အပိုင်း(၂၀၈)-လအနောက်တိုင်းပြည် တော်ဝင်မိသားစု၏ ဖိတ်ခေါ်ခြင်း
Vol. 003 Ch. 208
“ဘုရင်ကြီး ကျွန်မတို့ကလေး… သူမ ဘယ်လိုသေသွားတာလဲ၊ ခြယ်လှယ်ခြင်း…. ခြယ်လှယ်ခြင်း စစ်တပ်က ချေမှုန်းခံလိုက်ရတယ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှင်းမိုသည် အံ့သြလွန်း၍ ဖြောင့်ဖြောင့်တန်းတန်း စကားမပြောနိုင်တော့ပဲ နန်းတွင်းသူ လက်အား ကိုင်ထားရသည်။
“ဟင်း.. မင်းတို့ရဲ့ ခြယ်လှယ်ခြင်းစစ်တပ်က ဒီနှစ်အတွင်း အများကြီးတိုးတက်လာတာပဲ၊ သဲစင်ရော်တပ်လို ကြီးတဲ့တပ်ကို သွားအမြစ်ဖြုတ်တော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးတာပဲ” လအနောက်တိုင်းပြည် ဘုရင်သည် အေးစက်စွာရယ်မောလိုက်သည်။
“ဘုရင်ကြီး လအနောက်တိုင်းပြည်က စစ်တပ်တွေများပါတယ်၊ အဲဒါကြောင့် လွဲချော်သွားမယ်မထင်ဘူး…. ပြီးတော့ သူတို့က ကျွန်မရဲ့မောင်ကိုသတ်သွားလို့ ကျွန်မမောင်အစား လက်စားချေချင်တာပဲ ရှိတာပါ” ရှင်းမိုရှင်းပြသည်။
“လက်စားချေတယ်ဟုတ်လား၊ ဟင်း.. လက်စားချေတာ မအောင်မြင်ရုံတင်မဟုတ်ဘူး ပြဿနာအကြီးကြီး ကိုတောင် သယ်လာသေးတယ်” လအနောက်ဘုရင်သည် ပြောလိုက်သည် “မင်းဒီမှာပဲ အေးအေးဆေးေ ဆး နေတာကောင်းမယ်၊ မင်းတစ်ခုခု လုပ်မယ်ဆိုရင် လင်မယားတွေဘာတွေ မသိဘူးနော်”
လအနောက်ဘုရင်သည် ပြောပြီးသည်နှင့် နောက်ပြန်မလှည့်ပဲ ထွက်သွားလေသည်။
ရှင်းမိုသည် မူးသွားပြီး နောက်ပြန်လှဲကျသွားလေသည်။
“တော်ဝင်အပျိုတော် တော်ဝင်အပျိုတော်” နန်းတွင်းသူသည် အနီးမှ နန်းတွင်းသူတစ်ယောက်အား အလျင်အမြန်ခေါ်ကာ သူတို့နှစ်ယောက်သည် ရှင်းမိုအား အနီးရှိ အိမ်အသေးသို့ခေါ်သွားလေသည်။
ခဏအကြာတွင် ရှင်းမိုသည် နိုးလာပြီး သူမ မျက်စိဖွင့်သည်နှင့် ပြောသော စကားမှာ “စုံစမ်းကြ၊ ဘာတွေ ဖြစ်ခဲ့တာလဲ သွားစုံစမ်းကြ”
ဝမ်းနည်းစွာပင် အမိန့်အရ နန်းတွင်းသူထွက်သွားချိန်တွင် သူတို့အား ဝါးစောမှ ဘယ်မှမထွက်ရဟူသည့် အမိန့်ကို လက်ခံရရှိလိုက်တော့သည်။ ထို့အပြင် ကိုယ်ရံတော်များသည် ဝါးစောနန်းတော်အား ဝန်းရံလိုက်ကြသည်။ သူတို့သည် ဝါးစောမှ လူများ မည်သည့်သတင်းမဆို ရရှိမည်ကို တားဆီးထားကြသည်။
