← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 36 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 36 Ch. 361-362

အခန်း။ ၃၆၁

ရှန်းယွီသည် သူ၏ ဒန်တျန်အတွင်းရှိ ချီစွမ်းအင်များ ဆူပွက်လာပြီး ယခင်ကမကြုံဖူးသော ဖိအားများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ကျင့်စဉ်အဆင့်တက်လှမ်းမှုမှာ အဆုံးစွန်သောအမှတ်သို့ ရောက်ရှိသွားချိန်တွင် ဝုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲသွားပြီး ဒန်တျန်အတွင်း စုစည်းထားသမျှ ချီစွမ်းအင်များအားလုံး လွင့်စင်သွားတော့သည်။ လီယောင်းကဲ့သို့ပင် သူ၏ ဝိညာဉ်အမြုတေမှာလည်း တွင်းနက်တစ်ခုအသွင် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူလေတော့သည်။ သို့သော် လီယောင်းနှင့် နှိုင်းယှဉ်ပါက စုပ်ယူမှုနှုန်းမှာ အနည်းငယ်မျှသာ ရှိသည်။

သူ၏ ဝိညာဉ်အမြုတေမှာ ဆာလောင်မွတ်သိပ်နေသော်လည်း ယခုအခါ မသေမျိုးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝိညာဉ်ကြောမှ ထုတ်လွှတ်ပေးနေသည့် ချီစွမ်းအင်ပမာဏနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ချေ။

ဝိညာဉ်ကြောသည် အဆင့်မြင့်တက်သွားပြီးနောက် မသေမျိုးချီများကို ထုတ်လွှတ်ပေးနေသော်လည်း သာမန်ချီစွမ်းအင်များကိုလည်း ထုတ်ပေးနေဆဲပင်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက ရှန်းယွီအတွက် အခက်တွေ့နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်အမြုတေမှာ လီယောင်းကဲ့သို့ မသေမျိုးချီကို တိုက်ရိုက် သန့်စင်နိုင်စွမ်း မရှိသေးသောကြောင့်ပင်။

သူ၏ ဝိညာဉ်အမြုတေမှာ နာရီဝက်ကျော်ကြာအောင် စွမ်းအင်များကို စုပ်ယူပြီးနောက်တွင်မှ ရပ်တန့်သွားတော့သည်။ ရှန်းယွီသည် ကျန်ရှိနေသော စွမ်းအင်များကို နှင်ထုတ်ရန် လေကို ခပပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် သူ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

[အမြုတေဖွဲ့စည်းခြင်း): အဆင့် ၁၀ (50,000/1,000,000)]

ဤခဏအတွင်းမှာပင် သူသည် အဆင့်ငယ် ၅ ဆင့်အထိ ကျော်ဖြတ်ကာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ပါရမီရှင်များ၏ အဆင့်အတန်းသို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်သည်။ နတ်ဘုရားအဆင့် ဝိညာဉ်အမြုတေမှာပင် အလွန်အစွမ်းထက်သည်ဟု ထင်ခဲ့ရသော်လည်း ဤကောင်းကင်ဘုံအဆင့်မှာမူ လုံးဝ ခြားနားလှသည်။ နောင်တွင် မသေမျိုးအဆင့်နှင့် နတ်ဘုရားအဆင့်တို့သို့ ရောက်ရှိပါက ဘယ်လောက်အထိ အစွမ်းထက်လာမလဲ ဟု သူ တွေးတောနေမိသည်။

ငါ့ရဲ့ အစွမ်းက ဒီထက်မက ဘယ်လောက်အထိ မြင့်မားနိုင်ဦးမှာလဲ။ ငါ မြင်နေရတဲ့ ကောင်းကင်ထက်မှာ တခြား ကောင်းကင်ဘုံတွေ ရှိနေဦးမှာလား။

ထို့နောက် သူသည် အမြုတေဖွဲ့စည်းခြင်း ၁၀ ဆင့်မြောက်အတွက် လိုအပ်သော အတွေ့အကြုံရမှတ်များကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ထိုရမှတ်မှာ မြင့်မားလွန်း၍ သက်ပြင်းချခြင်း မဟုတ်ပေ။ လုံးဝ ဆန့်ကျင်ဘက်ပင်။ သူ၏ ကောင်းကင်ဘုံအဆင့် ဝိညာဉ်အမြုတေမှ ခံစားရသော စွမ်းအားအရ ဤပမာဏမှာ ဘာမှမဟုတ်တော့ချေ။ လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ရမှတ်ပေါင်း ထောင်ချီ၍ ရရှိနေခဲ့ပြီ ဖြစ်သည်။

