← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃) ရှောင်ယန်အစစ်ဖြစ်လာသည်

လော်ဟုန်ရှားနှင့်ကျူးဟုန်တို့ ကျောက်ရုပ်လိုဖြစ်နေသည်။ ဘာဆက်လုပ်ရမှန်းမသိတော့။

ကျူးဟုန်ကလေးလိုချင်သည်က အမှန်ဖြစ်သည်။ သို့သော် နန်းတော်တစ်ခုလုံး ထိုမျှများပြားသည့်ကလေးများ ပြည့်နေမည်ဟု တစ်ခါမှမတွေးဖူးခဲ့။

တစ်ယောက်ယောက်က အချိန်နောက်ပြန်ရစ်သည့် မှော်ပညာကိုသုံးပြီး လနန်းတော်ကို အတိတ်သို့ပြန်ခေါ်လာသလားမသိ။

"မဟုတ်သေးဘူး။ အတိတ်ကိုပြန်ရောက်တယ်ဆိုရင်လည်း ဒီလိုမျိုးတော့မဖြစ်နိုင်ဘူး"

လနန်းတော်တပည့်များသည် အသက်အရွယ်ချင်းမတူကြ။ သို့သော်ယခု အားလုံးတန်းတူ ကလေးအရွယ်သို့ရောက်နေသည်။ အချိန်နောက်ပြန်ရစ်သည့်သဘောမျိုးမဟုတ်။

ဘာတွေဖြစ်ကုန်ပြီမသိ။

သူတို့ထွက်သွားသည်က သုံးရက်သာကြာသည်။ ဘာကြောင့် လနန်းတော်က နေရာစိမ်းတစ်ခုလို ဖြစ်နေသည်မသိတော့။

"မင်း..မင်းက လုယန်လား"

လော်ဟုန်ရှား တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။ ကလေးပုံစံဖြစ်နေသော်လည်း လုယန်၏မူလရုပ်က ပျောက်မသွားသေး။

"အခုမဟုတ်သေးပါဘူး"

လုယန် အခိုင်အမာငြင်းပယ်၍ မြေပြင်ပေါ်မှ အဝတ်အစားများကို အမြန်ကောက်ဝတ်သည်။ ထို့နောက်

"လုယန်အစစ်က ကျုပ်ပါ"

ခုနက အေးစက်နေသည့်နှင်းတောထဲတွင် အောက်ပိုင်းဗလာနှင့်ရပ်နေသည့်လူသည် သူနှင့်ဘာမှမပတ်သက်။

"ဘာတွေဖြစ်ကုန်တာလဲ"

"ကျုပ်လည်းမသိဘူး။ ကျုပ်တို့က ယုန်ကင်လေးနည်းနည်းပဲစားတာပါ။ ပြီးတော့ တရေးအိပ်လိုက်တာ အခုလိုဖြစ်သွားတာပဲ"

လုယန်လည်း ဘာမှနားမလည်။

"နတ်မယ်၊ အိပ်မနေနဲ့။ ထပါဦး"

လုယန် နှင်းကုတင်ပေါ်အိပ်နေသည့် နတ်မယ်ကို လှုပ်နှိုးသည်။

အိပ်နေချိန်တွင် ထာဝရနတ်မယ်သည် တကယ်လှသည်။ ထို့ကြော့င့် အရင်ကဂြိုလ်မွှေခဲ့သည့်ကိစ္စအားလုံးကို လုယန်မေ့သွားသည်။ ရှေးဟောင်းခေတ်၏ ထိပ်တန်းအလှပိုင်ရှင်ဖြစ်ကြောင်း သူလက်ခံရသည်။

သို့သော် ‌လော‌လောဆယ် နတ်မယ်အလှကို ခံစားနေရမည့်အချိန်မဟုတ်သေး။

နတ်မယ်က နှစ်ခြိုက်စွာအိပ်ပျော်နေသည်။ တော်တော်နှင့်မနိုး။

နိုးလာပြီးနောက် လုယန်၏ကလေးပုံစံကို မြင်လိုက်ရသဖြင့် သူမျက်လုံးပြူးသွားသည်။

"အား..နင်ဘာလို့ဒီလောက်သေးသွားတာလဲ"

နတ်မယ်ချက်ချင်းထထိုင်သည်။ လုယန်နှင့်အရပ်ချင်းတိုင်းကြည့်သည်။ လက်ရှိလုယန်သည် သူ့ခါးစောင်းလောက်ပင်မရှိ။

"နင်တကယ် ရှောင်ယန်(ယန်လေး)အစစ်ဖြစ်လာပြီပဲ"

"ဒါကြောင့်လည်း ခင်ဗျားကို စစ်ဆေးပေးဖို့ အကူအညီလာတောင်းတာပေါ့"

"အင်း..နင့်က ဒီလိုသေးသေးလေးဆို အတော်ချစ်စရာကောင်းတာပဲ"

နတ်မယ် တခစ်ခစ်ရယ်ရင်း ဆောင့်ကြောင့်ထိုင်၍ လုယန်ခေါင်းကိုပုတ်သည်။ လက်ရှိပြဿနာကို ဖြေရှင်းပေးမည့်ဟန် မရှိသေး။

အပြင်ဘက်တွင် လနန်းတော်တပည့်များ တဖြေးဖြေးနိုးလာသည်။ စူးရှသည့်ကလေးအော်သံများ ငိုသံများ ပေါ်လာသည်။ မူလွန်ကျောင်းတစ်ခုသို့ ရောက်နေသလိုလုယန်ခံစားသည်။ သူက ဂျီခြင်းငိုခြင်းမရှိသည့် 'ကလေးကြီး'တစ်ယောက်လိုဖြစ်နေသည်။

လော်ဟုန်ရှားနှင့်ကျူးဟုန်တို့ ဂိုဏ်းတပည့်များကို တစ်ယောက်ပြီးတစ်ယောက် နှစ်သိမ့်နေရသည်။ သူတို့ လူမပင်ပန်းသော်လည်း စိတ်အတော်ပင်ပန်းသွားသည်။

အမွှာမြစ်ရေကို မလိုအပ်တော့ကြောင်း ကျူးဟုန်နားလည်လာသည်။

"အကိုလုယန်၊ ကျွန်မတို့ဘာတွေဖြစ်ခဲ့တာလဲ"

လန်ထင်က ရှက်နေဟန်ဖြင့် တစ်ကိုယ်လုံးအဝတ်ဖြင့်ပတ်ထားပြီး မျက်နှာတစ်ခြမ်းသာဖော်ထားသည်။

လုယန် သူ့နဖူးသူလက်ဖြင့်အုပ်လိုက်သည်။

ညီမလန်...ငါ့ကို ဒီလိုမကြည့်ပါနဲ့ကွာ...အကြောင်းမသိရင် မနေ့ညက ငါတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့သလိုနဲ့...

