← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) - မြောက်ပိုင်းပင်လယ်မိစ္ဆာ၏ အသားကို မြည်းစမ်းခြင်း။

အကယ်၍ live လွှင့်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေပါက ဆာဗာ မှာ လုံးဝ ပျက်ကျသွားနိုင်ချေ ရှိနေသည်။

အသုံးပြုသူ အရေအတွက်မှာလည်း တဖြည်းဖြည်းချင်း မြင့်တက်နေဆဲပင်။

“သူဌေး... Anske ကုမ္ပဏီကို ဆက်သွယ်ပြီး ဆာဗာ အဆင့်မြှင့်တင်ဖို့ ပြောလိုက်ပါဦး။”

နည်းပညာပိုင်းဆိုင်ရာဒါရိုက်တာကထပ်မံသတိပေးလိုက်သည်။ ဤအတိုင်းသာ ဆက်သွားပြီး ဆာဗာ ပျက်ကျသွားပါက ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရပေလိမ့်မည်။

“သူ့ကို live ခဏပိတ်ဖို့ အရင်ပြောကြည့်လိုက်မယ်။ သူ offline ဖြစ်သွားရင် ဆာဗာ ပြသနာဖြစ်တာသက်သာသွားလိမ့်မယ်။ ညကျမှ Anske ကုမ္ပဏီက နည်းပညာရှင်တွေကိုအစည်းအဝေး ခေါ်ပြီး server အဆင့်မြှင့်ခိုင်းလိုက်မယ်။”

လုလင်းဟွာ သည်လည်း ဆာဗာ ပျက်ကျခြင်းက live အပေါ်အလွန်ဆိုးရွားသောထိရောက်မှုရှိကြောင်း နားလည်ထားသည်။ အကယ်၍ ပျက်ကျသွားပါက အတင်းအကျပ် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရမည်ဖြစ်ပြီး အဆင့်မြှင့်တင်ရန်အတွက် မနက်ဖြန်အထိ အချိန်ပေးရပေလိမ့်မည်။

အကယ်၍ မပျက်ကျသေးပါက လူကြည့်နည်းသော အချိန်ကို တွင်စိတ်ကြိုက် ပြုပြင်မြှင့်တင်နိုင်မည်ဖြစ်သည်။

လုလင်းဟွာက သဘောတူလိုက်သည်နှင့် ဝန်ထမ်းအများအပြားမှာ သက်ပြင်းချနိုင်ကြတော့သည်။ Live သာ ဆက်လွှင့်နေပါက တကယ်ပင် ပြသနာအကြီးကြီးတတ်တော့မည်ဖြစ်သည်။ ဆာဗာသာ ပြတ်သွားပါက ဝန်ထမ်းများမှာ တစ်ညလုံး မအိပ်ဘဲ အလုပ်လုပ်ကြရပေလိမ့်မည်။

လုလင်းဟွာက လုပေါင်ထံသို့ အမြန်ဖုန်းဆက်လိုက်သည်။

ဝေလငါးအုပ်စု၏ စောင့်ကြည့်မှုအောက်တွင် လုပေါင်သည် ပြည်ကြီးငါးအသားကို ခက်ခက်ခဲခဲ မျိုချနေရသည်။ ၎င်းမှာ အလွန်ရွံစရာကောင်းလှသည်။ ပင်လယ်ထဲက ဧရာမသားရဲကြီးများကသာ ဤကဲ့သို့ ရင့်နေသော ပြည်ကြီးငါးအသားကို စားနိုင်ပေလိမ့်မည်။

“ငါစားပြီးပြီ စားလိုက်ပြီနော်မင်းတို့ပဲဆက်စားကြတော့။ ကျေးဇူးအများကြီးတင်ပါတယ်။”

လုပေါင် နောက်တစ်ကိုက် ထပ်မကိုက်နိုင်တော့ချေ။ အရသာမှာ အလွန်ဆိုးလှသည်။

သူ့မျက်နှာမှာလည်း အလွန်ရှုံ့မဲ့နေတော့သည်။

“ဟူး... ဟူး...”

ဝေလငါးကြီးက လက်မလျှော့ဘဲ ၎င်း၏ဦးခေါင်းကြီးကို မြှောက်၍ လုပေါင်ကို ဆက်စားစေရန် ထပ်မံကြိုးစားသည်။ လုပေါင် တကယ်မစားတော့ကြောင်း သိလိုက်သောအခါမှ နားလည်သွားပုံရသည်။ ထို့နောက်တွင် ဝေလငါးကြီးသည်ပြည်ကြီးငါးကြီးကို စတင်မျိုချတော့သည်။

ပြည်ကြီးငါး၏ ဧရာမကိုယ်ထည်ကြီးမှာ ဝေလငါးကြီး၏ ပါးစပ်ထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။

“တကယ့်ကို အံ့ဩစရာပဲ။”

