အပိုင်း(၂၁၂)-အနိမ့်ကျဆုံး လူတန်းစားများ
Vol. 003 Ch. 212
လအနောက်ဘုရင်သည် လူများခေါ်ဆောင်သွားရာ ယိုဂွမ်းအိမ်အပြင်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် မဝင်ပဲ လေထဲတွင် ဖြစ်နေသော တိုက်ပွဲအား ကြောင်တောင်တောင်ကြည့်နေသည်။
“မင်းဒီမှာ ဘာလုပ်နေတာလဲ” လအနောက်ဘုရင်သည် ရှေ့တိုးကာ သူမအား အပြစ်တင်လေသည်။
ထိုအခါမှပင် ဘုရင်ကြီးရောက်လာသည်ကို ယိုဂွမ်းသတိထားမိကာ အရိုအသေပေးပြီးပြောလိုက်သည် “ဘုရင်ကြီး အိမ်အပြင်ဘက်တစ်ခုလုံးကို ပိတ်ထားတာ ဝင်လို့မရဘူး”
လအနောက်ဘုရင်သည် သူ့လူများကို ခိုင်းစေရာ အမှန်တကယ်ပင် ဖွင့်လို့မရပေ။ ထို့ကြောင့် သူတို့သည် အပြင်တွင်ပင် စောင့်နေခဲ့သည်။
အိမ်အပြင်ဘက်တွင် ရှီမာယူယူနှင့် တခြားသူများသည် လအနောက်ဘုရင်ရောက်နေသည်ကို သိလိုက်သည်။ သို့သော် သူတို့သည် အတားအဆီးအား မဖြိုခွဲပဲ ဟိန်းသံထောင်ချီနှင့် တခြားသူများကို စံတင်ဝိညာဉ်သခင်များနှင့် ဆက်တိုက်စေသည်။ သို့သော် သခင်ရောက်နေပြီဖြစ်၍ အချိန်ဆက်ဆွဲရန် အကြောင်းမရှိတော့ပေ။
လျင်မြန်စွာပင် စံတင်ဝိညာဉ်သခင်များသည် တစ်ယောက်ပြီးတစ်ယောက်သေပြီး ဒဏ်ရာရသူများလည်း သေမင်းတံခါးရောက်ကြသူများ ဖြစ်ကြလေသည်။
ရှီမာယူယူသည် ဟာစွန်အားကြည့်လိုက်ရာ သူသည် လက်ဝေ့ရမ်းလိုက်ရာ အတားအဆီး ပျောက်သွား လေသည်။
ဖိအား ပျောက်ကွယ်သွားသည်ကို လအနောက်ဘုရင်ခံစားမိပြီးနောက် သူ့လူများကို ခေါ်ကာ လျင်မြန်စွာ ဝင်လာလေသည်။ သူတို့အိမ်ထဲသို့ဝင်လာသောအခါ စံတင်ဝိညာဉ်သခင်များ ကြမ်းပြင်ပေါ်တွင် လဲကျနေသည်ကို အားလုံး တွေ့လိုက်ရသည်။
လအနောက်ဘုရင်သည် ကြယ်တွေလတွေမြင်သွားသလိုပင်။ သူသည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကိုရင်းပြီး သူတို့နှင့် မတိုက်ခိုက်မိသည်ကို ကြိတ်ဝမ်းသာမိသည်။ ထိုလူများသည် အထွတ်အထိပ်သားရဲနှင့် အဆက်အဆံရှိရုံသာမက တစ်ယောက်ချင်းစီတွင် စာချုပ်ချုပ်ထားသော အံ့ဖွယ်သားရဲများ ပိုင်ဆိုင်ကြသည်။
အထွတ်အထိတ်သားရဲ၏ လှုပ်ရှားမှုတစ်ချက်နှင့်ပင် ထိုစံတင်ဝိညာဉ်များ ကျဆုံးခဲ့သည်။ သူသာ ထိုနေရာသို့ လူများပို့လိုက်ပါက ထိုနေရာတွင် ကျဆုံးမည်ဖြစ်သည်။