အခု ငါတို့နှစ်ယောက်ပေါင်းရင်တောင် အသက်မပြည့်လောက်ဘူး...ဘာတွေဖြစ်နိုင်စရာရှိလဲ...

လနန်းတော်တပည့်များ ကလေးအစစ်မဟုတ်၍ တော်သေးသည်။ မစ်ရှင်များမကြာခဏထွက်၍ ပြဿနာမျိုးစုံဖြေရှင်းဖူးသူများဖြစ်၍ ခဏတာထိတ်လန့်တုန်လှုပ်ပြီးနောက် စိတ်များပြန်လည်တည်ငြိမ်လာသည်။

ထိုအခြေအနေမျိုး တစ်ခါမှမကြုံဖူးသည်ကတော့ အမှန်ဖြစ်သည်။

တစ်ခြားအကြီးအကဲများလည်း ပြဿနာဖြစ်သည်ဟု ကြားသဖြင့် အားလုံးပြေးလာကြသည်။

မနေ့ညက ဂိုဏ်းတပည့်များသာ ယုန်သားစားပွဲ ဝင်နွှဲခဲ့သည်။ အကြီးအကဲများက သိက္ခာထိန်းရသဖြင့် ဝင်မပါခဲ့။

"ညီမယွီလု၊ ဘာဖြစ်တာလဲဆိုတာ ခန့်မှန်းနိုင်လား"

လော်ဟုန်ရှားက ဆေးပညာအကျွမ်းကျင်ဆုံးဖြစ်သည့် အကြီးအကဲကျိုးယွီလုကိုခေါ်သည်။ ရွှဲ့ရှီလုန်၏သွေးဆက်ပြဿနာကို ကျိုးယွီလု ကုသပေးခဲ့ခြင်းဖြစ်သည်။

ကျိုးယွီလုလည်း မြေပြင်အပြည့်ရှိနေသည့် ကလေးများကိုမြင်သည်နှင့် လန့်ခုန်သည်။ သို့သော် သမားတော်ဟန်ပန်ကို ထိန်းရသည်။ မဟုတ်လျှင် ထိုမြင်ကွင်းကို မှော်ဖန်လုံးဖြင့် မှတ်တမ်းယူထားလိုက်ချင်သည်။

ကလေးတစ်ယောက်ချင်း သွေးခုန်နှုန်းစစ်ဆေးသည်။

"အဆိပ်မိတာလား...ဒါလည်းမဟုတ်လောက်ဘူး။ အားတိုးဆေးအမှားအယွင်းဖြစ်တာများလား"

"မနေ့က သူတို့စားခဲ့တဲ့ယုန်သားကြောင့်များဖြစ်မလား"

လော်ဟုန်ရှားက အသားကင်စင်ပေါ်တွင်ကျန်နေသည့် နတ်ဆိုးယုန်၏အရိုးစုကိုကြည့်၍ပြောသည်။

"မဟုတ်လောက်ဘူး။ မနေ့က နတ်ဆိုးယုန်ကိုမစားခင် ကျွန်မစစ်ဆေးခဲ့တယ်။ ဘာပြဿနာမှမရှိဘူး"

ထိုသို့ပြောနေသော်လည်း ကျိုးယွီလုက အရိုးပေါ်ကပ်ကျန်နေသည့် အသားတစ်စကိုခြစ်ယူ၍ ဝိညာဉ်အာရုံဖြင့် စစ်ဆေးနေသည်။

"အသားမှာတော့ တကယ်ပြဿနာမရှိပါဘူး"

လုယန် သက်ပြင်းချလိုက်သည်။ သူ့အမှားမဟုတ်၍ တော်သေးသည်။

ထိုစဉ် ကျိုးယွီလုက မီးဖိုကျင်းထဲမှ မီးသွေးများကို သတိထားမိသည်။ နည်းနည်းထူးဆန်းနေသလိုရှိသည်။

"မင်းတို့ သံလွင်ပင်ကိုခုတ်ပြီး ထင်းအဖြစ်သုံးခဲ့တာလား"

မီးသွေးတုံးတစ်ခုကို သူဆွဲယူပြီး စစ်ဆေးကြည့်သည်။ ပြဿနာရင်းမြစ်ကို နားလည်သွားသည်။

"သံလွင်ပင်ကို ပြုပြင်ထားတာပဲ။ ဒီသစ်ပင်ကို အရွယ်အစားကျုံ့အာနိသင်ရှိတဲ့ ပစ္စည်းတွေနဲ့ ထိန်းချုပ်ထားတာ။ မီးရှို့လိုက်တော့ သံလွင်ပင်ရဲ့ရနံ့က တစ်ခြားအနံ့တွေကိုဖုံးသွားတယ်။ ဒါကိုသတိမထားမိတော့ အနံ့ရှူမိတဲ့လူတွေအပေါ် အာနိသင်သက်ရောက်သွားတယ်"

အမှန်တော့ သံလွင်ထင်းဖြင့်မီးကင်ထားသည့် ယုန်သားတွင်လည်း မီးခိုးရိုက်၍ ထိုပစ္စည်းများ၏အာနိသင် နည်းနည်းဝင်သွားသည်။ သို့သော် အပေါ်ယံမျက်နှာပြင်တွင်သာရှိသည်။ အရိုးနှင့်နီးသည့် အသားထဲသို့ မီးခိုးမရောက်။

စိတ်သက်သာရာရနေသည့်လုယန် ပက်လက်လန်မတတ်ဖြစ်သွားပြန်သည်။ နောက်ဆုံးတွင် ပြဿနာရင်းမြစ်က သူသာဖြစ်သည်။

"ဒါဆို ရှောင်ယန်နဲ့သူတို့တွေ ပြဿနာရှိနိုင်လား"

ထိုကိစ္စကို လော်ဟုန်ရှား အစိုးရိမ်ဆုံးဖြစ်သည်။

"ကြီးကြီးမားမားပြဿနာမရှိပါဘူး။ သူတို့ခန္ဓာကိုယ် ကျုံ့သွားရုံပါပဲ။ ရက်နည်းနည်းကြာရင် ပုံမှန်ဖြစ်သွားမှာပါ။ ဆေးဓာတ်ပြယ်သွားတဲ့အချိန် အားလုံးပုံမှန်ဖြစ်သွားမယ်ထင်ပါတယ်"

"ဆိုးဆိုးဝါးဝါးမဖြစ်ရင် ပြီးတာပါပဲ"

"နန်းတော်သခင်၊ လက်ရှိပြဿနာက သူတို့မဟုတ်ဘူး။ သံလွင်ပင်ပါ"

