အခန်း (၄၉၄-၄၉၆)
Vol. 33 Ch. 494-496
အခန်း ၄၉၄ ပျက်သုဉ်းသွားသော ဂိုဏ်းတော်၏ အကြွင်းအကျန်များ
တစ်ချိန်က ကောင်းကင်အင်ပါယာအတွင်း အင်အားအကြီးဆုံးဟု ကျော်ကြားခဲ့သော မြစိမ်းရောင်နေမင်းဂိုဏ်းသည် ယခုအခါ အစအနပင်မရှိအောင် ပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်သည်။
ဧကရာဇ်၏ အမိန့်တော်ပြန်တမ်းသည် လျင်မြန်လှသလို ကရုဏာတရား ကင်းမဲ့လှပေသည်။
ဂိုဏ်းကြီးကို အပြီးတိုင် ဖျက်သိမ်းစေ၏
ပိုင်ဆိုင်သမျှ နယ်မြေကို သိမ်းယူ၏
ရတနာများကို ဧကရာဇ်နန်းတော်က သိမ်းယူခဲ့သည်။သို့သော် အဖိုးတန်ရတနာ အစုအပုံအများစုသည် ပိုင်ကျီဟန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏
နန်းတော်အနေဖြင့်လည်း ပြန်လည်တောင်းခံရန် မဝံ့ရဲကြချေ။
ထို့ပြင် နယ်မြေအချို့ကိုလည်း ပိုင်မျိုးနွယ်စု ထံ ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ရ၏
ဤအရေးအခင်းတွင် ပိုင်မျိုးနွယ်စုကသာ အကျိုးအမြတ် အများဆုံး ရရှိသွားခဲ့သည်။
အပြစ်ဒဏ်ပေးရာတွင်လည်း အဆင့်အတန်းအလိုက် ခွဲခြားခဲ့သည်။
သာမန်တပည့်များကိုမူ အသက်ချမ်းသာခွင့်ပေးခဲ့၏
အချို့သည် ဂိုဏ်း၏ လျှို့ဝှက်မကောင်းမှုများကို မသိရှိပေ ။
ကျင့်ကြံခြင်း အရင်းအမြစ်ကိုသာ ရှာဖွေခဲ့ကြသည့် ကျင့်ကြံသူများသာ
စစ်ဆေးပြီး သူတို့အား ထွက်ခွါခွင့်ပေးခဲ့သည်။
၎င်းတို့သည် အခြားဂိုဏ်းငယ်များ သို့မဟုတ် နာမည်ကြီးဂိုဏ်းများသို့ လူစုခွဲ၍ ရောက်ရှိသွားကြသည်။
သို့သော် မကောင်းမှုတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် အကြီးအကဲများနှင့် ဘိုးဘေးများမှာမူ
ဖမ်းဆီးထောင်ချခြင်းခံရနှင့် ပြင်းထန်သော ပြစ်ဒဏ်များကို ခံယူခဲ့ကြရလေသည်။
အချို့မှာ နှစ်ရှည်လများ အကျဉ်းချခံခဲ့ရ၏
ကျန်ရှိသူများမှာမူ ၎င်းတို့ ကျူးလွန်ခဲ့သည့် မကောင်းမှု အတိမ်အနက်အလိုက် ပိုမိုပြင်းထန်လှသော ရာဇဒဏ်များကို ခံယူခဲ့ကြရလေသည်
တစ်ချိန်က ဘုန်းတန်ခိုး ထွန်းတောက်ခဲ့သော ဂိုဏ်းတော်ကြီးသည် ယခုအခါ အင်ပါယာ၏ ရာဇဝင်သမိုင်းတွင် ဖျက်မရနိုင်သော အမည်းစက်တစ်ခုအဖြစ်သာ ကျန်ရစ်ပါတော့သည်။
သို့သော် ဤအရှုပ်အထွေးထဲတွင်
ထူးခြားချက်တစ်ခု ရှိနေခဲ့သည်။
၎င်းမှာ မြေကမ္ဘာအင်မော်တယ် ဘိုးဘေးပင် ဖြစ်သည်။
အပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရခဲ့သည်။
အကြောင်းပြချက်က ရိုးရှင်း၏
သူသည် ဂိုဏ်း၏ ပြစ်မှုများကို ဖော်ထုတ်ရာတွင် ကူညီခဲ့သည်။
အမှန်စင်စစ်မှာမူ
တခြားအကြောင်းအရာရှိ၏
ပိုင်မျိုးနွယ်စုသည် နောက်ကွယ်မှ ဝင်ရောက်ပါခဲ့ချေသည်။
နိုင်ငံရေးအရ ကြိုးကိုင်မှုနှင့် ဆွေးနွေးမှုတို့ ကြောင့် ဘိုးဘေးသည် အကျဉ်းကျခံရခြင်းမှ လွတ်မြောက်ခဲ့သည်။
၎င်းဘိုးဘေးကို ပိုင်မျိုးနွယ်စုက ခေါ်ဆောင်သွားခဲ့သည်။
သူသည် မဟာအကြီးအကဲ သို့မဟုတ် အကြီးအကဲ တစ်ယောက်တော့ မဟုတ်ပေ
သူ၏ အဆင့်အတန်းမှာ သာမန်တပည့်တစ်ဦးနှင့် မခြားတော့ဘဲ၊ တစ်ခါတစ်ရံ ၎င်းထက်ပင် နိမ့်ကျနေသယောင် ရှိပေသည်။
သို့သော်လည်း
မည်သူမျှ သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံရန် မဝံ့ရဲကြချေ။
အကြောင်းမှာ သူသည် အဆင့်မြင့်မားလှသည့် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။
အင်အားကြီးမားလှသည့် ပိုင်မျိုးနွယ်စုပင် ဖြစ်လင့်ကစား ဤမျှ စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးကို လျစ်လျူရှုထားရန် မဖြစ်
နိုင်ပေ။
မျိုးနွယ်စုခေါင်းဆောင် ပိုင်ထျန်းဟမ်ကိုယ်တိုင်ပင်လျှင် သူ့ကို သင့်တင့်လျောက်ပတ်သော လေးစားမှုဖြင့် ဆက်ဆံခဲ့သည်။
သူ့အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များကို ပံ့ပိုးပေးရုံမျှမကပေ
သီးသန့် ကျင့်ကြံဆောင်နှင့် အစေအပါးများကိုလည်း စီစဉ်ပေးခဲ့သည်။
အင်ပါယာ အကျဉ်းထောင်များအတွင်း ဆွေးမြည့် ပျက်စီးနေကြရသူများ၏ ကံကြမ္မာနှင့် နှိုင်းယှဉ်လျှင်မူ သူ၏ အခြေအနေမှာ ကံကောင်းလွန်းလှသည်ဟု ဆိုရပေမည်။
သို့သော်လည်း
ပြင်းထန်လှသော ကန့်သတ်ချက်တစ်ခု ရှိနေခဲ့သည်။
သစ္စာရှိမှုကို အာမခံနိုင်ရန်အတွက် ထိုဘိုးဘေးသည် ကောင်းကင်အမိန့်တော် တစ်သားတည်း ကျင့်စဉ်ကို မဖြစ်မနေ ပြောင်းလဲကျင့်ကြံရမည် ဖြစ်သည်။
အစပိုင်းတွင် ထိုအဖိုးအိုသည် အကြီးအကျယ် တုန်လှုပ်ချောက်ချားခဲ့ရသည်။
ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ယခင်ကျင့်စဉ်ကို စွန့်လွှတ်ကာ အသစ်တစ်ခုသို့ ပြောင်းလဲခြင်းမှာ အသက်အန္တရာယ်ရှိနိုင်၏
ကျင့်စဉ်နှစ်ခု ပဋိပက္ခဖြစ်ပါက
ကျင့်ကြံမှုအားလုံး ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
ငြင်းပယ်ရန် အခွင့်အရေးမရှိသဖြင့် မဝံ့မရဲဖြင့်သာ ကျင့်ကြံမှုကို စတင်ခဲ့ရသည်။
သို့သော် မကြာမီမှာပင်
သူ၏ စိုးရိမ်မှုများမှာ လွင့်စင်သွားခဲ့ရ၏။
ထိုကျင့်စဉ်သည် သူ၏ ကျင့်ကြံခြင်း အောက်ခြေအုတ်မြစ်ကို ထိခိုက်စေခြင်း မရှိရုံမျှမကပေ
သူ၏ မူလဂိုဏ်းတွင် ကျင့်ကြံခဲ့သော ကျင့်စဉ်ထက်ပင် အဆပေါင်းများစွာ သာလွန်နေသည်ကို တွေ့ရှိခဲ့ရသည်။
