← Chapters

အခန်း (၄၈၈-၄၈၉)

Vol. 33 Ch. 488-489

အခန်း (၄၈၈-၄၈၉)

Vol. 33 Ch. 488-489

အခန်း ၄၈၈ - ဘိုးဘေး၏ ဝန်ခံချက်

ပလ္လင်တော်ကို ရိုသေလေးစားမှု မရှိသည့် နောက်ထပ် ပိုင်မျိုးနွယ်စုဝင် တစ်ယောက်

သို့သော်လည်း ပိုင်ရမ်သည် ဤနေရာတွင် ရှိနေသူအားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် တားဆီးနိုင်မည့် ခြိမ်းခြောက်မှုမျိုး မဟုတ်ပေ။

ပိုင်ရမ်သည် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရသနည်းဟု လူတိုင်းက သိချင်နေကြသည်။ ပိုင်ကျီဟန်ကို ကာကွယ်ရန်နှင့် ထောက်ခံရန်အတွက်လော?

ထိုအချက်က အဖြစ်နိုင်ဆုံးပင်။

ထို့နောက်ပိုင်ရမ်၏ နောက်တွင် နောက်ထပ် လူတစ်ယောက် ပါလာခဲ့သည်။

နန်းတွင်းတစ်ခုလုံး အံ့အားသင့်တုန်လှုပ်သွားကြ၏

"အဲဒါ”

"မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ မြေကမ္ဘာ အင်မော်တယ် ဘိုးဘေး”

ပိုင်ရမ်၏ နောက်တွင် ပါလာသူမှာ

မြစိမ်းရောင်နေမင်းဂိုဏ်း၏ မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးပင် ဖြစ်သည်။

သူ၏ ဝတ်ရုံရှည်များမှာ ဖရိုဖရဲ ဖြစ်နေသည်။

သူ၏ မျက်နှာသည် ဖြူလျော့နေ၏

တစ်ချိန်က အင်ပါယာတစ်ခုလုံးကို လွှမ်းမိုးခဲ့သော သူ၏ ဂုဏ်သိက္ခာရှိသည့် အရှိန်အဝါမှာ ယခုအခါ အားနည်းနေသကဲ့သို့ ခံစားရသည်။

ဝမ်ဟောင်ယု၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားခဲ့သည်။

"ဘိုးဘေး?”

သူ့အသံမှာ တုန်ရီနေသည်။

(သူက ဘာလို့ ဒီကို ရောက်နေတာလဲ?)

ဝမ်ဟောင်ယုမှာ ပျာပျာသလဲ စဉ်းစားနေမိသည်။

ဝမ်ဟောင်ယုသည် အသက်ရှင်သန်နိုင်ရန်အတွက်ဆိုလျှင် မြစိမ်းရောင်နေမင်းဂိုဏ်းကို ဖုံးကွယ်ရန်အထိ အရာအားလုံးကို လုပ်ဆောင်ရန် ပြင်ဆင်ထားသူဖြစ်သည်။

သို့သော် ဘိုးဘေးကိုယ်တိုင် ဤနေရာတွင် ရှိနေသဖြင့် ထိုသို့လုပ်ဆောင်ရန် ခက်ခဲသွားပေလိမ့်မည်။

ဧကရာဇ်မင်း၏ ထောက်ခံမှုဖြင့် သူသည် ထိုသို့လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ မြစိမ်းရောင်နေမင်းဂိုဏ်းမှ တစ်စုံတစ်ဦးကို အစားထိုး အပြစ်ပုံချရန်သာ လိုတော့သည်။

ဘိုးဘေးလည်း သဘောတူမည်ဟု သူခံစားရသည်။

သူ အပါအဝင် အားလုံး ပါဝင်ပတ်သက်သွားမည့်အစား အစားထိုး အပြစ်ခံမည့်သူတစ်ဦးကို ရှာဖွေရန် ဘိုးဘေးကလည်း သဘောတူလိမ့်မည်ဟု ဝမ်ဟောင်ယုက ထင်မှတ်နေသည်

သို့သော် ထိုအစီအစဉ်ကို မြစိမ်းရောင်နေမင်းဂိုဏ်း၏ မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးအား ပြောပြဖို့ လိုအပ်သည်။

(ဘိုးဘေး)

သူသည် စိတ်ချင်းဆက်သွယ်ကာ သတင်းစကား ပေးပို့လိုက်သည်။

မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးသည် သူ့ကို ကြည့်ပင်မကြည့်ပေ။

သူ၏ အကြည့်များသည် အောက်သို့သာ စိုက်ကျနေသည်။

သို့သော်လည်း ဝမ်ဟောင်ယုက ဘိုးဘေးသည် သတင်းစကားကို ရရှိကြောင်း မသိစေရန် ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်နေသည်။

(ဘိုးဘေး၊ နားထောင်ပါ)

