အပိုင်း(၂၀၄)-ခြယ်လှယ်ခြင်းစစ်တပ်အား ချေမှုန်းခြင်း(၂)
Vol. 003 Ch. 204
ရှီမာယူယူလည်း ဘိုင်ရွှန်ရွှီး၏လက်တွေကို ဖယ်ချရင်း "ပိုပြီးသက်သာလာပါပြီ, ကျေးဇူးတင်ပါတယ်" ဟုဖြေလိုက်သည်။
"ကောင်းတာပေါ့" ဘိုင်ရွှန်ရွှီးလည်း လက်တွေကိုလွှတ်လိုက်ရင်း " ကျေးဇူးပဲ" ဟု ပြောလိုက်သည်။
"ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး" ရှီမာယူယူလည်း ပြုံးလျက် " ကျွန်မတို့လာတော့ လူတချို့ ပစ္စည်းတွေသိမ်းနေတာတွေ့တယ် ဘာတွေဖြစ်နေတာလဲ" ဟုမေးလိုက်သည်။
ဘိုင်ရွှန်ရွှီးနှင့် တခြားနှစ်ယောက်တို့ ရှီမာယူယူ၏ စကားကို ကြားသောအခါ မျက်နှာမကောင်းပေ။
"အဲ့လူတွေက သစ္စာဖောက်တွေ" ဟု ဘိုင်ရွှန်ရွှီး က ကတောက်ကဆက်နှင့်ပြောလေသည်။
"ဘာကိုဆိုလိုတာလဲ" ဟု ဖက်တီးကျူက မေးလိုက်သည်။
လီကီလည်း သက်ပြင်းချလျက် " ခြယ်လှယ်ခြင်းတပ်က လူတွေက နောက်တစ်ရက်နေရင် ငါတို့ သဲစင်ရော်တွေရဲ့ သွေးနဲ့ ရေချိုးမယ်လို့ သတင်းလွှင့်လိုက်တယ်လေ။ အဲ့တာအပြင် သူတို့က ခြယ်လှယ်ခြင်းတပ်ကို လာပြီးပူးပေါင်းရင် အသက်ချမ်းသာပေးမယ်လို့ပြောတယ်။ အဲ့လူတွေက ခြယ်လှယ်ခြင်း တပ်ကို အညံ့ခံမယ့်သူတွေပဲ" ဟု ပြောလိုက်သည်။
"ဘယ်လို?" ဘေဂုံထန်နှင့် တခြားသူများသည် စွန်းရန်ရန်ကို တုန်လှုပ်စွာကြည့်လိုက်မိသည်။ သူမခေါင်းငြိမ့်ပြ တာကို မြင်မှသာလျှင် အမှန်ဖြစ်ကြောင်း ပိုပြီးသိလိုက်ရသည်။
"သူတို့ထွက်သွားချင်တယ်ဆိုလည်း ထွက်သွားပါစေ။ အခုထွက်သွားတဲ့သူတွေက သဲစင်ရော်တပ်ကို တန်ဖိုးမထားကြလို့ဆိုတာ သိရတာပေါ့။ ငါတို့ တပ်ထဲ သစ္စာဖောက်တွေ မရှိအောင်လုပ်ပေးတဲ့ အခွင့်အရေးကောင်းလို့ပဲ မှတ်ယူကြတာပေါ့" ဟု ဆွန်ရမ်ရမ်ကပြောလေသည်။
"လူအများကြီးထက် သစ္စာရှိပြီး ယုံကြည်ရတဲ့ သူအနည်းငယ်ရှိရင်ရတဲ့ အချိန်ဆိုတာရှိတာပဲ။ အရည်အချင်း မရှိတဲ့ သူတွေရှိတာထက်စာရင် မရှိတာကပိုကောင်းပါတယ်။ သူတို့ရှိနေလို့လဲ ဘာမှပိုကောင်းမသွားပါဘူး။ ဒီအခွင့်အရေးက မင်းတို့က သူတို့ထက် အများကြီးပိုသာတယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးကောင်းပဲ" ဟု ရှီမာယူယူက ပြောသည်။
"ဒါပေမဲ့ ဒီလောက်လူတွေအများကြီးထွက်သွားရင် သဘက်ခါမှာ ခြယ်လှယ်ခြင်းတပ်ကို တိုက်ဖို့အင်အား ဘယ်လို လုပ်ရှိမှာလဲ" လီကီက စိုးရိမ်စွာပြောလိုက်သည်။