ဝိညာဉ်စွမ်းအင်လည်ပတ်မှုမှာ ပိုမိုချောမွေ့လာ၏ သွေးကြောမျှင်များမှာလည်း ပိုမိုတည်ငြိမ်လာခဲ့သည်။
နှစ်ပေါင်းများစွာ တုံ့ဆိုင်းနေခဲ့သော ကျင့်ကြံမှုအဆင့်မှာပင် အနည်းငယ် တိုးတက်လာမည့် အရိပ်အယောင်များ ပြသလာခဲ့သည်။
ဤတွေ့ရှိချက်က သူ့ကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။
ဤကျင့်စဉ်သည် အဘယ်ကြောင့် အင်ပါယာအတွင်း အလျင်အမြန် ပြန့်နှံ့နေရသနည်းဆိုသည်ကို သူ နားလည်သွားခဲ့သော်လည်း၊ ပိုင်ကျီဟန်က သူ့ကို အဘယ်ကြောင့် ဤကျင့်စဉ်အား ကျင့်ကြံစေလိုသနည်းဆိုသည်ကိုမူ နားမလည်နိုင်ခဲ့ချေ။
ဤသည်မှာ သူ့ကို အသက်ချမ်းသာပေးရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟုသာ သူ တွေးတောနေမိလေတော့သည်။
မည်သို့ပင်ဖြစ်စေ
သူ ဘယ်သောအခါမှ မမေ့လျော့ခဲ့ပေ။
သူသည် ယခင်ကကဲ့သို့ ဂိုဏ်းတစ်ခုကို ဦးဆောင်သည့် ဘိုးဘေးမဟုတ်တော့ပေ
ပိုင်မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်မှ ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏
မျိုးနွယ်စုသာ တစ်စုံတစ်ရာ တောင်းဆိုလာပါက သူသည် ငြင်းဆန်ပိုင်ခွင့်မရှိဘဲ နာခံရပေမည်။
သို့သော်လည်း
အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် အကွပ်မျက်ခံရခြင်းတို့နှင့် နှိုင်းယှဉ်လျှင်မူ
ဤရလဒ်က များစွာ သာလွန်ကောင်းမွန်လှပေသည်။
သူ၌ ကျင့်ကြံခြင်း အရင်းအမြစ်များရှိသည်။
လွတ်လပ်စွာ ကျင့်ကြံခွင့်ရှိသည်။
ထို့ပြင် စွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦး၏ သိက္ခာကိုလည်း အတော်အသင့် ထိန်းသိမ်းထားနိုင်ဆဲပင်။
အနည်းဆုံးတော့ လူများက သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြသေးသည်။
မျိုးနွယ်စုခေါင်းဆောင် ပိုင်ထျန်းဟမ်ကိုယ်တိုင်ပင်လျှင် သူ့ကို ရိုသေလေးစားစွာ စကားဆိုခဲ့သည်။
သို့သော်လည်း...
သူနှင့် လုံးဝခြားနားစွာ ပြုမူသူတစ်ဦး ရှိနေခဲ့၏။
၎င်းမှာ ပိုင်ကျီဟန်ပင် ဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ သခင်လေးဖြစ်သူမှာ ဘိုးဘေးအပေါ် ရိုသေခန့်ညားမှု အလျှဉ်းမရှိသလောက်ပင်။
သို့သော် ထူးဆန်းသည်မှာ
ထိုအပြုအမူသည် မောက်မာရိုင်းစိုင်းခြင်းမျိုးဟု မခံစားရပေ။
အမှန်စင်စစ်
ပိုင်ကျီဟန်သည် မည်သူ့ကိုမဆို ထိုကဲ့သို့ပင် တန်းတူရည်တူ ဆက်ဆံတတ်ပုံရသည်။
ပိုင်မျိုးနွယ်စု၏ ကိုယ်ပိုင်အကြီးအကဲများပင်လျှင် သူထံမှ ရိုသေမှုကို အနည်းငယ်မျှသာ ရရှိကြသည်။
ဤအခြေအနေကို အကြိမ်ကြိမ် မျက်မြင်တွေ့ရှိခဲ့ပြီးနောက်တွင် မြေကမ္ဘာ အင်မော်တယ်ဘိုးဘေးမှာလည်း လက်ခံလိုက်ရလေတော့သည်။
နောက်ဆုံးတွင်မူ
သူသည် သက်ပြင်းသာ ချနိုင်ပါတော့သည်။
မြစိမ်းရောင်နေမင်းဂိုဏ်း
သူ ရာစုနှစ်ပေါင်းများစွာ ကြိုးစားပျိုးထောင်ခဲ့သည့်ဂိုဏ်းမှာ
လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့ချေပြီ။
ယခုအချိန်တွင် နောင်တရနေခြင်းမှာ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။
အတိတ်ကို ပြန်လည်ပြင်ဆင်၍ မရနိုင်တော့ချေ။
အခြားသူများ၏ အဆုံးသတ်နှင့် နှိုင်းယှဉ်
လျှင်မူ
သူ၏ ကံကြမ္မာမှာ ကံကောင်းလွန်းလှပြီဟု ဆိုရပေမည်။
မြေကမ္ဘာ အင်မော်တယ် ဘိုးဘေးသည် ဂိုဏ်း၏ ကံကြမ္မာကို လက်ခံနိုင်ခဲ့သော်လည်း
အခြားသူများမှာမူ ထိုသို့မဟုတ်ပေ။
လုံးဝပင် မဟုတ်ပေ။
ဤဖြစ်ရပ်ကြောင့် အကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြသူများမှာ လီ-ကျောက် မဟာမိတ်အဖွဲ့ ပင် ဖြစ်သည်။
ဖြစ်ပျက်သွားသမျှမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းသည် အသေးအမွှား အင်အားစုတစ်ခု မဟုတ်ခဲ့ချေ။
ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ကောင်းကင်အင်ပါယာအတွင်း အင်အားအကြီးဆုံးသော အာဏာစက်ကြီးတစ်ခုအဖြစ်
ရပ်တည်ခဲ့ဖူးသည်။
၎င်း၏ သြဇာအာဏာသည် များစွာသော နယ်မြေများသို့ ပျံ့နှံ့ခဲ့၏
တပည့်ပေါင်း သောင်းနှင့်ချီ ရှိခဲ့၏
အကြီးအကဲများသည်လည်း အင်ပါယာတစ်လွှား လေးစားခြင်း ခံရသော စွမ်းအားကြီး ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော်လည်း
ထိုမျှ ခိုင်မာလှသော ဂိုဏ်းကြီးသည် တစ်ညတွင်းချင်း ပြိုလဲပျက်စီးသွားခဲ့ရသည်။
ပိုင်မျိုးနွယ်စု၏ ခြေလှမ်းတစ်ချက်အောက်မှာတင်
ဤအဖြစ်မှန်ကို သိလိုက်ရသောအခါ လူအများသည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်လာကြတော့သည်။
မဟာမိတ်အဖွဲ့ဝင် ဂိုဏ်းပေါင်းစုံနှင့် မျိုးနွယ်စုများ၏ ခန်းမဆောင်အတွင်းဝယ် လေထုမှာ တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ခေါင်းဆောင်အများအပြားသည် တူညီသော မေးခွန်းတစ်ခုကိုသာ ထပ်တလဲလဲ မေးနေမိကြတော့သည်။
အကယ်၍ မြစိမ်းရောင်နေမင်းဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းကြီးတောင် ဤမျှလွယ်လွယ်နှင့် ပြိုလဲနိုင်လျှင်
မိမိတို့၏ အလှည့်ရောက်လာပါက မည်ကဲ့သို့ ဖြစ်လာမည်နည်း?"