သူကဆက်ပြော၏

(ဧကရာဇ်က ကျွန်တော်တို့ကို ထောက်ခံနေပါတယ်။ ကျွန်တော်တို့ အသုံးမလိုတဲ့ အကြီးအကဲအချို့ကို အပြစ်ပုံချပြီး လွတ်အောင် ရုန်းလို့ရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထောက်ခံပေးပါ။ ဧကရာဇ်နဲ့ဆိုရင် ဘယ်လောက်ပဲ မယုံနိုင်စရာ ဖြစ်နေပါစေ၊ ထိခိုက်မှု အနည်းဆုံးနဲ့ ကျွန်တော်တို့ လွတ်မြောက်နိုင်မှာပါ)

မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးသည် သက်ပြင်းချသလို အားကိုးရာမဲ့သည့် အပြုံးမျိုး ပြုံးလိုက်ရာ ဝမ်ဟောင်ယုက ၎င်းကို သူ၏ သတင်းစကားကို နားလည်သွားသည့် လက္ခဏာအဖြစ် ယူဆလိုက်သည်။

သူ၏ ခုန်ပေါက်နေသော နှလုံးသားမှာ အနည်းငယ် ပြန်လည် တည်ငြိမ်သွားသည်။

ဘိုးဘေးသာ လိုက်လျောပေးလျှင် အရာအားလုံးကို ပြန်လည် ကုစားနိုင်ပါသေးသည်။

ထိုစဉ်

ပိုင်ရမ်သည် ရှေ့သို့ တက်လာပြီး ပိုင်ကျီဟန်ကို ပုံမှန်အတိုင်း လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"သခင်လေး၊ ကျွန်တော် သူ့ကို ခေါ်လာခဲ့ပါပြီ။"

ပိုင်ကျီဟန်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် နဂါးပလ္လင်တော်ဘက်သို့ လှည့်လိုက်သည်။

"မြစိမ်းရောင်နေမင်းရဲ့ ဘိုးဘေး ဒီမှာ ရှိနေပြီဆိုတော့၊ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ မလိုတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။"

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ အကြည့်သည် နန်းတွင်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

"ကျွန်တော်တို့ သိချင်တာတွေကို သူ့ကို တိုက်ရိုက် မေးလို့ရပါပြီ”

တိုးတိုးတိတ်တိတ် ပြောဆိုသံများ ချက်ချင်း ပျံ့နှံ့သွားသည်။

၎င်းမှာ အဓိပ္ပာယ်ရှိသော်လည်း ဘိုးဘေးကို အပြည့်အဝ ယုံကြည်ရန်တော့ ခက်ခဲလှသည်။ သူသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဘိုးဘေး ဖြစ်နေသဖြင့် သူ၏ ဂိုဏ်းကို အသာစီးရစေမည့် စကားများကိုသာ ပြောဆိုပေလိမ့်မည်။

သို့သော် ပိုင်မျိုးနွယ်စုက ခေါ်ဆောင်လာခြင်း ဖြစ်သဖြင့် မည်သို့ပင်ဆိုစေ သူ ပြောသည်ကို နားထောင်ခြင်းက ပိုကောင်းပေသည်။

ဧကရာဇ်၏ မျက်လုံးများသည် ပိုင်ကျီဟန်ထံသို့ ခဏတာ စိုက်ကြည့်နေသည်။

ထို့နောက် သူက ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

"ကောင်းပြီ”

သူ၏ အကြည့်သည် မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးထံသို့ ရောက်ရှိသွားသည်။

"မင်းတို့ရဲ့ ဂိုဏ်းအတွင်းမှာ လုပ်ဆောင်နေတဲ့ စမ်းသပ်မှုတွေအကြောင်း မင်း သိခဲ့သလား?"

နန်းတွင်းတစ်ခုလုံး အသက်ရှူပင် မဝကြတော့ပေ။

ဝမ်ဟောင်ယု၏ နှုတ်ခမ်းများသည် အနည်းငယ် ပြုံးယောင်သန်းသွားသည်။

ဘိုးဘေးက ငြင်းဆိုမည်မှာ သေချာလှသည်။

သူတို့သည် အကြီးအကဲ အချို့ကိုသာ အပြစ်တင်နိုင်မည် ဖြစ်သည်။

နယ်ရုပ် အချို့ကို စတေးလိုက်ရုံပင်။

ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်သည့် အမှန်တရားကို ဘိုးဘေးက အဘယ်ကြောင့် ပြောပြရမည်နည်း?

မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။

သူ၏ မျက်လုံးများမှာ တည်ငြိမ်နေသည်။

ပင်ပန်းနွမ်းနယ်နေသော်လည်း

ရှင်းလင်းနေ၏။

သူက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့”

ထိုစကားလုံးတစ်လုံးတည်းမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

ဝမ်ဟောင်ယု၏ အပြုံးသည် ခဲသွားသည်။

နန်းတွင်းတစ်ခုလုံး အံ့အားသင့်တုန်လှုပ်သွားကြ၏။

ဧကရာဇ်၏ မျက်မှောင်များမှာလည်း ပြင်းထန်စွာ တွန့်သွားသည်။

"ဘာ? သူ အခုပဲ ဝန်ခံလိုက်တာလား?"

