← Chapters

အပိုင်း(၁၉၉)-တောင်ပေါ်မှ ရောက်ရှိလာခြင်း

Vol. 002 Ch. 199

အပိုင်း(၁၉၉)-တောင်ပေါ်မှ ရောက်ရှိလာခြင်း

Vol. 002 Ch. 199

နောက်တစ်နေ့တွင် လူရုပ်ဆိုးသည် နာမည်ပြောင်းလိုက်သည်။ ‘လူရုပ်ဆိုး’ ဟူသော အမည်သည် အရွယ်အစားသေးငယ်စွာရှိနေပြီး အောက်တွင်တော့ ‘ယွမ်ယွန် ပြခန်း’ ဆိုသည့် ခန့်ညားထည်ဝါသော အမည်သည် စာလုံးအကြီးဖြင့် ရေးထားသည်။

ဘိုင်ယွန်ရွှီသည် ထိုအကြောင်းအား ဟာသအနေနှင့်ပြောရာ သူမသည် မွေးရပ်မြေမှ ယွမ်ယွန်ပြခန်အား ချက်ချင်း သတိရမိလိုက်သည်။ ထိုနှုစ်ခုကြားမှ အဆက်အစပ်ကိုလည်း သိချင်သွားသည်။

သို့သော် ထိုအရာသည် သူမနှင့် သက်ဆိုင်ခြင်းမရှိသဖြင့် သူမ မစဉ်းစားတော့ပေ။ ထို့နောက်တွင် သူမ တုလေးအား အာရုံစိုက်ရန်ပင် ဆုံးဖြတ်လိုက်သည်။

သူမသည် တုလေးအား သွေးကြောများရှင်းလင်းပေးသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်၍ တုလေးသည် ဝိညာဉ်ချီအား စတင်အာရုံခံနိုင်ပြီဟု ပြောလေသည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲဝင်အောင် မလုပ်နိုင်သေးပေ။

အခုချိန်တွင် သူတို့သည် လအနောက်တိုင်းပြည်တွင် လုပ်စရာမရှိတော့ပေ။ တုလေး၏ သွေးကြောများ လုံးဝရှင်းလင်းသွားသည်နှင့် သူတို့သည် အလယ်ပိုင်းဝူတိုင်းပြည်သို့ သွားရတော့မည်ဖြစ်သည်။

လေလံပွဲပြီးသည့် သုံးရက်မြောက်နေ့တွင် သူမသည် တုလေး၏ သွေးကြောများကို ပြန်လည် သန့်စင်ပေးလေသည်။ တုလေးသည် လေလံပွဲတွှု် ၃၀,၀၀၀ ဖြင့် ရောင်းလိုက်သော နှင်းခဲဆေးအား ယူရာ ဝန်လေးသလိုပင် ခံစားလိုက်ရသည်။

ထိုအရာသည် ဆေးသာ မဟုတ်ပေ။ ထိုသည်မှာ သူ့အပေါ် ရှီမာယူယူထားရှိသော ကြင်နာမှုလည်းဖြစ်သည်။

တုလေးသည် ဆေးအားယူချိန်တွင် တုန်ယင်နေသည်ကို  ရှီမာယူယူမြင်သောအခါ သူ့နှဖူးအား ဖွဖွလေး တောက်ပြီး ပြောလေသည် “အခုထိမစားသေးဘူးလား ဘာတွေစိတ်ကူးယဉ်နေတာလဲ”

တုလေးသည် နောက်ဆုံးတွင် အသိစိတ်များစုစည်းမိသည်။ သူသည်း ဆေးစားပြီးနောက် အကျိုးသက်ရောက်မှှု အား စောင့်စားနေလိုက်သ်ည။

ရှီမာယူယူ တုလေး၏ သွေးကြောများ ဖွင့်ပေးနေချိန်တွင် ရှီယူရှီသည် ခြယ်လှယ်ခြင်း စစ်တပ်သို့ ရောက်သွားလေသည်။

“မင်းသမီးကို နှုတ်ဆက်ပါတယ်”

