← Chapters

အပိုင်း(၂၁၀)-မှားယွင်းသောအရာအား သင်ပေးခြင်း

Vol. 003 Ch. 210

အပိုင်း(၂၁၀)-မှားယွင်းသောအရာအား သင်ပေးခြင်း

Vol. 003 Ch. 210

အခန်းထဲတွင် တုလေးရောက်နေသည်။ ရှီမာယူယူနှင့် လေးယောက်တို့သည် စားပွဲ၌ ထိုင်လျက် သူတို့ကိုကြည့်နေ သော တုလေးကို ပြန်ကြည့်နေကြသည်။ သူတို့ရဲ့ အကြည့်တွေသည် သားရဲတစ်ကောင်ကို ကြည့်နေသကဲ့သို့ ဖြစ်နေကြသည်။

တုလေးလည်း သူတို့၏ အကြည့်တွေအောက်၌ အံ့သြတုန်လှုပ်သွား၍ မသိစိတ်က နောက်ဆုတ်မိသွားသည်။

"အကိုတို့ အစ်မတို့ အကုန်လုံး… ကျွန်တာ့်ကိုအဲ့လိုကြီးမကြည့်ကြပါနဲ့" ဟု တုလေး၏ ရင်ထဲမှ ငိုကြွေးမြည်တမ်းမိသည်။

ဖက်တီးကျူလည်း " မင်း အလင်းဒြပ်စင်ကို ခံစားမိလား" ဟု ပထမဆုံးစကားစလိုက်သည်။

တုလေးလည်း ကြောက်ကြောက်ရွံ့ရွံ့နှင့် ခေါင်းငြိမ့်လိုက်သည်။

ရှီမာယူယူကလည်း " နင် ရေ နဲ့ ရေခဲ ဒြပ်စင်တွေကိုရော ခံစားမိလား" ဟု တောက်ပသော မျက်လုံးများဖြင့်ကြည့် ရင်းမေးလိုက်သည်။

တုလေးလည်း ထပ်မံ၍ ကြောက်ရွံ့စွာ ခေါင်းငြိမ့်လိုက်သည်။

"အခုက တစ်ညနဲ့ တစ်ရက်ပဲ ရှိသေးပေမဲ့ မင်းက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်နေပြီလား" ဟု ဝူရန်ဖေက မေးပြန်သည်။

တုလေးကို ခေါင်းကပိုဆကိငြိမ့်နေသည်။

" ဟီးဟီး, အပင်ပျိုဖြစ်ခြင်းတန်ဖိုးကို ငါတို့ရှာတွေ့တာပဲ။ စွမ်းအားအပြည့်ပဲ" ဟုဘေဂုံထန်က အားပါးတရပြုံး လျက်ပြောသည်။

"အဲ့လိုနှိုင်းယှဉ်တာကသေလမ်းကို ဉီးတည်တာပဲ။ " ဖက်တီးကျူလည်း စားပွဲပေါ်တက်၍ အော်လိုက်သည်။ " ကျွန်တော်တို့ကို အချိန်တိုင်း ဒုက္ခပေးနေတဲ့ ယူယူတစ်ယောက်နဲ့ လုံလောက်နေပါပြီ။ အခုတော့ အဲ့ကလေးပါရောက်လာတယ်တဲ့လား။ သူသာကျွန်တော်တို့အရွယ်ရောက်လာရင် ဘယ်လောက်တောင် အာခံတတ်မလဲ ဆိုတာ ကျွန်တော်မတွေးရဲအောင်ပါပဲ။ ကျွန်တော်တို့ကို ဘာလို့ ဒီလိုနည်းနဲ့ ဒုက္ခရောက်အောင် လုပ်ရတာလဲ မိုးကောင်းကင်ရယ်" ဟု ပြောလေသည်။

ဖက်တီးကျူ၏ ငိုကြွေးသံကို မိုးကောင်းကင်ကမကြားသော်လည်း ရှီမာယူယူက ကြားသောကြောင့် သူ့ရဲ့ခေါင်းကို ပြင်းစွာရိုက်၍ " မင်းရဲ့ အရည်အချင်းက အပြင်မှာရှိတဲ့သူတွေကိုလည်း လှုံဆော်ပေးနိုင်မှာပဲ။ ဒီမှာပဲ အော်ဟစ် မြည်တမ်းငိုကြွေးမနေနဲ့" ဟုပြောလိုက်သည်။

