← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အပိုင်း ၁၃၇

ပန်ကူးကို ကျုပ်တို့ဖုန်းမှာပဲ သုံးမယ်

"မစ္စတာယွီ.. ပန်ကူး စမတ်ဖုန်းလက်ထောက်က ဘယ်လိုလဲဗျ"

​မိမိရှေ့၌ တည်ကြည်လေးနက်တဲ့ မျက်နှာထားဖြင့် ရှိနေသည့် ယွီလီကို ကြည့်၍ ကျန်းဖန်တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် မယုံကြည်နိုင်စွာ မေးလိုက်သည်၊၊

​"ဟူး..."

​ထိုအချိန် ယွီလီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလာသည်။

"ပန်ကူး စမတ်ဖုန်းလက်ထောက်ဟာ အခုထက်ထိတော့ လူသားနဲ့ အတူဆုံး စမတ်လက်ထောက်ပါပဲ"

​"လူနဲ့ စက်ပစ္စည်း အပြန်အလှန် ဆက်သွယ်မှုမှာ ဖြစ်စေ၊ ဘာသာစကား နားလည်သဘောပေါက်မှုမှာ ဖြစ်စေ လက်ရှိ မိုဘိုင်းလက်ထောက်အားလုံးထက် အပြတ်အသတ် သာလွန်နေတယ် ဒါ့အပြင် ပိုင်ရှင်ရဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီး ဘာလုပ်သင့်တယ်ဆိုတာကိုလည်း သူက ဆုံးဖြတ်ပေးနိုင်သေးတယ်"

​"AI လုပ်ငန်းနယ်ပယ်ရဲ့ သတ်မှတ်ချက်အရ ဆိုရင်တော့ ပန်ကူးဟာ စမတ်လက်ထောက်တစ်ခု မဟုတ်တော့ဘဲ စစ်မှန်တဲ့ အခြေခံအဆင့် ဉာဏ်ရည်တု တစ်ခုပဲ ဖြစ်နေပြီ"

​သူ့စကားအဆုံး၌ ကျန်းဖန်မှာ ခဏမျှ မှင်တက်သွားပြီးနောက် အကျယ်ကြီး ရယ်မောလိုက်သည်။

"ဟားဟားဟား ကောင်းကင်ဘုံက ငါတို့ရဲ့ နဂါးကိုပျံသန်းဖို့ ဖန်တီးပေးလိုက်တာပဲ၊ ထာဝရအမှောင်ထုထဲမှာ ဆီမီးအိမ်တစ်ဆောင် ရလိုက်သလိုပဲ"

​ဤစမတ်ဖုန်းလက်ထောက်ရှိနေလျှင် Apple၊ Samsung နှင့် အခြားကုမ္ပဏီများက နည်းပညာပိုင်းဆိုင်ရာ ထပ်မံကျော်ဖြတ်နိုင်ခဲ့လျှင်တောင် လုံထန်လုပ်ငန်းစု၏ အရှိန်အဟုန်ကို တားဆီးနိုင်တော့မည် မဟုတ်တော့ချေ။

​မိနစ်အနည်းငယ်အကြာ ကျန်းဖန်စိတ်အေးသွားသည့်အခါ မေးခွန်းအချို့ မေးလိုက်သည်။

"အထွေထွေမန်နေဂျာယွီ... နီဗားနားဖုန်းမှာ ပန်ကူးစနစ် တက်လာဖို့က အချိန်အကြာကြီး ပေးရမှာလား"

​"ပြီးတော့ ပန်ကူးစမတ်လက်ထောက်ကို ပန်ကူး အမှတ် (၁)၊ (၂)၊ (၃)၊ (၄) လို့ပဲ အမြဲ ခေါ်နေလို့ မရဘူး မဟုတ်လား"

​ကောင်းမွန်သော ထုတ်ကုန်တစ်ခုသည် ထိုခေတ်၏ နည်းပညာကို ကျော်လွန်နေရုံဖြင့် မလုံလောက်ဘဲ အသေးစိတ်အချက်အလက်အားလုံး ပြည့်စုံနေဖို့က ပို၍ အရေးကြီးသည်၊၊

​"မစ္စတာကျန်း စိတ်ချပါ၊ ပန်ကူးစနစ် စက်ရုံက ထွက်လာပြီးရင် အသုံးပြုသူတွေက သူတို့စိတ်ကြိုက် အမည်ပေးလို့ ရမှာပါ စနစ်တက်ချိန် ကြာနေတာကတော့ တန်ရွမ်စနစ်ရဲ့ ပလပ်အင်တချို့နဲ့ အပြည့်အဝ အဆင်မပြေသေးလို့ပါ"