ကျိုးယွီလုက နတ်ဆိုးယုန်အရိုးစုကို လက်ညှိုးထိုးပြသည်။

"ဒီယုန်က သံလွင်ပန်းနံ့ဖြည့်ထားတဲ့ လမုန့်ကိုစားလို့ အရွယ်အစားကြီးလာတယ်။ ပြီးတာ့ ကျန်းကျွေ့ဟွာရဲ့ သံလွင်ပင်တွေ မူမမှန်တာကိုလည်း ကျွန်မတို့ သိထားတယ်။ အရွယ်အစားကြီးစေတဲ့ ပစ္စည်းတွေ ပါနေတယ်။

အခုလည်း အရွယ်အစားကျုံ့စေတဲ့အာနိသင်ရှိတဲ့ နောက်ထပ်သံလွင်ပင်တစ်ခု တွေ့ပြန်ပြီ"

"သံလွင်ပင်တွေကို ပြုပြင်ထားတာ ဘယ်သူလဲ။ သစ်ပင်ဘယ်လောက်များ ပြုပြင်ထားပြီးပြီလဲ"

လောာ်ဟုန်ရှားမျက်နှာ တည်ကြည်လေးနက်လာသည်။ ထိုကိစ္စက ပေါ့ဆ၍မဖြစ်။

သံလွင်နန်းတော်ကို မှော်စက်ဝန်းတစ်ခုဖြင့် ကာထားသည်။ အပြင်လူများမဝင်နိုင်။ အတွင်းလူတစ်ယောက်လက်ချက် ဖြစ်မည်။

"နတ်မယ်၊ ဘယ်သူလုပ်တာလဲ ခင်ဗျားသိလား"

နတ်မယ်ခေါင်းခါသည်။

"မသိဘူး"

သူသည် စည်းကမ်းမဲ့သူမဟုတ်။ မသေမျိုးအာရုံဖြင့် လနန်းတာ်မှအရာရာတိုင်းကို တစ်နေကုန်စောင့်ကြည့်နေသည့်အလုပ်မျိုး မလုပ်။

သံလွင်ပင်ကိစ္စက အရေးကြီးပါသည်။ သို့သော် ထိုပြဿနာက အရေးကြီးဆုံးမဟုတ်သေး။ လက်ရှိအရေးကြီးက ကလေးများ၏ကိစ္စဖြစ်သည်။

"လုယန်၊ မင်းအခန်းကို အရင်ပြန်လိုက်ပါ"

လော်ဟုန်ရှားကပြောသည်။

ဤနေရာတွင် ယောက်ျားဟူ၍ လုယန်သာရှိသည်။ တစ်ခြားဂိုဏ်းတပည့်များက ကလေးအရွယ်ပြောင်းသွားသဖြင့် အဝတ်အစားများက သူတို့နှင့်မကိုက်တော့။ လုယန်ရှိနေလျှင် လှုပ်လှုပ်ရှားရှားလုပ်ရမည်ကို ရှက်ကြသည်။ မမြင်သင့်သည့်အရာများ မြင်သွားမည်ကို စိုးရိမ်ကြသည်။

"ကောင်းပါပြီ"

ယောက်ျားမိန်းမကြား စည်းထားရမည်ကို လုယန်နားလည်သည်။

သို့သော် နားမလည်သည့်လူမျိုးလည်းရှိသည်။ ဥပမာ နတ်မယ်။

သိစိတ်နယ်မြေထဲတွင် နတ်မယ်က လုယန်လေးကို ချိုင်းနှစ်ဘက်မှကိုင်မ၍ စက်ဝိုင်းပတ်လှည့်နေသည်။ ထိုသို့လှည့်နေရင်းလည်း သီချင်းတစ်ပုဒ်ပင် ဆိုညည်းနေသေးသည်။ သိစိတ်နယ်မြေတစ်ခုလုံး သူ့ရယ်သံများ ပြည့်နေသည်။

လုယန်မျက်နှာက အပြုံးအရယ်မရှိ။ အရုပ်လိုကစားခံနေရသဖြင့် နတ်မယ်ကို မကျေမနပ်စိုက်ကြည့်နေသည်။

"နတ်မယ်၊ ယောက်ျားနဲ့မိန်းမဆိုတာ စည်းတစ်ခုထားသင့်တယ်။ တစ်ယောက်နဲ့တစ်ယောက် ထိတာကိုင်တာမျိုး မလုပ်သင့်ဘူး"

လုယန်က စေတနာဖြင့်အကြံပေးသည်။ စက်ကွင်းလွတ်အောင် ကြိုးစားသည်။

နတ်မယ်က ဆောင့်ကြောင့်ထိုင်၍ သူနဖူးကိုပုတ်သည်။ လက်ရှိလုယန်ပုံစံကို သူအတော်သဘောကျနေသဖြင့် ပြုံး၍ပြောသည်။

"ဘာလို့ မင်းလိုကလေးတစ်ယောက်က ယောက်ျားမိန်းမခြားနားချက်ကို အဲလောက်ဂရုစိုက်နေရတာလဲ"

*******************************

အခန်း (၉၄၄) လျှို့ဝှက်ချက်မဟုတ်သော လျှို့ဝှက်ချက်

ကလေးတစ်ယောက်အသွင်ပြောင်းပြီးနောက် ခန္ဓာကိုယ်ကျုံ့သွားသည်သာမဟုတ်။ ကျင့်စဉ်စွမ်းအားလည်း ပိတ်ဆို့သွားသည်။ သာမန်ကလေးတစ်ယောက်နှင့်မခြားတော့။

"သင့်တော်မယ့်အဝတ်အစားလည်း မရှိပါလား"

လုယန် စိတ်ပျက်လက်ပျက် မျက်မှောင်ကျုံ့၍ အခန်းထဲတွင် လှည့်ပတ်လျှောက်နေသည်။ ဆိုဒ်လွန်နေသည့်ဝတ်စုံက ကြမ်းပြင်ပေါ်ဒရွတ်တိုက်ပါနေသည်။ ထိုအခြေအနေဖြင့် ခြံဝန်းထဲသို့ သူမထွက်ရဲ။

သူဝတ်သည့်အဝတ်အစားများက ခြုံစောင်လိုဖြစ်နေသည်။ ကလေးအဝတ်အစားမျိုးလည်း ယူမလာမိ။ ထို့ကြောင့် အပြင်ထွက်ဖို့ ဝတ်စရာအဝတ်အစားမရှိ။

ကျင့်စဉ်စွမ်းအားမရှိတာ့သည့်ကိစ္စက သိပ်အရေးမကြီး။ သိပ်မကြာခင် ပုံမှန်ပြန်ဖြစ်လာမည်ဟု အကြီးအကဲကျိုးယွီလုကပြောသည်။ ယခုလောလောဆယ် အဝတ်အစားရဖို့က အရေးကြီးဆုံးဖြစ်သည်။