၎င်းတို့ကို ပိုမိုထိတ်လန့်စေသည်မှာ ဖြစ်ရပ်၏ နောက်ဆက်တွဲ ရလဒ်များပင် ဖြစ်သည်။
လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာ မည်သို့မျှ မတတ်နိုင်ခဲ့ကြချေ။
အဆုံးတွင်မူ ကောင်းကင်အင်ပါယာ၏ ဧကရာဇ်ကိုယ်တိုင်ပင်လျှင် ဤအရေးအခင်းထဲသို့ အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ငြိမ်သက်စွာ အဆုံးသတ်ခွင့် ပေးခဲ့သည်။
မြစိမ်းရောင်နေမင်းဂိုဏ်းက သည်ပါယာ၏ တားမြစ်ချက်ကို ချိုးဖောက်ကာ တရားမဝင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဤသို့ ဖြစ်ရသည်မှာ ထင်ရှားသော်လည်းအကဲခတ်သူများ၏ အမြင်တွင်မူ
ပိုင်မျိုးနွယ်စုသည် မည်သည့်အရာ၏ တားဆီးမှုမျှမရှိဘဲ မိမိအလိုအတိုင်း လုပ်ဆောင်နေသယောင် ထင်မှတ်ရပေသည်။
ဤအချက်က မဟာမိတ်အဖွဲ့ဝင်များအကြား ကျောချမ်းဖွယ်ရာ ဖြစ်လာခဲ့သည်။
အကယ်၍ အင်ပါယာ၏ အာဏာစက်ကပင် ပိုင်မျိုးနွယ်စုကို မထိန်းချုပ်နိုင်ပါက
၎င်းတို့နောက်ကွယ်တွင် မည်မျှအထိ တောင့်တင်းသော အကာအကွယ် ရှိနေသနည်း?
လီ-ကျောက် မဟာမိတ်အဖွဲ့အပေါ် ထားရှိခဲ့သော ယုံကြည်မှုများသည် စတင်ပြိုလဲလာခဲ့သည်။
တံခါးပိတ်ထားသော ခန်းမဆောင်များအတွင်း တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများ ပေါ်ပေါက်လာ၏။
"အကယ်၍ နောက်တစ်ကြိမ် ပိုင်မျိုးနွယ်စုရဲ့ ပစ်မှတ်က ငါတို့ဖြစ်လာခဲ့ရင်ကော?"
"လီ ဒါမှမဟုတ် ကျောက်မျိုးနွယ်စုက ငါတို့ကို တကယ်ပဲ ကာကွယ်ပေးမှာလား?"
"ဒါမှမဟုတ် ငါတို့က နောက်ထပ် ယဇ်ကောင်တွေ ဖြစ်သွားကြမှာလား?"
ဤကဲ့သို့သော မေးခွန်းများသည် အဆိပ်ကဲ့သို့ တဖြည်းဖြည်း ပြန့်နှံ့လာခဲ့သည်။
သံသယစိတ်များ ကြီးထွားလာ၏
ကြောက်ရွံ့မှုနှင့်အတူ
မယုံကြည်မှုများလည်း နက်ရှိုင်းလာခဲ့သည်။
မျိုးနွယ်စုငယ်အချို့မှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် လျှို့ဝှက်ပြင်ဆင်လာကြ၏ သတ္တိရှိသော ခေါင်းဆောင်အချို့မှာမူ မဟာမိတ်အဖွဲ့မှ လုံးဝနုတ်ထွက်ရန်အထိပင် စဉ်းစားလာကြသည်။
အကြောင်းမှာ
နစ်မြုပ်တော့မည့် သင်္ဘောပေါ်တွင် မည်သူမျှ မကျန်ရစ်လိုသောကြောင့် ဖြစ်၏။
ယခုအချိန်တွင်
လီ-ကျောက် မဟာမိတ်အဖွဲ့ကြီးသည်လည်း ထိုနစ်မြုပ်တော့မည့် သင်္ဘောနှင့် တူနေပေပြီ။
သို့သော်လည်း မဟာမိတ်အဖွဲ့အတွင်းရှိ အစွန်းရောက်သူအချို့မှာမူ ပိုင်မျိုးနွယ်စုကို အပြစ်တင်ရန်သာ အားထုတ်နေကြဆဲပင်။
၎င်းတို့သည် ဤကျူးကျော်မှုမှာ ပိုင်မျိုးနွယ်စုကသာ အကွက်ချစီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက် ယုံကြည်နေကြသည်။
ပိုင်မျိုးနွယ်စုကိုယ်တိုင်က ထိုစမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီးမှ မြစိမ်းရောင်နေမင်းဂိုဏ်းအပေါ် အပြစ်ပုံချခဲ့ခြင်းဖြစ်သည်ဟု ကောလာဟလများ လွှင့်ထုတ်ခဲ့ကြသည်။ အမှန်စင်စစ်မှာမူ ဧကရာဇ်နန်းတော်က အဖြစ်မှန်ကို ကြေညာခဲ့ပြီးဖြစ်၍ လူအများစုသည် ပိုင်မျိုးနွယ်စုကို ယုံကြည်ကြ၏ သို့သော်လည်း ၎င်းတို့မှာမူ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် နည်းမျိုးစုံဖြင့် ပုတ်ခတ်နေကြဆဲပင်။
၎င်းတို့က ပိုင်မျိုးနွယ်စုသည် ကလေးငယ်များကို ကယ်တင်ရန်ထက် ရတနာများကိုသာ မက်မောခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ စေတနာအမှန်ဖြစ်ပါက ရတနာများကို ပြန်လည်အပ်နှံသင့်ကြောင်း စွပ်စွဲကြသည်။ ထို့ပြင် သက်သေထွက်ဆိုခဲ့သော မြေကမ္ဘာ အင်မော်တယ်ဘိုးဘေးသည် ယခုအခါ ပိုင်မျိုးနွယ်စုထံ ရောက်ရှိနေသဖြင့် ၎င်းသည် ပိုင်မျိုးနွယ်စု၏ အမိန့်ဖြင့် ထိုစမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သူဖြစ်နိုင်ကြောင်း လုပ်ကြံဖန်တီး၍ ပုတ်ခတ်ခဲ့ကြသည်။
ပိုင်မျိုးနွယ်စု၏ ပုံရိပ်ကို အဆိုးဆုံးဖြစ်အောင် လုပ်ကြံဖန်တီးထားသည့် ပူးပေါင်းကြံစည်မှု သီအိုရီများစွာ ပေါ်ထွက်လာခဲ့သည်။
ထူးဆန်းသည်မှာ လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့သည် မဟာမိတ်အဖွဲ့မှ ထွက်ခွာသွားသူများကိုဖြစ်စေ၊ ပိုင်မျိုးနွယ်စုအပေါ် ကောလာဟလ လွှင့်ထုတ်နေသူများကိုဖြစ်စေ တားဆီးခြင်းမပြုဘဲ ရေငုံနှုတ်ပိတ် နေနေကြခြင်းပင်။
အခန်း ၄၉၅ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာစေရန် လေ့ကျင့်ပေးခြင်း
နောက်ရက်များတွင် ပိုင်ကျီဟန်သည် အေးချမ်းလှသော နေ့စဉ်ဘဝထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ရချေပြီ။ နံနက်တိုင်းတွင် သူသည် ဓားသိုင်းကို လေ့ကျင့်နေလေ၏
ပိုင်မျိုးနွယ်စု၏ လေ့ကျင့်ရေးကွင်းအတွင်း တစ်ဦးတည်း ရပ်တည်လျက်၊ သူ၏ ဓားချက်များမှာ တိကျပြတ်သားစွာ လှုပ်ရှားနေသည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လေထုကို သန့်စင်စွာ ဖြတ်တောက်သွားခဲ့၏ ဓားရည်ရွယ်ချက် အလတ်စားအဆင့်သို့ ရောက်ရှိထားသူဖြစ်၍ ပိုင်ကျီဟန်ကို အင်ပါယာအတွင်း အတော်ဆုံး ဓားသမားတစ်ဦးဟု ဆိုလျှင်လည်း မှားမည်မဟုတ်ချေ။
သို့သော်လည်း...ကျွမ်းကျင်မှုဟူသည် အလေ့အကျင့်မှ လာသည်ပင်
သူ၏ ကျင့်ကြံမှုအဆင့်သည် ဗလာသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပိုင်ကျီဟန်သည် အရှိန်လျှော့ရန် အစီအစဉ်မရှိပေ။ တစ်ခုခုဆိုလျှင် သူသည် မိမိကိုယ်ကို ပိုမိုတင်းကြပ်စွာ တွန်းအားပေးလေ့ရှိသည်။
ဓားသိုင်းလေ့ကျင့်ခြင်း၊
ကျင့်ကြံခြင်း
ကြားထဲတွင် ခဏတာ အနားယူခြင်း။
နေ့စဉ်နှင့်အမျှ သူ၏ ဘဝမှာ တစ်သမတ်တည်းပင် ရှိနေခဲ့သည်။
သို့သော် တစ်နေ့သော နေ့လယ်ခင်းတွင် ပိုင်ကျီဟန် ဓားသိုင်းလေ့ကျင့်ပြီး၍ ကျင့်ကြံရန် ပြင်ဆင်နေစဉ် အစေခံတစ်ဦး ရောက်ရှိလာခဲ့၏။
"သခင်လေး... မျိုးနွယ်စုခေါင်းဆောင်က သခင်လေးကို တွေ့ချင်နေပါတယ်ခင်ဗျာ။"
ပိုင်ကျီဟန်သည် ရုတ်တရက် ဆင့်ခေါ်မှုကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
မျိုးနွယ်စု၏ ခန်းမဆောင်ကြီးအတွင်းဝယ် ပိုင်ထျန်းဟမ်သည် စာရွက်စာတမ်းများနှင့် ဝိညာဉ်ကျောက်စာလွှာများ ပြည့်နှက်နေသော စားပွဲကြီးနောက်တွင် ထိုင်နေသည်။ ပိုင်ကျီဟန် ဝင်လာသောအခါတွင် သူသည် ခေါင်းကိုပင် မော့မကြည့်နိုင်သေးချေ။
"မင်း ရောက်လာပြီလား..."
