အခန်း (၁၆၀၃-၁၆၀၄)
Vol. 115 Ch. 1603-1604
အခန်း (၁၆၀၃) ရွှေရောင်မျောက်မင်းက ရူယိရွှေတုတ်ကိုဝှေ့ယမ်းလျှက်
နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင်...။
ဝူတန့်မယ်တော်မှ နဖူးမှသွေးများစီးကျနေပြီး အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ထက်လဲကျလျှက် ရှိသည်။ သူမ၏ စွမ်းအားရောင်ဝါမှာလည်း အလွန်အမင်း အားနည်းနေပေပြီ။
ထိုအချိန်မှာပင် ကောင်းချင်းရွှမ်က ရန်ကျောက်ကဲနှင့်အတူ နတ်ဘုရားသုတ်သင်အစီအရင်ကို တည်ငြိမ်အောင်ထိန်းသိမ်းရန်အတွက် သူမ၏ကိုယ်ပွားကို ချန်ထားခဲ့ပြီး ၊ သူမကတော့ ဝူတန့်မယ်တော်၏တာဝန်ကို လွှဲပြောင်းယူလိုက်သည်။
သူမက ချင်းဖိန်ဓားကိုအသုံးပြုကာ နတ်ဘုရားအဆုံးသတ်ဓားမှထွက်ပေါ်နေသည့် ကျောက်စိမ်းရောင်အလင်းတန်းများကို ဖြိုခွင်းလိုက်သည်။
ယခင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်စဉ်ကလည်း သူမက ချင်းဖိန်ဓားကို ကိုင်တွယ်ဖူးသည်ဖြစ်ရာ ဤဓားနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။
သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်က ဝူတန့်မယ်တော်နှင့်ယှဉ်လျှင် များစွာနိမ့်ပါးသည်ဖြစ်ရာ နတ်ဘုရားအဆုံးသတ်ဓားကို သန့်စင်မှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားရသည်။
ကံကောင်းသည်မှာ ကျောက်စိမ်းရောင်အလင်းတန်းများက များစွာမကျန်ရှိတော့သဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားက အစီအရင်ထဲသို့ရောက်သည်နှင့် အစီအရင်အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေစဉ်မှာပင် တောင်ပိုင်းချန်စန်းဧကရာဇ်က သူ့အနားသို့ ချဉ်းကပ်လာသည်။
ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်၏ကိုယ်ပွားတို့က အစီအရင်ကို ထိန်းချုပ်ပေးထားသဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်က နတ်ဘုရားသုတ်သင်အစီအရင်တွင် ကျွမ်းကျင်မှုမရှိသည့်တိုင် တိမ်မြူမှောင်မိုက်နတ်ဘုရားထက် ပိုပြီး အခြေအနေသာနေသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရားနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ တိုက်ခိုက်စဉ်မှာပင် ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်၏ ကိုယ်ပွားတို့က နတ်ဘုရားသုတ်သင်အစီအရင်ကို အာရုံစိုက်ကိုင်တွယ်ပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို ဆက်လက်ဖိနှိပ်လိုက်ကြသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကျောက်စိမ်းကျိုင်းတံက တာအိုသခင်'လုယာ' ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံကို ရိုက်ထုတ်လိုက်သည်နှင့် ရန်ကျောက်ကဲက ထိုက်ချူးနတ်လက်ချောင်းသိုင်းကို ထုတ်ဖော်ကာ စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခုအဖြစ် ပြောင်းလဲလိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင်အတွင်းမှ နက်ရှိုင်းချီစွမ်းအား (၃) ခု ပျံသန်းထွက်ခွာသွားပြီး မဟာသူတော်စင်၏ ရွှေခန္ဓာ (၃) ခုနှင့် ပေါင်းစပ်သွားသည်။
ထိုအခါ နတ်မိစ္ဆာချီစွမ်းအားများ ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှေရောင်မိစ္ဆာတိမ်တိုက်များဖြစ်တည်လာကာ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ဦးခေါင်းတွင် ဇာမဏီငှက်မွှေး ခရမ်းရွှေရောင်သရဖူကို ဆောင်းနှင်းထားပြီး ခန္ဓာကိုယ်တွင် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်လျှင် ခြေထောက်တွင် ကြာပန်းချည်မျှဖြင့် ယက်လုပ်ထားသော တိမ်တိုက်ခြေနင်းကို စီးထားသည့် "ချီထျန်းမဟာသူတော်စင်" ၏ စစ်မှန်သော ပုံရိပ်က ဤလောကတွင် တကျော့ပြန် ထွက်ပေါ်လာပေပြီ။
မျောက်မင်းက ရူယိရွှေတုတ်ကို ကျွမ်းကျင်စွာ လှည့်ပတ်ရင်း ကောင်းကင်ကို ခေါင်းဖြင့်တိုက်လုမတတ် မားမားမတ်မတ်ရပ်ကာ ရှေ့သို့ တစ်လှမ်းချင်းလှမ်းတက်လာသည်။
သူ့ထံမှထွက်ပေါ်နေသည့် ရက်စက်ကြမ်းတမ်းသည့် စွမ်းအားရောင်ဝါများက မည်သည့်ဥပဒေ ၊ မည်သည့်စည်းကမ်းကမှ ချုပ်နှောင်ထား၍မရသော ပုန်ကန်သူတစ်ယောက်ပမာ ဖြစ်၏။
“လုယာ...”