"အဝတ်အစားဘယ်မှာရနိုင်မလဲ အား-"

လမ်းလျှောက်နေရင်း ဒရွတ်တိုက်ကျနေသည့် သူ့ဝတ်ရုံအနားစကို တက်နင်းမိသဖြင့် အဝတ်ထဲတွင် လုံးထွေးလဲကျသွားသည်။

အဝတ်လိပ်ထဲမှ ခက်ခက်ခဲခဲခေါင်းပြူထွက်လာရသည်။ သူအတော်စိတ်ပျက်သွားသည်။

မှန်သည်။ ကျင့်စဉ်စွမ်းအားပြန်ရဖို့လည်း အရေးကြီးသည်။

မသေမျိုးနန်းတော်တပည့်များအားလုံး ထိုအဖြစ်မျိုးကြုံနေရသည်။ ဘယ်သူမှ ကလေးဝတ်စုံမရှိကြ။

အဝတ်အစားရဖို့ကိစ္စကလည်း မလွယ်။ ကျယ်ပြန့်သည့် လနန်းတော်ထဲတွင် ပုဆိန်ကိုင်၍ သစ်ပင်ခုတ်လှဲနိုင်သူများမရှားသော်လည်း အဝတ်ချုပ်တတ်သူ တစ်ယောက်မှမရှိ။

သူ့မူလအသွင်ပြန်ရဖို့ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများ၊ ပင်လယ်တာအိုသခင်နှင့် အမယွမ်တို့၏ စုပေါင်းအင်အားဖြင့် နည်းလမ်းရှာလျှင် ရနိုင်လောက်သည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းသို့ သူမပြန်ရဲ။

လူဟားစရာကိစ္စဖြစ်သွားလာမည်။ လောင်မုန်က တစ်သက်လုံး သူ့ကိုလှောင်ရယ်နေလိမ့်မည်။

လနန်းတော်တပည့်တိုင်း အရွယ်အစားကျုံ့သွား၍ တော်သေးသည်။ ထိုရှက်စရာကိစ္စမျိုးကို သူတို့လည်း ထုတ်ပြောကြမည်မဟုတ်။ အပြန်အလှန်နားလည်မှုဖြင့် လျှို့ဝှက်ထားပေလိမ့်မည်။

နန်းတော်အကြီးအကဲများကလည်း ဂုဏ်သိက္ခာကိုစဉ်းစား၍ သတင်းမပေါက်ကြားအောင် ထိန်းသိမ်းကြပေလိမ့်မည်။

သို့ဆိုလျှင် လျှို့ဝှက်ချက်ထုတ်ပြောနိုင်ခြေရှိသူ တစ်ယောက်သာကျန်တော့သည်။

လုယန် နတ်မယ်ကို စိုက်ကြည့်နေသည်။ နူးညံ့သည့် သူ့မျက်လုံးများက တဖြေးဖြေးအေးစက်လာသည်။

နတ်မယ်ကို နှုတ်ပိတ်ဖို့ ဗျူဟာနည်းနည်းသုံးရမည်။

"နတ်မယ်၊ ခင်ဗျားဒီကိစ္စကို ထုတ်မပြောရဘူးနော်"

ခန္ဓာကိုယ်အရွယ်အစားကျုံ့သွားသလို လုယန်၏အသံကလည်း ကလေးသံပေါက်လာသည်။ နို့တောင်းနေသည့် ကလေးတစ်ယောက်လိုဖြစ်နေသည်။

နတ်မယ်က တခစ်ခစ်ရယ်၍ လုယန်၏ပါးဖောင်းဖောင်းနှစ်ဘက်ကို ဆွဲညှစ်သည်။ ထိကိုင်ရသည်က အတော်နူးညံ့သည်။ ထို့နောက် လုယန်ကို သူ့ပေါင်ပေါ်တင်၍ ဆံပင်ကိုသပ်ပေးသည်။

"လုပ်စမ်းပါဦး။ ငါနားဝင်ချိုမယ့်စကားလေးတွေ နည်းနည်းထပ်ပြောပါဦး"

လုယန် နတ်မယ်၏မျက်နှာကို နောက်လှန်ကြည့်၍ ထိတ်လန့်တုန်လှုပ်လာသည်။

နတ်မယ်ကိုနှုတ်ပိတ်နိုင်ဖို့ အရှက်မရှိ သူမြှောက်ပင့်ချီးကျူးရတော့မည်။

"နတ်မယ်၊ ခင်ဗျားက ရုပ်လည်းလှသလို စိတ်သဘောထားလည်း နူးညံ့တယ်။ ကျုပ်အခြေအနေကို ထုတ်ပြောပြီး လူရယ်စရာဖြစ်အောင်မလုပ်တာ သေချာပါတယ်"

နတ်မယ်က မျက်နှာကို ခပ်တည်တည်ထား၍ ပြန်ပြောသည်။

"ဘာလို့ တစ်ခြားလူတွေက နင့်ကိုလှောင်ရယ်မှာလဲ။ ဒီရှောင်ယန်လေးကို ကရုဏာတောင်သက်ကြဦးမှာ။ နင်က အဆိုးဘက်ကကြည့်နေလို့ပါ။ လူတိုင်း စိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုတာ နင်ယုံကြည်ဖို့လိုတယ်"

"နတ်မယ်၊ မဟာပဲဝါနိုင်ငံရဲ့ လက်အောက်ခံတစ်ယောက်အနေနဲ့ အပြင်လူတွေကျုပ်ကို ဒီလိုအခြေအနေမျိုးနဲ့ မြင်သွားကြရင် ကျုပ်တို့မဟာပဲဝါနိုင်ငံရဲ့ သိက္ခာကျမယ်မဟုတ်လား"

"ဒါဆိုလည်း ရှောင်လင်းတို့ လျန်ယိတို့ကိုပဲ ငါပြောမယ်လေ။ သူတို့က ငါတို့ပဲဝါနိုင်ငံကပဲ။ သိက္ခာကျစရာမရှိပါဘူး"

"မလုပ်ပါနဲ့ နတ်မယ်"

လုယန် နတ်မယ်၏လက်မောင်းကို တွယ်ဖက်လိုက်သည်။ သူတကယ်အရှက်ခွဲခံနေရသည်။

အပိုးကျိုးနေသည့်လုယန်ကိုကြည့်၍ နတ်မယ်ပျော်ရွှင်နေသည်။

"ကောင်းပြီလေ။ ဒါဆိုလည်း ဘယ်သူ့ကိုမှမပြောတော့ပါဘူး"

နတ်မယ် စိတ်ပြောင်းသွားမည်စိုးသဖြင့် လုယန် အမြန်ကျေးဇူးတင်စကားဆိုသည်။

"ကရုဏာကြီးမားတဲ့ အရှင်မကို ကျေးဇူးတင်ပါတယ်။ ကျွန်ယုံလုယန် ဒီကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး"

