အပိုင်း(၂၀၆)-ခြယ်လှယ်ခြင်းစစ်တပ်အား ချေမှုန်းခြင်း(၄)
Vol. 003 Ch. 206
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စံတင်ဝိညာဉ်ဟူသည်လည်း မယုံရဲပေ။ ဖိအား၏ သန်မာမှုကို သူအပြည့်အဝ နားလည်သည်။ သူ၏ စိတ်စွမ်းအားသည် တခြားသူများထက်ပို သန်မာသောကြောင့် တူညီသော အဆင့်ရှိသူများပင်လျှင် ဒီလိုဖိအားကို ခုခံပြီး သူ့အား မနိုင်နိုင်ပေ။
သို့သော် ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ဘာမှမခံစားရပေ။
သူတို့ကလည်း စံတင်ဝိညာဉ်လား။
မရေမတွက်နိုင်သောလူများကလည်း ထိုကဲ့သို့ စဉ်းစားကြသည်။ သို့သော် ထိုအတွေးများကို ချက်ချင်းပင် ဖျောက်လိုက်ကြသည်။ သူတို့က ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် စံတင်ဝိညာဉ်ဖြစ်နိုင်မှာလဲ။
“မင်းတို့ သခင်ဟူရဲ့ ဖိအားကို ဘယ်လိုလုပ်ခံနိုင်တာလဲ၊ မင်းတို့ အဖိုးတန်တစ်ခုခုကိုများ ပိုင်ဆိုင်ထားတာလား” ရှီယူရှီသည် သူတို့အား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
“ငါတို့မှာ အဲလိုအဖိုးတန်ပစ္စည်းရှိရင် ကောင်းမှာပဲ မဟုတ်ဘူးလား ဘေဂုံ” ရှီမာယူယူ ပြောလိုက်သည်။
ဘေဂုံထန်သည် ရှီမာယူယူပြောသည်ကို ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“အဖိုးတန်ပစ္စည်းကြောင့်မဟုတ်ရင် အဲဖိအားကို ဘယ်လိုလုပ် ခုခံနိုင်တာလဲ” ရှီယူရှီသည် မယုံကြည်စွာ အသံထွက်လာသည်။
“ငါတို့လုပ်သလို ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ရင်တော့ မင်းလည်းဖြစ်နိုင်ပါတယ်၊ ဟုတ်တယ်မလား ဟာစွန်” ရှီမာယူယူပြောပြီးနောက်တွင် ဝေဝါးစွာမြင်ရသော ခေါင်မိုးထက်တွင် ရပ်နေသော ဟာစွန်အား သူမ လှမ်းကြည့်လိုက်သည်။
သူမဆိုလိုသည်ကို ဟာစွန်နားလည်ကာ သူမ ဘေးသို့ ပျံသန်းလာသည်။
ခြယ်လှယ်ခြင်းစစ်တပ်မှလူများသည် သူ့အား မှတ်မိသွားကြကာ အော်မိကြလေသည် “အာ အခုတော့ ငါမှတ်မိပြီ သူက အရင်က တောင်ကနေ ဝိညာဉ်သားရဲတွေကို ပြောင်းရွေ့စေတဲ့ အဲဒီ အထွတ်အထိပ်ဝိညာဉ်သားရဲပဲ”
“အထွတ်အထိပ် သားရဲဟုတ်လား”
