အပိုင်း(၂၀၂)-သေရေးရှင်ရေး အခြေအနေ
Vol. 003 Ch. 202
ဘိုင်ယွန်ရွှီသည် ဘိုင်ယွမ်ချွန်းအား အနောက်မှ ကိုင်ထောက်ပေးထားသည်။ ရှီမာယူယူ၏ မျက်နှာသည် အရွတ်များ ပြန်ဆက်ရန် အားထုတ်မည့် အနေအထားနှင့် အံကြိတ်ထားသည်ကို မြင်သည်နှင့် ဘိုင်ယွန်ရွှီ အလွန်အမင်းစိတ်လှုပ်ရှားမိသွားသည်။
သုံးရက်အကြာတွင် ရှီမာယူယူသည် အပ်များသိမ်းလိုက်ကာ သူ့အား ဆေးထုတ်ပြီး တိုက်လိုက်သည်။ ထို့နောက်တွင် သူမသည် ဘိုင်ယွန်ရွှီအား ပြုံးပြကာ ပြောလိုက်သည် “ပြီးပြီ”
သူမ ပြောပြီးနောက် နောက်ပြန်လဲကာ မေ့မြောသွားလေသည်။
“ယူယူ”
“ယူယူ”
ခေါ်သံများသည် တစ်ပြိုင်နက်ထွက်လာသည်။ ဘိုင်ယွန်ရွှီသည် ဘိုင်ယွမ်ချွန်းအား ကိုင်ထားရသဖြင့် သူမအား ဖမ်းရန် လက်ဆန့်ထုတ်လိုက်သော်လည်း ဖမ်းမမိလိုက်ပေ။
သူမ ခေါင်းရေထဲကျသွားသည်နှင့် ပုံရိပ်တစ်ခု ပေါ်လာကာ သူမအား ရေထဲမှ သယ်ဆောင်လာပြီး မျက်နှာချင်းဆိုင်ဘက်သို့ ပျံသန်းသွားလေသည်။
ဟာစွန်သည် ရှီမာယူယူအား ကိုင်ထားကာ သူမ လုံးဝသတိမေ့မြောသွားသည်ကို မြင်သောအခါ သူ စိုးရိမ်စွာမေးလိုက်သည် “သူမ ဘာဖြစ်သွားတာလဲ”
“သူမ ပင်ပန်းလွန်းလို့ သတိမေ့သွားတာပဲ” ဘေဂုံထန် ပြောလိုက်သည်။
သူမနှင့် ဝူရန်ဖေတို့ မေ့မြောမသွားသော်လည်း နှစ်ယောက်သား အားတစ်စက်မှ မရှိတော့သည့်ပုံနှင့် မြေပေါ်တွင် ထိုင်နေကြကာ သူတို့စိတ်စွမ်းအင်အား အနားပေးနေကြသည်။
စွန်းရန်ရန်သည် အမြန်ပြေးလာကာ သူတို့နှစ်ယောက်အား ထိုင်ရန် ခုံပေးလိုက်လေသည်။ သူမ သူတို့အား ကျေးဇူးတင်စွာကြည့်ပြီး “မင်းတို့နှစ်ယောက်အတွက်လည်း ခက်မှာပဲ”
“သူမကို နားဖို့အရင်ခေါ်သွားလိုက်မယ်” ဟာစွန်သည် ရှီမာယူယူအား သယ်ဆောင်ပြီး အပြင်ဘက်သို့လျှောက်သွားရန် ဟန်ပြင်ဆဲမှာပင် ဘေဂုံထန် သူ့အား ခေါ်လိုက်လေသည်။
ဘေဂုံထန် ဆေးသုံးလုံး ထုတ်လိုက်သည်။ တစ်လုံးမှာ သူမအတွက်ဖြစ်ပြီး၊ ကျန်တစ်လုံးမှာ ဝူရန်ဖေအား ပေးပြီး နောက်တစ်လုံးကို ဟာစွန်အား ပေးလိုက်လေသည်။ ထို့နောက်တွင် သူသည် ရှီမာယူယူအား ဆေးတိုက်ပြီး သူမအား သယ်ကာ အပြင်ထွက်သွားလေသည်။
