အပိုင်း(၂၀၅)-ခြယ်လှယ်ခြင်း စစ်တပ်အား ချေမှုန်းခြင်း(၂)
Vol. 003 Ch. 205
ရှင်းမင်ခေါ်လာသော ခြယ်လှယ်ခြင်းစစ်တပ်များသည် သဲစင်ရော်လူများကို အပြည့်ဝန်းရံလိုက်ကြသည်။ ဘိုင်ယွန်ရွှီသည် သူ၏ သဲစင်ရော်လူများကို ခေါ်ဆောင်ကာ အပြင်ထွက်လိုက်သည်။ ရှင်းမင်နှင့် တခြားသူများကို မြင်သော်အခါ သူ၏ မျက်နှာအမူအရာသည် လုံးဝ ပျက်သွားလေသည်။
“ယန်ချောင်း မင်း သစ္စာဖောက်ပဲ” ရှင်းမင်းဘေးတွင် ယန်ချောင်ရပ်နေသည်ကို မြင်လိုက်ရသောအခါ ဘိုင်ယွန်ရွှီသည် ကျယ်လောင်စွာ ဆဲရေးလိုက်သည်။
ယန်ချောင်သည် အေးစက်စွာ ချောင်းဟန့်ကာ “သစ္စာဖောက်ဟုတ်လား၊ ငါက သစ္စာဖောက်မဟုတ်ဘူး၊ ငါက ငါ့လုံခြုံရေးကို ဦးစားပေးလိုက်တာပဲလေ”
“မင်းက သစ္စာဖောက်မဟုတ်ဘူးလို့ ပြောရဲသေးတယ်နော်၊ ရှင်းဝူကို သတ်တာငါ့တို့ဆိုတာကို ရှင်းမင်ကို ပြောတာ မင်းမဟုတ်လား” လီကီသည် ဒေါသဖြင့် စွပ်စွဲလေသည်။
“ခင်ဗျားမှားနေပြီ” ယန်ချောင်ပြောလိုက်သည် “ငါ သူတို့ကို တိုက်ရိုက်ပြောတာမဟုတ်ဘူး၊ ဒါပေမယ့် င့ါကိုပိုက်ဆံပေးတဲ့ တစ်ယောက်က မေးတော့ ငါ အဲလူကို မပြောပါဘူး ဒါပေမယ့် အဲလူက တော်ဝင်အပျိုတော်ရဲ့ လူဖြစ်မယ်လို့ မထင်ထားဘူး”
“သူပြောတဲ့အတိုင်းပဲ” တခြား ရာထူးကြီးသူတစ်ယောက်ကပြောလိုက်သည်။
ဘိုင်ယွန်ရွှီ ပျာယာခတ်ပြီး ဒေါသထွက်သွားသည်ကို မြင်သည်နှင့် ရှင်းဝမ် အထက်စီးဆန်စွာ ပြုံးလိုက်သည် “ဘိုင်ယွန်ရွှီ မင်းဒီနေ့ ဘာဖြစ်နေတာလဲ၊ မင်းအဖေ ငါတို့ ခြယ်လှယ်ခြင်းစစ်တပ်ကို လာပြီး ဖျက်ဆီးတုန်းက မင်းကအမြဲ ဂုဏ်ယူနေခဲ့တာမလား၊ အဲနေ့က အကြောင်းကို ဘာလို့မပြောတာလဲ”
“ငါက ခွေးဟောင်သံကြားပေမယ့်လည်း လူဖြစ်နေတော့ ပြန်မဟောင်တတ်ဘူး” ဘိုင်ယွန်ရွှီသည် အထင်သေး စွာပြောလိုက်သည်။
“ဘာ မင်းက ငါ့ကို ခွေးလို့ပြောလိုက်တာလား” ရှင်းဝမ်သည် သူ့အား လက်ညှိုးထိုးကာ အော်လိုက်လေသည်။
ဘိုင်ယွန်ရွှီသည် ပခုံးတွန့်ကာ ပြောလိုက်သည် “တခြားသူကို ဆဲတာကို မင်းကို ပြောတယ်ထင်ရင်လည်း ငါမင်းကို ပြောတာလို့ပဲ ယူဆလိုက်ပေါ့”
“မင်း….”