ပြဿနာမှာ အတိုင်းအတာဖြစ်သည်။

လက်ရှိအဆင့်တွင် အတွေ့အကြုံရမှတ်တစ်သန်းအထိ လိုအပ်နေခြင်းမှာ နောက်ထပ် ရွှေရောင်အမြုတေအဆင့်သို့ ရောက်ရှိသည့်အခါ ပထမအဆင့်မှာပင် တစ်သန်းတစ်သိန်းခန့် စတင်လိုအပ်လာမည်ဖြစ်ပြီး ဒသမအဆင့်တွင် ဆယ်သန်းအထိ မြင့်တက်လာနိုင်ကြောင်း သူ ခန့်မှန်းမိသည်။ အဆင့်တက်ရန် လိုအပ်ချက်များမှာ အရှိန်အဟုန်ပြင်းစွာ မြင့်တက်နေပြီး သူ၏ ဝိညာဉ်အမြုတေ အဆင့်မြှင့်တင်မှုမှာလည်း ထိုအရှိန်ကို မမီတော့ဘဲ နှေးကွေးသွားနိုင်သည်ဟု သူ ခံစားလိုက်ရသည်။

ယခုကဲ့သို့ပင် ဝိညာဉ်အမြုတေကို မသေမျိုးအဆင့်သို့ မြှင့်တင်ရန် မည်မျှကြာမြင့်မည်ကို သူ မသိရှိသကဲ့သို့ ထိုမှတစ်ဆင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ အတွေ့အကြုံလိုအပ်ချက်များ တိုးပွားလာသည်နှင့်အမျှ ပိုမိုကြာမြင့်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အခြားနည်းလမ်းတစ်ခုကို ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။ သူ၏ ဦးနှောက်ထဲတွင် အကြံဉာဏ်အချို့ စတင်ပုံဖော်နေပြီဖြစ်ရာ နောက်မှသာ အသေအချာ ပြန်လည်စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

အတွေ့အကြုံရမှတ် တစ်သန်း လိုအပ်ချက်ကို ပြန်လည်ကြည့်ရှုရင်း ဤပမာဏမှာ သာမန် အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ခုအတွက် လိုအပ်ချက်ထက် ဆယ်ဆမက ပိုမိုများပြားနေမည်ဟု သူ ယူဆလိုက်သည်။

သူ၏ စနစ်မှာ အမြဲတမ်း အထွတ်အထိပ် ကန့်သတ်ချက်များကိုသာ ဦးတည်လေ့ရှိသောကြောင့် သူ၏ အမြုတေကို အကြွင်းမဲ့အမြုတေဟု အမည်ပေးရန် သူ တွေးလိုက်သည်။

စနစ်က သူ့ကို စိတ်ပျက်စေမှာမဟုတ်ဘူးဟု သူ မျှော်လင့်မိသည်။

ပြန်လည်စတင်ခြင်းမျက်နှာပြင်သို့ ကူးပြောင်းကြည့်ရှုလိုက်ရာ ရှန်းယွီသည် ခန္ဓာကိုယ်ကျင့်စဉ်၏ အတွေ့အကြုံရမှတ်များကို ကြည့်ပြီး ခေါင်းညိတ်လိုက်မိသည်။

တိုက်ပွဲဝင်ခဲ့ရခြင်းမှာ အလဟဿ မဖြစ်ခဲ့ပေ။ သူ၏ မြင့်မားသော ခန္ဓာကိုယ်ကျင့်စဉ်အဆင့်ဖြင့် တစ်ရက်တည်းတွင် အတွေ့အကြုံရမှတ် တစ်သောင်း ရရှိခဲ့ခြင်းမှာ အမှတ်ရဖွယ်ပင် ဖြစ်သည်။ ရမှတ်များ နှစ်ဆတိုးသွားပြီးနောက် ယခုအခါ သူသည် ခန္ဓာကိုယ်ကျင့်စဉ် ၃၁ ဆင့် သို့ ရောက်ရှိသွားပြီဖြစ်သည်။