“ယွန်ရွှီ အခု မင်းဦးလေးကို လွှတ်လို့ရပြီ” သူမ ဆေးစားပြီးနောက် အနည်းငယ် အားရှိလာသည်ကို ခံစားမိသည့်နောက်တွင် ဘိုင်ယွန်ရွှီအား သတိပေးလိုက်သည်။
“သြော်” ဘိုင်ယွန်ရွှီသည် ဘိုင်ယွမ်ချွန်းအား လွှတ်လိုက်သည်။ ဘိုင်ယွမ်ချွန်း၏ အရွတ်များ ပြန်ဆက်သွားပြီဖြစ်သဖြင့် သူ့ဘာသာ ထိုင်နိုင်နေပြီဖြစ်သည်။
သူ့အဖေ ရေထဲတွင် ရှိနေသေးချိန်တွင် သူရေထဲမှ ထွက်ခဲ့လေသည်။ သူသည် သူ့အဖေ၏ သတိပြန်ရနိုင်သည့် အချိန်အား မေးနေချိန်တွင်ပင် ရေထဲမှ အလင်းတန်းများ တောက်ပလာသည်။
“မဖြစ်ဘူး၊ တခြားသူတွေမြင်ရင်….” စွန်းရန်ရန် တုန်လှုပ်သွားသည်။
“အဒေါ် မစိုးရိမ်ပါနဲ့၊ ယူယူက အစကတည်းက အတားအဆီးလုပ်ထားတယ်၊ ဒီကဖြစ်သမျှကို အပြင်က မမြင်ဘူး” ဘေဂုံထန်ပြောလိုက်သည်။
အတားအဆီး ဟုတ်လား။
စွန်းရန်ရန် အံ့သြသွားသည် “အဲကလေးက ဘက်စုံစဉ်းစားထားတာပဲ”
“ငါ့အဖေ နိုးဖို့ဘယ်လောက်ကြာဦးမှာလဲ” ဘိုင်ယွန်ရွှီ မေးလိုက်သည်။
“သူအဆင့်တက်ပြီးရင် နိုးလာလိမ့်မယ်” ဘေဂုံထန် ပြောလိုက်သည် “ပြီးတော့ သူအဆင့်တက်ပြီးရင် ရေထဲက ဝိညာဉ်ချီတွေကို စုပ်ယူလိမ့်မယ်၊ သူ အချိန်နည်းနည်းလိုဦးမယ်ထင်တယ်”
“ဘေဂုံ ဝူရန် မင်းတို့ကို ကျေးဇူးတင်ပါတယ်” ဘိုင်ယွန်ရွှီသည် သူတို့နှစ်ယောက်အားကြည့်ကာ သူတို့နှင့် တွေ့ဆုံးခြင်းအတွက် ကံကောင်းမှုကို ခံစားရသည်။
“ဒီမှာ အတားအဆီးရှိတော့ မင်းတို့အားလုံး ပြန်ပြီးနားလို့ရတယ်” စွန်းရန်ရန် ပြောလိုက်သည်။
ဘေဂုံထန်သည် ခေါင်းညိတ်လိုက်သည်။ သူတို့ဒီမှာရှိလျှင်လည်း အသုံးမဝင်သောကြောင့် ပြန်ကာ သူတို့၏ ခန္ဓာကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားအင်များ ပြန်အားပြည့်အောင် လုပ်ရမည်။
စွန်းရန်ရန်သည် ဘေဂုံထန်အား တွဲပေးချိန်တွင် ဝူရန်ဖေအား ဘိုင်ယွန်ရွှီ တွဲပေးထားသည်။ သူတို့လေးယောက် အိမ်ထဲမှ ထွက်ခွာသွားချိန်တွင် နောက်တွင် ကျန်ရှိနေသော ဘိုင်ယွမ်ချွန်းသည် အဆင့်တက်နေတုန်းပင်ဖြစ်သည်။