“ဝမ်လေး” ဒေါသများ အမြောင်းလိုက်ထွက်နေသော ရှင်းဝမ်အား ရှင်းမင်ခေါ်လိုက်သည်။ ထို့နောက်တွင် သူသည် ရှေ့တွင်ရပ်နေသော သဲစင်ရော်တပ်သို့ လှည့်ကာ “ငါ မင်းတို့အားလုံးကို နောက်ဆုံး အခွင့်အရေးပေးမယ်၊ မင်းတို့အခု ငါတို့ခြယ်လှယ်ခြင်းစစ်တပ်ကို အညံ့ခံမယ်ဆိုရင် မင်းတို့ကို မသတ်ဘူး၊ အဲလိုမဟုတ်ရင် ငါမင်းတိုကို မေးမနေတော့ပဲ မင်းတို့ခေါင်းကို ဖြတ်ပစ်မယ်၊ မင်းတို့ ဆုံးဖြတ်ဖို့ တစ်မိနစ်အချိန်ပေးမယ်”
ထိုအချိန်တွင် ရှီယူရှီသည် သူမနှင့်အတူ စံတင်အဆင့်နှစ်ယောက်အား ခေါ်ဆောင်ပြီး ပျံသန်းလာသည်။ သူတို့သည် လေထဲတွင် ရပ်လိုက်ကြပြီး အောက်မှလူများကို စကားမပြောပဲ ကြည့်လိုက်ကြသည်။
“မင်းတို့ထွက်ပြေးဖို့ လုပ်နေတယ်ဆိုရင် ငါသွားခွင့်ပြုတယ် ငါ မင်းတို့ကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် မင်းတို့ကံကောင်းလို့ လွတ်သွားရင်လည်း မင်းတို့အတွက် သဲစင်ရော်ဆိုတာ ရှိလာတော့မှာမဟုတ်ဘူး”
လှုပ်လှုပ်ရှားရှားဖြစ်နေကြသော လူများကို စွန်းရန်ရန်ပြောပြီး ရှီမာယူယူနှင့် တခြားသူများကို ခေါ်ဆောင်ကာ အရှေ့ဖက်အပေါက်မှ ထွက်ခဲ့လေသည်။
“သခင်မကြီး” စွန်းရန်ရန် ထိုကဲ့သို့ပြောသည်ကို ကြားသည့်နောက်တွင် စစ်သည်များ သည် အော်ခေါ်လိုက်ကြသည်။
“သခင်မကြီး အခု ကျွန်တော်တို့ရဲ့ လက်ရှိအားက နည်းနေပြီ၊ နောက်ထပ်လူတွေ ထပ်ထွက်သွားရင်တော့…..”
စွန်းရန်ရန်သည် လက်ဆန့်ကာ ဟန့်တားလိုက်သည်။ သူမသည် ထို သစ္စာဖောက်များကို ကြည့်ကာ ပြောလိုက်သည် “သူတို့ရဲ့စိတ်က ငါတို့ဆီမှာမရှိတော့ဘူး၊ အဲအချိန်ကျရင် အနှေးနဲ့အမြန် ငါတို့နောက်ကျောကို ဓားနဲ့ထိုးမှာပဲ၊ ငါတို့ရှေ့တင် ဟိုဘက်ကို ကူးသွားတာကို ကြည့်တာ ပိုကောင်းတယ်”
စွန်းရန်ရန်ပြောသည်ကို ထိုလူများကြားသောအခါ သူတို့သည် ပြောစရာစကားလုံးမရှိတော့ပေ။
တစ်မိနစ်ကြာသောအခါ သဲစင်ရော်တပ်မှ တချို့လူများသည် ထွက်ခွာသွားကြသည်။ အစပိုင်းတွင် တစ်ထောင်ရှိသန်မာသော စစ်တပ်သည် ရာပိုင်းလောက်သာကျန်တော့သည်။