ပိုင်ကျီဟန်သည် ပုံနေသော အလုပ်အပုံကြီးကို ကြည့်ကာ မျက်ခုံးအစုံ အနည်းငယ် လှုပ်ခတ်သွားခဲ့၏။
"...ဘာကိစ္စရှိလို့လဲ အဖေ”
နောက်ဆုံးတွင် ပိုင်ထျန်းဟမ် မော့ကြည့်လာသည်။ သူသည် သားဖြစ်သူကို ခဏတာ စူးစမ်းကြည့်ပြီးနောက် တည်ငြိမ်စွာ စကားဆိုလိုက်၏။
"မင်းရဲ့ ကျင့်ကြံမှုအဆင့်က အခုလောလောဆယ်အတွက် လုံလောက်နေပြီ..."
ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ နားထောင်နေမိလေတော့သည်။
"ပြီးတော့ကော...?"
ပိုင်ထျန်းဟမ်က နောက်မှီကို အနည်းငယ် မှီချလိုက်၏
"ပိုင်မျိုးနွယ်စုကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ မင်း စတင်လေ့လာရမဲ့ အချိန်ရောက်
ပြီ။"
ထိုစကားကို ကြားလိုက်ရသည်နှင့် ပိုင်ကျီဟန်၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားတော့သည်။
"ကျွန်တော် စိတ်မဝင်စားဘူး။"
သူသည် မျိုးနွယ်စု၏ အမွေဆက်ခံသူဖြစ်၍ တစ်နေ့တွင် ဤတာဝန်ကို ထမ်းဆောင်ရမည်မှန်သော်လည်း ယခုအချိန်ကား မဟုတ်သေးချေ။ မျိုးနွယ်စုကို စီမံခန့်ခွဲခြင်းဆိုသည်မှာ အခြားသူများကို လွှဲအပ်ထား၍ရသော အလုပ်မဟုတ်ပါလော
အမှန်အတိုင်းဆိုရလျှင် သူကိုယ်တိုင်လည်း မျိုးနွယ်စုခေါင်းဆောင် ဖြစ်ချင်၊ မဖြစ်ချင်ဆိုသည်ကို သေချာမသိသေးပေ။
သို့သော်လည်း... ပိုင်ထျန်းဟမ်က ထိုငြင်းဆိုမှုကို လက်ခံရန် အစီအစဉ်မရှိပေ။
"မင်းမှာ ရွေးချယ်စရာမရှိဘူး။"
သူ၏ လေသံသည် တည်ငြိမ်သော်လည်း ပြတ်သားလှသည်။
"ပိုင်မျိုးနွယ်စုရဲ့ အနာဂတ်ခေါင်းဆောင်တစ်ဦးအနေနဲ့ မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေကို နားလည်ထားရမယ်။ ဒါမှမဟုတ်ရင် အနာဂတ်မှာ ပိုင်မျိုးနွယ်စုကို မင်း ဘယ်လိုဦးဆောင်မလဲ?"
ပိုင်ကျီဟန်က ကန့်ကွက်ရန် ပါးစပ်ပြင်လိုက်သော်လည်း ပိုင်ထျန်းဟမ်သည် စာရွက်စာတမ်းများကို ပြန်လည်ဖတ်ရှုနေပြီဖြစ်သည်။
"ဒီနေ့ကစပြီး မင်း ငါ့နောက်ကို လိုက်ခဲ့ရမယ်" ဟု သူက ဆိုသည်။ "ငါလုပ်သမျှကို ကြည့်ပြီး လေ့လာပါ။ ငါလည်း ဒီလိုပဲ သင်ယူခဲ့တာ။
ထိုလေသံမှာ ဆွေးနွေးငြင်းခုံရန် အခွင့်အရေး အလျှဉ်းမရှိပေ။ ပိုင်ကျီဟန်သည် သူ၏ဖခင်ကို ခဏတာ စိုက်ကြည့်နေမိသည်။ ဤတစ်ကြိမ်တွင်မူ ငြင်းဆန်ရန် လုံးဝမဖြစ်နိုင်တော့ချေ။
"...ဒုက္ခပဲ" ဟု သူ အသံတိုးတိုးဖြင့် ရေရွတ်
လိုက်မိသည်။
ထိုနေ့မှစ၍ ပိုင်ကျီဟန်၏ အေးချမ်းလှသော နေ့စဉ်ဘဝသည် ပျောက်ကွယ်သွားခဲ့ရလေသည်။ ယင်းအစား သူသည် မျိုးနွယ်စု၏ ကိစ္စရပ်များတွင် ပိုင်ထျန်းဟမ် နောက်သို့ လိုက်ပါဆောင်ရွက်ရတော့သည်။
အစပိုင်းတွင် ပိုင်ကျီဟန်သည် ဘေးမှကြည့်ရုံသာ ကြည့်နေခဲ့သည်။ သူ၏ဖခင်နှင့် မျိုးနွယ်စုအကြီးအကဲများ၏ အစည်းအဝေးများကို သူ စောင့်ကြည့်ခဲ့ရသည်။ ၎င်းတို့သည် အောက်ပါကိစ္စရပ်များကို ဆွေးနွေးကြသည်
ကျင့်ကြံခြင်း အရင်းအမြစ်များကို ခွဲဝေချထားပေးခြင်း။
မျိုးနွယ်စုပိုင် နယ်မြေဒေသများကို အုပ်ချုပ်စီမံခြင်း။
အခြားသော အဖွဲ့အစည်းအသီးသီးနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခြင်း။
မြစိမ်းရောင်နေမင်းဂိုဏ်းထံမှ မကြာသေးမီက သိမ်းယူခဲ့သော မြေယာများကို စနစ်တကျ ပေါင်းစည်းခြင်း။
တစ်ခါတစ်ရံတွင် ပိုင်ထျန်းဟမ်က သူ့ကို ရုတ်တရက် မေးခွန်းထုတ်တတ်သည်။
"ဒီလိုအခြေအနေမျိုးမှာ မင်းဆိုရင် ဘယ်လိုလုပ်မလဲ?"
