← Chapters

အပိုင်း(၂၀၉)-အမိန့်အား အာခံသော ကလေး

Vol. 003 Ch. 209

အပိုင်း(၂၀၉)-အမိန့်အား အာခံသော ကလေး

Vol. 003 Ch. 209

တုလေး ငိုသည်ကို ဘေဂုံထန်သည် လက်မှိုင်ချကာ ရှီမာယူယူအား အကူအညီမဲ့စွာကြည့်ပြီး ပြောလိုက်သည် “သူ့ကို ငါတို့နဲ့ခေါ်လို့မရဘူးလား”

“အား မင်း… မင်းက သူနဲ့တွေ့ပြီးမှ ကိုယ်ဘာသာမဆုံးဖြတ်နိုင်တော့ဘူး” ရှီမာယူယူသည် ဘေဂုံထန်အား သဘောမတူစွာကြည့်ကာ ပြောလိုက်သည် “ဒါက ငါတို့နှစ်ယောက်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး၊ တခြားသူတွေနဲ့ တိုင်ပင်ရဦးမယ်”

ထိုကဲ့သို့ များပြားသော မသေချာမှုတွေပြည့်နေသည့် ဘဝထက် ဒီမှာ နေခြင်းသည် ပိုကောင်း သော ရွေးချယ်မှုပင်။

ဘေဂုံထန်သည် ဘေကျိရွှီနှင့် တခြားသူများကို ခေါ်လိုက်ကာ တုလေးအကြောင်းကို ရှင်းပြသည်။ သူတို့ သုံးယောက်သည်လည်း သဘောမတူကြပေ။

“ရှီမာမျိုးနွယ်ရှိတဲ့ အလယ်ပိုင်းဝူတိုင်းပြည်က ဘယ်လိုအခြေအနေရှိမှန်းငါတို့မသိရသေးဘူး၊ ကောင်းတယ်ဆို တော်သေးတယ်၊ ဒါပေမယ့် ပြိုင်ဘက်က ဆိုးတယ်ဆိုရင် သူငါတို့နောက်လိုက်တာက ပိုအန္တရာယ်ကြီးတယ်” ဝေကျိရွှီ ပြောလိုက်သည်။

“ငါလည်း အဲလိုပဲ သဘောတူတယ်” ဝူရန်ဖေ ပြောလိုက်သည်။

“ဒါပေမယ့် တုလေးက ဒီမှာ မနေချင်ဘူး၊ ငါတို့ သူ့ကို ဒီမှာ ထားခဲ့ရင်ပျော်မှာမဟုတ်ဘူး” ဖက်တီးကျူပြောလိုက်သည် “ငါတို့ အလယ်ပိုင်းဝူတိုင်းပြည်ကို ရောက်တာနဲ့ သူ့အတွက် သေချာပြင်ဆင်ပေးပြီးမှ အဘိုးနဲ့ ကျန်တဲ့သူတွေကို သွားကယ်မယ်လေ”

ရှီမာယူယူ ပြောလိုက်သည် “ဒါကလည်း ကောင်းတယ်လို့ငါမထင်ဘူး၊ ငါတို့လူတွေနဲ့တောင် များနေပြီ”

“အစ်ကိုတို့ အစ်မတို့ ကျွန်တော့်ကို ဂရုမစိုက်ကြပါနဲ့၊ အစ်ကိုတို့ ဖြေရှင်းနေချိန်မှာ အနီးမှာ ကျွန်တော်စောင့်နေမယ်၊ အစ်ကိုတို့ပြေးမယ်ဆိုရင် ကျွန်တော်လည်း ပြေးမယ်” တုလေး ပြောလိုက်သည်။

သူ ထိုကဲ့သို့ ပြောသည်ကို ကြည့်ပြီး ရှီမာယူယူနှင့် တခြားသူများသည် သူ့အား ဂရုမစိုက်ပဲ ဒီနေရာတွင် ပစ်ထားခဲ့ရမည်ကို စိတ်မကောင်းပေ။ အရေးအကြီးဆုံးအချက်မှာ ဘေဂုံထန်သည် သူ့အား လက်မလွှတ်နိုင်ပေ။

“ဟူး” ရှီမာယူယူ သက်ပြင်းချကာ ပြောလိုက်သည် “တုလေး ငါတို့အကုန်အသတ်ခံရရင် မင်းထပ်ပြီး အလေအလွင့်ဖြစ်သွားမှာပဲ”

