အပိုင်း(၂၀၇)-ခြယ်လှယ်ခြင်းစစ်တပ်အား ချေမှုန်းခြင်း(၅)
Vol. 003 Ch. 207
အမှန်တကယ်ချေမှုန်းခံရသည်မှာ ခြယ်လှယ်ခြင်းစစ်တပ်ဖြစ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားပေ။ ထိုအပေါ်တွင် အလောင်းအစားလုပ်ထားသူများသည် အရှုံးပေါ်ကြသည်။
ဘိုင်ယွမ်ချွန်းနှင့် တခြားသူများသည် အပြင်လူများ၏ အတွေးများကို စဉ်းစားရန်အချိန်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် မီးတောက်နှင့် ရေအရည်အချင်း ခေါင်းဆောင်များနှင့်အတူ အလောင်းကောင် များကို သေသပ်စွာဖျောက်ဖျက်ရသောကြောင့်ပင်ဖြစ်သည်။
အစပိုင်းတွင် သူအားလုံးကို မီးရှို့ပစ်ချင်သော်လည်း ထိုလူများသည် လွန်ခဲ့သော နှစ်များအတွင်း မကောင်းသောအရာများ ပြုလုပ်ကာ ပစ္စည်းများ ခိုးဝှက်ခဲ့သည်ဟု ဖက်တီးကျူသည် သူ့အား ပြောခဲ့သည်။ သူတို့သည် ထိုပစ္စည်းများကို သိုလှောင်ထားမည်မှာ သေချာ၍ မှော်ဝက်လက်စွပ်အတွင်းမှ ပစ္စည်းများကို အဆုံးရှုံးမခံနိုင်ပေ။ သူတို့ ပစ္စည်းအများကြီး စုထားလိမ့်မယ်လို့ ဘယ်သူသိနိုင်မလဲ။
အဲလိုမဟုတ်ရင်တောင် မှော်ဝင်လက်စွပ် တစ်ထောင်ကျော်ရှိနေခြင်းက ငွေသား အနည်းအကျဉ်းတော့ ရနိုင်သေးသည်။
သည်လိုနှင့် သူတို့်သည် တစ်ယောက်ချင်း၏ အလောင်းကို လှန်ကာ လက်မှ မှော်ဝင်လက်စွပ်များ လိုက်ချွတ်ပြီး သိမ်းထားလိုက်လေသည်။ ထို့နောက်တွင် မီးတောက်အရည်အချင်းရှိသူသည် အလောင်းများကို မီးရှို့ပြီး ရေအရည်အချင်းရှိသူသည် လမ်းအား ဆေးကြောတော့သည်။
ထိုညသည် ငြိမ်းချမ်းရေးမြို့တော်အတွက် အိပ်ရေးပျက်ခဲ့ရသော ညဖြစ်ပြီး လူအများသည် နီရဲသော ကောင်းကင်နှင့် ကြေကွဲစရာကောင်းသော အသက်အိုးအိမ်များကို စောင့်ကြည့်နေခဲ့သည်။ အဲဒီ ခြယ်လှယ်လွန်းပြီး ဘဝင်မြင့်တဲ့ ခြယ်လှယ်ခြင်းစစ်တပ်က နတ်ဆိုး အဖွဲ့ဝင်တွေက ဒီလိုပဲ ပြီးဆုံးသွားပြီ။ ထိုသည်မှာ လူအများကို သက်တောင့်သက်သာ မဖြစ်စေပါ။
ရှီမာယူယူသာ ထိုအကြောင်းအား သိပါက သူမသည် သေချာပေါက် အထင်သေးစွာ ပြောလိမ့်မည် “မင်းတို့အားလုံးက ဒုက္ခရောက်တာကို သာယာနေတာပဲ” ဟု…
ရှီမာယူယူ၊ ဘေဂုံထန်နှင့် တခြားသူများသည် ဒဏ်ရာရရှိသူများအတွက် အဆင့်နိမ့်ဆေးများ ဖော်စပ်ကြသည်။ ထိုဆေးများတွင် အချက်ပြခြင်း ဆိုသည့် ဆေးအမျိုးအစားပါဝင်သည်။ဆေးတစ်ဖိုတွင် အများအပြား ဖော်စပ်နိုင်သည်။ ထို့အပြင် ဖော်စပ်ရန်လည်း မြန်ဆန်သည်။ သူတို့သုံးယောက်သည် တစ်ညတည်းပင် လူ လေး၊ ငါးရာ စာကို ဖော်စပ်နိုင်လိုက်သည်။
