← Chapters

အပိုင်း(၁၉၈)-ဂျွန်လန်၏ သရုပ်မှန်

Vol. 002 Ch. 198

အပိုင်း(၁၉၈)-ဂျွန်လန်၏ သရုပ်မှန်

Vol. 002 Ch. 198

သူမသည် မှော်ဝင်လက်စွပ်အား ယူရာ အထဲတွင်ရှိသောအရာကို သတိမပြုမိလိုက်ပေ။ သူမသည် ချက်ချင်းပင် လက်တွင်စွပ်ပြီး ပြောလိုက်သည် “ကောင်းပါပြီး ကျေးဇူးအများကြီးတင်ပါတယ်၊ တခြားရှိဦးမလားလို့  မေးပါရစေ”

“ဘာမှမရှိတော့ပါဘူး” ရှီမာယူယူသည် မာနမကြီးသည်ကို ဂျွန်လန်မြင်လိုက်သည်။ သူနှင့် ပတ်သတ်သော ခံစားချက်မှာ မဆိုးလှသဖြင့် သူမ ပြုံးကာ ပြောလိုက်သည် “တခြားသူတွေ အနည်းနဲ့အများတော့ သွားကြပြီး ကျွန်မ သခင်လေးကို ဖြတ်လမ်းတည်ဆောက်မှုကို လိုက်ပို့ပါမယ်”

“ကျေးဇူးတင်ပါတယ်”

“ဒီဘက်ကိုလာခဲ့ပါ”

ဂျွန်လန်သည် ရှီမာယူယူအား ဖြတ်လမ်းတည်ဆောက်မှုသို့ ခေါ်ဆောင်လာပြီး သူမကိုယ်တိုင်လိုက်ပို့လေသည်။ သူသည် ဖြတ်လမ်းတည်ဆောက်မှုမှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးမှပင် သူမ သက်ပြင်းချနိုင်တော့သည်။

“သခင်မလေး” သခင်ကြီးလီနှင့် သူ၏ သခင်တို့သည် သူမနောက်မှ ပေါ်လာသည်။

ဂျွန်လန်သည် လူရုပ်ဆိုး၏ သခင်မလေးဖြစ်သည်။ ဒီနေ့ည လေလံပွဲ၏ တင်ဆက်သူမှာ သူမကိုယ်တိုင်  ဖြစ်နေသည်ကိုတော့ ဘယ်သူမှ ထင်မိမည်မဟုတ်ပေ။

“သခင်ကြီး အဲသခင်လေးက ပျော်တဲ့ပုံမပေါ်ဘူး၊ ဒါပေမယ့် သူက ကျွန်မတို့ကို မုန်းတဲ့ပုံတော့မပေါ်ပါဘူး” ဂျွန်လန် ပြောလိုက်သည် “နောက်တစ်ခါ အဲလိုအကျင့်မကောင်းတာတွေ မလုပ်နဲ့၊ သူတို့ အလိမ်ခံရတာ တစ်ယောက်ယောက်သိသွားရင် လာမတိုက်ဘူးလို့မပြောနိုင်ဘူး၊ သူသာ ကျွန်မတို့ကို မုန်းသွားရင် ကျွန်မတို့ ပြဿနာတက်မယ် နားလည်လား”

“သခင်မလေး သင်ပြတာ နာခံပါ့မယ်”

“တော်ပြီး အားလုံးထားလိုက်တော့” ဂျွန်လန်သည် လက်ဝှေ့ပြကာ ပြောလိုက်သည်။

“သခင်မလေး ဒီမှာဘယ်လောက်နေမယ် စိတ်ကူးလဲ” မန်နေဂျာလီ မေးလိုက်သည်။

ဂျွန်လန်သည် စဉ်းစားကာ ပြောလိုက်သည် “အစတော့ ဒီလေလံပွဲပြီးရင် ပြန်မလို့ပဲ ဒါပေမယ့် နှစ်ရက်လောက်နေပြီးမှ ပြန်တော့မယ်” “ဟုတ်ကဲ့ပါ”

“ဟုတ်သားပဲ လူရုပ်ဆိုးအပြင်က နာမည်ပြားကိုလဲလိုက်ဦး” ဂျွန်လန်သည် မျက်မှောင်ကြုတ်ကာ  ပြောလိုက်သည်။

“ဒါပေမယ့် သခင်မလေး သခင်လေးက ကျွန်တော်တို့ကို ထားခိုင်းထားတယ်၊ ဘယ်တော့မှ မပြောင်းဖို့ သူပြောထားတယ်” မန်နေဂျာလီသည် ခက်ခက်ခဲခဲပင်ပြောလိုက်သည်။

