အပိုင်း(၂၁၁)-ညဘက် တိုက်ခိုက်ခြင်း
Vol. 003 Ch. 211
ယိုဂွမ်းသည်လည်း မြိုု့ဝန်အား နှစ်သက်ခြင်းမရှိခဲ့ပေ။ သူသည် အရည်အချင်းမရှိသော်လည်း ရှင်းမိုကြောင့်ပင် ဒုတိယအကြီးဆုံးမြို့တော်၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။
သူမသည် ရှီမာယူယူနှင့် တခြားသူများအား လက်ကို ယဉ်ကျေးသိမ်မွေ့စွာဝေ့ရမ်းလိုက်ပြီး ပြောလိုက်သည် “ဧည့်သည်တို့ ဒီကိုလာခဲ့ပါ”
လအနောက်ဘုရင်သည် ရှီမာယူယူနှင့် တခြားသူများအတွက် သီးသန့်ခြံဝန်းအား စီစဉ်ထားသည်။ ရေ အဆောင်တော်ဟု ခေါ်တွင်ပြီး အဆောင်တော်များတွင် အလှဆုံးဖြစ်သည်။
ထို့အပြင် တော်ဝန်နန်းတော်နှင့်လည်း နီးသည်။ နန်းတော်၏ အစိတ်အပိုင်းတစ်ဒေသဟုပင် ပြောလို့ရသည်။ နန်းတော်ဝန်းရံထားသည့် နေရာဖြစ်သည့်အတွက် ကိုယ်ရံတော် မထူထပ်ပေ။
“ဒီနေရာက တကယ်မဆိုးဘူးပဲ” ဖက်တီးကျူသည် လှပပြီး တသီးတခြားဖြစ်နေသည်ကိုကြည့်ကာ ဘုရင်ကြီးတွင် ထိုကဲ့သို့နေရာမျိုး ရှိနေမည်ကို ထင်မထားခဲ့ပေ။
ယိုဂွမ်းသည် ဟာစွန်အား ခိုးကြည့်ပြီး ပြောလိုက်သည် “ဘုရင်ကြီးကပြောထားပါတယ်၊ အသင်ဧည့်သည်တို့က အမြဲတမ်းတောင်တွေမှာ နေခဲ့တော့ ဆူညံသံကို မကြိုက်ပါဘူးတဲ့ ဒါကြောင့် သူဒီနေရာကို အသင်တို့အတွက် အထူးပြင်ဆင်ထားတာပါ”
“သခင်ဟာစွန် မင်းရှိနေတဲ့အတွက် ငါတို့အကျိုးခံစားရတာပဲ” ရှီမာယူယူသည် သူ၏ ဒေါသကို ကြောက်ရွံ့ ခြင်းမရှိဘဲ ရယ်မောကာ ဟာစွန်အား စနောက်လိုက်သည်။
ဟာစွန်သည် စကားမပြောပဲ သူမအား အေးစက်စွာကြည့်လိုက်သည်။
“မိန်းကလေး ယိုဂွမ်း ကျွန်တော်တို့ ဘုရင်ကြီးကို ဘယ်တော့တွေ့ရမလဲ” ဝေကျိရွှီ မေးလိုက်သည်။
“အဲဒါက ဧည့်သည်မင်း တို့အပေါ်မှာ မူတည်တယ်လို့ ဘုရင်ကြီးက ပြောထားပါတယ်၊ သူ့ကို တွေ့ချင်တဲ့ အချိန်သွားတွေ့လို့ရပါတယ်” ယိုဂွမ်းသည် အပြုံးဖြင့် ပြန်ဖြေသည်။
“ဒီနေ့တော့ နောက်ကျနေပြီ မနက်ဖြန်မှသွားကြတာပေါ့၊ ဟာစွန် ဘယ်လိုထင်လဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသဘောပဲလေ” ဟာစွန်သည် ထိုစကားလုံးသာ ပြောပြီး ပြန်တိတ်ဆိတ်သွားလေသည်။
