အခန်း (၃၆၃-၃၆၄)
Vol. 36 Ch. 363-364
အခန်း။ ၃၆၃
သစ်သားစွမ်းအားရှင် ရှန်းယွီသည် သူ၏ ကြီးထွားမှုနှုန်းကို စတင်အသက်သွင်းလိုက်သောအခါ ပထမအဆင့်နှင့် ဒုတိယအဆင့် ဆေးဖက်ဝင်အပင်များ၏ ကြီးထွားနှုန်းမှာ ၂၀၀ ရာခိုင်နှုန်းနှင့် ၄၀၀ ရာခိုင်နှုန်းအထိ အသီးသီး ခုန်တက်သွားခဲ့သည်။
ယခင်က ပထမအဆင့် ဆေးပင်များကို နှစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ရိတ်သိမ်းနိုင်
သော်လည်း ယခုအခါ မသေမျိုးအဆင့် ဝိညာဉ်အမြုတေမှ ထွက်ပေါ်လာသော ချီစွမ်းအင် ပမာဏနှင့် အရည်အသွေးတို့ကြောင့် နှစ်ရက် သုံးရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ရိတ်သိမ်းနိုင်ပြီဖြစ်သည်။ ပထမအဆင့်အောက်ရှိ အခြားဆေးပင်များမှာမူ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ရိတ်သိမ်းနိုင်လောက်အောင်ပင် ကြီးထွားနှုန်း မြန်ဆန်နေ၏။
ရှန်းယွီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤမျှမြန်ဆန်လှသော ကြီးထွားမှုကို အသုံးချနိုင်ရန် သူ၌ လူအင်အား မလုံလောက်ပေ။ ထို့ကြောင့် ဆေးပင်အချို့ကို အပြင်ဘက် ဥယျာဉ်သို့ ပြောင်းရွှေ့စိုက်ပျိုးရန် အချိန်တန်ပြီဟု သူ ဆုံးဖြတ်လိုက်သည်။ ဤနေရာသည် မကြာမီ သူနှင့် သူ၏ဇနီးတို့၏ သီးသန့်အိမ်ဂေဟာ ဖြစ်လာတော့မည်ဖြစ်ရာ ဤမျှအထိ ပြည့်ကျပ်နေ၍ မဖြစ်ပေ။
အပြင်ဘက်ခြံများတွင် တပည့်များက စိုက်ပျိုးရေး၊ ဆေးဖော်စပ်ခြင်းနှင့် ဆေးပညာရပ်များကို လေ့လာရင်း ဝိုင်းဝန်းကူညီနိုင်ကြမည်ဖြစ်သည်။ ဝိညာဉ်ကြော၏ အကိုင်းအခက်တစ်ခုကို အပြင်ဘက်ခြံအထိ သွယ်တန်းပေးလိုက်ရုံဖြင့် အလားတူ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည်ဖြစ်ရာ ဆေးပင်အားလုံးကို ဤနေရာ၌ ထားရှိရန် မလိုအပ်တော့ချေ။ အလှဆင်ရန်အတွက် လှပသော ဆေးပင်အချို့ကိုသာ စနစ်တကျ ချန်လှပ်ထားခဲ့ရန် သူ စီစဉ်လိုက်သည်။
ထို့နောက် သူသည် အပင်များဆီမှ သတ္တဝါများရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။ သတ္တဝါများအပေါ် ကြီးထွားမှုနှုန်း၏ သက်ရောက်မှုမှာ အပင်များနှင့် မတူညီသော်လည်း ၎င်းတို့သည်လည်း ကိုယ်ပိုင်အကျိုးကျေးဇူးများကို ရရှိကြသည်။ လက်ရှိတွင် သတ္တဝါအများစုမှာ ရွှေရောင်အမြုတေအဆင့်နှင့် ညီမျှသော ပဉ္စမအဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သည်။
သို့သော် သတ္တဝါများအပေါ် သက်ရောက်သည့် ကြီးထွားနှုန်း မြန်ဆန်မှုမှာ ပြဿနာတစ်ခု ရှိနေသည်။ ယေဘုယျအားဖြင့် ကျင့်ကြံသူတစ်ဦးသည် သားရဲများကို အရွယ်ရောက်မြန်စေရန် ပြုလုပ်ပြီး ရောင်းချခြင်း သို့မဟုတ် အိမ်မွေးသားရဲအဖြစ် မွေးမြူခြင်းကိုသာ လိုလားကြသော်လည်း ရှန်းယွီအတွက်မူ ၎င်းမှာ တစ်မျိုးဖြစ်နေသည်။