လုံထန်လုပ်ငန်းစု သုတေသနစင်တာ၏ အဓိက အင်ဂျင်နီယာ ယွီလီက အလျင်အမြန် ရှင်းပြလာသည်၊၊

​"အင်း"

ကျန်းဖန်က ခေါင်းညှိမ့်ကာ လေသံကို မြှင့်လိုက်ပြီး တိုက်ရိုက် အမိန့်ပေးလိုက်ပါသည်။

"နီဗားနား အက်စ်ရဲ့ ဒီဇိုင်းပုံစံကို ခင်ဗျားတို့ သုတေသနစင်တာဆီ လွှဲပေးထားပြီးပြီ၊ တတ်နိုင်သမျှ အမြန်ဆုံး စမ်းသပ်ထုတ်ကုန် ထွက်လာဖို့ မျှော်လင့်ပါတယ်"

​"ဒါ့အပြင် ပန်ကူးရဲ့ မူရင်းကုဒ်တွေကလည်း ခင်ဗျားလက်ထဲမှာပဲ ရှိနေတယ် ဒီမိုဘိုင်းလက်ထောက်ကို ပိုကောင်းအောင် လုပ်ပြီး စနစ်တက်တဲ့ အားနည်းချက်တွေကို ပြင်ဆင်ပေးပါ၊ တန်ရွမ်စနစ်နဲ့ အပြည့်အဝ ကိုက်ညီသွားအောင်လို့ပါ"

​"မူပိုင်ခွင့်ဌာနက လူတွေကို ဒါတွေအားလုံးအတွက် ပြည်တွင်းမူပိုင်ခွင့် လျှောက်ထားဖို့ ကျွန်တော် အမိန့်ပေးလိုက်ပါ့မယ် နိုင်ငံခြားမူပိုင်ခွင့်တွေအတွက်တော့ ဥက္ကဋ္ဌက ကြိုတင်ပြင်ဆင်ထားပြီးသားပါ"

​ထိုစကားကို ကြားသောအခါ ယွီလီက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

"ပြဿနာမရှိပါဘူး"

​နီဗားနား အက်စ်အတွက် ကုန်ကြမ်းများမှာ ပြင်ဆင်ပြီးသား ဖြစ်သည်၊၊ ယခုအခါ အစိတ်အပိုင်းများ ထုတ်လုပ်ပြီး တပ်ဆင်ရန်သာ လိုတော့သဖြင့် ပထမဆုံး စမ်းသပ်ထုတ်ကုန်မှာ မကြာမီ ပြီးစီးတော့မည် ဖြစ်သည်၊၊

​ပန်ကူးစနစ်နှင့် ပတ်သက်၍မူ ၎င်းကိုယ်တိုင်က အလွန်ပင် ပြည့်စုံသော ထုတ်ကုန်တစ်ခု ဖြစ်ပါသည်၊၊ တန်ရွမ်စနစ်နှင့် ချိန်ညှိရန်သာ လိုအပ်သဖြင့် ဖိအားပေးစရာ မရှိပေ။

​စကားအဆုံးတွင် ကျန်းဖန်က ခေါင်းညှိမ့်ပြကာ သုတေသနစင်တာမှ ထွက်ခွာသွားသည်၊၊

​နောက်ထပ် သူလုပ်စရာတွေ များစွာရှိနေပြီး ခိုင်ထျန်းတက်ဘလက် ကွန်ပျူတာများကို ကြော်ငြာရန်မှာ ပြဿနာကြီးတစ်ခု ဖြစ်နေသည့်အပြင် ယခုအခါ နီဗားနား အက်စ်နှင့် ပန်ကူးစနစ်တို့ပါ ရှိနေပြီ ဖြစ်သည်၊၊

​ဤသုံးမျိုးလုံးကို မိတ်ဆက်ပွဲ တစ်ခုတည်းမှာ လုပ်၍ မရပေ။ ထိုသို့လုပ်ပါက ထုတ်ကုန်သုံးခုစလုံး၏ လူကြိုက်များမှုကို ထိခိုက်စေနိုင်သည်၊၊ ထို့ကြောင့် အချိန်ကို ခွဲခြားပြီး မိတ်ဆက်ပွဲများကို အစီအစဉ်တကျ ပြုလုပ်ရမည် ဖြစ်သည်၊၊

​ကျန်းဖန်ရုံးခန်းသို့ ပြန်ရောက်သည်နှင့် လင်းဖန် ထံမှ ဖုန်းဝင်လာပါသည်။

"ဟယ်လို သူဌေး"