လုယန် စိတ်သက်သာရာရသွားသည်။ နတ်မယ်သည် လုပ်ရာကိုင်ရာတွင် မယုံကြည်ရသော်လည်း ကတိကိုတော့ ချိုးဖောက်မည်မထင်။ ထုတ်မပြောဟု ကတိပေးထားလျှင် လုံးဝထုတ်ပြောမည်မဟုတ်။

ယခု စိတ်ချရပြီဖြစ်သည်။

နေ့တစ်ပိုင်းကြာအောင် အရုပ်လိုကစားခံရပြီးမှ နတ်မယ်ကို သူနားချနိုင်ခဲ့သည်။

သူနည်းနည်းပင်ပန်းနေသည်။ ခုနက စက်ဝိုင်းလှည့်ခံခဲ့ရသောကြောင့်ဖြစ်မည်။ မှန်သည်၊ ကျင့်စဉ်စွမ်းအားမရှိလျှင် အဆင်မပြေသည့်ကိစ္စများ အတော်များလှသည်။

ခွေခြေထိုင်ခုံအစွန်းတွင် မတ်တပ်ရပ်၍ ခြေထောက်ကိုအားပြုပြီး စားပွဲပေါ်မှ ဝိညာဉ်သစ်သီးများကို ကြိုးစား၍မီအောင်လှမ်းသည်။ လနန်းတော်က ဧည့်သည်များအတွက် တည်ခင်းထားသည့် သစ်သီးများဖြစ်သည်။

အပြင်လောကတွင် အတော်လေးတန်ဖိုးကြီးလိမ့်မည်။

အရင်ကဆိုလျှင်တော့ လုယန်အတွက် ဝိညာဉ်သီးစားခြင်းသည် အလိုက်သိမှုပြခြင်းသာဖြစ်မည်။ သူ့ကျင့်စဉ်စွမ်းအားအတွက် သိပ်အကူအညီမရ။ သို့သော်ယခု သူစွမ်းအားမြန်မြန်ပြန်ရအောင် စားနေခြင်းဖြစ်သည်။

သူ့အကျင့်အတိုင်း သစ်သီးခွံကို လက်ဖြင့်ခွာသည်။ တစ်ဖဲ့ကိုက်စားသည်။ ခန္ဓာကိုယ်ကျုံ့သွားပြီးမှ ဝိညာဉ်သီးစားရသည်က ပုံမှန်နှင့်မတူ။ ခုနက အခန်းထဲတွင် လှည့်ပတ်လျှောက်၍ ကုန်ခန်းသွားသည့်အားအင်များ ချက်ချင်းပြန်ပြည့်လာသည်။

"ခန္ဓာကိုယ်သေးရတာလည်း သိပ်တော့မဆိုးလှပါဘူး"

ဝိညာဉ်သစ်သီးတစ်လုံးကို လက်ဖြင်ပိုက်ထားရင်း လုယန်ပြုံးနေသည်။ ထူးခြားဆန်းသစ်သည့် အတွေ့အကြုံဖြစ်သည်။

အရင်က ဝိညာဉ်သစ်သီးတစ်လုံးသည် သုံးလေးကြိမ်ကိုက်ဖဲ့ရုံဖြင့် ကုန်သွားသည်။ သို့သော်ယခု တစ်လုံးပင် ကုန်အောင်မစားနိုင်။

ထူးဆန်းသည့်လူရိပ်တစ်ခု လနန်းတော်ကောင်းကင်အထက်တွင် ပေါ်လာသည်။

နန်းတော်မှော်စက်ဝန်းက သူ့အတွက် ဘာအတားအဆီးမှမဖြစ်။ တိုက်ရိုက်တိုးဝင်သွားသည်။ မှော်စက်ဝန်းလည်း ဘာမှအချက်မပြ။

တည်နေရာအတိအကျသိနေဟန်ရှိသည်။ ထိုလူက လုယန်နေထိုင်သည့် ပထမဆုံးဧည့်သည်ဆောင်သို့ တန်းသွားသည်။ ဘယ်သူမှ သတိမထားမိကြ။

အမျိုးအမည်မသိ မသေမျိုးပညာတစ်ခုသုံး၍ တံခါးကို အရိပ်ပမာဖြတ်သန်းသွားသည်။ တံခါးဖွင့်စရာမလိုဘဲ အခန်းထဲသို့ တန်းရောက်သွားသည်။

ဖိတ်ခေါ်မထားသည့်ဧည့်သည်တစ်ယောက် ရောက်လာသည်ကို အာရုံခံမိသဖြင့် လုယန်ဖျတ်ခနဲ ခေါင်းမောင့်ကြည့်သည်။ သတိအနေအထား ပြင်လိုက်သည်။

"ဘယ်သူလဲ"

"ရှောင်လု၊ နတ်မယ်၊ ဒီအမွှာမြစ်က..."

လုယန် ထိုလူနှင့်မျက်လုံးချင်းဆုံသည်။ မောင်နှမနှစ်ယောက် ဘာစကားသံမှထွက်မလာတော့ဘဲ ခဏအသံတိတ်သွားသည်။

ယွမ်ကျိက မျက်တောင်တစ်ချက်ခတ်၍ ကလေးငယ်ကို စိုက်ကြည့်သည်။ ထိုကလေးလက်ထဲတွင် နည်းနည်းကိုက်ဖဲ့ထားပြီးဖြစ်သည့် ဝိညာဉ်သစ်သီးတစ်လုံးပိုက်ထားသည်။ ယွမ်ကျိ မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။

ကျူးဟုန်က ကလေးလိုချင်၍ အမွှာမြစ်ရေကို လာတောင်းသည်။ ဘယ်အချိန်ပြန်လာမည်မသိသည့် လုယန်ကို စောင့်နေလျှင် ကြာမည်စိုး၍ အမွှာမြစ်အကြောင်းမေးမြန်းဖို့ သူလိုက်လာခြင်းဖြစ်သည်။

လနန်းတော်ကိုဝင်သည့်အလုပ်က သူ့အတွက် အခက်အခဲမရှိ။ သို့သော် ယခု သူ့ဆရာတူမောင်လေး ဘာကြောင့်ကလေးအသွင်ပြောင်းသွားမှန်းမသိတော့။

"ရှောင်လု၊ မင်းဘယ်လိုဖြစ်သွားတာလဲ"

ယွမ်ကျိ အံ့ဩနေသည်။ ဤနန်းတော်သည် ဧည့်သည်ကို ထိုသို့ဆက်ဆံခြင်းလော...။ ရှောင်လုထွက်သွားစဉ်က လူကြီးတစ်ယောက်။ ယခု ကလေးဘဝပြောင်းနေသည်။