သူတို့လက်ရှိနေနေသော အိမ်သို့ရောက်သောအခါ ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် စိတ်ပူပန်စွာ စောင့် နေခဲ့သည်။ ဘေဂုံထန်နှင့် ဝူရန်ဖေတို့အား မြင်သောအခါ စိုးရိမ်စွာဖြင့် မေးလိုက်ကြသည် “ဘယ်လိုနေလဲ”
“ငါတို့အဆင်ပြေပါတယ်” ဘေဂုံထန် ပြောလိုက်သည်။
“အခုတော့ ဟာစွန်က ယူယူကို ပြန်ခေါ်သွားတယ်၊ မင်းတို့လည်း မြန်မြန်အခန်းပြန်ပြီး နားသင့်တယ်” ဝေကျိရွှီသည် ရှေ့တိုးကာ ဘေဂုံထန်အား တွဲခေါ်ပြီး ဖက်တီးကျူသည် ဝူရန်ဖေအား တွဲယူလိုက်သည်။
“အဒေါ် ကျိရွှီ မင်းတို့ ဦးလေးကို ဆက်စောင့်ကြည့်နေပါ” ဘေဂုံထန်သည် စွန်းရန်ရန်အား ပြောလိုက်သည်။
“ကောင်းပြီ မင်းတို့်အားလုံး နားကြတော့၊ အဲဘက်က ကိစ္စတွေဖြေရှင်းပြီးမှ မင်းတို့ကို ပြန်လာကြည့်မယ်” စွန်းရန်ရန်သည် ပြောပြီးနောက် ဘိုင်ယွန်ရွှီအား ခေါ်ကာ ထွက်သွားလေသည်။
“မင်းတို့်သုံးယောက်ကတော့ တကယ်စွန့်စားတာပဲ” ဖက်တီးကျူ ညည်းညူလိုက်သည်။
“ဦးလေးက ငါတို့ကြောင့် ဒဏ်ရာရတာလေ၊ ငါတို့က သူ့ကို ပြန်ကုပေးရမှာ ထုံးစံပဲလေ” ဘေဂုံထန်ပြောလိုက်သည် “အေးပါ အေးပါ မြန်မြန်အိမ်ထဲပို့ပေးတော့”
ရှီမာယူယူသည် ဖျော့တော့သော မျက်နှာဖြင့် အိပ်ရာထဲတွင်လှဲနေသည်။ သူမအား ပြန်ပို့ပြီးနောက် ဟာစွန်သည် စိတ်လှုပ်ရှားသောကြောင့် တစ်နေရာအား ထွက်သွားလေသည်။
နတ်ဆိုးညွှတ်လက်ကောက်မှ အနက်ရောင်မီးခိုးထွက်လာပြီး မိုရှားသည် သူမဘေးတွင် ပေါ်လာသည်။ သူမ၏ လက်ရှိအခြေအနေအားမြင်သော်အခါ သူ့မျက်နှာသည် တည်ငြိမ်သွားပြီး ပြောလိုက်သည် “ဒီကောင်က သူ့အသက်ကိုတောင် တန်ဖိုးထားရမှန်းမသိဘူး”
သူ့အသံသည်ဒေါသထွက်နေသော်လည်း သူ့မျက်လုံးကို ပိတ်ကာ သူ့စွမ်းအားကို ဖွင့်လိုက်သည်။ သူ့ရဲ့မရှိသော လက်တစ်ဖက် ပြန်ပေါ်လာသည်။
ဝိညာဉ်တစ်ခု ခဲစေ
