← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အပိုင်း ၁၃၃

နီဗားနား အတ်စ်ရဲ့အစ

​"မင်းသဘောကျတယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ကန့်ကွက်စရာမရှိပါဘူး"

​အတွင်းရေးမှူး ဝမ်က ပြုံးရင်း ခပ်ပေါ့ပေါ့ပဲ ဆိုလိုက်သည်။

- "ဒီလိုလုပ်... မနက်ဖြန် မြေယာစီမံခန့်ခွဲရေးဌာနကို လူလွှတ်ပြီး လွှဲပြောင်းရယူလိုက်တော့ အဲဒီနားက လုပ်ငန်းတွေက တန့်နေတာ ကြာပြီ အခု လုံထန်ရောက်လာရင် ဒေသစီးပွားရေးလည်း ပြန်ဦးမော့လာမှာပဲ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စပါ"

​"လုံထန်အုပ်စုကိုယ်စား ရှန်းကျန့်မြို့တော်ကော်မတီနဲ့ လူကြီးမင်းရဲ့ ကူညီမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ"

လင်းဖန်က ရိုရိုသေသေနဲ့ ကျေးဇူးတင်စကား ဆိုလိုက်သည်။ လူကြီးတစ်ယောက်အနေနဲ့ရော၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ အတွင်းရေးမှူး ဝမ်ဟာ လုံထန် ကြီးထွားလာဖို့ အများကြီး လမ်းခင်းပေးခဲ့ပြီဟု ယူဆနိုင်သည် မဟုတ်လား။

​"ကြားရသလောက်တော့ မင်းတို့အဖွဲ့က Penguin တို့၊ Jindong တို့နဲ့ပေါင်းပြီး အွန်လိုင်းငွေပေးချေမှု (Online Payment) ဘက်မှာ အကြီးအကျယ် လှုပ်ရှားဖို့ ပြင်နေတယ်ဆို"

​အတွင်းရေးမှူး ဝမ်ရဲ့ စကားကြောင့် လင်းဖန် တစ်ချက် တုန့်ခနဲ ဖြစ်သွားရသည်။

​"ဖုန်းနဲ့ တန်ရွမ်စနစ်ဆိုတာ ဒီမြို့ရဲ့ အလင်းရောင်တင်မကဘူး၊ တစ်မျိုးသားလုံးရဲ့ ဂုဏ်ယူစရာလည်း ဖြစ်တယ် ငါသာ တစ်နေ့ ရှန်းကျန့်မှာ မရှိတော့ရင်တောင် လုံထန်အုပ်စုရဲ့ တိုးတက်မှုကို ဘယ်သူမှ လာနှောင့်ယှက်တာမျိုး ငါ ခွင့်မပြုနိုင်ဘူး"

​လင်းဖန်က အကဲခတ်တဲ့သဘောနဲ့ မေးလိုက်သည်။

- "အတွင်းရေးမှူး ဝမ်... လူကြီးမင်းက ရှန်းကျန့်ကနေ ထွက်တော့မလို့လားခင်ဗျာ"

​"ဟားဟား ဒါတွေအားလုံးက မင်းတို့ လုံထန်ကြောင့်ပါပဲ"

အတွင်းရေးမှူး ဝမ်ရဲ့ မျက်နှာမှာ ကြည်နူးတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ရှန်းကျန့်လို စည်ပင်တဲ့ မြို့ကြီးရဲ့ နံပါတ် (၁) အရာရှိဟာ ပြည်နယ်အဆင့် ဝန်ကြီးနဲ့ အဆင့်တူပါသည်။ အကယ်၍ သူ ရာထူးတိုးမယ်ဆိုရင် မြို့တော် ပေကျင်းကို ပြန်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်အဆင့် ဒါမှမဟုတ် နိုင်ငံတော်အဆင့်အထိ တက်လှမ်းနိုင်ဖို့ လမ်းပွင့်သွားတာပါ။

​လုံထန်အုပ်စုရဲ့ အောင်မြင်မှုတွေက သူ့ရဲ့ နိုင်ငံရေးစွမ်းဆောင်ရည်ကို အမြင့်ဆုံး ရောက်စေခဲ့တာမို့ သူက လုံထန်ကို ကျေးဇူးတင်နေခြင်း ဖြစ်သည်။