ကျန်းဟွိုင်ယွမ်နှင့် အခြားသူများမှာ ဖုန်းဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများကို အဆက်မပြတ် ရိုက်ကူးနေကြသည်။ ဤအရာမှာ အလွန်ပင် တန်ဖိုးကြီးသော မှတ်တမ်းများ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖားသလိပ်ဝေလငါးတစ်ကောင်က ဧရာမပြည်ကြီးငါးကို မည်သို့မျိုချသည်ကို မည်သူမျှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြသောကြောင့် ဖြစ်သည်။

ပင်လယ်ရေများနှင့်အတူ ပြည်ကြီးငါးကြီးမှာ ဝေလငါးဗိုက်ထဲသို့တစ်ဖြည်းဖြည်း ရောက်ရှိသွားတော့သည်။

ထိုစဉ် လုပေါင်၏ ဖုန်းမြည်လာသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဤတစ်ကြိမ်တွင် ဖုန်းကို ကိုယ်နှင့်မကွာ ယူဆောင်လာခဲ့သည်။ သို့မဟုတ်ပါက လုလင်းဟွာမှာ ဆာဗာ ပျက်ကျသွားသည်ကို လက်ပိုက်ကြည့်နေရုံသာ ရှိပေလိမ့်မည်။

“ရတနာနတ်ဘုရား... ကျွန်တော် လုလင်းဟွာပါ။ Live လွှင့်နေတာကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။ အခု live အခန်းထဲမှာ လူတွေ အရမ်းများနေလို့ ကျွန်တော့် ဆာဗာ တွေ အကန့်အသတ်ကို ရောက်နေပြီ။ ဒီနေ့အတွက် live ကို ဒီမှာတင် ရပ်နားပေးလို့ ရမလားခင်ဗျာ။မနက်ဖြန်မတိုင်ခင် server တွေကို အဆင့်မြှင့်တင်ထားလိုက်ပါ့မယ်။ အဆင်ပြေပါ့မလား။”

၅ သန်း ဖုန်းနှစ်လုံး သုံးလုံးဖြင့် ကြည့်သူများကို ဖယ်လိုက်လျှင်တောင်မှ ဤပမာဏမှာ နည်းသည်မဟုတ်။

နာမည်ကြီး streamer များပင်လျှင် live အခန်းထဲတွင် လူကြည့်နှုန်း သန်းနှင့်ချီ ပြနေသော်လည်း အမှန်တကယ် ဝင်ကြည့်သူမှာ နှစ်သောင်း သုံးသောင်းခန့်သာ ရှိတတ်ကြသည်။

လူတစ်ယောက်တည်း၏ live တွင် ဆာဗာ များကို ပျက်ကျလုနီးပါး ဖြစ်စေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

“ဟုတ်ကဲ့ကျွန်တော် နားလည်ပါပြီ။”

လုပေါင် အံ့ဩသွားမိသည်။ သူသည် live room ကို ပြန်ကြည့်လိုက်ရာ အွန်လိုင်းတွင် ကြည့်ရှုသူ ၁.၁ ဘီလီယံဟု ပြနေသည်ကို တွေ့ရသဖြင့် ရယ်မိသွားသည်။ ဒါက လူကြည့်နှုန်းကို ပြတာဆိုပေမဲ့ ကိန်းဂဏန်းကတော့ တကယ်ကို ချဲ့ကားလွန်းလှသည်။

ထို့အပြင် streamer အချို့၏ မျက်နှာကို ထောက်ထားသောအားဖြင့် အွန်လိုင်းတွင် ကြည့်ရှုသူအရေအတွက်ဟုသာ ဖော်ပြထားခြင်း ဖြစ်သည်။

Live အခန်းထဲရှိ လူအများအပြားမှာလည်း ဤပြဿနာကို သတိထားမိကြပြီး ကိန်းဂဏန်းမှာ မည်မျှအထိ အတုအယောင် ဖြစ်နေကြောင်း ဝိုင်းရယ်နေကြသည်။

“ရတနာနတ်ဘုရားကတော့ဆရာကြီး။နောက်ထပ် သန်းအနည်းငယ်လောက် ထပ်ပေါင်းလိုက်ရင် တရုတ်ပြည် တစ်ပြည်လုံး မင်း live ကို ကြည့်နေသလို ဖြစ်သွားတော့မယ်။ဆက်ကြိုးစားထားပါဦး။”

“ဟားဟားဟား... ဒါကတော့ ရယ်ရလွန်းတယ်။ အားလုံးပဲ ဝေလငါးလေးတွေကို ကြည့်တာ ခဏနားပြီး အခု အွန်လိုင်းကြည့်နေတဲ့သူ အရေအတွက်ကို ကြည့်လိုက်ဦး! ၁.၁ ဘီလီယံတဲ့။ဟားဟားဟား... Ocean live stream ကတော့ အတော်ဆုံးပဲဟေး။”

“ဘယ်သူက ရတနာနတ်ဘုရားကို ဖုန်းဆက်လိုက်တာလဲ။ကြည့်ဦး... သူတောင် ရယ်ချင်တာကို မအောင့်နိုင်တော့ဘူး။”

