← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉) - မြပြာနှင့် ရှေးဟောင်းသင်္ဘောပျက်ကြီး။

တကယ့်ချမ်းသာသော သူဌေးသားပီပီ လုပေါင်သည် အမြင်ကျယ်သူတစ်ဦးဖြစ်သည်။ သူသည် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည် ဤအရာမှာ ဘယ်ရယ်လ်မျိုးနွယ်ဝင် အပြာရောင်ဝိညာဉ်ဟု တင်စားကြသော မြပြာ ပင် ဖြစ်သည်။

မြပြာ သည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် ကျောက်မျက်ရတနာတစ်ခုဖြစ်ပြီး ရေသူမ၏ ကျောက်မျက်သို့မဟုတ် အချစ်၏ ကျောက်မျက်ဟုလည်း လူသိများသည်။

ယခု မြင်တွေ့နေရသည်မှာ ကျောက်ရိုင်းတုံးများ ဖြစ်သော်လည်း တောက်ပသော ကောင်းကင်ပြာရောင် ရှိနေပြီး အလွန်ကြည်လင်ကာ ရင်သပ်ရှုမောဖွယ် လှပနေသည်။

သို့သော် ယေဘုယျအားဖြင့် ၎င်း၏ဈေးနှုန်းမှာ အလွန်အမင်း မကြီးလှပေ။ ထိပ်တန်းအဆင့်မဟုတ်ပါက သာမန်မြပြာဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာတစ်ခုကို ငွေရာဂဏန်းဖြင့်သာဝယ်ယူနိုင်သည်။ သို့သော် ဤနေရာ၌မူ မြပြာကြောတစ်ခုလုံး ဖြစ်နေခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် အပြင်သို့ ထွက်ပေါ်နေသော ကျောက်တုံးပေါင်း ဆယ်ဂဏန်းခန့် ရှိပြီး တစ်တုံးမှာ ဖရဲသီးတစ်လုံးခန့်ပင် ကြီးမားနေသည်။

လုပေါင်သည် စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ထိပ်တန်းအရည်အသွေးအဆင့်ရှိ မြပြာအချို့ကို ရှာတွေ့ခဲ့သည်။ အပိုင်းအစ အနည်းငယ်ကိုသာ အသာအယာ ဖဲ့ယူသွားလျှင်ပင် ငွေသိန်းဂဏန်းရရန်မှာ ဘာမှမခက်ခဲချေ။

သူသည် ထောင့်တစ်ခုအရောက်တွင် မျက်စိရှေ့က မြင်ကွင်းကြောင့် အံ့ဩသွားရပြန်သည်။ ၎င်းမှာ ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ယံကဲ့သို့ပင် အပြာရောင်အလင်းတန်းများ တလက်လက် တောက်ပနေခြင်း ဖြစ်သည်။

မရေမတွက်နိုင်သော မြပြာများတည်ရှိနေခြင်းပင်ဖြစ်သည်။

“ဒါက တကယ့် ရတနာသိုက်ကြီးပဲ။”

သို့သော် သူသည် ထိုအရာများကို လျစ်လျူရှုထားလိုက်သည်။ သူ၏ အကြည့်များမှာ ပျက်စီးယိုယွင်းနေသော သင်္ဘောပျက်ကြီးတစ်ခုပေါ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားသည်။ သင်္ဘောကိုယ်ထည်မှာ စုတ်ပြတ်နေပြီး ထူးဆန်းသော ငါးအချို့ပင် ထိုအထဲတွင် ကူးခတ်နေကြသည်။

“သင်္ဘောပျက်ကြီးပါလား။”

ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ အလွန်ရှေးကျသော သင်္ဘောတစ်စင်း ဖြစ်သည်မှာ သေချာသည်။

လုပေါင်သည် အလွန်ဝမ်းသာသွားပြီး ထိုဧရာမသင်္ဘောကြီးကို အသေးစိတ် စစ်ဆေးရန် အနားသို့ အမြန်တိုးကပ်သွားသည်။တကယ့်ကို ကြီးမားလှသောသည်။

လုပေါင်၏ ခန့်မှန်းချက်အရ ဤသင်္ဘောပျက်မှာ အလျား မီတာ ၅၀ ၆၀ ခန့် ရှိပြီး အကျယ်ဆုံးနေရာမှာ ၁၀ မီတာနီးပါး ရှိသည်။ သေချာစွာ စစ်ဆေးပြီးနောက်တွင် ဤသင်္ဘောမှာ လွန်ခဲ့သော နှစ်ပေါင်း ရာချီက သင်္ဘောတစ်စင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။

လုပေါင်သည် သင်္ဘောကိုယ်ထည်ပေါ်တွင် ဝေဝါးနေသော စာလုံးအချို့ကို တွေ့လိုက်ရသည်။

“Evergreen။”

ယခုမှ သူ နားလည်သွားတော့သည်။ ဤအရာမှာ ချင်မင်းဆက် ခေတ်က သင်္ဘောပျက်တစ်စင်း ဖြစ်သည်။Evergreenအမည်ရှိ သင်္ဘောမှာ အလွန်ကျော်ကြားသော်လည်း ယခုတစ်စင်းမှာ ပထမဆုံး Evergreen ထက် ပို၍ သေးငယ်သည်။ ထိုခေတ်က Evergreen အမည်ရှိ သင်္ဘောမှာ တစ်စင်းထက်မက ရှိခဲ့သည်မှာ သိသာလှသည်။