​"လူကြီးမင်းကလည်း... လူကြီးမင်းရဲ့ ဦးဆောင်မှုအောက်မှာ ရှန်းကျန့်က တဟုန်ထိုး တိုးတက်ခဲ့တာပဲ Penguin တို့၊ DJI တို့၊ Warwick တို့လို ကုမ္ပဏီကြီးတွေ ပေါ်ထွန်းလာတာ လူကြီးမင်းကြောင့်ပါ ကျွန်တော်တို့ မရှိလည်း လူကြီးမင်းက ရာထူးတက်မှာပါ"

ဟု လင်းဖန်က နှိမ့်ချစွာ ဆိုလိုက်သည်။

​အတွင်းရေးမှူး ဝမ်က ခေါင်းခါရင်း

"အထက်က ဆုံးဖြတ်ပြီးပြီ ငါ့ကို ပေကျင်းပြန်ဖို့ ခေါ်တယ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက အနားယူတော့မှာမို့ ငါက အဲဒီနေရာကို သွားရမယ် ရှန်းကျန့်ရဲ့အသစ်ကတော့ နောက် ၃ ရက်နေရင် ရောက်လာလိမ့်မယ်"

​"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်တော် လူကြီးမင်းကို လိုက်ပို့ပေးပါ့မယ်"

​လင်းဖန်ရဲ့ စိတ်ထဲမှာ ဒီလူကြီးကို တကယ်ပဲ ကျေးဇူးတင်နေမိသည်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်းမှာ လုံထန်ရဲ့ နည်းပညာတွေကို မျက်စိကျပြီး နှောင့်ယှက်ချင်သူတွေကို အတွင်းရေးမှူး ဝမ်သာ ကြားက မကာကွယ်ပေးခဲ့ရင် လုံထန်ဟာ အခုလို အေးအေးဆေးဆေး တိုးတက်လာမှာ မဟုတ်ချေ။

​"မလိုပါဘူး"

အတွင်းရေးမှူး ဝမ်က လက်ကာပြရင်း အဓိပ္ပာယ်ပါပါ ဆိုလိုက်သည်။

- "နောက်တစ်ခါ ပေကျင်းမှာ တွေ့မှပဲ နှုတ်ဆက်ကြတာပေါ့ ငါသိတယ်... လုံထန်ဟာ စီးပွားရေးသမားအနေနဲ့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ် ဒါပေမဲ့ ဒါက နိုင်ငံရဲ့ အခြေအနေအရ ဖြစ်တတ်တဲ့ သဘောပါ လူအချို့ရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတစ်ခုလုံးအပေါ် အမြင်မစောင်းစေချင်ဘူး မင်းလိုပဲ တရုတ်ပြည်က လူအများစုဟာ နိုင်ငံတော်ကြီး နိုးထလာဖို့ အစွမ်းကုန် ကြိုးစားနေကြတာပါ ပုံမှန် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်နေသရွေ့တော့ ဘယ်သူကမှ လုံထန်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး အထက်ကလည်း လွှတ်ထားမှာ မဟုတ်ပါဘူး"

​လင်းဖန် ခဏလောက် စဉ်းစားပြီးမှ အလေးအနက် ပြန်ပြောလိုက်သည်။

- "လုံထိန်ရဲ့ အနာဂတ်က နိုင်ငံတော်ရဲ့ ဒေါက်တိုင်တစ်ခု ဖြစ်လာမှာပါလို့ ကျွန်တော် အာမခံပါတယ် တရုတ်ပြည်က လုံထန်အပေါ် သစ္စာရှိနေသရွေ့ လုံထန်ကလည်း တရုတ်ပြည်ကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး"

​Patriotism (မျိုးချစ်စိတ်) ဆိုတာ လင်းဖန်မှာလည်း ရှိသည။ အကျိုးအမြတ်တစ်ခုတည်းအတွက်ဆိုရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့အတွက် အကျိုးအမြတ်မရှိတဲ့ အော်ဒါတွေကို သူ လက်ခံနေမှာ မဟုတ်ချေ။

​"ကောင်းတယ် ကောင်းတယ် ကောင်းတယ်"

​အတွင်းရေးမှူး ဝမ်က သုံးကြိမ်တိုင်တိုင် ချီးကျူးလိုက်သည်။ ဒီလိုကတိမျိုး ရလိုက်တော့မှပဲ သူ စိတ်အေးသွားပါတော့သည်။