သူ့လက်တစ်ဖက်လုံးပြန်ပေါ်လာသောအခါ သူ့မျက်လုံးပြန်ပွင့်လာပြီး သူ့လက်မောင်းကို လှုပ်လျှက် " ဒါကတော်တော်ခံစားလို့ကောင်းတာပဲ တစ်ခုလုံးပေါ်အောင်မလုပ်နိုင်တာနဲ့ ကြာကြာမသုံးနိုင်တာကတော့ စိတ်ပျက်စရာပဲ" ဟု မိုရှားကပြောသည်။
မိုရှားလည်း ရှီမာယူယူ၏ ရှေ့သို့သွားကာ ရှီမာယူယူ၏ မျက်နှာကိုထိလျှက် " အဲ့တာက ဒီလို ခံစားချက်ကိုး" ဟုပြောလိုက်သည်။
ရှီမာယူယူသည် ခံစားချက်ကင်းမဲ့စွာ လဲလျောင်းလျက် သူမရှေ့တွင် ဘာတွေဖြစ်နေသည်ကိုပင် မသိပေ။
"သူတကယ်ပဲ သူ့ရဲ့ စိတ်နဲ့ ဝိညာဉ်စွမ်းအင်ကို ကုန်အောင်သုံးလိုက်တာလား။ နင်က နင့်အသက်ကို အသေခံမလို့လား" ဟု ပြောရင်း မိုရှားလည်း ရှီမာယူယူ၏ နှာခေါင်းကို ဆိတ်ရာ သူမနှာခေါင်းနီရဲလာမှ လွှတ်လိုက်သည်။
" ငါနင့်ကို ဂရုမစိုက်ဘူးဆိုပေမဲ့ နင်ဒီလိုကြီး လဲနေတာကိုတော့ မမြင်ချင်ဘူး" ဟုပြောရင်းပင် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ကာ ရှီမာယူယူက သူ့အတွက် ပြင်ဆင်ပေးလေ့ရှိသော ဝိညာဉ်အရည်ကို သူမ၏ ပါးစပ်ကို အနည်းငယ်ဟကာ လောင်းထည့်ပေးလိုက်သည်။ ထိုမှသာလျှင် သူမ၏ ကုန်ခမ်းသွားသော စိတ်ခွန်အားတွေ ပြန်လည် ပြည့်လာပြီး ခန္ဓာကိုယ်ကလည်း အပြင်က ဝိညာဉ်စွမ်းအားကို စုပ်ယူပေမည်။ ရပ်တန့်သွားသော သူမ၏ အားတိုးတက်အောင်လုပ်မှုလည်း တဖြည်းဖြည်းချင်း ပြန်လည်စတင်လာမည်ဖြစ်သည်။
စိတ်ခွန်အားနှင့် ဝိညာဉ်စွမ်းအားကုန်ခမ်းသွားသော သူမ၏ ခန္ဓာကိုယ်သည် လောင်စာဆီမရှိသော စက်တစ်ခုကဲ့သို့ ရပ်တန့်နေပေသည်။ သို့သော်လည်း မိုရှားက ကူညီပေးပါက ဘာဖြစ်လာမည်ကို မသိနိုင်ပေ။
မိုရှားလည်း ပုလင်းကို အဝေးမှာထားလိုက်သည်။ သူဒေါသထွက်နေသည်ကို သိစေရန် ရှီမာယူယူ၏ မျက်နှာကို ထပ်ဆိတ်ရန် စဉ်းစားနေသည်။သို့သော်လည်း သူ၏ စွမ်းအင်များကို နဂိုအတိုင်းပြန်မရခင်အထိ သူမ၏ အသားကို မထိမိတော့ပေ။
" ငါနင့်ကို ဒီတစ်ခေါက်ပဲကူညီနိုင်မယ်"
မိုရှားသည် သူ၏ လက်ရှိအစွမ်းကို အားရခြင်းမရှိပေ။ ရှီမာယူယူနှင့် ထိပြီးကတည်းက သူ၏ ဝိညာဉ်စွမ်းအား အနည်းငယ် ပြန်တိုးတက်လာသည့်တိုင်အောင် သူ့မှာ စွမ်းအားမဲ့သလို ခံစားနေရသည်။