​ယနေ့ သူ အတော်ပင် တုန်လှုပ်ခဲ့ရသည်ဟု ဆိုရမည်၊၊ အသက် ၂၀ မျှသာ ရှိသေးသော လင်းဖန်က ရုတ်တရက်ဆိုသလို နည်းပညာအသစ်များကို တစ်ခုပြီးတစ်ခု ထုတ်ပြလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ၊၊ ပန်ကူးစမတ်လက်ထောက်၏ အခန်းကဏ္ဍမှာ လုန့်ထန်းလုပ်ငန်းစုသစ် တစ်ခုကို ပြန်လည်တည်ထောင်လိုက်သကဲ့သို့ပင် အရေးပါသည်၊၊

​"အဲဒီအရာကို စမ်းသပ်တာ ဘယ်လိုလဲ"

​ဖုန်းဝင်လာသည်နှင့် လင်းဖန်က ချက်ချင်း မေးလိုက်သည်၊၊

​ကျန်းဖန်က တည်ကြည်စွာဖြင့် ပြန်ဖြေသည်။

"သူဌေး... ပန်ကူးစနစ်ကို ယွီလီဆီ လွှဲပေးလိုက်ပါပြီ၊ စမ်းသပ်ချက်တွေအရ စွမ်းဆောင်ရည်က အထူးကောင်းမွန်ပြီး မကြာခင်မှာပဲ ဈေးကွက်ထဲ တင်ပို့နိုင်မှာ ဖြစ်ပါတယ်၊"

​"ပန်ကူးရဲ့ အကြီးမားဆုံး အခန်းကဏ္ဍက စမတ်ဖုန်းလက်ထောက်အနေနဲ့တင် မဟုတ်ဘဲ အခြေခံဉာဏ်ရည်တု အနေနဲ့ပါ ဖုန်းတွေမှာတင် မဟုတ်ဘဲ ကွန်ပျူတာတွေမှာလည်း အသုံးပြုနိုင်တယ်"

​လင်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်ပါသည်။

"နီဗားနား ကနေစပြီး..."

​"ကျုပ်တို့ရဲ့ နီဗားနား အက်စ်ထွက်လာပြီးရင် 'ပန်ကူး' ကို ဈေးကွက်မှာ ထပ်မရနိုင်တော့ဘူး ကျုပ်တို့လုပ်ငန်းစု ထုတ်ကုန်တွေကလွဲရင် တခြား ဘယ်ပစ္စည်းမှာမှ ပန်ကူးစနစ်ကို ထည့်သွင်းခွင့် မရှိစေရဘူး"

​"ဟုတ်ကဲ့ပါ၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်၊၊"

ကျန်းဖန်က ကျယ်လောင်စွာ တုန့်ပြန်လိုက်သည်၊၊

​တစ်ချိန်တည်းမှာပင် ကျန်းခန်ယွမ်ရှိ အမှတ် (၁) ဗီလာ၏ စာကြည့်ခန်းထဲတွင် လင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကို ကြည့်နေသည်၊၊ သူ၏ မျက်ဝန်းများမှာ နက်မှောင်နေပြီး ဘာတွေ တွေးနေသည်ကို မည်သူမှ မသိနိုင်ပေ၊၊

​ခဏအကြာတွင် သူသည် ရုတ်တရက် လှည့်လာပြီး ရှေ့ရှိ ဆာဗာကို ကြည့်ကာ ခပ်တိုးတိုး ခေါ်လိုက်သည်။

"ရှုံ့တာ... ထွက်ခဲ့"

​"ဆရာ... ကျွန်တော် လာပါပြီ"

​စကားအဆုံးတွင် ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ချစ်စရာကောင်းသော ပန်ဒါဝက်ဝံလေးတစ်ကောင် ပေါ်လာသည်၊၊ ထိုကောင်လေး၏ မျက်လုံးထဲတွင် လူသားတစ်ယောက်ကဲ့သို့ပင် ပါးနပ်သော အရိပ်အယောင်များ ရှိနေသည်၊၊

​လင်းဖန်က ခွင့်ပြုပေးထားသဖြင့် ရှုံ့တာသည် အင်တာနက်အတွင်းသို့ စိတ်ကြိုက် ဝင်ထွက်နိုင်ပြီး အသိပညာများကို လေ့လာသင်ယူနေသည်၊၊ သူ၏ ကြီးထွားနှုန်းမှာ ဒုံးပျံကဲ့သို့ မြန်ဆန်သည်၊၊