အသစ်ရရှိထားသော စနစ်တကျရှိမှုနယ်ပယ်ကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့်၏ အစောပိုင်းကာလသို့ ရောက်ရှိနိုင်မလားဟု သူ သိချင်နေမိသည်။ အဖြေမှာမူ မဖြစ်နိုင်သေးဟုသာ ထင်ရသော်လည်း သူ၏ အနေအထားအတိအကျကို သိရှိနိုင်ရန် နောက်ပိုင်းတွင် ကျင့်စဉ်အတုယူခြင်းမှတစ်ဆင့် စမ်းသပ်ကြည့်ရန် သူ ဆုံးဖြတ်လိုက်တော့သည်။

ရှန်းယွီသည် သူ၏ အတွင်းပိုင်းအခြေအနေများကို ဆက်လက်စစ်ဆေးကြည့်ရာ စစ်နတ်ဘုရားခန္ဓာနှင့် ဝိညာဉ်မီးလျှံတို့မှလွဲ၍ ကျန်အရာများမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။ စစ်နတ်ဘုရားခန္ဓာကိုယါသည် တစ်ဝက်ကျော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်တစ်ကြိမ် ပြန်လည်စတင်ခြင်းတွင် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ ဤသည်မှာ ပြီးခဲ့သော တိုက်ပွဲကြောင့်ဖြစ်မည်ဟု ရှန်းယွီ ခန့်မှန်းမိသည်။ အမည်နှင့်လိုက်ဖက်စွာပင် စစ်နတ်ဘုရားခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းမှာ တိုက်ပွဲဝင်ခြင်းပင်။

တိုက်ပွဲအတုယူစနစ်များတွင် ခန္ဓာကိုယ်အခြေအနေမှာ အမြဲတမ်း ပြန်လည်စတင်သွားလေ့ရှိသဖြင့် အတွေ့အကြုံရရှိရန် ခက်ခဲနေခြင်းမှာ နှမြောစရာပင်။

ရှန်းယွီသည် တိုက်ပွဲအတုယူစနစ်၏ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ပါက ဤအခြေအနေကို ပြောင်းလဲနိုင်မလားဟု တွေးတောနေမိသည်။

သို့သော် ဖြစ်နိုင်ခြေက အရမ်းနည်းလွန်းသည်။ အမှန်တကယ်တော့ ၎င်းမှာ ချို့ယွင်းချက်တစ်ခုထက် လုပ်ဆောင်ချက်တစ်ခုနှင့် ပိုတူနေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက အတုယူစနစ်အတွင်း ရရှိသော ဒဏ်ရာများသည် လက်ရှိကမ္ဘာတွင်ပါ ကျန်ရှိနေမည် မဟုတ်ပေ။ အကယ်၍ သူသာ အတုယူစနစ်အတွင်း သေဆုံးသွားခဲ့လျှင် ဘာဆက်ဖြစ်မလဲ သူ အသေအချာတော့ မပြောနိုင်သေးချေ။ နောက်တစ်ကြိမ် အဆင့်မြှင့်တင်ခွင့် ရရှိသည့်အခါ စမ်းသပ်ကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။

ပေါင်းစပ်ခြင်းလုပ်ဆောင်ချက်မှာ ကောင်းမွန်သော်လည်း သူ အမှန်တကယ် လိုချင်သောအရာကို ပေးစွမ်းနိုင်ပုံမရပေ။ ထို့ပြင် သွေးမျိုးဆက်များကို ပေါင်းစပ်ရာတွင် ပေါင်းစပ်ခြင်းလုပ်ဆောင်ချက်၏ ကိုက်ညီမှုရှိရန် လိုအပ်ချက်ကို ဖယ်ရှားစရာမလိုဘဲ အသုံးပြုနိုင်မည့် သီအိုရီအသစ်တစ်ခုကိုလည်း သူ စဉ်းစားမိထားသည်။

တိုက်ပွဲအတုယူစနစ်ကို အဆင့်မြှင့်တင်လိုသည့် အခြားအကြောင်းရင်းတစ်ခုမှာ ၎င်း၏ အာရုံခံနိုင်စွမ်း အကွာအဝေးမှာ သေးငယ်လွန်းနေခြင်းကြောင့်ပင်။ သူသည် ရန်သူ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ မရောက်ရှိမီကတည်းက ရန်သူကို ကြိုတင်အာရုံခံနိုင်လိုခြင်းပင်။