“မင်းတို့ ဒဏ်ရာတွေမရပါဘူးနော်” လအနောက်တိုင်းပြည်ဘုရင်သည် ယဉ်ကျေးစွာမေးလေသည်။
ဒီလောက်ထင်ရှားနေတာပဲမလား၊ အားလုံးသည် လအနောက်ဘုရင်အား ထူးဆန်းသလိုကြည့်လိုက်ကြသည်။
“အဟွတ် အဟွတ် ငါ့လူတွေ ဒီလူတွေကို ဘယ်သူလွှတ်လိုက်လဲဆိုတာ စုံစမ်းလိုက်ကြ” လအနောက်ဘုရင်သည် သူ့အနောက်မှ လူများကို အော်လိုက်သည်။
“မလိုဘူး” ဖက်တီးကျူ ပြောလိုက်သည် “ဒီလူတွေကို ပို့လိုက်တဲ့သူကို ကျွန်တော်တို့သိပြီးပြီ”
“ဘယ်သူလဲ” လအနောက်ဘုရင်သည် အရိပ်အခြေသိနှင့်ပြီးဖြစ်သော်လည်း မေးလိုက်သည်။
“အရှင်မင်းကြီးရဲ့ တော်ဝင်အပျိုတော် မောင်းမကို သွားမေးသင့်ပါတယ်” ဖက်တီးကျူပြောလိုက်သည်။
“အပျိုတော်မိုများလား” လအနောက်ဘုရင်သည် ယိုဂွမ်းအားကြည့်လိုက်ရာ သူမသည် နောက်ဆုတ်ကာ အပျိုတော်မိုအား ရှာရန် ဝါးစောအဆောင်တော်ဆီသို့ သွားလေသည်။
“နောက်ကျနေပါပြီ ဘုရင်ကြီးကို ဒုက္ခပေးမိပြီ၊ ကျွန်တော်တို့တောင်းပန်ပါတယ်” ဝေကျိရွှီသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သို့သော် သူ့အသံသည် တောင်းပန်သည့် လေသံမျိုး လေးလေးနက်နက်မရှိပေ။
သူတို့ ဒေါသထွက်နေသည်ကို လအနောက်ဘုရင်သိသည်။ ခြုံကြည့်လျှင် သူတို့သည် အခုတင် တော်ဝင် နန်းတော်သို့ရောက်သည်၊ ရောက်ရောက်ချင်းပင် ထိုကဲ့သို့ ကိစ္စဖြစ်ပွားသည်မှာ သူတို့အတွက် ပျော်စရာ ကိစ္စတော့ မဟုတ်ပေ။
သူသည် ရေခဲကဲ့သို့ အေးစက်စွာကြည့်နေသော ဟာစွန်အား ခိုးကြည့်မိသည်။ ဟာစွန် ဒေါသထွက်နေလား မထွက်နေလားဆိုသည်ကို သူခန့်မှန်းလို့မရဖြစ်နေသည်။ သူဒေါသထွက်ပါက နောက်ဆက်တွဲအကျိုးဆက်များ ရှိလာမည်ဖြစ်သည်။
“ဧည့်သည်တော်တို့ တော်ဝင်အပျိုတော်မို ရောက်လာဖို့ အချိန်လိုသေးဦးမှာဆိုတော့ အထဲဝင်ပြီး စောင့်ရအောင် ပါ” လအနောက်ဘုရင် ပြောလိုက်သည်။
ရှီမာယူယူနှင့် တခြားသူများသည် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ဟာစွန်အပေါ်တွင် မှီခိုနေသော်လည်း တစ်ဖက်လူမှာ လအနောက်တိုင်းပြည်၏ ဘုရင်ဖြစ်နေသေးသည်။ သူ၏ အားလုံးသော ကိုယ်ရံတော်များအရှေ့ တွင် သူ့အား ကန့်လန့်တိုက်ခြင်းမှာ မသင့်လျော်ပေ။
ထို့ကြောင့် သူတို့သည် ဧည့်ခန်းသို့ဝင်ကာ စောင့်နေကြပြီး တော်ဝင်ကိုယ်ရံတော်များသည် အပြင်တွင် စောင့် နေကြသည်။