"တရားမျှတမှုဆိုတာ ဘယ်မှာလဲ။ ငါ့ရဲ့ အဆင်မပြေမှုတွေကို ဖောက်ထုတ်ဖို့တောင် နင်ကခွင့်ပြုမပေးဘူး" ဟု ဖက်တီးကျူ လည်း အသံတိုးတိုးဖြင့် စောဒကတက်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် တုလေးရဲ့ စွမ်းရည်က အံ့သြစရာပဲ။ ဒီရေနဲ့ ရေခဲအစွမ်းက, နောက်ဆို ကျိရွှီ နဲ့ ဖက်တီးကျူ, မင်းတို့ သူ့ကိုသင်ပေးလို့ရပြီ" ဟု ရှီမာယူယူသည် တာဝန်များကို ခပ်မြန်မြန်ပင် ခွဲပေးလိုက်သည်။ " ဘေဂုံက သူ့အစ်မဆိုတော့ သူ့ကို လျစ်လျူရှုလို့မရဘူး။ ဝူရန်ရဲ့ တိုက်ခိုက်စွမ်းရည်က ကောင်းတော့ တုလေးကို သင်ပေးလို့ရတယ်။ ဒီအတိုင်းပဲ နေရာချကြတာပေါ့" ဟု ဆက်ပြောသည်။

ထိုသူလေးယောက်လည်း သူတို့ကို လက်ညှိုးထိုး၍ ပြောနေသော ရှီမာယူယူကို ပြောစရာစကားမရှိဖြစ်၍ " အဲ့တာဆို မင်းကဘာတာဝန်ယူမှာလဲ" ဟူ၍သာ မေးနိုင်သည်။

"ကျွန်မက လိုတာထောက်ပံ့ ပေးဖို့တာဝန်ယူတယ်။ ကျွန်မတို့ တုလေးကို ပျိုးထောင်ပေးမယ် နောက်ဆို ကျွန်မတို့ကို အနိုင်ကျင့်မယ့်လူ ဘယ်သူမဆို တုလေးနဲ့ အရင်ရှင်းရလိမ့်မယ်" ဟု ရှီမာယူယူလည်း အားပါးတရ ပြုံးလျက် " အဲ့လိုဆို အဆင်ပြေလား တုလေး" ဟု ဆက်မေးလိုက်သည်။

"ဟုတ်ကဲ့" ဟု တုလေးလည်းပြုံးရင်းပြောလိုက်သည်။

သူ့ကို မည်သူမျှ ကောင်းစွာဆက်ဆံဖူးခြင်းမရှိပေ။ သူ့အကိုတွေ အစ်မတွေကို အနိုင်ကျင့်သူရှိပါက ထိုသူသည် သူ့အသက်ကို ပြန်ပြီးပေးဆပ်ရပေမည်။

ထိုကဲ့သိုပင် သေခြင်းနတ်ဘုရားတစ်ယောက် သူ့ခရီးကိုစတင်ခဲ့သည်။ သူ့အရွယ်ရောက်ပြီးနောက် သူလူသတ်သည်ကို အများစု ကြည့်ခဲ့ရသည်။ ရှီမာယူယူနှင့် ဘေဂုံထန်တို့ရှေ့တွင် နာခံတတ်သောကောင်လေး နှင့် ယှဉ်လျှင် တခြားသူတစ်ယောက်များ လား ဟုထင်မှတ်စရာပင်ဖြစ်သည်။

နောက်ရက်တွင် ငြိမ်းချမ်းခြင်းမြို့သို့သွားကာ လည်ပတ်ခဲ့သည်။ လအနောက်ဘုရင်၏ မွေးနေ့သည် နှစ်ရက်လိုသေးသော်လည်း မြို့တော်အုပ်ချုပ်ရေးမှူးသည် သူတို့ကိုလာရှာကာ သူတို့ကိုထွက်သွားခိုင်း လေသည်။ သူတို့လည်း ဘိုင်ယွန်ရွှီနှင့် တခြားသူများကို နှုတ်ချက်ကာ ပို့ဆောင်ရေးလမ်းကြောင်းဖြင့် မြို့တော်သို့ထွက်သွားလေသည်။

သူတို့ထွက်မသွားခင် ရှီမာယူယူက ဘိုင်ယွန်ရွှီကို ကျောက်စိမ်းပုလင်းပေးခဲ့လေသည်။ ပုလင်းထဲတွင် ဘာပါသည် ဆိုတာကို သူမကမပြောခဲ့သလို သူကလည်း ဖွင့်မကြည့်ပေ။ စိတ်ထဲတွင် သူတို့ထွက်သွား  သောကြောင့် ဝမ်းနည်းခြင်းစိတ်သာကြီးစိုးနေသည်။

