← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အပိုင်း ၁၃၉

လင်းဖန်ဆိုတာ

"အဖေ... လုံထန်လုပ်ငန်းစုက ကျိဖုပေါင်ကို လွှမ်းမိုးထားနိုင်တာက လုံထန်မှာ နီဗားနားရှိနေလို့ပဲ"

​စီးပွားရေးအမြင် ထက်မြက်လှသည့် လီကျဲခိုင် က ဤလျှို့ဝှက်ချက်ကို ချက်ချင်းပင် မြင်လိုက်သည်၊၊

​"လုံထန်လုပ်ငန်းစု ဥက္ကဋ္ဌကို မင်း ဘယ်လိုမြင်လဲ"

လီကျားချန်က သားဖြစ်သူကို မကြည့်ဘဲ မနေနိုင်တော့ပေ၊၊

​လီကျဲခိုင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်ပါသည်။

"အဖေ... ကျွန်တော် သူ့ကို လူကိုယ်တိုင် မတွေ့ဖူးပေမဲ့ သူက တကယ်ကို ထူးခြားတဲ့သူ တစ်ယောက်ပါ၊၊"

​"သူဟာ အသက် ၂၀ တောင်မပြည့်သေးခင်မှာ ဧရာမ လုံထန်လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့တာပါ၊ နီဗားနားဖုန်းနဲ့ တန်ရွမ်စနစ်တွေကိုလည်း သူကိုယ်တိုင် တီထွင်ခဲ့တာလို့ ကြားတယ်၊ ဒါဟာ ဈေးကွက်ထဲက ဘယ်ဖုန်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်စေတယ်၊"

​"တစ်နှစ်အတွင်းမှာတင် လုံထန်လုပ်ငန်းစုက နီဗားနားအိတ်နဲ့အတူ အလုံးရေ သန်းတစ်ထောင် (တစ်ဘီလီယံ) ရောင်းချနိုင်ခဲ့တယ်၊၊ Apple ဖြစ်ဖြစ်၊ Huawei ဖြစ်ဖြစ် သူတို့ရဲ့ ကနဦးစတင်မှုမှာ ဒီလောက်အထိ မယှဉ်နိုင်ခဲ့ကြဘူး၊၊"

​ထိုစကားကို ကြားသောအခါ လီကျားချန်၏ မျက်ဝန်းများ ပြောင်းလဲသွားသည်၊၊

​နှစ်ပေါင်းများစွာအတွင်း သားငယ် လီကျဲခိုင်၏ လုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာသလို သူ၏ အမြင်မှာလည်း ပို၍ မြင့်မားလာခဲ့သည်၊၊ လူနည်းစုကိုသာ သူက အထင်ကြီးတတ်ပြီး ယခုကဲ့သို့ ချီးကျူးစကားဆိုသည်မှာ...

​တကယ်ကို ရှားပါးလှပါသည်။

​"အဖေ... ကျွန်တော်က သူ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလူက တကယ့်ကို...."

​လီကျဲခိုင်သည် ဖခင်၏ မျက်ဝန်းထဲက အဓိပ္ပာယ်ကို မသိသော်လည်း လင်းဖန်နှင့် ပတ်သက်၍ သူ လေးလေးနက်နက် ရှိနေမိသည်၊၊

​အသက် ၁၉ နှစ်ဆိုသည်မှာ ထားပါဦး၊ ယခုအချိန်မှာပင် သူ၏ အောင်မြင်မှုများမှာ လင်းဖန်နှင့် ယှဉ်လျှင် အဝေးကြီးမှာ ကျန်နေသေးသည်၊၊

​ကိုယ်ပိုင်တံဆိပ် စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ဆိုသည်မှာ မလွယ်ကူသလို လုံးဝလွတ်လပ်သော စမတ်ဖုန်းလည်ပတ်ရေးစနစ် တစ်ခုဆိုသည်မှာ ပို၍ပင် ခက်ခဲသည်၊၊

ငွေကြေးပိုင်းမှာလည်း လုံထန်လုပ်ငန်းစု၏ ဝင်ငွေတစ်ခုတည်းမှာပင် လင်းဖန်အတွက် နောင်ခြောက်လအတွင်း ဘီလီယံပေါင်းများစွာ သယ်ဆောင်လာပေးတော့မည် ဖြစ်သည်၊၊

​အဆိုပါ ငွေကြေးအများစုကို ကုမ္ပဏီတိုးချဲ့ရန် အသုံးပြုမည် ဖြစ်သော်လည်း ၎င်းပမာဏမှာ လီကျဲခိုင်နှင့် ယှဉ်နိုင်သော အဆင့်မှာ မဟုတ်သေးပေ၊၊