​တစ်လအတွင်းမှာတင် သူ၏ ဉာဏ်ရည်မှာ ၆ နှစ်အရွယ် ကလေးဘဝမှ ၁၈၊ ၁၉ နှစ်အရွယ်သို့ ရောက်ရှိသွားချေပြီ၊၊ ယခုအခါ သူက လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။

​ကံကောင်းထောက်မစွာဖြင့် လင်းဖန်က သူ့ကို အမေရိကန် သို့မဟုတ် ဂျပန်နိုင်ငံတို့ဆီ သွားရောက် ဆော့ကစားရန် ပြောထားသည်၊၊ တရုတ်ပိုင်နက်ထဲမှာ မဟုတ်သရွေ့ ကျန်သည့်နေရာတွင် ဘာလုပ်လုပ်ရနိုင်ပြီး မဟုတ်ပါက တရုတ်အင်တာနက်လောကမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်သည်၊၊

​ထို့ကြောင့် လွန်ခဲ့သော တစ်လအတွင်း ဂျပန်နှင့် အမေရိကန်တို့မှာ အမည်မသိ ဆိုင်ဘာတိုက်ခိုက်မှုများကို ဆက်တိုက် ကြုံတွေ့ခဲ့ရသည်၊၊ ကြီးမားသော ဆုံးရှုံးမှု မရှိသော်လည်း ၎င်းတို့မှာ အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်၊၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်သော်လည်း ဟက်ကာတစ်ယောက်ကိုပင် ဖမ်းမမိနိုင်ကြ၊၊ အမှန်စင်စစ်တွင် ထိုနှစ်နိုင်ငံ၏ ဂြိုဟ်တုကွန်ရက်များကို ရှုံ့တာက ထိန်းချုပ်ထားခြင်း ဖြစ်သော်လည်း ၎င်းတို့မှာ မသိရှိကြပါ၊၊

​"ရှုံ့တာ... ဒီနေ့ကစပြီး လုံထန်လုပ်ငန်းစုရဲ့ ကွန်ပျူတာအားလုံး၊ ဘဏ္ဍာရေးစနစ်နဲ့ ဘဏ်အကောင့်တွေကို စောင့်ကြည့်ဖို့ မင်းရဲ့ စွမ်းအင်တချို့ကို သုံးပါ ထူးခြားတာတစ်ခုခု ရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ"

​လင်းဖန်သည် စီအီးအို ကျန်းဖန်၊ ဘဏ္ဍာရေးမှူး မင်ကျန့်ရှင်းနှင့် အခြားသူများကို ယုံကြည်သော်လည်း သူကိုယ်တိုင် လုပ်ငန်းလည်ပတ်မှုတွင် ပါဝင်လေ့ မရှိပေ၊၊

​သို့သော် ၎င်းမှာ လုံထန်လုပ်ငန်းစုအပေါ် သူ စိတ်မဝင်စားခြင်း မဟုတ် ကုမ္ပဏီကြီးများတွင် ဖောက်ပြန်တတ်သူများ ရှိလာနိုင်သည်မှာ ရှောင်လွှဲမရနိုင်သော အချက် ဖြစ်သည်၊၊

​အထူးသဖြင့် ဘဏ္ဍာရေးပိုင်းတွင် ငွေကြေးမှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်၊၊ လုံထန်လုပ်ငန်းစု၏ စာရင်းများတွင် ငွေလွှဲပြောင်းမှု ပမာဏများစွာ ပါဝင်နေသဖြင့် မည်သူက မျက်စိမှိတ်နေနိုင်ပါမည်နည်း၊၊

​ထို့ကြောင့် သူက ရှုံ့တာကို လုံထန်လုပ်ငန်းစု၏ ကွန်ပျူတာအားလုံးကို စောင့်ကြည့်ခိုင်းပြီး လုပ်ငန်းစု၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးမည့်သူ တစ်ဦးတစ်ယောက်မှ မပေါ်ပေါက်လာအောင် စီစဉ်လိုက်ခြင်း ဖြစ်သည်၊၊

​"ဟုတ်ကဲ့ပါ ဆရာ၊၊"

​တစ်မိနစ်မပြည့်မီမှာပင် ရှုံ့တာ၏ အသံ ထွက်ပေါ်လာသည်။

"လုံထန်လုပ်ငန်းစုရဲ့ ကွန်ပျူတာအားလုံးကို စောင့်ကြည့်နေပါပြီ၊ အချက်အလက်တွေကို စုစည်းနေပါတယ် အခုထက်ထိတော့ ဘာပြဿနာမှ မတွေ့ရသေးပါဘူး၊"

​"အင်း"

​လင်းဖန်က ခေါင်းညှိမ့်ပြပြီး ဘာမှထပ်မပြောတော့ချေ၊၊

......................................................