သို့သော် နန်းတွင်းသူသည် အရည်အချင်းရှိသဖြင့် ရှီယူရှီအား သတ်လိုက်သည်မှာ ရှီမာယူယူနှင့် တခြားသူများ ဖြစ်သည်ဟူသော သတင်းပါသည့် စာအိတ်ကို ရအောင်လုပ်နိုင်သည်။
“ရှီမာယူယူပဲ သူမက ငါ့မောင်ကို သတ်သေးတယ် အခု ငါ့သမီးကိုပါ သတ်လိုက်ပြီ၊ သူမနဲ့ ငါက အတူတူရှိနေလို့မရဘူးပဲ” ရှင်းမိုသည် အိမ်ထဲရှိအရာများကို ရိုက်ခွဲပစ်သော်လည်း သူမစိတ်မှ ဒေါသများ ပြေမသွားပေ။
သို့သော် သူတို့ရရှိသော သတင်းမှာ အကန့်အသတ်ဖြစ်သောကြောင့် ဟာစွန်၏ ဖြစ်တည်မှုကို ဝါးစောနန်းတော်မှ လူများ မသိရှိကြပဲ မှားယွင်းသော ကောက်ချက်ချမိကာ နောက်ဆုံးတွင် ကြီးမားသော ပေးဆပ်မှုကို ပေးရတော့သည်။
“တော်ဝင်အပျိုတော် ကျွန်မကြားတာတော့ ဘုရင်ကြီးက အဲလူတွေကို ဧည့်ခံပွဲတက်ဖို့ ဖိတ်ထားတယ်တဲ့”
“ဘုရင်ကြီးရဲ့ မွေးနေ့ကိုလား၊ သူတို့ကို ဘာလို့ဖိတ်တာလဲ” ရှင်းမိုသည် နန်းတွင်းသူအား စိုက်ကြည့်ကာ “ဒါပေမယ့် ဒါအခွင့်အရေးကောင်းပဲ သူတို့ကို ငါနန်းတွင်းအပြင်မှာ သတ်စရာမလိုပဲ အထဲမှာသတ်လို့ရပြီး ငါလက်လွှတ်ခံမှာမဟုတ်ဘူး”
“တော်ဝင်အပျိုတော် ကျွန်မတို့ဘာလုပ်ကြမလဲ” နန်းတော်အတွင်းမှ လူများ မေးလိုက်ကြသည်။
“ဝိညာဉ်သခင်အသင်းအနီးက ငါတို့လူတွေကို ဆက်သွယ်ဖို့စဉ်းစားရမယ်၊ သူတို့ အင်ပါယာမြို့တော်ကို ရောက်ပြီ ဆိုတာနဲ့ မမေးမမြန်းပဲ သတ်ပစ်ရမယ်” ရှင်းမိုပြောလိုက်သည်။
“ဟုတ်ကဲ့ပါ တော်ဝင်အပျိုတော်” နန်းတွင်းသူသည် ပြောပြီးနောက် ပြင်ဆင်ရန်ထွက်သွားလေသည်။
“နေဦး၊ အဲဒီ စံတင်ဝိညာဉ်တွေကို သွားခွင့်ပေးလိုက်၊ သူတို့ကို ကာကွယ်နေတာ ဘယ်လိုကျွမ်းကျင်သူမျိုးလဲ ဆိုတာ မသိရဘူး၊ ဒါပေမယ့် စံတင်ဝိညာဉ်ဟူနဲ့ စံတင်ဝိညာဉ်လွိုင်တို့သေသွားတော့ အားနည်းတဲ့သူတွေ လွှတ်ရင်အလကားပဲ” ရှင်းမိုပြောလိုက်သည်။
“ဒီအစေခံကနားလည်ပါပြီ” နန်းတွင်းသူသည် အရိုအသေပေးကာ ထွက်သွားတော့သည်။
“ရှီမာယူယူ မင်းပြန်လမ်းမရှိစေရဘူး”