ဤသင်္ဘောပျက်မှာ ရေအောက်ချောက်ထဲတွင် လဲလျောင်းနေဆဲပင်ဖြစ်သည်။ ပြင်းထန်သော ရေအောက်ဖိအားက ၎င်းကို မဖျက်ဆီးနိုင်ခဲ့ချေ။ ပင်လယ်နက်ထဲတွင် အောက်ဆီဂျင် ကင်းမဲ့သောကြောင့် သင်္ဘော၏ အခြေအနေမှာ အတော်အတန် ကောင်းမွန်စွာ ကျန်ရှိနေသေးသည်။

သင်္ဘောတစ်စင်းလုံးတွင် သတ္တု လုံးဝမပါဝင်ပေ။ဤအချက်ကြောင့်ပင် နှစ်ပေါင်း နှစ်ရာကျော်တိုင်အောင်သံချေးမကိုက်ပဲအကောင်းတိုင်းရှိနေခြင်းဖြစ်သည်။

လုပေါင်သည် ယခုအချိန်တွင် မြပြာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ စိတ်ထဲတွင် သင်္ဘောပျက်ကြီးအကြောင်းသာ စိုးမိုးနေသည်။ သူသည် သင်္ဘောကိုယ်ထည်တွင် ပွင့်ထွက်နေသော အပေါက်ကြီးတစ်ခုမှတစ်ဆင့် အတွင်းသို့ တိုးဝင်လိုက်သည်။

ဤEvergreenသင်္ဘောမှာ ကုန်သွယ်မှုအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ပုံရသည်။ သို့သော် နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သောကြောင့် ပျက်စီးနိုင်သော အရာမှန်သမျှမှာ ပြိုကျကုန်ပြီ ဖြစ်သည်။ ပင်လယ်နက်ထဲတွင်ပင် ရေအောက်လှိုင်းများ ရှိနေသည် မဟုတ်ပါလား။

မကြာမီတွင် သူသည် ကုန်ပစ္စည်းသိုလှောင်ရုံနှင့် တူသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ထူထပ်သော ရွှံ့နွံများကြားတွင် သေတ္တာအချို့မှာတစ်ဝက်တစ်ပျက် ပေါ်နေသည်ကို သူ မြင်လိုက်ရသည်။ အချို့မှာ ပွင့်ထွက်နေပြီး သံချေးများကြောင့် တစ်ခုနှင့်တစ်ခု ကပ်နေသော ကြေးပြားပိုက်ဆံများကို တွေ့ရသည်။ ၎င်းတို့မှာ အခဲလိုက်ကြီး ဖြစ်နေကြပြီဖြစ်သည်။

ဤသေတ္တာများမှာ အနည်းနှင့်အများ ပျက်စီးနေကြသည်။ လုပေါင်သည် အခြားသေတ္တာအချို့ထဲတွင် ငွေရောင်တောက်ပနေသော ငွေတုံးများကိုပင် တွေ့လိုက်ရသည်။ ဤနေရာတွင် သေတ္တာပေါင်း ဆယ်ခုကျော် ရှိနေသည်။

ကြေးပြားသေတ္တာများက အများစုဖြစ်ပြီး ကျန်သေတ္တာများမှာ အရွယ်အစားမျိုးစုံရှိသော ငွေတုံးများဖြင့် ပြည့်နှက်နေသည်။

“ဒီလိုအရာတွေရှိနေမှတော့ live က ဘယ်လိုလုပ်နမည်မကြီးဘဲ နေမလဲ။”

လုပေါင်သည် သူ၏ကံကောင်းမှုကို မယုံနိုင်အောင် ဖြစ်နေမိသည်။ ရွှေတုံး ငွေတုံးတွေ ဒီလောက်များတာ... ဒါတွေကို ပိုက်ဆံဘယ်လောက်နဲ့ လဲနိုင်မလဲဆိုတာ သူ မခန့်မှန်းနိုင်တော့သလို ဂရုလည်း မစိုက်တော့ပေ။ ထို့ပြင် ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း တလက်လက် တောက်ပနေသော မြပြာတွေချည်းပင်။ငွေတုံးသေတ္တာ လေးလုံးကို သူ တွေ့ခဲ့သည်။ ရွှေတုံးများကိုမူ ရှာမတွေ့သော်လည်း သားရေနှင့် စက္ကူများ ဆွေးမြည့်ပြီး အခဲလိုက် ဖြစ်နေသော သေတ္တာအိုအချို့ကိုတော့ တွေ့ခဲ့သည်။ ထိုအရာများကိုမူ သူ စိတ်မဝင်စားပေ။

သံချေးတက်နေသော သေနတ်များ ပျက်စီးနေသော အမြောက်များ ကွဲအက်နေသော ကြွေထည်များကိုလည်းထပ်မံတွေ့ရှိရသည်။တစ်နာရီခန့် ရှာဖွေပြီးနောက်တွင် ဤငွေတုံးများမှလွဲ၍ အခြား တန်ဖိုးရှိသော အရာများကို လုပေါင် ထပ်မရှာတွေ့တော့ချေ။

လုပေါင်သည် ငွေတုံးအချို့နှင့် အတော်အတန်ကြီးသော မြပြာတုံးနှစ်တုံးကို ယူဆောင်၍ ထိုနေရာမှ အမြန်ထွက်ခွာလာခဲ့သည်။

မပြန်မီတွင် သူသည် ဤနေရာကိုချင်မင်းဆက် ငွေတင်သင်္ဘောပျက်နှင့်မြပြာ ကြောတည်နေရာဟု မှတ်သားထားလိုက်သည်။

