အပိုင်း(၂၁၃)-ကြမ်းတမ်းသော ရိုက်ချက်
Vol. 003 Ch. 213
ရှီမာယူယူ ထိုကဲ့သို့ပြောသည်ကို လအနောက်ဘုရင်ကြားသောအခါ ချွေးအေးများ စတင်ထွက်လာသည်။ အကယ်၍ ဟာစွန်ဟာ ဒေါသထွက်ပါက ဒီညအတွက် ဒုက္ခရောက်မည်မှာ မလွဲမသွေဖြစ်သည်။
“လေးစားရတဲ့ ဧည့်သည့်တော်တို့ စိတ်မဆိုးကြပါနဲ့ ငါ သူမကို ချက်ချင်းပဲအပြစ်ပေးလိုက်ပါမယ်”
သူပြောပြီးနောက် လှည့်ထွက်ကာ ရှင်းမို၏ နှလုံးအား ဓားဖြင့် ချက်ချင်းပင် ထိုးစိုက်လိုက်လေသည်။
ရှင်းမိုသည် ထိုင်နေရင်းနှင့် အထွတ်အထိပ်သားရဲဟု ကြားသောအခါ ကြက်သေသေနေရာမှ သူမ ဓားဖြင့် ထိုးခံလိုက်ရသောအခါမှသာ သတိဝင်လာတော့သည်။ သူမ ခေါင်းမော့လာပြီး လအနောက်ဘုရင်အား မယုံနိုင်စွာဖြင့် စိုက်ကြည့်မိတော့သည်။
“ဘုရင်ကြီး…”
သူမသည် အားမပါပဲ အော်လိုက်ကာ သူမခန္ဓာကိုယ်သည် ဘေးသို့လဲသွားကာ နောက်ထပ်လှုပ်ရှားခြင်း မရှိတော့ပေ။
ရှီမာယူယူနှင့် တခြားသူများသည် နှုတ်ခမ်းများတွန့်လိုက်ကြသည်။ ဒီလူက သူ့လူကို သူသတ်ဖို့ တွန့်ဆုတ်ခြင်းမရှိဘူးပဲ။
သို့သော် သူတို့တွင် ရွေးချယ်စရာမရှိခဲ့ပေ။ ထို့အပြင် ပြိုင်ဘက်မှာ အားကောင်းလွန်းလှသည်။
“ကျေနပ်ကြရဲ့လား” လအနောက်ဘုရင်သည် လှည့်ပြီး သတိရှိစွာ မေးလိုက်သည်။
“ဟူး ကျွန်တော်တို့မိသားစုဝင် ဟာစွန်က သူထွက်လာပြီးကတည်းက ဒီလိုမျိုးမကြုံဖူးဘူးလို့ပြောပါတယ်၊ သူ လုံးဝမပျော်ဘူးဖြစ်နေတယ်” ရှီမာယူယူ ပြောလိုက်သည် “ပထမတော့ ကျွန်တော်တို့ကို သတ်ဖို့ကြိုးစားတဲ့ မင်းသမီးရှိတယ်၊ ဒီနေ့တော့ ညဘက်တိုက်ခိုက်ခံရတယ်၊ ကျွန်တော်တို့ကို နိမ့်ကျတဲ့အဆင့်အတန်းလို့ ကျိန်ဆဲခံရတယ်၊ ဒါက အထွတ်အထိပ်သားရဲအတွက် တကယ်ကို စော်ကားမှုပဲ”
“အဲလိုဖြစ်သွားရင် ဒီအတွက် တော်ဝင်မိသားစုက လျော်ပေးဖို့ ခွင့်ပြုပေးပါ” နှစ်ပေါင်းများစွာ နေလာခဲ့သော လအနောက်ဘုရင်သည် ရှီမာယူယူ ဘာကို အရိပ်အမြွက်ပြနေသည်ဆိုသည်ကို နားမလည်ပေ။ သို့သော် သူ့တွင် ရွေးချယ်ရန်မရှိခဲ့ပေ။ သူတို့လိုချင်သမျှကို ကျေနပ်အောင် လိုက်လျောပေးသည်သာ သူတတ်နိုင်ခဲ့သည်။ ထိုသို့မှမဟုတ်လျှင် သူတို့သည် အထွတ်အထိပ်သားရဲလှုပ်ရှားမှုတစ်ချက်နှင့်ပင် ရှုံးသွားနိုင်သည်။