အောက်ရှိလူများသည် ပဲ့တင်သံများထွက်လာကာ မျက်လုံးပြူးများဖြင့် ကြည့်နေလေသည်။ သူတို့၏ မေးစေ့များသည် မြေပေါ်သို့ ကျလုမတတ်ပင်ဖြစ်နေကြသည်။
ဟာစွန်သည် စံတင်ဝိညာဉ်ဟူကို ကြည့်လိုက်သည်။ သူသည် သူ့အပေါ်တွင်ကျရောက်လာသော အကြည့်ကြောင့် တောင့်သွားပြီး မြေပေါ်သို့ ကျသွားလေသည်။
ဟာစွန်၏ သရုပ်မှန်သည် စစ်မြေပြင်တစ်ခုလုံးကို ပြောင်းပြန်ဖြစ်သွားစေပြီး ဘေးတွင်ရပ်နေသော ထိုအင်အား ကြီးများသည် မျက်မှန်ချွတ်ကာ သုတ်နေကြသည်။
ထိုစတင်သော လူများသည် ကြီးစွာနောင်တ ရသွားကြသည်။ သူတို့စဉ်းစားထားသည့်အတိုင်း သဲစင်ရော်များသည် လွတ်မြောက်ရန် အခွင့်အရေးမရှိတော့သည်မှာ သေချာခဲ့သည်။ သို့သော် အထွတ်အထိပ် သားရဲတစ်ကောင်ပေါ်လာသည်နှင့် ခြယ်လှယ်ခြင်းစစ်တပ် တစ်ခုလုံးကို အမြစ်ဖြတ်ပစ်၍ရသည်။
ရှင်းမင်နှင့် တခြားသူများသည် ချက်ချင်းပင် ကြောက်ရွံ့သွားကြသည်။ သူတို့က အထွတ်အထိပ်ဝိညာဉ်သားရဲနဲ့ ဘယ်လိုလုပ် တိုက်ခိုက်ဝံ့မလဲ။ ပြိုင်ဘက်မှာ အထွတ်အထိပ်သားရဲဟု သိကဲ့ပါက သူတို့သည် ရှီမာယူယူနှင့် တခြားသူများ ထွက်သွားပြီးနောက်မှ ထိုတိုက်ခိုက်မှုကို လုပ်ဆောင်မည်လေ။
အခုရောက်ရှိနေသည့် အခြေအနေမှာ သူတို့နောက်ပြန်ဆုတ်ချင်လျှင်တောင် ဆုတ်ခွင့်မရတော့ပေ။
ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည် “ခေါင်းဆောင်ရှင်းက ကျွန်တော့်ကို လိုချင်နေတယ်လို့ ကြားတယ်၊ အခုကျွန်တော် ရောက်နေပြီ အရင်လို လိုချင်တုန်းပဲလား၊ ကျွန်တော်တို့ခေါင်းတွေကို လိုချင်တာလား”
တခြားတစ်ဖက်၏ တုန့်ပြန်မှုကို မစောင့်တော့ပဲ သူမ တည့်တည့်ပင် ပြောလိုက်သည် “အင်း ခင်ဗျားတို့က သဲစင်ရော်ကို ချေမှုန်းချင်တာကို ကျွန်တော်တို့ကို အသုံးချတယ်၊ ကျွန်တော်တို့ ဒါကို လုံးဝသဘောမတူဘူး”
“ယူယူ သူတို့ကို ဘာလို့ အပိုစကားတွေ ပြောနေသေးတာလဲ၊ သူတို့က ငါတို့ တံခါးရှေ့တစ်လျှောက်ထိ လူတွေ သတ်လာကြတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ သူတို့ပြန်လမ်းမရှိစေရဘူး” ဘိုင်ယွန်ရွှီသည် အော်လိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာ “ဟာစွန်က အားနည်းတဲ့သူတွေကို မရိုက်တတ်ဘူးလို့ပြောတယ်၊ သူ့ကိုထားလိုက်၊ ဆိုတော့ မင်းကို စံတင်ဝိညာဉ်ထက်အားနည်းတဲ့သူတွေကို ရှင်းခိုင်းမယ်၊ သြော် အဲအတွက်တော့ သခင်ဟူ ဆိုလား ဘာလား ဦးလေးကို ဒဏ်ရာရအောင်လုပ်တဲ့ တစ်ယောက် အဲတော့ ဟာစွန်သူ့ကို မသတ်နဲ့၊ ဦးလေးကို လက်စားချေခွင့်ပေးလိုက်”