သူသည် နောက်ပိုင်းတွင် ပြန်လာရန် လွယ်ကူစေရန် နေရာအနှံ့တွင် တည်နေရာများ မှတ်သားထားခဲ့သည်။ဝံပုလွေဂူ ကျားဂူမျောက်ဖြူဂူ နှစ်တစ်ထောင်လိပ်ကြီး ပင်လယ်အောက်ခြေစသည်ဖြင့်မှတ်သားထားသည်။

“ဗွမ်းးး”

ပင်လယ်ရေပြင်ပေါ်သို့ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

“တကယ့်ကို ရင်ခုန်စရာပဲ။”

လုပေါင်သည် သူ၏ ခေါင်းပေါ်မှ ပင်လယ်ရေများကို ခါထုတ်လိုက်သည်။ နောက်တစ်ခါ လွှင့်မည့် live သည် ယခင် live အားလုံး ပေါင်းထားသည်ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းမည်မှာ သေချာသည်။

အိမ်သို့ တိတ်တဆိတ် ပြန်ရောက်လာသောအခါ ပြတင်းပေါက်မှ အသံကြောင့် ဒါပေါင်သည် ချက်ချင်း ခေါင်းထောင်၍ နိုးကြားသွားသည်။ လုပေါင်ဖြစ်ကြောင်း သိလိုက်ရသောအခါမှ အမြီးနန့်လျက် သူ့ထံ ပြေးလာတော့သည်

“လိမ္မာတယ် သွား... ပြန်အိပ်တော့။”

လုပေါင်သည် အပြာရောင် ကျောက်မျက်ရတနာများနှင့် ငွေတုံးများကို စာအုပ်စင်ပေါ်တွင် တင်လိုက်ပြီး ဒါပေါင်၏ ခေါင်းကို ပွတ်ပေးကာ အဝတ်အစားများလဲ၍ ရေချိုးလိုက်သည်။

မနက်ခင်းတွင် မိုးလင်းသည်နှင့် တပြိုင်နက် လုပေါင်သည် အပြာရောင် ကျောက်မျက်ရတနာများကို ဓာတ်ပုံရိုက်၍ လူလင်းဟွာထံ တိုက်ရိုက် ပေးပို့လိုက်သည်။

“သူဌေး... Live လွှင့်မယ့်နေရာ ရပြီ။ မနေ့ညက ကျွန်တော် ပင်လယ်ကြမ်းပြင်ကို ဆင်းပြီး ရေအောက်ရတနာသိုက် တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒါက အပြာရောင် ကျောက်မျက်ထွက်တဲ့ နေရာပဲ။”

ထိုနေရာသည် မည်မျှကြီးမားကြောင်း သူ မပြောခဲ့ပေ။ သင်္ဘောပျက်အကြောင်းကိုလည်း မဟခဲ့ချေ။

အစောကြီး ကြိုပြောပြလိုက်လျှင် စိတ်လှုပ်ရှားစရာ ကောင်းမည်မဟုတ်ပေလုလင်းဟွာသည်လည်းညကကောင်းကောင်း မအိပ်ခဲ့ရချေ။ မနက် ၂ နာရီခွဲလောက်မှ အိပ်ပျော်ခဲ့ခြင်း ဖြစ်သော်လည်း ဖုန်းမြည်သံကြောင့် ချက်ချင်း နိုးလာပြီး စစ်ဆေးလိုက်သည်။

“အမလေး... ကံကောင်းလိုက်တာ။”

သတင်းစကားကို မြင်လိုက်ရသောအခါ လုလင်းဟွာသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီပြီကခုန်လိုက်မိသည်။

“ယောက်ျား... ရှင် ဆေးရုံသွားဖို့များ လိုနေမလား။အခုတလော ရှင့်ပုံစံက အရမ်းထူးဆန်းနေတယ်။”

လုလင်းဟွာ၏ ဇနီးသည် လန့်နိုးလာပြီး သူမခင်ပွန်း၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“မင်း ဆက်အိပ်လိုက်ဦး။ငါ ကုမ္ပဏီ သွားတော့မယ်။”

“အခုက ဘယ်နှစ်နာရီ ရှိသေးလို့လဲ။ရှင်ကြာရင်ကျန်းမာရေးထိခိုက်မယ်နော်။”

“ရပါတယ်ကွာ။”

လုလင်းဟွာသည် ကုမ္ပဏီသို့ ရောက်သည်နှင့် ပထမဆုံး လုပ်သည့်အလုပ်မှာ လုပေါင်ကို ကြော်ငြာရန်နှင့် ဈေးကွက်ချဲ့ထွင်ရန် အပြည့်အဝ အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။ Ansker နည်းပညာကုမ္ပဏီကို အံ့အားသင့်စရ တစ်ခု ပေးတော့မည်ဖြစ်ကြောင်း လူတိုင်း သိအောင် သူ လုပ်တော့မည်ဖြစ်သည်။

“ရှင်တို့က မယုံဘူးပေါ့လ။ရှင်တို့က‌တော်တော့်ကိုမာနကြီးကြတာပဲ။ရှင်တို့ ဆာဗာ တွေမှာ ပြဿနာမရှိဘူးလို့ ထင်နေကြတာလား။”

မကြာမီတွင် ocean Live stream၏ ကြော်ငြာများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