သူမသည် သူတို့လေလံအောင်ခဲ့သော ဆန့်ကျင်ရေးဆေးတစ်ရာအား ယူမည်ကို ရှင်းမင်နှင့် တခြားသူများ သိသောကြောင့်  မပျော်ရွှင်သော်လည်း သူမအား နှုတ်ဆက်မြဲဖြစ်သည်။

“ဦးလေး ဒီတစ်ခေါက်လာတာက သမီးပြောစရာရှိလို့” ရှီယူရှီသည် ခုံသို့လာပြီး ထိုင်ကာ ရှင်းမင်အား ကြည့်ပြီးပြောလေသည် “ဦးလေးငယ်ကိုသတ်တဲ့သူကို သမီးသိပြီ”

“သမီးသိပြီဟုတ်လား” ရှင်းမင်သည် တော်ဝင်မိသားစု၏ အင်အားကြီးမှုကို သက်ပြင်းချကာ ရှီုယူရှီအား အံ့သြစွာကြည့်လိုက်သည်။

ရှီယူရှီသည် ခေါင်းညိတ်ကာ ပြောလေသည် “သမီးလူလွှတ်ပြီး စစ်ခိုင်းလိုက်တာ တော်ဝင်အပျိုတော်တွေက ဦးလေးငယ်သေတဲ့အကြောင်း သိရတယ်တဲ့၊ အဲမနက်ကပဲ သမီး သီးသန့်နေရာကထွက်လာတော့ သမီးအမေက ပြောတာပဲ”

“တော်ဝင်အပျိုတော်က ဘာပြောလဲ” ရှင်းမင်မေးလိုက်သည်။

“သူမ ပြောတာက သဲစင်ရော်စစ်တပ်နောက်ကလိုက်တဲ့ လူတွေလုပ်တာလို့ ပြောတာပဲ၊ ရှီမာယူယူ၊ ဝေကျိရွှီ၊ ဘေဂုံထန်၊ ဝူရန်ဖေနဲ့ ဖက်တီးလို့ခေါ်တဲ့ နောက်တစ်ယောက်ပဲ” ရှီယူရှီပြောလိုက်သည်။

“ဘေဂုံထန် ဟုတ်လား” ရှင်းဝမ်သည် အံ့သြသွားသည် “သူတို့က အရင်တစ်ခေါက်က ကျွန်မကို ရိုက်တဲ့သူတွေမလား၊ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဘေဂုံ၊ ကျိရွှီလို့ ခေါ်နေတာ ကျွန်မကြားတယ်၊ သူတို့က တစ်ဖွဲ့ထဲထင်တယ်”

“ဒါဆို အဲလူတွေပဲ” ရှီယူရှီသည် ရှီမာယူယူ၏ ကစားခြင်းကိုခံလိုက်ရသည့် အချိန်ကိုတွေးပြီး သူမ မျက်နှာပျက်ကာ သူတို့အားအခုပင် ဖြိုခွဲလိုက်ချင်ပြီဖြစ်သည်။

“ဒါဆိုရင် ငါအခုပဲ သူတို့ကို ဒီကို ဖမ်းခေါ်လာဖို့ လူလွှတ်လိုက်တော့မယ်” ရှင်းမင်သည် မတ်တတ်ရပ်ကာ ကြုံးဝါးလိုက်သည် “ငြိမ်းချမ်းရေးမြို့တော်ထဲဝင်ပြီး ငါ့ညီကို သတ်ရဲတယ်ဟုတ်လား၊ အဲလူတွေ သတ္တိရှိတာပဲ၊ ဝမ်လေး မင်းအစ်ကိုဝမ်းကွဲက မင်းကိုစောင့်ရှောက်ပါမယ်”

သူပြောပြီးနောက် ခြေလှမ်းကျဲများဖြင့် ထွက်သွားကာ လူများခေါ်ပြီး သဲစင်ရော်တပ်ရှိသည့်ဘက်သို့ ဦးတည်သွားလေသည်။