​တရုတ်ပြည်အတွင်းမှာဆိုလျှင် ဖခင်ဖြစ်သူ လီကျားချန် ကြွယ်ဝမှုကသာ လင်းဖန်ကို အသာစီးရနိုင်လိမ့်မည်၊၊

​Alibaba၊ Tencent နှင့် ကျင်းတုန် (Jindong) တည်ထောင်သူများမှာ အချမ်းသာဆုံးစာရင်းဝင် ဖြစ်နေကြသော်လည်း လက်တွေ့တွင် ၎င်းတို့လက်ထဲ၌ ထိုမျှလောက် ငွေကြေးအင်အား မရှိသလို ဈေးကွက်တန်ဖိုး (Market Value) ဆိုသည်မှာလည်း အစစ်အမှန် မဟုတ်ပေ။

​ဥပမာအားဖြင့် မာယွန်း (Ma Yun) သာ သူ၏ ရှယ်ယာများကို ရောင်းချလိုက်မည်ဆိုပါက Ali ၏ ဈေးကွက်တန်ဖိုးမှာ သေချာပေါက် ကျဆင်းသွားမည် ဖြစ်ပြီး မူလရှယ်ယာများကို ငွေသားအဖြစ် ထိုမျှအထိ ပြောင်းလဲနိုင်မလားဆိုသည်မှာ မသေချာပါ၊၊

​သို့သော် လင်းဖန်ကတော့ မတူပါ၊၊ စက်မှုလုပ်ငန်းစုဖြစ်သော လုံထန်တွင် မြေယာများ၊ အဆောက်အအုံများ၊ စက်ပစ္စည်းများနှင့် စက်ရုံများ ရှိနေသဖြင့် ၎င်းတို့မှာ တန်ဖိုးတက်ရုံသာရှိပြီး ကျဆင်းသွားမည့် အိမ်ခြံမြေ ပစ္စည်းများ မဟုတ်တော့၊၊

​"သူက ငါ့ထက်တောင် သာသေးတယ်"

​ထိုအချိန်တွင် လီကျားချန်၏ မျက်ဝန်းများမှ အလင်းရောင်များ တောက်ပလာပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ငါသိသလောက်ဆိုရင် လုံထန်လုပ်ငန်းစုရဲ့ နောက်ကွယ်က ရှယ်ယာရှင်က ဖန်ထန်းရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး လင်းဖန် ကိုယ်တိုင်က အဲဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ရာနှုန်းပြည့် ပိုင်ရှင်ပဲ၊"

​"အဖေ... အဲဒါက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုပဲလေ၊ အဖေ သူ့ကို အထင်ကြီးလွန်းနေပြီ ထင်တယ်၊၊"

​လီကျဲခိုင်သည် လင်းဖန်ကို လေးစားသော်လည်း ဖခင်ဖြစ်သူက မိမိကိုယ်ကို လင်းဖန်ထက် နိမ့်ကျသည်ဟု ပြောသောအခါ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်၊၊

​ဘာပဲဖြစ်ဖြစ် လီမိသားစုမှာ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သလို ဗြိတိန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ဈေးကွက် သုံးပုံတစ်ပုံ၊ ဆက်သွယ်ရေးဈေးကွက် ထက်ဝက်နီးပါး၊ လျှပ်စစ်ဈေးကွက် ၂၅ ရာခိုင်နှုန်းနှင့် ဆိပ်ကမ်းများ၏ ၃၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်၊၊

​ကြွယ်ဝမှုအပိုင်းတွင် ရော့သ်ချိုင်း (Rothschild) မိသားစု၊ မော်ဂန် (Morgan) နှင့် ရော့ကဖဲလား (Rockefeller) ကဲ့သို့သော လျှို့ဝှက်ငွေကြေးအဖွဲ့အစည်းများမှလွဲလျှင် ကမ္ဘာပေါ်တွင် ၎င်းတို့နှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်၊၊

​"မိုက်မဲလိုက်တာ"

​ထိုစကားကို ကြားသောအခါ လီကြားချန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး ဆုံးမသည့်လေသံဖြင့် ပြောလိုက်ပါသည်။

"တရုတ်စကားပုံတစ်ခု ရှိတယ်၊ လူငယ်တစ်ယောက်ရဲ့ ဆင်းရဲမှုကို မစော်ကားနဲ့တဲ့၊ ဒါ့အပြင် သူက ဆင်းရဲတဲ့ လူငယ်တစ်ယောက် မဟုတ်တော့ဘူး၊၊"