“အား ယူယူ မင်း ဒီလောက်စကားများတာ ဒီတစ်ခါပဲ မြင်ဖူးတယ်” ဖက်တီးကျူသည် တိုက်ချင်စိတ်အား ထိန်းချုပ်မရတော့ပဲ ချက်ချင်းပင် ပြိုင်ဘက်အား လက်သီးဖြင့် ထိုးလိုက်လေသည်။
သူ၏ လှုပ်ရှားမှုကြောင့် သဲစင်ရော်တပ်မှလူများလည်း နောက်ဆုံးတွင် လှုပ်ရှားလာကြသည်။ ထိုနှစ်ရက်အတွင်း သူတို့စိတ်များသည် ပင်ပန်းခဲ့ကာ ဒေါသများဖြင့် ပြည့်နေခဲ့သည်။ အခုတော့ ထွက်ပေါက်ရှာရပြီဖြစ်သော်လည်း သူတို့၏ တိုက်ပွဲစွမ်းရည်များသည် ကျဆင်းနေခဲ့သည်။
ဟာစွန်သည် အားနည်းသူများကို မရိုက်တတ်ဟု ရှီမာယူယူပြောထားသော်လည်း သူသည် သဲစင်ရော် မှ ဖြစ်သည်ကို တွေးလိုက်သော်အခါ ခြယ်လှယ်ခြင်းစစ်တပ်မှ ပုရွက်ဆိတ်များသည် ကြောက်ရွံ့ကာ တိုက်ပွဲစွမ်းရည်များ ကျဆင်းနေတော့သည်။
ခြယ်လှယ်ခြင်းစစ်တပ်မှ လူအင်အားသည် သဲစင်ရော်ထက် နှစ်ဆပိုများသော်လည်း စွမ်းအား များသည်မှာ သဲစင်ရော်ဘက်မှ လာခြင်းဖြစ်သည်။ ထိုသည်မှာ အစကတည်းကပင် အမြစ်ပြတ်ခြင်းကို ဖြစ်စေသည်။
ရှီမာယူယူသည် ရုတ်ရုတ်သဲသဲဖြစ်နေသော နေရာအား ကြည့်ပြီးပြောလိုက်သည် “ဒီနေရာကို မင်းတို့ကို ပေးထားမယ်”
သူမ ပြောပြီးနောက် သူမသည်လည်း တိုက်ပွဲတွင် ဝင်ပါတော့သည်။
“မင်းအားကို ခံစားကြည့်တာပေါ့” ရှီယူရှီသည် ပြောပြီးနောက် ဘေဂုံထန်ဆီသို့ ပြေးသွားလေသည်။ သူတို့နှစ်ယောက်သည် လေထဲတွင် တိုက်ရင်နှင့် ဝေးဝေးသွားလေသည်။
ဘိုင်ယွမ်ချွန်းသည် စံတင်ဝိညာဉ်ဟူကို တာဝန်ယူကာ ကျန်သည်မှာ ဟာစွန်အား စိုက်ကြည့်နေသာ စံတင်ဝိညာဉ်လွိုင်ဖြစ်သည်။
ဟာစွန် သက်ပြင်းချလိုက်ကာ ပြောလိုက်သည် “တကယ်တော့ ငါလူသတ်ရတာ မကြိုက်ဘူး၊ ဒါပေမယ့် မင်းတို့က သူမကို သွားစတာကိုး”