ရှန်းယွီအနေဖြင့် ဤစွမ်းရည်ကို အမြဲတမ်း ဖွင့်မထားနိုင်သည့် အကြောင်းရင်းမှာ သားရဲများ၏ သက်တမ်းကို အလွန်အမင်း တိုတောင်းသွားစေနိုင်သောကြောင့်ပင်။ ဆေးဖက်ဝင်အပင်များအတွက်မူ အချိန်ကြာမြင့်စွာ ရင့်ကျက်ရန် လိုအပ်သဖြင့် ပြဿနာမရှိသော်လည်း တိရစ္ဆာန်များအတွက်မူ ဤအတိုင်း ဆက်သွားပါက အိုမင်းရင့်ရော်ကာ သေဆုံးကုန်ကြပေလိမ့်မည်။ အမှန်တကယ်ပင် ရှန်းယွီအနေဖြင့် ကြီးထွားမှုနှုန်းအသုံးပြုမှုကို မလျှော့ချမီက အချို့သော သားရဲများမှာ သေဆုံးခဲ့ဖူးသည်။
ထို့ကြောင့် ယခုအခါ သူသည် ထိုစွမ်းရည်ကို အဆင့်လျှော့၍သာ အသုံးပြုတော့သည်။
မူလကမူ ဤသားရဲများကို အစားအစာအဖြစ် အသုံးပြုရန်သာ ဖမ်းဆီးခဲ့ခြင်းဖြစ်၍ ဤပြဿနာကို သူ ဂရုမစိုက်ခဲ့မိပေ။ သို့သော် အချိန်အတန်ကြာပြီးနောက်တွင်မူ သူ၌ အခြားသော အကြံအစည်များ ပေါ်ပေါက်လာခဲ့သည်။
ဤသားရဲများသည် သူ၏စွမ်းရည်ကြောင့် အရှိန်အဟုန်ဖြင့် ကျင့်ကြံနိုင်ကြသော်လည်း ပါရမီထူးချွန်သူများမဟုတ်ကြသဖြင့် ကျင့်စဉ်အဆင့်တက်လှမ်းနိုင်သည့်နှုန်းထက် သက်တမ်းကုန်ဆုံးနှုန်းက ပိုမိုမြန်ဆန်နေခြင်းပင်။ ကျင့်စဉ်အဆင့်တက်၍ သက်တမ်းတိုးလာသည်ဆိုစေဦးတော့ ကုန်ဆုံးသွားသော သက်တမ်းနှင့် ပြန်လည်ရရှိသောအချိုးမှာ တွက်ခြေမကိုက်ပေ။ ပုံမှန်ဆိုလျှင် အစားအစာအတွက် မွေးမြူခြင်းဖြစ်၍ သူ ဂရုစိုက်မည်မဟုတ်သော်လည်း ယခုမူ သူတို့ကို အသက်ရှင်စေချင်သော ဆန္ဒရှိနေသည်။
သူသည် ဂိုဏ်းအတွက် အစောင့်အရှောက်သားရဲများအုပ်စုတစ်စုကို ဖန်တီးလိုခြင်းပင်။
ယခုအခါ သူတို့ဂိုဏ်းမှာ အင်အားကြီးမားလာပြီဖြစ်ရာ ချက်ပြုတ်ခြင်းသင်ယူနေသော တပည့်များအတွက် အပြင်ဘက်မှ သားရဲမျိုးစုံကို ဖမ်းဆီးပေးနိုင်သလို လေ့ကျင့်ရန်အတွက်လည်း အဆင့်မြင့်ဆေးပင်များစွာ ရှိနေပြီဖြစ်၍ အစားအစာပြတ်လပ်မှုကို သူ စိုးရိမ်စရာမလိုတော့ချေ။
သူ၏ အစီအစဉ်မှာ ဤတိရစ္ဆာန်များကို သွေးမျိုးဆက်များ ပေးအပ်ရန်ဖြစ်သည်။
နဂါးနှင့် ဖီးနစ်တို့ကဲ့သို့ သွေးမျိုးဆက်များ ပေးအပ်လိုက်ပါက ၎င်းတို့၏ ပါရမီများ တိုးတက်လာမည့်အပြင် အခြေခံသက်တမ်းမှာလည်း သိသိသာသာ မြင့်မားသွားမည်ဖြစ်သည်။ ကျင့်စဉ်မကျင့်ကြံသော နဂါးတစ်ကောင်ပင်လျှင် သက်တမ်း နှစ်တစ်ထောင်ကျော် နေထိုင်နိုင်သည်။ ထိုကဲ့သို့သော သက်တမ်းနှင့် ပါရမီမျိုးရှိလာပါက သူ၏ ကြီးထွားမှုနှုန်းကို အသုံးပြုလျှင်ပင် သက်တမ်းကုန်ဆုံးမှုနှင့် ကျင့်စဉ်တိုးတက်မှုမှာ မျှတသွားပေလိမ့်မည်။ ထိုအခါမှသာ ဤသားရဲများကို ဂိုဏ်းစောင့်သားရဲများအဖြစ် သူ မွေးမြူနိုင်မည်ဖြစ်သည်။
သာယာသောအချက်မှာ ဤ ကြီးထွားမှုနှုန်းသည် အမိဝမ်းအတွင်းရှိ သန္ဓေသားများအပေါ်တွင်ပါ သက်ရောက်မှုရှိသဖြင့် ၎င်းတို့ မျိုးပွားကြပါက မကြာမီတွင် နဂါးပေါက်လေးများကို သူ ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။
...