ငြိမ်းချမ်းရေးမြို့တော်အတွင်းတွင် မြို့တော်အုပ်ချုပ်ရေးမှူးသည် အပြုံးအပြည့်နှင့်ဖြစ်နေသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ ဘယ်လိုပင်ကြည့်ပါစေ ပြုံးရွှင်နေသည်။
“အဟွတ် အဟွတ် မြို့တော်အုပ်ချုပ်ရေးမှူက ကျွန်တော်တို့ကို ဘာလို့ရှာလဲဆိုတာ သိလို့ရမလား”
မြို့တော်အုပ်ချုပ်ရေးမှူး၏ အကြည့်သည် ဟာစွန်တွင်ရောက်သွားပြီးနောက် သူသည် တောက်ပသော ဖိတ်စာအား ထုတ်ကာ ပြောလိုက်သည် “ဒါက ကျွန်တော်တို့ လအနောက်တိုင်းပြည်ဘုရင်က မင်းတို့အားလုံးကို ပေးလိုက်တဲ့ ဖိတ်စာပဲ၊ မင်းတို့ကို ဒီရက်ပိုင်းအတွင်း လုပ်မယ့် ဘုရင်ကြီးရဲ့ မွေးနေ့ကို ပါဝင်ဖို့ ဖိတ်ပါတယ်”
“ဧည့်ခံပွဲကို ပါဖို့ဖိတ်တယ်ဟုတ်လား” ဖက်တီးကျူသည် မြို့တော်အုပ်ချုပ်ရေးမှူးအား ကြည့်ပြီးပြောလိုက်သည် “ကျွန်တော်တို့က လအနောက်ဘုရင်နဲ့ သိပ်တောင် မရင်းနှီးဘူး၊ သူက ဘာလို့ ကျွန်တော်တို့ကို ဖိတ်တာလဲ”
လအနောက်ဘုရင်၏ ဖိတ်ကြားမှုဖြစ်သောကြောင့် ငြင်းဆန်ရန် ခက်ခဲသည်။ ထို့အပြင် သူတို့သည် အင်ပါယာမြို့တော်၏ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုခွင့်ရသည်။
ဝေကျိရွှီသည် ဖိတ်စာအား ယူကာ ပြောလိုက်သည် “အဲချိန်ကျရင် ကျွန်တော်တို့ အချိန်မှီရောက်အောင် လာခဲ့ပါမယ်”
“ဟားဟား ဒါဆို ငါတို့ဒီရက်အတွင်း အတူတူသွားရအောင်” မြို့တော် အုပ်ချုပ်ရေးမှူးပြောလိုက်သည်။ “မင်းတို့အားလုံး အဲနေရာနဲ့ ရင်းနှီးဖို့မလိုပါဘူး မင်းတို့ရဲ့ လမ်းညွှန်သူဖြစ်ရင် ကျွန်တော်ဂုဏ်ယူရမှာပါ”
“ဒါဆိုလည်း မြို့တော်အုပ်ချုပ်ရေးမှူးကို တောင်းဆိုပါတယ်” ဝေကျိရွှီသည် ပြုံးပြီး ပြောလိုက်သည်။
“ဟားဟား အဲအချိန်ကျရင် အတူတူသွားကြမယ်” မြို့တော် အုပ်ချုပ်ရေးမှူးသည် ဟားတိုက်ရယ်ပြီး ပြောလိုက်သည် “ဖိတ်စာ ပေးပြီးပြီဆိုတော့ ကျွန်တော်သွားလိုက်ပါဦးမယ်”
“ကျွန်တော် မြို့တော်အုပ်ချုပ်ရေးမှူးကို လိုက်ပို့ပါမယ်” ဘိုင်ယွမ်ချွန်းသည် ဧည့်ဝတ်ကျေ ကာ မြို့တော်အုပ်ချုပ်ရေးမှူးနှင့် အတူထွက်သွားလေသည်။