“စမတ်ကျအောင် လုပ်နေသေးတယ်” ရှီမာယူယူသည် စိတ်ထဲတွင် ရေရွတ်ကာ ယိုဂွမ်းဘက်သို့ လှည့်ပြီး ပြောလိုက်သည် “ဒါဆို ကျွန်တော်တို့ ကိုယ်စားပြောပေးဖို့ မိန်းကလေး ယိုဂွမ်းကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“ဧည့်သည်တို့ ယဉ်ကျေးလွန်းနေပါပြီ” ယိုဂွမ်း ပြောလိုက်သည် “ဒီမိန်းကလေးက ဘုရင်ကြီးကို ဒီနေ့ ပြန်ပြောပေးပါမယ်”
သူမ အကဲခတ်ရသလောက်တော့ ဟာစွန်သည် စာချုပ်ချုပ်ထားသော ဝိညာဉ်သားရဲမဟုတ်သော်လည်း ရှီမာယူယူ စကားကို နားထောင်သည်။ ရှီမာယူယူ၏ အားများ အရမ်းမသန်မာသော်လည်း သူမ စိတ်အနှောင့်အယှက် ပေးလို့မရသည်မှာ သူတစ်ယောက်ပင်ဖြစ်သည်။
ယိုဂွမ်းသည် သူတို့ နေရေးထိုင်ရေးများကို စီမံပေးပြီး နန်းတွင်းသူများကို တာဝန်ချပြီးနောက် ထွက်သွားလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် ကိုယ်ပိုင် အိမ်များတွင် ကျင့်ကြံနေကြသည်။ တုလေးသည်ပင်လျှင် ကျင့်ကြံနိုင်ရန် ကြိုးစားနေလေသည်။
တခြားသူများသည် သူ့အား နှောင့်ယှက်မည်စိုးသဖြင့် ဘေဂုံထန်သည် သူနှင့် အတူကျင့်ကြံသည်။ တစ်စုံတစ်ခုဖြစ်ခဲ့ပါက သူမ သူ့အား ကာကွယ်နိုင်မည်။
လအနောက်ဘုရင်သည် သူတို့အား လောကဝတ် ကျေပွန်အောင် ဆက်ဆံနေသော်လည်း အခြေအနေ မှန်ကိုတော့ ဘယ်သူသိလိမ့်မလဲ။
နောက်နေ့ နေ့လည်တွင် ကျင့်ကြံနေသောသူများသည် ကျင့်ကြံသည့်အဆင့်မှ တဖြည်းဖြည်းနောက်ဆုတ်ပြီး အပြင်သို့ထွက်လာကြသည်။
“နည်းနည်း ဂနာမငြိမ်ဖြစ်နေသလိုခံစားရတယ်” ရှီမာယူယူသည် အေးစက်စွာရယ်ကာ တံခါးဖွင့်ပြီး ထွက်လိုက်သည်။
စံတင်ဝိညာဉ်ခြောက်ယောက်သည် အိမ်အပေါ်ရှိ လေပေါ်တွင် ရောက်နေကြကာ ရှီမာယူယူနှင့် တခြားသူတို့ တံခါးဖွင့်ကာ ထွက်လာကြသည်ကို မြင်လိုက်ရသည်။ သူတို့ရောက်ရှိနေသည်ကို မအံ့သြတော့ပေ။
“စံတင်ဝိညာဉ်ခြောက်ယောက်” ရှီမာယူယူသည် သူတို့အား မျက်ခုံးပင့်ကာ ပြောလိုက်သည် “ဒီစိတ်အထင်က တကယ်ထိရောက်တာပဲ”
“မင်းက ရှီမာယူယူဆိုတာ ဖြစ်ရမယ်” စံတင်ဝိညာဉ်တစ်ယောက်သည် သူမအားကြည့်ပြီး မေးလိုက်သည်။
ရှီမာယူယူသည် တံခါးအားမှီပြီး တုန်လှုပ်ခြင်းမရှိပေ။ သူမသည် ပြုံးပြီး ပြန်ဖြေသည် “မင်းတို့ ဒီထိတောင် ရောက်လာပြီပဲ မေးဖို့လိုသေးလို့လား”