"တကယ်လား? သူတို့ ဘိုးဘေးကိုယ်တိုင် ပြောတာဆိုရင်တော့ အမှန်ပဲ ဖြစ်ရမယ်။"

"ဘာလို့ ဝန်ခံလိုက်ရတာလဲ? ဒါပေမဲ့ အချိန်ကုန် သက်သာသွားတာပဲ၊ ငါတော့ မကန့်ကွက်ပါဘူး။"

ဘိုးဘေးက ထိုသို့ လွယ်လွယ်ကူကူ ဝန်ခံလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

"မင်း ဘာပြောနေတယ်ဆိုတာကို သိရဲ့လား?"

ဧကရာဇ်က အခွင့်အရေး ထပ်ပေးသည့်သဘောဖြင့် မေးလိုက်သည်။

"သိပါတယ်။ ဒါတွေက ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပျက်နေခဲ့တာပါ။"

ဘိုးဘေးက သံသယဖြစ်စရာမရှိအောင် ဖြေကြားလိုက်သည်။

တိတ်ဆိတ်သွား၏

အရာအားလုံးသည် လုံးဝ တိတ်ဆိတ်သွားသည်။

ဝမ်ဟောင်ယုမှာ ကျောရိုးတစ်လျှောက် ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

(ဘာတွေ လုပ်နေတာလဲ?)

သူသည် အသည်းအသန် နောက်ထပ် စိတ်ချင်းဆက်သွယ် သတင်းပို့လိုက်ပြန်သည်။

(ဘိုးဘေး၊ငြင်းလိုက်ပါ..ကျွန်တော်တို့ သဘောတူထားပြီးသားလေ)

အကြောင်းပြန်ချက် မရှိပေ

မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးသည် သူ့ကို လှည့်ပင် မကြည့်ခဲ့ပေ။

သူသည် ပြန်ပြင်၍မရတော့သည့် အရာတစ်ခုနှင့် ငြိမ်းချမ်းမှု ရယူထားပြီးသား လူတစ်ယောက်ကဲ့သို့ ရပ်နေသည်။

ဧကရာဇ်၏ မျက်နှာမှာ မှောင်ကျသွားသည်။

သူသည် အခွင့်အရေး ပေးခဲ့၏

သို့သော်လည်း ယခုအခါ ဂိုဏ်း၏ ကိုယ်ပိုင် မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးသည် ရာဇဝတ်မှုများကို ပွင့်ပွင့်လင်းလင်း အတည်ပြုလိုက်ပြီဖြစ်သည်။

သူသည် မြစိမ်းရောင်နေမင်းဂိုဏ်းအား မည်သို့ ဆက်လက် ကာကွယ်ပေးနိုင်မည်နည်း?

မည်သို့ ဖုံးကွယ်ထားရပါမည်နည်း

အကယ်၍ သူသည် ဆက်လက် ကာကွယ်ပေးနေမည်ဆိုလျှင်

သူသည် အကြောင်းပြချက်မရှိဘဲ ဝမ်ဟောင်ယုကို ကူညီနေသည်ဟု လူတိုင်း သိသွားပေလိမ့်မည်။

၎င်းသည် လုံးဝ ကုစားလို့ မရတော့ပေ။

ဝမ်ဟောင်ယု၏ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။

(ဘာလို့လဲ?၊ ဘာလို့ ဝန်ခံလိုက်တာလဲ?)

သူက သတင်းစကား ထပ်ပို့သည်။

(ဘိုးဘေး၊ ဘာတွေ လုပ်နေတာလဲ? ဂိုဏ်းအကြောင်း စဉ်းစားပါဦး၊ ကိုယ့်ကိုယ်ကိုယ်လည်း စဉ်းစားပါဦး)

သို့သော်လည်း

ဘာမှ မထူးခြားလာပေ။

ဧကရာဇ်သည် နဂါးပလ္လင်တော်ပေါ်တွင် အနည်းငယ် နောက်သို့ မှီလိုက်သည်။

သူ၏ အစောပိုင်း တွက်ချက်မှုများ အားလုံး ပျက်စီးသွားပြီ ဖြစ်သည်။

သူသည် ဇာတ်လမ်းကို ပြောင်းလဲရန် ဆန္ဒရှိခဲ့သော်လည်း

အင်ပါယာနန်းတွင်းတစ်ခုလုံး ရှေ့တွင် ပြောကြားလိုက်သော ဝန်ခံချက်ကိုတော့ သူ မပြင်ဆင်နိုင်ပေ။

တိတ်ဆိတ်နေသော လေထုထဲတွင် ပိုင်ကျီဟန်၏ ပေါ့ပါးသော အသံမှာ ပဲ့တင်ထပ်သွားသည်။

"ဟေ့" သူက ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "ဇာတ်လမ်းအပြည့်အစုံကို ဘာလို့ မပြောပြတာလဲ?"

သူ၏ မျက်လုံးများမှာ အနည်းငယ် ကွေးသွားသည်။ "ဒါကို သိနေတဲ့ လူတိုင်းအကြောင်း ပါအောင် ပြောလိုက်ပါ။ အထူးသဖြင့် ဂိုဏ်းချုပ်ကြီး ပါဝင်ပတ်သက်နေသလား ဆိုတာကိုပါ..."

