အပိုင်း(၂၀၁)-တစ်စုံတစ်ယောက်အား ကယ်တင်ခြင်း
Vol. 003 Ch. 201
ရှီမာယူယူ မသိစိတ်မှ မျက်ခုံးများပင့်မိသည်။ သူမ ဘယ်လိုများ သိပါလိမ့်။
ဘိုင်ယွန်ရွှီသည် လူများကို လိုက်ပို့ပြီး ပြန်ရောက်လာသည်။ စွန်းရန်ရန်ပြောသည်ကို သူကြားလိုက်ချိန်တွင် သူမေးလိုက်သည် “ယူယူ ငါ့အဖေကို ကယ်ဖို့နည်းလမ်းရှိသေးလား”
ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “ဦးလေးရဲ့ ကြွက်သားနဲ့ အရွတ်တွေ ပြတ်သွားပေမယ့် ငါပြန်ဆက်ပေးလိုက်ရင် သူအဆင်ပြေသွားမှာပါ၊ ငါအခုဒါကို မပြောတာက အပြင်ကလူတွေ ဒီအခြေအနေကို မသိစေချင်လို့လေ”
“ဘာလို့လဲ” ဘိုင်ယွန်ရွှီ နားမလည်ပေ။
“အပြင်ကလူတွေ ပြုမူနေတာကိုကြည့်ရတာ ဦးလေးက သာမာန် ဒဏ်ရာရတာတော့မဟုတ်လောက်ဘူး၊ သူ့ကို တစ်ယောက်ယောက်က ဒုက္ခပေးတာလို့ထင်တယ်၊ အဲလိုဆိုရင် တစ်ဖက်လူက ဦးလေး ကယ်လို့မရဘူးလို့ ထင်နေလောက်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်တယ်” စွန်းရန်ရန်ပြောလိုက်သည်။
“ဦးလေးက ငါတို့ကြောင့် ဒဏ်ရာရတယ်လို့ အဲလူတွေပြောတာ ငါကြားလိုက်တယ်” ရှီမာယူယူသည် ထိုအကြောင်းအား စိတ်ထင့်နေခဲ့သည်။
“ယူယူ ငါ့အဖေကို အရင်ကယ်ပါဦး” ဘိုင်ယွန်ရွှီသည် အကြောင်းအရင်းအား မပြောချင်ပေ။
“နောက်ကြောင်းပြန်ဆေးက ဦးလေးရဲ့ ခန္ဓာကိုယ်ကို ကုသနေတုန်းပဲ၊ အဲအချိန်အတွင်း သူ့ကို လှုပ်ရှားအောင်လုပ်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “ဦးလေး ဘာလို့ဒဏ်ရာရတာလဲဆိုတာကို မင်းပြောရမယ်”
ဘိုင်ယွန်ရွှီသည် သူ့အမေအားကြည့်ပြီး ပြောလိုက်သည် “အဖေက ခြယ်လှယ်ခြင်းစစ်တပ်ကလူတွေရဲ့ တိုက်ခိုက်ခြင်းခံရတယ်၊ မင်းတို့ကို သူတို့လက်ထဲမအပ်လို့တဲ့”
“ခြယ်လှယ်ခြင်းစစ်တပ် ဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်တော့ အရင်ရက်တွေတုန်းက ရှင်းမင်က လူတွေခေါ်လာပြီး မင်းတို့က ရှင်းဝူကို သတ်တယ်လို့ ပြောပြီး ငါ့အဖေကို မင်းတို့ကို အပ်ခိုင်းတယ်” ဘိုင်ယွန်ရွှီ ပြောလိုက်သည် “ဒါပေမယ့် မင်းတို့က ငါ့အတွက် ရှင်းဝူကို သတ်လိုက်လို့ မင်းတို့ကို မပေးနိုင်ဘူးလို့ပြောတယ် ပြီးတော့ မင်းတို့ကို မပြောဖို့နဲ့ ငါတို့အိမ်မှာ မင်းတို့ကို ပုန်းခိုင်းထားတယ်”
“အဲဒါကြောင့် မင်းတို့က ငါတို့ကို လတ်တလောကို အိမ်အပြင်မထွက်ခိုင်းတာကိုး” ရှီမာယူယူသည် ဒေါသချောင်းချောင်းထွက်ကာ လက်သီးဆုပ်မိတော့သည်။