ရှန်းယွီသည် ဤအကြံမှာ အလွန်ကောင်းသည်ဟု ခံစားရသည်။
သူ၏ ကြီးထွားမှုနှုန်းကိုသာ လုံလောက်သော အရှိန်အဟုန်ဖြင့် ဆက်လက် အဆင့်မြှင့်တငနိုင်မည်ဆိုပါက ဤအစောင့်အရှောက်သားရဲများ၏ ကျင့်စဉ်ကို မယုံနိုင်လောက်သော အဆင့်များအထိ သူ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
လောလောဆယ်တွင်မူ သားရဲအများစုမှာ အဆင့် (၃) တွင်သာ ရှိကြသေးပြီး ၎င်းမှာ လူသားကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသည်။
ရှန်းယွီသည် သူ၏ အတွေးများကြောင့် စိတ်လှုပ်ရှားစွာ ပြုံးလိုက်မိသည်။ အကယ်၍ ၎င်းတို့ကို သွေးမျိုးဆက်များ ပေးအပ်ပြီးနောက် လက်ရှိအသုံးပြုနေသော 1.0 အစား ကြီးထွားမှုနှုန်း7.0 ကိုသာ အသုံးပြုလိုက်မည်ဆိုပါက ကြီးထွားနှုန်းမှာ ရာခိုင်နှုန်း တစ်သောင်းကျော်အထိ ခုန်တက်သွားမည်ဖြစ်သည်။
၎င်းမှာ ပုံမှန်ထက် အဆပေါင်း တစ်ရာကျော် မြန်ဆန်သော တိုးတက်မှုနှုန်းပင်။
ဤကဲ့သို့သော အရှိန်အဟုန် ထို့ပြင် သူသာ မသေမျိုးအစားအစာများကိုပါ ပုံမှန်ကျွေးမွေးနိုင်
မည်ဆိုပါက မသေမျိုးအချို့ကိုပင် သူ အမှန်တကယ် ဖန်တီးပေးနိုင်ပေလိမ့်မည်။
"ငါက တကယ်ကို ပါရမီရှင်ပဲလား"
သူ တွေးလိုက်မိပြီးမှ စိတ်ကို ပြန်လည်အေးငြိမ်အောင် ထိန်းလိုက်ရသည်။
သူသည် မေးစေ့ကို ကိုင်ကာ အလေးအနက် စဉ်းစားနေမိသည်။
ဒီ ကြီးထွားမှုနှုန်းနည်းစနစ်က အပင်တွေနဲ့ သားရဲတွေအပေါ်မှာပဲ ထိရောက်နေတာ ဘာကြောင့်လဲ။ တကယ်လို့သာ ငါ့ရဲ့ ဂျူနီယာညီမလေးအပေါ်မှာ သုံးလို့ရမယ်ဆိုရင်... သူမက အခုထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်လာမှာ အသေအချာပဲ။ ဒါပေမဲ့ လူသားခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံက ဒီစွမ်းအင်တွေကို လက်မခံနိုင်တာလား။
သို့သော် သူ ခေါင်းခါယမ်းလိုက်မိသည်။
ဤနည်းစနစ်ကို အကြိမ်ကြိမ် သုတေသနပြုပြီးနောက်တွင် ၎င်း မည်သို့အလုပ်လုပ်သည်ကို သူ အတော်အတန် သဘောပေါက်လာခဲ့ပြီဖြစ်သည်။
ဤနည်းစနစ်သည် သက်ရှိရုပ်စုတစ်ခု၏ ကြီးထွားမှုဆိုင်ရာ အစိတ်အပိုင်းများကို လှုံ့ဆော်ပေးပြီး ပိုမိုမြန်ဆန်စွာ လုပ်ဆောင်စေခြင်းဖြင့် ကြီးထွားနှုန်းနှင့် ကျင့်စဉ်အဆင့်တက်လှမ်းမှုကို မြှင့်တင်ပေးခြင်းပင်။ သို့သော် အသုံးပြုခြင်းခံရသော သက်ရှိက ပြန်လည်ခုခံတွန်းလှန်မည်ဆိုပါက ထိရောက်မှုရှိမည်မဟုတ်ပေ။