ဘိုင်ယွမ်ချွန်းသည် အဖွဲ့ခေါင်းဆောင်များနှင့် ရရှိလာသည့် မစ်ရှင်များအကြောင်းကို ဆွေးနွေးနေလေသည် “ဒီတစ်ခေါက်မစ်ရှင်က သတ်မှတ်ချက်မရှိဘူး၊ ငါအရင်သွားဖို့ လုပ်ထားတယ်၊ ရန်ရန် ငါသွားတဲ့အချိန်ကို ဒီစစ်တပ်ရဲ့ ကိစ္စတွေကို မင်းလက်ထဲအပ်တယ်”

“ကောင်းပါပြီ စိတ်ချပါ” စွန်းရန်ရန် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့်  ရှင် လူနည်းနည်းတော့ ခေါ်သွားသင့်တယ်၊ ပြဿနာ တစ်ခုကို မကြောက်ရင်တောင် နောက်ပြဿနာကိုတော့ ပြင်ဆင်ထားရမယ်”

“အင်း ငါသိပါတယ်” ဘိုင်ယွမ်ချွန်းပြောလုက်သည် “ဒီတစ်ခေါက် မစ်ရှင်ရဲ့ အသေးစိတ်ကို အသေးစိတ်…”

ကိုယ်ရံတော်ဝင်လာကာ ပြောလိုက်သည် “ခေါင်းဆောင် ခြယ်လှယ်ခြင်းစစ်တပ်ရဲ့ ခေါင်းဆောင်ဒီကို လာနေတယ်”

“ရှင်းမင်လား၊ သူက ဘာလို့လာတာလဲ” စန်းရန်ရန် မေးလိုက်သည်။

နှစ်ဖက်စစ်တပ်မှလူများသည် ရန်စခြင်းမရှိခဲ့ပါပဲ ရှင်းမင် ရုတ်တရက်ရောက်လာခြင်းကို သူတို့စဉ်းစားမရပေ။

ရှင်းဝူ၏ သေဆုံးမှုကို သူတို့သိလို့များလား။

ကိုယ်ရံတော် မပြန်ခင်ပင် ရှင်းမင်၏ အသံထွက်လာသည် “ငါက ဘာလို့လာရမှာလဲ၊ မင်းတို့သဲစင်ရော်တပ်ရဲ့ ဆင်ခြေကို နားထောင်ဖို့လာတာ”

သူ့အသံကြားပြီးနောက်တွင် ရှင်းမင်သည် တံခါးဝကို ကျော်လာကာ ဆွေးနွေးခန်းမသို့ ဝင်လာလေသည်။

ဘိုင်ယွမ်ချွန်းသည် မတ်တတ်ရပ်မည်အပြုတွင် ရှင်းမင်အားမြင်သော် အေးစက်စွာပြောလိုက်သည် “ရှင်းမင် မင်းလူတွေခေါ်ပြီး ဒီကိုဘာလာလုပ်တာလဲ”

ရှင်းမင်သည် ဆွေးနွေးခန်းမ အလယ်တွင်ရပ်ကာ သူ့အင်္ကျိလက်အား ခတ်လိုက်ပြီး ပြောလေသည် “ငါ ရှင်းပြချက်ကို နားထောင်ဖို့လာတာလို့ ပြောပြီးပြီလေ”

“ဘာကိုရှင်းပြရမှာလဲ”

“ငါ့ညီ ရှင်းဝူက ရှီမာယူယူနဲ့ တခြားသူတွေရဲ့ အသတ်ခံရတယ်၊ အခု အဲလူတွေက ဒီမှာပဲ၊ သူတို့ကို အခုခေါ်ခဲ့”

ဘိုင်ယွမ်ချွန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုကိစ္စဖြစ်ပွားခဲ့သည်မှာ အမှန်ပင်။ သူတို့ဘယ်လို သိသွားရတာလဲ။

“မင်းညီက ငါ့ဧည့်သည်တွေရဲ့ အသတ်ခံရတယ်ဆိုတာ ဘာလဲ၊ မင်း တစ်ယောက်ယောက်ကို လက်စားချေချင်ရင် ဆိုဖီယာတောင်တန်းက ဝိညာဉ်သားရဲတွေကို သွားရှာလေ” စွန်းရန်ရန် အားမနာစွာပြောလိုက်သည်။