"ကျွန်တော် လုယန်မဟုတ်ပါဘူး"

လုယန် အမြန်ငြင်းသည်။ ယွမ်ကျိကိုလိမ်နေလည်း အကျိုးမထူးမှန်းသိသည်။ သို့သော် ဂုဏ်သိက္ခာအတွက် သူူဟန်ဆောင်ဖို့လိုသည်။

"ပြီးတော့ လုယင်လည်း မဟုတ်ပါဘူး"

အရေးကြီးသည့်အချိန် ရောက်နေသည်။ လုယန်ခန္ဓာကိုယ်ကျုံ့သွားသည်ကို ထုတ်မပြောဟု နတ်မယ်ကတိပေးထားသည်။ လုယန်ကို စနောက်ဖို့သာတွေးနေခဲ့သဖြင့် ယွမ်ကျိဝင်လာသည်ကို သတိမထားမိလိုက်။

သူပေါ့ဆခဲ့ခြင်းဖြစ်သည်။

မဟုတ်သေး။ ဤအတိုင်းဆက်နေလျှင် ကတိချိုးဖောက်ရာရောက်မည်။ သူ့ဂုဏ်သိက္ခာ ကျဆင်းသွားမည်။ ကတိကို ကတိနှင့်တူအောင် ထိန်းသိမ်းမှဖြစ်မည်။

နတ်မယ် သိစိတ်နယ်မြေမှ စိုးရိမ်တကြီး ပျံထွက်လာသည်။ သူ့ပေါ့ဆမှုအတွက် ပြန်ဖုံးဖိ‌ပေးဖို့လိုသည်။ သူ့ဦးနှောက်များ အမြန်ဆုံးအရှိန်ဖြင့် အလုပ်လုပ်နေသည်။

"ရှောင်ယွမ်၊ နင်အထင်မှားနေပြီထင်တယ်။ ရှောင်လုက ခန္ဓာကိုယ်ကျုံ့မသွားပါဘူး။ ဒါက ရှောင်ယန်မဟုတ်ဘူး။ သူက ငါနဲ့ရှောင်ယန်ရဲ့ကလေးမို့လို့ ရှောင်ယန်နဲ့တူနေတာပါ"

ယွမ်ကျိ "..."

*******************************

အခန်း (၉၄၅) ဝတ်စုံ

ဘယ်လိုပြဿနာကြုံကြုံ စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာဖြေရှင်းနိုင်သည်ဟု ယွမ်ကျိ ကိုယ့်ကိုယ်ကို ယုံကြည်ထားသည်။

ဥပမာ ကူးဖြတ်ခြင်းအဆင့်တွင် သူဖြတ်ကျော်ခဲ့ရသည် ကောင်းကင်ဆင်းရဲ။ မသေမျိုးတစ်ယောက်နှင့် ပထမဆုံးရင်ဆိုင်ရသည့်တိုက်ပွဲ။ လုယန်၏ ထူးခြားသည့်မှော်ပညာပါရမီကို မြင်ခဲ့ရသည့်အချိန်...

တစ်ချို့ပြဿနာများကို မဖြေရှင်းသော်လည်း အနည်းဆုံးတော့် ဣန္ဒေမပျက်အောင် သူ့ကိုယ်သူထိန်းနိုင်ခဲ့သည်။

သို့သော် နတ်မယ်စကားကြားပြီးနောက် သူ့စိတ်များ တကယ်ရှုပ်ထွေးသွားသည်။

"ဘုတ်"

စိတ်ခြောက်ခြားလွန်းသဖြင့် လုယန်လက်ထဲမှ ဝိညာဉ်သစ်သီး ပြုတ်ကျ၍လိမ့်ထွက်သွားသည်။

"ကျုပ်..ကျုပ်လုယန်ပါ"

ကိုယ့်ကိုယ်ကို အမြန်အတည်ပြုလိုက်ရသည်။ နတ်မယ်ကို ဘာမှဆက်ပြောခွင့်မပေးရဲ။

ယခု အမယွမ်က နတ်မယ်ကိုမတိုက်ခိုက်လျှင် ကံဆိုးသူက သူသာဖြစ်လာမည်။

ဧည့်ခန်းထဲတွင် လုယန်နှင့်နတ်မယ် ဘေးချင်းယှဉ်ဒူးထောက်၍ ယွမ်ကျိ၏ ဆူပူကြိမ်းမောင်းမှုကို ခံယူနေသည်။

ယွမ်ကျိက လက်ထဲတွင် သံပေတံတစ်ချောင်းကိုင်၍ သူတို့ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ နှစ်ယောက်လုံး မလှုပ်ရဲ။ ခေါင်းမော့မကြည့်ရဲ။ ပေတံရိုက်ချက်ကျလာမည်ကို ကြောက်သည်။

"အကြီးအကဲနတ်မယ်၊ လက်လွတ်စပယ်ပြောလို့မရတဲ့ တစ်ချို့စကားတွေရှိတယ်။ ပြောမိရင် ဒုက္ခရောက်နိုင်တယ်။ ရှင်နားလည်လား။

ရှောင်လု စိတ်မထိခိုက်အောင် ရှင်ကာကွယ်ချင်တာကို နားလည်တယ်။ ဒါပေမယ့် စည်းမကျော်နဲ့။ အပြင်လူတွေသာ ဒီစကားမျိုးကြားရင် ရှင်နဲ့ရှောင်လုကြားမှာ တစ်ခုခုပတ်သက်နေပြီထင်သွားနိုင်တယ်။ ရှင်တို့နှစ်ယောက်လုံး သိက္ခာကျမှာ"

"ငါမှားသွားပါတယ်။ နောက်ထပ် ဘယ်တော့မှ မလိမ်တော့ပါဘူး"

နတ်မယ်က အရိုးခံလေသံဖြင့် ဦးညွှတ်၍ပြောသည်။ ဝိညာဉ်ခန္ဓာဖြစ်နေ၍သာမဟုတ်လျှင် တောင်းပန်စာပင် ရေးတင်လိုက်ချင်သည်။

နတ်မယ်က ရိုးသားစွာအမှားဝန်ခံနေသဖြင့် ယွမ်ကျိ၏ စိုးရိမ်စိတ်လည်း များစွာလျော့ပါးသွားသည်။

နည်းနည်း ခြိမ်းချောက်ထားရုံသာဖြစ်သည်။ ပေတံနှင့် သူတကယ်မရိုက်ပါ။

သို့သော် အင်ပါယာထိုင်ခုံကို ကောင်းကင်ဂိတ်တောင်ထိပ်တွင် ထားခဲ့သည်။ ယူမလာခဲ့မိ။ ထို့ကြောင့် ဧည့်ခန်းထဲမှ သာမန်ထိုင်ခုံတစ်လုံးယူ၍ သူတို့ရှေ့တွင်ထိုင်ပြီး လုယန်ပြောပြသည့် အဖြစ်အပျက်ကို နားထောင်သည်။