ဧရာမမျောက်ဝံကြီးက ဟိန်းဟောက်လိုက်သည်။
“မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ဓားပျံကို ပြန်ယူလိုက်စမ်း... ၊ လာခဲ့... ငါတို့ တစ်ပွဲလောက်တိုက်ရအောင်”
တာအိုသခင်'လုယာ' က သက်ပြင်းချလိုက်ရင်း...
“ဓားပျံကို ပြန်ယူလိုက်ရင်တောင် အပိုပဲဖြစ်မှာပဲ ၊ ဘာလို့လဲဆိုတော့ ကျောက်စိမ်းကျိုင်းတံရဲ့ စွမ်းအားရောင်ဝါကို ငါ မဖယ်ရျားနိုင်သေးဘူးလေ ၊ ဒါပေမဲ့ မင်းက ချီထျန်းမဟာသူတော်စင်ရဲ့ အစစ်အမှန်ပုံရိပ်ကို ထုတ်ဖော်လိုက်တယ်ဆိုပေမယ့် ချီထျန်းမဟာသူတော်စင် အစစ်လောက်တော့ အင်အားမကြီးသေးပါဘူး ၊ ကောင်းပြီ... ငါ့ဘက်ကလည်း အစွမ်းကုန်ကြိုးစားကြည့်တာပေါ့”
စကားဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေနီရောင်မီးလျှံများ တဟုန်းဟုန်းတောက်လောင်လာပြီး ဗလာနယ်တစ်ခုလုံးအား ဖြတ်သန်းသွားသည်။
ကနဦးကောင်းကင် မီးလျှံစွမ်းအားများ တောက်လောင်လာသည်နှင့် တာအိုသခင်'လုယာ' ၏ ဦးခေါင်းနောက်တွင် ဧရာမနေဝန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုနေဝန်းက သာမန်နေမင်းများထက် များစွာပိုမိုကြီးမားပြီး သာမန်ကြယ်များထက် အဆပေါင်းများစွာ ပိုမိုပူလောင်သည်။
ထိုမီးလျှံနေဝန်းထဲတွင် ခြေသုံးချောင်းပါသော အနက်ရောင်ကျီးကန်းပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မဟာနေမင်းရွှေကျီးကန်း ထွက်ပေါ်လာသည်နှင့် ကမ္ဘာဦးကာလ ၊ မြေရိုင်းတောရိုင်းများသာရှိသော အချိန်ကာလသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရပြီး စကြာဝဠာတစ်ခုလုံး အဆုံးမရှိသော အပူရှိန်များဖြင့် လွှမ်းခြုံသွားသည်။
ကြယ်တာရာများစွာ စီးမျောနေသည့် ကြယ်စင်မြစ်က အခြားသောနေမင်းများ၏ အပူရှိန်နှင့်ထိတွေ့ပါက အငွေ့ပျံခြင်း ၊ ဆူပွက်လာခြင်းမျိုး လုံးဝ မဖြစ်တတ်သလို အပူရှိန်လည်း သိသိသာသာ ပြောင်းလဲခြင်း မရှိပေ။
သို့သော် တာအိုသခင်'လုယာ' ၏ ဦးခေါင်းထက်တွင် မဟာနေမင်းရွှေကျီးကန်း ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မြစ်ရေ၏အပူရှိန်က တဟုန်ထိုး မြင့်တက်လာတော့သည်။
ရွှေကျီးကန်းက မီးလျှံအမြီးတန်းတစ်ခု ချန်ထားခဲ့ပြီး ဧရာမမျောက်ဝံကြီးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
“အဟက်...”
ဧရာမမျောက်ဝံကြီးကတော့ အရေးစိုက်ဟန် မရှိပေ။
သူက ပြုံးလိုက်ပြီး လက်တစ်ဖက်ဖြင့် ရူယိရွှေတုတ်ကို ခပ်မတ်မတ်ထောက်ကိုင်ထားကာ အခြားသောလက်တစ်ဖက်က မဟာနေမင်းရွှေကျီးကန်း၏လည်ပင်းကို လှမ်းဖမ်းလိုက်သည်။
မျောက်မင်း၏လက်က ရွှေကျီးကန်း၏လည်ပင်းကို အတိအကျပင် ဖမ်းဆုပ်မိသွားသည်။
ကမ္ဘာဦးအက်ကွဲကြောင်းကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသော ကနဦးကောင်းကင်မီးလျှံစွမ်းအားက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ဧရာမမျောက်ဝံကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်လိုက်သည်။
သို့သော် မျောက်မင်း၏ ကြယ်စင်ပမာတောက်ပသော ရွှေမျက်စံမီးမျက်စိတစ်စုံက သူ့ခန္ဓာကိုယ်အား လောင်မြိုက်နေသည့်မီးလျှံများကို မျက်တောင်တစ်ချက်မခတ်ဘဲ စူးစိုက်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာလက်သည်းများက ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ရွှေကျီးကန်း၏ ရွှေနီရောင်နေဝန်းကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။
တာအိုသခင်'လုယာ' ၏ ခန္ဓာကိုယ်ပတ်လည်မှ ကနဦးကောင်းကင်မီးလျှံများမှာလည်း မငြိမ်မသက်ဖြင့် တုန်ခါလာပြီး တောက်ပသည့်နေဝန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ မျောက်မင်းထံသို့ တရစပ်ပြေးဝင်လာသည်။
မျောက်မင်းက ကျယ်လောင်သည့် ကျုံးဝါးသံတစ်သံပြုလိုက်ပြီး ရွှေတုတ်ကို ဝှေ့ယမ်းလိုက်သည်။ ဗလာနယ်ထဲတွင် အသံတစ်ချက်မထွက်ဘဲ ထိုနေမင်းများအားလုံး အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားတော့၏။