လုလင်းဟွာသည် ပိုက်ဆံကို ရေလိုသုံးလိုက်သည်။Trending ခေါင်းစဉ်များကို ဝယ်ယူခြင်း သတင်းဆောင်းပါးများ ထုတ်ပြန်ခြင်း ကြော်ငြာများ ထည့်သွင်းခြင်း စသည်ဖြင့်။ မည်မျှပင် ရင်းနှီးရပါစေ လူကြည့်နှုန်း အလုံအလောက် ရရှိမည်ဆိုပါက ထိုက်တန်လှပေသည်။

ယခင်ကမူ လူကြည့်နှုန်းကို ထိန်းထားနိုင်မည့် live မျိုး မရှိခဲ့သဖြင့် သူတို့ မလုပ်ရဲခဲ့ကြချေ။ သို့သော် ယခုမူ မတူတော့ပေ။ လုပေါင်၏ live များမှာ အင်တာနက် တစ်ခွင်တွင် စိတ်အလှုပ်ရှားဆုံးနှင့် အမိုက်ဆုံး ဖြစ်နေသည်မှာ ငြင်းပယ်၍မရ‌ချေ။

ဒါပေါင်၏ရင်းနှီးလိုစိတ်ကြောင့် နှင်းလုံးလေးသည်လည်း ၎င်းကို မရွံတော့ချေ။ အနည်းဆုံးတော့ ဒါပေါင်က အနားလာပြီး အမွှေးလေးတွေ ပြင်ပေးလျှင် သို့မဟုတ် အနံ့ခံလျှင် နှင်းလုံးလေးက ပြန်မဆိတ်တော့ပေ။

တင်းလင်က လုပေါင်ထံ ထပ်မံဆက်သွယ်လာသည်။ စုန့်ခွန်လင်း က နေရာအနှံ့သို့ဆက်သွယ်၍ လိုက်ရောင်းနေသော်လည်း အမှတ်(၁)မြေရာ၏ ပြဿနာများကြောင့် မည်သူမျှ မဝယ်ရဲကြကြောင်း ပြောပြသည်။

“ငါ့မိဘတွေရော မင်းကို ဆက်သွယ်ခဲ့ကြသေးတာလား။”

လုပေါင်အံ့ဩသွားသည်။ သူ၏ မိဘများက တကယ်ပဲ ထိုခြံကို ဝယ်ချင်နေကြတာလား။

“ဟုတ်ကဲ့ သူတို့က ရှင်နဲ့ တွေ့ဆုံဖို့ စီစဉ်ချင်နေကြတယ်။”

“မင်းပဲ ငါ့ကိုယ်စား သူတို့နဲ့ စကားပြောလိုက်ပါ။ ဝိုင်ချက်စက်ရုံ အတွက်ဆိုရင်တော့ အချိန်တန်ရင် ငါ့အတွက် ပြုပြင်မွမ်းမံမှုနဲ့ အလှဆင်တာတွေ ရင်းနှီးမြှုပ်နှံပေးဖို့ပဲ လိုတယ်။ တခြား ဘာတောင်းဆိုချက်မှ မရှိဘူး။ ကျန်တာကိုတော့ မင်း အဆင်ပြေသလို ညှိနှိုင်းလိုက်ပါ။”

ဤကဲ့သို့သော အခွင့်အရေးကောင်းကို မိသားစုကိုပဲ အကျိုးခံစားခွင့် ပေးလိုက်ခြင်းက အသင့်တော်ဆုံးပင်။

အပျော်တမ်း ကစားရင်းကနေ သူ့မိသားစုအတွက် အကျိုးအမြတ် အကြီးကြီးတစ်ခု သူ ရှာပေးလိုက်နိုင်ပြီဖြစ်သည်။

“ဒါဆို ရှင်နဲ့တွေ့ချင်နေတဲ့ တခြားလူတွေကိုကော။”

“ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါ။ ပြဿနာရှာချင်တဲ့လူရှိရင် လာဝယ်ခိုင်းလိုက်။ နောက်ကျရင် ဒီနေရာကို အလောင်းမီးသင်္ဂြိုဟ်စက်အဖြစ် ပြောင်းချင်ရင် ပြောင်းမှာလို့ ပြောလိုက်ပါ။ စွန့်စားချင်ရင် ကြွခဲ့ကြပါလို့ပေါ့။”

လုပေါင်သည် သူ၏ မိဘများအတွက် လမ်းခင်းပေးရန် ဆုံးဖြတ်လိုက်သည်။

“အယ်...အရမ်းကို ရက်စက်တာပဲ...။”

အခန်း (၃၀) - သင်္ဂြိုဟ်စက်များ ဆောက်လုပ်မလား။

ယခုအခါ လူအများအပြားသည် အမှတ် ၂မြေကွက် ကို စိတ်ဝင်စားလာကြပြီး တင်းလင်ထံသို့ တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်လာကြသည်။ ဤမြေဧရိယာ၏ အလားအလာရှိသော တန်ဖိုးကို မည်သူမဆို မြင်နိုင်ကြသည်။

သို့သော်လည်း အမှတ် ၁မြေကွက် ၏ ပိုင်ရှင်မှာမူ အလွန်ပင် ထူးဆန်းလွန်းလှသည်။

ချင်းကျန်းမြို့တွင် လူအများအပြားသည် ဤမြေကို မျက်စိကျနေကြသည်။အဆက်အသွယ်များအသုံးပြုခြင်း ကိုယ်ပိုင်နည်းလမ်းများကို အားကိုးခြင်း ငွေပေးခြင်းလက်ဆောင်ပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းများပင် ပြုလုပ်ကြသော်လည်းတင်းလင်ကမူ ထိုသူအားလုံးကို တိုက်ရိုက်ပင် ငြင်းပယ်ခဲ့သည်။