“ယူယူ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်” ဘိုင်ယွန်ရွှီသည် ရှီမာယူယူပေးသော ဆေးကို ယူရင်း သူမအားကျေးဇူးတင်စကား ပြောလိုက်သည် “မင်းတို့သာမဟုတ်ရင်တော့ ငါတို့ လွတ်ဖို့ တကယ်ခက်သွားမှာ”
“ဒါပေမယ့် ငါတို့က ပြဿနာပိုကြီးအောင်လုပ်သလိုဖြစ်သွားတယ်၊ ဒါက မင်းတို့ကို သက်ရောက်သွားမယ်လို့ ဘယ်သူသိမလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ရှီယူရှီနဲ့ စံတင်ဝိညာဉ်နှစ်ယောက်ကို ပြောတာလား”
ရှီမာယူယူ ခေါင်းညိတ်သည်။
“မင်းစိတ်ချပါ၊ ငါတို့ လအနောက်တိုင်းပြည်ရဲ့ ဘုရင်ကြီးက စိတ်သဘောထားကြီးတယ်၊ အရေးအကြီးဆုံးက ဒီလို အခြေအနေကို သူဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို သူသိတယ်၊ အထွတ်အထိပ်သားရဲသာ ဒီကိစ္စမှာပါတာ သူသိရင် ဆက်ပြီး လိုက်တော့မှာမဟုတ်ဘူး” စွန်းရန်ရန်ပြောလိုက်သည်။
“ဟုတ်တယ်၊ လအနောက်တိုင်းပြည်တစ်ခုလုံးက အထွတ်အထိတ်သားရဲကို ဆန့်ကျင်တာကို သူလိုလားမှာ မဟုတ်ဘူး” ဘိုင်ယွန်ရွှီပြောလိုက်သည်။
“ဒါပေမယ့် ရှီယူရှီက တော်ဝင်မိသားစုရဲ့ ရတနာမလား” ဖက်တီးကျူ မေးလိုက်သည်။
“ရှီယူရှီတစ်ယောက်နဲ့ အထွတ်အထိတ်သားရဲနဲ့ ယှဉ်ကြည့်….. သူတို့ဘယ်သူ့ကို ရွေးမယ်ထင်လဲ” ဝေကျိရွှီ မေးလိုက်သည်။
“အထွတ်အထိပ်သားရဲပဲရွေးမှာပေါ့” ဖက်တီးကျူသည် အခိုင်အမာပြောလိုက်သည်။
“ဒါဆို တော်ဝင်မိသားစုကလည်း အဲလိုပဲတွေးမှာပဲ၊ သူသာ မင်းကို ထိရဲရင် ဟာစွန်က တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးတာကို ခံနိုင်မှရမယ်၊ ငါတို့ ဒီနေရာကို လုံးဝတစ်စဆီဖြစ်အောင် လုပ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဖြစ်လာရင် ငါတို့မြို့တော်ကို သွားရမယ်၊ သူတို့အင်အားနဲ့ဆိုရင် ငါတို့ ဘယ်ရောက်ရောက် သူတို့ရှာတွေ့မှာပဲ”
“အဲအချိန်ကျရင် ငါတို့ မင်းနဲ့လိုက်ခဲ့မယ်” ဘိုင်ယွန်ရွှီသည် မစဉ်းစားပဲ ပြောလိုက်သည်။
“ငါတို့ မြို့တော်ကို သွားပြီးရင် အလယ်ပိုင်းဝူတိုင်းပြည်ကို တိုက်ရိုက်သွားကြမှာ မင်းက ဘာလိုက်လုပ်မှာလဲ” ရှီမာယူယူ သဘောမတူပေ။
“မင်းတို့နဲ့အတူလိုက်ခဲ့မလို့၊ တစ်ခုခုဖြစ်လာရင် မင်းနဲ့အတူရှိပေးမယ်” ဘိုင်ယွန်ရွှီ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး” ဝေကျိရွှီ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါတို့က ဘာတွယ်တာစရာမှ မရှိဘူး၊ အားလုံးပြီးသွားရင် ငါတို့က ဖုန်ခါပြီး သွားရုံပဲ မင်းနောက်မှာ သဲစင်ရော်စစ်တပ်ရှိသေးတယ်၊ တစ်ခုခုဖြစ်လာရင် မင်းက သူတို့ကို ဦးဆောင်ရမှာ”
“ဒါပေမယ့်….”