အားလုံး၏ အကြည့်သည် မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးထံသို့ ပြန်လည် ရောက်ရှိသွားသည်။

သူ၏ မျက်နှာတွင် ရုန်းကန်နေရသည့် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်။

သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

တစ်ခါ ပြောပြီးသွားလျှင်

နောက်ကြောင်းပြန်လှည့်ရန် မရှိတော့ပေ။

သို့သော် ရွေးချယ်စရာ မရှိပေ။ အင်ပါယာနန်းတွင်းသို့ မလာမီတွင် ပိုင်မျိုးနွယ်စုသည် သူတို့၏ သဘောထားကို ရှင်းလင်းစွာ ပြောထား

ပြီးသား ဖြစ်သည်။

၎င်းမှာ ပြင်းထန်သော သတိပေးချက်ပင်။

အကယ်၍ သူ လိမ်ညာခဲ့မည်ဆိုလျှင်

အကယ်၍ သူ တစ်စုံတစ်ရာကို ဖုံးကွယ်ရန် ကြိုးစားခဲ့မည်ဆိုလျှင်

ပိုင်မျိုးနွယ်စုသည် မြစိမ်းရောင်နေမင်း ဂိုဏ်းကို အင်အားအပြည့်ဖြင့် တိုက်ခိုက်လိမ့်မည်။

ထိပ်တန်း လူအနည်းငယ်ကပင် မြစိမ်းရောင်နေမင်းဂိုဏ်းကို ဘာလုပ်နိုင်သည်ကို သူတို့ သက်သေပြခဲ့ပြီးသား ဖြစ်သည်။

အကယ်၍ သူတို့၏ စစ်တပ်တစ်ခုလုံး လှုပ်ရှားလာမည်ဆိုလျှင်

ပြာမှတစ်ပါး ဘာမှ ကျန်ရစ်မည် မဟုတ်ပေ။

ထိုသတိပေးချက်ကို အပြောသက်သက်ဟု မှတ်ယူလျှင်

ကြီးလေးသော အမှားတစ်ခု ဖြစ်ပေလိမ့်မည်။

ပိုင်မျိုးနွယ်စုသည် အပြောသက်သက် ခြိမ်းခြောက်လေ့ရှိသည့် အမျိုးအစား မဟုတ်ပေ။

သူတို့သည် အတိတ်ကလည်း ထိုကဲ့သို့ လုပ်ဆောင်ခဲ့ဖူးသည်။ ၎င်းနှင့် ယှဉ်လိုက်လျှင်

အင်ပါယာနန်းတွင်း၏ ပြစ်ဒဏ်မှာ ပို၍ပင် သနားညှာတာမှု ရှိနေဦးမည် ဖြစ်သည်။

အခန်း ၄၈၉ - ဝမ်ဟောင်ယု၏ အသုဘကျင်း၌ နောက်ဆုံးသံမှိုရိုက်ခတ်ခြင်း

မြေကမ္ဘာအင်မော်တယ် ဘိုးဘေးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"စမ်းသပ်မှုတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက စတင်ခဲ့တာပါ”

ထိုစကားကြောင့် လူအုပ်ကြားတွင် တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်သွားသည်။

"အဲဒီစမ်းသပ်မှုတွေကို လက်ရှိဂိုဏ်းချုပ် ဝမ်ဟောင်ယုရဲ့ အဆိုပြုချက်နဲ့ စတင်ခဲ့တာပဲ"

ထိုစကားလုံးများသည် တူနှင့်ထုလိုက်သကဲ့သို့ ပြင်းထန်လှသည်။

ဝမ်ဟောင်ယုသည် ခေါင်းကို ဆတ်ခနဲ မော့လိုက်၏

"ဘိုးဘေး၊ ဘယ်လိုပေါက်ကရတွေ လျှောက်ပြောနေတာလဲ?”

သို့သော် ဘိုးဘေးက တည်ငြိမ်စွာပင် ဆက်ပြောလေသည်။

"အဲဒီအချိန်တုန်းက ကျွန်တော်မျိုးတို့ဂိုဏ်းက တန့်နေခဲ့တယ်။ ပါရမီရှင်တွေ ရှားပါးလာပြီး ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ် ရပ်တည်မှု လျော့ရဲလာခဲ့တယ်"

သူ့အသံမှာ တည်ငြိမ်သော်လည်း လေးနက်မှုရှိနေသည်။

"ဒါပေမဲ့ နေမင်းတာအိုဆိုတဲ့ ရတနာကို ရှာတွေ့ခဲ့တယ်။ ဒါက ဂိုဏ်းကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်"

ဂိုဏ်းတစ်ခုလုံးကို ကူညီနိုင်လောက်အောင် မည်သို့သော ရတနာမျိုးဖြစ်သနည်းဟု လူအုပ်ကြားတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

အချို့သည် ထိုရတနာကို လိုချင်တပ်မက်သော အကြည့်များဖြင့် ကြည့်နေကြပြီး အချို့ကမူ ထိုရတနာသည် ပိုင်မျိုးနွယ်စု လက်ထဲသို့ ရောက်ရှိနေပြီလားဟု ရိပ်စားမိနေကြသည်။

