← Chapters

အပိုင်း(၂၁၆)-စံတင်ဝိညာဉ်အား ချေမှုန်းခြင်း

Vol. 003 Ch. 216

အပိုင်း(၂၁၆)-စံတင်ဝိညာဉ်အား ချေမှုန်းခြင်း

Vol. 003 Ch. 216

"မင်းတို့် တကယ်ရဲတာပဲ ငါ့နာလန်မျိုးနွယ်က လူကိုတောင်သတ်ရဲတယ်” အရိုင်းအစိုင်းစီနီယာ၏ မျက်လုံးများသည် လူသတ်သည့်အရိပ်အယောင်များ ပေါ်လာကာ ရှီမာယူယူအား ဖိနှိပ်ချင်သည့် သတ်မည့် ပုံပေါ်လာသည်။ သူသည် သူမအား သူ၏ ရောင်ဝါဖြင့် ဖိနှိပ်ချင်သည်။

သို့သော် ရှီမာယူယူသည် မတ်တတ်ရပ်ကာ သူမအပေါ်တွင် အကျိုးသက်ရောက်မှုမရှိပေ။

“မင်းက ဖိအားအမြင့်ကိုတောင်မှ ခံနိုင်ရည်ရှိတာပဲ” အံ့သြသွားသော်လည်း သူ အရမ်းစဉ်းစားမနေပဲ သူမ၏ ဖိအားကို ခံနိုင်ရည်ရှိသော စွမ်းအင်ရှိသည်ဟုသာ မှတ်ယူလိုက်သည်။ “မင်းမှာဘယ်လို စွမ်းအားပဲ ရှိပါစေ၊ ငါ့နာလန်မျိုးနွယ်အတွက် လက်စားချေဖို့ ငါမင်းကို သတ်ရလိမ့်မယ်”

နာလန်မျိုးဆက်ငယ်သည် သူ့မျက်စိရှေ့တွင်ပင် အသတ်ခံခဲ့ရသည်။ ထိုသတင်းသာ ပျံ့သွားပါက သူသည် ဆယ်စုနှစ်တစ်ခုစာလောက် ဟားစရာအဖြစ်ကျန်ခဲ့မည်။ ထိုသတင်းပျံ့မသွားရန် ဒီနှစ်ယောက်အား သတ်ခြင်းသည်သာလျှင် တစ်ခုတည်းသော အဖြေဖြစ်သည်။

ရှီမာယူယူသည် သူ့မျက်လုံးထဲမှ လူသတ်ငွေ့အား ဂရုမစိုက်ပဲ ပြောလိုက်သည် “သူမ နာလန်မျိုးနွယ်မှာ အဲလောက်တောင်ကြီးကျယ်တာလား၊ ငါကြားတောင်မကြားဖူးဘူး၊ မင်းတို့နှစ်ယောက်လိုမျိုးရှိနေတာ အဲမျိုးနွယ်က ဒီလောက်ကြီးကျယ်မယ်မထင်ဘူး”

“အတင့်ရဲလိုက်တဲ့အကောင်၊ မင်းကိုသတ်ပြီးရင် မင်းဒီလို မြောက်နိုင်မလားကြည့်ကြတာပေါ့” အရိုင်းအစိုင်း စီနီယာသည် ပြောပြီးသည်နှင့် သူ၏ ဝိညာဉ်စွမ်းအင်များစုစည်းရာ သူ၏ အဆင့်ပေါ်လာသည်။

“စံတင်အဆင့်ငါး ဟုတ်လား” ရှီမာယူယူသည် ထိုလူကြီးအားကြည့်ပြီး ကျိတ်ရယ်မိသည်။ “မင်းက ဒီလောက်အသက်ကြီးတဲ့ အထိနေပြီးမှ စံတင်ဝိညာဉ်ကိုရောက်သေးတာလား၊ ကြည့်ရတာ မင်း အရည်အချင်းမရှိဘ့ူးထင်တယ်၊ မင်းဒီအဆင့်ရောက်ဖို့ ဝိညာဉ်ဆေးတွေ သုံးခဲ့ရတယ်မလား”