“အချိန်ကျပြီ မင်းတို့က သေမယ့်အချိန်ထိ နေမယ်လို့ကြေညာလိုက်တာလား” ရှင်းမင်ပြောလိုက်သည် “အဲလိုဆိုမှတော့ ဆန္ဒဖြည့်ပေးရမှာပေါ့ မင်းတို့အေးအေးဆေးဆေးအနားယူတော့၊ မင်းတို့သွားပြီးပြီဆိုရင် မင်းတို့ခေါင်းဆောင်ကို မင်းတို့နောက်ကလိုက်ရအောင် လုပ်ပေးမယ်”
“မင်းက ငါ့ကိုပြောတာလား” အားကောင်းသော အသံသည် မိန်းဂိတ်ဝမှာ ထွက်လာသည်နှင့် အပြင်မှ လူများသည် အလွန်အမင်းအံ့သြသွားလေသည်။
“ဘိုင်ယွမ်ချွန်း မင်းက အသုံးမဝင်တဲ့ အမှိုက်ဖြစ်သွားပြီ မဟုတ်လား” ခြေလှမ်းကျဲများဖြင့် လျှောက်လာသော ဘိုင်ယွမ်ချွန်းအား ရှင်းမင်ကြည့်လိုက်သည်။ ဘယ်နေရာက သူ မသန်စွမ်းတဲ့သူနဲ့ တူနေလို့လဲ။
ဘိုင်ယွမ်ချွန်းသည် အရှေ့သို့လာကာ “ထိုင်”တောင်ကဲ့သို့ တည်ငြိမ်စွာရပ်လိုက်သည်မှာ သဲစင်ရော်များ အားလုံး၏ စိတ်ကို ကြံ့ခိုင်မှုကို ဖြစ်စေသည်။
“ဟားဟား တခြားသူတွေပြောတာနဲ့ပဲ ငါက မသန်စွမ်းတဲ့သူဖြစ်ရမှာလား၊ မင်းက ကောလဟလတွေပဲ နားထောင်နေသေးတယ်ဆိုရင် မင်းက ကလေးပဲရှိသေးတာပဲ” ဘိုင်ယွမ်ချွန်းသည် ဟားတိုက်ရယ် မောလိုက်သည်။
“ဟား ဟား”
သူတို့၏ ခေါင်းဆောင်ပြောသည်များကို ကြားသောအခါ သဲစင်ရော်များသည် အားရစွာ ရယ်မောလိုက်ကြသည်။
အခြေအနေမှာ သေရေးရှင်ရေးဖြစ်သော်လည်း သူတို့သည် သူ့အား မြင်ချိန်တွင် အားလုံးသည် ယုံကြည်မှု အပြည့်ဖြစ်သွားကြသည်။
ထွက်သွားသော လူတစ်ယောက်တိုင်းသည် ရှက်သွားကြသဖြင့် ဘိုင်ယွမ်ချွန်းအား မကြည့်ရဲကြပဲ ခေါင်းငုံ့နေကြလေသည်။
“မဖြစ်နိုင်ဘူး၊ မင်းရဲ့ အရွတ်တွေအကုန် ပြတ်သွားတာပဲ၊ မင်း ဘယ်လိုလုပ်ပြန်ကောင်းလာတာလဲ” လေထဲတွင် ရှိနေသော သခင်ဟူသည် ပြောပြီးသည်နှင့် သူ့စွမ်းအားများကို ထုတ်လိုက်သော်လည်း ဘိုင်ယွမ်ချွန်း၏ ကိုယ်ပိုင် စွမ်းအားများက တွန်းထုတ်လိုက်လေသည်။
“အဆင့်သုံး စံတင်ဝိညာဉ်” သခင်ဟူ၏ ခန္ဓာကိုယ်သည် နောက်ပြန်ယိုင်သွားကာ သူအံ့သြသွားလေသည် “မင်း အဆင့်တက်လာတာလား”