မြို့တော်အုပ်ချုပ်ရေးမှူးထွက်သွားသောအခါ ဘိုင်ယွန်ရွှီသည် နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည် “သူက မင်းတို့အားလုံးကို ဖိတ်သွားတာ ငါတို့ကို ဖိတ်တာမဟုတ်ဘူး”
“မင်းကတော့ မသွားတာ ကောင်းလိမ့်မယ်၊ ဒါထောင်ချောက်မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်တယ်” ဘိုင်ယွန်ရွှီ ခေါင်းညိတ်လိုက်သည်။ အင်ပါယာမြို့တော်သည် ငြိမ်ချမ်းရေးမြို့တော်ထက်ပင် အန္တရာယ်များသည်။ သူသာသွားလျှင် သူသည် အားနည်းချက်ဖြစ်သွားမည်။
“ဟုတ်သားပဲ မင်းတို့ဖိတ်စာရထားမှာတော့ သွားပြီးနားကြတော့” ရှီမာယူယူသည် ထွက်သွားပြီးနောက် အကြောဆန့်လိုက်သည်။
ဝေကျိရွှီနှင့် တခြားသူများသည် သက်ဆိုင်ရာ အိမ်များသို့ထွက်သွားကြသည်။
ဘေဂုံထန်သည် သူတို့နှင့် လိုက်မသွားပေ။ ရှီမာယူယူထွက်သွားပြီးနောက် သူမသည် တုလေး၏ အိမ်သို့လာခဲ့လိုက်သည်။ ဘေဂုံထန်သည် လက်ရှိတွင် သူ့အား တချိုု့သောအရာများကို သင်ပေးနေတုန်းဖြစ်သည်။
ရှီမာယူယူ ဝင်လာသည်ကို ဘေဂုံထန်တွေ့သောအခါ မေးလိုက်သည် “သူတို့ မင်းကို ခေါ်တဲ့ အကြောင်းအရင်းများရှိနေမလား”
“အင်း” ရှီမာယူယူသည် လျှောက်လာကာ စားပွဲပေါ်ရှိ ရေနွေးကရားအား ယူလိုက်သည်။ သူမသည် ပါးစပ်ထဲသို့ တိုက်ရိုက်ပင် လောင်းထည့်ပြီး သောက်ပြီးနောက် သူမပြောလိုက်သည် “လအနောက်ဘုရင်က နောက်ဆယ်ရက်မှာ လုပ်မယ့် သူ့မွေးနေ့ကို ငါတို့ကို လာစေချင်နေတယ်၊ မြို့တော် အုပ်ချုပ်ရေးမှူးကို လာဖိတ်ခိုင်းတာ”
“ငါတို့ကို ဧည့်ခံပွဲကို ပါရမယ်ဟုတ်လား၊ ဧည့်ခံပွဲမှာ ဖိတ်ပြီး သတ်မလို့လား” ဘေဂုံထန်သည် မျက်ခုံးပင့်ကာ မေးလိုက်သည်။
“အဲလိုတော့ မထင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဟာစွန်ရှိနေတယ်လေ၊ သတ်မယ့် ဧည့်ခံပွဲမှာတော့ အထွတ်အထိတ်သားရဲကိုတော့ မသတ်လောက်ပါဘူး ဟုတ်တယ်မလား”
“ဟုတ်တယ်” ဘေဂုံထန် ပြန်ဖြေသည်။
“ငါတို့် ဒီရက်ပိုင်းအတွင်းသွားကြမယ်၊ ငါတို့မသွားခင် တုလေးရဲ့ သွေးကြောတွေကို လုံးဝပွင့်အောင် ငါဖွင့်သွားချင်တယ်” ရှီမာယူယူသည် တုလေး၏ ခေါင်းအား ပုတ်ပြီး ပြောလိုက်သည်။