တိုက်ခိုက်မှုက ပြင်းထန်လွန်းသဖြင့် အုံ့မှိုင်းနေသည့် ကြယ်စင်မြစ်သည်ပင် စီးဆင်းမှုရပ်တန့်လုနီးပါး ဖြစ်သွားရသည်။ ဗလာနယ်ထဲတွင် ပျံသန်းနေသော မဟာနေမင်းရွှေကျီးကန်းများအားလုံး ပေါက်ကွဲထွက်ကုန်ကြပေပြီ။
စကြာဝဠာထဲတွင် လွင့်စင်နေသည့် ကနဦးကောင်းကင်မီးလျှံများနှင့် ပရမ်းပတာဖြစ်နေသည့် ကမ္ဘာဦးအက်ကွဲကြောင်းကို တွေ့မြင်ရသည်။
မျောက်ဝံကြီးက ရူယိရွှေတုတ်ကိုမြှောက်ကာ တစ်ချက်ခုန်လိုက်သည်နှင့် တာအိုသခင်’လုယာ’ အနီးသို့ ရောက်ရှိသွားသည်။
ထိုအချိန်မှာပင် တာအိုသခင်’လုယာ’ ၏ ပုံရိပ်က ပြောင်းလဲသွားသည်။
ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သူ၏ရုပ်သွင်က ဧရာမဗုဒ္ဓပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဗုဒ္ဓပုံရိပ်ကြီး၏ဦးခေါင်းနောက်တွင် ကြီးမားသော ဧရာမနေဝန်းကြီးနှင့်ဆင်တူသော ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။
ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများနှင့်အတူ ဧရာမဗုဒ္ဓပုံရိပ်ကြီးမှ နှိုင်းယှဉ်မရသော စွမ်းအားရောင်ဝါများထွက်ပေါ်လာကာ ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်တို့ကို စိုးမိုးထားသော ဗုဒ္ဓတစ်ပါးနှင့်ပင် ဆင်တူလွန်းလှ၏။
ဤသည်ကား တာအိုသခင်’လုယာ’ ၏ ဗုဒ္ဓအသွင်ဖြစ်သော “မဟာနေမင်းဗုဒ္ဓ” ပင် ဖြစ်သည်။
မဟာနေမင်းဗုဒ္ဓက လွှမ်းမိုးနိုင်စွမ်းရှိသော တန်ခိုးစွမ်းအားပါဝင်သည့် လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်သည်။
ထိုတန်ခိုးစွမ်းအားတွင် ဗုဒ္ဓဘာသာ၏ အထွတ်ထိပ် ရွှေခန္ဓာသိုင်းပညာထက်ပင်သာလွန်သော ယန်စွမ်းအားများကိန်းအောင်းနေပြီး ပို၍လည်း ကြီးမားကြံ့ခိုင်ပေသည်။
အခြားသူများထက် ပိုမိုကြံ့ခိုင်သော ရုပ်ခန္ဓာကိုပိုင်ဆိုင်ထားသည့် “မဟာနေမင်းဗုဒ္ဓ” ၏ လက်ဖဝါးများက ချီထျန်းမဟာသူတော်စင်၏ ရူယိရွှေတုတ်ကို တားဆီးထားလိုက်သည်။
သို့သော် မျောက်မင်း၏တိုက်ခိုက်မှုကလည်း အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းပြီး ရူယိရွှေတုတ်ကို လူသတ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
ဧရာမဗုဒ္ဓပုံရိပ်ကြီးက ရူယိရွှေတုတ်ကို တားဆီးနိုင်ခဲ့သော်လည်း သူ၏အရပ်က တဖြည်းဖြည်းနိမ့်ဆင်းသွားလေသည်။
မျောက်မင်းက ဒေါသတကြီးကြုံးဝါးလိုက်ရင်း ရွှေတုတ်ကို အဆက်မပြတ်ဝှေ့လိုက်ရာ တိုက်ကွက်များက မိုးစက်များပမာ တရစပ် ကျရောက်လာသည်။
မဟာနေမင်းဗုဒ္ဓမှာ မျောက်မင်း၏တိုက်ကွက်များကို ခုခံရင်း သူ၏အရပ်က တစ်ဆင့်ပြီးတစ်ဆင့် နိမ့်ဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမဗုဒ္ဓပုံရိပ်ကြီး၏အရပ်က ထက်ဝက်ကျော်ခန့် ပုဝင်သွားသည်။
ရူယိရွှေတုတ်ကို တားဆီးထားသော လက်ဖဝါးများထက်တွင် အက်ကြောင်းများထင်ဟပ်လာပြီး လက်မောင်းနှင့် ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားသည်။
မျောက်မင်းက နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ရာ ကြမ်းတမ်းလွန်းသည့် တန်ခိုးစွမ်းအားကြောင့် မဟာနေမင်းဗုဒ္ဓမှာ အရှိန်ပြင်းစွာ လွင့်စင်ထွက်သွားရသည်။
ရွှေရောင်အလင်းတန်းများ ဖရိုဖရဲလွင့်စင်သွားပြီး တာအိုသခင်’လုယာ’ ၏ မူလပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။
သူက ရူယိရွှေတုတ်ကိုကိုင်ဆောင်ထားသည့် မျောက်မင်းကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
ထို့နောက် အဝေးတွင်ရှိနေသော တိုက်တိုင်းအောင်ဗုဒ္ဓကို လှမ်းကြည့်လိုက်ပြီး...
“သူ့လက်ထဲ ဒီလက်နက်အရောက်ခံလိုက်တာထက်ဆာရင်... မင်း အမတခုံရုံးမှာ သူ့လက်ချက်နဲ့ အသေခံလိုက်တာကမှ ကောင်းဦးမယ်”
တိုက်တိုင်းအောင်ဗုဒ္ဓက...