သူ ပြောပြီးနောက်တွင် သူ မျက်လုံးမှိတ်လိုက်သည်။ သူ မျက်လုံးမှိတ်လိုက်ချိန်တွင် မျက်လုံးတစ်လုံးစီတွင် မျက်အိမ်နှစ်ခု ပေါ်လာသည်။ သူသည် သူ့မျက်လုံးများဖြင့် စံတင်ဝိညာဉ်လွိုင်အား စိုက်ကြည့်လိုက်သည်။ စံတင်ဝိညာဉ်လွိုင်သည် ချက်ချင်းပင် ပိတ်မိသွားသည်။
“ကျိုးစမ်း”
ဟာစွန်သည် စိတ်မဝင်စားသလိုပြောသည်။ သို့သော် စံတင်ဝိညာဉ်လွိုင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် လေထဲတွင် ကျိုးကြေသွားလေသည်။ သူ့ခန္ဓာကိုယ်သည် သွေး မြူခိုးများအဖြစ် ပြောင်း သွားလေသည်။
ထိုအဖြစ်အပျက်အား အောက်မှလူများမြင်သောအခါ ကြောက်ရွံ့မှုကြောင့် တောင့်သွားလေသည်။ သူသည် နေရာတွင် မလှုပ်ရှားပဲရှိနေသော်လည်း အဆင့်သုံးစံတင်ဝိညာဉ်သည် ထိုကဲ့သို့ အမြစ်ဖြုတ်ခံလိုက်ရသည်။ အစွန်းအစ တစ်ခုမှ မကျန်ပေ။
ထို မြင်ကွင်းအားကြည့်ပြီး ရှီမာယူယူပင် ကြက်သီးထမိသည်။ သူမအား သူထိုနည်းလမ်းအား အသုံးပြုပြီး သတ်ခဲ့ပါက ကြက်သွေးရောင်မီးတောက်က သူမကို ကယ်နိုင်ပါ့မလား။
စံတင်ဝိညာဉ်လွိုင်အသတ်ခံရခြင်းသည် အားလုံး၏ စိတ်ထဲတွင် ကြောက်စိတ်များဝင်သွားကြပြီး တစ်ဖက်ပြိုင်ဘက်၏ စွမ်းအင်ကို လျော့မတွက်ရဲကြတော့ပေ။
ငြိမ်းချမ်းရေးမြို့တော်အုပ်ချုပ်ရေးမှူးသည် အစပိုင်းတွင် ရှီယူရှီအား ကယ်မည်ဟု ပြောထားခဲ့သည်။ သို့သော် ဟာစွန်အား မြင်သည်နှင့် သူ၏ အိမ်တော်သို့ ချက်ချင်းပင် အလျင်အမြန် ပြန်လာခဲ့သည်။
“သြော် မိုးနတ်မင်းရေ ခြယ်လှယ်ခြင်းစစ်တပ်က ဒီလိုပဲ ကျဆုံးတော့မှာလား” မြို့တော် အုပ်ချုပ်ရေးမှူးသည် သူ့ရင်ဘတ်အား ပုတ်ကာ ပြောလိုက်သည်။
ကံကောင်းစွာပင် သူသည် ရှီယူရှီအား ကူညီမည်ဟု အစကပင် အတိအလင်းကြေညာထားခြင်းမရှိခဲ့ပေ။ သို့မဟုတ်လျှင် သူသည် သေချာပေါက တစ္ဆေအဖြစ်ပြောင်းသွားမည်ဖြစ်သည်။
စွမ်းအားရှင်အများစုသည် ထိုသို့တွေးကြသည်။ ကံကောင်းစွာပင် သူတို့သည် ပါဝင်ခြင်းမရှိခဲ့ပေ။
ထို့အပြင် သဲစင်ရော်တပ်နှင့် ဆက်ဆံရေးကောင်းခဲ့သူများသည် မကူညီခဲ့ရသည်ကို နောက်တရ၍ မဆုံးပေ။ အထွတ်အထိတ်သားရဲရှိခဲ့ပါက သဲစင်ရော်တပ်သည် လျော့တွက်၍မရပေ။
“ဟားဟား ဒီလောက်လူအများကြီးနဲ့ မတိုက်ဖူးဘူး” ဖက်တီးကျူသည် သူ့လက်သီးဖြင့် တစ်ယောက်ပြီး တစ်ယောက်ထိုးပြီးနောက် ကျေနပ်နေလေသည်။