“မဖြစ်ပါဘူး” တုလေးသည် လေးနက်စွာပြောလိုက်သည်။

“ဘာလို့လဲ” ဖက်တီးကျူမေးလိုက်သည်။

တုလေးသည် ဖက်တီးကျူအား ကြည့်ပြီးပြောလိုက်သည် “အစ်ကိုတို့သေရင် ကျွန်တော်လည်း သေမှာပဲ၊ အလေအလွင့်ဖြစ်စရာ မရှိဘူး”

သူတို့ စိတ်များ နာကျင်သွားသည်။ သူသည် သူတို့နဲ့အတူ သေသေရှင်ရှင်နေသွားဖို့ ဆုံးဖြတ်ပြီးပြီလား။

“မင်းအဲလိုဆုံးဖြတ်ပြီးမှတော့ ဖြစ်နိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “နေဝင်ရင် သူ့ကို အဲနေရာမှာ ထားခဲ့မယ်”

“ထိုနေရာ” ဆိုသည်ကို တုလေးသည် မသိသော်လည်း တခြားသူများ သိကြသည်။ ဝိညာဉ်စေတီကို ဆိုလိုခြင်းဖြစ်သည်။

သူတို့အစီအစဉ်အား အတည်ပြုပြီးနောက် လူစုခွဲကာ ထွက်သွားကြသည်။ ရှီမာယူယူနှင့် တုလေးသာ ကျန်ခဲ့သည်။

တုလေးအား ရှီမာယူယူ နှင်းခဲဆေးနှစ်လုံးကို ကျွေးလိုက်သည်။ ဆေးတစ်လုံနှင့်ပင် သူမသည် ဝိညာဉ်စွမ်းအင်ကို အသုံးပြုလို့ရသည်။ နောက်တစ်လုံးနှင့်ဆိုလျှင် သူမသည် ဝိညာဉ်စွမ်းအင်အား သူ့ခန္ဓာကိုယ်ထဲတွင် ထားခဲ့လေသည်။

ဒီအချိန်အတွင်း သူမ၏ စိတ်စွမ်းအား ပိုသန်မာလာသည်ကို သူမ သိလိုက်သည်။ သူမသည် သွေးကြောဆယ့်နှစ်ခုကို ဖွင့်ပြီးနောက် သွေးလွှတ်ကြောကိုဖွင့်ရန် ဆက်သွယ်ရာ တုလေးသည် ခံနိုင်ရည်ရှိနေသည်။

ကျန်သော သွေးကြောများမှာ အရင်တစ်ခုနှင့် တူသည်။ အသေပိတ်ခံထားရခြင်းဖြစ်သည်။ ထိုပိတ်နေသော အရာအား မသိရသော်လည်း သွေးကြောတစ်ခုချင်းစီတွင် ပိတ်နေရာ ခက်ခဲနေသည်။

သူမသည် ကြက်သွေးရောင်မီးတောက်အား ထိန်းချုပ်ခြင်းကို သိသောကြောင့် သွေးကြောများကို ဖွင့်ရာတွင် မြန်ဆန်ခဲ့သည်။ ကျန်နေသော သွေးကြောသုံးဖွင့်ပြီးသည်နှင့် နောက်ထပ်နှင်းခဲဆေးကို ဖြေရှင်းလေသည်။ တုလေး၏ ခန္ဓာကိုယ် အပူချိန်မှာ ကျသွားပြီး သူမသည် သူ့သွေးလွှတ်ကြောများထဲသို့ မီးတောက်အား သွင်းလိုက်သည်။

ထိုသွေးလွှတ်ကြောနှင့် သွေးကြောများသည် ကိုင်တွင်ရခက်သော်လည်း အညစ်အကြေးများနှင့် ပြည့်နေဆဲ  ဖြစ်သည်။ မူလအရာများကဲ့သို့ မခက်ခဲသောကြောင့် အနည်းငယ်ကြိုးစားရုံ နှင့်ပင် သူမ တစ်ခါတည်း သန့်စင်နိုင်လိုက်သည်။

သူမ တုလေး ခန္ဓာကိုယ်မှ မီးတောက်အား ပြန်သိမ်းလိုက်ရာ ပြီးခဲ့သည့်အခေါက်များကဲ့သို့ပင် လဲကျသွား  တော့သည်။ သို့သော် ရှီမာယူယူသည် အရင်ကကဲ့သို့ မပင်ပန်းတော့ပေ။

ဘေဂုံထန်ဝင်လာသည်။ ရှီမာယူယူ အဆင်ပြေနေသည်ကို ကြည့်ပြီး မေးလိုက်သည် “ပြီးသွားပြီလား”