“အဲအပျင်းကြီးတဲ့သူက ဘယ်သွားပြီးကစားနေလဲတောင်မသိတာ၊ သူ့ကို ဂရုစိုက်စရာမလိုဘူး၊ ငါပြောသလို ပြောင်းလိုက်” ဂျွန်လန်သည် သူမ မောင်အားပြောဆိုကာ မျက်မှောင်ကြုတ်ကာ အမိန့် ပေးလိုက်သည်။

“ကောင်းပါပြီ မနက်ဖြန်ကို လဲဖို့ လူလွှတ်လိုက်ပါ့မယ်”

ရှီမာယူယူ အနည်းငယ် မူးဝေသွားသည်။ သူမ မျက်လုံးများ ဖွင့်လိုက်သောအခါ သူမသည် မြို့တော်၏ တစ်နေရာသို့ ရောက်ရှိနေသည်။

သူမ လှည့်ပတ်ကြည့်ရာ ဘေးပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိသည်ကို ခံစားလိုက်ရသည်။ သူမသည် မိုရှားအား သူ့စွမ်းအင်များကို ထုတ်ယူခိုင်းပြီး ရုပ်ဖျက်ထားသည်ကို ရုတ်သိမ်းပြီး သူမ နဂိုပုံစံအတိုင်းပြောင်းလိုက်သည်။

လမ်းနှစ်လမ်း ဖြတ်ပြီးနောက် ဟာစွန်သည် လေထဲတွင်ပေါ်လာသည်။

“ဟာစွန် မင်းအရမ်းမြန်တာပဲ” ရှီမာယူယူသည် ပြုံးကာ သူ့အားကြည့်လိုက်သည်။

“မင်းထွက်သွားပြီးရင် လမ်းရှာမတွေ့နိုင်လို့ မင်းကို ခေါ်လာခဲ့ဖို့ ဝေကျိရွှီက ပြောလို့” ဟာစွန်သည် ရှီမာယူယူ ဘေးတွင် ပျံသန်းလာသည်။

“သူတို့ဘယ်လမ်းမှာလဲဆိုတာ မင်းသိလား” ရှီမာယူယူ ပြောလိုက်သည်။

“သိဖို့မလိုပါဘူး” သူပြောပြီးနောက် ရှီမာယူယူ၏ လက်ကောက်ဝတ်အားကိုင်ကာ သူမအား စစ်တပ်ဘက်ဆီသို့ ပျံသန်းကာ ခေါ်ဆောင်သွားလေသည်။

ပုံမှန်ဆိုလျှင် လူများသည် မြို့တော်အတွင်း ပျံသန်းခွင့်မရှိပေ။ သို့သော် ဟာစွန်သည် အောက်မှလူများ သူတို့ကို မခံစားမိစေရန် သူ၏ ရောင်ဝါဖြင့် ဖုံးအုပ်ထားလေသည်။

ဟာစွန်သည် သူမအား လက်ရှိသူတို့နေနေသော အိမ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားလေသည်။ အိမ်ထဲတွင် ဘေဂုံထန်နှင့် တခြားသူများသည် သူမအားစောင့်နေကြသည်။ သူမ ပြန်လာသည်ကို တွေ့မှသာ သူတို့ စိတ်သက်သာရာရသွားကြသည်။

“ယူယူ ပြန်လာဖို့ကို ဘာလို့ဒီလောက်ကြာရတာလဲ” ရှီမာယူယူ ပြောင်းလဲခြင်းမရှိသည်ကို ဖက်တီးကျူတွေ့သောအခါ မေးလိုက်သည်။

“ငါအဲမှာ ခဏစောင့်နေတာ နောက်တော့ တစ်ခုခု ငါယူနေလို့” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ဖြတ်လမ်းတည်ဆောက်မှုနှင့် ပို့ဆောင်ခံရပြီးနောက် နေရာရှာမတွေ့သဖြင့် အပြင်တွင် နှစ်ပတ်လောက်ပတ်လိုက်ရသည့်အကြောင်းကို သူတို့အား မပြေမိပေ။

“မင်းပြန်လာပြီဆိုတော့ စောစောနားကြဦး၊ ငါအရင်သွားလိုက်ဦးမယ်” ဘိုင်ယွန်ရွှီသည် ပြောပြီးနောက် ထွက်သွားလေသည်။

“သွားပြီး နားရအောင်” ဘေဂုံထန်သည် တုလေး၏ ခေါင်းအားပုတ်ကာ သူ့အား အိပ်ရန် ခေါ်သွားလေသည်။ ဝေကျိရွှီနှင့် ငါးယောက်သား အိမ်ထဲတွင်ကျန်ခဲ့လေသည်။

ရှီမာယူယူ ပြောလိုက်သည် “အထဲသွားပြီး စကားပြောရအောင်”

သူတို့ အခန်းထဲရောက်သောအခါ အားလုံးသည် ထိုင်စရာနေရာ ရှာနေစဉ်တွင် ရှီမာယူယူသည် တစ်စုံတစ်ခုအား ထုတ်ကာ ဝေကျိရွှီအား ပစ်ပေးလိုက်သည်။

ဝေကျိရွှီသည် မသိလိုက်ဘာသာဖမ်းလိုက်သည်။ သူထိုအရာအား ဖမ်းမိပြီး မှန်းကြည့်လိုက်သောအခါ သူ လုံးဝ အံ့သြသွားလေသည်။

“ယူယူ ဒါက….”

