← Chapters

အပိုင်း(၂၀၀)-ဖန်မန်လောင်

Vol. 002 Ch. 200

အပိုင်း(၂၀၀)-ဖန်မန်လောင်

Vol. 002 Ch. 200

ရှင်းမင်တို့ သူတို့အား လာရှာသည့်အကြောင်းကို ဘိုင်ယွမ်ချွန်းသည် ရှီမာယူယူနှင့် တခြားသူများကို မပြောပေ။ သူတို့အား ထိုနေရာမှ ထွက်ခွာစေလိုခြင်းမရှိပဲ သူတို့ထွက်သွားပါက ရှီမာယူယူနှင့် တခြားသူများသည် ရှင်းမင်၏ လူများထံအဖမ်းခံလိုက်ရမည်ကို စိုးရိမ်ကြသည်။

ရှင်းမင်ပြန်သွားသောအခါ ဘိုင်ယွမ်ချွန်းသည် ထိုလူများအား မပေးလိုက်သည်ကို ရှီယူရှီအား ပြောပြလေသည်။ သူသည် မီးထဲဆီထည့် သည့်သဘောနှင့် တစ်ဖက်လူသည် တော်ဝင်မိသားစုအား ဂရုမစိုက်ဟု အပိုများထည့်ပြောလေသည်။ ထို့ကြောင့်ပင် သူမသည် ဒေါသထွက်ကာ စားပွဲအားရိုက်ပြီး သဲစင်ရော်တပ်အား ဆွဲချရန် ကြေညာလေသည်။

“မင်းသမီး အဲဘိုင်ယွမ်ချွန်းက စံတင်အဆင့် ဝိညာဉ်ကျွမ်းကျင်သူပဲ သူ့ကို အရင်မရှင်းရင် သဲစင်ရော်တပ်ကို ထိဖို့မလွယ်ဘူးလို့ထင်တယ်” ရှင်းဝမ်သည် သူမ အဖေ၏ အကြံကိုသိကာ သူတို့အား တိုက်ခိုက်ရန် အခွင့်အရေးဖြစ်သည်ကို သိသဖြင့် လျင်မြန်စွာပြောလိုက်သည်။

“သူက မခက်လောက်ပါဘူး” ရှီယူရှီသည် အေးစက်စွာရယ်မောပြီး “ကိုယ့်လူတို့”

“ရှိပါတယ်” စစ်သားနှစ်ယောက်သည် ဝင်လာကာ ရှီယူရှီအား မေးလိုက်သည် “မင်းသမီး ဘာအမိန့်များ ချမှတ်မလို့ပါလဲ”

“မင်းတို့နှစ်ယောက် တော်ဝင်အပျိုတော်ဖြစ်တဲ့ ငါ့အမေဆီကိုသွားပြီး စံတင်ဝိညာဉ်သခင် နှစ်ယောက် ပို့ခိုင်း လိုက်” ရှီယူရှီ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ မင်းသမီး”

သူတို့နှစ်ယောက်သည် နောက်ပြန်ဆုတ်သွားကာ ဖြတ်လမ်းတည်ဆောက်မှုဆီသို့ ဦးတည်သွားလေသည်။

ရှင်းဝမ်နှင့် ရှင်းမင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကာ သူတို့နှုတ်ခမ်းများသည် အပြုံးများ အဖြစ်ပြောင်းသွားတော့သည်။

“မင်းသမီး၊ ခေါင်းဆောင် ကျွန်တော်တို့ရထားတဲ့ သတင်းအရ သဲစင်ရော်တပ်က သူတို့အတွက် အရေးကြီးတဲံ မစ်ရှင်ကို လက်ခံထားတယ်တဲ့၊ ဘိုင်ယွမ်ချွန်းက သူကိုယ်တိုင်သွားမယ့်ပုံပါပဲ၊ သူအပြင်မှာရှိတုန်း သူ့ကို ရှင်းပစ်လို့ရပါတယ်၊ အဲအချိန်ကျရင် သဲစင်ရော်တပ်ရဲ့ လူတွေက မင်းသမီးကို ခေါင်းဆောင်အနေနဲ့ ကြိုဆိုရမှာပဲ” တစ်စုံတစ်ယောက်သည် အကြံပေးလိုက်သည်။