“သူ့မှာ ရူယိရွှေတုတ်မရှိရင်တောင် မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ဓားပျံက သုံးလို့မှမရတော့တာ... မင်း သူ့ကိုရှုံးဖို့က ကံပါလာပြီးသားပဲ”
တာအိုသခင်’လုယာ’ က ခေါင်းခါယမ်းရင်း...
“အနည်းဆုံးတော့ ငါ သူ့ကို အချိန်ဆွဲထားလို့ရတာပေါ့... မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် သူက အချိန်အကန့်အသတ်ရှိတယ်လေ...”
ထိုအချိန်မှာပင် မျောက်မင်းက စူးရှစွာအော်ဟစ်လိုက်ပြီး တာအိုသခင်’လုယာ’ အား ရူယိရွှေတုတ်ဖြင့် အားကုန်လွှဲရိုက်ချလိုက်သည်။
တာအိုသခင်’လုယာ၏ ခန္ဓာကိုယ်မှ နေရောင်ခြည်အလင်းတန်းများထွက်ပေါ်လာပြီး မျောက်မင်း၏တိုက်ခိုက်မှုမှ လွတ်အောင်ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။
“အဟက် ဟက်...”
မျောက်မင်းက လှောင်ပြောင်ရယ်မောလိုက်သည်။
သူက ကောင်းကင်ထက်ခုန်တက်လိုက်ပြီး ရွှေရောင်မိစ္ဆာတိမ်တိုက်အသွင်ပြောင်းကာ နေရောင်ခြည်အသွင်ဖြင့် ထွက်ပြေးသွားသော တာအိုဆရာ’လုယာ’ နောက်သို့ လိုက်ပါသွားသည်။
တာအိုသခင်’လုယာ’ ၏ နေရောင်ခြည်အလင်းတန်းက အလွန်မြန်ဆန်လေရာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ အရှိန်အဟုန်နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။
သို့သော် မျောက်မင်းကလည်း သူ့ကိုအမီလိုက်လာပြီး ရူယိရွှေတုတ်ဖြင့် ရိုက်နှက်ချလိုက်လေသည်။
နေရောခြည်အလင်းတန်းနှင့် ရွှေရောင်တိမ်တိုက်တို့ ကြယ်စင်မြစ်တစ်ခွင် အပြန်အလှန်ရွေ့လျားနေကြပြီး မျောက်မင်း တစ်ချက်ရိုက်လိုက်တိုင်း ကြယ်စင်မြစ်တစ်ခုလုံးတုန်ဟီးသွားကာ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးတော့မည်လား ထင်မှတ်ရသည်။
ယခင် အခြေအနေများက ယခု လုံးဝ ပြောင်းပြန်ဖြစ်သွားပေပြီ။
အစောပိုင်းတွင် တာအိုသခင်’လုယာ’ က နတ်ဘုရားသတ်ဖြတ်ဓားပျံကို အသုံးပြုပြီး ရန်သူအားလုံးကို ခြိမ်းခြောက်ကာ နတ်မိစ္ဆာအုပ်စုကို အသာစီးရစေခဲ့သည်။
ယခုတော့ သူကိုယ်တိုင်ပင် မျောက်မင်း၏ လိုက်လံတိုက်ခိုက်ခြင်းကို အသည်းအသန် ရှောင်တိမ်းနေရပေပြီ။
တကယ်တော့ မျောက်မင်းက တာအိုသခင်’လုယာ’ နောက်သို့ လိုက်နေရုံသာမက အခြားသော ရန်သူများကိုပါ သူ၏ရွှေတုတ်ဖြင့် အဆင်သင့်လျှင်သင့်သလို ရိုက်နှက်သွားသေးသည်။
ရွှေရောင်တိမ်တိုက်က ရန်သူများရှိသည့်နေရာမှ ဖြတ်သန်းသွားတိုင်း ရွှေတုတ်ကြီးထွက်ပေါ်လာကာ ရန်သူများကို ရိုက်နှက်သွားလေသည်။
ခြင်္သေ့နတ်ဘုရား ၊ ခေါင်းကိုးလုံးပိုးကောင်နှင့် ယွမ်ဟုန်တို့သာမက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ စန္ဒကူးဗုဒ္ဓနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များမှာ သူတို့ထံကျရောက်လာမည့် ရူယိရွှေတုတ်ကို ကြောက်လန့်တကြား သတိကြီးစွာဖြင့် စောင့်ကြည့်နေကြရသည်။
အလွန်လျှင်မြန်သော တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ကြာပန်းစိမ်းရတနာအလံ၏ အကာအကွယ်ကို ရရှိထားသော ဗုဒ္ဓဘာသာကျင့်ကြံသူများမှလွဲ၍ ကျန်ရှိသူများအားလုံး ရူယိရွှေတုတ်၏ဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။
မျောက်မင်းက အရှိန်ကို တစ်ချက်မလျှော့ဘဲ ဖြတ်သွားသွားရာလမ်းတစ်လျှောက် ရွှေတုတ်ကို ဝှေ့ယမ်းတိုက်ခိုက်သွားသည်။
သူက ခေါင်းကိုးလုံးပိုးကောင်၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။
ခြင်္သေ့နတ်ဘုရားကိုလည်း သွားများကျွတ်ထွက်အောင် ထိုးနှက်လိုက်သည်။
စန္ဒကူးဗုဒ္ဓ၏ဦးခေါင်းထက်မှ ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်ကိုပင် လွင့်စင်သွားအောင် ရိုက်ချလိုက်လေ၏။
အခန်း (၁၆၀၄) မဟာမာရူယိ
စန္ဒကူးဗုဒ္ဓက သူ၏ပြိုင်ဘက်မှာ တောင်ပိုင်းချန်စန်းဧကရာဇ် မဟုတ်တော့ဘဲ မြောက်ပိုင်းကြယ်စင်ဧကရာဇ် ဖြစ်သွားသည့်တိုင် ကြာပန်းစကားစွမ်းအားကို ဆက်လက်အသုံးပြုနေဆဲပင်။
