အပိုင်း(၂၀၃)-ခြယ်လှယ်ခြင်းစစ်တပ်အား ချေမှုန်းခြင်း(၁)
Vol. 003 Ch. 203
စွန်းရန်ရန်လည်း သူတို့၏ လက်ရှိအခြေအနေကို ရှင်းပြလေသည်။ ခြယ်လှယ်ခြင်းစစ်တပ်၏ တိုက်ခိုက်မှုကိုသာ သူတို့ ကြိုတင်ပြင်ဆင်ပြီး အစွမ်းကုန်ပြန်လည်မတိုက်ခိုက်နိုင်ပါက သူတို့အားလုံး သေနေပြီဖြစ်သည်။
"ငါတို့ထဲမှာ အဲ့တပ်က သူလျှိုရှိနေပြီလို့ ထင်တယ်။ အဲ့သူလျှိုက အဆင့်နိမ့်ထဲကတော့ မဟုတ်နိုင်ဘူး, ခင်ပွန်းချွန်းရေ" ဟု ဆွန်ရမ်ရမ်က ကောက်ချက်ချလေသည်။
"သူလျှို?"
စွန်းရန်ရန်လည်း ခေါင်းကိုငြိမ့်လျက် " ကျွန်မတို့ ရှင်းဝူကို သတ်တယ်ဆိုတာ သိတဲ့သူများများမရှိဘူး။ မင်းအဖေက သူကိုယ်တိုင်တာဝန်ကိုပြီးအောင်လုပ်ချင်ဆိုတာကိုတောင် သူတို့ကသိနေကြတယ်။ အဲ့တာဝန်ကို ဘယ်မှာလုပ်မယ်ဆိုတာကို သိတဲ့သူကပိုတောင်နည်းသေးတာကို ခြယ်လှယ်ခြင်းစစ်တပ်က သိနေတယ်ဆိုတာ သေချာတယ်" ဟုပြောသည်။
"အရင်တစ်ခေါက် ရှင်းမင်ကို လူလာတောင်းတုန်းက ငါတွေ့လို့လေ။ အဲ့တုန်းက အချိန်ကိုက်ဖြစ်သွားလို့ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ သူလျှိုကို ရှင်းထုတ်ဖို့ အချိန်မရှိသေးဘူး။" ဟု ဘိုင်ယွမ်ချွန်း ကပြောသည်။
"အဲ့လိုဆိုရင် ယူယူကလည်း အဲ့ကိစ္စကိုခန့်မှန်းမိလိမ့်မယ်ထင်တယ်။ အဲ့တာကြောင့် သူက အဖေ့ကို ကုပေးလို့ရတာကို လျှို့ဝှက်ထားတာနေမှာ" ဟု ဘေရွှန်ရွှီ ကပြောသည်။
" အဲ့ကလေးက ထူးချွန်တာပဲ ဒီလောက်နည်းနည်းလေးကနေ ခန့်မှန်းနိုင်တယ်" ဟု စွန်းရန်ရန်က ပြောသည်။
"အဖေ, အမေ, ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ" ဟု ဘေရွှန်ရွှီကမေးလေသည်။
"အခုလောလောဆယ်တော့ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့တွေကို ခြယ်လှယ်ခြင်းတပ်ကလူတွေက သတ်လိုက်ကြပြီ။ သူတို့က ငါတို့ကို တိုက်ရိုက်တိုက်ခိုက်လာနိုင်ချေရှိတယ် ဒါပေမဲ့ သူတို့က ငါတို့ကို အခြေကနေတိုက် ဖို့စီစဉ်နေတယ်လို့ပဲ တွေးမိတယ်။ စံတင်အဆင့် ဝိညာဉ်သခင် နှစ်ယောက်ကရော ဘယ်လိုလဲ" ဟု စွန်းရန်ရန်က ပြောသည်။