“၂၀၁၅ တုန်းက Esports ကစားသမားတစ်ယောက် live လွှင့်တော့ လူကြည့်နှုန်း ၁.၃ ဘီလီယံလို့ ပြခဲ့ဖူးတယ်။ နောက်မှ အင်တာဗျူးမှာ မေးကြည့်တော့ တကယ်ကြည့်သူက ၄ သိန်းကျော်ပဲ ရှိတာတဲ့။”

“ရတနာနတ်ဘုရားရဲ့ live မှာ အခု တကယ်ကြည့်နေသူက ၅ သိန်း ဒါမှမဟုတ် ၆ သိန်းလောက် ရှိမှာပေါ့။မှတ်ချက်‌‌တွေ တက်နေတာ မြန်လွန်းလို့ ဖတ်လို့တောင် မရတော့ဘူး။”

Live လောကကို သိသူများက နားလည်ကြသော်လည်း မသိသူများအဖို့မူ ဤကိန်းဂဏန်းကို မြင်ပြီး ဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်မည်နည်း။

“သူ live လွှင့်နေတုန်းပဲလား။ငါကြည့်နေတာ ကြာပြီ။သူ ဘာကိရိယာ သုံးပြီး လွှင့်နေသလဲဆိုတာ ရှာမတွေ့သေးဘူး။”

ပင်လယ်ပြင်သက်ရှိများကာကွယ်စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သူ့သူငယ်ချင်းကို တိုးတိုးလေး ကပ်မေးလိုက်သည်။

“ငါလည်း မမြင်မိဘူး။ သူ live ပိတ်လိုက်ပြီ ထင်နေတာ။”

ဤလူများမှာ စပ်စုချင်နေကြသည်။လုပေါင်၏ live လွှင့်သည့် ကိရိယာကို လုံးဝ ရှာမတွေ့ကြချေ။

ထိုစကားများမှာ လုပေါင်၏ နားထဲသို့ ရောက်သွားသဖြင့် သူ လန့်သွားမိသည်။ သူ ဤအချက်ကို လုံးဝ မေ့နေခဲ့သည်မဟုတ်ပါလား။

“ရုပ်ပိုင်းဆိုင်ရာ အခြေအနေသို့ ပြောင်းလဲပါ။”

လုပေါင်သည် စူပါ live eyesကို မမြင်ရသော အခြေအနေမှ မြင်ရသော အခြေအနေသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ ငွေရောင် ဘောလုံးလေးတစ်ခု ထွက်ပေါ်လာပြီး သူ့နောက်တွင် ဝဲပျံနေတော့သည်။

“ဘောလုံးလေးတစ်လုံးပါလား။”

“သေးသေးလေးပဲ ဒါက ဘယ်လို အဆင့်မြင့် နည်းပညာပစ္စည်းလဲ။”

“သူ့ဘာသာသူ အလိုအလျောက် လိုက်နိုင်တယ်နော်။ ဈေးကြီးမှာ သေချာတယ်။”

“စောစောက မတွေ့မိပါဘူး။”

လုပေါင်သည် ပတ်ဝန်းကျင်မှ လူများ၏ ပြောဆိုချက်များကို လျစ်လျူရှုထားလိုက်သည်။ သူတို့ဘာသာသူတို့ ခန့်မှန်းကြပါစေ။

သူသည် ဖုန်းချလိုက်ပြီး live ကို ပိတ်ရန် ပြင်လိုက်သည်။

“အားလုံးပဲခင်ဗျာ။”

“ကယ်ဆယ်ရေးအဖွဲ့ ပင်လယ်ပြင်သက်ရှိများ ကာကွယ်စောင့်ရှောက်ရေးအသင်းနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ကြိုးပမ်းမှုကြောင့် ဖားသလိပ်ဝေလငါးအုပ်စု တစ်ခုလုံးဟာ ခရုကပ်တွေရဲ့ နှိပ်စက်မှုကနေ အောင်မြင်စွာ လွတ်မြောက်သွားပါပြီ။ ခုနကတင် မြင်လိုက်တဲ့အတိုင်း ဝေလငါးကြီးက လက်ဆောင်ကြီးတစ်ခုကိုလည်း ယူလာပေးခဲ့ပါတယ်။ သူတို့လည်း အချိန်အတော်ကြာ ဗိုက်ဆာနေကြပြီဖြစ်လို့ ဝေလငါးကြီးတွေ အေးအေးဆေးဆေး အစာသွားရှာနိုင်ဖို့ ဒီနေ့အတွက် live ကို ဒီမှာတင် ရပ်နားလိုက်ပါ့မယ်။ အားပေးကြတဲ့ မိသားစုဝင်အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။နောက်ထပ် live တွေကို မလွတ်စေဖို့အတွက် streamer ကို follow လုပ်ထားနိုင်ပါတယ်။”

“Live ပြီးပါပြီ။ နှုတ်ဆက်ပါတယ်ခင်ဗျာ။”