​

အပိုင်း ၁၃၈

လီကျားချန်

နောက်တစ်နေ့ နံနက် ၉ နာရီ။

​မေလ၏ နံနက်ခင်းနေရောင်ခြည်ကို အံတုလျက် လင်းဖန်သည် လုံထန်လုပ်ငန်းစုဌာနချုပ် အဆောက်အအုံအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်၊၊

တည်ဆောက်စရိတ် ဘီလီယံပေါင်းများစွာ အကုန်အကျခံထားသည့် ၈၈ ထပ်မြင့် ဤမိုးမျှော်တိုက်ကြီးမှာ ကျန်းလင်မြို့၏ အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်လာခဲ့သည်။

​ဧကပေါင်းထောင်ချီ ကျယ်ဝန်းသော ဤနယ်မြေအတွင်း၌ ရုံးချုပ်အဆောက်အအုံသာမက သုတေသနစင်တာ၊ ဝန်ထမ်းအိပ်ဆောင်များ၊ ဝန်ထမ်းထမင်းစားဆောင်များ၊ အားကစားခန်းမနှင့် ဖျော်ဖြေရေးနေရာများ စသည်ဖြင့် စုံလင်စွာ ပါဝင်သည်၊၊

​လုံထန်လုပ်ငန်းစု ဝန်ထမ်းများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လင်းဖန်သည် ဝမ်ချောင်ကို တစ်ချိန်တည်းမှာပင် လူထောင်ချီ ကြည့်ရှုနိုင်သည့် သီးသန့်ရုပ်ရှင်ရုံတစ်ခုကိုပါ ဤနေရာ၌ အထူးတလည် တည်ဆောက်ခိုင်းခဲ့သည်၊၊

၎င်းမှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်ဟု ဆိုရမည်၊၊

​"သူဌေး"

​လင်းဖန် ရုံးခန်းထဲသို့ ဝင်လာသည်နှင့် လုံထန်လုပ်ငန်းစု စီအီးအို ကျန်းဖန်က အပြေးအလွှား လာရောက်ကြိုဆိုသည်၊၊

​"အင်း"

လင်းဖန်က ခေါင်းညှိမ့်ပြကာ ရုံးထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် လိုရင်းကို တိုက်ရိုက်မေးလိုက်သည်။

"တန်ရွမ်စနစ်ရဲ့ ကြော်ငြာမှုတွေ အခြေအနေ ဘယ်လိုလဲ အသုံးပြုနိုင်တဲ့ ပလက်ဖောင်း အပလီကေးရှင်း အရေအတွက် သုံးသိန်း ကျော်သွားပြီလား"

​"နောက်ထပ် နီဗားနားဖုန်းတွေ..."

ဟောင်ကောင်မှသည် အရှေ့တောင်အာရှနှင့် ဗြိတိန်အထိ တင်ပို့ရောင်းချမည့် ဤလုပ်ငန်းစဉ်တွင် ဒေသတွင်း အပလီကေးရှင်းများ၏ ပါဝင်ပံ့ပိုးမှုမှာ အလွန်လိုအပ်ပါသည်၊၊

​Android ကုမ္ပဏီများပင်လျှင် ၎င်းတို့၏ စမတ်ဖုန်းလည်ပတ်ရေးစနစ်ကို ကြော်ငြာရာတွင် Apple ထက် ပိုမိုကျယ်ပြန့်သော ဈေးကွက်ကို ရရှိရန်အတွက် အချိန်အတော်ကြာ စုဆောင်းခဲ့ရပြီး မူရင်းကုဒ်များကိုပင် ချပြခဲ့ရသည်၊၊

​"သူဌေး... ပလက်ဖောင်း အပလီကေးရှင်း အရေအတွက်က ငါးသိန်း ကျော်သွားပါပြီ၊ အခုထိလည်း အရှိန်အဟုန်နဲ့ တိုးတက်နေတုန်းပါပဲဟောင်ကောင်မှာ ပထမဆုံးအသုတ် ထုတ်လုပ်လိုက်တဲ့ ဖုန်းတွေအားလုံး ရောင်းကုန်သွားပြီး ချီးကျူးသံတွေလည်း အများကြီး ထွက်ပေါ်နေပါတယ်"

