အပိုင်း(၂၁၅)-အပေါက်ထဲမှ မြွေအားဆွဲထုတ်ခြင်း
Vol. 003 Ch. 215
သူမနိုးလာသည့်အချိန်မှာ ဟာစွန် ဒါ့ကြောင့်မရှိတာကိုး။ ထိုအရာကပင် သူသည် ဒုက္ခထဲမှ မိန်းကလေးကို ကယ်ခဲ့သည့် သူရဲကောင်းဖြစ်သွားစေသည်။
“တစ်ဖက်လူက ဘယ်သူလဲဆိုတာ သိကြလား” သူမ မေးလိုက်သည်။
“သိတယ်” တုလေး ပြောလိုက်သည် “သူက နာလန်မျိုးနွယ်ကလို့ ပြောတယ်၊ ကျွန်တော်တို့ကို ကြည့်နေတဲ့လူကလည်း အဆင့်တစ်စွမ်းအားရှိတယ်လို့ ကြားတယ်”
“နာလန်မျိုးနွယ်ဟုတ်လား” ထိုအမည်အား ထပ်ကြားရသောအခါ သူမ အနည်းငယ် အံ့သြမိလေသည်။ သူမသည် ဒုံချန်းတိုင်းပြည်မှာတုန်းက နာလန်မျိုးနွယ်နှင့် ပတ်သတ်၍ နာကျည်းချက်ရှိခဲ့သည်။
ဒီမှာ ရှီမာမျိုးနွယ်က ပြည်နှင်ဒဏ်ပေးနိုင်သည့် စွမ်းအားရှိသည်ဆိုလျှင် နာလန်မျိုးနွယ်သည်လည်း ထိုကဲ့သို့ပင် ဖြစ်လောက်သည်။ သူတို့နှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဒါဆို ဟာစွန်က သူတို့ကို မသတ်ခဲ့ဘူူးလား” ရှီမာယူယူ သိချင်သွားသည်။
တုလေးသည် ခေါင်းရမ်းကာ ပြောလိုက်သည် “သူက ဒီကိုလာတာ လူကယ်ဖို့လာတာတဲ့ တွေ့ရာလူကို မသတ်နိုင်ဘူးလို့ အစ်ကိုကြီးဟာစွန်ကပြောတယ်၊ သူအဲလူနှစ်ယောက်ကို လွှတ်ပေးလိုက်တယ်”
“ဟူး နှမြောစရာကောင်းလိုက်တာ” ရှီမာယူယူ ရေရွတ်မိသည်။
“ဒါပေမယ့် အစ်ကိုကြီးဟာစွန်က သူက အထွတ်အထိပ်သားရဲဆိုတာကို ဘယ်သူ့ကိုမှ ပေးမသိဘူး” တုလေး ရှင်းပြသည်။
ရှီမာယူယူ သူ့ပုခုံးအား ပုတ်ကာ ပြောလိုက်သည် “မင်းရဲ့ ပန်ဒါမျက်လုံးပျောက်အောင် ဆေးနှစ်လုံးသွားစားလိုက် ချစ်စရာလုံးဝမကောင်းဘူး ဖက်တီးကတော့ စားဖို့ဆေးကို ကိုယ့်ဘာသာသွားရှာ၊ တုလေး သွားရအောင်”
သူမ စကားပြောပြီးနောက်တွင် တုလေးလက်အားဆွဲကာ အိမ်ထဲသို့ခေါ်သွားပြီး ဆေးနှစ်လုံးတိုက် လိုက်လေသည်။ တစ်ခဏအကြာတွင် ဘေဂုန်ထန် ရောက်လာသည်။
“နာလန်မျိုးနွယ်… တစ်ခုတည်းရှိတဲ့ မိသားစုမဟုတ်ဘူး၊ မျိုးနွယ်တစ်ခုလုံးက လူတွေ၊ လုပ်တဲ့အချိုးတွေကတော့ တစ်ပုံစံတည်းပဲ” ဘေဂုန်ထန်သည် နာလန်မျိုးနွယ်နှင့် ပတ်သတ်၍ အကောင်းမမြင်ချေ၊ သူမ အံကြိတ်လိုက်သည်။
“အရမ်းမုန်းဖို့ကောင်းတာပဲ” တစ်ဖက်လူမှ နေ့ခင်းနေ့လည်တွင် မိန်းကလေးတစ်ယောက်ကို အတင်းခေါ်ချင်သည်ဟု ရှီမာယူယူကြားသည်နှင့် အမုန်းစိတ်များ ကြီးထွားလာသည်။ “ဒါပေမယ့် အခုတော့ ငါတို့ပြဿနာဖြစ်လို့ မရသေးဘူး ငါတို့ဘက်က သေချာအောင် ရှင်းလင်းပြီးမှ သူတို့ကို အဆုံးသတ်ရမယ်”