“စိတ်ချပါ၊ ဟာစွန်ရှိနေတာပဲ ငါတို့လုံခြုံရေးကို ဘာလို့မင်းစိတ်ပူနေရတာလဲ” ရှီမာယူယူ ပြောလုက်သည်။
ဘိုင်ယွန်ရွှီသည် ထောင့်တွင် တိတ်ဆိတ်စွာ ရပ်နေသော ဟာစွန်အား ကြည့်ပြီး ပြောလိုက်သည် “ဟုတ်သားပဲ”
“မင်းဘာပဲပြောပြော ငါတို့ ဒီပြဿနာကို ရှင်းပြီးမှ လအနောက်တိုင်းပြည်ကနေထွက်သွားမှာ” ဘေဂုံထန်ပြောလိုက်သည်။
“အား ဒီနေ့အရမ်းပင်ပန်းတာပဲ သွားနားကြတော့” ရှီမာယူယူ ခါးဆန့်ကာ စွန်းရန်ရန်အား ပြောလိုက်သည် “သခင်မကြီး သခင်မကြီးတို့ ရှင်းလင်းရေးလုပ်နေတာကို မနှောင့်ယှက်တော့ပါဘူး”
“ကောင်းပါပြီး မင်းတို့ပြန်ပြီးနားကြတော့၊ တစ်ခုခုလိုတာရှိရင် ငါ့ကို လူလွှတ်ပြီးပြောလိုက်ပါ” စွန်းရန်ရန်သည် ပြုံးပြီးပြောလေသည်။
သူမသည် တော်ဝင်မိသားစုဆီသို့ သွားလာသည့်အကြောင်းကို ဘာမှမပြောပေ။
ရှီမာယူယူနှင့် တခြားသူများသည် နားရန် ထွက်သွားကြသည်။ သူတို့သည် အိမ်သို့ရောက်သည်နှင့် တုလေး ပြေးလာသည်ကို မြင်လိုက်ရသည်။
“အစ်ကိုကြီးနဲ့ မမ တို့အားလုံး အဆင်ပြေကြရဲ့လား” တုလေးသည် ဘေဂုံထန်၏ ရင်ခွင်ထဲသို့ ပြေးဖက်ကာ မေးလေသည်။
“ငါတို့ အဆင်ပြေတယ် မင်းကြောက်သွားလား” ဘေဂုံထန်သည် သူ့ခေါင်းအား ပုတ်လိုက်သည်။
“မကြောက်ပါဘူး၊ ဟိန်းသံလေးက ကျွန်တော့်အတွက်လုပ်ပေးထားတဲ့ ကမ္ဘာမှာနေနေတာ၊ အပြင်ကလူတွေ လာပြီး ကျွန်တော့်ကို ထိခိုက်အောင်လုပ်လို့မရဘူးဆိုတာ ကျွန်တော်သိတယ်” တုလေး ပြောလိုက်သည်။
ရှီမာယူယူ ထွက်မသွားခင် သူ့အား သီးသန့်ကမ္ဘာတွင်ထားရန် ဟိန်းသံလေးအား လုပ်ခိုင်းလိုက်သည်။ ထိုကမ္ဘာသည် တိုက်ပွဲ၏ ထိခိုက်စေမှုများကို တားဆီးထားသည်။ တုလေးသည် တစ်နေ့လုံးအထဲတွင်နေကာ ကောင်းကင်တွင် လူများ တိုက်ခိုက်နေသည်ကို မြင်သော်လည်း အပြင်မထွက်ခဲ့ပေ။
သူသည် အမြော်အမြင်ရှိသဖြင့် အပြင်တွင် အန္တရာယ်များသည်ကို သိသည်။ ထို့ကြောင့်ပင် သူအပြင်လုံးဝ မထွက်ပဲ၊ ကြောက်ရွံ့မှု သို့မဟုတ် စပ်စုလိုသော ကလေးများကဲ့သို့ ပြေးလွှားမနေခဲ့ပေ။
“တုလေး ကောင်းကောင်းနားတော့ နောက်နှစ်ရက်နေရင် မင်းသွေးကြောတွေကို နောက်ဆုံးအကြိမ် ရှင်းပေး မယ်”
ထိုသို့ပြောပြီးနောက် သူတို့အိမ်သို့ပြန်ခဲ့ကြသည်။
ဝေကျိရွှီနှင့် တခြားသူများသည် အလွန်ပင်ပန်းလှသဖြင့် ပြန်ပြီး အနားယူကြလေသည်။ ဘေဂုံထန်သည်လည်း တုလေး၏ ခေါင်းအား ပုတ်ကာ အိမ်ပြန်လေသည်။
တုလေးသည် အိမ်ထဲတွင်ရပ်နေသည်။ သူတို့ အခန်းတံခါးပိတ်သွားသည်ကို ကြည့်ပြီး သူ့မျက်နှာမှာ ပြုံးရွှင်လာသည်။ သူသည် ကျင့်ကြံနိုင်တော့မည်။