၎င်းကို သူ၏ ကိုယ်ပွားများမှတစ်ဆင့် အသုံးပြုနိုင်လျှင် ပို၍ပင် ကောင်းမွန်မည် ဖြစ်

သော်လည်း စနစ်၏ လုပ်ဆောင်ချက်အားလုံးမှာ သူ၏ ပင်မခန္ဓာကိုယ်အတွင်း၌သာ အလုပ်လုပ်လိုပုံရသဖြင့် ထိုသို့ဖြစ်လာရန် သူ သိပ်ပြီး မမျှော်လင့်ထားပေ။

ဝိညာဉ်မီးလျှံမှာလည်း တစ်ဝက်ကျော်အဆင့်သို့ ရောက်ရှိနေပြီး နောက်တစ်ကြိမ်တွင် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းတော့မည်ဖြစ်သည်။ ရှန်းယွီသည် ဤအရာကို အထူးတလည် စိတ်ဝင်စားခြင်းမရှိသော်လည်း "ဒါက ငါ့ရဲ့ ဟင်းလင်းပြင်နယ်ပယ်အတွက်တော့ အသုံးဝင်မှာပါ" ဟု သူ တွေးလိုက်သည်။

ဟင်းလင်းပြင်နယ်ပယ်သည်လည်း ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ၎င်း၏ အစွမ်းမှာ သိသိသာသာ တိုးတက်လာပြီး အဆင့်မြင့် ပြုပြင်မွမ်းမံမှုအချို့ကိုလည်း ရရှိထားသည်။

ဤစွမ်းရည်များကို ကြည့်ရှုရင်း ရှန်းယွီသည် အချိန်အတော်ကြာ သိချင်နေခဲ့သော အချက်

တစ်ခုကို သတိရသွားသည်။ ၎င်းမှာ နတ်ဘုရားအဆင့်ထက် မြင့်မားသော နည်းဗျူဟာများ ရှိသလားဆိုသည့် အချက်ဖြစ်သည်။ ဧကရီ၏ အဆိုအရ နတ်ဘုရားအဆင့်ထက် မြင့်သော နည်းဗျူဟာများ မရှိသကဲ့သို့ ရှိရန်လည်း အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်သို့ ရောက်ရှိလာသူများသည် နယ်ပယ်နှင့် နောင်တွင် နိယာမများဖြင့်သာ တိုက်ခိုက်ကြတော့သဖြင့် သာမန်စွမ်းရည်များမှာ အဓိပ္ပာယ်မဲ့သွားသောကြောင့်ပင်။

သို့သော်လည်း ကျမ်းစာများမှာမူ ကောင်းကင်ဘုံအဆင့်၊ မသေမျိုးအဆင့်နှင့် နတ်ဘုရားအဆင့်ဟူ၍ အဆင့်အတန်းအမျိုးမျိုး ရှိနေဆဲပင်။

နယ်ပယ်များအကြောင်း စဉ်းစားရာတွင်မူ ရှန်းယွီ ဘာတွေးရမှန်း မသိတော့ချေ။ အဆိုပါ နယ်ပယ်များသည် သူ၏ စနစ်တွင် ပေါ်နေသော်လည်း အတွေ့အကြုံရမှတ်များ ပြသခြင်းမရှိသဖြင့် နှစ်ဆတိုးပွားခြင်းအတွင်း အဆင့်တက်ခြင်း မရှိပေ။

နယ်ပယ်တွေဆိုတာက ယေဘုယျအားဖြင့် အဆင့်တက်လေ့မရှိတာလား။ ဒါမှမဟုတ်... အဲဒီနယ်ပယ်တွေကို ဘယ်လိုမျိုး အဆင့်မြှင့်တင်ရမလဲဆိုတာကိုပဲ ငါ မသိသေးတာလား။ ငါ့ရဲ့ လက်ရှိ အစွမ်းက အထွတ်အထိပ်ကို ရောက်နေပြီလို့ ထင်ရပေမဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေဦးမှာပဲ။

အခန်း။ ၃၆၂

ရှန်းယွီသည် သူ၏ အခြေအနေပြမျက်နှာပြင်ပေါ်ရှိ နယ်ပယ်များကို စေ့စေ့ကြည့်ရင်း အတွေးနက်နေမိသည်။