" ရှီမာယူယူနဲ့ တခြားသူတွေ ဒီမြို့ကိုပြန်လာနိုင်ပါ့မလား သိချင်မိတယ်" ဟုပြောရင်း ဘိုင်ယွန်ရွှီ သက်ပြင်းချမိ သည်။

စွန်းရန်ရန်လည်း ကောင်းကင်ကြီးကိုကြည့်လျက် " သူတို့ရည်မှန်းချက်က ဟိုမှာရှိတာဆိုတော့လည်း ဘယ်တတ်နိုင်မလဲ" ဟု ပြောရင်းသက်ပြင်းချလိုက်သည်။

ဘိုင်ယွမ်ချွန်းလည်း ရင့်ကျက်နေသော ဘိုင်ယွန်ရွှီကိုကြည့်ရင်းထိုသို့ဖြစ်စေသော ရှီမာယူယူ နဲ့ တခြားသူတွေကို ကျေးဇူးတင်နေမိသည်။ သူ့လက်ထဲတွင် ကိုင်ထားသော ကျောက်စိမ်းပုလင်းကို ကြည့်ကာ "သူမင်းကိုဘာပေးထာ ခဲ့တယ်ဆိုတာ မကြည့်တော့ဘူးလား" ဟု ဘိုင်ယွမ်ချွန်းကမေးလိုက်သည်။

"ဟုတ်သားပဲ သူကျွန်တော့်ကို ဘာပေးခဲ့လဲဆိုတာ သိချင်မိတယ်။အဲ့သူက အရမ်းကြီးမသန်မာ တဲ့ ဆေးဆရာလေး ဖြစ်တာတောင် သူကမင်းကို ရှုံးနိမ့်တယ်ဆိုတဲ့ ခံစားမှုကို ပေးခဲ့တာပဲ" ဟု ဘိုင်ယွန်ရွှီ က သူ့ကိုယ်သူပြောလျက် ဆေးပုလင်းကိုဖွင့်ကာ အထဲကဆေးကိုထုတ်လိုက်ရာတွင် ရွှေရောင်ဆေးနှစ်လုံး ထွက်လာသည်။

"အဖေ ကျွန်တော်ဒီဆေးတွေကိုအရမ်းရင်းနှီးတယ်လို့ ဘာလို့ခံစားမိနေတာလဲ " ဟု ဘေရွှန်ရွှီးက ဆေးတွေကို ကြည့်ရင်း မေးလိုက်သည်။

ဘိုင်ယွမ်ချွန်းလည်း ဆေးနှစ်လုံးကြောင့် ပါးစပ်ဟလျက် အံ့သြနေမိသည်။ အနည်းငယ်ကြာမှ သူသည် " အဲ့တာ ဟိုတစ်ခါ လေလံပွဲမှာရောင်းတဲ့ ကောင်းကင်ကိုတောင် အာခံနိုင်တယ်ဆိုတဲ့ ဆန့်ကျင်ရေးဆေးတစ်ရာ ဆေးလုံးပဲ " ဟု ပြောလိုက်သည်။

ထိုမှသာလျှင် ဘိုင်ယွန်ရွှီးလည်းပြန်စဉ်းစားရင်း ထိုဆေးလုံးကိုကြည့်ရင်း " ဒီဆေးလုံးက အဲ့ဆေးလုံးနဲ့ တော်တော် တူတယ်နော်" ဟု ရေရွတ်မိသည်။

ဘိုင်ယွမ်ချွန်းလည် ဘိုင်ယွန်ရွှီး၏ ခေါင်းကိုရိုက်လိုက်ပြီး " ငတုံးရ မင်းမို့လို့ တူတယ်ပြောနေသေးတယ် အဲ့တာ အဲ့ဆေးပဲဟ " ဟု အော်ပြောလိုက်သည်။

"တကယ်ပဲ အဲ့ဆေးလား" ဘိုင်ယွန်ရွှီးလည်း သူ့ခေါင်းကို ပွတ်လျက် " အဲ့လိုဆိုရင် ရှီမာယူယူက တော်တော်ထူး ဆန်းမနေဘူးလား" ဟု ပြောလိုက်သည်။