တောင်ပိုင်းချန်စန်းဧကရာဇ်၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော မိုးကြိုးစွမ်းအားများ ပျောက်ကွယ်သွားခဲ့ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေသော မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ အကြင်နာတရားကင်းမဲ့သော တိုက်ကွက်များက အစားထိုးဝင်ရောက်လာသည်။
ရှေးယခင်ကာလများကတည်းက စုပြုံနေခဲ့သော သတ်ဖြတ်လိုသည့်အငွေ့အသက်များက ဤနေရာတွင် စုဝေးလာခဲ့ပြီး ဗုဒ္ဓနယ်မြေ သုခဘုံ၏တည်ငြိမ်မှုကိုပင် ပျက်ပြားသွားစေသည်။
စန္ဒကူးဗုဒ္ဓက တည်ငြိမ်မှုကို ဆက်ထိန်းထားပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။
သို့သော် သူ၏ဦးခေါင်းထက်မှ ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်မှာ မျောက်မင်း၏လက်ချက်ဖြင့် လွင့်စင်သွားသည်ဖြစ်ရာ စန္ဒကူးဗုဒ္ဓမှာ တိုက်ပွဲအတွင်း အတော်လေး ရုန်းကန်နေရသည်။
စန္ဒကူးဗုဒ္ဓက ခေါင်းတစ်ချက်ခါယမ်းရင်း မချိပြုံးပြုံးလိုက်သည်။
“အိုး... ကံတရားက အဆုံးသတ်ဖို့ တောင်းဆိုနေပြီပဲ”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ခံစားချက်ကင်းမဲ့စွာဖြင့်ပင် နောက်ထပ်တိုက်ကွက်တစ်ခု ထပ်မံဖော်ထုတ်လိုက်သည်။
ကြယ်စင်အလင်းတန်း(၆)ခု တပြိုင်တည်းစုစည်းသွားပြီး ကောင်းကင်စစ်သည်တော်များနှင့် စစ်သူကြီးများစွာထွက်ပေါ်လာကာ စန္ဒကူးဗုဒ္ဓထံသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားကြသည်။
သို့သော် ထိုစစ်သည်တော်များနှင့် စစ်သူကြီးများ ထွက်ပေါ်လာခြင်းက အရေးမပါသည့်ပမာ စန္ဒကူးဗုဒ္ဓ၏မျက်နှာက တည်ငြိမ်နေဆဲပင်။
သူက...
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်... ဘာလို့ ဒီလိုရှုပ်ထွေးတဲ့ကိစ္စထဲမှာ ဝင်ပါနေရတာလဲ”
စန္ဒကူးဗုဒ္ဓက ဆက်ပြောလိုက်သည်။
“နှစ်ပေါင်းများစွာအတွင်းမှာ မင်းက အမှားအမှန်ကိုထည့်မတွက်ဘဲ ကိုယ်ပိုင်လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့တာ မဟုတ်လား ၊ အခုလို အရေးကြီးတဲ့အချိန်ကျမှ ဘာလို့ ဒီလိုအမှားမျိုး လုပ်ရတာလဲ”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အေးဆေးသည့်လေသံဖြင့်...
“ဟုတ်တယ်... အခုက အရေးကြီးတဲ့အချိန်ပဲလေ ၊ ဒီကိစ္စက တာအိုဝါဒရဲ့အခြေအနေနဲ့ တိုက်ရိုက်ပတ်သက်နေတာဆိုတော့ ငါလာရမှာပေါ့ ၊ မင်းတို့စောင့်ကြည့်တာကို ရှောင်နေရလို့သာမဟုတ်ရင် ငါ ဒီထက်တောင် စောစောရောက်လာမှ ၊ တော်သေးတယ်... ငါရောက်လာတာ သိပ်တော့ နောက်မကျသေးဘူး”
စန္ဒကူးဗုဒ္ဓ၏မျက်နှာထက် ကရုဏာရိပ်များထင်ဟပ်လာပြီး...
“တာအိုရောင်းရင်း... မင်းသာ ဒီကိုရောက်မလာရင် တာအိုဝါဒအနာဂတ် ရှင်သန်ကြီးထွားဖို့ မျိုးစေ့တစ်ခု ကျန်နေဦးမှာပါ ၊ အခု မင်းကိုယ်တိုင်ပါဝင်လာပြီဆိုတော့ တာအိုဝါဒ လုံးဝ အမြစ်ပြတ်တောက်သွားနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“မင်းရောက်လာတာ နောက်မကျတဲ့အပြင် စောတောင် စောလွန်းနေပါသေးတယ်”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က စန္ဒကူးဗုဒ္ဓ၏စကားလုံးများနောက်ကွယ်မှ လျှို့ဝှက်ချက်ကို အာရုံခံလိုက်မိသည်။
သူက မျက်မှောင်ကျုံ့လိုက်ပြီး ရန်သူ၏မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။
စန္ဒကူးဗုဒ္ဓက နေရောင်ခြည်အလင်းတန်းနောက်သို့ လိုက်ပါသွားသည့် ရွှေရောင်တိမ်တိုက်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
တာအိုသခင်’လုယာ’ ၏ ပခုံးထက်မှ မီးလျှံများပန်းထွက်နေသည်ကို သူ တွေ့လိုက်ရသည်။ မျောက်မင်း၏ ရူယိရွှေတုတ် ရိုက်ချက်ကြောင့် လုယာ၏ အသားစိုင်များပင် ပျက်ဆီးကုန်သယောင် ထင်မှတ်ရ၏။
သို့သော် စန္ဒကူးဗုဒ္ဓက ထိတ်လန့်သွားခြင်း မရှိပေ။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး...