ရှီမာယူယူ၏ စကားလုံးများသည် အရိုင်းအစိုင်းစီနီယာအတွက် နာကျင်ခြင်းကို ဖြစ်စေ၍ ပြောလိုက်သည် “အစက မင်းကို မြန်မြန်သတ်ပေးမလို့ပဲ ဒါပေမယ့် ငါစိတ်ပြောင်းသွားပြီ မင်းကို ဖြေးဖြေးချင်း နှိပ်စက်ပေးမယ်”

“ဒီသခင်ကြီးက မင်းနှိပ်စက်ချင်တိုင်းရမယ့် လူလား” ရှီမာယူယူသည် အရိုင်းအစိုင်းစီနီယာအား ကြည့်ကာ ပြောလိုက်သည် “မင်းငါ့ကို သတ်ချင်တယ် ဒါပေမယ့် ငါလည်း မင်းကိုသတ်ချင်တယ်၊ မင်းက ငါ့မိသားစုဖြစ်တဲ့ တုလေးကို မကောင်းကြံပြီး သတ်ချင်တာ၊ အခုတော့ ငါမင်းကို သတ်မယ်၊ ဒီနေ့တော့ မင်းအသက်ရှင်မယ့်ပုံမပေါ်တော့ဘူး”

“ဟားဟားဟား” အရိုင်းအစိုင်းစီနီယာသည် သူ့ဘဝတစ်ခုလုံးတွင် အရယ်ရဆုံးဟာသတစ်ခုအား ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ သူရယ်မောပြီးနောက် ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “မင်းလို ဝိညာဉ်နယ်ရှင်လေးက ငါ့ကို သတ်ချင်တယ်ဟုတ်လား”

“ငါသတ်မယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူသည် အံအားသင့်သည့် အမူအရာဖြင့် ပြောလိုက်သည် “ဟိန်းသံထောင်ချီ ဒီလူကို သတ်ဖို့ မင်းကိုတာဝန်ပေးလိုက်မယ်၊ မင်း သူ့ကို တိုက်ရိုက်ပဲသတ်လို့ရတယ်”

အရိုင်းအစိုင်းလူကြီးသည် သူမအား သရော်ချင်သော်လည်း ရှီမာယူယူဘေးတွင် ပေါ်လာသော  မြေခွေးအားမြင်သော်အခါ အလိုအလျောက် စကားထွက်ကျလာသည်။

“အံ့ဖွယ်သားရဲ” ဟိန်းသံထောင်ချီ၏ အဆင့်ကို မြင်သောအခါ အရိုင်းအစိုင်းလူကြီး၏ မြင်ကွင်း များ ဝေဝါးလာသည်။ “အဆင့်ငါး ဝိညာဉ်သားရဲ၊ သူ့အားက စံတင်ဝိညာဉ်အဆင့်လာက်ရှိတယ်၊ ငါက အဆင့်နှစ်ရောက်တော့မှာ မင်းငါ့ကို မသတ်နိုင်ပါဘူး”

“တကယ်လား” ရှီမာယူယူသည် သဘောမတူညီစွာ ပြုံးပြီး ပြောလိုက်သည် “နောက်မှ မင်းစကားကြီး စကားကျယ်တွေကို မရုတ်သိမ်းနဲ့ ဟုတ်ပြီလား”

ဟိန်းသံထောင်ချီ၏ အနောက်တွင် သူ့အမြှီးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ အနောက်မှ ကြည့်လျှင် ယပ်တောင် တစ်ချပ်ကဲ့သို့ပင်။

“အမြီး ခုနှစ်ချောင်းဝိညာဉ် မြေခွေး” အခုတော့ အရိုင်းအစိုင်းလူကြီးသည် စိတ်လှုပ်ရှားလာသည်။ ထိုသည်မှာ တွေ့ရခဲသော ဝိညာဉ်သားရဲ အမြီးခုနှစ်ချောင်း မြေခွေးဖြစ်သည်။

