အခန်း- ၂၁၇ နာလန်သခင်လေး
Vol. 003 Ch. 217
နာလန်မျိုးနွယ်တွေကို ဖြေရှင်းရန်အတွက် ရှီမာယူယူနှင့် တခြားသူတွေသည် လင်ချွန်းမြို့တွင် တစ်ညနေရစ်ခဲ့သည်။
ဒုတိယနေ့တွင် အန်ယန်းမြို့သို့ ဉီးတည်၍ ထွက်ခဲ့ကြသည်။
ထိုအချိန်တွင် သူတို့နေထိုင်ရာနေရာနှင့် မဝေးသော ဂိုထောင်တစ်ခုတွင် မျက်နှာရှည်ရှည်နှင့် အလွန်အမင်းတည်ငြိမ်စွာ ရှိနေသော နာလန်ဂိုဏ်းသားများရှိနေကြသည်။
"စီနီယာနှင့် တစ်ဝမ်းတွေ အသတ်ခံလိုက်ရပြီ ဟုတ်လား" ဟု အလယ်တွင်ထိုင်နေသော လူက ဒူးထောက်နေသော အစောင့်ကို ကြောက်မက်ဖွယ် အေးစက်စက်အသံဖြင့် မေးလိုက်သည်။
ထိုသူသည် ခန့်ညားသော်လည်း သူ၏ မလိုတမာမျက်လုံးများကြောင့် ကြမ်းကြုတ်သည့်ပုံပေါ်နေသည်။ တစ်ချက်ကြည့်ယုံဖြင့် မကောင်းသောသူဖြစ်ကြောင်း ပြောနိုင်သည်။ သို့သော်လည်း လူများသည် သူ့ဘေးတွင် ခေါင်းဆောင်ကို အလေးပေးသကဲ့သို့ ရိုရိုသေသေ ရပ်နေကြသည်။ ထိုအခြင်းအရာသည် နာလန်ဂိုဏ်းတွင် သူ၏ ရာထူးကို ဖော်ပြနေသည်။
" သခင်လေး စီနီယာနှင့် တခြားသူတွေ ထွက်သွားပြီးတော့ လုံးဝပြန်မလာကြတော့ ဘူး။ သူတို့ကို သွားရှာတော့ မြို့နဲ့ ၅ကီလိုမီတာအဝေးမှာ သူတို့နာမည်ကဒ်တွေ ပြုတ်ကျနေတာကို တွေ့ရပါတယ်။ အဲ့နောက် ကျွန်တော်တို့ ဆက်စုံစမ်းကြည့်တော့ အရင်ရက်က သူတို့ သိုင်းကျွမ်းတဲ့သူ တစ်ယောက်နဲ့ တိုက်ခဲ့တာ သေချာတယ်" ဟု အစောင့်က ပြန်ပြောလေသည်။
"ဘယ်သူနဲ့တိုက်တယ် ဆိုတာကိုရော သိခဲ့လား"
"အဲ့အချိန်တုန်းက မျက်မြင်တွေ့ခဲ့တဲ့သူမရှိတော့ ဘယ်သူလည်းဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမဲ့ မနက်ကျရင်တော့ ဘယ်သူလည်းဆိုတာ သေချာပေါက် ဖော်ထုတ်နိုင်မှာပါ" ဟု အစောင့်ကပြောသည်။
"အဲ့လူက ဘယ်သူပဲဖြစ်နေနေ ငါတို့ နာလန်ဂိုဏ်းသားတွေကို သတ်တဲ့အတွက် ကမ္ဘာအဆုံးအထိထွက်ပြေး ရင်တောင် ရအောင်လိုက်ဖမ်းမယ်" ဟု နာလန်ဂျီက အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်လေး" ဟု တစ်အိမ်လုံးရှိ လူတို့က တညီတညွတ်တည်း ပြောလိုက်သည်။
အစောင့်လည်း နောက်ဆုတ်ပြီး စီနီယာများကို သတ်သွားသော သူကိုရှာဖွေရန် ပြင်ဆင်ဖို့ ထွက်ခွာခဲ့သည်။ အိမ်အပြင်သို့ရောက်သောအခါ " မနက်ရောက်လို့မှ လူသတ်သမားကို မတွေ့ဘဲ ပြန်လာရင် အပြစ်ပေးခံရမယ်" ဟု ပြောလိုက်သော နာလန်ဂျီ၏ အသံကို သဲ့သဲ့ ကြားလိုက်ရသည်။