လုပေါင်က လက်ပြနှုတ်ဆက်ပြီး live ကို ပိတ်လိုက်သည်။

စူပါ live eyes ကို ပိတ်ပြီးနောက် သူ သိမ်းဆည်းလိုက်သည်။ ဒီနေ့ live ကတော့ တကယ်ကို ကောင်းလှသည်။ အထူးသဖြင့် ဝေလငါးကြီးက ဧရာမပြည်ကြီးငါးကို လက်ဆောင်ပေးသည့် မြင်ကွင်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ဒဏ္ဍာရီလာ မြောက်ပင်လယ်မိစ္ဆာ ကိုလည်း ပထမဆုံးအကြိမ်အဖြစ် လူတွေရဲ့ ရှေ့မှောက်မှာ အသက်ရှင်လျက် မြင်တွေ့ခွင့် ရရှိခဲ့ကြသည်။

Live ပြီးသွားသည်နှင့် ocean Live stream မှ ဝန်ထမ်းအများအပြား သက်ပြင်းချနိုင်ကြတော့သည်။ တကယ့်ကို ရန်ခုန်စရာ ကောင်းလှသည်။

လုလင်းဟွာက ဦးဆောင်၍ လက်ခုပ်တီးလိုက်ရာ မကြာမီ လက်ခုပ်သံများမှာ ပြင်းထန်လာပြီး အောင်ပွဲခံသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

Live offline ဖြစ်သွားသည်နှင့် လူကြည့်နှုန်းမှာ သိသိသာသာ ကျဆင်းသွားတော့သည်။ ဆာဗာ ၏ သတိပေးချက်မှာ အနီရောင်မှ အဝါရောင်သို့ ပြောင်းလဲသွားသည်။ ဆာဗာ ပျက်ကျမည့် ဘေးအန္တရာယ်ကို ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်သည်။

“အားလုံးပဲ အရမ်းကိုတော်ကြပါတယ်။”

လုလင်းဟွာမှာ အလွန်ပင် ဝမ်းသာနေသည်။ သူ အောင်မြင်ခဲ့ပြီ။ အကယ်၍ ocean Live stream သာ ဤအခြေအနေကို ဆက်ထိန်းထားနိုင်မည်ဆိုလျှင် မည်သူမျှ သူ့နေရာကို လှုပ်ခါနိုင်မည် မဟုတ်ပေ။

Ocean live stream ထက် အဆင့်သာနေသော ပလက်ဖောင်းအချို့မှာလည်း နောက်လ စာရင်းဇယားများအရ ocean Live stream ၏ အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။ လုပေါင်သာ ပင်လယ်ပြင် Live မှာ ရှိနေသရွေ့တော့ ဘာမှ စိတ်ပူစရာ မရှိချေ။

အချို့က ပျော်နေကြသော်လည်း အချို့ကမူ စိတ်ပူနေကြသည်။ အခြားသော live ပလက်ဖောင်းများမှာ လူကြည့်နှုန်းများ သိသိသာသာ ကျဆင်းသွားပြီး အားလုံးမှာ ocean Live stream ဆီသို့ ရောက်သွားကြသောကြောင့် ဖြစ်သည်။

“ရတနာနတ်ဘုရားကို ရှာ ဘယ်လောက်ကုန်ကုန် သူ့ကို ငါတို့ဘက်ပါအောင် ခေါ်ခဲ့။”

“ရတနာနတ်ဘုရားရဲ့ live တွေကို ဘယ်သူမှ အတုမယူနိုင်ဘူး။ကျော်တက်လို့လည်း မရဘူး။ သူ့ကို ရှာတွေ့အောင်ရှာပြီး ငါတို့ဆီကို ခေါ်ရမယ်။”

“လုလင်းဟွာက ဘယ်လိုတောင် ကံကောင်းရတာလဲ။အဲဒီတုန်းက သူ့ကို ဘယ်လိုနည်းနဲ့မဆို နင်းခြေပစ်ခဲ့သင့်တာ။”

အဓိက live ပလက်ဖောင်းကြီးများမှာ ပို၍ပင် စိုးရိမ်လာကြသည်။ လုပေါင်၏ ဒီနေ့ live သည် live stream လောကတစ်ခုလုံးကို လှုပ်ခါသွားစေသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ပင်လယ်ပြင် Live အနေဖြင့် ဒီနေ့ အသုံးပြုသူအသစ် ဘယ်လောက်တောင် ရရှိသွားသနည်း ဆိုသည်ကို ကြားသိလိုက်ရသောအခါ သူတို့ ငြိမ်မနေနိုင်ကြတော့ချေ။

ဒီလို live မျိုး နောက်ထပ် အနည်းငယ်လောက်သာ ရှိခဲ့လျှင် မည်သူက တောင့်ခံနိုင်မည်နည်း။

အဆိုးဆုံးမှာ သူတို့၏ ထိပ်တန်းနေရာမှ ပြုတ်ကျသွားနိုင်သည့် အခြေအနေပင် ဖြစ်တော့သည်။

အခန်း (၂၈) - သမုဒ္ဒရာထဲက ကျောက်မျက်ရတနာတောင်တန်း

Ansk နည်းပညာကုမ္ပဏီသည် အလွန်နာမည်ကြီးလှသည်။ ကမ္ဘာ့ live လွှင့်ခြင်း ပလက်ဖောင်းအများအပြား၏ ဆာဗာ များမှာ ၎င်းတို့ထံမှ လာခြင်းဖြစ်ပြီး ocean Live stream လည်း အပါအဝင်ဖြစ်သည်။