အကယ်၍ လုံထန်လို ကုမ္ပဏီမျိုးသာ လူအချို့ရဲ့ အမှားကြောင့် ပြည်ပကို ထွက်ခွာသွားမယ်ဆိုရင် တရုတ်ပြည်အတွက် ဘယ်လောက်တောင် ဆုံးရှုံးမှုကြီးမားမလဲဆိုတာ သူ တွေးကြည့်ရုံနဲ့တင် သိနိုင်လေသည်။

​အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ လင်းဖန်ဟာ CEO ကျန်းဖန်ကို လော်ဟူခရိုင် အစိုးရရုံးကို လွှတ်လိုက်ပြီ။ ဧက ၁,၃၀၀ ကျော်ရှိတဲ့ သားရေစက်ရုံဟောင်း မြေနေရာကို ယွမ် ၁၀ ဘီလီယံနဲ့ ဝယ်ယူစေသည်။

​ရှန်းကျန့်လို မြို့လယ်ခေါင်မှာ ဒီဈေးနှုန်းက တကယ်ကို ဈေးပေါလွန်းသည်ဟု ဆိုနိုင်သည်။

၂၀၁၈ ခုနှစ်တုန်းက DJI ကုမ္ပဏီဟာ နန်ရှန်းခရိုင်မှာ မြေတစ်ဧကကို ယွမ် ၅၃ သန်းကျော်နဲ့ ဝယ်ခဲ့ရတာနဲ့ ယှဉ်ရင် သိသာပေသည်။ လော်ဟူခရိုင် အာဏာပိုင်တွေကလည်း လုံထန်လို ကုမ္ပဏီမျိုး သူတို့ဆီမှာ အခြေစိုက်လာတာကိုပဲ ကျေးဇူးတင်နေကြလေသည်။

​ညနေ ၅ နာရီမှာတော့ လုံထန်အုပ်စုက စက်မှုဇုန်အသစ် စီမံကိန်းကို ကြေညာလိုက်ပြီး အဲဒီမှာ Nirvanaမျိုးဆက်သစ်ဖုန်းတွေနဲ့ တက်ဘလက်တွေကို ထုတ်လုပ်မည်ဟု ဆိုလိုက်ရာ မီဒီယာလောကတစ်ခုလုံး တစ်ခါပြန်ပြီး ဟိုးဟိုးကျော် သွားပါတော့သည်။

​..........................................................

အပိုင်း ၁၃၄

နီဗားနားအတ်စ်ရဲ့ ဒီဇိုင်း

​"သူဌေး ဒီဒီဇိုင်းတွေကို ဘယ်လိုမြင်ပါသလဲ"

​ကျင်းလင်မြို့၊ ကျန့်ခန်ယွမ်ရဲ့ အမှတ် (၁) ဗီလာထဲမှာ ကျန်းဖန်က လင်းဖန်ကို အရိုအသေပေးရင်း တိတ်တဆိတ် စောင့်ကြည့်နေသည်။

​ထိုအချိန် လင်းဖန်က လုံထန်အုပ်စုရဲ့ သုတေသနဌာနကြီး ၄ ခုက ပေးပို့လာတဲ့ Nivarna S' နဲ့ တက်ဘလက် ဒီဇိုင်းတွေကို စစ်ဆေးနေတာပါ။ သူဖတ်ကြည့်ရင်း မျက်မှောင်တွေ ပိုပိုကြုတ်လာရသည်။

​"ခိုင်ထျန်းတက်ဘလက်ရဲ့ အပြင်အဆင်ကတော့ မဆိုးဘူး နီဗားနားအိတ်ရဲ့ အမှတ်အသားလည်း ပါသလို Apple နဲ့ Warwick တို့ရဲ့ ခေတ်ပေါ်စတိုင်လည်း ပါဝင်ပြီး ကိုယ်ပိုင်ဟန် မပျောက်ဘူး ဒါကို အတည်ပြုပြီး ထုတ်လုပ်လို့ ရတယ်"

လို့ လင်းဖန်က မှတ်ချက်ပေးလိုက်သည်။

​"ဒါပေမဲ့ Nivarna S' ကတော့ Nivarna X' နဲ့ သိပ်မထူးခြားဘူး ဖြစ်နေတယ် သုတေသနအဖွဲ့ကို ဘာမှပြောမနေနဲ့တော့၊ ဒီကိစ္စကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်မယ်"