ရှီမာယူယူသည် ပြောင်းလဲသွားသော သူ၏ အမူအရာအား ကျေနပ်စွာကြည့်ကာ ပြောလိုက်သည် “ဟုတ်တယ်၊ ဟိန်းသံထောင်ချီက ရှေးဟောင်း အံ့ဖွယ်သားရဲ အမြီးကိုးချောင်းမြေခွေးရဲ့ သွေးသားပဲ သူ့ရဲ့ တိုက်ပွဲစွမ်းရည်က သူ့အဆင့်ထက်ပိုပြီး ကောင်းတယ်၊ သူက အဆင့်ခြောက် အံ့ဖွယ်သားရဲကိုတောင် ယှဉ်နိုင်တယ်၊ မင်းလောက်ကို ရှင်းဖို့ကတော့ ပြဿနာမရှိဘူး”

သူမ သူ့ကိုပြောပြီးနောက် ဟိန်းသံထောင်ချီအား အမိန့်ပေးလိုက်သည် “မြန်မြန် လှုပ်ရှားတော့ သူတို့အိမ်မှာ စောင့်နေကြတယ်”

“ဟုတ်ကဲ့ပါသခင်”

ဟိန်းသံထောင်ချီသည် အရိုင်းအစိုင်းစီနီယာအား ခုန်အုပ်လိုက်သည်။ ရှီမာယူယူနှင့် ဘေဂုန်ထန်တို့သည် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြကာ သူတို့နှင့် တစ်ကီလိုမီတာအကွာတွင် ရပ်လိုက်ကြသည်။

စံတင်ဝိညာဉ်အကြားမှ တိုက်ပွဲအား အဝေးမှ ကြည့်ခြင်းက ကောင်းလိမ့်မည်။

ရှီမာယူယူ ပြောသည့်အတိုင်းပင် ဟိန်းသံထောင်ချီသည် လျင်မြန်စွာပင် အရိုင်းအစိုင်းစီနီယာအား ပြီးပြည့်စုံစွာ အနိုင်ရရှိလိုက်သည်။

ရှီမာယူယူနှင့် ဘေဂုန်ထန်တို့သည် တိုက်ပွဲပြီးသွားသည်နှင့် ရောက်လာသည်။ သူမသည် အရိုင်းအစိုင်း စီနီယာ ဘေးရောက်လာကာ ကန်လိုက်ပြီး ပြောလိုက်သည် “ဘယ်လိုလဲ၊ ဒီနေ့ မင်းတို့နှစ်ယောက်ကို အမြစ်ဖြုတ်မယ်လို့ ဒီသခင်ကြီးက ပြောခဲ့တယ်မလား၊ ဒါကြောင့် မင်းကို သေချာပေါက် ချေမှုန်းလိုက်တာပဲ၊ ငါ့ မိန်းမနဲ့ ညီလေးကို လာနှောင့်ယှက်ချင်သေးတယ်၊ မင်းနောက်ဘဝမှာ သန့်သန့်ရှင်းရှင်းနေတော့၊ သူတို့ကို ဘယ်သူမှထိလို့မရဘူး မင်းနားလည်လား”

“…..” အရိုင်းအစိုင်းစီနီယာသည် တိတ်ဆိတ်မြဲပင်။

ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ အရိုင်းအစိုင်းစီနီယာဆီမှ မှော်ဝင်လက်စွပ်အားယူကာ ပြောလိုက်သည် “မင်းက သေချင်တော့မှတော့ ဒီပစ္စည်းတွေကို ငါတို့ဂရုစိုက်ပေးမယ်”

“ရွှတ်”

ရှီမာယူယူ ပြောသည့်စကားများကိုကြားသည်အထိပင် ထိုလူကြီးသည် သွေးအန်ထားကာ အသက်ရှု  နေသေးသည်။