“အင်း ငါတို့မစ်ရှင်လက်ခံရရှိတော့ ငါ့အဖေက သူ့ဘာသာလုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ၊ ဒါပေမယ့် အဲရှီယူရှီက ပြန်သွားပြီး တော်ဝင်အပျိုတော်ဆီက စံတင်အဆင့် ဝိညာဉ်သခင်နှစ်ယောက်လွှတ်ခိုင်းပြီး ငါ့အဖေ အပြင်မှာ မစ်ရှင်လုပ်နေတုန်း တိုက်ခိုက်တာပဲ၊ သူ့လူတွေသာ ငါ့အဖေကို မကာကွယ်ရင် အဖေကတော့ အရိုးတစ်ခုမှကို ကျန်မှာမဟုတ်ဘူး” ထိုအကြောင်းပြောနေစဉ်တွင် ဘိုင်ယွန်ရွှီသည် ဒေါသထွကနေသဖြင့် သူ၏သွေးကြောများသည် ပေါက်ထွက်မတတ်ထောင်နေခဲ့သည်။
“မင်းတို့ ငါတို့ကို ဘာလို့စောစောမပြောတာလဲ ငါတို့သိရင် ဒီလိုမဖြစ်…” ရှီမာယူယူသည် အံကြိတ်လိုက်သည်။
“မင်းတို့က ငါတို့ရဲ့ ကယ်တင်ရှင်လေ ဘယ်လိုလုပ်မင်းတို့ကို ပေးရမှာလဲ” ဘိုင်ယွန်ရွှီသည် ရှီမာယူယူ၏ ပခုံးကို ပုတ်လိုက်သည်။
“ခြယ်လှယ်ခြင်းစစ်တပ်က ငါတို့ကို အမြဲတမ်းရန်စချင်နေတာ၊ ရှင်းဝူရဲ့ အခြေအနေကြောင့် အဆင်သင့်သွားတာပေါ့” စွန်းရန်ရန်ပြောလိုက်သည် “မင်းတို့ ဒီမှာမရှိရင်လည်း တခြားအကြောင်းရှာပြီး ငါတို့ကို တိုက်ခိုက်မှာပဲ၊ အဲဒါအတွက် စိတ်ထဲမထားနဲ့”
ဘယ်လိုလုပ် စိတ်ထဲမထားရမှာလဲ။
“သူတို့က စံတင်အဆင့် ဝိညာဉ်သခင်နှစ်ယောက်ပို့လိုက်တယ်လို့ မင်းပြောတာလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း ရှင်းမိုက ပို့လိုက်တာ” ဘိုင်ယွန်ရွှီ် ပြောလိုက်သည်။
“ရှင်းမို ဟုတ်လား၊ ရှီယူရှီ ရဲ့ အမေလား”
“ဟုတ်တယ်” ဘိုင်ယွန်ရွှီ ခေါင်းညိတ်လိုက်သည် “ရှင်းမင်က အစ်ကိုအကြီးဆုံး၊ ရှင်းမိုက အလတ်နဲ့ ရှင်းဝူက အငယ်ဆုံးပဲ၊ အစက ခြယ်လှယ်ခြင်းစစ်တပ်က သေးသေးလေးပဲ ဒါပေမယ့် ဘုရင်ကြီးုက ရှင်းမိုကို မျက်စိကျသွားပြီး သူ့ကိုယ်လုပ်တော်အဖြစ်နဲ့ ခေါ်သွားခဲ့တယ်၊ ရှင်းမိုက တော်ဝင်အပျိုတော်ဖြစ်သွားတာနဲ့ ရှီယူရှီရဲ့ အရည်အချင်းကြောင့် ခြယ်လှယ်ခြင်းစစ်တပ်က အင်အားကြီးလာတာပဲ သူတို့က ခဏလေးအတွင်းကို စစ်တပ်သုံးခုထဲမှာ အားအကြီးဆုံးဖြစ်လာတာပဲ၊ ငါတို့ရှင်းဝူကို သတ်လိုက်တာကို သူတို့ဘယ်လို သိလဲတော့ မသိဘူး၊ အဲဒါက ငါတို့ကို ပြဿနာရှာဖို့ ဆင်ခြေရသွားတာပဲ၊ ရှင်းဝူအတွက် လက်စားချေဖို့ ရှင်းမိုက စံတင်အဆင့် ဝိညာဉ်သခင်တွေ လွှတ်လိုက်တာပဲ”
ဘိုင်ယွန်ရွှီ ပြောသည်ကို ကြားပြီးနောက် ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
လအနောက်တိုင်းပြည်၏ တော်ဝင်အပျိုတော် ဒါက….