[အထူးကဏ္ဍ - ဟင်းလင်းပြင် (ကမ္ဘာအဆင့်)၊ အာကာသ (နယ်ပယ်အဆင့်)၊ အချိန် (နယ်ပယ်အဆင့်)၊ ရှုပ်ထွေးမှု (နယ်ပယ်အဆင့်)၊ ယင်ယန် (နယ်ပယ်အဆင့်)၊ စနစ်တကျရှိမှု (နယ်ပယ်အဆင့်)၊ ကံကြမ္မာ (နယ်ပယ်အဆင့်)၊ ကံကံ၏အကျိုး (နယ်ပယ်အဆင့်)၊ ဒြပ်စင်အားလုံး (နယ်ပယ်အဆင့်)]

သူ၏ ဟင်းလင်းပြင်မှာ အခြားနယ်ပယ်များကဲ့သို့ နယ်ပယ်အဆင့်မဟုတ်ဘဲ ကမ္ဘာအဆင့်ဖြစ်နေခြင်းကို ကြည့်ခြင်းဖြင့် ဤစွမ်းအားများသည် အဆင့်တက်၍မရနိုင်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း သူ အသေအချာ သိလိုက်သည်။

သူ အသုံးပြုသည့်အခါတိုင်းလည်း ဟင်းလင်းပြင်မှာ အခြားအရာများထက် ပိုမိုအစွမ်းထက်နေသည်ဟု အမြဲခံစားရသည်။ ၎င်းမှာ ဟင်းလင်းပြင်သဘောတရားက အခြားအရာများထက် သဘာဝအရ သာလွန်နေ၍တော့ မဟုတ်တန်ရာ အကယ်၍ ထိုသို့သာဆိုလျှင် ဟင်းလင်းပြင်ကို လေ့လာသူတိုင်းမှာ အမြဲတမ်း အင်အားအကြီးဆုံး ဖြစ်နေကြမည်ပင်။

သူ၏ မီးနယ်ပယ်မှာ ဟင်းလင်းပြင်နှင့် ယှဉ်လျှင် အားနည်းနေခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ချေ။ ၎င်းမှာ ဟင်းလင်းပြင်က ပိုမိုမြင့်မြတ်၍ မဟုတ်ဘဲ သူ၏ ဟင်းလင်းပြင်နားလည်မှုမှာ ကမ္ဘာအဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။ ဤအဆင့်ခွဲခြားမှုများအကြောင်း ဧကရီကို မေးမြန်းကြည့်သော်လည်း သူမကမူ အဆင့်အတန်းခွဲခြားမှုထက် နားလည်သဘောပေါက်မှုကသာ အရေးကြီးကြောင်း ပြောဆိုပြီး ရှင်းလင်းစွာ မသိရှိပုံရပေ။

ရှေးယခင်က နယ်ပယ်များ၏ နားလည်မှုအတိုင်းအတာကို တိုင်းတာသည့် စံနှုန်းများ ရှိခဲ့ဖူးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပုံပင်။ သို့သော် သူ၏ စနစ်မှာမူ ထိုတိုင်းတာချက်များ ရှိနေဆဲပင်။

ထျန်းလင်း၏ အချိန်နယ်ပယ်မှာ ဧကရီသာ ဝင်ရောက်မတားဆီးပါက သူ၏ ဟင်းလင်းပြင်နယ်ပယ်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် ပြင်းထန်ခဲ့သည်ကို သတိရရင်း ကမ္ဘာအဆင့်ထက် မြင့်မားသော အဆင့်တစ်ခု ရှိဦးမည်ဟု သူ ခန့်မှန်းမိသည်။ ဧကရီ၏ အဆိုအရ ထိုအဆင့်ကို ကျော်လွန်သွားပါက နိယာမအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

သို့သော်လည်း အဆင့်ခွဲခြားမှုများကို သူ သိရှိသွားပြီ ဖြစ်သော်လည်း အတွေ့အကြုံရမှတ်များ အဘယ်ကြောင့် မတိုးပွါးလာတာလဲဟူသော အချက်ကိုမူ သူ နားမလည်နိုင်သေးချေ။

ခဏအကြာတွင်မှ သူသည် ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားတော့သည်။

၎င်းမှာ သူသည် ထိုနယ်ပယ်များကို အသုံးသာပြုနေပြီး နက်နက်ရှိုင်းရှိုင်း လေ့လာခြင်း မရှိသောကြောင့်ပင်။ နယ်ပယ်တစ်ခု တိုးတက်လာရန်အတွက် နက်ရှိုင်းသော နားလည်မှု လိုအပ်သည်။ သူ၏ နယ်ပယ်များတွင် အတွေ့အကြုံရမှတ်များ ရရှိလာစေရန်အတွက် ၎င်းတို့၏ အခြေခံသဘောတရားများကို စနစ်တကျ လေ့လာဆန်းစစ်ရန် လိုအပ်နေခြင်းပင်။ ထိုသို့မှ မဟုတ်လျှင် သူသည် တစ်သက်လုံး နယ်ပယ်အတွေ့အကြုံများကို ရရှိနိုင်တော့မည် မဟုတ်ပေ။