"ဒါပေမဲ့ ကျွန်တော်မျိုးတို့ရဲ့ ကျင့်စဉ်နဲ့တောင် နေမင်းတာအိုကို စုပ်ယူဖို့က မတတ်နိုင်တဲ့ကိစ္စဖြစ်နေတာကို မကြာခင်မှာပဲ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဝမ်ဟောင်ယုက ဒီစမ်းသပ်မှုကို အဆိုပြုခဲ့တာပဲ"

ခန်းမတစ်ခုလုံး အေးစိမ့်သွားသည်။

"တကယ်လို့ အဲဒီစွမ်းအင်အပိုင်းအစတွေကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်နိုင်ရင် နေမင်းတာအိုရဲ့ စွမ်းအင်ကို လက်ခံနိုင်ဖို့ ဖြစ်နိုင်ခြေရှိလာမယ်။ အထက်လူကြီး အားလုံးနီးပါးရဲ့ သဘောတူညီချက်နဲ့ အဲဒီစမ်းသပ်မှုကို စတင်ခဲ့တာပဲ"

လူအုပ်ကြီးမှာ အသက်ရှူပင် မှားသွားကြသည်။

"မြေအောက်ခန်းတွေကို သူ့ရဲ့ခွင့်ပြုချက်နဲ့ တည်ဆောက်ခဲ့တာပါ”

ဘိုးဘေး၏ အကြည့်က အနည်းငယ် ရွေ့လျားသွား၏

"စမ်းသပ်မှု အဆင့်တိုင်းရဲ့ တိုးတက်မှု အစီရင်ခံစာကို သူ့ဆီ တိုက်ရိုက် တင်ပြရတယ်"

ဝမ်ဟောင်ယုသည် နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွါသွား၏

"မုသားတွေ၊ ဒါတွေအကုန် လိမ်ညာနေတာ”

သူက တုန်ရီနေသော လက်ညှိုးဖြင့် ထိုးလိုက်၏

"ခင်ဗျားကို တစ်ယောက်ယောက်က ခြိမ်းခြောက်ထားတာပဲ၊ ပိုင်ကျီဟန်က ခင်ဗျားရဲ့ စိတ်ကို ထိန်းချုပ်ထားတာ”

"ဟုတ်တယ်၊ အဲဒါပဲ ဖြစ်ရမယ်”

သူ၏အသံမှာ စူးရှလာသည်

"သူ့ကို ပိုင်မျိုးနွယ်စုက ခြယ်လှယ်ထားတာ”

သို့သော် မြေကမ္ဘာအင်မော်တယ် ဘိုးဘေးက မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။

ယင်းအစား

သူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားများနှင့် လိပ်စာမူများစွာ ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံနေသည်။

"ဒါတွေက တရားဝင် ခွင့်ပြုချက် ပေးထားတဲ့ စာလွှာတွေပဲ"

သူက မည်သည့် ခံစားချက်မျှ မပါဘဲ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဝမ်ဟောင်ယု ကိုယ်တိုင် လက်မှတ်ရေးထိုးထားတာပါ”

စာလွှာများသည် လေထဲတွင် ပွင့်ဟသွားသည်။

ဧကရာဇ်မင်းမြတ်က အချက်ပြလိုက်၏

အထိန်းတော်တစ်ဦးက ၎င်းတို့ကို ဖမ်းယူ၍ အထက်သို့ ဆက်သလိုက်သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

ဧကရာဇ်မင်းမြတ်က တစ်စောင်ပြီးတစ်စောင် စစ်ဆေးကြည့်ရှုသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်နှာမှာ ပို၍ မှောင်မှောင်မည်းမည်း ဖြစ်လာသည်။

ထိုလက်မှတ်သည် ငြင်းမရသော လက်မှတ်

ဖြစ်၏

ဂိုဏ်းချုပ်၏ တံဆိပ်တုံးမှာလည်း ထင်ရှားစွာ ရိုက်နှိပ်ထားသည်။

ထို့ပြင် စာရွက်များအတွင်း၌ ကိန်းဝပ်နေသော ဝိညာဉ်စွမ်းအင်များကလည်း ၎င်းတို့သည် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။

အတုအယောင်မဟုတ်ပေ

ခြယ်လှယ်ထားခြင်းလည်း မဟုတ်ပေ။

အားလုံးမှာ အမှန်တရားများသာ။

ဧကရာဇ်မင်းမြတ်က စာလွှာကို ဖြည်းညှင်းစွာ ချလိုက်သည်။

သူ၏ အေးစက်သော အကြည့်များသည် ဝမ်ဟောင်ယုပေါ်သို့ ကျရောက်သွားသည်။

ယခုအချိန်တွင် ဝမ်ဟောင်ယုသည် အသုံးမဝင်တော့သဖြင့် ကရုဏာသက်နေရန် မလိုတော့ပေ။

(ဒါက မင်းရဲ့ မိုက်မဲမှုကြောင့် ရတဲ့ရလဒ်ပဲ)