​"ကျန်းလင်ဇာတိဖြစ်တဲ့ လင်းဖန်ဟာ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝိဇ္ဇာဘာသာရပ်နဲ့ အမှတ်အများဆုံး ရရှိခဲ့တယ် ဒါ့အပြင် ဇွန်လမှာ သူက ပဲပိစပ် အနာဂတ်ဈေးကွက်ထဲကို ယွမ် ၁.၂ ဘီလီယံနဲ့ ဝင်ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် အနည်းဆုံး ယွမ် ၄၀ ဘီလီယံ အမြတ်ရခဲ့တယ်"

​"အဲဒီလထဲမှာပဲ သူဟာ ကနဦးအရင်းအနှီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံနဲ့ နိုင်ငံတကာ ရေနံဈေးကွက်ထဲကို ဝင်ရောက်ပြီး အနိမ့်ဆုံးဈေးနဲ့ ရေနံတွေ အများကြီး ဝယ်ယူခဲ့တယ်၊ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ အားလုံးကို ပြန်လည်ရောင်းချခဲ့ပြီး အနည်းဆုံး ဒေါ်လာ ၆ ဘီလီယံ အမြတ်ရခဲ့တယ်"

​"ရက် ၂၀ မှာပဲ လင်းဖန်က ဒေါ်လာ ၁၀ ဘီလီယံကို အရင်းအနှီးလုပ်ပြီး နိုင်ငံတကာ ရွှေဈေးကွက်မှာ ရွှေတွေ အများကြီး ဝယ်ယူခဲ့ပြန်တယ်၊ အဲဒီလ ၂၉ ရက်နေ့မှာပဲ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလက်ထဲက ရွှေအားလုံးကို ပြန်ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ရခဲ့တယ်၊၊"

​လီကျားချန်ကိုယ်တိုင် ချမ်းသာလာစဉ်ကပင် အသေးအဖွဲမှ စတင်ကာ တစ်ဆင့်ချင်း ချဲ့ထွင်ခဲ့ရခြင်း ဖြစ်သည်၊၊ Wharf War ၏ အကူအညီဖြင့် သန်းပေါင်းများစွာ အမြတ်ရခဲ့ပြီးမှ ထိုစဉ်က ဟောင်ကောင်တွင် အကြီးဆုံး အိမ်ခြံမြေနှင့် ဆိပ်ကမ်းကုမ္ပဏီဖြစ်သော Hutchison Whampoa ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်၊၊

​သူသည် တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာရခြင်းမှာ စီးပွားရေးလုပ်ငန်းများတွင် အမြဲသတိထားတတ်ပြီး မည်သည့်ပြိုင်ဘက်ကိုမျှ အထင်မသေးတတ်ခြင်းကြောင့် ဖြစ်သည်၊၊

​သို့သော် သူ အစိတ်ပျက်ဆုံးမှာ သူ၏သားမှာ အသက် ၅၀ ကျော်သည်အထိ စီးပွားရေးအခြေအနေကို နားမလည်နိုင်သေးခြင်း ဖြစ်ပါသည်၊၊

​"ဟူး..."

​ဤသတင်းများမှာ လီကျဲခိုင်ကို လုံးဝ မှင်တက်သွားစေသည်၊၊ ပြည်မကြီးမှ ဤလူငယ်ဘီလူးကြီးတွင် ဤမျှ ခိုင်မာသော နောက်ခံသမိုင်းကြောင်း ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့၊၊

​"မင်းဘာသာ မင်း တွက်ကြည့်လိုက် ဇွန်လကုန်ကနေ သြဂုတ်လကုန်အထိ နှစ်လအတွင်းမှာ သူ့ရဲ့ ကြွယ်ဝမှုဟာ ယွမ် ၁.၂ ဘီလီယံကနေ ယွမ် ၄၀ ဘီလီယံအထိ၊ အဲဒီနောက်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ (ယွမ် ၆၀၀ ဘီလီယံကျော်) အထိ တိုးပွားလာခဲ့တယ်"

​လီကျားချန်၏ လေသံမှာ ပို၍ လေးနက်လာသည်။

"ပြီးတော့ လုံထန်လုပ်ငန်းစုက လပိုင်းအတွင်းမှာတင် တရုတ်စစ်တပ်နဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို ရရှိထားတယ်၊၊"

​တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော လီကျားချန်တွင် အာရှတစ်ခုလုံးနှင့် ကမ္ဘာတစ်ဝှမ်းအထိ ဖြန့်ကျက်ထားသော အဆက်အသွယ်ကွန်ရက်များ ရှိသည်၊၊ ပြည်မကြီး စီးပွားရေးလောကအတွင်းက သိမ်မွေ့သော လှုပ်ရှားမှုများကို သူ မသိရှိဘဲ မနေပေ၊၊