“မစ္စတင်း.. ကျွန်တော်က ဟန်ယဲ့ အုပ်စုက ဆူးကျန်းရှန်းပါ။ ကျွန်တော့်ကို မှတ်မိသေးရဲ့လား။”

တင်းလင်သည် လုပိုင်ဟောင် ကို ဆက်သွယ်ရန် စဉ်းစားနေစဉ်မှာပင် နောက်ထပ် ဖုန်းတစ်ကောဝင်လာခြင်းဖြစ်သည်။

“ဦးလေးကျန်းရှန်းလား... မှတ်မိတာပေါ့ရှင်။”

တင်းလင်ကရယ်မောလျက် ပြောလိုက်သည်။

“ဦးလေးက ကျွန်မအဖေရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲလေ။ ကျွန်မငယ်ငယ်တုန်းက ဦးလေး လက်ဆောင်တွေ အများကြီး ပေးခဲ့တာ မှတ်မိပါသေးတယ်။”

ဆူးကျန်းရှန်းသည် အမှတ်၁မြေကွက် ကို ဝယ်ချင်နေမှန်း သူမ နားလည်လိုက်သည်။ ဟန်ယဲ့အုပ်စု၏ နာမည်မှာ သေးသည်မဟုတ်။၎င်းတို့တွင် ပြည်နယ်အနှံ့ အိမ်ခြံမြေစီမံကိန်းများ ရှိကြသည်။

“ဟားဟား... ဟုတ်တယ် ဟုတ်တယ်။ ဦးလေးပါပဲ။”

ဆူးကျန်းရှန်းသည် ဝမ်းသာသွားသည်။ သူသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က တင်းလင်၏ မိသားစုနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပြီး သူမက သူ့ကို မှတ်မိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ဦးလေးကျန်းရှန်းက အမှတ်၂မြေကွက်အတွက် ဆက်သွယ်တာလားကျွန်မရဲ့ အထက်လူကြီးကတော့ ဝယ်ချင်တဲ့သူရှိရင် ဝယ်လို့ရတယ်လို့ ပြောထားပါတယ်။ သူကတော့ ဒီနေရာမှာ နောက်ထပ်သုသာန်ဒါမှမဟုတ် အလောင်းမီးသင်္ဂြိုဟ်စက် ဆောက်ဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။”

သူမက အခြေအနေကို ပါးပါးနပ်နပ် အရိပ်အမြွက် ပြောလိုက်ခြင်းဖြစ်သည်။

ဒါကတော့... ရည်မှန်းချက်ကြီးသော သူဌေးကြီး ဆူးကျန်းရှန်းပင်လျှင် ချက်ချင်း နောက်ဆုတ်သွားတော့သည်။ သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး

“လင်လင်.. ဦးလေးကို ပြောပြလို့ရမလားမင်းရဲ့ အထက်လူကြီးက တကယ်တော့ ဘယ်သူလဲဆိုတာကို။”

ယခုအခါ လူအများအပြားသည် ဤလျှို့ဝှက်သော မစ္စတာလု အကြောင်းကို စပ်စုချင်နေကြသည်။

“အလွန် လျှို့ဝှက်တဲ့ လူတစ်ယောက်ပါပဲရှင်။”

တင်းလင် ခဏစဉ်းစားပြီးနောက် ဤအဖြေကို ပေးလိုက်သည်။

လုပေါင်နှင့် ပတ်သက်သမျှ အရာအားလုံးမှာ လက်ရှိတွင် ပဟေဠိဖြစ်နေသည်။သူ ဤမြေကို မည်သို့ရခဲ့သနည်း။ငွေတွေ အများကြီး ဘယ်ကရသနည်း။မည်သည့် အဆက်အသွယ်များကို အားကိုးနေသနည်း။ အားလုံးမှာ အဖြေရှာမရနိုင်သေးချေ။

“နားလည်ပါပြီ ဟားဟား လင်လင်...တကယ်လို့ အခက်အခဲရှိရင် ဦးလေးကျန်းရှန်းဆီ လာခဲ့နော်။”

ဆူးကျန်းရှန်းသည်ထိုအခြေအနေကို စိတ်ကူးကြည့်ပြီးနောက် အလျင်အမြန်ပင် လက်လျှော့လိုက်တော့သည်။

“ကျေးဇူးတင်ပါတယ်ရှင့် ဦးလေးကျန်းရှန်း။”

မကြာမီ သတင်းများ စတင်ပျံ့နှံ့သွားသည်။

ခြံအမှတ် ၁ ၏ ပိုင်ရှင်သည် အဆိပ်ရှိသော မြွေရိုင်းမွေးမြူရေးခြံ သဘာဝ ပျားမွေးမြူရေးစင်တာ လမ်းဘေးခွေးနှင့် ကြောင်ဂေဟာ ဝက် နွား သိုး ကြက် ဘဲများအပြင်ဇီဝဓာတ်ငွေ့ထုတ်လုပ်သည့် စက်ရုံများသာမက ထိုထက်ပင် ပို၍ ရက်စက်သော အရာမီးသင်္ဂြိုဟ်စက် သို့မဟုတ် သုသာန်ကိုပါ ဆောက်လုပ်ရန် စီစဉ်နေသည်ဟူ၍ပင်။

ယခင်အစီအစဉ်များမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အဆင့်သာရှိသော်လည်း ယခုနောက်ဆုံး အစီအစဉ်များမှာမူ လုံးဝကို အဆုံးစီရင်လိုက်သည့် အမျိုးအစားမျိုး ဖြစ်သည်။