ဧကရာဇ်က တွေးလိုက်သည်။

မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဘိုးဘေးကိုယ်တိုင်က ပိုင်မျိုးနွယ်စုဘက်တွင် ရပ်တည်နေသဖြင့် ဝမ်ဟောင်ယုအတွက် လွတ်လမ်းမရှိတော့ပေ။

ဧကရာဇ်အနေဖြင့် သူ့ကို ကူညီပေးနိုင်သော်လည်း ရရှိလာမည့် အကျိုးအမြတ်ထက် ပြန်လည်ရိုက်ခတ်လာမည့် ဆိုးကျိုးက ပို၍ ကြီးမားနေမည်ဖြစ်သည်။

ဝမ်ဟောင်ယု နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေသည်။

"ဒါ... ဒါတွေက အတုလုပ်လို့ ရပါတယ်”

သူက မျှော်လင့်ချက်မဲ့စွာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏

"လီကျန်းဟုန်၊ ကျောက်ဝူထျန်း၊ တစ်ခုခု ပြောကြဦးလေ”

လီကျန်းဟုန်သည် ဘာမှမပြောဘဲ နှုတ်

ဆိတ်နေသည်။

"ဝမ်ဟောင်ယု မင်းကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲ၊ ဒါကြောင့် မင်းပဲ တာဝန်ယူသင့်တယ်”

ကျောက်ဝူထျန်းက ဆိုလိုက်သည်။

ဝမ်ဟောင်ယုနှင့် မြစိမ်းရောင်နေမင်းဂိုဏ်းတို့ ပြီးသွားပြီဖြစ်ကြောင်း သူလည်း သိလိုက်သည်။ ထို့ကြောင့် ဝမ်ဟောင်ယုနှင့် အမြန်ဆုံး အဆက်အသွယ်ဖြတ်ကာ ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာပြန်ဆယ်ရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

စကားအရ သူသည် ဝမ်ဟောင်ယု၏ စမ်းသပ်မှုများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ဖော်ပြရာရောက်သည်။

နောက်ဆုံးသံမှိုမှာ ရိုက်နှက်ခြင်း ခံလိုက်ရပြီဖြစ်သည်။

လွတ်ပေါက်မရှိတော့ပေ

လှည့်ဖျားရန်လည်း မတတ်နိုင်တော့ပေ။

ဘိုးဘေးကိုယ်တိုင်က အပြစ်ကို ဝန်ခံကာ သူ့အမည်ကို တိုက်ရိုက်ညွှန်းဆိုထားသဖြင့် အစားထိုးခံရှာရန်လည်း မဖြစ်နိုင်တော့ပေ။

မြေကမ္ဘာအင်မော်တယ်ကြီးဘိုးဘေးက နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်သည်။

"ဒီကိစ္စအတွက် အကြီးအကဲတွေ၊ မဟာအကြီးအကဲတွေ အကုန်လုံးမှာ တာဝန်ရှိတယ်၊ အထူးသဖြင့် ဂိုဏ်းချုပ် ဝမ်ဟောင်ယုမှာပေါ့။ ဒီမှာ ပါဝင်ပတ်သက်သူတွေရဲ့ အမည်စာရင်းရှိတယ်"

ထိုစကားနှင့်အတူ

ဝမ်ဟောင်ယု၏ နောက်ဆုံးလွတ်လမ်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

စာရင်းထဲတွင် မြစိမ်းရောင်နေမင်းဂိုဏ်းမှ အကြီးအကဲ အားလုံးနီးပါး ပါဝင်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်

ဟုတ်ပါသည်၊ အသစ်ခန့်ထားသော အကြီးအကဲ အနည်းငယ်ကမူ ထိုကိစ္စကို မသိသေးသဖြင့် ချွင်းချက်ဖြစ်နေသည်။

ထို့ပြင် ထိုကိစ္စကို သိရှိသော တပည့်များ၏ စာရင်း ပါဝင်နေသော်လည်း ၎င်းတို့သည် စမ်းသပ်မှုအတွင်းမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်နေ၏

ပြစ်မှုကျူးလွန်သူများထက်စာလျှင် သားကောင်များအဖြစ်သာ သတ်မှတ်နိုင်သည်။

အမှန်တရား ပေါ်ပေါက်လာပြီးနောက် အသက်ရှူကျပ်မတတ် တိတ်ဆိတ်သွားခဲ့ရာမှ

ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

"ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ”

"အသက်ရှိတဲ့ ကျင့်ကြံသူတွေကို စမ်းသပ်မှုတွေ လုပ်တယ်ပေါ့လေ”

"ဒါက မိစ္ဆာကျင့်စဉ်တွေနဲ့ ဘာမှမခြားတော့ဘူး”

ဒေါသတကြီး အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

အချို့ခေါင်းဆောင်များသည် ဒေါသထွက်လွန်းသဖြင့် ထိုင်ခုံလက်တန်းများကို လက်ဝါးဖြင့် ရိုက်ချလိုက်ကြသည်။

အချို့ကမူ ထိုစာရင်းကို မယုံနိုင်သလို ကြည့်နေပြီးနောက် စက်ဆုပ်ရွံ့ရှာသွားကြသည်။

"ဆယ်စုနှစ်တွေတောင် ကြာခဲ့တာလား...?"