​အမှန်စင်စစ် လီကျားချန်ကို အစိုးရိမ်ဆုံးဖြစ်စေသည်မှာ အပြင်ပန်းက အချက်အလက်များ မဟုတ်ဘဲ ဖုံးကွယ်ထားသည့် အရာများ ဖြစ်သည်၊၊ မိဘမဲ့တစ်ဦးဖြစ်သော လင်းဖန်သည် ပဲပိစပ်ဈေးကွက်တွင် ရင်းနှီးရန် ယွမ် ၁.၂ ဘီလီယံကို မည်သို့ ရရှိခဲ့သနည်း၊၊

​ဤဈေးကွက်များကို ကစားခြင်းမှာ လူတစ်ယောက်တည်းနှင့် လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပါ၊၊ ရေနံနှင့် ရွှေဈေးကွက်များမှာ ပို၍ပင် ခက်ခဲသည်၊၊

​ဤအရာအားလုံးက လင်းဖန်၏ နောက်ကွယ်တွင် ဧရာမ အဖွဲ့အစည်းကြီးတစ်ခု ရှိနေကြောင်း ပြသနေသော်လည်း လီကျားချန်သည် ထိုအဖွဲ့အစည်းနှင့် ပတ်သက်၍ သဲလွန်စကလေးတစ်ခုမျှပင် ရှာမတွေ့ခဲ့ပါ၊၊

​၎င်းက လင်းဖန်၏ လျှို့ဝှက်နက်နဲမှုမှာ သာမန်လူများထက် များစွာ သာလွန်ကြောင်း သက်သေပြနေသည်၊၊

​"အဖေ... အဖေက အကုန်လုံးကို အသေအချာ သိနေတာပဲ၊ ဘာလို့ ကျွန်တော့်ကို မေးနေသေးတာလဲ"

လီကျဲခိုင်မှာ ပို၍ပင် အံ့အားသင့်သွားပါသည်၊၊

​"ဘာလို့လဲဆိုတော့ ဟောင်ကောင်တစ်ခုလုံးမှာ လုံထန်းလုပ်ငန်းစုနဲ့ မင်းထက် ပိုပြီး ထိတွေ့မှုရှိတဲ့သူ မရှိလို့ပဲ လင်းဖန်နဲ့ ပတ်သက်ရင် မင်းရဲ့ ခံစားချက်က ပိုပြီး တိုက်ရိုက်ကျလိမ့်မယ်လို့ ငါ ထင်တယ်၊၊"

​သားဖြစ်သူ၏ ဝေခွဲမရသည့် မျက်လုံးများကို ကြည့်ကာ လီကြားချန်းက နိဂုံးချုပ်လိုက်သည်။

"သူက ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့ စီးပွားရေး ဘီလူးကြီး တစ်ယောက်ပဲ၊၊"

​"အစကတည်းက ကျိဖုပေါင်ဆိုတာ ပရိယာယ်တစ်ခုပဲ၊ လူတိုင်းကို သူ့ဘေးမှာ ဝန်းရံစေပြီး သူ့ကို ကူညီတိုးတက်စေခြင်းအားဖြင့် လုံထန်ကို ကမ္ဘာ့ဘီလူးကြီး ဖြစ်လာမယ့် လမ်းကြောင်းပေါ် တင်ပေးလိုက်တာပဲ"

​"အနာဂတ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ လင်းဖန် ဖြစ်လာလိမ့်မယ်"

​..............................................................

အပိုင်း ၁၄၀

အခမဲ့ ပတ်ကေ့ကို ကြေငြာခြင်း

"အဖေ... အဲဒါဆို ကျွန်တော်တို့က ဘာဖြစ်လို့ လုံထန်နဲ့ ဆက်ပြီး ပူးပေါင်းနေသေးတာလဲ"

​လီကျဲခိုင်သည် သံသယများ၊ စိုးရိမ်မှုများစွာဖြင့် လီကျားချန်ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်၊၊

​"မင်း ဝေခွဲမရဖြစ်နေတုန်းပဲလား သူက အခုချိန်ထိ ငါတို့ လီမိသားစုဆီကနေ အခွင့်အရေးယူနေတာပါ၊ အခု သူတင်ပြတဲ့ အစီအစဉ်အသစ် အပါအဝင်ပေါ့၊ အခမဲ့ဖုန်းခေါ်ဆိုခွင့် အစီအစဉ်ဆိုတာ နီဗားနားဖုန်းတွေအတွက်ပဲ ကန့်သတ်ထားတာလေ၊ တခြားဖုန်းတံဆိပ်တွေမှာ ဒီဝန်ဆောင်မှု မရဘူး၊ ဒါကြောင့် မင်းလည်း ဒီဝန်ဆောင်မှုကို တခြားဖုန်းတွေအတွက် စတင်ဖို့ စိတ်မကူးနဲ့ဦး"