"ကျွန်မတို့က အဲ့ကိစ္စကိုပြောဖို့လာတာပဲ" ဟု ရှီမာယူယူကပြောသည်။
"ယူယူ နင်တို့အရင်ထွက်သွားတာပိုကောင်းလိမ့်မယ်။ မင်းတို့အကုန်လုံး အနောက်ဖက်လတိုင်းပြည် ကနေထွက်ပြီး အလယ်ပိုင်းဝူ တိုင်းပြည်ကို သွားရင် အန္တရာယ်ကင်းလိမ့်မယ်" ဟု လီကီက ရှီမာယူယူနှင့် တခြားသူများကို ကြည့်လျက်ပြောသည်။
"လီကီက ငါတို့အင်အားက မနိမ့်ဘူးဆိုတာမေ့နေတာလား။ အန္တရာယ်တစ်ခုခုဖြစ်လာရင်တောင် ဟာစွန်က ကျွန်မကို ကာကွယ်ပေးလိမ့်မယ်" ဟု ရှီမာယူယူကပြောသည်။
" ဟုတ်သားပဲ ငါဘယ်လိုလုပ် အထွတ်အထိပ်သားရဲကိုမေ့နေတာလဲ" ဟုပြောရင်း လီကီ၏ အစ ကစိုးရိမ်နေသော မျက်ဝန်းများ ပျောက်ကွယ်သွားလေသည်။
ဟာစွန်သည် လုံးဝသိုသိုသိပ်သိပ်နှင့် နေထိုင်ပြီး သူ၏ကိုယ်ရောင်ကိုယ်ဝါကို ထိန်းသိမ်းထားသောကြောင့် တခြားသူများ သူ့ကိုမေ့၍ပင်နေလေသည်။
"ဒါပေမဲ့ ဟာစွန်က ခွန်အားကြီးတဲ့ သူတစ်ချို့ကိုပဲ ယှဉ်တိုက်နိုင်မယ်လို့ပြောတယ်" ဟု ရှီမာယူယူကပြောသည်။
"အဆင်ပြေပါတယ်။ သူသာ ခွန်အားကြီးတဲ့သူထဲက တစ်ယောက်ကို ယှဉ်တိုက်ပေးရင် ငါတို့က တခြားသူတွေကို ရှင်းပစ်နိုင်မယ်လို့ ယုံကြည်တယ်" ဟု လီကီက ယုံကြည်ချက်အပြည့်နှင့်ပြောသည်။ ထို့နောက် လီကီသည် သက်ပြင်းချလျက် " ခေါင်းဆောင်သာ ငါတို့နဲ့အတူတိုက်ပေးနိုင်ရင် ကောင်းမှာပဲ။ သူက ခြယ်လှယ်ခြင်းတပ်ကို အပြုတ်တိုက်မယ်လို့ အမြဲပြောခဲ့တာ။ အခု ငါတို့နှစ်တပ် တကယ်လည်းတိုက်ရော သူက မတိုက်နိုင်တော့ဘူး" ဟု ပြောလိုက်သည်။
"အကိုလီနဲ့တခြားသူတွေနဲ့ ကျွန်မနဲ့လိုက်ခဲ့ပါ" ဟုစွန်းရန်ရန်လည်းပြောပြီး သူတို့ကို ဘိုင်ယွမ်ချွန်း၏ အခန်းသို့ ခေါ်သွားလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် ဘေယွမ်ချွန်းပြန်ကောင်းနေသည်ကို သိပြီးသားဖြစ်၍ မအံ့သြသော်လည်း လီကီသည် ကုတင်ဘေးတွင် ထိုင်နေသော ပုဂ္ဂိုလ်ကိုမြင်လိုက်သောအခါ အထစ်ထစ်အငေါ့ငေါ့ဖြင့် "ခေါင်း-ခေါင်းဆောင်" ဟု ပြောလိုက်သည်။
"လီကီ မင်းဘယ်တုန်းက အဲ့လို ထုံထိုင်းသွားတာလည်း" ဟု ဘိုင်ယွမ်ချွန်းက ပြုံးလျက်ပြောသည်။
လီကီလည်း စိတ်လှုပ်ရှားစွာ လမ်းလျှောက်၍ ဘေယွမ်ချွန်းတစ်ယောက် လုံးဝပြန်ကောင်းနေသည်ကို တွေ့သောအခါ မယုံနိုင်သောအသံဖြင့် " ခေါင်းဆောင် တကယ်ပဲ ခေါင်းဆောင်ပါနော် လုံးဝပြန်ကောင်းနေပြီပဲ" ဟု ပြောလိုက်သည်။