"ဒါဆို ပြဿနာက သံလွင်သစ်ပင်ကနေ စခဲ့တာပေါ့။ သံလွင်ပင်ကို မီးရှို့လို့ မင်းခန္ဓာကိုယ်ကျုံ့သွားတာလား"

"ကျုပ်တစ်ယောက်တည်းမဟုတ်ပါဘူး။ လနန်းတော်ကတပည့်တွေအားလုံး အဲလိုဖြစ်နေတာပါ"

ယွမ်ကျိ ခေါင်းငြိမ့်သည်။ ပြဿနာက သိပ်မကြီးသလို သိပ်လည်းမသေးလှ။ ကျိုးယွီလုပြောပုံအရ ခန္ဓာကိုယ်ကျုံ့ခြင်းနှင့် ကျင့်စဉ်စွမ်းအားဆုံးရှုံးမှုက ယာယီသာဖြစ်သည်။ ထိုအချိန်အတွင်း အခန်းအောင်းနေလျှင် ဘာပြဿနာမှမရှိနိုင်။

သို့သော် လနန်းတော်ထဲသို့ သူ့လိုခိုးဝင်လာသူမရှိလျှင်တော့ အကောင်းဆုံးဖြစ်မည်။

"အမယွမ်၊ ကျုပ်ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လုပ်ပေးဖို့ နည်းလမ်းရှိလား"

ဘက်စုံတော်သည့်ယွမ်ကျိကို လုယန် အားကိုးတကြီးကြည့်သည်။ ကလေးခန္ဓာကိုယ်နှင့်နေရသည်က တကယ်အဆင်မပြေ။ ထိုင်ခုံပေါ် တွယ်တက်ရသည်။ ဝိညာဉ်သစ်သီးကို မီအောင်မနည်းကြိုးစားရသည်။

ယွမ်ကျိက ပြန်မဖြေဘဲ လက်ယပ်ခေါ်သည်။

"လာပါဦး၊ ငါစစ်ဆေးကြည့်မယ်"

"ဟုတ်"

ယွမ်ကျိက လုယန်၏ပါးကို ညှစ်သည်။ ခေါင်းကိုလက်ဖြင့်အုပ်ကြည့်သည်။ ထို့နောက် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ လုယန်၏ မျှော်လင့်ချက်များ ရေစုန်‌မျောသွားသည်။

"မရဘူး။ ငါက ဆေးပညာမကျွမ်းကျင်ဘူး။ မင်းအခြေအနေက သူ့ဘာသာပြန်ကောင်းတဲ့အထိ စောင့်ရုံပဲရှိတယ်"

နတ်မယ် တွေးမရဖြစ်သွားသည်။ ဤကိစ္စက တကယ်ထိုမျှခက်ခဲသလော...

သူလည်း ဆေးပညာမကျွမ်းကျင်ပါ။ သို့သော် ရှောင်လုကို ပုံမှန်အသွင်ပြန်ပြောင်းပေးဖို့ သူ့အတွက် မခက်ခဲလှ။ သို့သော် အသွင်ပြန်ပြောင်းလိုက်လျှင် လုယန်ကို ယခုလို လွယ်လွယ်နှိပ်စက်နိုင်တော့မည်မဟုတ်။

ခုနက ယွမ်ကျိသူ့ကို မလိမ်ဖို့ ဩဝါဒချွေခဲ့သည်။ ထို့ကြောင့် ယခု ယွမ်ကျိပြောနေသည်မှာ အမှန်ဖြစ်လောက်သည်။ တကယ်လုပ်နိုင်စွမ်းမရှိ၍သာ ပြောခြင်းဖြစ်မည်။

ဤအပိုင်းတွင် ယွမ်ကျိ သူ့လောက်တော်ပုံမရ။ ထိုအတွေးကြောင့် နတ်မယ်ပျော်နေသည်။ ဉာဏ်ရည်အပြင် ယွမ်ကျိထက်သာသည့် နောက်ထပ်နယ်ပယ်တစ်ခု သူရှာတွေ့လာပြီဖြစ်သည်။

"မင်းမှာ သင့်တော်တဲ့အဝတ်အစားမရှိဘူးလား"

လုယန်၏ ဒရွတ်တိုက်ကျနေသည့်ဝတ်စုံကိုကြည့်၍ ယွမ်ကျိကမေးသည်။

"မရှိဘူး"

"ဒါဆို ငါ့ကို အဝတ်တစ်ခုလောက်ရှာပေး။ ငါမင်းအတွက် ဝတ်စုံချုပ်ပေးမယ်"

လုယန် ပျော်သွားသည်။

"အမယွမ်က ဝတ်စုံချုပ်တတ်တယ်ပေါ့"

"ငါငယ်ငယ်တုန်က သင်းထားတယ်။ ဒါပေမယ့် ဒီပညာကို မသုံးဖြစ်တာကြာပြီ။ မမေ့လောက်သေးဘူး ထင်တာပဲ"

လုယန် အဝတ်သွားရှာသည်။ သို့သော် လက်ရှိအဝတ်အစားမှလွဲလျှင် ကျန်သည့်ဝတ်စုံအားလုံး ကျောက်စိမ်းတံဆိပ်ထဲတွင် ထည့်ထားကြောင်း ပြန်သတိရလာသည်။

ယခု ကျောက်စိမ်းတံဆိပ်ဖွင့်ဖို့လည်း သူစွမ်းအားမရှိ။

ယွမ်ကျိက သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ဝတ်စုံတစ်ခု ကူထုတ်ပေးသည်။ ထိုစွမ်းရည်က ကျင့်စဉ်စွမ်းအားနှင့်မဆိုင်။ ဂိုဏ်းချုပ်တစ်ယောက်၏ အထူးအခွင့်အရေးဖြစ်သည်။

လုယန်၏ကိုယ်အတိုင်းအတာကို သေချာယူသည်။ ဝတ်စုံဒီဇိုင်းကို စိတ်ထဲတွင် ပုံဖော်သည်။ သူ့လက်ချောင်းကို ဓားအဖြစ်သုံး၍ အဝတ်ကို ကွက်တိကျအောင်ဖြတ်တောက်သည်။

ထို့နောက် သူ့ကိုယ်ပိုင်ကျောက်စိမ်းတံဆိပ်ထဲမှ အပ်ချုပ်ပစ္စည်းများကိုယူပြီး လုယန်အတွက် ဝတ်စုံစချုပ်သည်။ ဖြတ်တောက်သည်။ ချုပ်သည်။ ဒီဇိုင်းဖော်သည်။ အရစ်အတွန့်များ ထည့်သည်...