သည်လိုနှင့် လအနောက်ဘုရင်သည် ရှီမာယူယူတို့နှင့် တခြားသူများနှင့်အတူ ဧည့်ခန်းတွင် ထိုညတာ ကုန်ဆုံးခဲ့လေသည်။ သူတို့ကြားမှ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို အပြင်လူများ မသိလိုက်ကြပေ။ သူတို့ သိကြသည်မှာ နောက်နေ့တွင် လအနောက်ဘုရသည် မျက်နှာပျက်စွာထွက်လာသည်ကိုပင်…
ဒီရှီမာယူယူကတော့…. သူ့စိတ်ကလုံးဝကို မာကြောတာပဲ၊ ထိုကြောင့်ပင် လအနောက်ဘုရင်သည် စိတ်ထဲတွင် ငိုကြွေးမိသည်။ စံတင်ဝိညာဉ်နှစ်ယောက် အသက်ရှုနေသေးသည်ကို မြင်ပြီးနောက် သူအမိန့်ပေးလိုက်သည် “သူတို့ကို ခေါ်သွားတော့၊ သေသွားတဲ့အဲလူတွေကိုပါ တစ်ခါတည်းခေါ်ခဲ့ အောက်ထပ်ရောက်မှ ဖြေရှင်းမယ်”
အထဲမှ ဟာစွန်၏ အသံထွက်လာသည်နှင့် ကိုယ်ရံတော်များသည် လှုပ်ရှားကြတော့သည် “သူတို့ ထွက်လာမှတော့ ဒီအတိုင်းအဲမှာပဲထားလိုက်”
သူထိုသို့ပြောပြီးသည်နှင့် အလောင်း ၅လောင်းနှင့် မသေမရှင်ဖြစ်နေသော လူနှစ်ယောက်သည် သွေးမြူခိုးများ အဖြစ်ပြောင်းသွားပြီး ပျောက်ကွယ်သွားလေသည်။
လအနောက်ဘုရင်နှင့် တော်ဝင်ကိုယ်ရံတော်များသည် မျက်လုံးများပြူးသွားကြတော့သည်။ ဒါမျိုးက သာမာန် အထွတ်အထိတ်သားရဲတွေ လုပ်နိုင်တာမဟုတ်ဘူးလေ။
“ကံကောင်းလိုက်တာ” လအနောက်ဘုရင်သည် သူ့ရင်ဘတ်ကို သူပုတ်လိုက်သည်။ သူ၏ အဖိုးတန်ပစ္စည်းတချို့ ပျောက်ပျက်သွားသော်လည်း အနည်းဆုံးတော့ တစ်ဘက်လူမှ နှစ်သိမ့်ပေးခဲ့သည်။ ဟာစွန်သာ သူတို့အား ထိုကဲ့သို့ပြုမူခဲ့ပါက သူတို့သည် လက်တုန့်ပြန်ခွင့်ပင်ရလိုက်မည်မဟုတ်ပေ။
ရှီမာယူယူသည် လအနောက်ဘုရင်အား အပြုံးဖြင့် တုန့်ပြန်လိုက်သည်။ သူမ လှည့်ပတ်ကြည့်လိုက်ရာ တစ်ယောက်ချင်းစီသည် သူမအား စက်ဆုပ်ဖွယ်ကောင်းသည့်နှယ် ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဟိတ် ဟိတ် အဲအကြည့်တွေက ဘာတွေလဲ” ရှီမာယူယူသည် သူတို့အား မကျေမနပ်ကြည့်လိုက်သည်။
“အစ်ကိုကြီးက အခုပဲ လူတွေဆီက ခိုးတဲ့ဓားပြလိုလို လူမိုက်လိုလိုလုပ်နေပြီးတော့” အားလုံးစဉ်းစားနေသည်ကို တုလေးသည် အသံထွက်ပြောလာသည်။
“တုလေး မင်းပြောတာမှားနေပြီ” ဘေဂုန်ထန်သည် သူ့ခေါင်းအားပုတ်လိုက်သည်။
“မှားတယ်ဟုတ်လား” တုလေးသည် ဘေဂုန်ထန်အား ရှုပ်ထွေးစွာကြည့်လိုက်သည်။