ထိုအချိန်တွင် အင်ပါယာမြို့တော်၌ ဘုရင်ကြီးသည် ငြိမ်းချမ်းရေးမြို့တော်မှ သတင်းပေးပို့ချက်ကို ရရှိသည်။ ငြိမ်းချမ်းရေးမြို့တော် အုပ်ချုပ်ရေးမှူးသည် ညက ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြသည်။ ထိုသတင်းအား ဖတ်ပြီးနောက် လအနောက်တိုင်းပြည်ဘုရင်သည် ဒေါသဖြင့် စားပွဲအား ရိုက်လိုက်သည်။
“ဘုရင်ကြီး ဘာဖြစ်လို့လဲ” ဘုရင်ကြီး ဒေါသတွက်နေသည်ကို မြင်သော်အခါ ဘေးတွင်ရပ်နေသော ကိုယ်ရံတော်များသည် မေးလိုက်ကြသည်။
“ဟင်း” သူူသည် စကားမပြောပဲ စာအား ကိုယ်ရံတော်ဆီသို့ ပစ်ပေးလိုက်သည်။
ထိုကိုယ်ရံတော်သည် စာအား အကြမ်းဖျင်းဖတ်ပြီးနောက် အံ့သြစွာဖြင့် ခေါင်းမော့ကာ “ဘုရင်ကြီး မင်းသမီး သူမ…”
“သိပ်မကြာသေးဘူး၊ စန့်ရွိုင်မြို့က အထွတ်အထိပ်သားရဲပေါ်လာတယ်ဆိုတာ ပြောတယ်၊ ဒီတစ်ခါတော့ သူတို့နောက်ခံမှာ အထွတ်အထိတ်သားရဲရှိနေတာကိုး” လအနောက်ဘုရင် ပြောလိုက်သည် “အထွတ်အထိတ်သားရဲစိတ်ဆိုးရင် လူတွေကာကွယ်ဖို့ ငါတို့လူတွေ သေချာပေါက်လွှတ်ပေးရမှာပဲ၊ ငါတို့လည်း သူ့ကို မနိုင်နိုင်ဘူး၊ အထွတ်အထိပ်သားရဲ သူက စံတင်ဝိညာဉ်ထက်သန်မာတာလား”
“ဘုရင်ကြီး မစိုးရိမ်ပါနဲ့၊ အထွတ်အထိပ်သားရဲက ကျွန်တော်တို့ကို လာပြီး ပြဿနာမရှာနိုင်ဘူးဆိုတာ ဘယ်သူသိမလဲ” ကိုယ်ရံတော်ပြောလိုက်သည် “အထွတ်အထိပ်သားရဲက ရှီမာယူယူကို နားထောင်တာက စာချုပ်တောင်မရှိဘူးထင်တယ်၊ သူမနဲ့ အပေးအယူတစ်ခုနဲ့ ဆက်ဆံရင် ဒီတစ်ခေါက်အန္တရာယ်ကို ကျော်လွှားနိုင်ပါတယ်”
“ငါတို့ အခုတော့ ဒီလိုပဲလုပ်လို့ရမယ်” လအနောက်ဘုရင်သည် ခေါင်းရမ်းလိုက်သည်။ ထို့နောက်တွင် သူရုတ်တရက် တစ်စုံတစ်ရအား စဉ်းစားမိကာ တော်ဝင် ပလ္လင်မှ ဆင်းကာ ပြောလိုက်သည် “ဝါးစော နန်းတော်ကိုသွားမယ်”
ဝါးစောနန်းတော်တွင် ရှီယူရှီနှင့် အလွန်တူသော အမျိုးသမီးတစ်ယောက်သည် မြစ်ဘေးတွင် ငါးများကို အစာကျွေးနေလေသည်။ လအနောက်ဘုရင်လာသည်ဟု ကြားသည်နှင့် သူမသည် လက်ထဲမှ ငါးစားအား ချကာ အရိုအသေပေးလိုက်သည် “ဘုရင်ကြီးကို နှုတ်ဆက်ပါတယ်”
“မင်းကို နှစ်ခုပြောစရာရှိလို့လာတာ” လအနောက်ဘုရင်ပြောလိုက်သည်။ “တစ်ခုကတော့ ရှီယူရှီ အသတ်ခံရတယ်၊ နောက်တစ်ခုက ခြယ်လှယ်ခြင်းစစ်တပ်က သဲစင်ရော်ရဲ့ ချေမှုန်းခြင်းကို ခံရတယ်”
“ဘာ” ရှင်းမိုသည် ကြက်သေသေသွားပြီး လဲကျသွားသည်။ ဘေးတွင်ရပ်နေသော အပျိုတော်သည် သူမအား ထိန်းထားလိုက်ရသည်။