“ဟူး အမေပြောသလိုပဲ ခြယ်လှယ်ခြင်းစစ်တပ်က ငါတို့ကို ပစ်မှတ်ထားခဲ့တာ ကြာပြီ၊ ဒီလိုမဖြစ်ရင်တောင် တခြားတစ်ခုဖြစ်လာမှာပဲ” ဘိုင်ယွန်ရွှီသည် ရှီမာယူယူ၏ အမူအရာ ညိုးသွားသည်ကို မြင်သည့်အခါတွင် နှစ်သိမ့်ပေးလိုက်သည်။
ရှီမာယူယူ ထိုမိသားစုအား ကြည့်မိသည်။ သူတို့ငါးယောက်ကြောင့် ဒီအခြေအနေထိဖြစ်ခဲ့ပြီး သူတို့ကို တခြားသူလက်မအပ်ပဲ ဒီအခြေအနေအား သူတို့ကို ပင်ပြန်နှစ်သိမ့်နေသည်။ သူတို့က ရူးတာလား အ,တာလား သူမ မသိတော့ပေ။
သို့သော် ထိုသဘောထားများကြောင့် သူမ စိတ်လှုပ်ရှားမိသည်။
“မင်းတို့နားပါဦး ငါ ဦးလေးကို ဂရုစိုက်ပါမယ်” သူမ ခံစားချက်အား ဘယ်လိုဖော်ရမည်ကို သူမ မသိတော့ပဲ သူတို့အား အခိုင်အမာ သက်သေပြရန် ရွေးချယ်လိုက်သည်။
လအနောက်တိုင်းပြည်၏ တော်ဝင်ကိုယ်လုပ်တော်ဟုတ်လား၊ ကောင်းတယ် အရမ်းကောင်းတယ်။
“ယူယူ ငါ့အဖေ အရင်လိုပြန်ဖြစ်နိုင်ပါ့မလား” ဘိုင်ယွန်ရွှီသည် ရှီမာယူယူအား မေးရင်းကြည့်လိုက်သည်။
“အင်း” ရှီမာယူယူသည် အိပ်ရာဘေးလာကာ ဘိုင်ယွန်ရွှီ၏ အခြေအနေအားကြည့်ပြီးပြောလိုက်သည် “ပတ်ဝန်းကျင် တိတ်ဆိတ်နေဖို့လိုတယ် တခြားသူတွေကို ထွက်ခိုင်းလိုက်တာ ကောင်းမယ်”
ထိုသည်မှာ အထဲမှလက်ရှိအခြေအနေအား ဘယ်သူမှမသိရန် ရှောင်ရှားလိုက်ခြင်းဖြစ်သည်။
“ကိစ္စမရှိဘူး”
“ငါ့အတွက် ရေတစ်ဇလုံပြင်ပေး အင်း… သုံးမီတာရှည်ပြီး တစ်မီတာ အနက်ရှိတဲ့ ဟာလောက်”
“ကောင်ပြီ”
“ပြီးတော့ ဘေဂုံထန်နဲ့ ဝူရန်ဖေတို့ ငါနဲ့လိုက်ပြီး ကူပေး”
ထိုအချိန်တွင် အပြင်ထွက်သွားသော စွန်းရန်ရန်သည် ဘိုင်ယွမ်ချွန်း၏ အသက်ကို ရှီမာယူယူ ကယ်ချင်သည့်အကြောင်းကို ပြောပြနေသည်။ ထိုလူများ ဘိုင်ယွမ်ချွန်း၏ အခြေအနေအား မေးသောအခါ စွန်းရန်ရန်သည် နှာခေါင်းများနီရဲကာ ရှီမာယူယူ ပြောသည့်အတိုင်းပြန်ပြောလေသည်။
သူ၏ ဒဏ်ရာများ ကုသနေသည်ဟု ထိုလူများကြားသောအခါ အမူအရာများပြောင်းလဲသွားကြသည်။
“ရှေ့လျောက် သူ အိပ်ရာထဲမှာပဲ လှဲနေရမယ်ဆိုရင်တောင် ငါသူ့ကို ကယ်ချင်သေးတယ်၊ သခင်ကြီး ကျသွားရင်တောင် စစ်တပ်က ကျဆုံးမသွားဘူး၊ မင်းတို့အားလုံး လုပ်သင့်တာ သွားလုပ်ကြ၊ ရှုပ်ထွေးမသွားကြနဲ့ နားလည်လား”
“နားလည်ပါတယ်”
“လူစုခွဲတော့” စွန်းရန်ရန်သည် လက်ဝေ့ပြလိုက်ရာ ထိုလူများသည် အိမ်မှ ထွက်ခွာသွားလေသည်။
ဘေဂုံထန်နှင့်တခြားသူများသည် မလှုပ်မယှက်ရပ်နေကြသည်။ ထိုအခါမှသာ ဘိုင်ယွမ်ချွန်း ဒဏ်ရာရသည့် အကြောင်းအရင်းကို သိကြရာ သူတို့လေးယောက်သည် ကိုယ့်ကိုယ်ကို အပြစ်တင်ကြသည်။ တတ်နိုင်သလောက် လုပ်ပေးရန်လည်း အလိုရှိကြသည်။