"သူတို့ထဲက တစ်ယောက်က ဒုတိယအဆင့်မှာ နောက်တစ်ယောက် တတိယအဆင့်မှာ။ အခုလောလောဆယ် ငါအဆင့်က တတိယအဆင့်ကို တိုးသွားတာတောင် သူတို့ကို မီဖို့လိုသေးတယ်။ ကြည့်ရတာတော့ တတိယ စံတင်အဆင့် ဝိညာဉ်သခင်က အခုတလောမှ အဆင့်တိုးသူမဟုတ်ဘူးထင်တယ်။" ဟု ဘိုင်ယွမ်ချွန်း က ပြောသည်။
"ဘာကြောက်စရာလိုလဲ စံတင်အဆင့် ဝိညာဉ်သခင် နှစ်ယောက်ထဲ က တစ်ယောက်ကို သတ်လိုက်ရင်ရတာပဲ။ သူတို့က အဖေ့ကို သေလုနီးပါးဖြစ်အောင်လုပ်ထားတာ ဒီအတိုင်းတော့ မပြီးနိုင်ဘူး" ဟု ဘေရွှန်ရွှီက ပြောသည်။
"နှစ်ယောက်ထဲက တစ်ယောက်ကို သတ်မယ်ဆိုတာ ပြောတော့သာလွယ်တာ" ဟု စွန်းရန်ရန်က မျက်ခုံး တွန့်လျက် ပြောလိုက်သည်။
"အမေ, ကျွန်တော်တို့ဆီမှာ ပိုပြီးအစွမ်းထက်တဲ့သူရှိတာ မေ့နေတာလား" ဟု ဘိုင်ယွန်ရွှီက ပြောသည်။
"ပိုပြီးအစွမ်းထက်တဲ့သူ?" စွန်းရန်ရန်လည်း ရုတ်တရက်တုန်လှုပ်သွားပြီးမှ စဉ်းစားမိလေသည်။ " ဟာစွန်ကို ပြောတာလား" ဟုမေးလိုက်သည်။
"ဟုတ်တယ် ကျွန်တော်ပြောတာ သူ့ပဲ။ သူကကြောက်စရာ သတ္တဝါတစ်ကောင်လိုအစွမ်းထက်တယ်။ တကယ်လို့ စံတင်အဆင့် ဝိညာဉ်သခင်ရှိရင်တောင် ကြောက်စရာမလိုဘူး။ ဒါပေမဲ့ သူက ရှီမာယူယူကိုပဲ ကာကွယ်ပေးမယ်လို့ပြောတာ ကျွန်တော်တို့ကို မကူညီလောက်ဘူးထင်တယ်။" ဟု ဘိုင်ယွန်ရွှီကပြောသည်။
"ရှီမာယူယူကို ကူညီခိုင်းလို့ ရနိုင်မလား" ဟု စွန်းရန်ရန်ကပြောပြီး ၂စက္ကန့်လောက်စဉ်းစား၍ " အဲ့ကလေးကလည်း ပြောဖို့လွယ်တဲ့သူတော့ မဟုတ်ဘူးထင်တယ်" ဟု ပြောလိုက်သည်။
" နင် သူတစ်ယောက်တည်းပြောရုံတင်မကဘူး ကျိရွှီနဲ့ တခြားသူတွေလည်း ခြယ်လှယ်ခြင်းတပ်က လူတွေကို မုန်းနေတယ်ဆို သူတို့ အပြုအမူကိုကြည့်လိုက်လေ"
ဘိုင်ယွန်ရွှီ၏ သူတို့အပေါ်ခံစားချက်သည် မနာလိုဝန်တိုခြင်းနှင့် မုန်းခြင်းများဖြစ်သည်။ ဤကမ္ဘာတွင် သွေးသားမတော်စပ်သော်လည်း ဂရုစိုက်ပေးနိုင်သောသူကို ရှာတွေ့ရန်မှာ လွန်စွာခက်ခဲသည်။
ဖက်တီးကျူ၏ စကားကိုယူပြောရရင်လျှင် သူတို့က သွေးသားမတော်စပ်သော်လည်း ဆွေမျိုးများထက်ပို သည်။ ဆွေမျိုးများမလုပ်ပေးနိုင်သော တချို့ကိစ္စများ ကိုပင် သူတို့က လုပ်ပေးနိုင်ကြသည်။
အကြာကြီးတိုင်ပင်ပြီးနောက် ဘိုင်ယွမ်ချွန်း၏ ဒဏ်ရာပျောက်ကင်းသွားသည်ကို လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်ကြသည်။ သူ့အသက်အန္တရယ်မရှိတော့သော်လည်း အိပ်ရာထဲတွင် တသက်လုံးနေ သွားရ တော့မည်ဟု ပြောလိုက်သည်။