​စမတ်ဖုန်းလောကဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ Nivarna X' ထွက်ရှိတာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်၍ ဒုတိယမျိုးဆက်ကို အမြန်မထုတ်နိုင်လျင်ဖြင့် ဈေးကွက်က အေးစက်သွားနိုင်သည်။

Apple လို ကုမ္ပဏီမျိုးတောင် နည်းပညာအသစ် အမြဲမထွက်နိုင်ပေမဲ့ အပြင်အဆင်ကိုတော့ အမြဲပြောင်းလဲပြီး ဆွဲဆောင်နေရသည်။

နီဗားနားအတ်စ်ရဲ့ အနှစ်သာရက တန်ရွမ်စနစ်ဖြစ်ပေမဲ့ လူတွေအမြင်မှာတော့ ဆန်းသစ်တဲ့ အပြင်အဆင် ရှိဖို့ လိုအပ်သည်။

​ဒါကြောင့် လင်းဖန်ဟာ သုတေသနပညာရှင်တွေကို အချိန်ဖြုန်းမနေစေတော့ဘဲ သူ့ရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ကိုယ်တိုင် ဒီဇိုင်းဆွဲဖို့ ဆုံးဖြတ်လိုက်သည်။

​"ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ကျန်းဖန်က ညွှန်ကြားချက်ကို ခေါင်းငြိမ့်လက်ခံပြီး ဗီလာထဲကနေ ချက်ချင်း ထွက်ခွာသွားသည်။

​ကျန်းဖန်ထွက်သွားပြီးနောက် လင်းဖန်ရဲ့ မျက်ဝန်းတွေက တည်ကြည်သွားပြီး ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။

- "ရှုံ့တာ အခုလောလောဆယ် ရောင်းချနေတဲ့ စမတ်ဖုန်းအားလုံးရဲ့ ဒီဇိုင်းပုံစံတွေကို ရှာဖွေလိုက်စမ်း"

​တစ်မိနစ်တောင် မပြည့်ခင်မှာပဲ ကွန်ပျူတာစခရင်ပေါ်မှာ ခေတ်အမီဆုံး စမတ်ဖုန်း ရာနဲ့ချီတဲ့ ဒီဇိုင်းတွေ ပေါ်လာသည်။

​'Warwick P30 Pro - ဘေးဘောင်တွေ အလွန်ကျဉ်းမြောင်းပြီး မျက်နှာပြင်အပြည့် (Full Screen) စတိုင်၊ နောက်ကျောမှာ Leica ကင်မရာ သုံးလုံး...'

'vivo NEX 2 - ၆.၅၉ လက်မ OLED မျက်နှာပြင်...'

​လင်းဖန်ဟာ ဒီဇိုင်းတစ်ခုချင်းစီကို အသေးစိတ် လေ့လာကြည့်သည်။ အဲဒီထဲက အားသာချက်တွေကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဖို့ သူ စဉ်းစားနေတာပါ။

​နီဗားနားအတ်စ်ရဲ့ အဓိက ထူးခြားချက်က အပြင်အဆင်တင် မက သူ့မှာ ပါဝင်လာမယ့် စမတ်အိမ်ဖော်နဲ့ ထိတွေ့စရာမလိုဘဲ အသံနဲ့ ခိုင်းစေနိုင်တဲ့စနစ်တို့ပဲ ဖြစ်သည်။ လက်ရှိဈေးကွက်ထဲက AI Assistant တွေနဲ့မတူဘဲ ဒီစနစ်က တကယ့်ဉာဏ်ရည်တုနဲ့ ပိုနီးစပ်ပြီး ပြောရရင်တော့ ဒီ 'စမတ်အိမ်ဖော်' တွေဟာ ရှုံ့တာရဲ့ အားပျော့တဲ့ ဗားရှင်းလေးတွေပါပဲ။

​နှစ်နာရီကြာအောင် အာရုံစိုက်ပြီးနောက်မှာတော့ သူ့ခေါင်းထဲမှာ ဖုန်းတစ်လုံးလုံးရဲ့ ပုံစံက ပြတ်သားသွားသည်။

မနက် ၁၀ နာရီခွဲမှာတော့ လင်းဖန်က ခပ်တိုးတိုး ခေါ်လိုက်သည်။

​"သူဌေး ကျွန်တော် ရောက်ပါပြီ"