“ဘုရင်ကြီးက ကျွန်တော်တို့သရုပ်မှန်ကို စစ်ကြည့်ပြီးပြီ ထင်တယ်၊ ကျွန်တော်တို့က လအနောက်တိုင်းပြည်ကလူ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ျသွားချင်တဲ့ တိုင်းပြည်ကို ဒီကနေဖြတ်သွားတာပါ၊ ကျွန်တော်တို့ သွားတဲ့လမ်းမှာ ဒီလောက်များတဲ့ ကိစ္စတွေဖြစ်လာမယ်လို့ ကျွန်တော် ထင်တောင်မထင်ထားဘူး” ဝေကျိရွှီ ပြောလိုက်သည်။
“ဟုတ်တယ်၊ ခြယ်လှယ်ခြင်းစစ်တပ်က ဒီလိုမျိုးတွေလုပ်လိမ့်မယ်လို့ ထင်မထားဘူး၊ သူတို့ အမြစ်ဖြုတ်ခံရတာ သူတို့ အပြစ်ပဲ” ဘုရင်ကြီးသည် အားနာသော အပြုံးဖြင့် နောက်မှ သံယောင်လိုက်သည်။
“ဒါဆို ကျွန်တော်တို့ကို ကူညီတဲ့ သဲစင်ရော်တပ်က…”
“သဲစင်ရော်တပ်က သူတို့နာမည်ကို နတ်ဆိုးအပေါ် လောင်းကြေးထပ်ခဲ့ရတာပါ ပြီးတော့ သူတို့က တရားနည်းလမ်းကျပါတယ်၊ ပြောရမယ်ဆိုရင် သူတို့က အမှားမရှိပါဘူး” ဘုရင်ကြီး ပြန်ဖြေလိုက်သည်။
သူ့စကားအရဆိုလျှင် သဲစင်ရော်တပ်သည် လုံခြုံသွားလေပြီ။
“မင်းတို့ ဘယ်တိုင်းပြည်ကို သွားမလို့လဲဆိုတာကို သိလို့ရမလား” ဘုရင်ကြီး မေးလိုက်သည်။
“အလယ်ပိုင်း ဝူတိုင်းပြည်ပါ”
“အလယ်ပိုင်း ဝူတိုင်းပြည်ဟုတ်လား၊ အဲတိုင်းပြည်က ငါတို့ တိုင်းပြည်ကြီးလေးခုမှာ အသန်မာဆုံးပဲ” ဘုရင်ကြီးသည် အံ့အားသင့်စွာပြောလေသည်။ သူဆက်ပြီးပြောသည် “မင်းတို့အဲဒီကို သွားပြီး ဘာလုပ်မလဲဆိုတာ မေးလို့ရလား”
“လူသွားကယ်မလို့ပါ” ရှီမာယူယူ ပြန်ဖြေသည်။
သူထပ်ပြီး အသေးစိပ်မပြောချင်သည်ကိုကြည့်ပြီး လအနောက်ဘုရင်သည် ဆက်မမေးပေ၊ နောက်အကြောင်း အရာတစ်ခုကိုသာ စကားလမ်းကြောင်းလွှဲသွားသည်။
အချိန်အများစုမှာ သူနှင့် ဝေကျိရွှီတို့ စကားပြောသည်သာ ဖြစ်ကြသည်။ စကားဝိုင်းမှာ တက်တက်ကြွ ကြွမရှိသော်လည်း လအနောက်ဘုရင်၏ ဂုဏ်သိက္ခာကိုတော့ မကျဆင်းစေရန် ထိန်းသိမ်းထားမြဲဖြစ်သည်။
အချိန်ခဏကြာပြီးတွင် ရှင်းမိုရောက်လာသည်။ လအနောက်ဘုရင်၏ ကိုယ်ရံတော်များကို သူမ မြင်သော်အခါ တုန်လှုပ်သွားလေသည်။ ထို့နောက်တွင် သူမ ဖိတ်ခေါ်ထားသော စံတင်ဝိညာဉ်သခင်များသည် အိမ်ထဲတွင် လဲကျနေသည်ကို မြင်လိုက်ရသည်။ လေးယောက်မှာ သေဆုံး၍ နှစ်ယောက်မှာ ကျန်ရှိနေသေးသည်၊ ထို့အပြင် သူမ စိတ်ထဲတွင် စိတ်ပျက်မှုများ ဖြစ်သွားတော့သည်။
