အပိုင်း(၂၁၄)-အရိုက်ခံရခြင်း
Vol. 003 Ch. 214
ရှီမာယူယူသည် အိမ်ထဲတွင်ရှိနေကာ ရှီမာလိုင် သူမအား ပေးခဲ့သော အသံကျောက်တုံးအား ထုတ်လိုက်သည်။ သူမသည် ဝိညာဉ်ချီထည့်လိုက်ရာ သွေးကြောများ စတင်လှုပ်ရှားလာပြီး ရှီမာလိုင်၏ အသံထွက်ပေါ်လာသည်။
ထိုအထဲရှိ အကြောင်းအရာမှာ.. စကားလုံးတိုင်း စာကြောင်းတိုင်းက စိတ်ထဲတွင် သံမှိုစွဲနေပြီဖြစ်သည်။ သို့သော် သူမသည် ထုတ်ပြီး ရှီမာလိုင်၏ ချစ်စရာကောင်းသော အသံအား နားထောင်မြဲပင်ဖြစ်သည်။
ဘိုင်ယွန်ရွှီနှင့် တွေ့ပြီးသည်မှစ၍ လအနောက်တိုင်းပြည်တွင် သူမ နေခဲ့သည်မှာ တစ်လကြာပြီဖြစ်သည်။ အခုတော့ သူတို့၏ သုံးနှစ်ကတိရောက်ရန် သုံးလသာ လိုတော့သည်။
သူမ အဘိုးနှင့် အစ်ကိုများ ထိုသုံးနှစ်အတွင်းတွင် ကောင်းစွာရှိနေခဲ့မလားကို သူမ သိချင်ခဲ့သည်။
“အဘိုး အဘိုးတို့အားလုံးကို ကယ်ဖို့သမီးလာခဲ့မယ်၊ သမီးကို စောင့်ပေးကြပါ” သူမ ကျောက်တုံးအား ဆုပ်ကိုင်ကာ ကြွေးကြော်လိုက်သည်။
နောက်တစ်နေ့ မနက်တွင် ရှီမာယူယူနှင့် တခြားသူများသည် ဝိညာဉ်သခင်များအသင်းသို့သွားကြသည်။ ဝိညာဉ်သခင်များအသင်းမှ လူများသည် သူတို့အားမြင်သော်အခါ မြန်မြန်ပင်ဝင်ခွင့်ပြုလိုက်သည်။
“ကျွန်တော်တို့ အလယ်ပိုင်းဝူတိုင်းပြည်ကို သွားချင်တယ်” ဝေကျိရွှီသည် သူတို့အား ကြိုဆိုသော လူအားပြောလိုက်သည်။
“ကျွန်တော်တို့ အားလုံးပြင်ဆင်ပြီးပါပြီ” ဆိုင်ရှင်ပြောလိုက်သည်။ “အရေးကြီးတဲ့ ဧည့်သည်တွေ ဖြတ်လမ်းတည်ဆောက်မှုကို သုံးမယ်လို့ မနေ့က ဘုရင်ကြီးကပြောထားပါတယ်၊ တခြားသူတွေ မသုံးရသေးပါဘူး”
ဒါက သူတို့ကို ဝန်းရံထားတာလား။
“ဒီဖြတ်လမ်းတည်ဆောက်မှုက ဘယ်ကိုဦးတည်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အလယ်ပိုင်းဝူတိုင်းပြည်က အင်ပါယာမြို့တော်ဖြစ်တဲ့ လင်းချွန်းမြို့တော်ကိုပါ” ဆိုင်ရှင်ပြန်ဖြေလိုက်သည်။
“ရှီမာမျိုးနွယ်က ဘယ်မြို့မှာရှိတာလဲဆိုတာ ခင်ဗျားသိလား”
“အရှေ့ပိုင်း အန်ယန်းမြို့တော်မှာပါ၊ လင်းချွန်းမြို့တော်မှာ အဲဒီကိုသွားလို့ရမယ့် ဖြတ်လမ်း တည်ဆောက်မှုရှိပါတယ်”
“အင်ပါယာမြို့တော်မှာမဟုတ်ဘူးလား”
“ဟုတ်ပါတယ်”
“……..”