အစပိုင်းတွင် ပိုင်ကျီဟန်က ပုခုံးတွန့်ရုံသာ တုံ့ပြန်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် ပိုမိုအလေးအနက်ထားကာ ဖြေကြားလာခဲ့သည်။ တစ်ခါတစ်ရံ သူ၏ အကြံပြုချက်များသည် ပွင့်လင်းလွန်းလှသလိုအကြင်နာတရား ကင်းမဲ့လှပေသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုအကြံပြုချက် အများစုသည် အလွန်ပင် ထိရောက်မှု ရှိနေခြင်းပင် ဖြစ်သည်။
သူသည် ဤအလုပ်များကို သိသိသာသာပင် မနှစ်သက်သော်လည်း သူ၏ ဆုံးဖြတ်ချက်များမှာမူ ထက်မြက်ပြီး ပြတ်သားလှပေသည်။
ထို့ပြင် သူသည် သေးငယ်သော တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ရသေးသည်။၎င်းတို့မှာ - စာရွက်စာတမ်းငယ်များကို စစ်ဆေးခြင်း၊ တပည့်များ ကျင့်ကြံရမည့်နေရာကို သတ်မှတ်ပေးခြင်း၊ အစောင့်အရှောက်များ တာဝန်ချထားပေးခြင်း၊ အသုံးစရိတ်များကို ခွင့်ပြုပေးခြင်းနှင့် မျိုးနွယ်စုခွဲများမှ တင်ပြလာသော အစီရင်ခံစာများကို စီမံခန့်ခွဲခြင်းတို့ ဖြစ်ကြသည်။
ဓမ္မတာအတိုင်းပင် ပိုင်ကျီဟန်သည် ဤလုပ်ငန်းစဉ်တစ်ခုလုံးကို အလွန်အမင်း စိတ်ပျက်ငြီးငွေ့နေခဲ့သည်။ သို့သော်လည်း... မည်သို့ပင်ဖြစ်စေ သူသည် ထိုတာဝန်များကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့လေသည်။
ပိုင်ထျန်းဟမ် ကိုယ်တိုင်တက်ရောက်ရန် လိုအပ်သော အစည်းအဝေးများသို့လည်း ပိုင်ကျီဟန်ကိုသာ စေလွှတ်ခဲ့သည်။
အခြားသူများသာဆိုလျှင် ကန့်ကွက်ပြောဆိုမှုများ ရှိနိုင်သော်လည်း၊ ယခုမူ ရောက်ရှိလာသူမှာ ပိုင်ကျီဟန် ဖြစ်နေသည်မဟုတ်ပါလော
မည်သူက ကန့်ကွက်ရန် ဝံ့မည်နည်း?
မည်သူကများ ပိုင်ကျီဟန်ကို လျှော့တွက်ရဲကြသေးသနည်း?
လူအများက ဤအပြောင်းအလဲကို သတိထားမိလာကြသော်လည်း ထူးဆန်းသည်ဟု မယူဆကြချေ။
အကြောင်းမှာ ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်စု၏ နောက်တက်မည့် ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှ ငြင်းချက်မထုတ်
နိုင်သောကြောင့် ဖြစ်သည်။
သူနှင့် ယှဉ်ပြိုင်နိုင်မည့်သူလည်း အမှန်တကယ် မရှိခဲ့ပေ။
လွန်ခဲ့သော အချိန်များစွာက သူသည် မသန်မစွမ်းဖြစ်နေသည်ဟု ယူဆခဲ့ကြစဉ်ကမူ တိုးတိုးတိတ်တိတ် ဝေဖန်သံများ ရှိခဲ့ဖူးသည်။
မျိုးနွယ်စု၏ အမွေဆက်ခံမှုမှာ ပြောင်းလဲသွားနိုင်သလား၊ သို့မဟုတ် အခြားတစ်ဦးဦးက ပိုင်ကျီဟန်၏နေရာကို အစားထိုးဝင်
ရောက်လာနိုင်သည်ဟူသော သံသယများပင်
သူသည် မသန်မစွမ်းမဟုတ်တော့ကြောင်း အားလုံးက သိမြင်သွားချိန်တွင် နှင်းကဲ့သို့ အရည်ပျော် ပျောက်ကွယ်သွားခဲ့လေပြီ။ သူ၏ ခန္ဓာကိုယ်မှာ အလုံးစုံ ပြန်လည်ကျန်းမာလာရုံမျှမက သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း လူအများ၏ ခန့်မှန်းချက်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
သာမန်အားဖြင့် မျိုးနွယ်စုခေါင်းဆောင်သည် မိမိ၏ အရိုက်အရာကို ဆက်ခံမည့်သူအား မျိုးနွယ်စုစီမံခန့်ခွဲပုံ၊ ရှုပ်ထွေးသော အခြေအနေများတွင် ဆုံးဖြတ်ချက်ချပုံနှင့် ပြင်ပဆက်ဆံရေးများကို ကိုင်တွယ်ပုံတို့အား ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးလေ့ရှိသည်။
ဤသည်မှာ ရှေးရိုးစဉ်လာ တစ်ခုဖြစ်ပြီး လက်ရှိခေါင်းဆောင်သည် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန် နီးကပ်လာချိန်တွင်မှသာ ပြုလုပ်လေ့ရှိခြင်းဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ လက်ရှိ တိုးတက်မှုအရှိန်အဟုန်အရ ပိုင်ထျန်းဟမ်သည် လူအများ ခန့်မှန်းထားသည်ထက် စောစီးစွာပင် ထိုအဆင့်သို့ ရောက်ရှိနိုင်ပေသည်။
များသောအားဖြင့် ခေါင်းဆောင်၏ သားဖြစ်သူ အသက် (၃၀) ဝန်းကျင် သို့မဟုတ် ထိုထက်ကျော်မှသာ ဤကဲ့သို့ လေ့ကျင့်ပေးလေ့ရှိ၏
သို့သော်လည်း အကြီးအကဲများအကြား တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏
"ပိုင်ထျန်းဟမ်က သူ့ရဲ့ အမွေကို လွှဲပေးဖို့ ပြင်ဆင်နေတာပဲ ဖြစ်ရမယ်။"
"မှန်တာပေါ့၊ မျိုးနွယ်စုခေါင်းဆောင်က အင်မော်တယ်အဆင့်ကို တက်လှမ်းတော့မယ်။ အဲဒီအချိန်ကျရင် သူက အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံရတော့မှာ။ အဲဒီအချိန်မှာ မျိုးနွယ်စုကို ဦးဆောင်နိုင်မဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက်ရှိဖို့ လိုတယ်။ ပိုင်ကျီဟန်ထက် သင့်တော်တဲ့သူ ဘယ်သူရှိဦးမှာလဲ?"
အချို့က ပိုင်ကျီဟန်သည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသဖြင့် သူ၏ ရင့်ကျက်မှုမှာ ပါရမီထက် နောက်ကျနေမည်ကို စိုးရိမ်ခဲ့ကြသေးသည်။
တစ်ခါတစ်ရံတွင် သူသည် မျိုးနွယ်စု၏ အမြင်ထက် မိမိ၏ ကိုယ်ပိုင်ဆန္ဒအတိုင်းသာ လုပ်ဆောင်တတ်သော်လည်း၊ သူဆောင်ကြဉ်းပေးသည့် အကျိုးအမြတ်များက အားနည်းချက်များကို ဖုံးလွှမ်းသွားခဲ့သည်။
သူ၏ ကျင့်ကြံမှုသာမက၊ သူ၏ ဉာဏ်ရည်၊ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် ပြတ်သားသော ရက်စက်မှုတို့က သူ့ကို သဘာဝအတိုင်း ခေါင်းဆောင်ဖြစ်လာစေရန် ဖန်တီးပေးနေသကဲ့သို့ပင်။
မျိုးနွယ်စုအတွင်း၌သာမက အင်ပါယာတစ်ခုလုံးတွင်ပင် သူ့ထက် သင့်တော်သူ မရှိနိုင်တော့ချေ။
အချိန်ကြာလာသည်နှင့်အမျှ ဤအချက်သည် ပိုမိုထင်ရှားလာခဲ့ပြီး မျိုးနွယ်စု၏ မျိုးဆက်သစ်များပင်လျှင် မည်သည့်ကန့်ကွက်သံမျှ မထွက်ပေါ်ခဲ့ကြချေ။
ပိုင်ထျန်းဟမ်သည် အင်မော်တယ်အဆင့်အတွက် တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်နေချိန်ဖြစ်၍ မျိုးနွယ်စု၏ တည်ငြိမ်မှုမှာ အလွန်အရေးကြီးသည်။
ထို့ကြောင့် နောက်တက်မည့် ခေါင်းဆောင်သည် လေ့ကျင့်မှုပြည့်ဝပြီး ယုံကြည်ချက်ရှိရှိ ဆုံးဖြတ်ချက်ချနိုင်သူ ဖြစ်
ရန် လိုအပ်ပေသည်။
ပိုင်ကျီဟန်သည် ထိုအရည်အချင်းများနှင့် ကွက်တိကိုက်ညီနေခဲ့သည်။ မည်သူမျှ သံသယမရှိ၊ မည်သူမျှ မေးခွန်းမထုတ်ခဲ့ကြချေ။
မျိုးနွယ်စု၏ အစဉ်အလာအရ ဆက်ခံမှုမှာ ပိုမိုခိုင်မာသွားခဲ့ချေပြီ
ဤသည်မှာ ရှောင်လွှဲ၍မရသော ကံကြမ္မာတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
အကြီးအကဲများနှင့် မျိုးနွယ်စုခွဲ ခေါင်းဆောင်များ၏ ရင်ထဲတွင် တူညီသော အတွေးတစ်ခုသာ ရှိနေခဲ့သည် -သူ့ထက် ပိုပြီး သင့်တော်သောသူ တစ်ယောက်မှ ရှိလာတော့မည် မဟုတ်ဘူး ဟူ၍ပင်
ဤသည်မှာ ပိုင်မျိုးနွယ်စုအနေဖြင့် အသင့်တော်ဆုံးနှင့် အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်သည
အခန်း ၄၉၆ - ချုန်ရှန်း ပြန်လာခြင်း
လူတိုင်းက အရာအားလုံး ငြိမ်းချမ်းစွာ ဆက်လက်ရှိနေတော့မည်ဟု ထင်မှတ်နေချိန်မှာပင်...