“အပျိုတော်မို ဘုရင်က အပျိုတော့်ကို အထဲမှာစောင့်နေပါတယ်” ယိုဂွမ်းပြောလိုက်သည်။
သူမ ခြေထောက်နှစ်ချောင်းမှာ လေးပင်ပြီးလှုပ်ရှားမရတော့သည်ကို ရှင်းမိုခံစားလိုက်ရသည်။ ယိုဂွမ်း သူမအား ကြည့်ပြီးနောက် ကိုယ်ရံတော်နှစ်ယောက်သည် ရှေ့တိုးလာခဲ့သည်။ သူတို့နှစ်ယောက်သည် သူမအား တစ်ဖက်တစ်ချက်စီမှ ကိုင်ကာ ဧည့်ခန်းသို့ ခေါ်ဆောင်သွားလေသည်။
သူမသည် အေးစက်သော လအနောက်ဘုရင်၏ မျက်နှာအားမြင်လိုက်ရချိန်တွင် ကိုယ်ရံတော်များသည် သူမအား မြေပေါ်သို့ တိုက်ရိုက်ပစ်ချလိုက်လေသည်။
“ဘုရင်ကြီး အပျိုတော်မိုကို ခေါ်လာပါပြီ” ယိုဂွမ်းသည် ဘုရင်ဘေးတွင်ရပ်ကာ ပြောလိုက်လေသည်။
“အပျိုတော်မို မင်းရဲတင်းလိုက်တာ” လအနောက်ဘုရင်၏ ကိုယ်ရောင်ကိုယ်ဝါသည် တောက်ပလာသည်။ သူသည် စံတင်ဝိညာဉ်ကျွမ်းကျင်သခင်ဖြစ်သည်ကို သက်သေပြလိုက်သလိုပင်။
“ဘုရင်ကြီး ဘုရင်ကြီး သူတို့က ကျွန်မရဲ့မောင်လေးကို သတ်တာ အရင်ပါ၊ သူတို့က ကျွန်မသမီးနဲ့ အစ်ကိုကိုလည်း သတ်ပစ်လိုက်ကြမယ်၊ ကျွန်မလက်စားမချေပဲ ဘယ်နေပါ့မလဲ” စံတင်ဝိညာဉ်သခင်များ အိမ်ထဲတွင်လဲနေသည်ကို တွေ့ပြီးနောက် သူမ အစီအစဉ်ကျရှုံးပြီဆိုသည်ကို ရှင်းမိုသိလိုက်ရသည်။ ထို့နောက်တွင် ရှီမာယူယူနှင့် တခြားသူများသည် ခြစ်ရာတစ်ခုမှ မရှိပဲ ထိုင်နေသည်ကို သူမ မြင်သော်အခါ မုန်းတီးခြင်းများ ပြည့်နှက်သွားရသည်။
“တော်ဝင်အပျိုတော်မို မလား” ရှီမာယူယူသည် မတ်တတ်ရပ်ကာ သူမရှေ့တွင် ဆောင့်ကြောင့် ထိုင်ပြီး ပြောလိုက်သည် “ခင်ဗျားက ဘာလို့ကိစ္စတွေနဲ့ အကျိုးဆက်တွေကို ရောထွေးနေရတာလဲ”
“ကိစ္စတွေနဲ့ အကျိုးဆက်တွေ ရောထွေးတယ်ဆိုတာ ဘာပြောတာလဲ” ရှင်းမိုသည် ခေါင်းမော့ကာ ရှီမာယူယူအားကြည့်လိုက်သည်။
“ခင်ဗျားရဲ့ မောင်ကို သတ်လိုက်ရတာက သူက ကျွန်တော်တို့ကို သတ်ဖို့ကြိုးစားလို့ပဲ၊ ကျွန်တော်တို့ ခြယ်လှယ်ခြင်းတပ်ကို အမြစ်ဖြုတ်တယ်ဆိုတာ ခင်ဗျားရဲ့ အစ်ကိုနဲ့ သမီးနဲ့က ကျွန်တော်တို့ကို ချေမှုန်းဖို့ လူတွေလွှတ်လိုက်လို့ပဲ” ရှီမာယူယူ ပြောလေသည် “သူတို့ ကျွန်တော်တို့ကို သတ်တာကို စောင့်နေလို့မှမရတာ တော်ဝင်အပျိုတော်မို ခင်ဗျားစဉ်းစားပါ… အဲလောက်တော့ ခင်ဗျားတုံးလိ့မ်မယ်မထင်ပါဘူး”