ဘေဂုန်ထန်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး ပြောလိုက်သည် “သူမက လူမိုက်လို လုပ်တာမဟုတ်ဘူး၊ သူမက လူမိုက်ပဲ နားလည်လား”
“ငါ့ကို နားလည်တာ ဘေဂုန်တစ်ယောက်ပဲရှိ….” ဟေး…. ရှီမာယူယူသည် စကားမဆုံး ခင်ပင် ဘေဂုန်ထန်ပြောသည်ကို ကြားလိုက်သောအခါ စကားဆုံးအောင် မပြောနိုင်တော့ပေ။
သို့သော် သူမသည် အမှန်တကယ်ပင် လအနောက်ဘုရင်ဆီမှ တန်ဖိုးကြီးပစ္စည်းများကို ရယူပြီးဖြစ်လေသည်။ သူမသည် ထူးခြားသော ဝိညာဉ်အရည်အချင်းစာအုပ်နှစ်အုပ်ကို ယူပြီးလေပြီ။
လျင်မြန်စွာပင် လအနောက်ဘုရင်သည် ပစ္စည်းကို လွှဲပေးလေသည်။ ရှီမာယူယူသည် မှော်ဝင်လက်စွပ်အား အခြေအနေကြည့်လိုက်ရာ အမှန်အကန်ပင် အင်ပါယာတစ်ခုဖြစ်လေပြီ။ အချိန်တိုအတွင်းပင် တန်ဖိုးကြီးပစ္စည်းများ စုဆောင်းမိလေပြီ။ အခြေကတော့ ခိုင်တဲ့ပုံပေါ်နေပြီ။ မဆိုးပါဘူး။
ရှီမာယူယူ မျက်နှာမှ မဲ့ပြုံးအားတွေ့သောအခါ ဖက်တီးကျူသည် သူမ ပခုံးတွင် လက်တင်ကာ ပြောလိုက်သည် “ယူယူ မင်းမှာပစ္စည်းတွေအများကြီးရှိတာ၊ လအနောက်ဘုရင်ရဲ့ ပစ္စည်းကို ရချင်တုန်းလား”
ရှီမာယူယူသည် ဖက်တီးကျူပြောသည်ကို သဘောမတူစွာကြည့်ကာ လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည် “အသုံးမကျလိုက်တာ၊ အိမ်တစ်အိမ်ကို မဦးဆောင်ဖူးတဲ့သူက နေ့တိုင်းသုံးနေတဲ့ လိုအပ်တာတွေကို နားမလည်ပါဘူး၊ ငါတို့မှာ ဒီလောက်လူများတာ အသုံးကလည်း များတာပဲ၊ တစ်နေ့တော့ အားလုံး သုံးကုန်သွားမှာပဲ၊ အဲအချိန်ကျရင် ငါတို့ လေပဲစားနေရမှာလား၊ ငါတို့ ဝင်ငွေရဖို့ အရင်းအမြစ်ကိုတော့ ရှာရမှာပဲ ဟုတ်တယ်မလား”
သူမ အရှက်မရှိစွာ ပြောလိုက်သော ထိုစကားများကိုကြားသောအခါ အားလုံး၏ နှုတ်ခမ်းများသည် တွန့်သွားကြသည်။
ဝိညာဉ်စေတီမှ ပစ္စည်းများသည် အသစ်ဖြစ်နေပြီ။ ထို့အပြင် လုပ်နိုင်စွမ်းရှိသော အိမ်တော်ထိန်း တစ်ယောက်ရှိသည်။ သူသည် သူ့ဘာသာ စိုက်ပျိုးရာ သူတို့အားလုံးကုန်အောင် သုံးနိုင်စရာမရှိပေ။
သူမသည် ပစ္စည်းများကို ဝိညာဉ်စေတီအတွင်းထည့်လိုက်သည်။ ဝိညာဉ်လေးသည် ထုံးစံအတိုင်းပင် သိမ်းဆည်းလိုက်သည်။ ထို့နောက်တွင် သူမသည် ပျင်းရိစွာ အညောင်းဆန့်ပြီး ပြောလိုက်သည် “ဒီနေ့ရာသီဥတု က ကောင်းလိုက်တာ၊ အိပ်ဖို့အတော်ပဲ၊ မနက်ဖြန်ထိစောင့်ပြီး လအနောက်ဘုရင်ရဲ့ မွေးနေ့ကို နွှဲပြီး တာနဲ့ ဖြတ်လမ်းတည်ဆောက်မှုကိုသုံးပြီး လအနောက်တိုင်းပြည်ကနေထွက်ရမယ်”