စာတစ်စောင် ရောက်ရှိလာခဲ့သည်။
၎င်းစာသည် ကြယ်ကြွေအင်ပါယာ၏ နန်းတော်မှ တိုက်ရိုက်ရောက်လာခြင်း ဖြစ်ပြီး မင်းသမီး—မဟုတ်ပေ။ ဧကရီ စွန်းယောင်ချင်း၏ ကိုယ်ပိုင်တံဆိပ် ခတ်နှိပ်ထားသည်။
လက်ခံရရှိသူမှာ သိသာထင်ရှားလှသည့် ပိုင်ကျီဟန်ပင် ဖြစ်သည်။
ပိုင်ကျီဟန်သည် ထိုစာကြောင့် အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားပြီး မင်းသမီးအနေဖြင့် လျှို့ဝှက်အဖွဲ့အစည်း သို့မဟုတ် ချုန်ရှန်းကို ဖမ်းမိထားခြင်း ဖြစ်နိုင်သည်ဟု တွေးတောမိသည်။
ပိုင်ကျီဟန်သည် စာပါအကြောင်းအရာများကို ဖတ်ရှုလိုက်၏
"ဟဲဟဲ... မင်း နောက်ဆုံးတော့ လူလုံးထွက်ပြဖို့ ဆုံးဖြတ်လိုက်ပြီပေါ့၊ ချုန်ရှန်း”
ချုန်ရှန်းသည် သူကိုယ်တိုင် မိစ္ဆာကျင့်ကြံသူ ဖြစ်ကြောင်း လူသိရှင်ကြား ဖြစ်သွားပြီးနောက် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကြယ်ကြွေ အင်ပါယာအတွင်းရှိ လူအများစုအတွက် ချွမ်မျိုးနွယ်စုတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် မှတ်ဉာဏ်များထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့ပြီ ဖြစ်သည်။
ချွမ်မျိုးနွယ်စုသည် သူ့ကို ရှာဖွေသတ်ဖြတ်ရန် ရှာဖွေရေးအဖွဲ့များ စေလွှတ်ခဲ့သည်။
ချွမ်လင်းရှုသည် သူ၏မျိုးနွယ်စုအမည်ကို ညှိုးနွမ်းအောင်လုပ်ခဲ့သော ထိုကောင်စုတ်ကို သုတ်သင်နိုင်မှသာ သူ၏မျက်နှာ ပြန်လည်ရရှိမည်ဟု ခံစားနေရသည်။
သို့သော်လည်း ချုန်ရှန်း၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ကြပေ။
အချို့က သူသည် အင်ပါယာမှ ထွက်ပြေးသွားပြီဟု ယုံကြည်လာကြ၏
အချို့ကမူ ထွက်ပြေးပြီးနောက် မကြာမီမှာပင် ဒဏ်ရာများဖြင့် သေဆုံးသွားပြီဟု ဆိုကြသည်။
ချွမ်မျိုးနွယ်စု ကိုယ်တိုင်ကလည်း ထိုသို့ပင် ယုံကြည်ချင်နေကြသည်။
သို့သော် နက်နက်ရှိုင်းရှိုင်းတွင်မူ ချွမ်မျိုးနွယ်စုဝင် အများအပြားသည် ချုန်ရှန်း၏ မျက်လုံးထဲတွင် တောက်လောင်နေသော နာကျည်းမှုများကို မှတ်မိနေဆဲသာ
သူထားရစ်ခဲ့သော ကတိစကားကိုပင်
လပေါင်းများစွာ ကြာသွားသည့်အခါ လူအများစုသည် နောက်ဆုံးတွင် ၎င်းကို မေ့လျော့သွားပြီး ယခင်ကကဲ့သို့ပင် ပုံမှန်ဘဝများကို ဖြတ်သန်းနေကြသည်။
ထို့နောက် တိတ်ဆိတ်သော ညတစ်ညတွင် ဖြစ်ပျက်ခဲ့သည်။
ကောင်းကင်အင်ပါယာသည် အဆင့်မြင့် သားရဲလှိုင်းလုံးကြီးကို အနိုင်ရရှိပြီးချိန် ဖြစ်သည်။
ကြယ်ကြွေအင်ပါယာတွင် မိစ္ဆာသားရဲများ သောင်းကျန်းနေသော်လည်း ကောင်းကင်အင်ပါယာလောက် မပြင်းထန်ပေ
အထူးသဖြင့် ကောင်းကင်အင်ပါယာ၏ အောင်ပွဲမတိုင်မီက လူအများမှာ အလွန်စိုးရိမ်ခဲ့ကြသည်။
အကြောင်းမှာ အကယ်၍ ထိုအင်ပါယာသာ ကျရှုံးသွားပါက ၎င်းတို့၏ အင်ပါယာသည် နောက်ထပ် ပစ်မှတ်ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတို့၏ စိုးရိမ်မှုများသည် မလိုအပ်ဘဲ ဖြစ်သွားခဲ့သည်။
ဘေးအန္တရာယ် ကျော်လွန်သွားပြီဟု ထင်မှတ်ကာ ချွမ်မျိုးနွယ်စု အပါအဝင် မျိုးနွယ်စု အများအပြားသည် စိတ်အေးသွားကြသည်။
လမင်းသည် ချွမ်မျိုးနွယ်စု ဝင်းကြီးပေါ်တွင် မြင့်မားစွာ သာယာနေပြီး အဆောက်အဦးများကို ငွေရောင်ဖျော့ဖျော့ အလင်းတန်းများ ဖြန့်ကျက်ထားသည်။
မျိုးနွယ်စုဝင် အများစုသည် ညအိပ်ရာဝင်နေကြပြီ ဖြစ်သည်။
သို့သော် ချွမ်လင်းရှုမှာမူ မအိပ်သေးပေ။
သူ၏ စာကြည့်ဆောင်အတွင်းရှိ ကျောက်စိမ်းဆီမီးခွက်များသည် တိတ်ဆိတ်စွာ တောက်လောင်နေပြီး စားပွဲပေါ်တွင် ပုံထားသော အစီရင်ခံစာများကို အလင်းပေးနေသည်။
သူသည် ဘဏ္ဍာရေး စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုရင်း မျက်နှာမှာ ပုပ်သိုးနေသည်။
"...တောက် ၊ အသုံးမကျတာ”
သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျောက်စိမ်းပြားကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။
"အဲ့ဒီ ပိုင်ကျီဟန် ဆိုတဲ့ ကောင်စုတ်သာ မရှိရင်...”