ပိုက်ဆံအများကြီးအကုန်ခံပြီး မီးသင်္ဂြိုဟ်စက်က ထွက်လာသည့် မီးခိုးတွေနဲ့ ဂူသင်္ချိုင်းတွေကို ထိုင်ကြည့်နေရမည်လော။

စုန့်ခွန်လင်းသည်လည်းသတင်းကြားကြားချင်းမှာပင် အသက်ရှူရပ်မတတ် ဖြစ်ကာ နေရာတင်ဘဲမေ့လဲသွားတော့သည်။ စုန့်မိသားစုမှာလည်း စိတ်ပျက်အားငယ်စွာဖြင့် ငိုကြွေးကြတော့သည်။ သူတို့ လုံးဝ မျှော်လင့်ချက်မဲ့သွားပြီဖြစ်သည်။ဤအရာမှာ သူတို့ကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားခြင်းမှာ ထင်ရှားသည်။

ဤမြေကို ဝယ်ရန် ပြင်ဆင်နေကြသောကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိသည်ဟု ထင်နေကြသူများနှင့်ကံစမ်းလိုကြသူများမှာလည်း မှင်သက်သွားကြသည်။ သံသယဖြစ်စရာမလိုဘဲ သူတို့အားလုံး လက်လျှော့သွားကြပြီဖြစ်သည်။

ဤကဲ့သို့ တန်ဖိုးရှိသော မြေကွက်ကောင်းတစ်ခုမှာ ဘာမှတန်ဖိုးမရှိသော မြေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မနက်ခင်းတစ်ခုအတွင်းမှာပင် ဤသတင်းမှာ ချင်းကျန်းမြို့တစ်ခွင်နှင့် မြို့ပြင်အထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။စုန့်ခွန်လင်းက အရှုံးခံရောင်းနေရသော မွဲလုမတတ် ဈေးချထားသော ထိုမြေမှာ တန်ဖိုးများ ဆက်တိုက် ကျဆင်းနေတော့သည်။ ယခင်က ဝယ်ချင်ကြသူများမှာလည်း ထိုအတွေးကို စွန့်လွှတ်လိုက်ကြပြီဖြစ်သည်။

ယခင်က သန်း ၁၀၀၀နီးပါးဖြင့် ဝယ်ခဲ့သောမြေမှာ သန်း ၆၀၀ မှ သန်း ၃၀၀ အထိ ကျဆင်းသွားပြီဖြစ်သည်။ အမှတ် ၁မြေကွက် ၏ နှောင့်ယှက်မှုသာ မရှိပါက ဤနေရာတွင် ဗီလာများ ဆောက်လုပ်ခြင်းဖြင့် သန်း ၃၀၀၀ နီးပါး အလွယ်တကူ ရောင်းရနိုင်သည်ကို သတိပြုသင့်သည်။

ယခုမူ သန်း ၃၀၀ နှင့်ပင် မည်သူမျှ စိတ်မဝင်စားကြတော့ချေ။

သုသာန်မြေကွက်အတွက် မည်သူက ဈေးကြီးပေးမည်နည်း။

မွန်းတည့်ချိန်တွင် လုပေါင်သည် အိမ်၌ ထမင်းစားနေသည်။ ဒါပေါင် က သူ့ကို စိုက်ကြည့်နေပြီး မျက်လုံးများဖြင့် အပြင်းအထန် အချက်ပြနေသည်။

Live လွှင့်ရန်မှာ မနက်ဖြန်အတွက် စီစဉ်ထားသည်။ နိုင်ငံခြားကုမ္ပဏီမှ နည်းပညာရှင်များသည် နေ့လယ်ပိုင်းတွင် ရောက်ရှိလာမည်ဖြစ်သော်လည်း သူတို့မှာ နားယူရန် လိုအပ်သဖြင့် မနက်ဖြန်မှသာ အလုပ်စမည်ဟု ပြောထားကြသည်။

“စုန့်ခွန်လင်းတော့ ဒီတစ်ခါ လုံးဝ ပြီးသွားပြီ။ အခုလေးတင်ပဲ သန်း ၃၀၀ နဲ့ ဝယ်မလားလို့ ငါ့ကို ဖုန်းဆက်မေးသေးတယ်။ ဒီမြေကတော့ ကိုင်ထားရင် အပူလောင်မယ့် အရာကြီး ဖြစ်နေပြီ။ သူသာ အမြန် မရောင်းထုတ်နိုင်ရင် သူ့ပြဿနာတွေက ပိုပြီးတော့ပဲ များလာတော့မှာပဲ။”

လုပိုင်ဟောက်သည် စာကြည့်ခန်းထဲမှ ထွက်လာပြီး ထိုင်ကာ သက်ပြင်းချလိုက်သည်။ ယခင်က အလွန်ပင် မာနကြီးပြီး ဗိုလ်ကျတတ်သော လူတစ်ယောက်မှာ ယခုမူ အသက်ဆက်နိုင်ရန် သနားစဖွယ် တောင်းပန်နေရရှာသည်။

“မစဉ်းစားနဲ့တော့။အမှတ် ၁ဘမြေကွက် ရဲ့ ပိုင်ရှင်က ခွေးရူးတစ်ကောင်လိုပဲ သုသာန်တွေမီးသင်္ဂြိုဟ်စက်တွေ ဆောက်ဖို့အထိ ကြံစည်နေတာ။ ဘယ်သူကများ လက်လွှဲယူရဲမှာလဲ။”

“အဟွတ်... အဟွတ်... အဟွတ်...”