"ယူယူနဲ့ တခြားသူတွေက ငါ့ကိုကယ်လိုက်တာ" ဟု ပြောရင်း ဘိုင်ယွမ်ချွန်းလည်း သူတို့ကို ကျေးဇူးတင်စွာကြည့် လိုက်သည်။
လီကီသည် သူတို့က ဘိုင်ယွမ်ချွန်းကို ကယ်နိုင်မည်ဟု မထင်ခဲ့ပေ။ သူလည်း နောက်ကိုလှည့်၍ သူတို့ကို ခေါင်းငုံ့ကာ အလေးပြုလိုက်သည် "ကျေးဇူးအများကြီးတင်ပါတယ်" ဟုပြောလိုက်သည်။
ရှီမာယူယူလည်း ရှေ့သို့တိုး၍ လီကီကို ပြန်ပြီးမတ်အောင်ကူညီပေးလိုက်ရင်း " ဉီးလေးလီကလည်း အရမ်းနှိမ့်ချနေပြန်ပါပြီ" ဟုပြောလိုက်သည်။
"ခင်ပွန်းချွန်း မနေ့ကနေ ဒီနေ့ညနေအထိ ထွက်သွားတဲ့သူ တစ်ရာကျော်ပြီ။ မနက်ဖြန်ဆို လူတွေပိုပြီး ခြယ်လှယ်ခြင်းတပ်ကို အညံ့ခံကြတော့မယ်ထင်တယ်" ဟု စွန်းရန်ရန်က ပြောလိုက်သည်။
ဘိုင်ယွမ်ချွန်းတစ်ယောက် မအံ့သြမိပါ။ ဒီနှစ်အတောအတွင်း သဲစင်ရော်တပ်သည် လွန်စွာတိုးတက်လာခဲ့သည်။ ထိုကိစ္စမှာ မကောင်းလှပေ လျှို့ဝှက်သော ကိစ္စများဖြင့် လာရောက်ပူးပေါင်းသော လူများလည်း ရှိကြသည်။ ဒီအခွင့်အရေးမှာ ခြယ်လှယ်ခြင်းတပ်က သူတွေကို ရှင်းထုတ်ပစ်ရန် ဘိုင်ယွမ်ချွန်းက စဉ်းစားမိသည်။
"ရာထူးမြင့်တဲ့ သူဘယ်သူနှစ်ယောက်ကျန်သေးလဲ"
"ခုနှစ်ယောက် ရှစ်ယောက်ဝန်းကျင်တော့ ရှိမယ်။ ရာထူးကြီးတစ်ယောက်တော့ထွက်သွားတယ်" ဟု စွန်းရန်ရန် ကပြန်ဖြေသည်။
"ဘယ်သူလဲ"
"ယန်ချန်း"
ရှီမာယူယူသည် အဲ့ယန်ချန်းဆိုသူကို သေချာမသိပါ။ သို့သော်လည်း သူတို့က ရှင်းဝူကို သတ်လိုက်သည့် သတင်းကို ပေါက်ကြားစေသောသူမှာ အဲ့လူပင်ဖြစ်မည်ဟု ထင်သည်။
"ယန်ချန်းက သူများက အဲ့လောက် မှီခိုတတ်မယ်လို့ အရင်က မထင်ခဲ့ဘူး။ သူတကယ်ပဲ အကျိုးအမြတ်ရဖို့ ငါတို့သတင်းကို ရောင်းစားခဲ့တာပေါ့။ " ဟု လီကီက ဒေါသထွက်စွာပြောလိုက်သည်။ "သူထွက်သွားတုန်းက သူ ခြယ်လှယ်ခြင်းတပ်ကို သတင်းရောင်းစားခဲ့သည်မှာ သုံးနှစ်ခန့် ရှိပြီဟု ပြောသွားတယ်။ အဲ့မှပဲ လွန်ခဲ့တဲ့ နှစ်နှစ်က ငါ့တို့သတင်းတွေကို သူတို့ဘယ်လိုရနေတယ်ဆိုတာ သိတော့တယ်" ဟု ဆက်လက်ပြောသည်။
အမှန်ပဲ။
"ငါပြန်ကောင်းလာတယ်ဆိုတဲ့သတင်းကို မပေါက်ကြားစေနဲ့။ ငါတို့မှာ သန်မာတဲ့သူ ဘယ်နှစ်ယောက်ကျန်လဲဆို တာ ငါကြည့်ချင်တယ်" ဟု ဘိုင်ယွမ်ချွန်းက ပြောသည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