“အတိတ်က ဘုန်းတန်ခိုးကြီးမားမှုတွေက ကံကြမ္မာအဆုံးအဖြတ်မှာ ပျောက်ကွယ်သွားဖို့အတွက် စောင့်နေကြရတဲ့ အရာတွေပါပဲ”
မြောက်ပိုင်းကြယ်စင်ဧကရာဇ် မျက်မှောင်ကျုံ့လိုက်သည်။
သို့သော် သူ မတွေးတောနိုင်သေးခင်မှာပင် စန္ဒကူးဗုဒ္ဓနှင့် အခြားသောဗုဒ္ဓများက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးဆောင်မှုနှင့်အတူ ဗုဒ္ဓကျမ်းစာများ ရွတ်ဆိုလိုက်ကြသည်။
“သူ ရောက်လာပြီ...”
ရုတ်ချည်းပင် ကြယ်စင်မြစ် နှစ်ခြမ်းကွဲသွားကာ အားကောင်းလွန်းသော စွမ်းအားရောင်ဝါတစ်ခု ဆင်းသက်လာသည်။ ထိုစွမ်းအားရောင်ဝါ နီးကပ်လာသည်နှင့် ရောင်စဉ်ငါးသွယ် ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာ၏။
ကြည်လင်နေသော ဗုဒ္ဓရောင်ခြည်အလင်းတန်းများ၏ အနီရောင်အလင်းတန်းထဲတွင် မီးလျှံများ တောက်လောင်နေသည်ကို တွေ့မြင်ရသည်။
အစိမ်းရောင်အလင်းတန်းကတော့ သဘဝတရားကို ဆောင်ကြဉ်းထားကာ အဝါရောင်အလင်းတန်းထဲမှာတော့ မြေဆီမြေနှစ်များကို တွေ့မြင်ရသည်။
ရွှေရောင်အလင်းတန်းကတော့ သတ္တုလက်နက်များကိုပြသထားပြီး အပြာရောင်အလင်းတန်းအတွင်းမှာတော့ စီးဆင်းနေသည့်စမ်းချောင်းများကို တွေ့မြင်ရသည်။
ဤနိမိတ်ငါးပါးက တစ်ခုနှင့်တစ်ခု ခွဲခြားမရဘဲ အဆုံးမရှိ လည်ပတ်နေလေသည်။
ထို ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများအလယ်တွင် ဦးခေါင်း(၂၄)လုံး ၊ လက်(၁၈)ဖက်ရှိသော ဗုဒ္ဓတစ်ပါး၏ပုံရိပ် ရှိနေသည်။
သူ၏လက်များထဲတွင် စိပ်ပုတီး ၊ ထီးဖြူ ၊ ရေကရား ၊ ခရူသင်း ၊ ဝရဇိန်လက်နက် ၊ ရတနာပန်းခြင်း ၊ ရွှေခေါင်းလောင်း ၊ ရွှေလေးလက်နက် ၊ ငွေလှံ ၊ အလံရှည် ၊ ကြာပန်း ၊ စည်းတံဆိပ် ၊ သပိတ် ၊ သန်လျက် ၊ သရီရဓာတ်တော်နှင့် ကျမ်းစာအုပ်များကို ကိုင်ဆောင်ထားသည်။
စစ်မြေပြင်တွင် ရှိနေသူတိုင်း ရောက်ရှိလာသူကို သိရှိကြသည်။
မဟာမာရူယိ ‘ခုန်ရွှမ်း’ ...။
တန်ခိုးစွမ်းအားအရာကို တိုင်းတာမည်ဆိုပါက ခုန်ရွှမ်းက အနောက်ဘက်သူတော်စင်ဘုံ၏ အရှင်သခင်ဖြစ်သော အော်မီတော်ဖော်ဗုဒ္ဓပြီးလျှင် ဒုတိယမြောက် စွမ်းအားအကြီးဆုံးသူ ဖြစ်သည်။
ရှေးခေတ်ကာလတွင် ခုန်ရွှမ်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တာအိုသခင်’လုယာ’ တို့ကို အပြတ်အသတ် အနိုင်ရခဲ့ဖူးသည်။
ထိုစဉ်က သူတို့နှစ်ယောက်လုံး ခုန်ရွှမ်းကို ထိပ်တိုက်ရင်ဆိုင်ရန်ပင် မဝံ့ရဲဘဲ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများထဲမှလွတ်မြောက်အောင် မနည်းပင် ထွက်ပြေးခဲ့ကြရသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် ခုန်ရွှမ်းက စန့်ချင်ကျိုးဂိုဏ်းကို ကူညီခဲ့ပြီး တာအိုအဆင့်အောက်ရှိ ပြိုင်ဘက်အားလုံးနီးပါးကို လွှမ်းမိုးထားနိုင်ခဲ့သည်။
သို့သော် တာအိုဆရာ’ကျူးထီ’ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာမှသာ ခုန်ရွှမ်း ရှုံးနိမ့်ခဲ့ပြီး မဟာမာရူယိအဖြစ် ပြန်လည်ဝင်စားကာ တာအိုဝါဒသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းခေတ်ကာလများမှာတော့ မဟာမာရူယိ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ယခု ခေတ်သစ်ကာလသို့ ကူးပြောင်းလာပြီးနောက်တွင်လည်း တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
လွန်ခဲ့သော ရာစုနှစ်တစ်ခုခန့်ကမှ ခမ်းနားထည်ဝါသည့် စွမ်းအားရောင်ဝါနှင့်အတူ မဟာမာရူယိ ပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲတွင် အမတခုံရုံးဘက်မှ မဟာမာရူယိတစ်ယောက်တည်း တိုက်ခိုက်ခဲ့သည့်တိုင် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များနှင့် သူတော်စင်ငယ်များကို အသာစီးရယူနိုင်ခဲ့သည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကဲ့သို့ မဟာနတ်မိစ္ဆာအနည်းငယ်သာ လွတ်မြောက်သွားခဲ့ပြီး ကျန်ရှိသူတိုင်းကို မဟာမာရူယိက ဖမ်းဆီးနိုင်ခဲ့သည်။