​လီကျားချန်က သူ့ကို အသေအချာကြည့်ရင်း ပြုံးကာ ပြောလိုက်ပါသည်။

"တစ်ခါတလေမှာ ကိုယ့်ဆီက အခွင့်အရေးယူတတ်တဲ့သူနဲ့ ပူးပေါင်းရတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး၊၊"

​"ပြီးခဲ့တဲ့တစ်ခေါက် လုံထန်လုပ်ငန်းစုက အခမဲ့ဒေတာအစီအစဉ် တင်ပြတုန်းက နီဗားနားဖုန်း ရောင်းအားနဲ့ တွဲထားပေမဲ့ ငါတို့ရဲ့ အသုံးပြုသူအရေအတွက်ကိုလည်း အများကြီး တိုးလာစေခဲ့တယ် မဟုတ်လား၊၊"

​"ဒီတစ်ကြိမ်မှာတော့ ဟောင်ကောင်တင် မဟုတ်ဘူး၊ ကျိဖုပေါင်ရဲ့ တကယ့်စစ်တလင်းက တစ်ကမ္ဘာလုံး ဖြစ်လိမ့်မယ် ဒီစစ်ရထားကြီးက တရုတ်ပြည်တင်မကဘဲ တစ်ကမ္ဘာလုံးရဲ့ စစ်ရထားကြီး ဖြစ်လာမှာ၊ ငါက ဘယ်လိုလုပ်ပြီး အဲဒီပေါ် မတက်ဘဲ နေနိုင်ပါ့မလဲ"

​ကျိဖုပေါင်ထဲကို တစ်ခါဝင်လိုက်သည်နှင့် ပင်ဂွင်း (Penguin)၊ ကျင်းတုန် (Jindong)၊ လုံထန်တို့နှင့် အလိုအလျောက် တစ်ဖွဲ့တည်း ဖြစ်သွားမည်ဖြစ်ပြီး နောင်တွင်လည်း လူများစွာ ထပ်မံပူးပေါင်းလာကြမည် ဖြစ်သည်၊၊ ဤမျှ လူအများကြီးနှင့် ဖွဲ့စည်းထားသော ကျိဖုပေါင်သည် သာမန်လုပ်ငန်းစုတစ်ခုထက် ပို၍ တန်ဖိုးမရှိပေဘူးလား၊ ပို၍ အစွမ်းမထက်ပေဘူးလား၊၊

​ထို့အပြင် သူ လိုက်စားနေသည်မှာ ငွေကြေးမဟုတ်ဘဲ ကမ္ဘာ့အဆင့် လွှမ်းမိုးမှု ဖြစ်သည်၊၊ ၎င်းမှာ စစ်မှန်သော အွန်လိုင်းဘဏ်တစ်ခု ဖြစ်လာပါလိမ့်မည်၊၊

​"အဖေ... ဒီ ကျိဖုပေါင်က အလီဘာဘာရဲ့ ငွေပေးချေမှုစနစ်လိုပဲ နောက်ဆုံးမှာ နိုင်ငံတော်အတွက်ပဲ အကျိုးအမြတ် ဖြစ်သွားမယ့်အရာ (မင်္ဂလာဆောင်ဝတ်စုံ) ဖြစ်သွားမလား"

​လွှမ်းမိုးမှုနှင့် ယှဉ်လျှင် လီကျဲခိုင်က သူ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ထိုက်တန်သော ရလဒ် ပြန်ရပါ့မလားဆိုသည်ကို ပို၍ စိုးရိမ်နေပါသည်၊၊

​"ဖြစ်နိုင်ခြေ နည်းပါတယ်၊၊"

​လီကျားချန် ခေါင်းယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"လင်းဖန်က ကျိဖုပေါင်ကို ဟောင်ကောင်မှာ တည်ထောင်ဖို့ တင်ပြရတဲ့ အကြောင်းရင်းက ပြည်မကြီးရဲ့ စည်းမျဉ်းတွေကို ရှောင်လွှဲဖို့နဲ့ ငါတို့ကို ပါဝင်ခိုင်းတာကလည်း အထက်လူကြီးတွေ ငါတို့ရဲ့ အင်အားကို ကြောက်ရွံ့သွားအောင် လုပ်ဖို့ပဲ၊၊"