" နင်ဒီလိုထပ်လုပ်ရင် ငါနင့်ကို ကြိုးတုပ်ပြီးရိုက်ပစ်မယ်"ဟု ပြောပြီး မိုရှားလည်း လက်ကောက်ဆီ သို့ ပြန်သွားလေသည်။ သို့သော်လည်း သူ၏လေသံမှာ အလိုလိုက်လိုသည့် သဘောများပါနေသည်ကို သူမသိပေ။
ရှီမာယူယူသည် သူမသတိမေ့နေသည့်တိုင်အောင် သူမ၏ မျက်ခုံးများကို တွန့်မိသွားသည်။
ဘိုင်ရွန်ရွှီ နှင့် တခြားသူများ ပြန်လာသောအခါ ဘိုင်ယွမ်ချွန်းသည် နိုးနေလျက် ရေထဲရှိ ဆေးကို သောက်သုံးနေသည်။
ဘိုင်ရွန်ရွှီလည်း ဘိုင်ယွမ်ချွန်းကို စိတ်လှုပ်ရှားစွာကြည့်လျက် " အဖေနိုးနေပြီပေါ့" ဟု ပြောလိုက်သည်။
ဘိုင်ယွမ်ချွန်းလည်း ရေထဲကနေ သူ့မိန်းမကိုကြည့်လျက် " ငါမသေဘူးလား, ငါကလုံးဝပြန်ကောင်းရုံတင်မကဘဲ အဆင့်ပါတိုးသွားတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဟု မေးလိုက်သည်။
" ယူယူ, ဘေဂုံနဲ့ ဝူရန်တို့က အဖေ့ကို ကယ်လိုက်တာလေ" ဟု ဘေရွန်ရွှီက ပြောသည်။
"သူတို့က ငါ့ကို ကယ်လိုက်တယ်, ဟုတ်လား" ဟု ဘေယွမ်ချွန်းက အံ့သြစွာပြောလေသည်။
"ဟုတ်တယ် အဖေရ, သူတို့က အဖေ့ကို ကယ်လိုက်တာ ယူယူဆို မေ့တောင်လဲသွားတယ်" ဟု ဘေရွန်ရွှီကပြောသည်။
"ဘယ်လိုတွေဖြစ်ကုန်တာလဲ?"
ဘေရွှန်ရွှီလည်း ရှီမာယူယူနှင့် တခြားသူများက သူ့ကို ကယ်ဖို့ဘာတွေလုပ်ခဲ့တယ်ကို ပြန်တွေးရင်း " သူတို့တွေ မမိုက်ဘူးလား? သူတို့အရင်သုံးရက်လောက်က သုံးလိုက်တဲ့ ဆေးလုံးက ရွှေပြား သိန်းနဲ့ ချီပြီးကုန်တာ။ အဖေကဒီလိုရေထဲရောက်နေရင် တကယ်က ထိခိုက်ရမှာ အခုက အဆင့်တောင်တိုးသွားသေးတယ်။
ဘေယွမ်ချွန်းလည်း ခေါင်းကို ငုံ့ကာ ရေကိုကြည့်ရင်း " ငါတို့ သူတို့ကို တကယ်ပဲ ကျေးဇူးတင်သင့်တယ်" ဟု ပြောသည်။
" အဖေရဲ့ အဆင့်တိုးလာတယ် ပြီးတော့ အားတွေထပ်တိုးလာအောင် ဆေးတွေထပ်စားလို့ရသေးတယ်လို့ ဘေဂုံထန်က ပြောတယ်"
ဘေယွမ်ချွန်း လည်းခေါင်းကို ငြိမ့်လျက် ထောက်ခံလိုက်သည်။
"ငါတို့နောက်မှဒါကို ဆက်ပြောလို့ရတယ်။ ငါတို့တပ်ရဲ့ အခြေအနေကို အရင်ပြောပါ"