"ပြီးတော့ သူတို့ကိုယ်သူတို့ သူတော်စင်ဂိုဏ်း လို့ ခေါ်ရဲသေးတယ်”

ရှုတ်ချသံများသည် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။

"သူတို့ရဲ့ ကိုယ်ပိုင်တပည့်တွေကိုတောင် အသုံးချခဲ့ကြတာပဲ”

“ သူတို့လူတွေကိုတောင် အသုံးချတာပဲ”

"ဂိုဏ်းချုပ်ကတော့ ဘာမှမသိသလို ဟန်ဆောင်နေနိုင်တယ်ပေါ့လေ?"

ဝမ်ဟောင်ယု၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

သူ စကားပြောရန် ကြိုးစားသော်လည်း ဆူညံသံများကြားတွင် နစ်မြုပ်သွားသည်။

"ခင်ဗျားကိုယ်တိုင် စတင်ခဲ့ပြီးတော့ သူများတွေကို အပြစ်ပုံချဖို့ ကြိုးစားနေတာပဲ”

"မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာ၊သခင်လေးပိုင်က လိမ်နေတယ်လို့ စွပ်စွဲရဲသေးတယ်”

"ဒီလိုလူမျိုးဟာ သေသင့်တယ်”

လီ-ကျောက် မဟာမိတ်အဖွဲ့ဝင်များပင်လျှင် ဝမ်ဟောင်ယုကို ပွင့်ပွင့်လင်းလင်း ရှုတ်ချလာကြသည်။

တရားမျှတမှုအမည်ခံကာ ကျင့်ကြံသူအချင်းချင်း စမ်းသပ်မှုလုပ်ခြင်းသည် မိစ္ဆာဂိုဏ်းများသာ လုပ်ဆောင်သည့် အပြုအမူဖြစ်သည်။

သူတော်စင် ကျင့်ကြံသူများအနေဖြင့် ထိုသို့သောကိစ္စကို မည်သို့ သည်းခံနိုင်မည်နည်း?

သို့သော် အဓိကအချက်မှာ ၎င်းတို့သည် ထိုယုတ်မာမှုများနှင့် မပတ်သက်လိုခြင်းပင် ဖြစ်သည်။

အကယ်၍ ယခုအချိန်တွင် ဝမ်ဟောင်ယုဘက်မှ ခုခံကာကွယ်ပေးပါက သူတို့လည်း အတူတူပင်ဖြစ်ကြောင်း သတ်မှတ်ခံရမည်

ဖြစ်သည်။

မည်သူမျှ ထိုကဲ့သို့သော အမည်းစက်ကို မခံယူလိုကြပေ။

အသံများမှာ တစ်သံတည်း ဖြစ်သွားသည်။

"သူ့ကို ခေါင်းဖြတ်သတ်”

"စံနမူနာဖြစ်အောင် လုပ်ပြလိုက်”

"ပါဝင်ပတ်သက်သူ အားလုံးကို ကွပ်မျက်”

“အမြစ်ပြတ်ရှင်း”

တစ်ချိန်က ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ခဲ့သော ခန်းမကြီးသည် ယခုအခါတွင်မူ မြစိမ်းရောင်နေမင်းဂိုဏ်းအပေါ် ဒေါသတရားများဖြင့် တောက်လောင်နေပြီဖြစ်သည်။

ဝမ်ဟောင်ယုသည် ထိုးနှက်ချက်များစွာ ခံလိုက်ရသကဲ့သို့ နောက်သို့ ယိုင်နဲ့သွားသည်။

"မင်းတို့... မင်းတို့ အယောင်ဆောင်တွေ”

သူက လူအုပ်ကြီးကို လက်ညှိုးထိုးကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံးလည်း အာဏာကို မက်မောကြတာပဲ။ ရတနာတွေကို လိုချင်ကြတာပဲ။ တကယ်လို့ နေမင်းတာအိုကို မင်းတို့အရင်တွေ့ရင်လည်း ငါ့လိုပဲ လုပ်ကြမှာပဲ”

သူ၏စကားများက အခြေအနေကို ပို၍ ဆိုးရွားသွားစေသည်။

"ရှက်စရာကောင်းလိုက်တာ”

"သူက အခုထိ နောင်တမရသေးဘူး”

"သူ့ကို ပါးစပ်ပိတ်ခိုင်းလိုက်”

ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော ဧကရာဇ်မင်းမြတ်က နောက်ဆုံးတွင် လက်ကို မြှောက်လိုက်သည်။

ချက်ချင်းပင်

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

"ဝမ်ဟောင်ယု”

သူ၏အသံသည် အာဏာစက်များဖြင့် ဟိန်းထွက်လာသည်။

"မင်းဟာ မင်းရဲ့ဂိုဏ်းသားတွေအပေါ် တားမြစ်ထားတဲ့ စမ်းသပ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခဲ့တယ်။”

"မင်းက ငါတို့ရဲ့ တရားရုံးကို လှည့်စားဖို့ ကြိုးစားခဲ့သလို စီရင်ချက်ကိုလည်း ခြယ်လှယ်ဖို့ ကြိုးစားခဲ့တယ်"