သူမ မီးလုံးအား ဖန်တီးလိုက်ကာ အရိုင်းအစိုင်းစီနီယာ ခန္ဓာကိုယ်ဆီပစ်ပြီး လောင်ကျွမ်းပစ်လိုက်သည်။

ဘေဂုန်ထန်သည်လည်း အရိုင်းအစိုင်းကောင်မှ မှော်ဝင်လက်စွပ်အား ယူရန် မမေ့ပဲ ယူပြီးနောက် ခန္ဓာကိုယ်ဆီသို့ မီးလုံးပစ်လိုက်လေသည်။

သူတို့အား မကောင်းမှုလုပ်ခဲ့သော သူတို့နှစ်ယောက်သည် ကွယ်ပျောက်သွားတော့သည်။

သူတို့နှစ်ယောက်သေသွားသောအခါ မှော်ဝင်လက်စွပ်များနှင့် အဆက်အသွယ်မှာ ကွယ်ပျောက်သွားပြီး ထိုလက်စွပ်များမှာ ပိုင်ရှင်မဲ့သွားလေသည်။

ရှီမာယူယူနှင့် ဘေဂုန်ထန်တို့သည် လက်စွပ်အား သတိပြုမိကာ သူတို့ပိုင်ဆိုင်သည့်အရာကို စစ်ဆေးကြည့် လိုက်သည်။

“အမလေး ဒီလူကြီးမှာ ပစ္စည်းတွေများတာပဲ” အထဲတွင်ရှိသော ပစ္စည်းများအား မြင်သောအခါ ရှီမာယူယူ အော်မိသည်။

“ဒီကောင်လည်းအတူတူပဲ” ဘေဂုန်ထန်ပြောလိုက်သည်။

“သူတို့ပစ္စည်းတွေကြည့်ရတာ၊ မကောင်းတာတွေများတာပဲ၊ ဒါပေမယ့် ငါတို့အတွက်တော့ အကျိုးရှိလာတာပဲ” ရှီမာယူယူ၏ အပြုံးမှာ နားရွက်တက်ချိတ်တော့မည့်အတိုင်းပင်။

ရှီမာယူယူ၏ အပြုအမူအား ဘေဂုန်ထန်မြင်သောအခါ ခေါင်းခါမိသည်။ ဒီလူကတော့ တကယ်ပဲ လူမိုက်လိုပင်။ အခုတော့ သူမကို ‘မိန်းမ’ဟု သဘာဝကျကျပင် ခေါ်နေပြီ။ ဒါက သူမနှင့် မိန်းကလေးချင်းကြိုက်တာ မဟုတ်ဘူးလား။ အခုတော့ ဒီဓားပြတိုက်ခြင်းက သူမကို အကျိုးဖြစ်သွားစေသည်လေ၊ ဒါက သူမက လူမိုက်မဟုတ်ရင် ဘာလဲ။

“မစောတော့ဘူး၊ ပြန်ရအောင် မဟုတ်ရင် ကျန်တဲ့သူတွေ စိုးရိမ်လိမ့်မယ်” ဘေဂုန်ထန်သည် မျက်လုံးလှန်လိုက်ကာ အရိုင်းအစိုင်းလူ၏ လက်စွပ်အား သူမကို ပေးလိုက်လေသည်။

“ကောင်းပြီ” ရှီမာယူယူသည် လက်စွပ်အားယူကာ ဟိန်းသံထောင်ချီအား ကြိုးစားပေးမှုကြောင့် ချီးကျူးကာ သူ့အား ဝိညာဉ်စေတီသို့ ထည့်လိုက်လေသည်။ ထို့နောက်တွင် သူမသည် ဘေဂုန်ထန်ဘက်လှည့် ကာ ပြောလိုက်သည် “သွားရအောင်”