သားရဲများက ပြန်လည်မတွန်းလှန်ရခြင်းမှာ သူသည် ၎င်းတို့ကို မသိစိတ်ဖြင့် ယဉ်ပါးအောင်
လုပ်ထားပြီးဖြစ်သောကြောင့်ပင်။ သားရဲများသည် စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းကြသဖြင့် သူ ဤနည်းစနစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုစဉ်ကတည်းက ၎င်းတို့မှာ ယဉ်ပါးသွားခဲ့ကြခြင်းပင်။
ဤနည်းစနစ်ကို ဂျူနီယာညီမလေးအပေါ် အသုံးပြုနိုင်ရန်အတွက်မူ သူမကိုပါ ယဉ်ပါးအောင် ပြုလုပ်ရပေလိမ့်မည်။
သူမ၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် သူမကို ယဉ်ပါးအောင်လုပ်ရန်မှာ လုံးဝမဖြစ်နိုင်သောအရာပင်။ အမှန်တကယ်တော့ သူမအတွက် ဤကဲ့သို့သော အနည်းငယ်မျှသော အထောက်အပံ့မှာ မလိုအပ်လှပေ။
ကြီးထွားမှုနှုန်း100.0 ကဲ့သို့သော အဆင့်မျိုး မရှိမချင်း သူမအတွက် ဤနည်းလမ်းမှာ ထူးခြားမည်မဟုတ်ဘူးဟု သူ တွေးမိသည်။ ဂိုဏ်းသားများအတွက်လည်း ထိုနည်းတူပင်။ သက်တမ်းကို စတေးရသောကြောင့် သူတို့အတွက် ဤနည်းလမ်းမှာ မထိုက်တန်လှပေ။ သူတို့အနေဖြင့် သူတို့၏ သက်တမ်းကို အကျိုးရှိရှိ အသုံးပြုကာ ပြင်ပလောကတွင် အခွင့်အရေးကောင်းများ ရှာဖွေခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဘယ်သူသိနိုင်မှာလဲ။ အကယ်၍ သူတို့သာ လီယောင်းလိုမျိုး ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးတာကို ခံရမယ်ဆိုရင်... အခုထက်သာလွန်တဲ့ ကံကြမ္မာကောင်းတွေကိုတောင် ဆုံတွေ့နိုင်သေးတာပဲ။ ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို မျက်နှာသာပေးလိုက်ပြီဆိုရင် အဲဒီလူအတွက် မဖြစ်နိုင်တာ ဘာမှမရှိတော့ဘူးလေ။
သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အရုဏ်တက်ရန် နီးကပ်နေပြီဖြစ်သည်။
ဒီညသည် သူ၏ မင်္ဂလာဦးည ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤနေရာကို အနည်းငယ် ပြန်လည်ပြင်ဆင် မွမ်းမံရန် လိုအပ်နေ၏။
အခန်း။ ၃၆၄
ရှန်းယွီသည် ဝိညာဉ်စမ်းရေတွင်းဘေးတွင် ထိုင်ချလိုက်စဉ် သူ၏ပတ်ဝန်းကျင်ရှိ ဂူနံရံများမှာ တုန်ခါလာတော့သည်။
သူသည် သူ၏ ဝိညာဉ်ကြောခန္ဓာကိုယ်ကို အသုံးပြု၍ ဂူအတွင်းပိုင်းကို ပြန်လည်မွမ်းမံပြင်ဆင်နေခြင်းပင်။
ထိုသို့ပြင်ဆင်ရင်း သူသည် အချိန်အတော်ကြာ စဉ်းစားခဲ့သော နျူကလီးယားစွမ်းအင်သုံး စက်ရုံစီမံကိန်းကို စမ်းသပ်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။