ကျန်းဖန်က လေးနက်သည့်လေသံဖြင့် ပြန်ဖြေသည်။

"ရှန်ကျန်းမှာ ကျွန်တော်တို့ အပြည့်အဝ ခြေကုပ်ယူနိုင်ပြီလို့ ထင်ပါတယ်၊ ဗြိတိန်အထိတောင် သက်ရောက်မှု ရှိနိုင်ပါတယ် ဥရောပဌာနခွဲကိုလည်း နီဗားနား အိက်စ်တွေ အပြည့်အဝ ဖြန့်ကျက်ဖို့ ပြင်ဆင်ထားဖို့ အကြောင်းကြားထားပြီးပါပြီ"

​မနှစ်ကတည်းက ယခုအချိန်အထိ တစ်နှစ်ပတ်လုံး လုံထန်လုပ်ငန်းစုသည် တန်ရွမ်စနစ်ကို ကြော်ငြာရန် တစ်ကြိမ်တစ်ခါမျှ လက်မလျှော့ခဲ့၊၊ အပလီကေးရှင်းပိုင်းတွင်လည်း လုန့်ထန်းနည်းပညာကုမ္ပဏီနှင့် လုံထန်ဂိမ်းကုမ္ပဏီတို့ကတင် အနည်းဆုံး တစ်ထောင်ကျော် ပံ့ပိုးပေးထားသည်၊၊ အခြားသော အပလီကေးရှင်း ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့သည်မှာလည်း အထူးပြောစရာ မလိုတော့ပေ။

​"တက်ဘလက် ကွန်ပျူတာ - ခိုင်ထျန်းအတွက် ပြင်ဆင်မှုတွေရော ဘယ်လိုလဲ"

လင်းဖန်က ထက်မြက်သည့် အကြည့်များဖြင့် ဆက်မေးလိုက်သည်။

"ဒီဈေးကွက်က ဖုန်းနဲ့ ကွန်ပျူတာ ကြားထဲမှာ ရှိတာပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်မကြီးသလို သိပ်လည်း မသေးပါဘူး၊ ဒါပေမဲ့ ကမ္ဘာပေါ်က နာမည်ကြီး မိုဘိုင်းဖုန်းကုမ္ပဏီတွေ အားလုံး ဒီထဲမှာ ရှိနေကြတာ၊ ကျုပ်တို့ လုံထန် အနေနဲ့ သူများနောက်ကျလို့ မဖြစ်ဘူး၊၊"

​"ခိုင်ထျန်း အနေနဲ့ ဈေးကွက်တစ်ခုလုံးကို မသိမ်းပိုက်နိုင်ရင်တောင် အနည်းဆုံးတော့ ကောင်းမွန်တဲ့ အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်ရမယ်၊၊"

တစ်ကမ္ဘာလုံးကို ကြည့်လိုက်လျှင် နီဗားနားဖုန်းများသည် တောင်အာရှ၊ အရှေ့အာရှ၊ အနောက်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများအထိ ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်၊၊

​သို့သော် တက်ဘလက် ကွန်ပျူတာမှာတော့ မတူညီ ဈေးကွက်သဘာဝအရ ကျဉ်းမြောင်းသည်၊၊ လူဆယ်ယောက်တွင် တစ်ယောက် တက်ဘလက် ဝယ်သည်ဆိုလျှင်ပင် အမြင့်ဆုံး အချိုးအစား ဖြစ်ူသည်၊၊ အထူးသဖြင့် စမတ်ဖုန်းလောကတွင် ဖုန်းမျက်နှာပြင်များ ပို၍ ပို၍ ကြီးမားလာသော ယနေ့ခေတ်တွင် ပို၍ သိသာသည်၊၊

​မည်သို့ပင်ဖြစ်စေ ဈေးကွက်ရှိနေသရွေ့ မည်သည့်ဖုန်းကုမ္ပဏီမှ လက်လွှတ်မည် မဟုတ်ပါ၊၊ Apple၊ Huawei (Warwick)၊ Samsung (Four Star) စသည့် ကုမ္ပဏီကြီးများထဲမှ မည်သူက ရှုံးနိမ့်ဖူးပါသနည်း၊၊

​တိုက်ရိုက်ပြောရလျှင် တက်ဘလက် ကွန်ပျူတာများသည်လည်း ကွန်ပျူတာ အမျိုးအစားတစ်ခုပင် ဖြစ်သည်၊၊ အကယ်၍ ၎င်းတို့ကို အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပါက လုန့်ထန်းလုပ်ငန်းစုအတွက် လက်ပ်တော့နှင့် ဒက်စတော့ ကွန်ပျူတာ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ရင့်ကျက်သော အတွေ့အကြုံများ ရရှိစေမည် ဖြစ်သည်၊၊