သူမ၏ လှောင်ပြောင်မှုသည် စံတင်ဝိညာဉ်များကို ဒေါသထွက်စေသည်။
“မင်းတို့ပဲဖြစ်ရမယ်” စံတင်ဝိညာဉ်သည် ခုဏကစကားအား ထပ်ပြောသည် “မင်းတို့ကိုယ်ဘာသာ သတ်သေ မလား ဒါမှမဟုတ် ငါတို့က မင်းတို့ကို ပို့ပေးရမလား”
ဟာစွန်မှလွဲ၍ ထိုလူများသည် ထိုမျှလောက် အင်အားမကြီးသည်ကို ခံစားမိသည်။ အပျိုတော်မိုက စံတင်ဝိညာဉ် များကို လုပ်ဆောင်စေသည်ကို သူတို့မသိကြပေ။
ထို့အပြင် ထိုလူများသည် အခုမှ လူရှေ့သို့ ထွက်ခဲ့သည်၊ အပြင်မှ တီးတိုးပြောသံများကို ကြားရန် အချိန်မရှိခဲ့ပေ။ သူတို့သည် သူတို့၏ စံတင်ဝိညာဉ်ညီနောင်နှစ်ယောက်သည် ဟာစွန်လက်ချက်ကြောင့် သေခဲ့ဲခြင်းဖြစ်သည်ကို မသိခဲ့ပေ။
သူတို့သိခဲ့ပါက သူတို့အား အပျိုတော်မို နှစ်စဉ်ပေးနေကျ စားနပ်ရိက္ခာအား လက်လျော့ကာ ထိုညက တိုက်ပွဲကို ဝင်ပါမည်မဟုတ်ပေ။
“ငါမှန်းကြည့်မယ်၊ မင်းတို့ကို ရှင်းမိုကလွှတ်လိုက်တာလား၊ အဲတော်ဝင်အပျိုတော်က ငါတို့ကို မျက်စိဆံပင်မွှေး စူးနေတာ” ဝေကျိရွှီ ပြောလေသည်။
လအနောက်ဘုရင်သာဆိုပါက သူတို့အင်ပါယာမြို့တော် ဝင်သည်နှင့် လှုပ်ရှားလို့ရသည်။ စောင့်ပြီး အဲလူတွေကို လွှတ်ရန် မလိုအပ်ပေ။
ထို့အပြင် ထိုလူများအား သူ လွှတ်စရာအကြောင်းမရှိပေ။ သူတို့သည် ဟာစွန်အား အလိုကျဖြည့်ဆည်းရန်ပင် မလုံလောက်သေးပေ။
ထိုသက်သေသည် ကျားမြှီးဆွဲချင်သော တော်ဝင်အပျိုတော် ပြုလုပ်သည်မှာ သေချာနေသည်။
သို့သော် ထိုအကြောင်းအား လအနောက်ဘုရင်အား ဖားပြောနိုင်သည်။
ထိုသို့တွေးမိသည်နှင့် ရှီမာယူယူသည် ဟာစွန်အား ချက်ချင်း မလုပ်ဆောင်စေပေ။ သူမသည် အချိန်စောင့်ပြီးမှ လှုပ်ရှားရန် ပြောထားသည်။
“အစ်ကိုကြီး ကိုယ့်ဘာသာပဲလုပ်မယ် ဒီပုရွတ်ဆိတ်လို ပုရစ်လို အကောင်သေးသေးလေးတွေကို ဘာလို့ ရှင်းမိုက လူလွှတ်ပြီးရှင်းခိုင်းရတာလဲ၊ ရေးကြီးခွင်ကျယ်တွေလုပ်နေတာပဲ” စံတင်ဝိညာဉ် တစ်ယောက်သည် မကျေမနပ်ပြောလိုက်သည်။
“ဟုတ်တယ် ဒီကလေးတွေနဲ့ စားပြောမယ့်အစား ပြန်ပြီးကျင့်ကြံတာ ကောင်းမယ်၊ ကျွန်တော် မကြာခင်က အဆင့်တက်မယ့် အလင်းတန်းကို အာရုံရနေတယ်” စံတင်ဝိညာဉ်တစ်ယောက်ပြောလိုက်သည်။