စကားပြောရင်းနှင့်ပင် ဖြတ်လမ်းတည်ဆောက်မှုဆီသို့လာခဲ့လိုက်ကြသည်။ ဖြတ်လမ်းတည်ဆောက်မှုသည် အဝေးသို့ ရောက်နိုင်စွမ်းရှိသဖြင့် အရွယ်အစားမှာ ကြီးမားကာ အိမ်တစ်လုံး၏ တစ်ဝက်စာပင်ရှိသည်။
ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုအားကြည့်လိုက်သည်။ ပြဿနာရှိ မရှိကို သူမ စစ်ဆေးပြီးမှ သူတို့အား နင်းစေသည်။
ဆိုင်ရှင်သည် သူတို့အား တစ်ချိန်တည်းမှာပင် ဝိညာဉ်ချီများကို ထည့်စေသည်။ ဖြတ်လမ်း တည်ဆောက်မှုသည် မြင့်တက်လာကာ သွေးကြောများ ထင်ရှားလာပြီး ရပ်တန့်သွားလေသည်။
ထိုမျှကြီးမားသော ဖြတ်လမ်းတည်ဆောက်မှု လှုပ်ရှားသည်ကို မြင်ရခြင်းမှာ ရှီမာယူယူအဖို့ ပထမဆုံးဖြစ်သည်။ သို့သော် အကွာအဝေးမြင်နိုင်စွမ်းအား တွေးမိလျှင် သာမာန်မျှသာဖြစ်သည်။
“ထပ်လာပြီ” ရှီမာယူယူသည် စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် ရင်းနှီးနေသော မူးနောက်သော လှိုင်းလုံးသည် သူမ အား ရိုက်ခတ်လိုက်လေသည်။
သူမသည် ဖြတ်လမ်းတည်ဆောက်မှုအား အကြိမ်ပေါင်းများစွာ အသုံးပြုဖူးသော်လည်း ထိုကဲ့သို့သော မူးနောက်မျိုးကို မကြုံဖူးပေ။ ထိုကဲ့သို့ ပင်ပန်းမှုမျိုးခံစားရသည့် ပြဿနာကို သူမ ဖန်ကျိရှင်းကို မေးခဲ့ဖူးသည်။ ထိုအချိန်က ဖန်ကျိရှင်းဖြေခဲ့သည်မှာ တိုင်းပြည်၏ ထိုဖြတ်လမ်းတည်ဆောက်မှုများသည် အကြမ်းထည်များဖြစ်သောကြောင့်ဟု…ထို့ကြောင့်ပင် နေရာအား အလွယ်တကူ အာရုံခံနိုင်သော သူမမှာ ပင်ပန်းခြင်းဖြစ်သည်။
ထိုအချိန်တွင် ထိုကဲ့သို့ အရည်အချင်းမျိုးရှိခြင်းကို သူမ စိတ်ထဲမှ စောဒကတက်မိသည်။
နှစ်ရက်အကြာတွင် သူတို့သည် လင်းချွန်းမြို့တော်သို့ ရောက်လာကြသည်။ ဖြတ်လမ်းတည်ဆောက်မှုတွင် ထိုမျှလောက် ကြာအောင်နေခဲ့ရသည်ကို အားလုံး မယုံကြည်နိုင်ကြပေ။ သူတို့် သားရဲများစီးပြီး ပျံသန်းသွားပါက သုံးလမှ ငါးလအထိကြာမည်ဖြစ်ရာ အချိန်မလောက်ပင်။ ထို့အပြင် ငှက်လေးမှာ ပျံသန်းနိုင်သော သားရဲများထဲတွင် အမြန်ဆုံးဖြစ်သည်။
မည်သည့်ငှက်မျိုးစိတ်ဖြစ်ပါစေ တစ်နှစ်တော့ပေးရမည်ဖြစ်သည်။
တိုင်းပြည်များအကြားမှ ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုမှုမှာ ရှားပါးလှပြီး လင်းချွန်းမြို့တော် မှ ဖြတ်လမ်းတည်ဆောက်မှုမှာ မဖွင့်သည်မှာ ကြာပြီဖြစ်သည်။
ဖြတ်လမ်းတည်ဆောက်မှုမှ တစ်စုံတစ်ရာပို့လိုက်သည်ကို တွေ့သည်နှင့် ဝိညာဉ်အသင်းမှ လူများသည် ကြည့်ရန် ထိုလူများအား စပ်စုရန် စုဝေးလာကြသည်။ လူငယ်အနည်းစုဖြစ်နေသည်ကို သိပြီးနောက် ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြလေသည်။
ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုတွင် နှစ်ရက်ကြာကုန်ဆုံးပြီးနောက် သူမ ထွက်လာသောအခါ အနည်းငယ် မူးနောက်နေသည်။
“သေစမ်း နောက်တစ်ခါကျရင် ငါလုပ်ထားတဲ့ ဖြတ်လမ်းတည်ဆောက်မှုကို သေချာပေါက်ယူလာရမယ်” သူမ ပျို့အန်ပြီးနောက် ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုအား လက်လျော့ရတော့သည်။
သူမ အခြေအနေကြောင့်ပင် သူတို့သည် အလောတကြီးမလုပ်ကြပေ။ သည်လိုနှင့် သူတို့သည် နေရန် လင်းချွန်းမြို့တော်မှ တည်းခိုခန်းအား ရွေးချယ်လိုက်ကြသည်။
ရှီမာယူယူ အိပ်ရာပေါ်တွင် လဲနေကာ တစ်ကမ္ဘာလုံးလယ်နေသည်ကို ခံစားရသည်။
“ကားမူးတာ၊ လှိုင်းမူးတာ လေယာဉ်မူးတဲ့သူတွေကိုပဲ ကြားဖူးပါတယ်၊ ငါ့လို ဖြတ်လမ်းတည်ဆောက်မှုကို မူးတဲ့လူကို မတွေ့ဖူးဘူး” သူမသည် လေကို ဆုပ်ကိုင်ရန် လက်ဆန့်ထုတ်ပြီးမှ အားမရှိစွာ ပြန်ချလိုက်သည်။
“ယူယူ ငါတို့က အန်ယန်းမြို့တော်နဲ့ သိပ်မဝေးတော့ဘူးလို့ ကြားလာတယ်၊ နောက်တစ်နေရာကို သားရဲစီးပြီးသွားလို့ရတယ်” ဘေဂုန်ထန်သည် အိမ်ထဲရှိ ရှီမာယူယူ ဂရုစိုက်ပြီး သူမအား ထိုကဲ့သို့ မြင်ရသည်ကို နာကျင်စွာပြောလိုက်သည်။
ရှီမာယူယူသည် ဘေဂုန်ထန်အား အားမရှိစွာကြည့်ပြီး ပြောလိုက်သည် “ထားလိုက်တော့ ငါတို့်စောစော ရောက်ရင် ပိုပြီးပြင်ဆင်လို့ရတယ်”
ထို့အပြင် ထိုနေရာသို့ရောက်ရန် တစ်လ နှစ်လ ကြာသည်နှင် ယှဉ်လျှင် ထိုသည်မှာ တော်သေးသည်။
“ဒါဆို မင်းကောင်းကောင်းနားသင့်တယ်၊ ဖက်တီးကျူနဲ့ တခြားသူတွေက လင်းချွန်းမြို့တော်ကို စိတ်ဝင်စားနေကြတယ်၊ ငါတို့အတူ ပတ်ကြည့်ကြမလို့” သူမ ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ ရှီမာယူယူ နှဖူးပေါ်မှ တဘက်ကိုယူကာ ပုံးအား ဆွဲ၍ ထွက်သွားလေသည်။ ရှီမာယူယူ တစ်ယောက်တည်းသာ အိမ်ထဲတွင် ကျန်နေခဲ့သည်။
“ဘုန်း”
တံခါးပိတ်သံကြောင့် မျက်လုံးမှိတ်ထားသော ရှီမာယူယူ မျက်လုံးဖွင့်ပြီး ကြောင်ကြည့်နေမိသည်။ သူမ စိတ်ထဲတွင် ရေရွတ်မိသည် “ဒီနှလုံးသားမရှိတဲ့ အကောင်တွေ ငါ့ကိုတစ်ယောက်တည်းပစ်ထားပြီး သူတို့ဘာသာ သွားဆော့ကြတော့မယ်၊ ယုတ်မာလိုက်ကြတာ၊ မဟုတ်ဘူး မဖြစ်သေးဘူး၊ ငါမူးနေသေးတယ်၊ ငါထပ်ပြီးအိပ်ဖို့ လိုသေးတယ်၊ ဟာစွန် သူတို့ပြန်လာရင် ငါ့ကိုခေါ်လိုက်”
တံခါးခုံတွင် တိတ်ဆိတ်စွာရှိနေသော ဟာစွန်သည် အိပ်ရာပေါ်တွင် လှဲနေသော လူအား စိုက်ကြသည့်ကာ အပြင်ဘက်ရှိ လမ်းသို့ မျက်စိလွှဲကာ လူများ သွားလာနေသည်ကို ကြည့်နေလေသည်။
ဒီလူသည် ကောင်းကင်နှင့် မြေကြီးကို မကြောက်ဘဲ မြူးထူးပျော်ရွှင်နေခဲ့သည်။ ဖြတ်လမ်းတည် ဆောက်မှုကြောင့် ဒုက္ခရောက်လိမ့်မည်ကို ဘယ်သူ ထင်မိမှာလဲ။