​"သူ့ရဲ့ အပြုအမူတွေအရ ကြည့်ရင် သူက တကယ့် ထိပ်တန်းပညာရှင်တစ်ယောက်ပဲ၊ ကျိဖုပေါင် တည်ရှိနေတာဟာ နီဗားနားနဲ့ ခွဲခြားလို့မရတဲ့ ဆက်ဆံရေး ရှိတယ် ကျိဖုပေါင်ဟာ နီဗားနားဖုန်းပေါ်မှာပဲ ပါဝင်လာမှာပါ"

​အမှန်စင်စစ် လီကျားချန်သည် ဤအချက်နှင့် ပတ်သက်၍ လင်းဖန်၏ အတွေးအခေါ်ကို သဘောတူမိသည်၊၊ အနှစ်ချုပ်ရလျှင် လုံထန်လုပ်ငန်းစုသည် လင်းဖန်၏ အခြေခံအုတ်မြစ် ဖြစ်သည်၊၊ ကျိဖုပေါင်က မည်သို့ပင်ဖြစ်စေ ၎င်းမှာ မိုဘိုင်းဆော့ဖ်ဝဲလ်နှင့် ကွန်ရက်စီးပွားရေးသာ ဖြစ်ပါသည်၊၊

​လုံထန်ကမူ ရုပ်ဝတ္ထုပစ္စည်း ထုတ်လုပ်ရေး ဖြစ်သည်၊၊ မည်သည့်နိုင်ငံမှ လုံထန်လုပ်ငန်းစုကို ငြင်းပယ်ရန် မဖြစ်နိုင်ပါ၊၊

​လုံထန်လုပ်ငန်းစု ပို၍ အားကောင်းလာလေလေ လင်းဖန်၏ လွှမ်းမိုးမှုမှာလည်း ပို၍ ကြီးမားလာလေလေ ဖြစ်ပါလိမ့်မည်၊၊

​"တကယ့် အစီအစဉ်ကောင်းပဲ၊ ကျိဖုပေါင်ကို သုံးပြီး နီဗားနားဖုန်းကို ကြော်ငြာတာပေါ့..."

လီကျဲခိုင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်၊၊ သူသည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ ဤလျှို့ဝှက်ချက်ကို နားမလည်ဘဲ မနေနိုင်ပါ၊၊

​"မင်းက ရှေးရိုးစွဲလွန်းနေသေးတယ်၊၊ လုံထန်ဟာ သုံးနှစ်အတွင်းမှာ Apple ကို သေချာပေါက် ကျော်တက်သွားလိမ့်မယ်၊၊"

ဟု လီကျားချန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်၊၊

​ကမ္ဘာတစ်ဝှမ်းတွင် ဌာနခွဲကြီး လေးခုနှင့် ထုတ်လုပ်ရေးစခန်းများကို တည်ထောင်နိုင်ခဲ့သော လင်းဖန်သည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအတွက် အစောကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊၊

အနည်းဆုံးတော့ သူ့အသက်အရွယ်တုန်းက လီကျားချန်သည် ဤကဲ့သို့ မလုပ်နိုင်ခဲ့၊၊ ထိုအချိန်တွင် လီကျဲခိုင်မှာ တိတ်ဆိတ်သွားပြီး သူ့ဖခင်က လင်းဖန်အပေါ် အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရသနည်းဆိုသည်ကို စဉ်းစားနေမိသည်၊၊

​"ကဲ... လုံထန်နဲ့ ပူးပေါင်းဖို့ မြန်မြန် စီစဉ်လိုက်တော့၊၊"

လီကျားချန်က သူ့ကို ကြည့်ကာ လက်ဝေ့ယမ်းပြီး ပြောလိုက်ပါသည်။

"ဟောင်ကောင် ရဲတပ်ဖွဲ့ကိုလည်း ငါ အကြောင်းကြားထားပြီးပြီ၊ နီဗားနားဟာ သူတို့ရဲ့ အထူးဝယ်ယူတဲ့ ဆက်သွယ်ရေးစက် ဖြစ်လာလိမ့်မယ်၊၊"

​ဟောင်ကောင်၏ ဤဧရိယာအကန့်အသတ်အတွင်းမှာတော့ တရုတ်အချမ်းသာဆုံးပုဂ္ဂိုလ်၏ အမည်မှာ အလွန်ပင် သြဇာညောင်းလှသည်၊၊