“အင်း” ဘေဂုန်ထန်ခေါင်းညိတ်သည်။ သူမ မည်ကဲ့သို့ပင်လုပ်စေကာမူ သူမခံစားရသော ဒေါသ မှာ ပြေပျောက်မည်မဟုတ်ပေ။
နောက်တစ်နေ့မနက်တွင် ရှီမာယူယူသည် ဘေဂုန်ထန်အား လမ်းသို့ဆွဲခေါ်လာလိုက်သည်။ အရင်ဆုံး နာလန်မျိုးနွယ်အကြောင်းကို စုံစမ်းရမည်။ သူတို့စုံစမ်းရာ နာလန်မျိုးနွယ်အကြောင်းဘာမှ မသိခဲ့ရပေ။ သူတို့အား အရိုင်းအစိုင်းများကဲ့သို့ အကြည့်ခံရသည်။ သို့သော် သူတို့သိချင်သည်ကို မေးဆဲပင်။
ထင်ထားသည့်အတိုင်းပင် နာလန်မျိုးနွယ်သည် ယိလင်းတိုင်းပြည်တွင် အင်အားအကြီးဆုံးဖြစ်သည်။ သူတို့ ပင်မအိမ်တော်သည် အင်ပါယာမြို့တော်တွင် မရှိပဲ အနောက်မြောက်မြို့တော် လင်အန်းတွင် တည်ရှိသည်။ ပြောရမည်ဆိုလျှင် ရှီမာမျိုးနွယ်ရှိရာနှင့် ဆန့်ကျင်ဘက်တွင် ရှိသည်။ လေးခုသော မျိုးနွယ်ကြီးတွင် ပါဝင်သဖြင့် သူတို့၏ အင်အားသည်မှာလည်း နည်းမည်တော့မဟုတ်ပေ။
သို့သော် ရှီမာယူယူ တစ်ဝက်စိတ်အေးရသည်မှာ ဘေဂုန်ထန်အား လမ်းမတွင် ဆွဲသော လူသည် နာလန်မိသားစု၏ ပင်မအိမ်မမှဟုတ်သည်ကိုပင်ဖြစ်သည်။ ထိုလူအား မတွေ့ရလျှင် တော်ပေမည်။ သို့သော် သူတို့အားတွေ့လျှင် သူမ သေချာပေါက် တရားမျှတမှုအား ရယူမည်ဖြစ်သည်။
“ဟိတ် ဒါက မနေ့က မိန်းမလှလေးမလား” ရိုင်းပျသော အသံထွက်လာရာ ဘေဂုန်ထန်ကြည့်လိုက်သည်။ မနေ့က ရမ်းကားခဲ့သော ယောကျ်ားဖြစ်သည်မှာ အမှန်ပင်၊ ရိုင်းပျသော အသံကလည်း သက်သေပြနေသည်။
သူတို့နှစ်ယောက်သည် ပန်းပွင့်ဖောက်ထားသော အဝတ်များကိုဝတ်ဆင်ထားသဖြင့် ကြည့်ရုံနှင့်ပင် သာမာန် ဝန်ထမ်းမဟုတ်သည်ကို သိနိုင်သည်။ ရှီမာယူယူ သူတို့အား ကြည့်ကာ ပြောလိုက်သည် “မနေ့က မင်ကို အနှောင့်အယှက်ပေးတာ သူတို့လား”
ဘေဂုန်ထန် ခေါင်းညိတ်သည်။
“မနေ့က ကောင်လေးက ဘယ်ရောက်သွားလဲ၊ ဒီကျွမ်းကျင်သူကြီးက သူ့ကိုသေလောက်အောင်ချစ်မိနေပြီ” ရိုင်းစိုင်းသော လူကြီးသည် ဘယ်ညာကြည့်သော်လည်း တုလေးအား မမြင်သောကြောင့် ဆက်တိုက်မေးနေသည်။
ရှီမာယူယူနှင့် ဘေဂုန်ထန်တို့နှစ်ယောက်လုံး ချက်ချင်းမျက်နှာပျက်သွားသည်။ ဒီလူကြီးကတော့ မသေမချင်း တုလေးကို အနှောင့်အယှက်ပေးမယ့်ပုံပဲ။
ရှီမာယူယူ ပေါက်ကွဲမတတ် သက်ပြင်းချသည်ကို ဘေဂုန်ထန်တွေ့သောအခါ သူမအား ဆွဲပြီး နာလန်မျိုးနွယ်လူများကို ပြောလိုက်သည် “ငါ့အစ်ကိုကြီးက ဒီနားမှာရှိတယ်၊ ငါတို့နောက်ကို မလိုက်လာတာကောင်းမယ်”
သူမပြောပြီးသည်နှင့် ရှီမာယူယူအား လူအုပ်ဆီသို့ ဆွဲခေါ်သွားလေသည်။