ဘိုင်ယွမ်ချွန်းသည် အတွေးများစွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး " ကြည့်ရတာ သူက ငါတို့ထင်တာထက်  ပိုပြီး စွမ်းအားကြီးလောက်တယ်" ဟု ပြောလိုက်သည်။

ဘိုင်ယွန်ရွှီးလည်း သူ့အဖေပြောလိုက်သောစကားကြောင့် အံ့သြတုန်လှုပ်သွားသည်။ ဘိုင်ယွန်ရွှီးလည်း ခေါင်း ကိုငုံ့၍ ဆေးလုံးကိုကြည့်ကာ ရှီမာယူယူမထွက်သွားခင်က မကြာခင်မှာ ပြန်တွေ့ချင်တယ်ဟု ပြောသွားသည်ကို စဉ်းစားနေမိသည်။ နောက်ဆို သူဒီထက်ပိုပြီးတိုးတက်အောင်လုပ်မည်ဟု သူ့စိတ်ထဲတွင် ဆုံးဖြတ်ထားသည်။

အရင်တုန်းက သူက စစ်တပ်ထဲမှာ နေရသည်ကို မဆိုးလှဟု ခံစားမိသည်။ ရှီမာယူယူနှင့် တခြားသူများကို တွေ့ရသောအခါ သူတို့ပြောသော အဆင့်အတန်းမြင့်ဘဝအကြောင်းကိုကြားဖူးသော်လည်း သိပ်စိတ်မဝင်စားလှ ပေ။ အခုတော့ ဖြစ်နိုင်လျှင် ထိုအသိုင်းအဝိုင်းသို့ သွားရောက်ပြီး လေ့လာကြည့်ရှုချင်သော ခံစားချက်မျိုးခံစားနေရသည်။

"သွားကြစို့ မင်းအဖေနဲ့ အမေက မင်းကိုကာကွယ်ပေးမယ်။ ဒီဆေးသွားသောက်လိုက်" ဟု စွန်းရန်ရန်က  ကြောင်နေသော သူ့သားကို ပုတ်လျက် ပြောလိုက်သည်။

"ဟုတ်ကဲ့"

ရှီမာယူယူနှင့် တခြားသူများလည်း ငြိမ်းချမ်းခြင်းမြို့၏ မြို့တော်အုပ်ချုပ်ရေးမှူး နောက်ကိုလိုက်ကာ မြို့တော်သို့သွားကြလေသည်။ သူတို့ ပို့ဆောင်ရေးလမ်းကြောင်းကထွက်ထွက်ချင်းပင် ထူးဆန်းသော အရာကိုခံစားလိုက်မိပြီး လူတိုင်းက သူတို့ကို ထူးဆန်သောအကြည့်ဖြင့် ကြည့်နေသလို ခံစားလိုက်မိသည်။

"သူတို့က ဘာလို့ ငါတို့ကို အဲ့လိုကြည့်နေကြတာလဲ " ဟု ပြောရင်း ဖက်တီးကျူ က ဝူရန်ဖေဘေးသို့ကပ်လိုက် သည်။

"မသိဘူးဟ" ဟု ဝူရန်ဖေက အမှန်တိုင်းပြောလိုက်သည်။

"ငါတို့ နောက်ကလိုက်နေတဲ့ စွမ်းအားကြီးတဲ့ စူးစူးရှရှအကြည့်တွေရှိနေတယ်" ဟု ရှီမာယူယူက ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် ပြောလိုက်သည်။

"ငါတို့ဒီက အမြန်ဆုံးထွက်တာကောင်းလိမ့်မယ်" ဟု ဘေဂုံထန်ကပြောလိုက်သည်။

အားလုံးက ရန်သူကြီးကြီးမားမားနဲ့တွေ့တော့မည် ပုံပေါက်နေသည်။ ငြိမ်းချမ်းခြင်းမြို့၏ မြို့တော်အုပ်ချုပ်ရေးမှူး " အားလုံး မစိုးရိမ်ပါနဲ့။ မင်းတို့က ခြယ်လှယ်ခြင်းတပ်ကို ချေမှုန်းလိုက်တဲ့ သတင်းကပြန့်သွားတယ်လေ အဲ့တော့ အားလုံးက မင်းတို့ကို စိတ်ဝင်စားပြီးစပ်စုနေကြတာပါ အထူးသဖြင့် ဘုရင်ကြီးပေါ့။ အားလုံးက မင်းတို့ကို ဖျတ်ခနဲကြည့်ချင် နေကြတယ်ထင်ပါတယ်" ဟု ပြောလိုက်သည်။