သူတို့အိမ်ပြန်ရောက်သည့်အခါ ဝေကျိရွှီနှင့် တခြားသူများသည် ရှီမာယူယူထင်ထားသကဲ့သို့ စိုးရိမ်နေခြင်းမရှိပေ။ သူတို့သည် ဧည့်ခန်းတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေလေသည်။

သူတို့ပြန်လာသည်ကို မြင်သောအခါ တုလေးတစ်ယောက်ပင် လက်ပြပြီးနှုတ်ဆက်လေသည်။

“ဘယ်လိုလဲ” ဖက်တီးကျူသည် သူ့အား နာကျင်အောင်လုပ်ထားသော သူကို ဒေါသထွက်လျက်ရှိသည်။ သူသည် အစက သူတို့နောက်လိုက်သွားချင်သော်လည်း အနှောင့်အယှက်ဖြစ်သည်ဟု ရှီမာယူယူ ပြောသောကြောင့် အိမ်တွင်နေခဲ့ရလေသည်။

“သူမကြည့်တာနဲ့ သိတာပဲ အောင်မြင်လာတာပဲနေမှာပေါ့” ဝေကျိရွှီ ပြုံးပြီးပြောလိုက်သည်။

ရှီမာယူယူနှင့် ဘေဂုန်ထန်တို့သည် ထိုင်ကာ ဖက်တီးကျူငှဲ့ပေးသော လက်ဖက်ရည်ကို  သောက်ပြီးနောက် ပြောလိုက်သည် “လှုပ်ရှားတဲ့သူက ငါတို့ပဲလေ ပြဿနာမရှိတာ  သေချာတာပေါ့၊ ပြီးတော့ ငါတို့ တိုက်ပွဲရဲ့ အရိပ်အမြွှက်ကိုတောင်ရခဲ့တယ်”

“ဘယ်လိုမျိုးလဲ” တုလေးသည် မျက်လုံးဝိုင်းများဖြင့် ရှီမာယူယူအားကြည့်လိုက်သည်။

ရှီမာယူယူ ဘာမှမပြောပဲ တုလေးအား ကြည့်ပဲကြည့်နေသည်။ သူချက်ချင်းပင် နားလည်သွားကာ “အော် ကျွန်တော်သိပြီ မမနဲ့ အစ်ကိုကြီးက သူတို့ရဲ့ မှော်ဝင်လက်စွပ်တွေ ထပ်ခိုးလာတာကိုး”

“ခိုးတာဆိုတာ ဘာပြောတာလဲ ငါကောက်လာတာ ဟုတ်ပြီလား” ရှီမာယူယူသည် တုလေးအား လက်မခံသလို ပြောလိုက်သည် “ပိုင်ရှင်ဆီက ယူမှ ခိုးတာလို့ခေါ်တယ်၊ ဒီပစ္စည်းတွေက ပိုင်ရှင်မရှိဘူး နားလည်လား”

ပိုင်ရှင်ဆီမှ ယူမှသာ ခိုးသည့်အရာမြောက်ပြီး ထိုသည်မှာ ပိုင်ရှင်မဲ့ဆီမှ ယူလာသော ပစ္စည်းများဖြစ်သည်။ တုလေးသည် ထိုဝိသေသအား သဘောတူစွာ အားတက်သရော ခေါင်းညိတ်လေသည်။ ထို့ကြောင့်ပင် နှစ်ပေါင်းများစွာကြာသောအခါ သူတို့အားပေးသော ဝိညာဉ်ဆေးများကို ခိုးယူသည်ဟု စွပ်စွဲခံရသည်။ သူ အေးဆေးစွာ ပြန်ပြောသည် “ပိုင်ရှင်ဆီက ယူမှခိုးတာပဲ ပိုင်ရှင်မဲ့ဆီက ယူတာက ကောက်လာတာပဲ နားလည်လား”

ထိုစကားဆုံးသည့်နောက်တွင် ထိုလူများသည် သွေးအန်တော့မလိုပင် နာကြည်းသွားလေသည်။

All Chapters