​ကျန်းဖန်က ခေါင်းညှိမ့်ကာ ရိုသေစွာ ပြန်ဖြေလိုက်သည်၊၊

​တစ်ချိန်တည်းမှာပင် ဟောင်ကောင် တောင်ပိုင်းခရိုင်၊ ရွှေတောက်ဝမ်လမ်း၊ အမှတ် ၇၉ တွင် ဖြစ်သည်၊၊

​၎င်းမှာ စတုရန်းမီတာ ၅၀၀ ကျော် ကျယ်ဝန်းသော အိမ်ရာကြီးတစ်ခု ဖြစ်ပြီး နောက်ကျောတွင် စိမ်းလန်းသော တောင်တန်းများရှိပြီး ရှေ့တွင် ပင်လယ်ကို မျက်နှာမူထားသည်၊၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်ပြီး ငှက်သံလေးများ၊ ပန်းရနံ့များဖြင့် အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှသည်၊၊

​ဤအိမ်ရာကြီးတွင် ဆက်သွယ်ထားသော ၄ ထပ်မြင့် ဥရောပစတိုင် အဆောက်အအုံ သုံးလုံး ပါဝင်သည်၊၊ ၎င်းတို့အနက် အလယ်က အဆောက်အအုံ၏ အကျယ်ဆုံးသော တတိယထပ်မှာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်း၏ စာကြည့်ခန်း ဖြစ်သည်၊၊

​"မင်း ပြည်မကြီးက လုပ်ငန်းစုတစ်ခုနဲ့ ပူးပေါင်းနေတယ်လို့ ငါ ကြားတယ်"

​ထိုအချိန်တွင် လီကျားချန်သည် သူ့ရှေ့ရှိ သားဖြစ်သူကို ကြည့်ကာ မေးလိုက်သည်၊၊ သူ၏ မျက်ဝန်းများတွင် ပညာရှိတစ်ဦး၏ အရိပ်အယောင်များ ပေါ်လွင်နေသည်၊၊

​"ဗျာ"

​လီကျဲခိုင်သည် သူ့ဖခင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်၊၊ သူ၏ မှတ်ဉာဏ်ထဲတွင် ဖခင်ဖြစ်သူမှာ သူ့ကိစ္စများကို စိတ်ဝင်တစား မေးမြန်းလေ့ မရှိပေ၊၊

​"မင်း ကျင်းတုန်မောလ် အကြောင်း ကြားဖူးမှာပေါ့"

​လီကြားချန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါသည်၊၊

​"အဲဒီ အီးကောမတ်စ် (e-commerce) ကုမ္ပဏီကြီးလား"

​လီကျဲခိုင်မှာ အံ့သြသွားသည်၊၊ သူသည် ကျင့်တုန်နှင့် တိုက်ရိုက် အဆက်အသွယ် မရှိသော်လည်း အလီဘာဘာ (Alibaba) နှင့် ယှဉ်နိုင်သည့် တရုတ်ပြည်၏ တစ်ခုတည်းသော အီးကောမတ်စ် အဖွဲ့အစည်းအကြောင်းကိုတော့ ကောင်းစွာ နားလည်ထားသည်၊၊

​လယ်သမားမိသားစုမှ ပေါက်ဖွားလာသော လျူယွီတုန်သည် ဆယ်နှစ်အတွင်းမှာတင် ကမ္ဘာပေါ်တွင် ထူးခြားသော၊ ကိုယ်ပိုင်စီမံသည့် အီးကောမတ်စ် ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့သည်၊၊ ၎င်းမှာ Amazon သို့မဟုတ် Ali တို့နှင့် လုံးဝကွဲပြားသော နယ်ပယ်တစ်ခု ဖြစ်သည်၊၊

​ဤအချက်မှာ သူကဲ့သို့သော ချမ်းသာသည့် ဒုတိယမျိုးဆက် တစ်ဦးအတွက် လေးစားစရာ ဖြစ်နေပါသည်၊၊

​သို့သော် လီကျဲခိုင်မှာ ပို၍ ဝေခွဲမရ ဖြစ်နေပါသည်၊၊ ဖခင်ဖြစ်သူက တစ်ဖက်တွင် လုံထန်လုပ်ငန်းစု၊ နောက်တစ်ဖက်တွင် ကျင်းတုန်လုပ်ငန်းစု... ၎င်းတို့ကြားတွင် ဘာပတ်သက်မှု ရှိနေသနည်း၊၊