ရှန်းယွီသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ နတ်ဘုရားအဆင့်ရှိသော သူ၏ ဉာဏ်အလင်းပွင့်မှုနှင့်ဆိုလျှင် နယ်ပယ်များအကြောင်းကို အသေအချာ သုတေသနပြုရန်မှာ ထင်သလောက် ခက်ခဲမည်မဟုတ်ဟု သူ ယူဆထားသည်။

သူ၏ လက်ဝါးသိုင်းကဲ့သို့ပင် အခြားသော လက်နက်ပညာရပ်များမှာလည်း ဒုတိယအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။ ထိုသို့ အဆင့်တက်သွားခြင်းကြောင့် လက်နက်များနှင့် သူ၏ကြားတွင် ပိုမိုနီးစပ်သော ဆက်နွှယ်မှုမျိုးကို ခံစားလာရသည်။ သူ၏ စစ်နတ်ဘုရားခန္ဓာတွင် လက်နက်မျိုးစုံကို အသုံးပြုရသလို ဟင်းလင်းပြင် ပိုးချည်မျှင်မှာလည်း တိုက်ပွဲအတွင်း လက်နက်အမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိရာ ဤတိုးတက်မှုမှာ သူ၏အတွက် အလွန်ပင် အားရကျေနပ်စရာကောင်းလှသည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ အင်္ကျီလက်အောက်မှ ဓားမြှောင်တစ်စင်း ထွက်ပေါ်လာပြီး ပြန်လည်သိမ်းဆည်းရန် တွေးလိုက်သည်နှင့် တစ်ပြိုင်နက် အဝတ်အစားအတွင်းသို့ ပြန်လည်ပျောက်ကွယ်သွားသည်။ ယခုအခါ သူ၏ ဝတ်စုံမှာ ယခင်ကကဲ့သို့ ခန္ဓာကိုယ်တွင် ကပ်နေသော ဝတ်စုံမျိုး မဟုတ်တော့ဘဲ ပိုးချည်မျှင်ကို သူ၏ ပုံမှန်အဝတ်အစားများအဖြစ် ပြောင်းလဲထားခြင်းပင်။ ခန္ဓာကိုယ်ကပ်ဝတ်စုံမှာ တိုက်ခိုက်ရန် ပိုမိုလွယ်ကူသော်လည်း ထိုဝတ်စုံကို ဝတ်ထားသည့်အခါ ဂျူနီယာညီမလေးက သူ့ကို အခွင့်ကောင်းယူလွန်းလှသဖြင့် ယခုကဲ့သို့ ပုံမှန်အဝတ်အစားသို့ ပြောင်းလဲဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ထိုသို့ တွေးတောနေစဉ်မှာပင် သူ၏ အဝတ်အစားများမှာ ခေတ်မီဝတ်စုံတစ်စုံအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

သူသည် သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုရင်း ယနေ့တွင် သူ အမှန်တကယ်ပင် လက်ထပ်တော့မည်ဖြစ်ကြောင်း သတိရမိသည်။ လွန်ခဲ့သော နှစ်လခန့်ကပင် သူသည် ဤဝတ်စုံကို ဝတ်ဆင်ကာ အလုပ်သို့ နေ့စဉ်သွားခဲ့ရခြင်းပင်။ ရိုးရာဝတ်စုံများကို အချိန်အတော်ကြာ ဝတ်ဆင်ခဲ့ပြီးနောက် ဤခေတ်မီဝတ်စုံကို ပြန်လည်မြင်တွေ့ရသည်မှာ တစ်မျိုးလေး လှပနေသည်ဟု သူ ခံစားရသည်။ မင်္ဂလာပွဲကို ခေတ်မီပုံစံမျိုး ကျင်းပရလျှင် ကောင်းမလားဟု သူ တွေးနေမိသည်။ ဧည့်သည်များအတွက်လည်း ဝတ်စုံများ ပြုလုပ်ပေးကာ အပိုဝင်ငွေရရန်အတွက် ထိုဝတ်စုံများကိုပင် ပြန်လည်ရောင်းချနိုင်ပေလိမ့်မည်။