ထမင်းစားနေသော လုပေါင်သည် သူ့အမေ၏ စကားကို ကြားသောအခါ သီးသွားပြီး တဟွတ်ဟွတ် ချောင်းဆိုးတော့သည်။ သူ့မျက်နှာမှာ အနေရခက်မှုများဖြင့် ပြည့်နှက်နေသည်။

“သူ့အမေက ကိုယ့်သားအရင်းကို ဘယ်လိုများ ပြောလိုက်ပါလိမ့်။”

“ဖြည်းဖြည်းစားပါဦး။ ဒါပေါင်က မင်းထမင်းပွဲပေါ် တက်ပြီး လုစားမှာကျနေတာပဲ။ လူကြီးဖြစ်နေပြီ စားတာ သောက်တာကလည်း ကလေးကျနေတာပဲ”။

လုပိုင်ဟောင်ကလုပေါင်ကို စွေကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ထမင်းဆက်စားနေသည်။

“ဝုတ် ဝုတ်”

မင်း မြန်မြန်မကျွေးရင် ငါ တကယ်လုစားမှာနော်။

ငါ့ကို အသားတစ်တုံးတောင် မပေးဘူး။

ဒါပေါင်သည် ချက်ချင်း ဟောင်လိုက်ပြီးနောက် နောက်ခြေနှစ်ချောင်းဖြင့် ရပ်ကာ စားပွဲပေါ်က ဟင်းပွဲများကို ချောင်းကြည့်သည်။ ထို့နောက် ထပ်ဟောင်ပြန်သည်။

အာဟာရဖြစ်အောင်ဟင်းသီးဟင်းရွက်တွေ ပိုစားပါ အသားတွေ လျှော့စားပါ။

မျက်နှာဝိုင်းလေးမှာ သူငယ်ချင်းအိမ်သို့သွားလည်နေသဖြင့် ကျန်သော ဟင်းများမှာ သူ့အတွက် ဖြစ်လာလိမ့်မည်။

ထိုစဉ် ဖုန်းမြည်လာသည်။ တည်ငြိမ်နေသော လုပိုင်ဟောင်သည် နံပါတ်ကို မြင်သည်နှင့် တပြိုင်နက် တူကို ချပြီး ထရပ်လိုက်သည်။ ဖုန်းကို ကိုင်လိုက်ပြီးနောက် ကျန်းရွှယ်ချီ ကို အမြန်ပြောလိုက်သည် ။

“တင်းလင် ဆီကဆက်တာပဲ။”

တင်းလင် ဘာကိစ္စဖြင့် ဆက်တာဖြစ်နိုင်သနည်။ အမှတ် ၁မြေကွက်နှင့် ပတ်သက်သည်မှာ သေချာသည်။

“စာကြည့်ခန်းထဲ သွားရအောင်။”

“သွားစို့။”

သူတို့ ဇနီးမောင်နှံနှစ်ဦးမှာ စာကြည့်ခန်းထဲသို့ အလောတကြီး ပြေးဝင်သွားကြတော့သည်။

“ဒီလောက် လူကြီးဖြစ်နေပြီကို စားတာသောက်တာက သတိမထားဘူး။”

လုပေါင်က ခနဲ့တဲ့တဲ့ အော်ပြောလိုက်သော်လည်း သူ့မိဘများကမူ သူ့ကို အာရုံစိုက်ရန် အချိန်မရှိကြချေ။

ခဏလေး လှဲနေသော ဒါပေါင်မှာလည်း ချက်ချင်း ပြန်ထလာသည်။ သူသည် ထွက်သွားသော သူ့သခင်နှစ်ဦးကို တစ်လှည့် စားနေဆဲဖြစ်သော သခင်ငယ်လေးကို တစ်လှည့် ကြည့်ကာ အမြီးကို အပြင်းအထန် နန့်လိုက်သည်။

“ဝု ဝု”

မင်း စားလို့ မပြီးသေးဘူးလား။

“ဝုတ် ဝုတ်”

လုပေါင်ကခေါင်းငုံ့ပြီး ဒါပေါင်ကို ပြန်ဟောင်လိုက်ရာ ခွေးကြီးမှာ လုံးဝ ကြောင်သွားတော့သည်။ ဒါပေါင်သည် ခေါင်းကို စောင်းပြီး သခင်ငယ်လေးကို သောက်ပေါတစ်ယောက်ကို ကြည့်သကဲ့သို့ အကြာကြီး စိုက်ကြည့်နေတော့သည်။

မကြာမီ စာကြည့်ခန်းထဲမှ လုပိုင်ဟောင်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

“မစ္စတင်း... အတည်ပြောတာလား။ရပါတယ် ရပါတယ်။ အကုန်အကျအားလုံးကို ကျွန်တော်တို့ တာဝန်ယူပါ့မယ်။ တခြား ဘာတောင်းဆိုချက်မှ မရှိဘူးလား။အရမ်းကောင်းတာပေါ့ဗျာ။ “

ခြံအမှတ်၁ ၏ ပိုင်ရှင်က တင်းလင်မှတစ်ဆင့် သူ့ကို ဆက်သွယ်ကာ စိတ်ချလက်ချသာ ဝယ်ယူရန် ပြောလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

လုပိုင်ဟောင်သည် ဇဝေဇဝါဖြစ်သလို စိတ်လည်း လှုပ်ရှားနေသည်။

“တွေ့ဆုံဖို့ စီစဉ်လိုက်ဦး။”

