ထားသဖြင့် အားလုံးသည် အံ့သြသွားလေသည်။
“ကျွန်တော် ဈေးပြိုင်ပေမယ့် ပိုက်ဆံမပေးနိုင်ရင်ဘယ်လိုလုပ်မလဲ” ရှီမာယူယူ ဆက်မေးသည် “ကျွန်တော် တမင်လုပ်နေတာမဟုတ်ပါဘူး၊ ဒီလို လေလံပွဲကို မပါဘူးလို့ တကယ်နားမလည်လို့ပါ”
ဂျွန်လန်သည် စိတ်မဆိုးပဲ ပြောလိုက်သည် “ဈေးပြိုင်တာကို အပျော်သဘောအနေနဲ့လုပ်ရင် လေလံပွဲက အဲလူကို နာမည်ပျက်စာရင်းထဲထည့်မှာပါ၊ ပြီးတော့ သူ ဒါမှမဟုတ် သူမက ကျွန်မတို့ ဆိုင်ခွဲတွေကို ဘယ်တော့မှ မဝင်ရတော့ပါဘူး”
“မင်းတို့ဘယ်သူ့ကိုမှတော့ မသတ်ဘူးမလားဒါမှဟုတ် ပြဿနာမရှာဘူးမလား” ရှီမာယူယူ ကြောက်ရွံ့မှုဖြင့် ပြောလေသည်။
“မင်း မေးခွန်းမေးစရာမရှိတော့ပါဘူး ဆက်ကြပါ” ရှီမာယူယူ ပြောလေသည် “၁,၂၅၀,၀၀၀”
သူမ လှုပ်ရှားလိုက်သည်နှင့် ဈေးပြိုင်ခေါ်ကြသော ကျန်သောသူများသည် ငြိမ်သွားကြသည်။ သူတို့သည် အပျော်သဘောဖြင့် စတင်ခဲ့ခြင်းကြောင့် ရှီမာယူယူ သတိပေးလိုက်ခြင်းဖြစ်သည်။ သူတို့သည် ဈေးပြိုင်ခေါ်ပါက နာမည်ပျက်စာရင်းဝင်မည်ဖြစ်သဖြင့် နောက်မှလိုက်မလာကြတော့ပေ။
“၁,၃၀၀,၀၀၀” ရှီယူရှီသည် ခလုတ်အား ဆက်နှိပ်သည်။
“၁,၄၀၀,၀၀၀” ရှီမာယူယူ တိုက်ရိုက်ပင် တစ်သိန်းထပ်ပေါင်းလိုက်သည်။
“၁,၅၀၀,၀၀၀”
ဈေးနှုန်းသည် လျင်မြန်စွာပင် ၁,၈၀၀,၀၀၀ အထိတက်သွားပြီး ရှီမာယူယူနှင့် ရှီုယူရှီတို့သာ ကျန်တော့လေသည်။
“၁,၈၀၀,၀၀၀” ရှီမာယူယူ ဈေးခေါ်လိုက်ကာ ပြောလိုက်သည် “ဒါကကျွန်တော် အမြင့်ဆုံးသွားနိုင်တဲ့ဟာပဲ မင်းသမီးလိုချင်တယ်ဆိုရင် ဈေးပိုပေးပြီးယူသွားပါ ကျွန်တော်ထပ်ပြီး လုမယူတော့ပါဘူး”
ဈေးပြိုင်ရန် ရည်ရွယ်ထားသော ရှီယူရှီ၏ အသံသည် လည်ချောင်းတွင် ရပ်တန့်သွားသည်။
သူမတွင် လုံလောက်သောပိုက်ဆံမရှိသည်ကို ရှီမာယူယူ သေချာသိနေသည်၊ အဲလိုမဟုတ်ပါက သူမသည် ဆန့်ကျင်ရေးဆေးတစ်ရာကို အဂ္ဂိရတ်ပညာရှင်အသင်းကို ၁,၈၀၀,၀၀၀ဖြင့် ပေးလိုက်မည်မဟုတ်ပေ။
သူမသည် ဆက်ပြီး ဈေးပြိုင်ချင်သော်လည်း ရှီမာယူယူသာ ဈေးခေါ်မှု နောက်မလိုက်ခဲ့ပါလျှင်… သူမတွင် ပိုက်ဆံအများကြီးမရှိပေ။ သူမသည် လူရုပ်ဆုံး၏ နာမည်ပျက်စာရင်းတွင် တစ်သက်လုံးအထည့် မခံနိုင်ပေ။