သူ၏ ရင်ဘတ်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ချွမ်မျိုးနွယ်စုသည် တစ်ချိန်က အလွန်စည်ပင်ထွန်းကားခဲ့သည်။
လျှို့ဝှက်အဖွဲ့အစည်းနှင့် လျှို့ဝှက်ဆက်သွယ်မှုများမှတစ်ဆင့် ၎င်းတို့သည် အလွန်
များပြားသော သယံဇာတများကို ရရှိခဲ့သည်။
အပြန်အလှန်အားဖြင့် ၎င်းတို့လုပ်ဆောင်ရသည်မှာ ထိုအဖွဲ့အစည်း၏ အခြေစိုက်စခန်းကို ၎င်းတို့နယ်မြေအတွင်း ဝှက်ပေးထားရန်နှင့် မည်သည့်သတင်းအချက်အလက်မျှ မပေါက်ကြားစေရန် အာမခံရုံသာ ဖြစ်သည်။
၎င်းမှာ လွယ်ကူသော အပေးအယူတစ်ခု ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ
ဒုတိယမင်းသား ကိုယ်တိုင်က သူတို့နောက်ကွယ်တွင် ရှိနေခြင်းဖြစ်သည်။
တော်ဝင်မိသားစု၏ ကျောထောက်နောက်ခံဖြင့် ချွမ်မျိုးနွယ်စုသည် ကြယ်ကြွေအင်ပါယာအတွင်း မည်သူမျှ မထိရဲသည့် အနေအထားတွင် ရှိခဲ့သည်။
ချွမ်လင်းရှုက သူ၏ အနာဂတ်သည် သေချာနေပြီဟု ယုံကြည်ခဲ့သည်။
ဒုတိယမင်းသား နန်းတက်သည်နှင့် ချွမ်မျိုးနွယ်စု၏ ဩဇာအာဏာသည် ထိုးတက်သွားမည်ဖြစ်သည်။ ထို့ပြင် ချွမ်လင်းရှုသည်လည်း အတူတူ ထွန်းတောက်လာမည်ဖြစ်သည်။
သူသည် လူတစ်ယောက်၏အောက်၊ လူသောင်းချီ၏အထက်တွင် ရှိနေမည်ဖြစ်၏
အင်ပါယာ၏ မြင့်မြတ်သော မှူးမတ်တစ်ဦး ဖြစ်လာပေမည်။
တော်ဝင်မိသားစုသာလျှင် သူ့အထက်တွင် ရှိလိမ့်မည်။
သို့သော် ထိုအရာအားလုံးမှာ...
လူတစ်ယောက်တည်းကြောင့် ပြိုလဲပျက်စီးသွားခဲ့ရသည်။
"ပိုင်ကျီဟန်”
သူသည် ထိုအမည်ကို နာကျည်းစွာဖြင့် ထွေးထုတ်လိုက်သည်။
ထိုသခင်လေး ၎င်းတို့အင်ပါယာသို့ ရောက်ရှိလာကတည်းက အရာအားလုံး စတင်ယိုင်နဲ့လာခဲ့သည်။
လျှို့ဝှက်စခန်း ဖော်ထုတ်ခံရသည်။
လျှို့ဝှက်အဖွဲ့အစည်း ချေမှုန်းခံရသည်။
၎င်းတို့၏ သယံဇာတ ထောက်ပံ့မှုသည် တစ်ညအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ပိုဆိုးသည်မှာ
ဧကရီ စွန်းယောင်ချင်း၏ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ အင်ပါယာသည် မှူးမတ်များ၏ အခွင့်ထူးများကို လျှော့ချရန်နှင့် လူအများကြား ပိုမိုတန်းတူညီမျှမှုရှိစေရန် ရည်ရွယ်သည့် မူဝါဒများကို စတင်ကျင့်သုံးလာသည်။
၎င်းမှာ ချွမ်မျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုများအတွက် အခွင့်အလမ်းများ နည်းပါးသွားခြင်းကို ဆိုလိုသည်။
၎င်းတို့၏ အခြေအနေမှာ စတင်အားနည်းလာနေပြီဖြစ်သည်။
"တောက်”
ချွမ်လင်းရှုသည် ဘဏ္ဍာရေး အစီရင်ခံစာ တစ်စောင်ကို ဆွဲယူကာ အခန်းထဲသို့ လွှင့်ပစ်လိုက်သည်။
သူ၏ မျိုးနွယ်စုသည် ကြီးပွားချမ်းသာမှုထဲသို့ ပျံတက်တော့မည်ဟု ထင်မှတ်နေချိန်မှာပင်
၎င်းတို့မှာ လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲချခံလိုက်ရသည်။
"အသုံးမကျတာ”
သူသည် စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။
"အားလုံးက အသုံးမကျတဲ့သူတွေချည်းပဲ”
သူ ဆဲဆိုနေမိသည်။
"ဘာလို့ အဲ့လောက်တောင် ဒေါသထွက်နေရတာလဲ?"
တည်ငြိမ်သော အသံတစ်ခုက သူ၏ နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"...”
ချွမ်လင်းရှု တောင့်တင်းသွားသည်။
သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
သူ့စာကြည့်ဆောင်ထဲတွင် တစ်စုံတစ်ယောက် ရှိနေသည်။
ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?
ဝင်းတစ်ခုလုံးတွင် ကင်းစောင့်များ ချထားသည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ အသံတစ်ချက်မထွက်ဘဲ ဤနေရာသို့ မည်သို့ ထိုးဖောက်ဝင်ရောက်လာနိုင်သနည်း?
ထို့ထက်ပို၍ ဤမျှနီးကပ်စွာ ရပ်နေသောသူကို သူကိုယ်တိုင် မည်သို့ကြောင့် အာရုံမရခဲ့သနည်း?
"ဘယ်သူလဲ?”
သူသည် တိုက်ခိုက်ရန် အသင့်ပြင်ကာ ချီများ တောက်လောင်လျက် ချက်ချင်း လှည့်ကြည့်လိုက်သည်။
သို့သော် တံခါးဝတွင် ရပ်နေသော ပုံရိပ်ကို မြင်လိုက်ရချိန်တွင်
သူ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။
လူငယ်လေးသည် ထိုနေရာတွင် ကြာမြင့်စွာကတည်းက ရှိနေသည့်အလား နံရံကို အသာအယာ မှီရင်း အရိပ်ထဲတွင် ပေါ့ပေါ့ပါးပါး ရပ်နေသည်။
လရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး သူ၏မျက်နှာကို လင်းထိန်စေသည်။
ခဏမျှ ချွမ်လင်းရှုသည် မိမိမျက်လုံးကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်သွားသည်။
"...ချုန်ရှန်း?"
ထိုအမည်သည် သူ၏ ပါးစပ်မှ အလိုလို ထွက်ကျလာသည်။
သို့သော် ထိုသို့ ပြောလိုက်သည့်တိုင်အောင် သူ၏အသံတွင် မရေရာမှုများ ပါဝင်နေသည်။
ထိုလူမှာ... ပြောင်းလဲသွားသည်။
သူ၏မျက်နှာမှာ အတူတူပင်ဖြစ်သော်လည်း ပို၍စူးရှပြီး သန့်ပြန့်လာသည်။
ရုပ်ရည်မှာ ပို၍ရင့်ကျက်လာသည်။
သူ၏ အရှိန်အဝါသည် လုံးဝ ပြောင်းလဲသွားသည်။
ယခင်က ၎င်းတို့ရှေ့တွင် သွေးသံရဲရဲဖြင့် တုန်တုန်ရင်ရင် ရပ်နေခဲ့သော အစေခံမှာ
မရှိတော့ပေ။
ယခုအခါ ထိုလူငယ်လေးသည် သဘာဝထက်လွန်ကဲစွာ ချောမောနေပြီး တည်ငြိမ်ကာ ယုံကြည်မှုရှိသော အမူအရာ ရှိနေသည်။
သို့သော် အကြောက်စရာအကောင်းဆုံးအရာမှာ
သူ၏ ကိုယ်ဘေးတွင် သက်ရှိအရိပ်တစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ဝေ့ဝဲနေသော သိပ်သည်းလှသည့် မိစ္ဆာချီများပင် ဖြစ်သည်။
ချုန်ရှန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အိုး... ကျွန်တော်ကို မှတ်မိသေးတာပဲ။ တကယ့်ကို ဂုဏ်ယူမိပါတယ် မျိုးနွယ်စုခေါင်းဆောင်ချွမ်။ ကျွန်တော်ကို မေ့သွားပြီလို့တောင် ထင်နေတာ။"
ချုန်ရှန်းက စနောက်သည့်လေသံဖြင့် ပြောလိုက်သည်။
ချွမ်လင်းရှု၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။
သူ၏ ကျောပြင်တွင် အေးစက်သော ချွေးများ ချက်ချင်း စီးကျလာသည်။
"မင်း... မင်း ဒီထဲကို ဘယ်လိုဝင်လာတာလဲ?"
သူ့ဦးနှောက်က အမြန်စဉ်းစားနေသည်။
ကင်းစောင့်တွေ။
ကာကွယ်ရေး အစီရင်စုတွေ။
အဲ့ဒါတွေအားလုံးက ဘာတစ်ခုမှ သတိမထားမိကြဘူးလား?