ရှီမာယူယူ ခေါင်းညိတ်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည် “ငါလုပ်နိုင်သလောက်တော့ လုပ်ပြီးပြီ၊ နောက်ဆိုရင် ကျင့်ကြံဖို့ မင်းတို့သင်ပေးဖို့ တာဝန်ပေးရတာ့မှာပဲ ငါက ဆရာဖြစ်လောက်အောင် စိတ်မရှည်ဘူး”

ဘေဂုံထန်သည် မျက်လုံးလန်ကာ “စိတ်မရှည်ဘူး၊ ဒါဆို ငါနဲ့ ဝူရန်ဖေဆေးဖော်တာကို ဘယ်သူသင်ပေးတာလဲ”

“မင်းက မင်းဘာသာ သင်တာလေ” ရှီမာယူယူ ဆေးတစ်လုံးထုတ်ကာ စားလိုက်ပြီး ပြောလိုက်သည် “သူနိုးလာရင် ဝိညာဉ်ချီ စုပ်ယူနည်းကို သင်ပေးလိုက်၊ အရင်က သူဝိညာဉ်ချီကို အာရုံခံလို့ရတယ်၊ စုပ်ယူဖို့တော့ လွယ်မယ်ထင်တာပဲ”

“ကောင်းပြီ မင်းသွားနားတော့” ဘေဂုံထန်ပြောလိုက်သည်။

ရှီမာယူယူထွက်သွားပြီးနောက် သူမ တုလေးအားကြည့်လိုက်သည်။ သူမနှင့် တွေ့သည်မှာ သူကံကောင်းသည် သူမအတွက်လည်း ကံကောင်းသည်ဟု တွေးမိသည်။

ထိုအချိန်ကသာ သူမသည် အဆိပ်မိခြင်းကြောင့် တုလေးကဲ့သို့သွေးကြောများပိတ်နေခဲ့ပါက သူမသည် တစ်ဘဝလုံး အမှိုက်အဖြစ်သာနေသွားရမည်ဖြစ်သည်။

ထို့အပြင် တုလေးသည် သူမနှင့် မတွေ့ခဲ့ပါက အမြဲတမ်း အမှိုက်ဖြစ်သွားမည်ဖြစ်သည်။

ဘယ်လောက်တိုက်ဆိုင်လိုက်လဲ၊ ထိုသို့တွေးပြီးနောက် သူမနားရန် ထွက်သွားတော့သည်။

တုလေးသည် တစ်ရက်အိပ်ပြီးနောက် နိုးလာရာ မျက်လုံးဖွင့်သည့်အချိန်တွင် တစ်အိမ်လုံးဘယ်သူမှ မရှိသည်ကို မြင်ပြီးနောက် အိပ်ရာပေါ်မှဆင်းကာ အပြင်သို့ပြေးထွက်သွားပြီး အော်လိုက်သည် “အစ်ကိုတို့အစ်မတို့”

အနားတွင် ဆေးဖော်နေသော ဘေဂုံထန်သည် တစ်ခုခုဖြစ်သည်အထင်နှင့် တုန်လှုပ်သွားရသည်။ သူမ လက်ထဲမှ ဆေးအိုးအား ပြုတ်ကျမတတ်ဖြစ်သွားရသည်။

ဝေကျိရွှီသည် တံခါးဖွင့်ရာ တုလေးသည် ခြေဗလာဖြစ်သည်ကို တွေ့သည့်နောက် မေးလိုက်သည် “ဘာဖြစ်လို့လဲ တုလေး”

တုလေးသည် ဝေကျိရွှီအား မြင်မှပင် စိတ်အေးသွားရာ ရှက်သွားပြီး ပြောလိုက်သည် “အစ်ကိုတို့ ကျွန်တော့်ကို ပစ်ပြီးထွက်သွားပြီလို့ ထင်နေတာ”

ဝေကျိရွှီသည် တုလေး၏ ခေါင်းအားပုတ်ပြီး ပြုံးကာ ပြောလိုက်သည် “ငါတို့ မင်းနဲ့ ကတိပေးထားမှတော့ မင်းကို ပစ်မသွားပါဘူး”

“အင်း” တုလေး ခေါင်းညိတ်လိုက်သည်။

“အခုဘယ်လိုနေလဲ” ဝေကျိရွှီ မေးလိုက်သည် “မင်းကျင့်ကြံနိုင်ပြီလား”