တာအိုအဓိပတိများ တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်ထားသဖြင့် လှုပ်ရှားမရဖြစ်နေချိန်တွင် မဟာမာရူယိ တစ်ယောက်တည်းက အမတခုံရုံး၏ အားနည်းနေသော အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။
ဆယ်စုနှစ်(၂)ခုကျော်ကြာအောင် အဖြူရောင်ကြာပန်းသုခဘုံမှ သိမ်းပိုက်ထားသည့် အမတခုံရုံး၏ နယ်မြေ(၈၀၀)ကိုလည်း ပြန်လည်ရယူပေးခဲ့သည်။
မဟာမာရူယိ တစ်ယောက်တည်းဖြင့် စစ်ပွဲအဆုံးသတ်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
သို့သော် ထိုအချိန်မှစပြီး မဟာမာရူယိ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။
နောက်ပိုင်း ပြင်ပကျင့်ကြံသူနှစ်ဖွဲ့ လူသားအမြတေကျောက်တုံးအပိုင်းအစအတွက် စစ်ပွဲဖြစ်ပွားခဲ့ရာ အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်မှ ကျွမ်းကျင်သူများလည်း တိုက်ပွဲတွင် ပါဝင်လာကြသည်။
ထိုတိုက်ပွဲက နှစ်ပေါင်း(၁၀၀)ခန့် ကြာမြင့်ခဲ့သည့်တိုင် မဟာမာရူယိ ထွက်ပေါ်မလာခဲ့ပေ။
ယနေ့မှသာ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပနေသော ရောင်စဉ်ငါးမျိုးအလင်းတန်းများကို တွေ့မြင်လိုက်ရုံဖြင့် တာအိုသခင်’လုယာ’ ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသူများ၏စိတ်ထဲ ကြီးမားသောဖိအားတစ်ခု ခံစားလိုက်ရပြီး အတိတ်က ထိတ်လန့်ဖွယ်ရာ အမှတ်ရစရာများသည်လည်း ပြန်လည်ထွက်ပေါ်လာခဲ့သည်။
နတ်မိစ္ဆာအုပ်စု ထွက်ပေါ်လာပြီးနောက် စွမ်းအားကြီးမားသော’ယန်ကျန်း’ က တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။
တာအိုသခင်’လုယာ’ က သူ၏မြားဖြင့် ဓားစွမ်းအားကိုအသုံးပြုပြီး စစ်မြေပြင်အနေအထားကို ပြောင်းလဲလိုက်ပြီးနောက် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရောက်ရှိလာကာ ကျောက်စိမ်းကျိုင်းတံဖြင့် နတ်ဘုရားသတ်ဖြတ်ဓားပျံကို ရိုက်ထုတ်လိုက်သည်။
ထို့ကြောင့် မဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ပေါင်းစည်းနိုင်ခဲ့ပြီး တိုက်ပွဲအခြေအနေအား နောက်တစ်ကြိမ် ပြောင်းပြန်လှန်နိုင်ခဲ့သည်။
လမ်းမှန်တာအိုဝါဒနှင့် နတ်မိစ္ဆာမျိုးနွယ်များ အပြင်းအထန် တိုက်ခိုက်နေကြချိန် သုခဘုံမှ ဗုဒ္ဓဘာသာကျွမ်းကျင်သူများက တည်ငြိမ်စွာ ရှိနေကြသည်။
သူတို့တွင် အော်မီတော်ဖော်ဗုဒ္ဓ ကြွမြန်းလာမည်ဆိုသောအချက်အပြင် နောက်ထပ် အားကိုးစရာတစ်ခု ရှိနေသေးသည်။
ထိုသူက “မဟာမာရူယိ” ပင် ဖြစ်၏။
မဟာမာရူယိ ပေါ်လာသည်နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စကားဆိုလိုက်သည်။
“မင်း လာရောက်ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
စန္ဒကူးဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များကလည်း ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ်... မဟာမာရူယိ”
မဟာမာရူယိက သူတို့ကို ခေါင်းတစ်ချက်သာညိတ်ပြပြီး မည်သည့်စကားမှ မဆိုပေ။
သူက တိုက်ပွဲအတွင်းရောက်ရှိလာသည်နှင့် မည်သူ့ကိုမှ တိုက်ရိုက်ပစ်မှတ်ထားခြင်းမရှိဘဲ ဗလာနယ်ကို ဖြတ်ကျော်ကာ ‘နတ်ဘုရားသုတ်သင်အစီအရင်’ ဆီသို့ တရွေ့ရွေ့ တိုးကပ်သွားသည်။
သူ ဖြတ်သန်းသွားရာနေရာတိုင်းတွင် ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများက တဟုန်ထိုးတိုက်စားသွားသည်။