ချုန်ရှန်းသည် နံရံမှ ကိုယ်ကို ခွာကာ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ဖတ် ဖတ်
သူ၏ ခြေသံများသည် တိတ်ဆိတ်သော အခန်းအတွင်း ပဲ့တင်ထပ်နေသည်။
"ဝင်လာရတာ တကယ်တော့ တော်တော်လေး လွယ်ပါတယ်။"
သူ၏ အကြည့်က အခန်းအနှံ့ကို ဝေ့ကြည့်လိုက်ပြီး ပြန့်ကျဲနေသော ဘဏ္ဍာရေး အစီရင်ခံစာများပေါ်တွင် ခဏမျှ ရပ်တန့်သွားသည်။
"ကြည့်ရတာ ချွမ်မျိုးနွယ်စုက တော်တော်လေး ရုန်းကန်နေရပုံပဲ။"
ချွမ်လင်းရှု မျက်မှောင်ကြုတ်လိုက်သည်။
"ကင်းစောင့်တွေ”
ချွမ်လင်းရှုက လှမ်းအော်လိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ? ဒီမှာ ကျူးကျော်သူ ရောက်နေတယ်”
သူ အော်ဟစ်လိုက်သော်လည်း မည်သူမျှ ရောက်မလာပေ။
သူ ဇဝေဇဝါ ဖြစ်သွားသည်။
ဘာတွေ ဖြစ်ပျက်နေတာလဲ?
"ဟဲဟဲ... သူတို့ လာနိုင်မှာ မဟုတ်တော့ဘူး။"
ချုန်ရှန်းက သွေးအလိမ်းလိမ်းပေနေသော ဓားတစ်ချောင်းကို ထုတ်ပြလိုက်သည်။
ချွမ်လင်းရှု၏ အခန်းသို့ မလာမီ သူသည် အနီးအနားရှိ ကင်းစောင့်များကို ရှင်းလင်းခဲ့ပုံရသည်။
"သူတို့ လာနိုင်ရင်တောင်မှ အတူတူပဲ ဖြစ်မှာပါ။"
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ အခန်းအတွင်း စတင် ပြည့်နှက်လာသည်။
ချုန်ရှန်း၏ ခန္ဓာကိုယ်မှ ယိုစိမ့်ထွက်လာသော မိစ္ဆာချီများသည် ယခင်ကထက် များစွာ ပိုမိုအားကောင်းလာသည်။
အများကြီး ပိုအားကောင်းလာသည်။
"မဖြစ်နိုင်တာ... မင်းက ဗလာသန့်စင်ခြင်းအဆင့်ကို ရောက်နေတာလား?"
ချွမ်လင်းရှု ရေရွတ်လိုက်သည်။
လွန်ခဲ့သော လအနည်းငယ်ကမှ ချုန်ရှန်းသည် အသက်လုကာ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော?
ဘယ်လိုလုပ်ပြီး တိုတောင်းသည့် အချိန်အတွင်းမှာ ဒီလောက်အထိ အင်အားကြီးလာနိုင်ရတာလဲ?
ချုန်ရှန်းသည် သူ့ရှေ့ အလှမ်းကွာသော နေရာတွင် ရပ်တန့်လိုက်သည်။
သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးသည် တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
"ငါနဲ့ ပတ်သက်ရင် ဘာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။"
သူ ဆက်ပြောသည်။
"ပြီးခဲ့တဲ့အကြိမ်တုန်းက မင်းတော်တော်လေး ယုံကြည်မှုရှိနေပုံပဲ။"
သူ့အသံမှာ တိုးညင်းသည်။
သို့သော် ၎င်းအတွင်း၌ ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်ကြောင့် အခန်း၏ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားသည်။
"ဒီနေ့မှာလည်း မင်း အဲ့ဒီလို ယုံကြည်မှုမျိုး ရှိဦးမလား ကြည့်ကြတာပေါ့။"
ချွမ်လင်းရှု၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားသည်။
ချုန်ရှန်း နောက်ထပ် စကားတစ်လုံးမျှ မပြောနိုင်မီမှာပင်
သူ စတင် လှုပ်ရှားလိုက်သည်။
သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်မတတ် မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်သွားစဉ် အင်္ကျီလက်အတွင်းမှ ဝှက်ထားသော ဓားမြှောင်တစ်စင်း ထွက်ပေါ်လာသည်။
ရွှမ်
ဓားသွားက လေထုကို ခွင်းကာ ချုန်ရှန်း၏ လည်ပင်းကို တိုက်ရိုက် ဦးတည်သွားသည်။
သူ၏ ချီ စွမ်းအင်များကို ထိုချောင်းမြောင်းတိုက်ခိုက်မှုတွင် အစွမ်းကုန် လောင်းထည့်ထားသည်။
ထိုတိုက်ကွက်မှာ မြန်ဆန်လွန်းပြီး သေစေနိုင်သည်။
စက္ကန့်ပိုင်းအတွင်း
ချွမ်လင်းရှု၏ မျက်နှာမှာ အောင်နိုင်သူတစ်ဦးကဲ့သို့ တွန့်လိမ်သွားသည်။
"မိုက်မဲလိုက်တာ”
သူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရန်သူ့ရှေ့မှာ စကားတွေ အများကြီး မပြောသင့်ဘူးဆိုတာ မသိဘူးလား”
သူ၏ မျက်လုံးများတွင် ယုတ်မာသော ကျေနပ်မှုများဖြင့် တောက်ပနေသည်။
"မင်း အခွင့်အရေး ရတုန်းက တိုက်ခိုက်ခဲ့သင့်တာ။ ဒါက မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းရဲ့ ရလဒ်ပဲ။"
သို့သော်လည်း
သူ၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ဓားသွားသည် ချုန်ရှန်း၏ ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း ဖြတ်သွားခဲ့သည်။
သို့သော်
မည်သည့် ခုခံမှုမျှ မရှိပေ။
သွေးမထွက်ပေ။
ထိမှန်သည့် ခံစားချက်မရှိပေ။
သူ၏ ဓားမြှောင်မှာ လေဟာနယ်ကိုသာ ခုတ်မိသွားခြင်း ဖြစ်သည်။
သူ့ရှေ့ရှိ ချုန်ရှန်း၏ ပုံရိပ်သည် လှည့်စားမှုတစ်ခုကဲ့သို့ ဝေဝါးသွားပြီး
ပျောက်ကွယ်သွားသည်။
ချွမ်လင်းရှု၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။
"...ဘာ?"
တည်ငြိမ်သော အသံတစ်ခုက သူ့နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"တကယ်လား?"
အေးစက်သော အသက်ရှုသံက သူ့လည်ပင်းနောက်ဘက်ကို လာထိသည်။
ချွမ်လင်းရှု၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ချုန်ရှန်းက သူ့နောက်တွင် တိုက်ရိုက် ရပ်နေသည်။
“ခဏ…”
ချွမ်လင်းရှုသည် ဓားကို ဆုပ်ကိုင်လိုက်၏
စကားတစ်လုံးမျှပင် မပြောနိုင်သေးမီ
ချုန်ရှန်းက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
မြန်လွန်းသဖြင့် ချွမ်လင်းရှုသည် သူ့လှုပ်ရှားမှုကိုပင် မမြင်လိုက်ရပေ။
လက်တစ်ဖက်က ရှေ့သို့ ထွက်လာပြီး သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
"အု—“
ချွမ်လင်းရှု၏ ခန္ဓာကိုယ်သည် နံရံနှင့် ဆောင့်မိသွားသည်။
ထိုအားကြောင့် သစ်သားနံရံများပင် အက်ကွဲသွားသည်။
သူသည် လွတ်မြောက်ရန် သူ၏ ချီ စွမ်းအင်များကို အတင်းအကျပ် ထုတ်သုံးသော်လည်း
ချုန်ရှန်း၏ လက်မှာ လက်မဝက်မျှပင် မရွေ့လျားပေ။
ချုန်ရှန်း၏ မျက်လုံးများသည် ထိတ်လန့်နေသော ချွမ်လင်းရှုကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ငါ မထွက်သွားခင် မင်းကို စကားတစ်ခွန်း ပြောခဲ့တယ် မလား။"
သူ့အသံမှာ တိုးညင်းလှသည်။
"ငါ ပြန်လာခဲ့မယ်လို့။ ပြီးတော့ ငါ ပြန်လာတဲ့အခါမှာ..."
သူ၏ ကိုယ်ဘေးရှိ မိစ္ဆာချီများသည် ကြမ်းတမ်းစွာ လှုပ်ခတ်လာသည်။
"...ဒီမျိုးနွယ်စု တစ်ခုလုံးကို ပြာအဖြစ် ပြောင်းပစ်မယ်လို့”