“ဒါက ဒီနေ့ည လေလံပစ်တဲ့ အဆင့်မြင့် ရေခဲဝိညာဉ်အရည်အချင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းက ရေခဲဝိညာဉ်အရည်အချင်းပျောက်တော့မလိုဖြစ်နေတာမလား၊ ဒါငါမင်းအတွက် ဈေးပြိုင်လာတာ”

“မင်း….” ဝေကျိရွှီသည် ရှီမာယူယူအား ကြည့်ပြီးနောက် လက်ထဲမှ ဝိညာဉ်အရည်အချင်အား ကြည့်ရာ စိတ်လှုပ်ရှားလာသဖြင့် စကားမပြောနိုင်တော့ပေ။

“သေစမ်း ယူယူ မင်း ဒီဝိညာဉ်အရည်အချင်းအတွက် ရွှေပြား ၁,၈၀၀,၀၀၀ သုံးလာတာပဲ မင်းသိလား”

ဖက်တီးကျူသည် သားရေများကို မြိုချလိုက်သည်။ သူမ ဝေကျိရွှီကို ဒီလိုပဲပေးလိုက်တာလား။

အခုမှဝင်လာသော ဟာစွန်ပင် ကြက်သေသေသွားလေသည်။ ဒီလောက်တန်ဖိုးကြီးသော ပစ္စည်းကို တစ်စုံတစ်ယောက်အား ရှီမာယူယူ လက်ဆောင်ပေးတတ်သည်ဟု သူထင်မထားပေ။

ရွှေအကြောင်းသူ သိပ်မသိသော်လည်း ရွှေပြား ၁,၈၀၀,၀၀၀မှာ မနည်းလှမှန်းကို သူသိသည်။ အစပိုင်းတွင် သူမတွင် ရွှေပြားအနည်းငယ်သာရှိပြီး ခရမ်းစွဲပုလဲဝယ်ရန်အတွက်ပင် ပိုက်ဆံစုရန် စိတ်ပူနေခဲ့သေးသည်။ ဒီ ရွှေပြား ၁,၈၀၀,၀၀၀ က သူမအတွက်လည်း ပမာဏများသော ပိုက်ဆံပင်ဖြစ်သည်။

“ယူယူ ဒါက အရမ်းဈေးကြီးလွန်းတယ်၊ ငါမယူနိုင်ဘူး” ရှီမာယူယူသည် သူ့အတွက် လေလံ ဆွဲပေးသည်ကို ဝေကျိရွှီသိထားပြီးသော်လည်း သူမ သူ့အား ပေးသောအခါ တွင် အိမ်မက်ကဲ့သို့ ထင်မိသည်။

“တော်ပြီ မင်းကို မပေးရင်လည်း ငါလုပ်လို့ရတာမရှိဘူး” ရှီမာယူယူ လက်ဝှေ့ရမ်းပြကာ “ငါက ရေခဲအရည်အချင်းရှိတဲ့သူမှ မဟုတ်တာ”

“ယူယူ မင်းကိုပေးမှာတော့ မင်းယူသင့်တယ်” ဝူရန်ဖေသည် ဘေးမှပြောလေသည်။

“ဟုတ်တယ် ဒီထူးခြားတဲ့အရည်အချင်းအတွက် ဝိညာဉ်ကျွမ်းကျင်တာက အများကြီးမရှိဘူး ပြီးတော့ မင်းအခွင့်အရေးရဖို့်လည်း ခက်လိမ့်မယ်၊ မင်းမဝယ်နိုင်တာကို မေ့လိုက်တော့၊ ဒါပေမယ့် ယူယူက မင်းအတွက်ဝယ်ပေးတယ်လေ ဘာတွေ တွေဝေနေတာလဲ” ဖက်တီးကျူပြောလိုက်သည်။

“ဟုတ်တယ်” ဒီအတွက် စကားများရန် မရှိသည်ကို ဝေကျိရွှီ သိသဖြင့် ရှီမာယူယူ ဘက်သို့လှည့်ကာ ပြောလေသည် “ယူယူ ကျေးဇူးတင်ပါတယ်”