သူ၏ နျူကလီးယားစွမ်းအင်သုံးစွမ်းရည်ကို ဖန်တီးခဲ့ပြီးကတည်းက ထိုသဘောတရားကို သူ၏ခန္ဓာကိုယ်အတွင်း၌ အကောင်အထည်ဖော်ကာ သွေးမျိုးဆက်အနှစ်သာရများ ထုတ်လုပ်ပေးမည့် အတွင်းပိုင်းစွမ်းအင်စက်ရုံတစ်ခု ပြုလုပ်ရန် သူ ကြံစည်ခဲ့ဖူးသည်။
သို့သော် အသေအချာ သုတေသနပြုကြည့်သည့်အခါ သူ၏မူလအကြံအစည်မှာ အစကတည်းက လွဲချော်နေကြောင်း သိရှိခဲ့ရသည်။ အနာဂတ်ကုသခြင်းစွမ်းရည်မှာ သေးငယ်သော ဒြပ်ထုများကို သန့်စင်သော ချီစွမ်းအင်နှင့် ပြန်လည်ရှင်သန်ခြင်းစွမ်းအင်အဖြစ် ပြောင်းလဲခြင်းအပေါ် အခြေခံထားခြင်းပင်။ ဆိုလိုသည်မှာ ထိုလုပ်ငန်းစဉ်ကို သူ၏ခန္ဓာကိုယ်အတွင်း၌ စတင်လုပ်ဆောင်ပါက သူ လိုအပ်သည်ထက်ပင် ပိုလျှံနေသော ချီစွမ်းအင်နှင့် ကုသခြင်းစွမ်းအားများကိုသာ ထပ်မံရရှိနေမည် ဖြစ်သည်။
ထို့ကြောင့် သူသည် တစ်ခုလုံးကို အသစ်ပြန်လည် စဉ်းစားရန် လိုအပ်လာသည်။
အကြိမ်ကြိမ် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ပြီးနောက်တွင်မူ သူသည် နောက်ထပ် အကြံဉာဏ်သစ်တစ်ခုကို ရရှိခဲ့သည်။
သူ၏ သွေးမျိုးဆက်များသည် အစဉ်အမြဲ ပြန့်ကားရန် ကြိုးစားနေသဖြင့် လှုံ့ဆော်မှုများကို အမြဲခံနေရသည်။ ထိုသို့ ပြန့်ကားရန် နေရာမရှိသည့်အတွက် ပိုလျှံနေသော အနှစ်သာရများကို ထုတ်လွှတ်လိုက်၊ ၎င်းတို့ကို သူ့ကိုယ်ထဲသို့ ပြန်လည်သိပ်သည်းလိုက်နှင့် သံသရာလည်နေခြင်းပင်။
ယခုအခါ ရှန်းယွီသည် ဤလုပ်ငန်းစဉ်ကို ယခင်ကထက် ပို၍ပင် ပြင်းထန်လာအောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
လောလောဆယ်တွင်မူ သူသည် သွေးမျိုးဆက်များကို တစ်ခုနှင့်တစ်ခု အပြန်အလှန် လှုံ့ဆော်စေပြီး ၎င်းတို့၏ စိတ်ကြိုက်အရှိန်ဖြင့် သိပ်သည်းစေရန်သာ ခွင့်ပြုထားခြင်း ဖြစ်သည်။ သို့သော် ဤနှုန်းမှာ အလွန်နှေးကွေးလွန်းလှသည်ဟု သူ ခံစားရသည်။ ၎င်းတို့သည် သူ့ကိုယ်ထဲသို့ ပြန်လည်သိပ်သည်းလေလေ ပို၍ ပြင်းထန်လာလေလေ ဖြစ်သော်လည်း ရှန်းယွီအတွက်မူ ဤလုပ်ငန်းစဉ်မှာ စိတ်တိုင်းကျလောက်အောင် မြန်ဆန်ခြင်း မရှိသေးချေ။
ရှန်းယွီသည် ထိုအနှစ်သာရများကို ၎င်းတို့၏ သဘာဝအရှိန်အတိုင်း ဆက်လက်ရှိနေစေမည့်အစား သေးငယ်သော အနှစ်သာရပေါင်း ထောင်ချီကို အတူတကွ ရိုက်နှိပ်ခြေမွကာ အတင်းအကျပ် ပေါင်းစပ်ပစ်ရန် ကြံစည်လိုက်သည်။