“ဟုတ်လား၊ ဘိုင်ယွမ်ချွန်းဘယ်သွားလဲဆိုတာ သွားကြည့်လိုက်” ရှီယူရှီပြောလိုက်သည်။

“ဟုတ်ကဲ့ပါ မင်းသမီး”

ငါးရက်အကြာတွင် ရှီမာယူယူသည် အိမ်ထဲတွင် ကျင့်ကြံနေခဲ့ရာ တုလေး၏ တတိယမြောက်  နောက်ဆုံးသွေးကြောအား နှစ်ရက်အတွင်း ဖွင့်ပြီးနောက် ဖြတ်လမ်းတည်ဆောက်မှုဖြင့် အလယ်ပိုင်းဝူတိုင်းပြည်သို့သွားရန် စီစဉ်ထားသည်။

ရုတ်တရက်ပင် အပြင်မှ အသံတစ်သံအားကြားပြီးနောက် ဘိုင်ယွန်ရွှီ၏ အသံကိုပါကြားလိုက်ရာ သူမ ကျင့်ကြံခြင်းကို ရပ်ပြီး တံခါးဖွင့်ကာ အပြင်ထွက်လိုက်သည်။

အိမ်ထဲတွင် ဖက်တီးကျူနှင့် တခြားသူများသည် ဘိုင်ယွန်ရွှီသည် ဒဏ်ရာများကို ဖုံးထားပြီး အခြေအနေမကောင်းကြောင်းကို ပြောဆိုနေကြသည်။

သူမသည် အလွန် တုန်လှုပ်သွားကာ ပြောလိုက်သည် “ဘာဖြစ်တာလဲ”

“ယူယူ မင်းက အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး သမားတော်လည်း ဟုတ်တယ်ဆိုတာ ပြီးခဲတဲ့ တစ်ခေါက်က ပြောခဲ့တယ်မလား” ဘိုင်ယွန်ရွှီသည် ပြေးလာကာ သူမ လက်အား ဆုတ်ကိုင်လိုက်သည်။

“အင်း မင်းဒဏ်ရာရလာတာလား၊ ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား ကောင်းလိုက်တာ၊ ယူယူ မြန်မြန် ငါ့အဖေကို ကယ်ပါဦး” ဘိုင်ယွန်ရွှီသည် ပြေးလာကာ ရှီမာယူယူအား ဆွဲပြီး ဘိုင်ယွမ်ချွန်းနှင့် တခြားသူများ နေသောအိမ်သို့ ခေါ်သွားလေသည်။

ဝေကျိရွှီနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်ကာ သူတို့နှင့် လိုက်သွားလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် အိမ်သို့လာရာ လူအများရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့အား မြင်သော်အခါ တချို့သောလူများ၏ မျက်နှာသည် တင်းမာနေသောကြောင့် သူတို့ ခံစားချက်  ရှုပ်ထွေးသွားလေသည်။

“မင်းတို့အားလုံးဖယ်ကြ” ဘိုင်ယွန်ရွှီသည် အနားကပ်လို့မရသဖြင့် အခန်းတွင် ပိတ်ထားသော လူများအား အော်လိုကသည်။

“သခင်လေး သူတို့ကို ဘာလို့ဒီကိုခေါ်လာတာလဲ၊ ခေါင်းဆောင်ဒီလိုဖြစ်တာ သူတို့ကြောင့်ပဲ” တစ်စုံတစ်ယောက်သည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

ဝေကျိရွှီနှင့် တခြားသူများသည် ခြေလှမ်းတုန့်သွားလေသည်။ သူက သူတို့ကြောင့် ဒဏ်ရာရသွားတာလား၊ ဘယ်လိုဖြစ်ပြီးလဲ။