ရှီယူတိုင်းပြည်၏ တော်ဝင်မိသားစုသည် သူတို့သည် ထိုလေလံပွဲအား ပါဝင်လိုခြင်းမရှိခဲ့ပေ။ ထိုသည်မှာ တော်ဝင်မိသားစုသည် အနှောင့်အယှက်အဖြစ်မခံသည်ကို သက်သေပြနေသည်။ ဒီညတွင် တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက သူမ ပြန်သွားချိန်တွင် သူမအဖေအား မျက်နှာပြရဲမည်မဟုတ်ပေ။
“မင်းတော်ပါတယ်” ရှီယူရှီသည် နောက်ဆုတ်သွားကာ ဈေးထပ်မပေးတော့ပေ။
တခြားသူများ ဈေးပြိုင်ခြင်းကို သူမ လိုလားသော်လည်း အချမ်းသာဆုံးဖြစ်သော လက်နက်မွမ်းမံအသင်းသည် မီးတောက်အရည်ချင်းဖြစ်၍ သားရဲထိန်းကျောင်းသူအသင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ စာအုပ်များကို နှစ်သက်ရာ အဂ္ဂိရတ်ပညာရှင်များသည် ရှီမာယူယူအား ရန်သူကဲ့သို့ မဆက်ဆံလို၍ အားလုံးသည် အစကတည်း က နောက်ဆုတ်သွားကြပြီဖြစ်သည်။
သည်လိုနှင့် ရှီမာယူယူသည် ဝိညာဉ်အရည်အချင်းအား ၁,၈၀၀,၀၀၀ဖြင့် လေလံအောင်သွားလေသည်။
နောက်ဆုံးပစ္စည်း လေလံပြီးသွားသည့်နောက်တွင် တစ်ချိန်လုံး ဖိအားပေးထားသော ရောင်ဝါများ သည် ပျောက်ကွယ်သွားကာ စံတင်အဆင့် ဝိညာဉ်ကျွမ်းကျင်သူသာ ကျန်ခဲ့လေသည်။
“ဒီနေ့အတွက် လေလံပွဲကတော့ ဒီမှာတင်ပြီးပါပြီ၊ ပစ္စည်းတွေကတော့ အောင်နိုင်သူတွေဆီပို့ပြီးသွားပါပြီ ကျွန်မတို့ပစ္စည်းတွေကို လေလံအောင်တဲ့သူတွေကတော့ ကျွန်မတို့ဖြတ်လမ်းတည်ဆောက်မှုကို သုံးပြီး အိမ်ပြန်လို့ရပါတယ်” ဂျွန်လန်ပြောလိုက်သည် “ဒီနေ့ညမှာ ကျွန်မတို့နဲ့ အတူအားလုံး ပါဝင်ပေးကြတာ ဝမ်းသာပါတယ်၊ နောက်တစ်ခေါက်ကျရင် ပြန်ဆုံကြတာ့ပေါ့”
သူမပြောပြီးနောက်တွင် နောက်လှည့်ကာ စင်ပေါ်မှ ဆင်းခဲ့လေသည်။ လေလံပွဲ၏ တံခါးမျာဖွင့်သွားကာ လူများသည် အောင်မြင်စွာထွက်ခွာကြလေသည်။
အောက်မှလူများ အကုန်ထွက်သွားသည်အထိ ရှီမာယူယူစောင့်ပြီး အခန်းထဲမှ ထွက်ခဲ့လေသည်။ အစေခံမိန်းကလေးသည် သူမအား အပြင်တွင်စောင့်နေခဲ့သည်။
“ဆရာ ကျွန်မနဲ့ လိုက်ခဲ့ပေးပါ”
သူမ ပစ္စည်းမရောက်လာသေးသဖြင့် သူမကိုယ်တိုက်လာယူရမည်ဖြစ်ကြောင်းကို သူမသိလိုက်သည်။