စန္ဒကူးဗုဒ္ဓနှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ ရှိရာသို့ ဖြတ်သန်းသွားချိန်မှာလည်း ထိုရောင်စဉ်ငါးသွယ် အလင်းတန်းများက သူတို့ထက်သို့ ဖြာလင်းကျသွားသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်မှာ စန္ဒကူးဗုဒ္ဓကို အရေးမစိုက်နိုင်တော့ဘဲ မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးကိုသာ အားကုန်သုံး ခုခံလိုက်ရသည်။
မဟာမာရူယိက ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများ ဖြန့်ကျက်လိုက်သည်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ဖန်ဆင်းထားသည့် ကောင်းကင်စစ်သည်တော်များနှင့် စစ်သူကြီးများအားလုံး ထိုအလင်းတန်းများကြားတွင် ပိတ်မိသွားကြသည်။
ထို့နောက် အလင်းတန်းများက စစ်မြေပြင်တစ်ခွင် လှည့်လည်သွားသည်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း နေရာမှာပင် ပျောက်ကွယ်သွားလေသည်။
မဟာမာရူယိက ရှေ့ဆက်ထွက်ခွာသွားပြီး ရောင်စဉ်ငါးမျိုး အလင်းတန်းများကလည်း ဆက်တိုက်ဖြာကျနေသည်။
ယန်ကျန်း မျက်မှောင်ကျုံ့လိုက်ပြီး အသက်ဓာတ်စွမ်းအား ထုတ်လွှတ်မှုကို ရပ်တန့်လိုက်သည်။
သူ ဖန်တီးထားသော ကြီးမားလှသည့် ဗုဒ္ဓပုံရိပ်ကြီးမှာ မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုး အလင်းတန်းများအောက် နစ်မြုပ်သွားတော့သည်။
ဗုဒ္ဓပုံရိပ်ကြီး၏ ဗုဒ္ဓနယ်မြေ ပျောက်ကွယ်သွားသည့်အတွက် တိုက်တိုင်းအောင်ဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများ လွတ်မြောက်သွားကြသည်။
မဟာမာရူယိက ရှေ့ဆက်လျှောက်လှမ်းလာရင်း ဦးခေါင်းနှစ်လုံးကျေကာ ဒဏ်ရာအပြင်းအထန်ရထားသည့် ခေါင်းကိုးလုံးပိုးကောင်အနားသို့ ရောက်ရှိလာသည်။
ခေါင်းကိုးလုံးပိုးကောင် စကားမဆိုနိုင်ခင်မှာပင် ရောင်စဉ်ငါးမျိုးအလင်းတန်းများက သူ့ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီး ခေါင်းကိုးလုံးပိုးကောင်မှာ နေရာမှာပင် ပျောက်ကွယ်သွားရသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က မျက်နှာပျက်သွားပြီး...
“အစ်ကို... မင်းက အနောက်ဘက်သူတော်စင်ဘုံကို နောက်တစ်ခါ ထပ်ကူညီနေပြန်ပြီလား”
သူက ထပ်ပြောလိုက်သည်။
“အစ်ကို... မီလဲ့ကိုယ်တော်ဆီမှာလည်း စကြာမုနိဗုဒ္ဓရဲ့ သရီရဓာတ်တော်တစ်ခုရှိတယ်ဆိုတာ အစ်ကို မသိဘူးလား”
မဟာမာရူယိက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်ပြီး...
“ငါ သိတယ် ၊ မင်းပြန်ရောက်ရင် ငါက သူ့ဆီမှာရှိတဲ့ ဓာတ်တော်ကိုလည်း ရယူဖို့ဆန္ဒရှိတဲ့အကြောင်း ငါ့ကိုယ်စား မီလဲ့ကိုယ်တော်ကို သတင်းပါးပေးပါ”
စကားပြောရင်းပင် သူက ရှေ့ဆက်တက်လှမ်းသွားရာ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများက ခြင်္သေ့နတ်ဘုရားထက်သို့ကျရောက်သွားပြန်သည်။
သူက အရှိန်မပျက် ရှေ့ဆက်သွားရင်း နတ်ဘုရားသုတ်သင်အစီအရင်ထက်သို့ပင် ရောက်ရှိသွားသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က တိမ်မြူမှောင်မိုက်နတ်ဘုရားကို အစီအရင်အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်ဖြစ်ရာ ၊ ထိုနတ်ဘုရားမှာ မဟာမာရူယိနှင့် တည့်တည့်တိုးတော့သည်။
နောက်ထပ် ရောင်စဉ်ငါးသွယ် အလင်းတန်းများ ကျဆင်လာချိန်မှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်က 'မူလအဓိပတိမိုးကြိုးစွမ်းအား' ပစ်လွှတ်လိုက်ရာ ဗလာနယ်တစ်ခုလုံးတုန်ခါသွားပြီး ရောင်စဉ်ငါးမျိုး အလင်းတန်းများလည်း ခဏမျှ ရပ်တန့်သွားသည်။
ဤသည်ကိုအခွင့်ကောင်းယူပြီး တောင်ပိုင်းချန်စန်းဧကရာဇ်က ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများက ပြန်လည်စုစည်းသွားပြီး သူရှိရာသို့ အုပ်မိုးကျဆင်းလာလေသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်မှာလည်း နေရာမှာပင် ပျောက်ကွယ်သွားတော့၏။