ကြယ်တာရာများ၏ နျူကလီးယား ပေါင်းစပ်ခြင်း ဖြစ်စဉ်ကဲ့သို့ပင် ဤပေါင်းစပ်မှု ဖြစ်စဉ်သည် စွမ်းအင်များကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို့နောက် ထိုစွမ်းအင်ကို အသုံးပြု၍ နောက်ထပ်ပေါင်းစပ်မှုတစ်ခုကို ဆက်လုပ်မည်ဖြစ်ရာ အနှစ်သာရ ငါးရာကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်မည်။ ၎င်းမှ ပိုမိုပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နှစ်ရာ့ငါးဆယ်၊ တစ်ရာ့နှစ်ဆယ့်ငါး၊ ခြောက်ဆယ်၊ သုံးဆယ် စသည်ဖြင့် အဆင့်ဆင့် ပေါင်းစပ်သွားရန် ဖြစ်သည်။
၎င်းမှာ အခြေခံသဘောတရားမျှသာ ဖြစ်သည်။ လက်တွေ့တွင်မူ သူသည် သေးငယ်သော အနှစ်သာရပေါင်း တစ်သန်းခန့်ရှိသော စွမ်းအင်အိုင်တစ်ခုမှ စတင်မည်ဖြစ်သည်။ ၎င်းတို့ကို ပေါင်းစပ်လိုက်သည်နှင့်အမျှ ၎င်းတို့သည် ပိုမိုကြမ်းတမ်းလာပြီး အချင်းချင်း တိုက်ခိုက်ရင်း သေးငယ်သော အနှစ်သာရသစ်များကို အဆက်မပြတ် ထုတ်လုပ်ပေးလိမ့်မည်။ ထိုအသစ်
ထွက်လာသမျှသည် ရှန်းယွီ၏ ပေါင်းစပ်မှုစွမ်းအင်အိုင်ထဲသို့ ချက်ချင်းဝင်ရောက်ကာ အဆုံးမရှိ ပေါင်းစပ်နေမည်ဖြစ်သည်။
သီအိုရီအရဆိုလျှင် ဤပေါင်းစပ်မှုသည် အနှစ်သာရများမှာ အလွန်တရာ လေးလံလာပြီး ပေါင်းစပ်ရန်အတွက် စူပါနိုဗာပေါက်ကွဲမှုကဲ့သို့ စွမ်းအင်မျိုး လိုအပ်လာသည်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ သို့သော် ကြယ်တာရာများသည် ဤအဆင့်သို့ ရောက်ရန် နှစ်သန်းပေါင်းများစွာ ကြာမြင့်တတ်သဖြင့် သူ၏ သက်တမ်းအတွင်း ထိုအဆင့်ထိ ရောက်လိမ့်မည်ဟု ရှန်းယွီ မထင်ပေ။
သူသည် ဖြစ်စဉ်ကို အရှိန်မြှင့်နေသော်လည်း သူ၏ နားလည်မှုနှင့် စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ ပိုမိုမြန်ဆန်လာဦးမည် ဆိုစေဦးတော့ ထိုအဆင့်သို့ ရောက်ရန်မှာ ခဲယဉ်းလှသည်။
တကယ်လို့ ငါသာ အဲဒီအဆင့်ကို အမှန်တကယ် ရောက်သွားခဲ့ရင်ရော စူပါနိုဗာ ပေါက်ကွဲမှုကြီးရဲ့ အားအင်က ငါ့ရဲ့ သွေးမျိုးဆက်တွေကို နတ်ဘုရားအဆင့်အထိ တွန်းတင်ပေးဖို့ လုံလောက်ပါ့မလား။ ဒါမှမဟုတ်... အရာအားလုံးရဲ့ အစပြုရာ ရှေးဦးမူလအဆင့်ကိုပါ တစ်ခါတည်း ကျော်ဖြတ်သွားနိုင်မလား။
ဤသို့ တွေးတောနေစဉ် ရှန်းယွီ ရုတ်တရက် ရပ်တန့်သွားသည်။
ငါ အိပ်မက်တွေ အရမ်းမက်နေတာလား။ တစ်နေရာရာမှာတော့ အဟန့်အတားတစ်ခုရှိနေမှာပဲ မဟုတ်ဘူးလား။