လုလင်းဟွာထံမှ သတင်းစကားကို လက်ခံရရှိသောအခါ ၎င်းတို့ အနည်းငယ် ထိတ်လန့်သွားကြသည်။

သို့သော်လည်း လူကြည့်နှုန်း အသင့်အတင့်သာရှိသော live ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသောအခါ ၎င်းတို့၏ ပထမဆုံး တွေးမိသည်မှာ တစ်ဖက်လူသည် အခမဲ့ အဆင့်မြှင့်တင်မှုရရန် ကြိုးစားနေခြင်းသာ ဖြစ်လိမ့်မည်ဟူ၍ပင်။ ဆာဗာ တွေ ပျက်ကျတော့ခြင်း လိုင်းတွေ လေးနေခြင်းများသည် မဖြစ်နိုင်ပေ။

တရုတ်နိုင်ငံ၏ အကြီးဆုံး live ပလက်ဖောင်းပင်လျှင် 02 version ကို အသုံးပြုနေခြင်းဖြစ်သည်။ ထို version သည် တစ်ချိန်တည်းတွင် တကယ့်အသုံးပြုသူ၅ သန်းကို ကောင်းကောင်း တောင့်ခံနိုင်သည်။

လူ ၅ သန်းဆိုသည်မှာ ဘယ်လောက်တောင် များသနည်း။

မနက်ခင်းတွင် ၎င်းတို့ ချက်ချင်းပင် အစည်းအဝေး ခေါ်ယူလိုက်ကြသည်။

“တောက်... တရုတ်လူမျိုးတွေကတော့ ကြွားရတာ သိပ်ဝါသနာပါတာပဲ။ လိုင်းလေးတာတို့ ဆာဗာ ပျက်ကျတော့မယ်ဆိုတာတို့က ငါတို့ဆီကနေ အလကား အဆင့်မြှင့်ခိုင်းချင်လို့ ပြောတာပဲ ဖြစ်ရမယ်။”

“ငါတို့ရဲ့ သဘောတူညီချက်အရ ဆာဗာ တစ်ခါ အဆင့်မြှင့်တိုင်း အမေရိကန်ဒေါ်လာ ၅ သိန်း ပေးရမှာလေ။ သူတို့က အဲဒီပိုက်ဆံကို မပေးချင်တော့ ငါတို့ ဆာဗာ တွေ မကောင်းဘူးလို့ အပြစ်ပုံချနေတာပေါ့။ ရယ်စရာပဲ ဘယ်နိုင်ငံက live ပလက်ဖောင်းမှာ အဲဒီလောက် လူအများကြီး ရှိနေလို့လဲ။”

“ငါတို့ဆီမှာ အခု 03 နဲ့ 04 version တွေ ရှိနေပြီဆိုပေမဲ့ သူတို့ပြောတိုင်းတော့ အလကား အဆင့်မြှင့်ပေးလို့ မရဘူးလေ။”

Ansker သည် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်အများစုမှာ နည်းပညာ လောက၏ထိပ်သီးများ ဖြစ်ကြရာ တစ်ယောက်ထက်တစ်ယောက်ကမာနကြီးကြသည်။ ၎င်းတို့၏ ဆာဗာ က လူကြည့်နှုန်းကို မတောင့်ခံနိုင်ဘူးဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ဟု ယူဆကြသည်။

ထို့အပြင် ၎င်းသည် ထိပ်တန်းပလက်ဖောင်းတစ်ခုပင် မဟုတ်ချေ။ အကယ်၍ လူကြည့်နှုန်း ထိုမျှအထိ မြင့်မားနေပါက အခြားပလက်ဖောင်းများကို ကျော်တက်သွားမည် မဟုတ်ပါလား။ဖြစ်နိုင်သည်မှာ သူတို့၏ နည်းပညာရှင်များက အပျော်တမ်းအဆင့်သာ ရှိနေခြင်းကြောင့် ဖြစ်လိမ့်မည်။

“ကျွန်တော်တို့ဘက်က စစ်ဆေးကြည့်တော့ တကယ်ပဲ ပုံမှန်မဟုတ်တဲ့ ဝန်ပိမှုတွေရှိနေတာ တွေ့ရတယ်။ ဒါပေမဲ့ ဒါက ဆာဗာ ပြဿနာပဲ ဖြစ်ရမယ်။ ဒီအရင်းရှင်တွေက အမြတ်ပဲ ကြည့်ကြတော့ ဆာဗာ ကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတောင် လုပ်ပုံမရဘူး။