"ဟုတ်ကဲ့ပါ အဖေ"
တကယ်တော့ ရှီမာယူယူနှင့် တခြားသူများတိုင်ပင်ခဲ့သော အစီစဉ်မှာ ရိုးရိုးစင်းစင်းပင်ဖြစ်သည်။ တစ်ယောက်လာရင် တစ်ယောက်ကို သတ်မည်။ နှစ်ယောက်လာရင် နှစ်ယောက်ကို သတ်မည် ဆိုသော အစီစဉ်ဖြစ်သည်။ တစ်ယောက်က ဘုရင်ကို ဖမ်းဆီးနိုင်လျှင် သူခိုးကိုတားဆီးနိုင်မည်။ ခြယ်လှယ်ခြင်းတပ်၏ ခေါင်းဆောင်ကို သတ်လိုက်နိုင်လျှင် ကျန်တဲ့ တပ်သားတွေကို အလွယ်တကူပင်ရှင်းနိုင်မည်ဖြစ်သည်။
စွန်းရန်ရန်လည်း တပ်ထဲက ထွက်တဲ့သူတွေကို အပြစ်မတင်ပါ။ သို့သော်လည်း ထွက်သွားမည်ဆိုလျှင် သဲစင်ရော်တပ်နှင့် မဆိုင်တော့ပါ။ အကယ်၍ ဒီအခြေအနေကို သဲစင်ရော်တပ်သာ ကျော်လွှားနိုင်ခဲ့ပြီးနောက်မှ ထိုသူများသည် တပ်ထဲသို့ပြန်ဝင်မည်ဆိုလျှင် လက်သင့်မခံတော့ပါ။ ဟူသော စကားကို ထုတ်ပြန်လိုက်သည်။
ဆွန်ရမ်ရမ်ကြေညာပြီးနောက် ထွက်ရန် အကြောင်းပြချက်ရှာနေသောသူများသည် အကြောင်းပြချက်ရှာရန် မလိုတော့ဘဲ ဒီအတိုင်းဘဲထွက်ခွာသွားကြသည်။ အများစုသည် ခြယ်လှယ်ခြင်းတပ်သို့ တိုက်ရိုက်အညံ့ခံသွားကြ သည်။ တချို့ကတော့ မြို့တော်မှ ထွက်ခွာသွားကြသည်။
ဘိုင်ယွမ်ချွန်းလည်း စွန်းရန်ရန်ကြေညာလိုက်သော သတင်းကိုကြားသောအခါ ဒေါသထွက်ခြင်းအလျှဉ်းမရှိ "ကောင်းတယ်" ဆိုသော စကားတစ်ခွန်းကိုသာ ပြောလေသည်။
ရှီမာယူယူနှင့် တစ်ခြားသူများသည် အိမ်ထဲတွင်နေ၍ အတွင်းအားတိုးတက်ရန်လုပ်ဆောင်ကြသည်။ အတွင်းအားတိုးတက်အောင်မလုပ်ခင် သူမ၏ အမြင့်ဆုံးအခြေအနေသို့ ရောက်ရန် ဆေးအများကြီးသောက်လိုက်သည်။
နောက်ရက်တွင် ရှီယူရှီသည် စံတင်အဆင့်ဝိညာဉ်သခင်နှစ်ယောက်နှင့် ပြင်ဆင်ရန် ရောက်လာ သည်။ ခြယ်လှယ်ခြင်းတပ်က လူများသည်လည်း အဆင်သင့်ပြင်၍ စောင့်နေကြသည်။ ထိုလူများထဲတွင် သဲစင်ရော် တပ်မှ ပြောင်းလာသောသူများလည်း ပါဝင်ကြသည်။
"အရှင်မင်းသမီး"
ရှီယူရှီလည်း ထိုလူများကိုကြည့်လျက် "ငါတို့က တိုက်ပွဲထဲကို ချက်ချင်း ဝင်မပါဘူး။ သခင်ကြီးတွေက မင်းတို့မနိုင် တဲ့ သူပေါ်လာမှ လှုပ်ရှားမှာဖြစ်တယ်" ဟု ပြောလိုက်သည်။