ရှီမာယူယူသည် ညရောက်သည်အထိ အိပ်ပျော်သွားသည်။ သူမ နိုးလာသောအခါ အနည်းငယ် သက်သာနေသည်ကို ခံစားရသည်။ အနည်းဆုံးတော့ ကမ္ဘာကြီးမလည်တော့ပေ။ သို့သော် သူမသည် ထိုင်းမိုင်းမှုကို ခံစားရဆဲဖြစ်ကာ ထိုအရာသည် အနေရခက်စေသည်။
“ငါ့ခါးတွေ နာတဲ့အထိ အိပ်ပစ်မယ်၊ ဟာစွန် သူတို့တွေပြန်မလာကြသေးဘူးလား”
သူမ အိပ်ရာဝန်းကျင်အား လိုက်စမ်းကြည့်ရာ နောက်မှပင် ဟာစွန် ရှိမနေသည်ကို သိလိုက်ရသည်။
သူမ တံခါးဖွင့်ကာ ထွက်လာလိုက်သည်။ ကျယ်လောင်သောရယ်သံနှင့် ဆူညံသံများကြားရသည်နှင့် လက်ရန်းအား မှီလိုက်သည်။ နှာခေါင်းသွေးလျှံနေသော ဖက်တီးကျူအား မြင်လိုက်ရသည်။ အနောက်တွင် တုလေးသည် မျက်ကွယ်းညိုသော မျက်နှာနှင့် ရှိနေသည်။
“အမလေး မင်းတို့သွားတာ တစ်ရက်ပဲရှိသေးတယ် ဒီလိုတောင်ဖြစ်နေပြီ” ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “မင်းတို့လျှောက်ကြည့်ဖို့သွားတာမလား အိမ်တစ်အိမ်ကို ဖျက်ဆီးခဲ့တာလား ဖက်တီး မင်းဟာက ဘာတွေဖြစ်လာတာလဲ”
ဖက်တီးကျူသည် ရှီမာယူယူအား စိတ်မကောင်းစွာကြည့်လိုက်သည်။ သူအရိုက်ခံလာရသည်ကို သူသေချာပေါက် မြင်တွေ့ပါလျက်နဲ့ အဲလောက် ပျော်နေရသလား။
အားလုံးသည် အပေါ်ထပ်သို့တက်လာရာ သူတို့အားမြင်သည်နှင့် သူမ ပြုံးရယ်မိသည်။
ဒီကောင်တွေက လည်ဖို့သွားကြတာပဲ ဒါပေမယ့် သူတို့ အရိုက်ခံလာရတယ်။
သူမ တုလေးအား လက်ချောင်းဖြင့် လက်ယပ်ခေါ်ကာ ပြောလိုက်သည် “တုလေး ဒီကိုလာ”
တုလေးသည် ဖက်တီးကျူနှင့် တခြားသူများကို ဖြတ်လျှောက်ကာ ရှီမာယူယူဘေးသို့ လာလိုက်သည်။
ရှီမာယူယူသည် သူ့မျက်ကွင်းညိုနေသော မျက်လုံးအား ကိုင်ရန် လက်ကိဆန့်ကာ ပြောလိုက်သည် “လာဦး အစ်ကိုကြီးကိုပြော ဘယ်သူက မင်းကိုရိုက်လိုက်တာလဲ”
“လူဆိုးတစ်ယောက်” တုလေး ဒေါကန်စွာဖြင့် “အဲလူက မမနဲ့ ကျွန်တော့်ကိုတင် ယုတ်မာတာမဟုတ်ဘူး၊ အစ်ကို ဖက်တီးကိုလဲ အဲလိုဖြစ်အောင် ထိုးလိုက်တယ်”
“အော် ဘယ်လိုဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မမနဲ့ ကျွန်တော် လမ်းမှာ လမ်းလျှောက်တုန်း မင်းသားအစ်ကိုနဲ့တွေ့တယ်၊ သူမ မမကို မျက်စိကျပြီး သူ့အိမ်ကို ခေါ်သွားဖို့လုပ်တယ်၊ တခြားလူကြီးတစ်ယောက်က ကျွန်တော့်ကို ဖမ်းခေါ်သွားချင်နေတယ်၊ အစ်ကိုကြီး ဝူရန်နဲ့ အစ်ကိုကြီးကျိရွှီက အနားမှာမရှိဘူး၊ အဲဒါကြောင့် အစ်ကိုဖက်တီးက သူတို့နဲ့ ရန်ဖြစ်တယ်၊ ဒါပေမယ့် ဒီလိုအရိုက်ခံလာရတာပဲ၊ အဲလူကြီးက စံတင်ဝိညာဉ်လို့ ထင်မထားကြဘူး၊ အစ်ကိုကြီးဟာစွန်သာ ရောက်မလာရင် ဒီနေ့ပြန်လာလို့တောင် ရမှာမဟုတ်ဘူး”
ရှီမာယူယူ လက်ပိုက်လိုက်ကာ သူမ မျက်ခုံးပင့်ပြီး…. သူတို့က သူမမိသားစုရဲ့ မိန်းမလှလေးနဲ့ ကောင်လေးကို မျက်စိကျပြီး ခေါ်သွားချင်တာလား။