“မင်းတို့အားလုံး ဖယ်ကြ” ဘိုင်ယွန်ရွှီ အော်လိုက်သည်။

သို့သော် သူတို့သည် လမ်းအား ပိတ်ထားကြမြဲဖြစ်သည်။

“သူတို့ကို ဝင်ခိုင်းလိုက်ပါ” စွန်းရန်ရန်သည် အိမ်ထဲမှ ပြောလိုက်သည်။

သူမအသံသည် မကျယ်သော်လည်း လူတိုင်းအား ထိန်းချုပ်နိုင်ရာ အားလုံးသည် လမ်းသဖွယ်ဖယ်  ပေးလိုက်ကြသည်။

“ယူယူ မြန်မြန်” ဘိုင်ယွန်ရွှီသည် သူမအား အိမ်ထဲသို့ဆွဲခေါ်ကာ အခန်းရှေ့သို့လာလိုက်သည်။

“သခင်မကြီး” ရှီမာယူယူသည် စွန်းရန်ရန်၏ စိတ်ဓာတ်ကျမှုကြောင့်ကျသွားသော ဖျော့တော့သော မျက်နှာအား မြင်လိုက်သည်။

“ဝင်ခဲ့ပါ” စွန်းရန်ရန်သည် ခေါင်းညိတ်ကာ တံခါးဖွင့်ပေးရာ ဝင်လာသည်။

ရှီမာယူယူ သူမနောက်မှဝင်ခဲ့ရာ သွေးစိမ်းအနံ့အားရသဖြင့် သူမ အထဲသို့ ခြေလှမ်းလှမ်းလိုက်သည်။

ဘိုင်ယွမ်ချွန်းသည် အိပ်ရာပေါ်တွင် လဲနေသည်။ သူသည် အသက်ကို မျှင်းမျှင်း ရှုထုတ်နေရသည်။

“အဂ္ဂိရတ်ပညာရှင်တွေနဲ့ သမားတော်တွေက သူ့အတွက်မျှော်လင့်ချက်မရှိတော့ဘူးလို့ပြောကြတယ်၊ မင်းက ဆေးပညာသိတယ်လို့ ယွန်ရွှီပြောလို့ မင်းကိုခေါ်ခိုင်းလိုက်ရတာပဲ” စွန်းရန်ရန်၏ အသံသည် အနည်းငယ်တုန်ယင်နေသည်။

ဘိုင်ယွမ်ချွန်းသည် ထိုကဲ့သို့ ပြင်းထန်သော ဘာကြောင့် ဒဏ်ရာရုတ်တရက်ရလာခြင်းကို ရှီမာယူယူ မသိတော့ပဲ ပြောလိုက်သည် “ဦးလေးရဲ့ အခြေအနေကို ကြည့်ပါရစေ”

သူမထိုသို့ပြောပြီးနောက် အိပ်ရာသို့သွားကာ သူ့အားအရင်ထူပြီး ဆေးတစ်လုံးထုတ်ကာ ကျွေးလိုက်သည်။

“နောက်ကြောင်းပြန်ဆေး” ရှီမာယူယူ ဆေးထုတ်လိုက်သောအချိန်တွင် ဘေးတွင်ရပ်နေသော အဂ္ဂိရတ်ပညာ ရှင်သည် အံ့သြစွာအော်လိုက်မိသည်။

ထိုဆေးသည် အဆင့်ငါးဆေးဖြစ်သောကြောင့် နောက်ကြောင်းပြန်ဆေးဟု ကြားလိုက်သည်နှင့် စွန်းရန်ရန် အံ့သြသွားသည်။ ထိုဆေးသည် အားပြန်ပြည့်ရန် အကောင်းဆုံးဆေးဖြစ်သည်။ ထိုဆေးသည် အသက်ရှုခြင်းအား အားဖြစ်စေကာ သေခြင်းမှ ကာကွယ်ပေးသည်။ ထို့အပြင် ထိုဆေးအား ဖော်တတ်သည့်သူမှာ နည်းပါးလှသည်။ ရှီမာယူယူတွင် ထိုကဲ့သို့ဆေးရှိမည်ဟု သူမ မထင်ခဲ့ပေ။