အစေခံမိန်းကလေးသည် သူမအား အခန်းသို့ခေါ်သွားလေသည်။ သူမအား သူတို့ တစ်စုံတစ်ခုလုပ်မည်ကို ရှီမာယူယူ မစိုးရိမ်ပေ။ ဟာစွန်သည် ရောက်ရှိနေပြီဖြစ်သော်လည်း လေလံပွဲဧရိယာတွင် ထိုင်နေလေသည်။
“ဒီအစေခံအိုကြီးက ဆရာ့ကို အရိုအသေပေးပါတယ်” ဂျွန်လန်သည် အပြင်မှဝင်လာကာ လှပသော အပြုံးဖြင့် ရှီမာယူယူအား အရိုအသေပေးလိုက်သည်။
“မိန်းကလေးဂျွန်လန်” သူမအား မြင်သော် ရှီမာယူယူ မအံ့သြတော့ပဲ သူမအား ခေါင်းညိတ်ပြကာ နှုတ်ဆက် လိုက်သည်။
အကြည့်တစ်ချက်နှင့်ပင် ရှီမာယူယူ ရုပ်ဖျက်ထားသည်ကို ဂျွန်လန်မြင်နိုင်သည်။ သို့သော် သူမ ဘာမှမပြောပေ။ သူမသည် လှည့်ပြီး သူမဘေးမှ အစေခံမိန်းကလေးဆီမှ လင်ဗန်းယူကာ ပြောလိုက်သည် “ဒါက သခင်လေး လေလံအောင်တဲ့ စာအုပ်အပြင် ဝိညာဉ်အရည်အချင်းကို လေလံအောင်ပြီး ကျန်တဲ့ပိုက်ဆံတွေပါ၊ ကျွန်မတို့ရဲ့ အထူးဧည့်သည်ဆိုတော့ ကျွန်မတို့ ဝန်ဆောင်ခကို ၁၀,၀၀၀ ပဲယူပါမယ်၊ တခြားသူတွေဆို ၃ ရာခိုင်နှုန်းယူတာပါ”
၃ ရာခိုင်နှုန်း ဝန်ဆောင်ခမှာ ၂,၈၅၀,၀၀၀ အတွက်ဆိုလျှင် ၈၀,၅၀၀ ဖြစ်သည်။ ဆိုလိုသည်မှာ သူမအတွက် ၇၀,၀၀၀ကျော် ဈေးလျော့ထားပေးခြင်းဖြစ်သည်။
ထိုသည်မှာ သူတို့၏ ကျေနပ်လောက်စရာ ဝန်ဆောင်မှုပင်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ဝိညာဉ်အရည်အချင်းနှင့်အတူ ၁,၀၄၀,၀၀၀ ပါဝင်သော ဖန်ကတ်အား သူမ မှော်ဝင်လက်စွပ်ထဲသို့ သိမ်းလိုက်သည်။
“အဲဒါအပြင် ကျွန်မတို့ရဲ့ပိုင်ရှင်က သခင်လေးအတွက် လက်ဆောင်နည်းနည်း ပေးချင်လို့ပါတဲ့ ဆေးနည်း လမ်းကို ရောင်းပေးတဲ့အတွက် ကျေးဇူးတင်လို့ပါတဲ့”
ထိုအကြောင်းအား ကြားသော် ရှီမာယူယူ အနည်းငယ်အံ့သြမိသည်။ ဒီညတွင် လူရုပ်ဆိုးသည် ပိုက်ဆံဘယ်လောက်သုံးလိုက်သည်ကို သူမ သိသည်က တစ်ကြောင်း သူမသည် ဆေးနည်းလမ်းအား ၆၀၀,၀၀၀ဖြင့် ရောင်းလိုက်သည်ကို စိတ်မကောင်းသည်က တစ်ကြောင်းဖြစ်နေခဲ့သည်။ သူမအား လက်ဆောင်ထည့်ပေးမည်ဟု သူမ ထင်မထားခဲ့ပေ။
သို့သော် ထိုအရာသည် သူမ စိတ်ထဲမှ စိတ်မကောင်းမှုကို ဖြေဖျောက်စေခဲ့သည်။