ရှီမာယူယူသည် ပြုံးချင်စိတ်အား မြိုသိပ်ကာ ကောင်းကင်ရှိလူများကို အကြောင်းကြားလိုက်သည် “စံတင်ဝိညာဉ် လွိုင်နဲ့ ဟူက ဘာလို့သေတာလဲဆိုတာ အပျိုတော်မို ခင်ဗျားတို့ကို ပြောလိုက်လား”
“မင်းဘာပြောလိုက်တာလဲ” ထိုသတင်းအား ရုတ်တရက်ကြားလိုက်သော်အခါ ရှီမာယူယူသည် အချိန်ဆွဲရန် အဓိပ္ပာယ်မရှိသည်များကို ပြောသည်ဟု စံတင်ဝိညာဉ်သခင်များ ထင်လိုက်ကြသည်။
“ပြီးတော့ ခြယ်လှယ်ခြင်းစစ်တပ် အမျိုးပြုတ်သွားပြီဆိုတာ သူမ ခင်ဗျားတို့ကို ပြောလိုက်လား၊ အဲစံတင်ဝိညာဉ် သခင်နှစ်ယောက်က အဲအချိန်တုန်းက အသတ်ခံလိုက်ရတာပဲ” ရှီမာယူယူ ထပ်ပြောသည်။
“မဖြစ်နိုင်တာ”
“ငါတို့ညီအစ်ကိုတွေကို သတ်ရဲတာ ဘယ်သူလဲ”
“မင်းတို့အားလုံးလိမ်ရင် မင်းတို့ကို ငါတို့အမြစ်ဖြုတ်ပစ်မယ်”
သူတို့သည် သူတို့၏ ဝိညာဉ်ရောင်ဝါများကို ထုတ်လွှတ်သော်လည်း အိမ်တွင်ရပ်နေသော သူတို့သည် မဖြုံပေ။
ရှီမာယူယူ ရှေ့သို့လျှောက်လာကာ ပြောလိုက်သည် “ကျွန်တော်တို့ ဘယ်လိုလုပ်လိမ်မှာလဲ၊ ဘာလို့လဲဆိုတော့ သူတို့ကိုသတ်တဲ့ တစ်ယောက်က ဒီမှာရပ်နေလို့ပဲ”
“ဘယ်သူလဲ”
ရှီမာယူယူသည် ဟာစွန်အား ညွှန်ပြကာ ပြောလိုက်သည် “ခင်ဗျားတို့ အပျိုတော်မိုက ခင်ဗျားတို့ကို မပြောလိုက်တာ တစ်ခုရှိတယ်၊ သူက ရုပ်ပြောင်းရုပ်လွှဲတတ်တဲ့ အထွတ်အထိပ်မိစ္တာပဲ”
ထိုစကားကြားလိုက်ရသောအခါတွင် စံတင်ဝိညာဉ်သခင်များသည် တုန်လှုပ်သွားကြသည်။ ထိုသည်မှာ သူ၏ အင်အားကို သူတို့မခန့်မှန်းတတ်အောင်ပင်ဖြစ်သည်။
“အဲတော့ ကျွန်တော်ပြောတာက အပျိုတော်မိုက ခင်ဗျားတို့ရဲ့ အသက်ကို လုံးဝဂရုစိုက်တာမဟုတ်ဘူး၊ အခု သူမက ခင်ဗျားတို့ကို သေတွင်းပို့လိုက်တာပဲ” ရှီမာယူယူသည် ထိုစကားပြောသည်နှင့်အတူ သူတို့အတွက် စိတ်မကောင်းဘူးဆိုသည့် သဘောနှင့် ခေါင်းခါလေသည်။
ဟာစွန်သည် သူ၏ အထွတ်အထိပ်သားရဲရောင်ဝါ ထုတ်လွှတ်ခြင်းဖြင့် သူမအား ကူညီပေးလိုက်သည်။
“အထွတ်အထိပ်သားရဲ ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ”
“ငါတို့ တံခါးပိတ်ကျင့်ကြံတုန်း ဒီလိုတွေဖြစ်သွားတာလား”
“သူသာ အထွတ်အထိပ်သားရဲမှန်ရင် ငါတို့ ဒီမှာဘာလုပ်ရဦးမှာလဲ ပြေးကြ”