ရှီမာယူယူသည် စကားလုံးမဲ့နေသော အဂ္ဂိရတ်ပညာရှင်အားကြည့်ပြီးနောက် ဘိုင်ယွမ်ချွန်း၏ အခြေအနေကို ဆက်ကြည့်နေသည်။

“ယူယူ ငါ့အဖေ ဘယ်လိုနေလဲ” ဘိုင်ယွန်ရွှီ မေးလိုက်သည်။

ရှီမာယူယူသည် ဘိုင်ယွမ်ချွန်း၏ အခြေအနအား စမ်းသပ်နေသည်။ ဆိုးဝါးသည်ထက် ဆိုးရွားသည်။ သူမ ပြောလိုက်သည် “အခြေအနေက တကယ်ဆိုးတယ်၊ အခု ငါ့ကို မနှောင့်ယှက်နဲ့တော့”

စွန်းရန်ရန်သည် ရှီမာယူယူ လုပ်ဆောင်မည့်အနေအထားကို သိနေသည်။ သူသည် ဘိုင်ယွမ်ချွန်းကို ကယ်နိုင်သည်လည်း ဖြစ်နိုင်သည်။ သူမသည် ခြေတစ်လှမ်းတိုးကာ ဘိုင်ယွန်ရွှီအား ဆွဲပြီး စကားမပြောရန် တားမြစ်လိုက်သည်။

ရှီမာယူယူသည် မီးလုံးအား ထုတ်လွှတ်ကာ ဘိုင်ယွမ်ချွန်း၏ အဝတ်အစားများကို လောင်ကျွမ်းစေလိုက်သည်။ ထို့နောက်တွင် သူမသည် အပ်ထုတ်ကာ သူ့ဗိုက်အား အပ်များအသုံးပြုကာ ထိုးလိုက်လေသည်။ ထို့နောက်တွင် သူမသည် နောက်ကြောင်းပြန်ဆေး၏ အကျိုးသက်ရောက်မှုအောက်တွင် ကုစားနေသည်ကို  စောင့်ကြည့်  နေခဲ့သည်။

“ယူယူ” သူမ အပ်စိုက်နေချိန်တွင် ဘိုင်ယွန်ရွှီသည် တိတ်ဆိတ်နေရာမှ သူမ မတ်တတ်ရပ်သည်ကို မြင်သည်နှင့် မေးလိုက်သည်။

အိမ်ထဲရှိလူများသည် သူမအားကြည့်ပြီး သူမ အဖြေအားစောင့်ဆိုင်းနေကြသည်။

“သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင် ဦးလေးရဲ့ အတွင်းပိုင်း ကလီစာတွေက အကုန်ပေါက်ပြဲနေပြီ၊ သူ့သွေးကြောတွေလည်း ကွဲနေပြီ သူ့ခန္ဓာကိုယ်ကို မလဲရင် သူအသက်ရှင်ရင်တောင် တစ်ဘဝလုံးအိပ်ရာပေါ်မှာပဲ အချိန်ကုန်သွားရလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

စွန်းရန်ရန်၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်ပြန်လဲသွားသဖြင့် ဘိုင်ယွန်ရွှီသည် သူမအား အလျင်အမြန်ဖမ်းလိုက်ရသည်။

“အမေ ဘယ်လိုနေလဲ”

စွန်းရန်ရန်သည် ခေါင်းရမ်းကာ ရင်ဖိပြီး ပြောလေသည် “အနည်းဆုံးတော့ သူ့အသက်ရှင်…”