“ဟင် မင်းတို့အားလုံးက နိမ့်ကျတဲ့ လူတန်းစားတွေပဲ မင်းတို့အသတ်ခံရမယ်ဆိုတိုင်း သတ်တာပဲလား” ရှင်းမိုသည် တစ်ချိန်လုံး ထိုအတိုင်းခံစားနေရသည်။
“အင်း” ရှီမာယူယူသည် မေးစေ့အားကိုင်ကာ ပြောလိုက်သည် “ကျွန်တော်တို့အားလုံးက နိမ့်ကျတဲ့ လူတန်းစားပဲ ဒါဆို ကျွန်တော်တို့အသက်က ပိုက်ဆံလောက်တောင်တန်ဖိုးမရှိဘူး၊ ဒါဆိုရင် ဟာစွန်လိုလူအတွက်က ဘုရင်ကြီးက နိမ့်ကျတဲ့ လူတန်းစားလား”
“ဟာစွန်က ဘယ်သူပဲဖြစ်ဖြစ် မင်းတို့နဲ့ရှိနေရင်တော့ သူက နိမ့်ကျတာမဟုတ်ရင် ဘာလဲ” ရှင်းမို သည် တွေးထားသည့်အတိုင်း ပြောလိုက်သည်။
ရွှတ်..
လအနောက်ဘုရင်၏ ရောင်ဝါသည် ရှင်းမိုအပေါ်တိုက်ရိုက်ကျရောက်သွားပြီး သူမ လှုပ်လို့မရတော့ပေ။
ရှီမာယူယူ မတ်တတ်ရပ်ကာ ဟာစွန်အားကြည့်ပြီး ပြောလိုက်သည် “ဟာစွန် မင်းကလည်း ငါတို့လိုပဲ နိမ့်ကျတဲံ အတန်းထဲကပဲ”
“ငါက လူတောင်မဟုတ်ဘူး” ဟာစွန်ပြောလိုက်သည်။
“ရှက်စရာကောင်းလိုက်တာ” လအနောက်ဘုရင်သည် ရှင်းမိုပြောသည်ကို ဒေါသထွက်နေသည်။ သူသည် သည်းမခံနိုင်တော့ပဲ မတ်တတ်ရပ်ကာ သူမအား ကန်လိုက်လေသည်။ ထို့နောက်တွင် သူ ရှီမာယူယူနှင့် ဟာစွန်ဆီသို့ ပြန်သွားကာ အားနာစွာပြုံးပြီး “သူမက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပါ ခင်ဗျားက ဘယ်လိုလုပ် နိမ့်ပါးရမှာလဲ၊ ခင်ဗျားက ငါတို့ တော်ဝင်မိသားစုရဲ့ ဧည့်သည်ပါ”
ရှီမာယူယူ မျက်နှာပျက်သွားပြီး အေးစက်စွာ ရယ်မောကာ ပြောလိုက်သည် “သူမက ကျွန်တော်တို့ကို အဆင့်အတန်းနိမ့်တယ်လို့ ပြောတာရပါတယ်၊ ဒါပေမယ့် ဟာစွန်က အထွတ်အထိတ်သားရဲဖြစ်နေတာကို အဆင့်အတန်းနိမ့်တယ်လို့ ပြောခံရတာ၊ တခြားသူတွေသိရင် ကျွန်တော်တို့မိသားစုဝင် ဟာစွန်ရဲ့ မျက်နှာ ဘယ်နားသွားထားရမလဲ”
ရှီမာယူယူ ပြောလိုက်သော သူမ မိသားစုဝင်ဟာစွန်ဆိုသည့်စကား ကြားသောအခါ ဟာစွန် မျက်ခုံးပင့်မိသည်။ ဒီကောင်လေးက တကယ်ကို သတ္တိရှိတာပဲ။ သူမ စကားကို ထိုသို့ပြောပြီး သူဒေါသထွက်မည်ကို မကြောက်ပေ။
သို့သော် သူမပြောလိုက်သည်ကို ဘာလို့ ဆိုးသည်ဟု သူ မခံစားမိတာလဲ။