​ထို့အပြင် လီကျားချန်သည် 'ကျိဖုပေါင်' စီမံကိန်းတွင် ပါဝင်ရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် ဟောင်ကောင်တွင် နီဗားနားဖုန်း ကြော်ငြာမှုမှာ အလွန်အရေးကြီးလာသည်၊၊ နီဗားနားဖုန်းကသာ အောင်မြင်မှ ကျိဖုပေါင်ကလည်း တိုးတက်နိုင်မည် ဖြစ်သည်၊၊

​အထက်လူကြီးများ၏ ဖိအားကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါသည်၊၊

​မာဟွာထန် လျူယွီတုန်နှင့် လင်းဖန်တို့က လီကျားချန်ကို မိတ်ဖက်အဖြစ် ရွေးချယ်ပြီး ဟောင်ကောင်တွင် 'ကျိဖုပေါင်' စီမံကိန်းကို စတင်ရခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်နိုင်သည်၊၊

​သို့သော် အရေးကြီးဆုံးအချက်မှာ အကျိုးအမြတ် ခွဲဝေမှု ဖြစ်သည်၊၊ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော လီကြားချန်းသည် သူတစ်ပါး ခိုင်းစေရာ လုပ်မည့်သူ မဟုတ်ပါ၊၊

​"ဟုတ်ကဲ့ပါ အဖေ"

​လီကျဲခိုင်က ခေါင်းညှိမ့်ပြပြီး စာကြည့်ခန်းထဲမှ ချက်ချင်း ထွက်ခွာသွားပါသည်၊၊

​သူနှင့် လုံထန်လုပ်ငန်းစုကြား ပူးပေါင်းဆောင်ရွက်မှုထက် သူ့ဖခင် လီကျားချန်နှင့် လင်းဖန်၊ မာဟွာထန်၊ လျူယွီတုန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုက ပို၍ အရေးကြီးကြောင်း သူ ကောင်းစွာ သိရှိထားသည်၊၊

​စီမံကိန်းကို အတည်ပြုပြီးပြီ ဖြစ်သော်လည်း အစီအစဉ်ကို ချက်ချင်း မစတင်နိုင်သေးပါ၊၊ အကြောင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ရှယ်ယာပိုင်ဆိုင်မှု သို့မဟုတ် ကုမ္ပဏီအသစ်၏ ထိန်းချုပ်သူ မည်သူဖြစ်မည် စသည်တို့ကို အသေအချာ ထည့်သွင်းစဉ်းစားရန် လိုအပ်သောကြောင့် ဖြစ်သည်၊၊

​လီကျားချန်ပင် ထိုကဲ့သို့ စီမံကိန်းမျိုးကို ချက်ချင်း လက်စသတ်နိုင်မည် မဟုတ်ပါ၊၊

​အမှန်စင်စစ်တွင် လင်းဖန်က မလောပါ၊ မာဟွားထန်လည်း မလောပါ၊ လျူယွီတုန်ကတော့ ပို၍ပင် မလောပါ၊၊ လီကျားချန်းသာ လောနေခြင်း ဖြစ်သည်၊၊ သူ၏ တိကျသော အဖြေကို ရရှိမှသာ လုံထန်အဖွဲ့အစည်း သုံးဖက်စလုံးက တရားဝင် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးရန်အတွက် ဟောင်ကောင်သို့ အပြေးအလွှား လာကြမည် ဖြစ်သည်၊၊

​နောက်တစ်နေ့ နံနက် ၉ နာရီတွင် ဟောင်ကောင် ယင်ခဲ့ အဖွဲ့အစည်းသည် တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်၊၊

​"မင်္ဂလာပါ မီဒီယာမိတ်ဆွေများခင်ဗျာ၊ ဒီနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ဟောင်ကောင်ရဲ့ ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ပြောင်းလဲစေမယ့် ကြီးမားတဲ့ အစီအစဉ်သစ်တစ်ခုကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်၊၊"

​လီကျဲခိုင်သည် စင်မြင့်ထက်တွင် ရပ်ကာ ပရိသတ်ကို ကြည့်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ပြည်မကြီးဈေးကွက်ဟာ ခေတ်သစ်တစ်ခုရဲ့ အစကို ရောက်နေပါပြီ အခပေးစနစ်ကနေ အခမဲ့စနစ်ကို ကူးပြောင်းနေတာပါ၊ ဥရောပနဲ့ အမေရိကတောင် နောက်ကျကျန်ခဲ့ပါပြီ၊၊"