သို့သော် သူ ခေါင်းခါယမ်းလိုက်ပြီး ပုံမှန်အဝတ်အစားသို့ ပြန်လည်ပြောင်းလဲလိုက်သည်။ ထိုသို့လုပ်ဆောင်ရန် မထိုက်တန်ဘူးဟု သူ ယူဆလိုက်ခြင်း ဖြစ်သည်။

ငါအခု အရမ်း ချမ်းသာကြွယ်ဝနေပြီပဲ။ ဒီတော့ ဧည့်သည်တွေက ငါ့ကို အပိုဆောင်းပြီး ဘာများ ပေးနိုင်ဦးမှာလဲ။ ရွှေငွေရတနာတွေဆိုတာ ငါ့အတွက်တော့ လမ်းဘေးက ကျောက်ခဲတွေလိုပဲ။ ဒါပေမဲ့... ဒီလိုပွဲမျိုးမှာ သူတို့ ပေးနိုင်တာက မျက်နှာသာပေးမှုတွေပဲ။

...

သူ၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာမျက်နှာပြင်သို့ ကူးပြောင်းကြည့်ရှုလိုက်ရာ ချက်ပြုတ်ခြင်းကဏ္ဍတွင် အတွေ့အကြုံရမှတ် တစ်မှတ်တိုးလာသည်ကို မြင်လိုက်ရသဖြင့် ရှန်းယွီမှာ လဲကျမတတ် ဖြစ်သွားရသည်။ ဤပမာဏမှာ အလွန်ပင် နည်းပါးလွန်းလှသည်။ သူသည် တစ်နေ့လုံး နတ်ဘုရားအဆင့်အစားအစာများကို အဆက်မပြတ် ဖန်တီးနေခဲ့သော်လည်း မသေမျိုးအဆင့်အတွက် အတွေ့အကြုံရမှတ် တစ်မှတ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

လောကကြီးက ငါ့ကို တကယ်ပဲ ဆန့်ကျင်နေတာလား။

သို့သော် ပြန်လည်ဆင်ခြင်ကြည့်သည့်အခါ ဤသည်မှာ အဓိပ္ပာယ်ရှိလှသည်။

မသေမျိုးအဆင့်ဆိုသည်မှာ နတ်ဘုရားအဆင့်နှင့် နှိုင်းယှဉ်ပါက လုံးဝ ခြားနားသော ဖြစ်

တည်မှု နယ်ပယ်အသစ်တစ်ခုပင်။

ရှန်းယွီသည် သူ၏ စွမ်းအားများ လျော့နည်းသွားသလို ခံစားနေရသော်လည်း မကြာမီမှာပင် မျက်နှာပြန်ပွင့်သွားသည်။ သူသည် ဝိညာဉ်ကြောကို မသေမျိုးအဆင့်သို့ အဆင့်မြှင့်တင်ပြီးဖြစ်ရာ မသေမျိုးအဆင့် အစားအစာများ ထုတ်လုပ်နိုင်မည့် နည်းလမ်းကိုလည်း စတင်ကြိုးပမ်းနေပြီ ဖြစ်သည်။ မကြာမီ သူ၏ ပုံမှန် အတွေ့အကြုံရမှတ် တိုးနှုန်းကို ပြန်လည်ရရှိတော့မည်ဟု သူ ယုံကြည်နေသည်။

ကျန်ရှိသော အတတ်ပညာများမှာလည်း ကောင်းမွန်စွာ တိုးတက်နေပြီး အများစုမှာ မသေမျိုးနယ်ပယ်သို့ ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်သည်။ ပစ္စည်းကိရိယာ အလုံအလောက်မရှိသဖြင့် ပန်းပဲအတတ်နှင့် ဆေးဖော်စပ်ခြင်းတို့ကို သူ သိပ်မမျှော်လင့်သော်လည်း အဆောင်ရေးထိုးခြင်းနှင့် အစီအရင်ဖန်တီးခြင်းတို့အတွက်မူ သူ အလွန်စိတ်လှုပ်ရှားနေမိသည်။