သူ အခြေခံယူထားသည့် ကြယ်တာရာ နျူကလီးယား ပေါင်းစပ်ခြင်း သီအိုရီအရဆိုလျှင် တစ်ချိန်ချိန်တွင် အကန့်အသတ်တစ်ခုနှင့် တိုးပေလိမ့်မည်။ ဥပမာ သံဒြပ်စင်ကို ပေါင်းစပ်
သည့်အခါ စွမ်းအင်ထုတ်လွှတ်မည့်အစား စွမ်းအင်ကို ပြန်လည်စုပ်ယူတတ်သည်။ ဆိုလိုသည်မှာ တစ်ချိန်ချိန်တွင် သူသည် ပေါင်းစပ်မှုအတွက် စွမ်းအင်ပြန်ပေးရမည်ဖြစ်ပြီး နောက်ထပ် ပေါင်းစပ်မှုအတွက် အပိုစွမ်းအင် ရရှိတော့မည် မဟုတ်ပေ။
သူ သက်ပြင်းချလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် ကြည့်ကြသေးတာပေါ့။
သူ၏ ကျင့်စဉ်အဆင့်ကလည်း တိုးတက်နေသည်ဖြစ်ရာ ထိုစွမ်းအင်ဖိုးကို သူ ပေးချေနိုင်မည် မဟုတ်ပါလား။ ပေးမချေနိုင်ခဲ့လျှင်ပင် သူ စောင့်ဆိုင်းနိုင်သည်။ ဤအဆင့်မြင့် ပေါင်းစပ်မှုများသည် အလွန်သိပ်သည်းပြီး အနှစ်သာရပေါင်း ဘီလီယံချီ ထုတ်လွှတ်ပေးမည် ဖြစ်သည်။ စွမ်းအင်ထုတ်လွှတ်သည့် နောက်ဆုံးအမှတ်အထိ အဆက်မပြတ် ပေါင်းစပ်သွားမည်ဆိုလျှင် အဆင့်မြင့် ပေါင်းစပ်မှုတစ်ခုအတွက် လိုအပ်မည့် စွမ်းအင်ကို သူ အနည်းဆုံးတော့ စုဆောင်းထားနိုင်မည်ပင်။
ရှန်းယွီသည် ပိုမိုကြီးမားသော ရည်မှန်းချက်များကို တွေးတောရင်း ပြုံးလိုက်မိသည်။
သူသည် ဝိညာဉ်ကြောကို လှမ်းကြည့်လိုက်သည်။ အကယ်၍ သူ၏ သွေးမျိုးဆက်တစ်ခုလုံးကို အလွန်သိပ်သည်းသော အနှစ်သာရများဖြင့် အပြည့်ဖြည့်ထားနိုင်ခဲ့လျှင် ထိုပေါင်းစပ်မှုဖြစ်စဉ်အတွက် လိုအပ်သော စွမ်းအင်များကို ကမ္ဘာ့သစ်ပင်ထံမှတစ်ဆင့် ဝိညာဉ်ကြောအတွင်း စီးဆင်းနေသော စွမ်းအားများဖြင့် အစားထိုးပေး၍ ရနိုင်သည်။ ထိုသို့သာဆိုလျှင် ဤနည်းလမ်းဖြင့် သူသည် နတ်ဘုရားအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ပေလိမ့်မည်။
သို့သော် သူ ခေါင်းခါယမ်းလိုက်မိသည်။ လောလောဆယ်တွင် ထိုအကြံမှာ အလှမ်းဝေးလွန်းနေသေးသည်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားကာ မျက်လုံးများကို မှိတ်လိုက်ပြီး အစွမ်းကုန် အာရုံစိုက်လိုက်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်တွင်း စွမ်းအင်စက်ရုံစီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်သည်။
ပင်မရှန်းယွီက ဤအကြံအစည်ကို အကောင်အထည်ဖော်နေစဉ်မှာပင် သူ၏ ဝိညာဉ်ကြောခန္ဓာကိုယ်ကလည်း အလုပ်ရှုပ်နေခဲ့သည်။ ရှန်းယွီသည် သူ၏ သစ်ကိုင်းများကို ဆန့်ထုတ်ကာ ဂူနံရံများကို တွန်းထုတ်ပြီး ဖြိုခွင်းလိုက်သည်။ ယခုအခါ ဤနေရာကို ဂူဟု ခေါ်၍ပင် မရတော့ချေ။