"မင်းသမီးက အများကြီးစဉ်းစားပေးထားတာပဲ။ သဲစင်ရော်တပ်က ရာထူးကြီးတဲ့ သူတွေအများကြီး ထွက်သွားကြပြီး ဘိုင်ယွမ်ချွန်းကိုလည်း ဆုံးရှုံးသွားတယ်လို့တိကျတဲ့ သတင်းရထားပါတယ်။ အခုတော့ သူတို့တွေ လျော့တိလျော့ရဲ အခြေအနေမှာ ပူးပေါင်းမလုပ်ဆောင်နိုင်ကြပါဘူး။ မင်းသမီးနှင့် တခြားရာထူးကြီးသခင်တွေက ဘေးကနေ ကြည့်ပေးရုံပါပဲ" ဟု ရှင်းမင်ကပြောသည်။
"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကိစ္စတစ်ခုခု ပေါ်လာရင် အမြန်ဆုံးဖြေရှင်းရမယ်။ ဖခမည်းတော်ဘုရင်ကြီးရဲ့ မွေးနေ့က မကြာခင်ရောက်လာတော့မှာမို့ ငါအမြန်ဆုံးပြန်ရမည်။" ဟု ရှီယူရှီကပြောသည်။
"ကောင်းပါပြီ။ ကျွန်တော်တို့သွားကြပါစို့" ရှင်မင်လည်း ပြောပြီးနောက် ခြယ်လှယ်ခြင်းတပ်သို့ လက်ကို ဝှေ့ရမ်း ပြပြီး " ခြယ်လှယ်ခြင်းတပ်သားများ ငါ့နောက်လိုက်ခဲ့" ဟု ဆက်လက်ပြောလေသည်။
ရှီမာယူယူလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေရာမှ မျက်စိပွင့်လာသည်။ သူမ၏ အမြင့်ဆုံးအခြေအနေ သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။
ဟာစွန်လည်း အပြင်မှ ဝင်လာပြီး " ခြယ်လှယ်ခြင်းတပ်က လူတွေလာနေပြီ" ဟု ပြောလိုက်သည်။
"သူတို့က တကယ်ကို အချိန်မီရောက်လာတာပဲ။ ကျွန်မတို့ကြိုသွားပြီး အရင်သွားစုံစမ်းရအောင်" ဟု ရှီမာယူယူ လည်း ကုတင်ပေါ်မှ ဆင်းရင်းပြောလိုက်သည်။ သူမသည် ဟာစွန်ဘေးကဖြတ်သွားရင်း ပုခုံးကိုပုတ်လျက် "ခဏနေကြရင် ကျိရွှီနှင့် ဉီးလေးရဲ့ မိသားစုတွေ, ဂိုဏ်းသားတွေကို ကာကွယ်ပေးပါလို့ တောင်းဆိုပါစေ" ဟု ပြောလိုက်သည်။
"မင်းအတွက်ကြတော့ ဘယ်လိုလုပ်မှာလဲ" ဟု ဟာစွန်ကမေးလိုက်သည်။
"ကျွန်မအတွက်လား" ရှီမာယူယူကပြုံးလျက် " ကျွန်မက အင်အားအပြည့်နဲ့ တိုက်ပွဲဝင်မှာ ကျွန်မရဲ့ လက်ရှိစွမ်းအားကို စမ်းသပ်ချင်တယ်" ဟု ပြောလိုက်သည်။
"တကယ်လို့ အန္တရာယ်များတဲ့ အခြေအနေနဲ့ ကြုံရရင် ဘယ်လိုလုပ်မှာလဲ" ဟုပြောရင်း ဟာစွန်သည် ရှီမာယူယူ၏ မျက်နှာပေါ်ကအပြုံးကို မြင်လိုက်သည်။ ထိုအပြုံးသည် အငြိုးရိပ်သန်းနေသည်ကို သိလိုက်ရသည်။ သူသည် ဆန့်ကျင်ရန် စိတ်မကူးသော်လည်း သူမ၏ လုံခြုံရေးကို အနည်းအကျဉ်းမျှ စိတ်ပူမိတာတော့ အမှန်ပင်ဖြစ်သည်။
"ကျွန်မထက် သန်မာတဲ့သူတွေနဲ့ သေချာပေါက်မတိုက်ပါဘူး ကျွန်မအရူး မှမဟုတ်တာ" ဟု ပြောပြီးသောအခါ ရှီမာယူယူလည်း ဟာစွန်ဘေးကဖြတ်သွားသောအခါ ဟာစွန်လည်း မှင်တက်ပြီးကျန်ခဲ့လေသည်။