ထိုသတင်းဆိုးကို တချို့စီနီယာများကို ပြောပြလိုက်သည်။ ထိုသတင်းသည် ခြယ်လှယ်ခြင်း တပ်ဆီသို့ လေကဲ့သို့ပင် အလျှင်အမြန်ရောက်သွားလေသည်။
ရှင်းမင်, ရှင်းဝမ်, ရှီယူရှီ နှင့် လူတချို့သည် ဧည့်ခန်းမတွင် သဲစင်ရော်များကို အမျိုးဖြုတ်ရန် ပြောဆိုနေကြသည်။ ဘိုင်ယွမ်ချွန်းပြန်နိုးလာသော်လည်း အချည်းအနှီးဖြစ်သွားကြောင်း သူတို့သိသောအခါ။ ရှင်းမင်သည် ဟားတိုက်ရယ်မောလျက် သူတို့၏ အစီအစဉ်ကို စတင်လို့ရပြီ ဟု ပြောလိုက်သည်။
"ချက်ချင်းနိုင်အောင် မတိုက်ဘဲ ဘာလို့ အကြာကြီးစောင့်နေတာလဲ, အဖေ" ဟု ရှင်းဝမ်က နားမလည်စွာ မေးလိုက်သည်။
"ငါတို့က အဆင့်နိမ့် သဲစင်ရော်တွေကိုပဲ ရှင်းနေတာမလား။ ဘေယွမ်ချွန်းက သူ့တပ်သားတွေကို စေလွှတ် နိုင်သေးလားဆိုတာ ငါကြည့်နေတာ။ တကယ်အချိန်ကျမှ တစ်ယောက်ယောက်လာ နှောင့်ယှက်ရင် ပြဿနာဖြစ်နိုင်တယ်။ ငါတို့ သုံးရက် စောင့်ကြည့်တာတောင် ဘယ်သူမှမလာဘူးဆိုတော့ သဲစင်ရော် တွေ မလှုပ်ရှားနိုင်တော့တာ သေချာတယ်။ ငါတို့ စလုပ်လို့ရပြီ" ဟု ရှင်းမင်က ပြောသည်။
"အဲ့လိုဆိုရင် ကျွန်တော်တို့ ဘယ်တော့လှုပ်ရှားကြမှာလဲ အဖေ" ဟု ရှင်းဝမ်ကမေးသည်။
ရှင်းမင်လည်း ပြန်မဖြေသေးဘဲ ရှီယူရှီကို ကြည့်လျက် " ဘယ်အချိန်ကအသင့်တော်ဆုံးဖြစ်မယ်ထင်လဲ မင်းသမီး" ဟု မေးလိုက်သည်။
"သခင်ကြီးကျန်းက ကိစ္စတချို့ရှင်းစရာရှိလို့ မြို့တော်ကို သွားတယ်။ မလှုပ်ရှားခင် နှစ်ရက်လောက် သူပြန်လာတာကို စောင့်ရမယ်" ဟု ရှီယူရှီကပြောသည်။
သခင်ကြီးကျန်းက စံတင်အဆင့် ဝိညာဉ်သခင် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
"ကောင်းပြီလေ အဲ့လိုဆိုလည်း နှစ်ရက်လောက်စောင့်ပြီး သဲစင်ရော်ကလူတွေကို ခဏအချိန် ပေးလိုက်တာ ပေါ့။ဒီအတောအတွင်းမှာ ငါတို့နဲ့ပူးပေါင်းချင်တဲ့သူတွေကို လက်ခံကြတာပေါ့" ဟု ကွင်းမင်ကပြောသည်။
ရှီယူရှီလည်း မတ်တတ်ရပ်လိုက်ပြီး "အဲ့တာဆိုလည်း နှစ်ရက်နေရင် ပြန်တွေ့ကြတာပေါ့ သခင်ကြီးဟူ, ကျွန်မတို့ကို ပြန်ခွင့်ပြုပါဉီး" ဟု ပြောလိုက်လေသည်။