“ဟားဟား ဟုတ်တာပေါ့ ငါပြန်ကောင်းလာတာတင်မဟုတ်ဘူး၊ အဆင့်ပါတက်လာတာ” ဘိုင်ယွမ်ချွန်း ပြောလိုက်သည် “မင်းတို့ ခြယ်လှယ်ခြင်းစစ်တပ်ကလူတွေ နားထောင်ကြ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်၊ မင်းတို့ခြယ်လှယ်ခြင်းစစ်တပ်က ထွက်ပြီး ဒီပွဲကနေ လက်ရှောင်မယ်ဆို ရင် ပြီးခဲ့တာတွေ ထားပေးမယ်၊ အဲလိုမဟုတ်ရင် တစ်ယောက်လာလာ နှစ်ယောက်လာလာ ငါကတော့ သတ်မှာပဲ”
“ဟမ် ဘိုင်ယွမ်ချွန်း မင်းက လူပါးဝလှချည်လား” ရှင်းမင်သည် အေးစက်စွာ လေရှုသွင်းလိုက်သည် “မင်းက အဆင့်သုံး စံတင်ဝိညာဉ်ဖြစ်သွားစေပါဦး ငါတို့မှာ အဆင့်နှစ်နဲ့ အဆင့်သုံး စံတင်ဝိညာဉ်ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦးပြီးတော့ အခုလတ်တလောမှ အဆင့်တက်တဲ့ မင်းက အဆင့်သုံးကို နှစ်ပေါင်းအများကြီးဖြစ်လာတဲ့ ဆရာကြီးလွိုင်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”
“မင်းမသေချင်ဘူးဆိုရင် ငါတို့ဒီအတိုင်းပဲ ကျော်သွားပေးမယ်” စံတင်ဝိညာဉ် လွိုင်သည် ပေါ့ပြက်စွာ ပြောလိုက်သည်။ ဘိုင်ယွမ်ချွန်းပေါ်လာချိန်တွင် သူသည် အလွန်အမင်း အံ့သြသွားသော်လည်း တခြားသူများလောက် မျက်နှာမပျက်ပေ။
“ဟုတ်လား၊ ဒါဆို မင်းမှာ အရည်အချင်းရှိ မရှိကို ကြည့်လိုက်ရအောင်” ဘိုင်ယွမ်ချွန်းသည် ပြောပြီးနောက်တွင် ခုန်ပေါက်ကာ လေပေါ်တက်လိုက်ပြီး သူတို့နှင့် အပြန်အလှန် မျက်နှာချင်းဆိုင်လိုက်ကြသည်။
ရှင်းမင်သည်လည်း ပျံတက်ကာ ဘိုင်ယွမ်ချွန်းအား ကြည့်ပြီး ပြောလိုက်သည် “ငါတို့မှာ ငါအပါအဝင် စံတင်ဝိညာဉ် သုံးယောက်ပဲ၊ စံတင်ဝိညာဉ်ဖြစ်တဲ့ မင်းတစ်ယောက်တည်းနဲ့ နိုင်မယ်လို့ မင်းထင်လား”
“စံတင်ဝိညာဉ်က ငါတစ်ယောက်တည်းလို့ ဘယ်သူပြောလဲ” ဘိုင်ယွမ်ချွန်းသည် ရှင်းမင်အား လှောင်ပြောင်သလို ကြည့်လိုက်သည် “မင်းက ကောလဟလတွေပဲ ယုံတတ်တဲ့ ကလေးပဲရှိသေးတာလို့ ငါပြောပြီးပြီပဲ၊ မင်းအခုထိ အသိအမှတ်မပြုသေးဘူးလား”
“ဟမ်… မင်း နောက်ထပ် စံတင်ဝိညာဉ်နှစ်ယောက် မွေးထုတ်နိုင်တယ်လို့ တော့ငါ့ကို မပြောနဲ့နော်၊ စံတင်ဝိညာဉ်တွေကို ဟင်းရွက် ကန်စွန်းရွက်လိုများ ထင်နေလား” ရှင်းဝမ်သည် စကားလုံးများဖြင့် လှောင်ပြောင်လေသည်။