အနည်းငယ်သန်မာသော ပြိုင်ဘက်များကို ရှီမာယူယူ ရှာလိုက်သည်။ သို့သော် သူတို့သည် ဟာစွန်ကို ကြောက်ရွံ့သဖြင့် သူမ ပြိုက်ဘက်ဖြစ်မလာပေ။ သူမ စိတ်ကူးထားသော ပြိုင်ဘက်သည် လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ။
ထိုတိုက်ပွဲမှာ ဝါဂွမ်းကို လက်သီးနှင့် ထိုးရသလိုပင်။ သူမအတွက် ပျင်းစရာကောင်းခဲ့သည်။
တိုက်ပွဲသည် တစ်နေ့လုံးကုန်ဆုံးသွားသည်။ အလောင်းကောင်များသည် သဲစင်ရော်တပ်ရှေ့ရှိ လမ်းများတွင် ပြည့်နေသည်။ ထိုလူများသည် စကားတစ်ခွန်းမှ ပြန်မပြောလိုက်ရပေ။
ရှီယူရှီနှင့် ဘေဂုံထန်တို့၏ အင်အားများသည် တန်းတူဖြစ်၍ နောက်ဆုံးတွင် ဘေဂုံထန် အနိုင်ရခဲ့သည်။
ဖက်တီးကျူသည် မြေပေါ်ရှိ အလောင်းကောင်ကိုကြည့်ကာ ခေါင်းရမ်းလိုက်ပြီး ပြောလေသည် “မင်းသမီး ကတော့ပါချင်တော့ ဒီလိုဖြစ်တာလေ၊ အခု နောက်တရလည်း အသုံးမဝင်တော့ဘူး”
“သူမ အင်အားက မဆိုးဘူး၊ ဘေဂုံထန်သာ အချိန်အကြာကြီးတောင်တွေမှာ မလေ့ကျင့်ခဲ့ရင် သူမ ပြိုင်ဘက်မဖြစ်နိုင်ဘူး” ဝေကျိရွှီ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူမက ကောင်းတဲ့လူတော့မဟုတ်ဘူး” ဝူရန်ဖေပြောလိုက်သည်။ သူမ အသတ်ခံရမည်ဟု သူ မပြောခဲ့သော်လည်း သူမ အသတ်ခံခဲ့ရသည်။
“ဒီမင်းသမီးက လအနောက်တိုင်းပြည်ဘုရင်ရဲ့ အချစ်ဆုံးသမီးပဲ၊ အခု ငါတို့ သူမကို သတ်လိုက်တော့ ငါတို့က တော်ဝင်မိသားစုရဲ့ ဒေါသကို သွားဆွသလိုဖြစ်သွားလား” ဘေဂုံထန်သည် အနည်းငယ် အားနာသလိုပြောလေသည်။
“ဘာတွေကြောက်နေတာလဲ၊ သူတို့လာရင် မြေပေါ်က ရေလိုပဲ သဘောထားကြတာပေါ့၊ တော်ဝင်မိသားစုကလည်း ဦးနှောက်ရှိတော့ ငါတို့ကို ပြဿနာလာမရှာပါဘူး၊ အဲဒါအပြင် ငါတို့ကြောင့် ဝရုန်းသုန်းကားဖြစ်သွားတယ်လေ” ရှီမာယူယူသည် ထိုအကြောင်းအား လုံးဝ ဂရုမစိုက်ပေ။
သူတို့ တကယ်ရောက်လာပါက သူမကို သတ်သူမှာ ဟာစွန်ဟု ပြောလိုက်မည်။ သူတို့ လက်စားချေချင်ရင်လည်း ရတယ်၊ ဟာစွန်ကို သွားလက်စားချေ။
သူမ အတွေးအား ဟာစွန်ခံစားမိကာ ခေါင်းငုံ့ပြီး သူမအား ကြည့်လိုက်သည်။ သို့သော် သူ့စိတ်တွင် ဖြစ်လာသည့်အရာကို သူမသိတော့ပေ။