သူမ ထိုသို့စဉ်းစားသော်လည်း မျက်ရည်စီးကြောင်းနှစ်ခုမှာ ကျသွားလေသည်။

“ယူယူ အဲအပ်တွေက ဒီလိုဆက်ထားလို့ရလား” ဘိုင်ယွန်ရွှီ မေးလိုက်သည်။

“သူ့သွေးကြောတွေကျုံ့သွားတာတွေ ခဏတာ ထိန်းထားဖို့ ငါအပ်သုံးထားတာ” ရှီမာယူယူ ပြောလေသည် “သူ့အတွင်းပိုင်းဒဏ်ရာတွေအတွက်ဆိုရန် ပြန်သက်သာဖို့ နောက်ကြောင်းပြန်ဆေးကို အားကိုးပြီးစောင့်ရမှာပဲ”

“ကျေးဇူးပါ” စွန်းရန်ရန်ပြောလိုက်သည်။

သမားတော်များနှင့် အဂ္ဂိရတ်ပညာရှင်များသည် အစပိုင်းတွင် နည်းလမ်းမရှိတော့ဘူးဟု ပြောခဲ့သည်။ သူသည် ထိုကဲ့သို့ အသက်ကို ထိန်းထားနိုင်မည်ဟု ထင်မထားခဲ့ပေ။ ထိုသည်မှာ သူတို့အတွက် လက်ခံရန်လွယ်ကူနေခဲ့သည်။

“ယူယူ ငါ့အဖေက တကယ်ပဲ သူ့ပေါက်သွားတဲ့သွေးကြောတွေက ပြန်မကောင်းတော့ဘူးလား” ဘိုင်ယွန်ရွှီသည် သူ့အဖေ ထိုကဲ့သို့ အိပ်ရာတွင် လဲနေရမည်ကို လက်မခံနိုင်သေးပေ။

“ငါအခုလေးတင်ပြောပြီးပြီ သူ့ခန္ဓာကိုယ်မပြောင်းသရွေ့တော့ သူတစ်ဘဝလုံးကို အိပ်ရာပေါ်မှာနေသွားရမယ်” ရှီမာယူယူ သေချာပေါက်ပြောလိုက်သည်။

“သခင်မကြီး သခင်လေး၊ ခေါင်းဆောင်က အဲလောက်ကြီးတဲ့ဒဏ်ရာရတာ အသက်ရှင်ဖို့ကို သူ့အတွက် ခက်ခဲမယ်” သမားတော်ပြောလိုက်သည်။

“ခက်ခဲမယ်ဆိုတာ ဘာပြောတာလဲ၊ မင်းတို့အားလုံးသွားကြတော့ အသုံးမဝင်တဲ့ဟာတွေ” ဘိုင်ယွန်ရွှီသည် သမားတော်ပြောသည်ကိုကြားပြီးနောက် ဒေါသထွက်သွားသည်။

“မင်းတို့အပြင်ထွက်တာကောင်းမယ်” စွန်းရန်ရန်ည် တည်ငြိမ်စွာထားကာ ဘိုင်ယွန်ရွှီအား ပြောလိုက်သည် “ယွန်ရွှီ သူတို့ကို အပြင်ထွက်ခိုင်းလိုက်”

“ဟုတ်အမေ” ဘိုင်ယွန်ရွှီသည် ထိုကဲ့သို့မလုပ်ချင်သော်လည်း သူမ ပြုမူသည်ကိုကြည့်ပြီး ပြောသည်ကို နားထောင်လိုက်သည်။

အချိန်တိုးအတွင်းတွင် ရှီမာယူယူနှင့် စွန်းရန်ရန်သာ အိမ်ထဲတွင်ကျန်ခဲ့သည်။

စွန်းရန်ရန်သည် သူ့အားကြည့်ပြီးပြောလိုက်သည် “ရှင်ပြောချင်တာ မပြောလိုက်ရတာဘာလဲလို့ ကျွန်မခန့်မှန်းနေတာ”

All Chapters