ထိုလူများသည် ပြဿနာဖြစ်သော အဆင့်အားရောက်ရှိနေကြပြီ။
သူတို့သည် အကြည့်ခြင်းဖလှယ်ကြကာ နောက်ပြန်ဆုတ်ပြီး ပြေးကြတော့သည်။ သို့သော် သူတို့ပြေးသည်မှာ အတားအဆီးကြားဖြစ်၍ ပြေးမရတော့ပေ။
“ခင်ဗျားတို့ရောက်လာမှတော့ စကားစမြည်ပြောဖို့နေဦးလေ”
ရှီမာယူယူ ပြောသည်နှင့်အတူ သူမသည် ဟိန်းသံထောင်ချီ၊ ငှက်လေးနှင့် ရာဟွောင်ကို ခေါ်လိုက် လေသည်။ ဝေကျိရွှီနှင့် တခြားသူများသည် သူတို့၏ အံ့ဖွယ်သားရဲများကို ခေါ်လိုက်ကြသည်။
“သူတို့အကုန်လုံးက အံ့ဖွယ်သားရဲတွေပဲ” အိမ်ရှေ့တွင် ရပ်နေကြသော ဝိညာဉ်သားရဲများ မြင်သောအခါ စံတင်ဝိညာဉ်သခင်များ ခေါင်းမွှေးထောင်သွားကြသည်။ အလယ်တွင် အထွတ်အထိပ်သားရဲရပ်နေသည်။
“ဟိန်းသံထောင်ချီ မင်းတို့ အကုန်လုံး သူတို့နဲ့ ကစားလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။
စံတင်ဝိညာဉ်သခင်နှင့် အဆင့်တူသော ဟိန်းသံထောင်ချီမှလွဲ၍ ရာဟွောင်၊ ငှက်လေးနှင့် တခြားကောင်များသည် အနည်းငယ်အားနည်းကာ ထိုစံတင်ဝိညာဉ်သခင်များနှင့် ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူတို့အား အားအနည်းငယ် ပေးရန် သူမသည် ဟာစွန်အားပြောလိုက်သောအခါ သူ့အားအနည်းငယ်ကို စီးဆင်းပေးသွားလိုက်သည်။ ထို့နောက်တွင် သူမသည် ငှက်လေးနှင့် တခြားသူများကို စံတင်ဝိညာဉ်သခင်များနှင့် လေ့ကျင့်စေသည်။
ပွဲမှာ လျင်မြန်စွာရောက်ရှိလာသည်။ ထိုစံတင်ဝိညာဉ်သခင်များသည် သူတို့အား တိုက်ခိုက်ရန် ဆုံးဖြတ်ထားခြင်း မရှိသော်လည်း သူတို့အား အခြေအနေမပေးပေ။ အညံ့ခံပါက အသက်ချမ်းသာရာရနိုင်သည်၊ သို့သော် အညံ့ခံခြင်းသည် အသက်ချမ်းသာရာ မရသည်လည်း ဖြစ်နိုင်သည်။
အိပ်ရာဝင်ရန် ပြင်ဆင်နေသော လအနောက်ဘုရင်သည် တိုက်ခိုက်သံများကြောင့် ကြက်သေသေ သွားကာ မေးလိုက်သည် “ဘာတွေ ဆူညံနေတာလဲ”
“ဘုရင်ကြီး တစ်ယောက်ယောက်က အထွတ်အထိတ်သားရဲကို ညဘက်တိုက်ခိုက်နေတာပါ”
ထိုဖြေကြားချက်သည် လအနောက်ဘုရင်အား အိပ်ရာပေါ်မှ ကျသွားစေသည်။ သူတို့ကို အလိုလိုက်အကြိုက်ဆောင်ထားတာတင် မလုံလောက်သေးတာ ဘယ်သူက သူတို့ကို ညဘက် တိုက်ခိုက်ရဲတာလဲ။