စကားပြောပြီးနောက် သူမနှင့်အတူ တခြား စံတင်အဆင့် ဝိညာဉ်သခင်တစ်ယောက်ကို ခေါ်ကာ သဲစင်ရော်တွေဆီသို့ ထွက်ခဲ့လေသည်။
ရှီမာယူယူလည်း နှစ်ရက်မြောက်နေ့၏ ညနေခင်းတွင် သတိရလာလေသည်။ သတိမရခင်အချိန်တွင် ဘိုင်ယွန်ရွှီနှင့် စွန်းရန်ရန်တို့ သူ့ကို ကြည့်ရန်ရောက်လာပြီး သတိလစ်နေသေးသည်ကို တွေ့ကာ စိတ်ပူသွားကြလေသည်။ တော်သေးသည်က ဘေဂုံထန်နှင့် တစ်ခြားသူများ သက်သာလာပြီး ရှီမာယူယူ အဆင်ပြေနေသေးသည်။ ထို့နောက်မှ သူတို့နှစ်ယောက်လုံး အနားယူလိုက်ကြသည်။
ရှီမာယူယူသတိရလာသောအခါမျက်ဝန်းတစ်စုံက သူမကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမရဲ့အကြည့် ကို ရွေ့လိုက်သောအခါ ကုတင်ဘေးတွင်ထိုင်နေပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသော ဟာစွန်ကို တွေ့လိုက်သည်။
"ဟာစွန်" ရှီမာယူယူ၏အသံမှာ အနည်းငယ်ကြမ်းရှနေသည်။
"ဘာလဲ" ဟု ဟာစွန်ကမေးလေသည်။
"ဘာလဲဆိုတာ ဘာကိုဆိုတာလဲ"ရှီမာယူယူလည်း သူမ၏ ခေါင်းတော်တော်နာနေ၍ လက်နှင့်ကိုင်ထား လိုက်သည်။ ဟာစွန်ဘာကိုပြောချင်သည် ကို ရှီမာယူယူ နားမလည်နိုင်ပေ။
ဟာစွန်သည် ဘာမှဆက်မပြောဘဲ မတ်တတ်ရပ်ပြီးနောက် ထွက်သွားလေသည်။
ရှီမာယူယူလည်း နားမလည်နိုင်စွာ မျက်တောင်ခတ်လျှက် " အဲ့လူ ဘာဖြစ်နေတာလဲဟ" ဆိုပြီး တစ်ယောက်တည်းတွေးနေမိသည်။
ဟာစွန်ထွက်သွားပြီးနောက် အခြားသူများလည်း တံခါးကို အမြန်တွန်းဖွင့်ကာ ဝင်လာကြသည်။
ဘေဂုံထန်လည်း ခုတင်ဘေးတွင်ဝင်ထိုင်လိုက်ပြီး ရှီမာယူယူ၏မျက်နှာမကောင်းသည်ကို တွေ့သောအခါ "ဘယ်လိုနေသေးလဲ" ဟုမေးလိုက်သည်။
"အရမ်းကြီးမဖြစ်ပါဘူး" ရှီမာယူယူလည်း ထိုင်လိုက်ရင်းဖြေလိုက်သည်။ " နင်နဲ့ ဝူရန်ဖေ တို့တော အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
"ကံကောင်းတာက နင်ပေးထားတဲ့ ဝိညာဉ်အရည်ရှိတာနဲ့ ငါတို့နှစ်ယောက်လုံး သောက်လိုက်တာ လုံးဝ ပြန်ကောင်းသွားပြီ" ဟု ဘေဂုံထန်ကဖြေသည်။
"ကောင်းတာပေါ့ ဒီတစ်ခေါက်တော့ ငါ နင်တို့နှစ်ယောက်ကို ကျေးဇူးကြွေးတင်သွားပြီ" ဟု ရှီမာယူယူ က ပြောလိုက်သည်။
သူတို့နှစ်ယောက်သာပူးပေါင်းပြီးမကူညီရင် သူလည်း ဘိုင်ယွမ်ချွန်းကို ကုပေးနိုင်မည် မဟုတ်ပေ။