တုလေးသည် တစ်ချိန်လုံးခေါင်းငုံ့ထားကာ တိတ်ဆိတ်နေသည်။ သူ မျက်ရည်များ စတင်ကျလာပြီး သူ့အဝတ်များ ရှေ့တွင် စိုစွတ်သွားတော့သည်။
ဘေဂုံထန်သည် တုလေး၏ မျက်ရည်များကို မြင်သောအခါ မေးလိုက်သည် “တုလေး၊ ဘာဖြစ်တာလဲ၊ ဘာလို့ငိုနေတာလဲ”
တုလေးသည် ခေါင်းမော့လာပြီး သူ့မျက်လုံးတွင် မျက်ရည်များ ပြည့်နှက်နေသည်။ သူသည် သူတို့နှစ်ယောက်အားကြည့်ပြီး ပြောလိုက်သည် “အစ်မတို့ တုလေးကို ဒီမှာ ပစ်ထားခဲ့တော့မှာလား”
“ဟင်”
“အစ်မတို့က မသွားခင် ကျွန်တော့်ရဲ့ သွေးကြောတွေဖွင့်ပေးသွားပြီး သွားတဲ့အခါ ကျွန်တော့်ကို ခေါ်မ သွားကြဘူးမလား” တုလေးသည် ရှိုက်ငိုတော့သည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ အမှန်တကယ်ပင် ထိုသို့လုပ်မလိုပင်။
“တုလေး ငါလုပ်ရမယ့် အရာက အရမ်းအန္တရာယ်များတယ်၊ မင်းငါတို့နဲ့လိုက်မယ်ဆိုရင် အန္တရာယ်တွေ ပြည့်နေမှာ” ရှီမာယူယူ ပြောလိုက်သည်။
“သိပါတယ် အစ်ကိုကြီးက အဘိုးကို သွားကယ်မှာမလား” တုလေး ပြောလိုက်သည် “ဒါပေမယ့် ကျွန်တော် အစ်ကိုတို့နဲ့လိုက်ချင်တယ်”
“မင်းဒီမှာ မနေချင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “မင်းဒီမှာနေရင် အစ်ကိုကြီး ယွန်ရွှီက မင်းကို ဂရုစိုက်မှာပါ၊ မင်းလုံလုံခြုံခြုံနဲ့ ကြီးလာမှာပါ”
တုလေးသည် ခေါင်းခါကာ ပြောလိုက်သည် “အစ်ကိုတို့နဲ့လိုက်ချင်တယ်၊ မမ ကျွန်တော့်ကို ခေါ်သွားပါ၊ တုလေးက မခွဲချင်ဘူး”
“တုလေး မင်းငါတို့နဲ့လိုက်ရင် ရှေ့လျှောက်မင်းဘဝက အန္တရာယ်တွေနဲ့ တိုက်ခိုက်ရလိမ့်မယ်၊ ဘယ်ရောက်ရောက် လူတွေ မင်းကိုလိုက်ပြီး သတ်လိမ့်မယ် မင်းသိရဲ့လား” ဘေဂုံထန်သည် အကြံပေးလိုက်သည် “ဒါပေမယ့် ဒီမှာတော့မတူဘူး၊ ဒီမှာ ပတ်ဝန်းကျင်က အေးဆေးတယ်၊ မင်းကောင်းကောင်း လေ့ကျင့်လို့ရတယ်၊ နောက်ဆိုရင် မင်း ကောင်းတာတွေပဲ ဖြစ်လာမှာ”
တုလေးသည် ခေါင်းဆက်ခါနေသည်။ သူသည် သေချာစွာပြောလေသည် “အိမ်ရာမဲ့ဘဝဖြစ်တာကို ကျွန်တော်မကြောက်ပါဘူး၊ လူဆိုးတစ်ယောက်ယောက်က မမကို အနိုင်ကျင့်ရင် သူတို့ကို ရိုက်ပစ်မယ်၊ မမ တုလေးကို ပစ်မသွားပါနဲ့”