လှုပ်ရှားမှုများက ချောမွေ့နေသည်။ သူပြောခဲ့သလို အချိန်အတော်ကြာ ဝတ်စုံမချုပ်ခဲ့ဖူးသည့် လူတစ်ယောက်နှင့် လုံးဝမတူ။ ဝတ်စုံချုပ်သည့်ပညာတွင် သူ့ထက်သာသည့်လူမျိုး လုယန်မတွေ့ဖူး။

"ပြီးပြီ"

ယွမ်ကျိက ဝတ်စုံကို ဖျတ်ခနဲဝှေ့ယမ်းလိုက်သည်။ လှပသည့်ဝတ်စုံတစ်ခု အပြီးသတ်သွားသည်။ အဖြူရောက်အောက်ခံနှင့် အပြာရောင်ထပ်တွန့်များရှိနေသည်။ လုယန်က ဝတ်စုံကို အဖိုးတန်ရတနာတစ်ခုလို ဂရုတစိုက်လှမ်းယူသည်။

မည်သို့ဆိုစေ အမယွမ်ကိုယ်တိုင်လုပ်ပေးသည့် ပစ္စည်းမျိုး သူပထမဆုံးရဖူးခြင်းဖြစ်သည်။ အဝတ်တန်ဖိုးက အရေးမကြီး။ စေတနာက တန်ဖိုးကြီးသည်။

"ဒါနဲ့နတ်မယ်၊ လနန်းတော်ကလူတွေကို အမွှာမြစ်ရေသောက်ခွင့်ပေးမှာလား"

သူ့လာရင်းရည်ရွယ်ချက်ကို ယွမ်ကျိ ပြန်သတိရလာသည်။

"အင်းလေ၊ သူတို့က ကလေးလိုချင်တယ်မဟုတ်လား။ အမွှာမြစ်ရေက သူတို့လိုချင်တာနဲ့ ကွက်တိပါပဲ"

"မြစ်ရေသောက်တဲ့နေရာမှာ သီးခြားသတ်မှတ်ချက်မျိုးရှိလား။ တစ်ခါသောက်ရင် ဘယ်လောက်သောက်ရမယ်ဆိုတာမျိုးပေါ့"

"ငါမသေမျိုးဖန်တီးထားတဲ့အရာတွေက အဲလောက်ဇယားမရှုပ်ပါဘူး။ တစ်ခွက်အပြည့်သောက်လိုက်ရုံပါပဲ။ ဒီထက်ပိုသောက်လည်း ကိစ္စမရှိဘူး။ မြစ်ထဲကို ဒိုက်ပစ်ခုန်ဆင်းရင်လည်းရတယ်။ ရေထပ်သောက်လည်း လေးမွှာပူးမွေးတာမျိုး မဖြစ်ဘူး။

ပြီးတော့ လူတစ်ယောက်ဟာ မြစ်ရေကို တစ်သက်မှာတစ်ကြိမ်ပဲ သောက်လို့ရတယ်။ နောက်တစ်ကြိမ်ထပ်သောက်ရင် ဘာအာနိသင်မှမရှိတော့ဘူး။ သာမန်မြစ်ရေနဲ့ ဘာမှမကွာတော့ဘူး"

ယွမ်ကျိခေါင်းငြိမ့်သည်။ အမွှာမြစ်ရေသည် သားအမိမြစ်နှင့် သုံးစွဲပုံချင်း အတော်တူသည်။ အာနိသင်သာ နည်းနည်းကွာသည်။

"ကဲ ရှောင်လု၊ ဒါဆို လနန်းတော်မှာ မင်းကိုယ်မင်း ဂရုစိုက်ပါ။ ဂိုဏ်းကိုပြန်လာချင်တဲ့အချိန်ကျရင် ပြန်လာခဲ့ပေါ့"

ယွမ်ကျိ နှုတ်ဆက်၍ ထရပ်သည်။ ထင်မှတ်မထားသည့် အပြောင်းအလဲတစ်ချို့ ကြုံခဲ့ရသော်လည်း လာရင်းရည်ရွယ်ချက် ပြီးသွားပြီဖြစ်သည်။

ယွမ်ကျိထွက်သွားပြီးနောက် လုယန်က နတ်မယ်ကို မျက်စိမှိတ်ခိုင်းသည်။

"ကျုပ်အဝတ်လဲတော့မယ်"

"စိတ်မပူပါနဲ့။ ငါခိုးမကြည့်ပါဘူး"

လုယန် အဝတ်အစားအမြန်လဲသည်။ သူ့ခန္ဓာကိုယ်နှင့် ကွက်တိကျသည်။ သူ့ဟန်ပန်တစ်ခုလုံး ပြန်လည်အသက်ဝင်လာသည်။ အစောပိုင်းက အဝတ်အစားကိုစောင်လိုခြုံ၍ လူမမာတစ်ယောက်လို သူနေခဲ့ရသည်။

သူအဝတ်လဲပြီးစမှာပင် တံခါးခေါက်သံကြားလိုက်ရသည်။

"အကိုလုယန်၊ အကိုအထဲမှာရှိလား"

"ဝင်ခဲ့ပါ"

လန်ထင်ဝင်လာသည်။ အဝတ်အစားသစ်ဝတ်ထားသည်။ နောက်ထပ်အဝတ်တစ်စုံကိုကိုင်၍ မပွင့်တပွင့်ပြုံးနေသည်။

"အကိုလုယန်၊ ကျွန်မတို့အကြီးအကဲတစ်ယောက် တောင်ပေါ်ကဆင်းပြီး လူတိုင်းအတွက် ဝတ်စုံတွေဝယ်လာတယ်။ ဒါပေမယ့် အကို့အကြောင်း သူမေ့သွားလို့ မိန်းကလေးဝတ်စုံတွေပဲ ပါလာတယ်။ အဆင်ပြေမလားတော့မသိ...အဲ၊ အကိုက ဝတ်စုံရထားပြီလား"

ကွက်တိကျဝတ်စုံဝတ်ထားသည့် လုယန်ကိုကြည့်၍ လန်ထင်အံ့ဩနေသည်။ သူ့အကြံမအောင်မြင်တော့မှန်း နားလည်သွားသည်။

"ဪ ဟုတ်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် ငါ့ဆီမှာ ကလေးဝတ်စုံတစ်ခု ပါလာတယ်လေ"

လယန်က ရယ်ကျဲကျဲဖြင့်ပြောသည်။ အမယွမ်က သူ့အအတွက် ဝတ်စုံသစ်တစ်ခု ချုပ်ပေးသွားသည်ဟု ပြော၍မဖြစ်။

လန်ထင်က လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။

ဘာကြောင့် အကိုလုယန်က ကလေးဝတ်စုံကို ယူလာသည်မသိ။

***********************************

All Chapters