“ကျွန်တော်လည်း မသိဘူး၊ နိုးလာလာချင်းပြေးလာတာပဲ” တုလေးသည် အိပ်ချင်မူးတူးဖြင့် ပြောလေသည်။

ခြေဗလာဖြစ်နေသော သူ့အား ဝေကျိရွှီ ကြည့်ကာ ပြုံးပြီး ပြောလိုက်သည် “ဒါဆို မင်းအခန်းသွားရအောင် မင်းကို ကျင့်ကြံနည်းကို သင်ပေးမယ်”

“ဟုတ်ကဲ့” တုလေးသည ပျော်ရွှင်စွာ ပြောလေသည်။

ဘေဂုံထန်သည် ဝေကျိရွှီ ပြောသည်ကို ကြားမှပင် စိတ်အေးသွားပြီး ဆေးအား ဆက်ဖော်နေတော့သည်။

သူတို့ိအိမ်ရောက်သည်နှင့် တုလေးသည် အိပ်ရာပေါ်တိုက်ရိုက်တက်သွားကာ ခြေထောက်ခွေပြီး ကျင့်ကြံတော့ သည်။ ထို့နောက်တွင် ဝေကျိရွှီသည် မျက်စိမှိတ်ရန်ပြောကာ ဝိညာဉ်ချီအား အာရုံခံခိုင်းလေသည်။ ဝိညာဉ်ချီတွင်ရှိသော မတူညီသော အရောင်များနှင့် အရည်အချင်းများကို ပြောပြလေသည်။

“အစ်ကိုကျိရွှီ ကျွန်တော်က အရင်ကတည်းက ဝိညာဉ်ချီကို အာရုံခံလို့ရတယ်” တုလေး ပြောလိုက်သည်။

“အရင်ကတည်းက အာရုံခံလို့ရတယ် ဟုတ်လား” ဝေကျိရွှီ အံ့သြစွာပြောလေသည်။

သူအာရုံခံလို့ရပြီး ကျင့်ကြံလို့မရတာလား။

“အင်း အစ်ကိုကြီးယူယူ ပထမဆုံးအကြိမ်သွေးကြောဖွင့်ပေးကတည်းက အာရုံခံလို့ရတာ” တုလေး ပြန်ဖြေ သည်။

“ဒါဆို မင်းဘယ်လို ဝိညာဉ်ချီကို အာရုံခံလို့ရတာလဲ” ဝေကျိရွှီသည် တုလေးခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ဝိညာဉ်သားရဲသွေးအားတွေးမိပြီး ထိုကဲ့သို့ဖြစ်သည်မှာ သဘာဝဟုတွေးလိုက်သည်။

“ကြည့်ရအောင်” တုလေးသည် ပြောပြီးနောက် မျက်စိမှိတ်လိုက်ပြီး မျက်လုံးပြန်ဖွင့်ကာ ပြောလိုက်သည် “ရေ၊ ရေခဲ အင်း ကျွန်တော်မသိတဲ့ တစ်ခုရှိသေးတယ်”

“ဘာအရောင်လဲ” ဝေကျိရွှီ မေးလိုက်သည်။

“အဖြူရောင်” တုလေး ပြောလိုက်သည် “ဒါပေမယ့် တကယ့်ကို နည်းနည်းလေး”

အဖြူရောင် ဟုတ်လား။

ဝေကျိရွှီသည် အရင်က အဖြူရောင်ဝိညာဉ်စွမ်းအင်ကို မတွေ့ဖူးပေ။ သူ့ခေါင်းထဲတွင် ဝိညာဉ်ချီ အမျိုးအစားများကို ပုံဖော်ကြည့်မိသည်။ ဖန်ကျိရှင်း ပြောခဲ့သော တွေ့ရခဲသော ရေခဲ၊ အလင်းနဲ့ လေ၊ အလင်းနှင့် အမှောင်စွမ်း အင်များအကြောင်းကိုတွေးလိုက်သည်။ ထို့အပြင် ထိုအလင်းဒြပ်စင်သည် အဖြူရောင် အလင်းတန်း များဖြစ်ကြသည်။

တုလေးတွင် ရေခဲအရည်အချင်းအပြင် တခြားရှားပါးသော အလင်းအရည်အချင်းရှိလိမ့်မည်ဟု သူ ထင်မထားပေ။ ဝိညာဉ်သခင် တစ်သိန်းတွင်ပင် ထိုအရည်အချင်းရှိသူ တစ်ယောက်ရှိရန် မဖြစ်နိုင်ပေ။

All Chapters