​"ပြည်မကြီးရဲ့ အရှိန်အဟုန်ကို အမီလိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ ယင်ခဲ့အဖွဲ့အစည်းဟာ ဟောင်ကောင်မှာ အခမဲ့ဆက်သွယ်ရေးစနစ်ကို ပထမဆုံး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လိုက်တဲ့ ပက်ကေ့ချ်ကို ဝယ်ယူထားရုံနဲ့ ဖုန်းခေါ်တာဖြစ်ဖြစ်၊ လက်ခံတာဖြစ်ဖြစ်၊ ဒေတာသုံးတာဖြစ်ဖြစ် အားလုံး အခမဲ့ ဖြစ်မှာပါ၊၊"

​"ဟုတ်ပါတယ်၊ ဒီပက်ကေ့ချ်ကို ဝယ်ထားရင် ပြည်တွင်းဖုန်းခေါ်ဆိုမှု အားလုံး အခမဲ့ဖြစ်ပြီး အချိန်ကန့်သတ်ချက်လည်း မရှိပါဘူး"

​"ဝါး...!"

​တစ်ခန်းလုံး ဆူညံသွားပြီး လူတိုင်း မတ်တပ်ရပ်ကုန်ကြပါသည်၊၊

​ဘာလဲဟ..။ ဆက်သွယ်ရေးဝန်ဆောင်မှုက အခမဲ့တဲ့လား၊ ပက်ကေ့ချ် တစ်ခုတည်းနဲ့ အကုန်ရမယ်တဲ့လား၊၊

​ပြည်မကြီးတွင် အခမဲ့စနစ်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ခေါင်းမာသော ဟောင်ကောင်လူမျိုးများသည် ဥရောပနှင့် အမေရိကကိုသာ အမြဲ စံနမူနာထားခဲ့ကြပါသည်၊၊ အကြောင်းမှာ ထိုဒေသများမှာ အဖွံ့ဖြိုးဆုံးဟု သူတို့ ယူဆသောကြောင့် ဖြစ်သည်၊၊

​သို့သော် ယခုအခါ ဟောင်ကောင်သည် အမေရိကန်ကို ကျော်တက်ပြီး ပက်ကေ့ချ်အတွင်း အခမဲ့စနစ်ကို ကျင့်သုံးလိုက်ခြင်းမှာ မယုံနိုင်စရာ ကောင်းလှပါသည်။

​"ဒါရိုက်တာလီ... ခင်ဗျားတို့ ကုမ္ပဏီက အခမဲ့စနစ်ကို သုံးမယ်ဆိုရင် ကုန်ကျစရိတ်ကို ဘယ်လို ပြန်ရှာမှာလဲ၊ အမြတ်ကရော ဘယ်က ရမှာလဲ"

ဟောင်ကောင် ဂဇက် (Xiangjiang Gazette) သတင်းထောက်က ပထမဆုံး တုံ့ပြန်လိုက်ပြီး မိုက်ခရိုဖုန်းကို ကမ်းကာ မေးလိုက်သည်၊၊

​"ဒါကိုတော့ ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး"

​လီကျဲခိုင်က ဖုံးကွယ်ထားခြင်း မပြုဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဘယ်စီးပွားရေးမှ အရှုံးခံပြီး မလုပ်ပါဘူး၊၊ ကျွန်တော်တို့ ယင်းခဲ့အဖွဲ့အစည်းက အမြတ်ကို အများကြီး လျှော့ချလိုက်တာပါ၊ ဒါပေမဲ့ အဖွဲ့အစည်း လည်ပတ်နိုင်ဖို့ကိုတော့ အာမခံနိုင်ပါတယ်၊၊"

​"လက်ရှိမှာ ပြည်မကြီးက အဓိက လုပ်ငန်းကြီးတွေအားလုံး အခမဲ့ဝန်ဆောင်မှုတွေကို ကြော်ငြာနေကြပါပြီ၊ ဒါဟာ ပြည်သူတွေရဲ့ သုံးစွဲမှု ကုန်ကျစရိတ်ကို အများကြီး လျှော့ချပေးပါတယ်၊၊ အာရှမှာ အဖွံ့ဖြိုးဆုံးနေရာ ဖြစ်တဲ့ ကျွန်တော်တို့ ဟောင်ကောင်ဟာလည်း ခေတ်ရေစီးကြောင်း နောက်မှာ ကျန်မနေခဲ့သင့်ပါဘူး၊"

​"ယင်ခဲ့အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ကျွန်တော် အာမခံပါတယ်၊ ကျွန်တော်တို့ ရှိနေသရွေ့ ပက်ကေ့ချ် ဝယ်ယူထားတဲ့ အသုံးပြုသူတွေဆီကနေ တစ်ပြားတစ်ချပ်မှ ပိုပြီး ကောက်ခံသွားမှာ မဟုတ်ပါဘူး၊၊"

All Chapters