"ဘာကျေးဇူးတင်စရာလိုလဲ။ ငါတို့နဲ့လည်းဆိုင်တာပဲကို။ ကွင်းဝူကို သတ်တဲ့ ကိစ္စမှာ ငါတို့လည်းပါတာပဲ။ ဒါနဲ့ ဒီကိစ္စကိုဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ" ဟု ဘေဂုန်ထန်သည် ရှီမာယူယူကို ကြည့်လျက်မေးလိုက်သည်။
"ခြယ်လှယ်ခြင်းတပ်ကိစ္စလား" ရှီမာယူယူကမေးလိုက်သည်။
ဘေဂုန်ထန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ရှီမာယူယူလည်း အေးစက်စက် ရယ်မောလျက် " သူတို့သာ ငါ့ကိုမစော်ကားရင် ငါလည်းသူတို့ကို မစော်ကားဘူး ဒါပေမဲ့ ငါ့ကို လာထိရင်တော့ သူတို့ကိုမညှာဘူး" ဟု ပြောလိုက်သည်။
"ငါတို့တိုင်ပင်လို့ရအောင် တခြားသူတွေကိုလည်း ခေါ်လိုက်မယ်လေ"
ဘေဂုံထန်လည်း စကားပြောပြီးသောအခါ တခြားသူများလည်းဝင်လာကြလေသည်။
"ယူယူ အဆင်ပြေရဲ့လား" ဟု ဝေကျိရွှီက ဂရုတစိုက်မေးလိုက်သည်။
ရှီမာယူယူလည်း ပြုံးလျက် " ကိစ္စမရှိပါဘူး" ဟု ပြန်ဖြေလိုက်သည်။
"ခြယ်လှယ်ခြင်းတပ်က ငါတို့ကို အခွင့်အလမ်းတစ်ခုအနေနဲ့ သုံးသွားတာ လွန်လွန်းတယ်။ ဒီတစ်ခါတော့ သူတို့နောင်တရသွားအောင် သေချာပေါက်လုပ်ပေးမယ်" ဟု ဖက်တီးကျူ က ကတောက်ကဆတ်နှင့် ပြောသည်။
"ဟုတ်တယ် သူတို့က သဲစင်ရော်တွေကို အမျိုးဖြုတ်ဖို့ကြိုးစားတယ်ဆိုရင်တော့ သူတို့ကို လည်ပင်းအစ်သေအောင်လုပ်ပစ်မယ်" ဝေကျိရွှီ၏ မျက်လုံးထဲတွင် သူ့ရဲ့ ခန့်ညားမှု ကြော့မော့မှုတို့ ပျောက်ဆုံးကာ ဒေါသရိပ်တို့သာ လွှမ်းမိုးနေတော့သည်။
"ကောင်းပြီလေ ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးကြတာပေါ့" ဟု ရှီမာယူယူက ပြောသည်။
နာရီဝက်ခန့်ကြာပြီးနောက် ရှီမာယူယူနှင့် တခြားသူများလာသည်ကို သူတို့လူများက ဆွန်ရမ်ရမ်နှင့် ဘေရွှန်ရွှီး တို့ကိုတင်ပြလိုက်သည်။
"ယူယူ သတိရလာပြီဟုတ်လား သူတို့ကို ဝင်ခွင့်ပေးလိုက်" ဟု ဘေရွှန်ရွှီးက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ရှီမာယူယူနှင့် တခြားသူများဝင်လာပြီး ဆွန်ရမ်ရမ်, ဘေရွှန်ရွှီးနှင့် လီကီ တို့ကိုသာတွေ့ရသောအခါ ရှီမာယူယူလည်း အံ့သြသွားသည်။
ဘေရွှန်ရွှီးလည်း ရှီမာယူယူ၏ ပခုံးကိုကိုင်ကာ ကြည့်လျက်" ယူယူ နောက်ဆုံးတော့ နင်သတိရလာပြီပေါ့။ ခန္ဓာကိုယ်ဘယ်လိုနေသေးလဲ" ဟုမေးလိုက်သည်။