“မင်းတုံးတာပဲ အရည်အသွေးက အရေးအကြီးဆုံးပဲ မင်းတို့အားလုံးကို ရှင်းပစ်ဖို့ ငါတို့ တစ်ယောက်ပဲလိုတယ်” ဖက်တီးကျူသည် သူ့နှာခေါင်းအား တို့ရင်းပြောလိုက်သည်။
“ပုံရိပ်” ဝူရန်ဖေသည် သူ့အား သတိပေးလိုက်သည်။
“သူ့မှာ ဘယ်တုန်းက ပုံရိပ်ရှိသွားတာလဲ” ဝေကျိရွှီ ကျိတ်ရယ်လိုက်သည်။
“ဟုတ်တယ်” ဝူရန်ဖေ ခေါင်းညိတ်သည်။
“ဟိတ် ဟိတ် အခု ငါနာမည်ကြီးလာသလို ခံစားရတယ်၊ င့ါ ဇာတ်လမ်းကို ဘာလို့ ဖျက်ဆီးချင်ရတာလဲ” ဖက်တီးကျူ ညည်းညူသည်။
“မင်းရဲ့ ဇာတ်လမ်းကို ဖျက်ဆီးတာမဟုတ်ဘူး၊ ဇာတ်လမ်းက မင်းဟာ မဟုတ်လို့ပဲ၊ ဖက်တီး မင်းကတော့ ထပ်ပြီး မှားပြန်ပြီ” ရှီမာယူယူ ဝင်ပါလာသည်။
သူတို့ငါးယောက်သည် ပတ်ဝန်းကျင်မှ အန္တရာယ်ကို မခံစားမိသလို နောက်ပြောင်နေကြသဖြင့် တစ်ဖက်မှ လူများသည် ဒေါသဖြစ်လာသည်။
“ရှီမာယူယူ မင်းက ငါ့ဦးလေး၅ကို သတ်တဲ့သူမလား၊ ဒီနေတော့ ငါ့ ဦးလေး၅အတွက် သေချာပေါက်လက်စားချေပြမယ်” ရှင်းဝမ်သည် အော်လိုက်သည်။
“မင်းလား” ရှီမာယူယူသည် သူမအား ကြည့်ပြီး အထင်သေးသလို ပြောလိုက်သည် “မင်းမှာ အရည်အချင်းတောင်မရှိသေးဘူးမလား”
“သူမမှာ အရည်အချင်းမရှိဘူးဆိုရင် ငါကရော” ရှီယူရှီသည် ရှီမာယူယူရှေ့တွင် ရပ်ကာ သူမ ပြိုင်ဘက်ကဲ့သို့ ပြုမူလိုက်သည်။
ရှီမာယူယူသည် ကောင်းကင်တွင် ပျံသန်းနေသော လူများကို မော့ကြည့်ရသည်ကို မနှစ်သက်ပေ။ သူမသည် ရှီယူရှီအား ကြည့်ပြီး ပြောလိုက်သည် “မင်းတို့ မိန်းကလေးတွေက ဘာလို့ ငါ့နဲ့ ရန်ဖြစ်ရတာကို ကြိုက်ကြတာလဲ၊ ငါက မိန်းကလေးတွေကို စိတ်မဝင်စားဘူး၊ ငါ့မိသားစုဖြစ်တဲ့ ဘေဂုံနဲ့ တိုက်ရင်ရောဘယ်လိုလဲ”
ဘေဂုံထန်သည် ရှီမာယူယူဘေးသို့ ပျံသန်းလာသည်။ သူမသည် ရှီမာယူယူအား ခေါင်းညိတ်ပြပြီး ပြောလိုက်သည် “ဒါဆို ငါ ဂရုစိုက်ပြီး မင်းအတွက် ဖြေရှင်းလိုက်မယ်”
“အတင့်ရဲလိုက်တဲ့ ကောင်” သူတို့သည် ရှီယူရှီအား အထင်သေးပုံဖြစ်နေသည်ကို မြင်သောအခါ စံတင်ဝိညာဉ်ဟူသည် ပြဿနာဖြစ်စေရန် ရည်ရွယ်၍ သူတို့အား ဖိအား ပေးလိုက်သည်။ သို့သော် သူထုတ်လွှတ်သော ဖိအားများမှာ လုံးဝအသုံးမဝင်ပေ။
ထိုအခြင်းအရာကို နှစ်ဖက်စစ်တပ်မှလူများ အံ့သြသွားလေသည်။