သူသည် ဂိုဏ်းချုပ်ဆရာကြီးနှင့် ဒေါ်လေးတို့ထံမှ မြေကွက်အကျယ်ကြီးတစ်ခုကို ရရှိထားပြီးဖြစ်သည်။ မိဘမြေပေါ်က မခွာနိုင်သော သားတစ်ယောက်လို ခံစားနေရသော်လည်း သူသည် ဆရာသမားများအပေါ် အကျိုးပြုနေသူတစ်ဦးဖြစ်သဖြင့် ဤမြေနေရာအချို့ကို အသုံးပြုခြင်းအား သူတို့ ကန့်ကွက်မည်မဟုတ်ဘူးဟု သူ ယုံကြည်သည်။
သူ၏ ဒေါ်လေးတွင် ဖီးနစ်သွေးမျိုးဆက်ရှိသည်ကို သတိရကာ ကျေးဇူးဆပ်သည့်အနေဖြင့် နောက်တစ်ကြိမ်တွင် သူမကို တော်ဝင်သွေးမျိုးဆက်အဖြစ် အဆင့်မြှင့်တင်ပေးရန် သူ ဆုံးဖြတ်လိုက်သည်။ သူ၏ စီမံကိန်းသာ အောင်မြင်ခဲ့လျှင် ထိုအဆင့်မှာ သူ့အတွက် ဘာမှမဟုတ်တော့ချေ။
ရှန်းယွီသည် သူ၏ သစ်ကိုင်းများကို အသုံးပြု၍ မြေပြင်ကို ညီညာအောင် စတင်ညှိတော့သည်။ တပည့်များက ဧရာမသစ်ပင်ကြီးတစ်ပင် မြေညှိနေသည်ကို မြင်ပြီး ထိတ်လန့်မသွားစေရန်အတွက်လည်း ထိုနေရာတစ်ဝိုက်တွင် မျက်လှည့်ပြအစီအရင်တစ်ခုကို ကြိုတင်ချထားခဲ့သည်။
မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ကို ညှိပြီးနောက်တွင်မူ သူသည် ဆောက်လုပ်ရေးလုပ်ငန်းကို စတင်တော့သည်။ သူ၏ ဆောက်လုပ်ရေးနည်းလမ်းမှာ အလွန်ပင် ထူးခြားလှသည်။
သူသည် ဝိညာဉ်ကြော၏ အခက်အလက်များကို မြေပြင်ပေါ်သို့ ထိုးထွက်လာစေပြီး ၎င်းတို့ကို အိမ်ပုံစံများအဖြစ် ပုံဖော်လိုက်ခြင်း ဖြစ်သည်။ သူသည် ဝိညာဉ်ကြောကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် အလွန်လှပပြီး ထူးခြားသော အဆောက်အအုံများကို ဖန်တီးနိုင်ခဲ့သည်။ ထိုအဆောက်အအုံများသည် ဝိညာဉ်ကြော၏ အစိတ်အပိုင်းများဖြစ်သဖြင့် အလွန်ခိုင်ခံ့ပြီး စွမ်းအင်များလည်း ပြည့်ဝနေသည်။
နာရီအနည်းငယ်အတွင်းမှာပင် အထီးကျန်ဂူလေးရှိခဲ့သော နေရာသည် အလွန်လှပသော ရှုခင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လမ်းဘေးတစ်လျှောက်တွင်လည်း သူအနှစ်သက်ဆုံး ပန်းများကို စနစ်တကျ စိုက်ပျိုးထားသဖြင့် မြင်ကွင်းမှာ နတ်ဘုရားတို့၏ ဥယျာဉ်တော်အလား ထင်မှတ်ရသည်။
ပင်မအဆောက်အအုံကြီးမှာမူ အိမ်တစ်လုံးထက် ရဲတိုက်ကြီးတစ်ခုနှင့် ပို၍ပင် တူနေတော့သည်။
သူသည် သူ၏ လက်ရာကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ယခုအခါ သူလုပ်ဆောင်ရန် ကျန်ရှိသည်မှာ ဇနီးလောင်းကို အိမ်သို့ ခေါ်ဆောင်လာရန်သာ ဖြစ်တော့သည်။