ဟက်ဒ်လေက စားပွဲကို ခေါက်လျက်

“အန်နာဘဲလ် မင်း အဲဒီကို သွားလိုက်ပါ။ အကယ်၍ ငါတို့ဘက်က ပြဿနာဆိုရင်တော့ အခမဲ့ ပြုပြင်ပြီး အဆင့်မြှင့်ပေးလိုက်မယ်။ အကယ်၍ ငါတို့ဘက်က ပြဿနာမဟုတ်ရင်တော့ တစ်ပြားတစ်ချပ်မှ လျှော့ပေးစရာ မလိုဘူး။”

၎င်းတို့ဘက်မှ စစ်ဆေးချက်များအရ ပြဿနာအချို့ ရှိနေသည်မှာတော့ အမှန်ပင်သို့သော်လည်း ဆာဗာ ပျက်ကျလောက်အောင်အထိ လူကြည့်နှုန်း မြင့်တက်နေသည်ဆိုသည်ကိုတော့ သူ မယုံကြည်ပေ။

အန်နာဘဲလ်သည် ဆံပင်ရွှေရောင်နှင့် ပြာလဲ့သော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လှပသော အနောက်တိုင်းသူလေး တစ်ဦးဖြစ်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် လူတိုင်း၏ အကြည့်ကို မရည်ရွယ်ဘဲ ဖမ်းစားထားလေ့ရှိသည်။

“ကောင်းပါပြီ ဒါပေမဲ့ ကျွန်မ အဲဒီမှာ နောက်ထပ် လဝက်လောက်တော့ ပိုနေချင်ပါတယ်။”

အန်နာဘဲလ်ကဟက်ဒ်လေကို သူမ၏ ညှို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တရုတ်ပြည်က ခရီးသွားလုပ်ငန်းက မင်းထင်သလောက် မကောင်းပါဘူး။ အချိန်တစ်ပတ်ပဲ ပေးမယ်။”

“သဘောတူပါတယ်။”

Ansker သည် လုလင်းဟွာထံသို့ ချက်ချင်း အကြောင်းပြန်လိုက်သည်။အကယ်၍ ၎င်းတို့၏ ဆာဗာ ပြဿနာဖြစ်ပါက အခမဲ့ အဆင့်မြှင့်တင်ပေးမည့်အပြင် ၎င်းတို့၏ နောက်ဆုံးပေါ် နည်းပညာများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပြီး နောင်တွင်လည်း အမြဲတမ်း အခမဲ့ အဆင့်မြှင့်တင်ပေးရန် ကတိပြုခဲ့သည်။သို့သော် အကယ်၍ ပြဿနာမှာ ocean Live stream ဘက်မှ ဖြစ်နေပါက အမေရိကန်ဒေါ်လာ ၅ သိန်း ပေးဆောင်ရမည့်အပြင် Ansker မှ လာရောက်သော ဝန်ထမ်းများအတွက် အစားအသောက် အဝတ်အထည် နေထိုင်ရေးနှင့် ခရီးစရိတ်အားလုံးကို အကုန်အကျခံရမည်ဖြစ်ပြီး တည်းခိုခန်းမှာ ကြယ်ငါးပွင့်ဟိုတယ် ဖြစ်ရမည်။

“တောက် ဘာတွေလာပြောနေတာလဲ။”

လူလင်းဟွာသည် Ansker နည်းပညာကုမ္ပဏီအပေါ် အစကတည်းကအမြင်မကြည်ဖြစ်နေခဲ့သည်။ ပိုက်ဆံလည်း ပေးရသေးသည်။မျက်နှာချိုလည်း သွေးရသေးသည်။ ယခုမူ သူတို့၏ ဆာဗာ များက လူကြည့်နှုန်းကို မတောင့်ခံနိုင်သည်ကိုပင် သူ့ကို လိမ်လည်သူတစ်ဦးကဲ့သို့ ဆက်ဆံနေကြသည် မဟုတ်ပါလား

လုလင်းဟွာသည် ဒေါသတကြီးဖြင့် တိုက်ရိုက် သဘောတူလိုက်သည်။ သဘောတူပြီးနောက်တွင်မူ သူ အနည်းငယ် စိုးရိမ်လာသည်။ အကယ်၍ အချိန်တန်မှ လူကြည့်နှုန်းက မရှိဘဲ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

သို့သော် လုပေါင်ကို သတိရသွားပြီးနောက် သူသည် လုပေါင်ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။

လုလင်းဟွာက အခြေအနေအားလုံးကို ဘာမှမဖုံးကွယ်ဘဲ ရှင်းပြသောအခါ လုပေါင်မှာ စိတ်ဓာတ်ကျမည့်အစား ပို၍ တက်ကြွလာတော့သည်။ သူလုပ်ရမည့်အလုပ်မှာ စိတ်လှုပ်ရှားဖွယ် live တစ်ခုကို ပြသရန်သာ ဖြစ်ပြီး ကျန်တာကိုမူ လုလင်းဟွာနှင့် ၎င်းတို့၏ လုပ်ငန်ဝန်ထမ်းအဖွဲ့က တာဝန်ယူရမည်ဖြစ်သည်။

လုပေါင် သဘောတူလိုက်သည်။ သူ့တွင် တစ်ရက်သာ အချိန်ရသဖြင့် စိတ်လှုပ်ရှားဖွယ် live ခေါင်းစဉ်တစ်ခုကို ရှာဖွေရန် လိုအပ်သည်။

“နှင်းလုံးလေးငါတို့ ဘာလုပ်ကြရင်ကောင်းမလဲ။”

လုပေါင်သည်ကုတင်ပေါ်တွင် လှဲလျက် နားနားတွင် နားနေသော ကြက်တူရွေးကြီးကို လက်ဖြင့် တို့ထိရင်း စဉ်းစားနေမိသည်။

“ဂူး...”