မသေမျိုးအဆင့် ခံစစ်အစီအရင်တစ်ခုကို တည်ဆောက်ပြီး အေးအေးဆေးဆေး အနားယူနိုင်မည့် အချိန်ကို သူ မစောင့်နိုင်တော့ပေ။ ထိုသို့သော အစီအရင်မျိုးရှိလျှင် မသေမျိုးတစ်ဦး ကိုယ်တိုင်လာရောက်လျှင်ပင် သူ၏ အစီအစဉ်များ မပျက်စီးစေဘဲ အင်အားစုဆောင်းရန် အချိန်ရနိုင်မည်ဖြစ်သည်။

သူ့ကို လှုပ်ရှားအောင် ဖိအားပေးနိုင်မည့် တစ်ခုတည်းသောအရာမှာ ကမ္ဘာကြီးတစ်ခုလုံး အန္တရာယ်ကြုံတွေ့ရချိန်မျိုးသာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုသို့ဖြစ်လာလျှင်လည်း လီယောင်းအတွက် ကောင်းကင်ဘုံမှ ကုသိုလ်အမှတ်များ ပိုမိုရရှိရန် အခွင့်အရေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။

"ဟဲဟဲ... ကိုယ့်ဇနီးကို ဂရုစိုက်တာက ခင်ပွန်းကောင်းတစ်ယောက်ရဲ့ လက္ခဏာပဲ"

သူ ပြုံးရင်း တွေးလိုက်မိသည်။

ထိုသို့တွေးရင်း သူ၏ ကိုယ်ပွားသုံးဦးက မသေမျိုးအစားအစာ ချက်ပြုတ်ရန် ကြိုးစားနေသည်ကို လှမ်းကြည့်လိုက်သည်။

"ဇနီးဖြစ်သူကို အဟာရပြည့်ဝအောင် ကျွေးမွေးတာကလည်း ကြင်နာတတ်တဲ့ ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ပဲ။ သူ အစားနည်းနည်း ပိုစားမိသွားရင်လည်း စိတ်ဆိုးမှာ မဟုတ်ပါဘူးနော်"

ရှန်းယွီ တွေးလိုက်ရာ သူ၏ အမူအရာမှာ အနည်းငယ် ယုတ်မာသလို ဖြစ်သွားသည်။

ဂျူနီယာညီမလေးမှာ နတ်ဘုရားအဆင့် ဝိညာဉ်အမြုတေရှိသဖြင့် ယခုပင် ပေါင်းစပ်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက်တက်လှမ်းနိုင်လောက်အောင် ချီစွမ်းအင်များ စုဆောင်းမိနေပြီ ဖြစ်သည်။ သို့သော် သူမသည် မင်္ဂလာပွဲပြီးမှသာ အဆင့်တက်ရန် ထိန်းထားခြင်းပင်။

သူ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။ အကယ်၍ သူမ အဆင့်တက်ခဲ့လျှင် သူမအတွက် လက်ဆောင်တစ်ခု အဆင်သင့်ရှိနေမည်ဖြစ်သည်။ အကယ်၍ သူသာ မသေမျိုးအစားအစာ ဖန်တီးရန် အောင်မြင်ခဲ့ပါက မကြာမီတွင် မသေမျိုးတစ်ဦးကို သူ ကိုယ်တိုင် ဖန်တီးပေးနိုင်တော့မည်ပင်။

သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိသဖြင့် သူ ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်လိုက်သည်။

"အင်း... ငါလည်း ထူးထူးဆန်းဆန်း အလေ့အကျင့်တွေ ရနေပြီပဲ"

ကျန်ရှိသော အတတ်ပညာများထဲမှ ဆေးပညာနှင့် ဝိညာဉ်စိုက်ပျိုးရေးအတတ်တို့မှာလည်း တစ်နေ့တာအတွင်း အဆင့်တက်ခဲ့ပြီး တစ်ဝက်နီးပါးခန့် ရောက်ရှိနေပြီ ဖြစ်ရာ နောက်တစ်ကြိမ်တွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။

အဆင့်မြင့် ဆေးဖက်ဝင်အပင်များ ဖန်တီးရန် သုတေသနမှာ မပြီးဆုံးသေးသော်လည်း သူ၏ နတ်ဘုရားအဆင့် စိုက်ပျိုးရေးပညာနှင့် ပထမအဆင့် သုတေသနပညာရှင်အတတ်တို့ ပေါင်းစပ်လိုက်လျှင် မကြာမီ ရလဒ်ကောင်းများ မြင်တွေ့ရတော့မည် ဖြစ်သည်။

All Chapters