​"လွန်ခဲ့တဲ့ ရက်ပိုင်းက ကျင်းတုန်လုပ်ငန်းစုရဲ့ အကြီးအကဲ လျူယွီတုန်နဲ့ပင်ဂွင်း (Penguin) လုပ်ငန်းစု ဥက္ကဋ္ဌ မာဟွာထန်တို့ ငါ့ဆီ ကိုယ်တိုင်လာခဲ့ကြတယ် သူတို့အသစ်စတင်မယ့် ကုမ္ပဏီတစ်ခုမှာ ပါဝင်ဖို့ ငါ့ကို ဖိတ်ခေါ်ကြတယ်"

​လီကျားချန်က တည်ငြိမ်သည့် မျက်ဝန်းများဖြင့် ဆက်ပြောလညသည်။

"အဲဒီ ကုမ္ပဏီသစ်ကို လုံထန်လုပ်ငန်းစု ဥက္ကဋ္ဌ လင်းဖန် ကိုယ်တိုင် တည်ထောင်ထားတာ"

​"ဘာ..."

​လီကျဲခိုင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားရသည်၊၊ ဤကုမ္ပဏီ သုံးခုစလုံးမှာ အီးကောမတ်စ်၊ လူမှုကွန်ရက်နှင့် မိုဘိုင်းဖုန်း နယ်ပယ်သုံးခုကို စိုးမိုးထားသည့် တရုတ်ပြည်၏ ဘီလူးကြီးများ ဖြစ်ကြပြီး ၎င်းတို့ သုံးဦး ပူးပေါင်းတည်ထောင်သည့် ကုမ္ပဏီမှာ မည်မျှအထိ အစွမ်းထက်မည်နည်း၊၊

​အရေးကြီးဆုံးအချက်မှာ ထိုကုမ္ပဏီက သူ၏ ဖခင်ဖြစ်သူကိုပါ ပါဝင်ရန် ဖိတ်ခေါ်နေခြင်းမှာ အတော်ပင် တုန်လှုပ်စရာ ကောင်းလှသည်၊၊

​"အဲဒီ ကုမ္ပဏီနာမည်က ကျိဖုပေါင်တဲ့၊ အနှစ်သာရအားဖြင့် အလီဘာဘာရဲ့ ရှိပေါင်နဲ့ အတူတူပါပဲ၊ ငါ ဒီကိစ္စကို အတော်လေး စိတ်ဝင်စားတယ်"

​လီကျားချန်သည် ၂၀ ရာစု အစောပိုင်းတွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း သူ၏ စီးပွားရေးအမြင်မှာ နောက်ကျကျန်မနေပေ၊၊ စီးပွားရေး အခွင့်အလမ်းများကို တိကျစွာ ဆုပ်ကိုင်နိုင်ခြင်းကြောင့်သာ သူက တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်၊၊

​သူ့အတွက် ယခုအချိန်တွင် ငွေကြေးမှာ အရေးကြီးဆုံး မဟုတ်တော့ချေ၊၊

အရေးကြီးသည်မှာ အခြေအနေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် လက်နက်တစ်ခု ရှိနေဖို့ ဖြစ်သည်၊၊ သို့မှသာ လီမိသားစုကို မည်သူမှ လွယ်လွယ်နှင့် လက်လှမ်းမရဲကြမည် ဖြစ်သည်၊၊ ကမ္ဘာပေါ်တွင် တရုတ်လူမျိုးများ အားကောင်းသော ယှဉ်ပြိုင်နိုင်စွမ်း မရှိရခြင်းမှာ မော်ဂန်နှင့် ရော့ဖဲလားမိသားစုများကဲ့သို့ ရာစုနှစ်ချီ ခိုင်မာသော မိသားစုများ မရှိခြင်းကြောင့် ဖြစ်သည်၊၊

​ထို့ကြောင့် ခိုင်မာသည့်အခြေခံအုတ်မြစ် မရှိလျှင် ကမ္ဘာ့အခြေအနေအပေါ် လွှမ်းမိုးမှုကြီးကြီးမားမား ရှိရန် ခက်ခဲသည်၊၊

​သို့သော် ကျိဖုပေါင်က သူ့ကို မျှော်လင့်ချက် ပေးလာသည်၊၊ ထို့ကြောင့် သူ့အနေဖြင့် သားဖြစ်သူကို ဤမျှ လေးလေးနက်နက် မေးမြန်းနေခြင်း ဖြစ်သည်၊၊

All Chapters