“မင်းအဲလောက် ယဉ်ကျေးတာကို ငါအသားမကျဘူး” ရှီမာယူယူပြောလိုက်သည် “ပြီးတော့ ဒါက ငါ တခြားသူတွေဆီကရတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ထားတာ၊ ပြောရမယ်ဆိုရင် ပစ္စည်းတွေဝယ်ပြီးတာတောင် ပိုက်ဆံတွေကျန်သေးတယ်၊ ဒီနေ့ရတဲ့ပိုက်ဆံတွေနဲ့ ချမ်းသာတောင်ချမ်းသာနေပြီ”

“ဟုတ်ယ်၊ ဒါက ငါတို့နှင်းခဲဆေးကရတဲ့ပိုက်ဆံတွေပဲ မင်းအစားငါတို့ယူခဲ့တယ်” ဝေကျိရွှီသည် ဖန်သားကတ်ကို ကိုင်ကာ ပြောလေသည်။

ရှီမာယူယူသည် ဖန်သားကတ်အားယူပြီး ဝူရန် သူမအားပေးထားသောကတ်ပြန်ပေးပြီး ပြောလိုက်သည် “ငါမသုံးခဲ့ပေမယ့် ကျေးဇူးတင်ပါတယ်”

ဝူရန်ဖေသည် ဘာမှမပြောသော်လည်း ခေါင်းညိတ်ပြီး ဖန်သားကတ်အား ယူပြီး သိမ်းလိုက်လေသည်။

“မတရားလိုက်တာ ဆန့်ကျင်ရေးတစ်ရာဆေးက ရှင်းဝမ်ဆီရောက်သွားရတယ်လို့ အဲစုန်းမကတော့” ဖက်တီးကျူသည် ထိုအကြောင်းအား စဉ်းစားမိသည်နှင့် ဒေါသထွက်နေသည်။

“အဲဆန့်ကျင်ရေးဆေးတစ်ရာကို ရှင်းဝမ်စားရမယ်လို့ မင်းထင်လား” ဝေကျိရွှီ်သည် ပြုံးပြီး မေးလိုက်သည်။

“ဟင် သူမ လေလံအောင်သွားတာမလား” ဖက်တီးကျူသည် သူ့အား မေးလိုက်သည်။

“ဒါပေမယ့် ရှီယူရှီက ခွင့်ပြုမှာမဟုတ်ဘူး” ဝူရန်ဖေပြောလိုက်သည်။

သူတို့ လမ်းကြောင်းပေးသည်နှင့် ဖက်တီးကျူ အလိုလို နားလည်သွားကာ “မင်းပြောတာ ရှီယူရှီက သူမ ဆန့်ကျင်ရေးဆေးတစ်ရာ လေလံမရလိုက်လို့ ရှင်းဝမ်ကိုသွားရှာမယ်ဆိုတာလား”

“ရှင်းဝမ်းရဲ့ ဆေးမဟုတ်ဘူး၊ လေလံမှာ ရှုံးတဲ့ တခြားတစ်ယောက်ရဲ့ ဆေးလို့ငါထင်နေတယ်” ဝေကျိရွှီ ပြောလိုက်သည် “မင်းပြောတာက ရှီယူရှီက ဆေးနှစ်လုံးစားရတာကို ကောင်းဆုံးလို့ သူမ ထင်နေတာမလား၊ သူမက အဂ္ဂိရတ်ပညာရှင်အသင်းကို သွားမရှုပ်ရဲဘူး၊ ဒါပေမယ့် တခြားနှစ်ဖွဲ့တော့ ငါလည်း မပြောတတ်ဘူး”

ထိုညတွင်..

ရှင်းဝမ်နှင့် သူမအဖေသည် စစ်တပ်သို့ပြန်ရောက်သည်နှင့် ဆေးစားရန် အလုပ်တွင် မင်းသမီး  ရောက်နေပြီဖြစ်သော သတင်းပို့ချက်ရောက်လာသည်။

ထိုသတင်းပို့ချက်ကြားရသည်တွင် ရှင်းမင်၏ မျက်နှာပျက်သွးာသည်။ ရှင်းဝမ်အား အလျင်အမြန် ဆေးစားစေချင်သော်လည်း ရှီယူရှီ ရောက်ရှိလာမည်ကို ထင်မထားမိပေ။

အချိန်ခဏအတွင်းမှာပင် တခြားရာထူးကြီးသော အဖွဲ့နှစ်ဖွဲ့သည် စစ်တပ်ဖြင့် တံခါးခေါက်ကာ ဆန့်ကျင်ရေးဆေးတစ်ရာအား ဈေးခေါ်လေသည်။

All Chapters