သူမသည် ထိုသို့ပြောပြီးသည်နှင့် ပျော်ရွှင်စွာပင် သူမအခန်းသို့ထွက်သွားလေသည်။
တော်ဝင်ကိုယ်ရံတော်များ တင်ပြသည်ကို လအနောက်ဘုရင်ကြားပြီးသော် မျက်နှာမဲ့သွားသည်။ သူသည် ရှီမာယူယူနှင့် တခြားသူများကို ပစ္စည်းများပေးလိုက်ရသည်ကို တွေးမိတိုင်း ရင်နာမိသည်။
“သူတို့ မနက်ဖြန်ထွက်သွားမယ်ဆိုတာ တော်သေးတာပဲ သူတို့သာ ဒီမှာ ဆက်နေမယ်ဆိုရင်တော့ သူတို့ကို ဘယ်လိုလုပ်ပေးရမလဲဆိုတာ ငါမသိတော့ဘူး” ထိုနေရာမှပြောသော်လည်း ဟာစွန်ကြားသွားမည်ကို စိုးရိမ်သဖြင့် လအနောက်ဘုရင်သည် တိုးညင်းစွာရေရွတ်နေလေသည်။
“ကိုယ့်လူတို့ မနက်ဖြန် ပွဲအတွက်လိုအပ်မယ့် ဟာတွေကို သွားစစ်ဆေးတော့၊ အထွတ်အထိတ် သားရဲအကြောင်းလဲ ထုတ်ပြန်လိုက်၊ လာချင်တဲ့သူတွေကို မျက်စိဖွင့်နားဖွင့်လာခိုင်းလိုက်၊ သူတို့ကို အနှောင့်အယှက်ဖြစ်မှာတွေ မလုပ်စေနဲ့” လအနောက်ဘုရင်သည် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဘုရင်ကြီး”
မွေးနေ့ပွဲသို့ ပါဝင်ဆင်နွှဲကြမည့်သူများကို ဘုရင်ကြီးမှာကြားသည့်အတိုင်းပြောရန် တော်ဝင်ကိုယ်ရံတော် များထွက်သွားကြလေသည်။ ရှီမာယူယူနှင့် တခြားသူများကို လုံးဝသွားမစရန် အားလုံးကို သူ မှာကြားလိုက်သည်။ တစ်စုံတစ်ယောက်သာ သူတို့အား မလေးမစားဆက်ဆံမိပါက ကြီးလေးသော အပြစ်ဒဏ်ကို စောင့်စားနေသလိုပင်။
အမှန်တကယ်တော့ ထိုကဲ့သို့သတင်းမျိုးကို ဘုရင်ကြီးလွှင့်ရန် မလိုအပ်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အထွတ်အထိပ်သားရဲသည် မြို့တော်အတွင်းလှည့်လည်ပြီးသောကြောင့်ပင်။ ရှင်းမိုနှင့် တံခါးပိတ် ကျင့်ကြံနေခဲ့သော စံတင်ဝိညာဉ်တို့သာ မစဉ်းစားမဆင်ခြင်ပဲ ရူးမိုက်စွာ သူတို့အား သတ်ရန် ကြိုးစားခဲ့ကြသည်။
နောက်နေ့ မွေးနေ့ပွဲတွင် ရှီမာယူယူနှင့် တခြားသူများကို တွေ့သောသူများသည် တလေးတစား ဆက်ဆံကြသည်။ သူတို့သည် ခြယ်လှယ်ခြင်းစစ်တပ်နောက်သို့ လိုက်ရန် အလိုမရှိကြပေ။
ဧည့်ခံပွဲတစ်ခုလုံးမှာ ထုံးစံအတိုင်းပင်။ ရှီမာယူယူနှင့် တခြားသူများသည် အလွန်ပျင်းရိလာသဖြင့် နေ့လည်ရောက်သောအခါ ဟာစွန်အားထားခဲ့ကာ ခြံဝန်းသို့ပြန်ခဲ့ကြလေသည်။