မြို့တော်အုပ်ချုပ်ရေးမှူး ပြောတာကို ကြားသောအခါမှသာလျှင် သူတို့အားလုံး စိတ်အေးကြရသည်။ ထို့နောက် မြို့တော်အုပ်ချုပ်ရေးမှူးနှင့်အတူ ဝိညာဉ်သခင် ဂိုဏ်းသို့လိုက်ခဲ့လေသည်။

"ဧည့်သည်တွေကို ကြိုဆိုပါတယ်" ဟု တံခါးရှေ့၌ ရပ်နေသော မိန်းမလှလေးက ရှီမာယူယူတို့ကို ကိုယ်ညွှတ်၍ နှုတ်ဆက်လိုက်သည်။

"မင်းကဘယ်သူလဲ" ဟု ဖက်တီးကျူ က မိန်းမလှလေးကို ကြည့်ရင်းမေးလိုက်သည်။

"ဒီအစေခံလေးကို ဧည့်သည်တွေကို ဂရုစိုက်ဖို့ ဘုရင်ကြီးက တာဝန်ပေးထားလို့ပါ။" သူ့နာမည်က ယိုဂွမ်းပါ။ ယိုဂွမ်းသည်ပြုံးလျက် ပရောပရည်လုပ်နေသည်။ သူမ၏ ချစ်စရာကောင်းမှုကို ဘယ်သူမှ မတွန်းလှန်နိုင်ပါ။

"ငါတို့ဒီနေ့ရောက်မယ်ဆိုတာ ဘုရင်ကြီးက သိလို့လား" ဟု မြို့တော်အုပ်ချုပ်ရေးမှူး ယိုဂွမ်းကို မေးလိုက်သည်။

"အရှင်မင်းကြီးက မသိပါဘူး။ ဒါပေမဲ့ အရှင်က ကျွန်မကို ဒီမှာ စောင့်ကြည့်ရင်းနေခဲ့ဖို့ အမိန့်ပေးခဲ့လို့ပါ။ ရှင်တို့ရောက်လာရင် ကြိုဆိုပြီး နေရာချထားပေးဖို့ ကျွန်မက အရင်စောင့်နေတာပါ။ " ဟု ယိုဂွမ်းကပြန်ဖြေသည်။ ထို့နောက် မြို့ဝန်ဖက်သို့လှည့်ကာ " သခင်မြို့ဝန်ကြီးကို အရှင်မင်းကြီးက နန်းတွင်းကို ဝင်ပြီး စီစဉ်စရာရှိတာ စီစဉ်ရအောင် လာခဲ့ပါလို့ ပြောသွားပါတယ်" ဟု ပြောလိုက်သည်။

မြို့ဝန်သည် ပြုံးနေသော်လည်း မျက်ဝန်းများတွင် ဒေါသများ ဖြတ်ပြေးသွားသည်။ သို့သော်လည်း မြို့ဝန် သည် ဒေါသကို မြိုသိပ်ကာ လက်အုပ်ချီလျက် ရှီမာယူယူတို့ ဖက်ကိုလှည့်ကာ " အရှင်မင်းကြီးကိုယ်တိုင်က မင်းတို့ကို နေရာစီစဉ်ပေးထား တယ်ဆိုတော့ ငါတို့ဒီမှာပဲ လမ်းခွဲကြတာပေါ့။ ဂုဏ်ပြုထမင်း စားပွဲမှာ ပြန်တွေ့ကြမယ်" ဟု ပြောလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများသည် ထိုမြို့ဝန်ကို ကောင်းသောအမြင်မရှိခဲ့ပေ။ ထို့ကြောင့် သူမနာလို ဖြစ်နေသည်ကို မြင်ရသောအခါ စိတ်ထဲ၌ ကျိတ်၍ရယ်မိကြသည်။

သို့သော်လည်း သူသည် ဒုတိယအကြီးဆုံးမြို့၏ မြို့တော်ဝန်ဖြစ်သောကြောင့် သိသိသာသာ မရယ်ကြပေ။ သူတို့လည်း လက်အုပ်ချီလျက် မြို့ဝန်ကို နှုတ်ဆက်လိုက်ပြီး သူထွက်သွားသောအခါ အကျယ်ကြီး ရယ်မောမိလိုက်ကြသည်။

All Chapters