ရှုံ့တာရဲ့ ကလေးသံလေးက စပီကာကနေ ထွက်ပေါ်လာသည်။

​"ကိုယ်ပိုင် Server ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးတင်လိုက် Programming နဲ့ Image Editing ကဏ္ဍတွေကို တစ်ပြိုင်တည်း ဖွင့်ထား ငါပြောတဲ့အတိုင်း အပြင်အဆင် ဒီဇိုင်းနဲ့ ပရိုဂရမ်တွေကို ရေးဆွဲပြီး စခရင်ပေါ်မှာ ပြပေး"

​ဒီစာကြည့်ခန်းကို အကောင်းဆုံး အသံလုံပစ္စည်းတွေနဲ့ တည်ဆောက်ထားတာမို့ လင်းဖန် ဘယ်လောက်ပဲ ကျယ်ကျယ်ပြောပြော အပြင်ကလူတွေ မကြားနိုင်ပေ။ ဒါကြောင့် ရှုံ့တာရဲ့ တည်ရှိမှုကို တစ်ဦးတစ်ယောက်မှ သိသွားမှာ မဟုတ်တော့ပေ။

​"အသင့်ပါပဲ"

ရှုံ့တာက ပြန်ဖြေသည်။

​လင်းဖန်က နီဗားနားအတ်စ် ရဲ့ အပြင်အဆင်နဲ့ စမတ်အိမ်ဖော်စနစ်ရဲ့ ပရိုဂရမ်တွေကို တစ်ဆင့်ချင်း ရှင်းပြသည်။ ရှုံ့တာကလည်း Server နှစ်လုံးကို အသုံးပြုပြီး မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ပုံဖော်ပေးနေလေသည်။

​တစ်နာရီခွဲလောက် ကြာတဲ့အခါမှာတော့ စမတ်အိမ်ဖော်ရဲ့ အခြေခံဖွဲ့စည်းပုံနဲ့ နီဗားနားအတ်စ်ရဲ့ ဒီဇိုင်းအားလုံး ပြီးစီးသွားသည်။

​"ဟူး"

လင်းဖန် သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ကို လျှော့ချလိုက်သည်။

​ကိုယ်တိုင်တွေးတောနိုင်တဲ့ AI ဟာ လူသားတွေထက် အဆပေါင်းများစွာ ပိုပြီး ထိရောက်မှုရှိပေသည်။ သူတို့မှာ ပင်ပန်းနွမ်းနယ်တာ၊ အိပ်ချင်တာ မရှိပေ။ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ AI အတွက် ငွေပုံအော သုံးနေကြခြင်းမှာ ထိုအတွက်ကြောင့် ဖြစ်သည်။ ဒါပေမဲ့ AI ကြောင့် လူသားတွေရဲ့ အလုပ်အကိုင်တွေ ပျောက်ဆုံးသွားနိုင်တဲ့ အန္တရာယ်ကိုလည်း သူ သတိပြုမိပေသည်။ လင်းဖန်သာ အလိုရှိရင် ရှုံ့တာကို သုံးပြီး တစ်ကမ္ဘာလုံးက ကွန်ရက်တွေကို ခဏချင်း ထိန်းချုပ်ပစ်လို့ ရနိုင်သေးသည် ဒါက နျူကလီးယား လက်နက်ထက်တောင် ပိုကြောက်စရာ ကောင်းပေသည်။

​"သူဌေး... ကျွန်တော် ဘာထပ်လုပ်ပေးရဦးမလဲ"

ရှုံ့တာက စိတ်လှုပ်ရှားစွာ မေးလာသည်။

​"ရပြီ... မင်း သွားဆော့တော့၊ ကျန်တာ ငါ့ဘာသာ ဆက်လုပ်လိုက်မယ်"

လင်းဖန်က ပြောလိုက်ရာ ကွန်ပျူတာစခရင်ပေါ်မှာ ချစ်စရာ ပန်ဒါလေးတစ်ကောင် လိမ့်ထွက်သွားပြီး ပျောက်ကွယ်သွားသည်။

​လင်းဖန်ကတော့ အနားမယူသေးဘဲ နီဗားနားအတ်စ်ရဲ့ နောက်ဆုံးပိတ် အချောသတ် ဒီဇိုင်းတွေကို ဆက်လက် လုပ်ဆောင်နေပါတော့သည်။

All Chapters