အစောင့်၏ ခန္ဓာကိုယ်သည် မိုးကြိုးအပစ်ခံရသလို ခံစားလိုက်ရသည်။ သူသည် ထိုအပြစ်ပေးမှုကို အလွန်အမင်းကြောက်သော်လည်း ကျိုးနွံစွာ ဟုတ်ကဲ့ဟု ပြောရင်းထွက်လာခဲ့လိုက်သည်။
အိမ်အတွင်းတွင် နာလန်ဂျီနှင့် အတူ အသက်ကြီးကြီးသူတစ်ယောက် စားပွဲတွင်မျက်နှားချင်းဆိုင် ထိုင်နေကြသည်။ ထိုအရာကိုကြည့်ခြင်းဖြင့် ထိုသူ၏ အဆင့်မှာ မနိမ့်သည်ကို သိနိုင်သည်။
ထိုသူသည် နာလန်ဂိုဏ်း အကြီးအကဲလည်းဖြစ်သော နာလန်ဂျီ၏ ဆရာ နာလန်ဂုံဖြစ်သည်။
" အကြီးအကဲ ၁၅ နဲ့ တခြားသူတွေကို သတ်သွားတာ ဘယ်သူလို့ထင်လဲ ဆရာ" ဟု နာလန်ဂျီက မေးလိုက်သည်။
နာလန်ဂုံလည်း တစိမ့်စိမ့်တွေးလျက် "ငါတို့ နာလန်ဂိုဏ်းက အကြီးအကဲကို သတ်ရဲတယ်ဆိုကတည်းက ငါတို့ဂိုဏ်းလောက်နီးနီး အင်အားပိုင်ဆိုင်ထားတဲ့သူမဟုတ်ရင်တော့ ငါတို့ဂိုဏ်းရဲ့ အင်အားကို မသိတဲ့သူပဲ ဖြစ်ရမယ်" ဟု ပြောလိုက်သည်။
နာလန်ဂျီလည်း အေးစက်စက်ရယ်မောလျက် "ဒီကုန်းမြေမှာ ကျွန်တော်တို့ နာလန်ဂိုဏ်းရဲ့ အစွမ်းကို မသိတဲ့သူ မရှိပါဘူး။ ကျွန်တော်ကတော့ ပထမတစ်မျိုးလို့ထင်တယ်။ အစွမ်းရှိတဲ့သူတစ်ယောက်ယောက်က ကျွန်တော်တို့ကို လက်စားချေချင်လို့ လုပ်တယ်လို့ပဲ ခံစားနေရတယ်" ဟု ပြောလိုက်သည်။
နာလန်ဂုံလည်း မငြင်းတော့ပဲ "ဖြစ်နိုင်တာကတော့ အများကြီးပဲ။ ပြီးတော့ တွေ့ဆုံပွဲကလည်း စတော့မယ်ဆိုတော့ အင်အားကြီးတွေ မငြိမ်မသက်ဖြစ်လာနိုင်တယ် အဲ့တော့ ဘယ်သူသတ်တယ်ဆိုတာ သူတို့ဖော်ထုတ်နိုင်တာကို စောင့်ကြတာပေါ့" ဟု ပြောလိုက်သည်။
"အဲ့တွေ့ဆုံပွဲက ဘယ်လိုဖြစ်လာမယ်လို့ ဆရာကထင်လို့လဲ" ဟု နာလန်ဂျီကမေးလိုက်သည်။
"တွေ့ဆုံပွဲစဖို့က နှစ်နှစ်တောင်မလိုတော့ဘူးလေ။ အသက်လတ်ပိုင်းလူတွေက အရင်တုန်းက အစွမ်းက အတူတူလောက်ပဲ ရှိခဲ့ကြတာ။ ဒါပေမဲ့ လူငယ်တွေရဲ့ အစွမ်းအသစ်တွေပေါ်လာနိုင်တယ်။ ဒါပေမဲ့ သူတို့က မင်းရဲ့ အစွမ်းကို မယှဉ်နိုင်ပါဘူး။ မင်းအနေနဲ့ ရှီမာယူဂိုဏ်းက ရှီမာယူလင်း၊ စန်းဂိုဏ်းက စန်းရွှင်းလီ၊ ဟူဂိုဏ်းက ဟူကျိယန် တို့ကို သတိထားရမယ်။ ကျန်တဲ့သူတွေကတော့ မင်းကို လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး" ဟု နာလန်ဂုံကပြောလိုက်သည်။
"အဲ့လူတွေကို ဒီနှစ်ရဲ့ ကတ်သီးကတ်ဖဲ့နိုင်တဲ့ ဉာဏ်ကြီးရှင်လေးယောက်လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့နဲ့ စကားနိုင်လုဖို့ အခွင့်အရေးမရခဲ့ဘူး။ အဲ့ဒီ တွေ့ဆုံပွဲမှာတော့ အခွင့်အရေးရနိုင်ဖို့ မျှော်လင့်တယ်" ဟု နာလန်ဂျီက အေးစက်စက် ရယ်မောရင်း ပြောလိုက်သည်။