“ဟင်း.. ငါသိပြီးသွားပြီ ငါ့ညီလေးက ရှီမာယူယူနဲ့ တခြားသူတွေ သတ်တာခံရတာ၊ ပြီးတော့ အဲလူတွေက ဒီမှာရောက်နေတာ၊ အဲလူတွေကို ငါ့လက်ထဲအပ်ပါလို့ ပြောချင်တယ်” ရှင်းမင်ပြောလိုက်သည် “မင်းသမီးက ဒီကိစ္စကိုသိတယ်၊ အဲတော့ ငါ့ညီကို သတ်တဲ့သူတွေကို ဖမ်းရအောင်မလုပ်နဲ့ မင်းတို့လည်း တော်ဝင်မိသားစုနဲ့ ရန်သူမဖြစ်ချင်ဘူးလို့ ငါထင်တယ်”

ဘိုင်ယွမ်ချွန်နှင့် စွန်းရန်ရန်သည် ထိုအကြောင်းကြားလိုက်သည်နှင့် တုန်လှုပ်သွားကြသည်။ တော်ဝင်မိသားစုက ကြားဝင်မလို့လား။

“မင်းညီက ကံမကောင်းလို့သေသွားတာပဲ၊ သူက ငါ့သားနဲ့ ရှီမာယူယူနဲ့ တခြားသူတွေကို သတ်ဖို့လုပ်တာ ဒါပေမယ့် သူက သူတို့ပြိုင်ဘက်မဟုတ်တော့ အသတ်ခံလိုက်ရတာပဲ” ဘိုင်ယွမ်ချွန်းပြောလိုက်သည် “သူတို့က ငါ့သားကို ကယ်ဖို့ ရှင်းဝူကို သတ်မိသွားတာလို့ မပြောဘူး၊ ဒီအချက်ကိုထောက်ရင် သူတို့က ဒီမြို့သားကို ဒုက္ခပေးဖို့ မဟုတ်တော့ သူတို့ကို မင်းလက် မအပ်နိုင်ဘူး”

ရှင်းမင်၏ မျက်လုံးများသည် ဘိုင်ယွမ်ချွန်းအားကြည့်ချိန်တွင် မလိုမုန်းထားမှုများဖြစ်နေသည် “မင်းတကယ်ပဲ သူတို့ကို ထုတ်မပေးဘူးလား”

“သူတို့ကို ပေးဖို့မဖြစ်နိုင်တာပဲ” ဘိုင်ယွန်ရွှီသည် အေးစက်စွာ ကြုံးဝါးလိုက်သည်။

“ဘိုင်ယွမ်ချွန်း မင်းနောင်တမရဖို့မျှော်လင့်ပါတယ်” ရှင်းမင် ပြန်ပြောလေသည်။

ဘိုင်ယွမ်ချွန်းသည် ကြောက်ရွံ့မှုတစ်စက်မျှမရှိပဲ ရှင်းမင်အားကြည့်ကာ “သူတို့က အခုသဲစင်ရော်တပ်ရဲ့ ဧည့်သည်ပဲ၊ သူတို့ ငြိမ်းချမ်းရေးမြို့တော်မှာ ရောက်နေတဲ့ နေ့တိုင်းမှာ အေးချမ်းဖို့ ငါတို့မှာတာဝန်ရှိတယ်၊ ရှင်းမင် ကျေးဇူးပြုပြီး ပြန်ပါတော့”

“ကောင်းတယ် အရမ်းကောင်းတယ်” ရှင်းအင်သည် အေးစက်စွာ ရယ်မောလိုက်သည် “ဒီနေ့ မင်းတို့ချလိုက်တဲံ ဆုံးဖြတ်ချက်ကို နောင်တမရဖို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက် သူသည် အင်္ကျိလက်အား ပင့်ကာ သူ့လူများနှင့် ထွက်သွားလေသည်။