စွပ်စွဲချက် တစ်ခုချင်းစီသည် ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့ ပြင်းထန်လှသည်။

ဝမ်ဟောင်ယု ဒူးများ တုန်ယင်လာသည်။ ယခုအခါ ဧကရာဇ်ကပင် သူ့ကို စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း သူ သိလိုက်ရပြီ။

"ငါကိုယ်တော်မြတ်က ကောင်းကင်အင်ပါယာ ကို တရားမျှတမှုနဲ့ စည်းစနစ်တွေအောက်မှာ အုပ်ချုပ်နေတာဖြစ်တယ်။"

သူက ခေတ္တရပ်လေ၏

"တကယ်လို့ ဒီလိုလုပ်ရပ်မျိုးတွေကို သည်းခံနေမယ်ဆိုရင် ငါတို့နဲ့ မိစ္ဆာအင်အားစုတွေ ဘာကွာခြားတော့မှာလဲ?"

ဧကရာဇ်၏ အသံမှာ ပို၍ ခိုင်မာလာသည်။

"အင်ပါယာအနေနဲ့ ဒီလိုယုတ်မာမှုတွေကို လက်မခံဘူးဆိုတာ ပြသတဲ့အနေနဲ့”

"ဝမ်ဟောင်ယုကို လူအများရှေ့မှာ ကွပ်မျက်စေရမယ်"

ထိုစကားများသည် နောက်ဆုံးစီရင်ချက်အဖြစ် ပဲ့တင်ထပ်သွားသည်။

"သူ့ကို မြို့တော်ရဲ့ အဓိကရင်ပြင်မှာ ကွပ်မျက်စေ။"

"ကောင်းကင်အောက်က လူသားအားလုံး သိပါစေ—"

"ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ဂိုဏ်းဖြစ်ပါစေ၊ အင်ပါယာရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ခွင့်မရှိဘူးဆိုတာကိုပေါ့"

ခန်းမအတွင်းရှိ လူအားလုံးသည် သက်ပြင်းချလိုက်ကြသည်။

"ပြီးတော့ စာရင်းထဲမှာပါတဲ့ အကြီးအကဲတွေ အကုန်လုံး—"

"သူတို့ကို ချက်ချင်း ဖမ်းဆီးချုပ်နှောင်ထားပြီး နောက်ထပ် စီရင်ချက်ကို စောင့်ဆိုင်းစေရမယ်"

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အင်ပါယာ အစောင့်တပ်သားများ ရှေ့သို့ တိုးလာကြသည်။

သူတို့၏ ဖိနပ်သံများသည် စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် တဖုန်းဖုန်း မြည်ဟည်းနေသည်။

ဝမ်ဟောင်ယု၏ မျက်နှာသည် သွေးမရှိတော့သလို ဖြူလျော့နေသည်။

"မလုပ်ပါနဲ့... မဟုတ်ဘူး..."

သူက လီကျန်းဟုန်ကိုကြည့်၏

ထို့နောက်ကျောက်ဝူထျန်းနှင့်

တခြားသူများကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေ၏

သို့သော်လည်း မည်သူမျှ သူ့ကို မကူညီလိုကြပေ။

သူ၏ အစွမ်းထက်လှသော ကျင့်ကြံခြင်းမှာလည်း အင်ပါယာ၏ အာဏာနှင့် လူအများ၏ ရှုတ်ချမှုအောက်တွင် အဓိပ္ပာယ်မဲ့သွားခဲ့သည်။

အစောင့်နှစ်ဦးက သူ့ကို ဖမ်းချုပ်လိုက်သည်။

သူ ရုန်းကန်နေ၏

"ဘိုးဘေး၊ တစ်ခုခု ပြောပါဦး”

သို့သော် မြေကမ္ဘာအင်မော်တယ်ကြီးဘိုးဘေးမှာမူ မလှုပ်မယှက် တည်ငြိမ်နေဆဲသာ

မျက်လုံးများကို အောက်သို့ ချထားသည်။

ပျက်စီးတော့မည့် ဂိုဏ်းအတွက် ကြိုတင် ဝမ်းနည်းနေသည့်အလား။

ဝမ်ဟောင်ယု၏ နောက်ဆုံး အော်ဟစ်သံမှာ ခန်းမအပြင်ဘက်သို့ ဆွဲထုတ်ခံရစဉ် ထွက်ပေါ်လာသည်။

တံခါးကြီးများသည် အသံကျယ်ကြီးဖြင့် ပိတ်သွားခဲ့ပြီး ပြန်လည်တိတ်ဆိတ်သွားသည်။

ထိုတိတ်ဆိတ်မှုအတွင်း

လူအများအပြားမှာ ပိုင်ကျီဟန်ကို ကြည့်

လိုက်ကြသည်။

မုန်တိုင်းသည် သူနှင့်အတူ စတင်ခဲ့သည်။

ပြီးတော့ သူ ဖြစ်စေချင်သည့်အတိုင်း အတိအကျပင် ပြီးဆုံးသွားခဲ့လေပြီ။

All Chapters