ဟာစွန်ရှိနေသဖြင့် အားလုံးသည် အထက်စီးမဆန်ရဲကြပေ။ သူတို့ အကြောင်းအရင်းတစ်ခုကြောင့် စောစောပြန်သွားမည်ကိုပင် စိုးရိမ်နေကြသည်။
အလယ်ပိုင်းဝူတိုင်းပြည်သို့သွားသော ဖြတ်လမ်းတည်ဆောက်မှုမှာ မနက်ဖြန်မှပင် ဖွင့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျင့်ကြံရန် ပြန်ခဲ့ကြသည်။
လအနောက်ဘုရင်အား လက်ဆောင်ပေးရန် သူတို့စဉ်းစားထားကြသည်။ အားလုံးကို ရှီမာယူယူ စီစဉ်ထားသည်။ သူတို့အခန်းသို့ မသွားခင် လအနောက်ဘုရင်အား ပေးမည့် ပစ္စည်းကို ဘေဂုန်ထန်မေးလိုက်သည်။ သူမကြားလိုက်သောအခါ ချွေးအေးများ ပျံလာသည်။
ဝေကျိရွှီနှင့် တခြားသူများ လျှောက်လာကာ မေးလိုက်သည် “လအနောက်ဘုရင်ကို ယူယူ ဘာလက်ဆောင် ပေးမှာလဲ”
ဘေဂုန်ထန် ဖျော့တော့စွာပြောလိုက်သည် “လအနောက်ဘုရင်ပေးတဲ့ ပစ္စည်းတွေထဲက တန်ဖိုးအရှိဆုံးဟာကို ပေးမယ်လို့ သူမပြောတယ်”
“ကျွတ်”
သူတို့အားလုံး ချက်ချင်းပင် ရယ်မောလိုက်ကြသည်။ လူတစ်ယောက်ရဲ့ ပစ္စည်းကိုယူပြီး ပြန်ပေးတယ်…. ထိုအရာများမှာ တန်ဖိုးကြီးသည်မှန်သော်လည်း ဒါက သူတို့ကို ကစားလိုက်တာပဲမလား။
ဒီလို ရက်စက်တဲ့အရာကို သူမသာလျှင် ပြုမူနိုင်သည်။
ဧည့်ခံပွဲပြီးသောအခါ ရှီမာယူယူနှင့် တခြားသူများ ပေးမည့် ပစ္စည်းကို လအနောက်ဘုရင် သိချင်သဖြင့် ဘာပစ္စည်းပေးမည်ကို ကြည့်ရန် သူ၏ ကိုယ်ရံတော်များကို သွားရှာခိုင်းလေသည်။
သူသည် သူတို့ကို တန်ဖိုးကြီးသော ပစ္စည်းများစွာပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာလည်း တန်ဖိုးကြီးသော တစ်စုံတစ်ရာကို လက်ဆောင်ပေးလိမ့်မည်။
သို့သော် သူ သေတ္တာထဲမှ ပစ္စည်းကို မြင်လိုက်ရသောအခါ လအနောက်ဘုရင်သည် မတည်ငြိမ်နိုင်တော့ပေ။ သူ ထိုပစ္စည်းအား ရိုက်ခွဲမိတော့မလိုပင်။
ထို့အပြင် ထိုအထဲတွင် ရှီမာယူယူ မှတ်စုတစ်ခုရေးကာ ထားထားသည် “ကျွန်တော်တို့လာတဲ့တောင်က ဘာတန်ဖိုးကြီးပစ္စည်းမှမရှိပါဘူး၊ ဘုရင်ကြီးဆီက လက်ဆောင်ရထားတဲ့ အထဲက တန်ဖိုးအကြီးဆုံးကို ရွေးလို့ပဲရပါတယ်၊ သက်တော်ရာကျော်ရှည်ပါစေ ဘုရင်ကြီး”
“ခွမ်း”
လအနောက်ဘုရင်လက်ထဲမှ ခွက်သည် ကြေမွသွားတော့သည်။