“မင်းတို့ ဝင်လို့ရပါတယ်” စွန်းရန်ရန် သူတို့ကို ပြောလိုက်သည်။
ဘေဂုံထန်နှင့် တခြားသူများသည် ဝင်လာသည်ကို မြင်သည်နှင့် တုလေးသည် သူတို့နှင့်အတူလိုက်ဝင်သည်။
“ယူယူ ဦးလေးက…. သူတကယ်ပဲ….” ဖက်တီးကျူသည် ဘိုင်ယွမ်ချွန်း အိပ်ရာပေါ်တွင် အသက်မြော့မြော့ဖြင့် လဲနေသည်ကို မြင်လိုက်ရသည်။
“သူကယ်လို့ရသေးတယ်” ရှီမာယူယူပြောလိုက်သည် “ဒါပေမယ့် မင်းတို့ အကူအညီလိုတယ်”
“မင်းတို့လိုချင်တာရှိရင် ငါတို့ကိုပြော”
“ကောင်းပါပြီ”
ခဏအကြာတွင် ရှီမာယူယူ တောင်းထားသော ရေဇလုံရောက်လာသည်။ သူမသည် ဘိုင်ယွန်ရွှီအား ကန်ထဲသို့ ရေဖြည့်ခိုင်းပြီး ဘေဂုံထန်နှင့် ဝူရန်ဖေတို့နှင့် အတူတကွ လုပ်ဆောင်ကြသည်။ သူတို့သုံးယောက်သည် ဆေးဖက်ဝင်အပင်များ ထုတ်ယူကာ ရေထဲသို့ထည့်လိုက်ကြသည်၊ ရေအရောင်ပြောင်းသွားသောအခါ ဘေဂုံထန်နှင့် တခြားသူများသည် ဘိုင်ယွမ်ချွန်၏ ခန္ဓာကိုယ်မှ အပ်များထုတ်ကာ ဘိုင်ယွန်ရွှီသည် သူ့အား ဖက်ပြီး ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။
“ယွန်ရွှီ မင်းဦးလေးကို သေချာကိုင်ထား၊ သူ့ကို လဲမကျသွားစေနဲ့” ရှီမာယူယူ ပြောလိုက်သည်။
“ငါနားလည်ပါတယ်” ဘိုင်ယွန်ရွှီ ပြောလိုက်သည်။
ရှီမာယူယူသည် ဘေဂုံထန်နှင့် တခြားသူများကို ဆေးများ ဆက်ဖော်ခိုင်းထားပြီး သူမသည် ဘိုင်ယွမ်ချွန်းနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ သွေးကြောများစီးဝင်ခြင်းကို ညွှန်ပြပေးနေသည်။ တစ်ချိန်တည်း မှာပင် ဝိညာဉ်ချီရှိနေသေးသော အပ်များနှင့် သွေးကြောများ ဆက်သွယ်လျက်ရှိသေးသည်။
သူမသည် အရာရာတိုင်းအား စိတ်နှစ်မြှုပ်ထားရန် အထူးလိုအပ်သည်။ အိမ်ထဲတွင် ဘေဂုံထန်နှင့် ဝူရန်ဖေအပြင် ရေထဲတွင်ရှိသော ဘိုင်ယွန်ရွှီနှင့် ဘေးတွင် စွန်းရန်ရန်သာရှိသည်။ သူတို့၏ လုံခြုံမှုအား စောင့်ရှောက်ရန် ခေါ်ထားသော ဟာစွန်လည်းရှိနေသည်။
သူမ ထိုကဲ့သို့ လုပ်ဆောင်နေသည်ကို တွေ့သည်နှင့် ဘယ်သူမှ အသက်ပြင်းပြင်မရှုရဲကြပေ။
ရှီမာယူယူ ရပ်ခိုင်းမှသာ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ရေထဲရှိ ဆေးပါဝင်မှုအနေအထားထိန်းညှိပြီး ဆေးဖော်စပ်ခြင်းအား ရပ်တန့်လိုက်ကြသည်။
သူတို့သည် ထိုနည်းအတိုင်းသုံးရက်ပြုလုပ်ကြသည်။ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ရှီမာယူယူ၏ အပြင်းအထန် လမ်းညွှန်မှုကြောင့် စိတ်စွမ်းအင်များ အလွန်အကျွံသုံးလိုက်ရသဖြင့် ခြေကုန်လက်ပန်းကျနေကြသည်။