နှင်းလုံးလေးက သူ့ကို ပြန်ဆိတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ကွေးကွေးလေး လှဲကာ ပြန်အိပ်ပျော်သွားတော့သည်။

အောက်ဘက်တွင် လှဲနေသော ဒါပေါင် ကလည်း သူ့ကို ခေါ်သည်မှတ်၍ ချက်ချင်း ခေါင်းထောင်ကြည့်သော်လည်း မဟုတ်ကြောင်း သိရသဖြင့် ပြန်လှဲနေလိုက်တော့သည်။

“ဒါပေါင်ကို ဝံပုလွေဂူထဲ ခေါ်သွားပြီး မိတ်လိုက်တာကို live လွှင့်ရမလား။”

ဒါမှမဟုတ် ရွှေရောင်ကျားကြီးရဲ့ ဂူထဲကို ကိုယ်တိုင်သွားပြီး ကျားကို ထပ်ပွတ်ရမလား။ဒါမှမဟုတ် မျောက်ဘုရင်ကြီးဆီ သွားပြီး လက်ဝှေ့ ဆက်ကျင့်ရမလား။

ဘယ်အရာက အစိတ်ဝင်စားဆုံး ဖြစ်မလဲ။

ရုတ်တရက် သူသည် စာအုပ်စင်ပေါ်တွင် တင်ထားသော ရွှေတုံးနှင့် မျောက်ဝိုင်ဘူးကို မြင်လိုက်ရသောအခါ အတွေးတစ်ခု ရသွားသည်။ရတနာရှာဖွေရန်ဖြစ်သည်။

လူတိုင်းတွင် အဖိုးတန်ပစ္စည်းရှာ လိုသော စိတ်ဆန္ဒ ရှိကြပြီး ရတနာရှာရန် အကောင်းဆုံးနေရာမှာ သမုဒ္ဒရာကြမ်းပြင်ပင် ဖြစ်သည်။ ထိုနေရာမှာ မှောင်အတိကျနေသော်လည်း စူပါ live ကင်မရာက အလွန်ကြည်လင်စွာ မြင်ရအောင် လုပ်ပေးနိုင်သည်။

ပင်လယ်ကြမ်းပြင်မှာ သင့်တော်တဲ့ live လွှင့်မယ့်နေရာတစ်ခုကို သေချာရှာမှ ဖြစ်တော့မယ်။

ညဉ့်နက်သောအခါတွင် တိမ်တိုက်များက လမင်းကို ဖုံးအုပ်ထားသည်။

လုပေါင်သည် ကုတင်ပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေသည်။

“ဂူး...”

နှင်းလုံးလေးမှာ လုပေါင်ကြောင့် ခဏခဏ နိုးနေသဖြင့် စိတ်တိုကာ သူ့ကို အချက်အနည်းငယ် ဆိတ်လိုက်ပြီးနောက် ကုတင်အစွန်းဘက်သို့ တိုး၍ ဆက်အိပ်တော့သည်။

“အိပ်လို့မရဘူး။ ပင်လယ်ကြမ်းပြင်မှာ ရတနာသွားရှာမှပဲ။”

လုပေါင်သည် တကယ်ပင် အိပ်မပျော်နိုင်တော့ချေ။ သူသည် အဝတ်အစားများကို တိတ်တဆိတ် ဝတ်လိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ ခုန်ထွက်ခဲ့ပြီး ညမှောင်မှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

ညဘက်တွင် သမုဒ္ဒရာ၏ ဖိအားများကာ အလွန်များနေပြီး လှိုင်းလုံးများကလည်း ပြင်းထန်နေသည်။ တစ်ခါတစ်ရံတွင် လရောင် အနည်းငယ် ကျလာတတ်သော်လည်း မကြာမီမှာပင် တိမ်တိုက်များက ပြန်လည်ဖုံးအုပ်သွားတတ်သည်။

သို့သော်လည်း သူ၏ အမြင်အာရုံမှာ အံ့ဩစရာကောင်းလှပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

ပင်လယ်ထဲသို့ ရောက်သည်နှင့် သူ၏ ပင်လယ်ဘုရင် ခန္ဓာကိုယ် မှာ ချက်ချင်း နိုးကြားလာသည်။ လုပေါင်သည် မျက်လုံးများကို အသာအယာ မှိတ်ထားပြီး သမုဒ္ဒရာ၏ အေးချမ်းမှုကို ခံစားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပင်လယ်ရေထဲတွင် အသက်ရှူနိုင်နေသကဲ့သို့ပင်ဖြစ်နေသည်။

“နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်း ရှာတွေ့ရင်တော့ အကောင်းဆုံးပဲ။”

လုပေါင်သည် ရေအောက် ရတနာရှာဖွေမှုကို စတင်လိုက်သည်ာ

Live တစ်ခုကို ပရိသတ်တွေ အသည်းအသန် အားပေးလာအောင် လုပ်ဖို့ဆိုရင် ရတနာရှာတာထက် ကောင်းတာ ဘာရှိဦးမလဲ။

ကျောက်တန်းတွေ သန္တာကျောက်တန်းတွေပင်လယ်မျှော့တွေ အဘလုံတွေ ငါးတွေ့ကမာတွေ... ဒါတွေ တစ်ခုမှ လုပေါင်ကို စိတ်ကျေနပ်မှု မပေးနိုင်ပေ။ သူရှာနေသည်မှာ လူတိုင်းကို စိတ်လှုပ်ရှားသွားစေမည့် ဧရာမရတနာကြီး အနည်းဆုံးတော့ မြင်ရုံနဲ့တင် အံ့ဩသွားစေမယ့် အရာမျိုး ဖြစ်သည်။”

မီတာ ၂၀၀... မီတာ ၃၀၀... အချိန်များ ကုန်ဆုံးလာသည်။ ပင်လယ်ဘုရင် ခန္ဓာကိုယ်၏ အစွမ်းကြောင့် လုပေါင်သည် ပင်လယ်ထဲတွင် လွတ်လပ်စွာ ဆော့ကစားနေသော ငါးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။

“ပင်လယ်ကြမ်းပြင်မှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိနေရမှာ မဟုတ်ဘူးလား “

နာရီဝက်ခန့် ရှာဖွေပြီးနောက်တွင် လုပေါင်သည် ဘာမှ ရှာမတွေ့သေးပေ။

သူသည် ပင်လယ်ကြမ်းပြင် မီတာ တစ်ထောင်ခန့်အထိ ရောက်ရှိနေသော်လည်း လက်ဗလာသာ ဖြစ်နေသည်။ ထိုအစား ထူးဆန်းပြီး အရုပ်ဆိုးသော ပင်လယ်သတ္တဝါအချို့ကိုသာ တွေ့ရ၍ သူက လှည့်ပင်မကြည့်ဘဲ လျစ်လျူရှုထားလိုက်သည်။

သမုဒ္ဒရာထဲတွင် သူသည် ဟိုဘက်ဒီဘက် ကင်းလှည့်သကဲ့သို့ လိုက်ရှာနေသည်။

ရုတ်တရက် သူ၏ အမြင်အာရုံထဲတွင် တလက်လက် တောက်ပနေသော အပြာရောင် အမှတ်အသား များပေါ်လာသည်။ ယခင်ကလည်း ထိုကဲ့သို့ အလင်းတန်းများကို တွေ့ဖူးသော်လည်း ၎င်းတို့မှာ ပင်လယ်သတ္တဝါများ၏ သားကောင်ဖမ်းသည့် နည်းဗျူဟာများသာ ဖြစ်တတ်ကြသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဤအရာများသည် အဖိုးတန်အရာများ ဖြစ်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

“ချောက်ကမ်းပါး တစ်ခုလား။”

သူ အနားသို့ တိုးသွားသောအခါမှ ဤအရာသည် အမှန်တကယ်တော့ ပင်လယ်အောက်ခြေရှိ ရေလက်ကြားတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျဉ်းသော နေရာများမှာ တစ်မီတာ နှစ်မီတာခန့်သာ ရှိပြီး ကျယ်သော နေရာများမှာ ၁၀ မီတာကျော်အထိ ရှိသည်။ လုပေါင် ထိုနေရာသို့ ရောက်သွားသောအခါ မျက်စိရှေ့က မြင်ကွင်းကြောင့် မှင်သက်သွားရတော့သည်။

“ဘုရားရေ..”

ပင်လယ်နက် ကျောက်ဆောင်တန်းကြီး တစ်ခုဖြစ်ပြီး ထိုကျောက်ဆောင်များကြားတွင် ကျောက်မျက်ရတနာများက ဆွဲဆောင်မှုရှိသော အရောင်အသွေးများဖြင့် တောက်ပနေကြသည်။အချို့မှာ တောက်ပသော အပြာရောင် အချို့မှာ မှိန်ပျပျ အပြာရောင်များ ဖြစ်ကြသည်။

“ကျောက်မျက်ရတနာတွေလား။ဒါမှမဟုတ် သလင်းကျောက်တွေလား။”

လုပေါင်သည် ထိုရေလက်ကြားထဲသို့ အမြန်တိုးဝင်သွားပြီး တလက်လက် တောက်ပနေသော ကျောက်တုံးတစ်ခု၏ အနားသို့ ချဉ်းကပ်လိုက်သည်။

“ဒါက... နီလာလား။”

All Chapters