ရှင်းမင်ထွက်သွားသည်ကို ကြည့်ရင်း စွန်းရန်ရန် စိုးရိမ်စွာပြောလိုက်သည် “အစ်ကိုကြီးချွန်း ခြယ်လှယ်ခြင်းစစ်တပ်က ကျွန်မတို့စစ်တပ်ကို အမြဲစောင့်ကြည့်နေတာ၊ သူတို့က ကျွန်မတို့ကို ရှင်းပစ်ပြီး အဆင့်တစ် စစ်တပ်ဖြစ်ချင်နေတာ၊ အခု တော်ဝင်မိသားစု ဝင်ပါလာပြီဆိုတော့ သူအခွင့်အရေးရသွားပြီ…”

သူမသည် စကားဆုံးအောင်မပြောသော်လည်း အိမ်ထဲရှိလူများသည် သူမ ဆိုလိုသည်ကို သိကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ယွန်ရွှီရဲ့ သူငယ်ချင်းတွေကို ထည့်မပေးနိုင်ဘူး၊ သူတို့က ယွန်ရွှီရဲ့ အသက်ကို ကယ်ခဲ့ကြတာ၊ ကြင်နာမှုကို အကြမ်းဖက်ပြီး ပြန်မဆပ်သင့်ဘူး” ဘိုင်ယွမ်ချွန်းပြောလိုက်သည်။

“ခေါင်းဆောင် အဲရှင်းမင်က ရန်သူကို ကြင်ကြင်နာနာမဆက်ဆံတတ်ဘူး၊ ဒီမစ်ရှင်ကို လက်လျော့ပြီး ငြိမ်းချမ်းရေးမြို့တော်ကိုပဲ အာရုံစိုက်ထားရမလား” တစ်စုံတစ်ယောက်ပြောလိုက်သည်။

ဘိုင်ယွမ်ချွန်းသည် ခဏတာမျှ တွေဝေပြီးနောက် ခေါင်းရမ်းကာ ပြောလိုက်သည် “ဒီမစ်ရှင်က ငါတို့စစ်တပ်အတွက် အရေးကြီးတယ်၊ ငါတို့လက်လျော့လိုက်ရင် ဒီလိုအခွင့်အရေးမျိုးဘယ်တော့ရမလဲမသိဘူး၊ လုပ်ကြမယ်၊ ငါ မြို့တော်ထဲမှာ လူထားခဲ့မယ်၊ ပြီးတော့ ငါနဲ့ နည်းနည်းလိုက်ခဲ့”

ရှင်းမင်သည် သဲစင်ရော်စစ်တပ်မှထွက်လာကာ လမ်းသို့ပြန်လာသည်။ သူ့မျက်နှာမှ ဒေါသ များပျောက်ကွယ်သွားပြီး မဲ့ပြုံးပြုံးလိုက်သည်။

“ခေါင်းဆောင် အဲဒီ ဘိုင်ယွမ်ချွန်းက တကယ်ပဲ သူတို့ကို ထည့်မပေးဖို့စဉ်းစားထားတဲ့ပုံပဲ” ရှင်းမင်ဘေးမှ ရပ်နေသော လူသည်ပြောလိုက်သည်။

“သူတို့ကို မပေးဘူးဆိုတာ ငါသိတယ်” ရှင်းမင်ပြောလိုက်သည်။

“ဒါဆို ကျွန်တော်တို့ဒီကို ဘာလို့လာတာလဲ”

“အင်း… သူတို့မပေးတာကို လိုချင်တာ အဲဒါမှ သူတို့ကို သွားထိလို့ရပြီး ဆင်ခြေပေးလို့ရမှာလေ၊ သဲစင်ရော်… ငါဒီတစ်ခေါက် ဘိုင်ယွမ်ချွန်းကို အပြတ်ဖြုတ်ပြီး သဲစင်ရော်တစ်ခုလုံးကို ဝါးမြိုပစ်မယ်၊ အဲအချိန်ကျရင် ငါတို့ ခြယ်လှယ်ခြင်းက လအနောက်တိုင်းပြည်မှ နံပါတ် ၁ စစ်တပ်ဖြစ်သွားပြီ”

“ခေါင်းဆောင်က အမြော်အမြင်ရှိတယ်”

All Chapters