“စီနီယာ သူတို့…” ရှီမာယူယူနှင့် တခြားသူများ ထွက်သွားသည်ကို မြင်သော်အခါ အရိုင်းအစိုင်းသော လူကြီးသည် အနည်းငယ်စိုးရိမ်သွားသည်။
“မစိုးရိမ်နဲ့ ငါဒီနေရာကို ကြည့်လိုက်ဦးမယ်” အရိုင်းအစိုင်းလူကြီးသ်ည မျက်စိမှိတ်ကာ ပတ်ဝန်းကျင်အား အာရုံခံကြည့်ကာ ပြောလိုက်သည် “သူတို့ အစ်ကိုကြီးက ဒီနားမှာမရှိဘူး”
“ဒါဆို ကျွန်တော်တို့ သူတို့နောက်ကို လိုက်ကြမှာလား” အရိုင်းအစိုင်းလူကြီးသည် စိုးရိမ်စွာနှင့် သူတို့အား လိုက်မမှီမည်ကို စိုးရိမ်နေသည်။
“စိုးရိမ်စရာမလိုဘူး သူတို့မပြေးနိုင်ဘူး” အရိုင်းအစိုင်းလူကြီးသည် ပြောရင်း သူတို့နှစ်ယောက်ဘက်သို့ ဖြည်းဖြည်းလျှောက်သွားလေသည်။
ထိုအရာအား အရိုင်းအစိုင်းလူကြီးမြင်သောအခါ ဖမ်းမိရန် အလျင်အမြန်လိုက်တော့သည်။
ဘေဂုန်ထန်သည် ရှီမာယူယူအား မြို့ပြင်သို့ဆွဲခေါ်သွားလေသည်။ သူတို့နှစ်ယောက်သည် ထွက်ပြေးသည်ပုံပေါက်သဖြင့် ထိုလူနှစ်ယောက်သည် သူတို့နှစ်ယောက်တည်းဆိုသည်ကို သေချာနေသဖြင့် ယုံကြည်ချက်အပြည့်ရှိနေသည်။
“စီနီယာ အဲမိန်းကလေးကို ဖမ်း၊ မနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာ သိမှာပါ” အရိုင်းအစိုင်းလူကြီး သည် ဘေဂုန်ထန်အား ဖမ်းမိရန် မျှော်လင့်ချက်ဖြင့် စီနီယာအား ပြောလိုက်သည်။
“အေးဆေးပေါ့ ငါသူတို့ကို ဖမ်းမိမှာပါ၊ ငါ့စိတ်တွေလည်း တက်ကြွနေပြီ” အရိုင်းအစိုင်းစီနီယာက ပြောလိုက်သည်။
အရှေ့မှ လျှောက်သွားသော ရှီမာယူယူနှင့် ဘေဂုန်ထန်တို့သည် ထိုလူနှစ်ယောက်ပြောသော စကားများကို ကြားသောအခါ လူသတ်ချင်သည့် အကြည့်များ ဖြစ်ပေါ်လာသည်။
သူတို့နှစ်ယောက်က တုလေးကိုတောင် ခေါ်သွားပြီး ပြန်ပေးဆွဲချင်တာလား၊ ယုတ်မာလိုက်ကြတာ။
သူတို့နှစ်ယောက် မြို့ပြင်ဘက်ထွက်သွားသည်ကို မြင်သည့်နောက်တွင် နာလန်မျိုးနွယ်မှာ နှစ်ယောက်သည် သူတို့ မြို့ပြင်မှာ နေနေကြတာလား။ သို့သော် ဒီလိုလူမရှိတဲ့ နေရာကိုလာတာတောင် ဘာလို့ သက်တောင့်သက်သာဖြစ်နေရတာလဲ။ အချိန်ကျရောက်လာလျှင်တော့ သူတို့လုပ်ခဲ့သည်ကို ဘယ်သူမှပင်သိ လိုက်မည်မဟုတ်ပေ။
မြို့မှ ၅ကီလိုမီတာအကွာသို့ရောက်သောအခါ ဘေဂုန်ထန်သည် လမ်းလျှောက်ခြင်းကိုရပ်လိုက်ကာ သူတို့ဘက် သို့ မျက်နှာချင်းဆိုင် လှည့်လိုက်သည်။
“မင်းတို့ဘာလို့ ငါတို့်နောက်ကိုလိုက်နေရတာလဲ” ဘေဂုန်ထန်သည် သူတို့နှစ်ယောက်အား မုန်းတီးစွာကြည့် လိုက်သည်။
“ဟေး ဟေး မိန်းမလှလေး မနေ့က မင်းကိုတွေ့ပြီးတော့ ငါ့နှလုံးသားတွေခုန်နေတာ အခုထိပဲ”