ကျန်းရွှယ်ချီက ဘေးမှ သတိပေးလိုက်သည်။

“မစ္စတင်းလင်... ဒီနေ့ နေ့လယ်ပိုင်း တွေ့လို့ရမလား။ဟုတ်ကဲ့ပါဗျ ဟုတ်ကဲ့။ နှစ်နာရီမှာ တွေ့ကြတာပေါ့ဗျ။”

ဖုန်းချလိုက်ပြီးနောက်သူတို့နှစ်ဦးမှာ အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။

“ရှင် သူ့ကို သိတာလား။”

“မသိဘူးလေ။ မင်းကော သိလား။”

“ကျွန်မလည်း မသိဘူး။ အမှတ် ၁မြေကွက် ပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က လု ဆိုတော့... ရှင့်ရဲ့ မသိသေးတဲ့ ဆွေမျိုးတစ်ယောက်ယောက်များ ဖြစ်နေမလား။”

“ငါ့မိသားစုက ရှစ်ဆက်တိုင်အောင် ဆင်းရဲလာတာ မင်းလည်း သိသားနဲ့။ မြန်မြန်ပြင်ဆင် မစ္စတင်းနဲ့ သွားတွေ့ရအောင်။ ခြံအမှတ် ၁ ပိုင်ရှင်နဲ့သာ တွေ့ရရင် အရမ်းကောင်းမှာပဲ။ ဒါပေမဲ့... ဒီလောက် အကျိုးအမြတ် အကြီးကြီးကို သူက ဘာလို့ ငါတို့ကို ပေးရတာလဲ။”

လုပေါင်၏ အကြားအာရုံမှာ ကြောက်စရာကောင်းလောက်အောင် ထက်မြက်လှသည်။ သူ့မိဘများ၏ စကားဝိုင်းကို သူ အတိုင်းသား ကြားနေရသည်။

“ဟင်း... မေမေတို့ ဖေဖေတို့ တစ်နေကုန် ခေါင်းစားအောင် စဉ်းစားရင်တောင် အဲဒါ ကျွန်တော်ဆိုတာ ဘယ်တော့မှ မှန်းမိမှာမဟုတ်ဘူး။ ဟား ဟား။”

လုပေါင်သည် ဂုဏ်ယူစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

“ငါ့ကိုကြည့်စမ်းလက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် လောကကြီးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အရည်အချင်း ရှိနေပြီကွ”

ဤကိစ္စများကိုမူ တင်းလင်ကိုသာ ဆက်လက် ကိုင်တွယ်ခိုင်းလိုက်တော့မည်။

နေ့လယ်ပိုင်းတွင် သတင်းတစ်ခု ထွက်ပေါ်လာသည်။ပိုင်ဟောက်ဆောက်လုပ်ရေး အင်ဂျင်နီယာ ကုမ္ပဏီ၏ CEO သည် ခြံအမှတ် ၂ ကို ဝယ်ယူရန် ငွေသန်း ၂၅၀ သုံးစွဲတော့မည်ဟူ၍ ဖြစ်သည်။

မည်သူမျှ မဝယ်ရဲသည့်အချိန်တွင်မှ လုပိုင်ဟောင်က စတင် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။

သန်း ၂၅၀ အကုန်ခံပြီး ပြဿနာတက်နိုင်သည့် မြေကွက်ကို ဝယ်ခြင်းဖြစ်သည်။ထိုငွေအများစုမှာလည်း ဘဏ်မှ ချေးရမည်ဖြစ်ခြင်းတို့ကြောင့် လူအများအပြားမှာ ပွဲကြည့်ရန် ပြင်ဆင်နေကြသည်။

“လုပိုင်ဟောက်က လက်ဦးသွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားမိဘူး။”

“ကိုယ့်အတိုင်းအတာကို မသိတဲ့ လူငယ်လေးပဲ။”

“သုသာန်မြေကွက်အတွက် သန်း ၂၅၀ သုံးပြီး အခြေအနေကို မသုံးသပ်ဘဲ အကွက်ကြီးကြီး ရဖို့ ကြိုးစားနေတာပဲ။”

“လုပိုင်ဟောက်ရဲ့ ဒီလှုပ်ရှားမှုက စုန့်ခွန်လင်းကိုတော့ အသက်ရှူပေါက် ရသွားစေတာပေါ့။ ဒါပေမဲ့ သူ ဒီလိုလုပ်လိုက်ရင်အမှတ် ၁မြေကွက်ရဲ့ ပိုင်ရှင်ကို စိတ်ဆိုးအောင် လုပ်မိသလို ဖြစ်သွားမှာကိုဆိုတာကိုသူ မသိဘူးလား။”

“လောဘကတော့ အကန့်အသတ် မရှိဘူးပဲ။ ဒါက လုပိုင်ဟောက်မျိုချနိုင်မယ့် အရာမျိုးလား။”

ချင်းကျန်းမြို့တွင် လူပေါင်းများစွာမှာ လုပိုင်ဟောက်အရှက်ကွဲမည့်အချိန်ကို စောင့်ကြည့်နေကြသည်။ မည်သူမျှ မဝယ်ရဲသည့်အချိန်တွင်မှ သူက တိုက်ရိုက် ဝင်ပါလိုက်သည်။

“ဒါကသတ္တိရှိတာလား။ဒါမှမဟုတ် ရူးနေတာလား။”

လူတိုင်းကတော့ ဒုတိယအချက်ဖြစ်လိမ့်မည်ဟု ထင်နေကြသည်။

All Chapters