"အဲ့တွေ့ဆုံပွဲမှာ အင်အားအဆင့်အတန်းတွေလည်းပါလိမ့်မယ်။ လူငယ်မျိုးဆက်သစ်တွေကြား ဖလှယ်မှုက အကြီးမားဆုံး ဖြစ်လိမ့်မယ်။ မင်းအနေနဲ့ သတိလက်လွတ်မနေနဲ့ မဟုတ်ရင် မင်းအဖေအတွက် မကောင်းဘူး" ဟု နာလန်ဂုံကပြောလိုက်သည်။
"ကျွန်တော်သိပါတယ်။ အဖေနဲ့ ဂိုဏ်းက အကြီးအကဲတွေကို စိတ်မပျက်စေရပါဘူး" ဟု နာလန်ဂျီကပြောသည်။
"မင်းအဲ့လိုနားလည်တာ အရမ်းကောင်းတယ်" ဟု ပြောရင်း နာလန်ဂုံသည် သူ့အတွက် စိတ်ပူစရာမလိုသော တပည့်လေးအတွက် စိတ်ကျေနပ်နေသည်။
"ဒါပေမဲ့ ဆရာ ကျွန်တော်တို့ ခုတ်လာတဲ့ သွေးပင်က အဲ့ဆိုးပေအတွက် တကယ်ပဲ အသုံးဝင်ပါ့မလား" ဟု နာလန်ဂျီသည် သူတို့လာခဲ့သော နဂိုအကြောင်းပြချက်ကို တွေးကာ မသေမချာဖြင့်မေးလိုက်သည်။
"ဒီခုတ်လာတဲ့ သွေးပင်နဲ့ဆို ဆိုးပေရဲ့ ခန္ဓာကို ဖွင့်လို့ရမယ်။ ရှားပါးကြာပန်းရဲ့ ခန္ဓာကို ငါတို့ဖွင့်နိုင်ပြီဆိုတာနဲ့ သူမရဲ့ အနာဂတ်အလားအလာက အဆုံးအစမဲ့သွားပြီ" ဟု နာလန်ဂုံကဖြေလိုက်သည်။
" ကြာပန်း ခန္ဓာက တကယ်ပဲ အဲ့လောက်ကောင်းတယ်ပေါ့" ဟု နာလန်ဂျီကမေးလိုက်သည်။
"ပြောနေစရာတောင်မလိုဘူး မဟုတ်ရင် အဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ နယ်မြေကနေ ယူလာစရာမရှိဘူးလေ" ဟု နာလန်ဂုံကပြောသည်။ "ကြာပန်းခန္ဓာက လူတစ်ယောက်ကို ပုံမှန်ထက်ပိုပြီး လျင်လျင်မြန်မြန် လေ့ကျင့်နိုင်စေတယ်။ အလွှာတွေပိုပြီးတိုးလာရင် သူ့ရဲ့ကောင်းကျိုးကို ပိုပြီးသိသိသာသာ မြင်တွေနိုင်မယ်။ ဆိုးပေလေးက ၂၅နှစ်ပြည့်ဖို့လိုသေးတယ်ဆို ကြာပန်းခန္ဓာပွင့်ဖို့ အချိန်မီသေးတယ် အဲ့ထက်နောက်ကျရင်တော့ ပွင့်ဖို့ ခက်သွားပြီ" ဟု ဆက်ပြောလေသည်။
နှင်းကြာပန်းခန္ဓာရှိသောသူသည် ဂိုဏ်းကြီးထွားရေးအတွက်ရေးပါသည်ကိုတော့ နာလန်ဂျီသိပြီးသားဖြစ်သည်။
"ဆရာပြောတဲ့ အလွှာတွေဆိုတာက?"
"အခုလောလောဆယ်တော့ မင်းမသိနိုင်သေးဘူး ဆက်ပြီးပဲလေ့ကျင့်ထားပါ" ဟု နာလန်ဂုံသည် နာလန်ဂျီ၏ မေးခွန်းကို မဖြေဘဲ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
"သူတို့သတင်းရပြီးပြန်လာရင် အဲ့လူတစ်ခုကို ငါတို့ဖြေရှင်းစရာရှိတယ်။ ပြီးတော့ အစည်းအဝေးအတွက် ပြင်ဆင် စရာရှိတာ ပြင်ရအောင် သီးသန့်သွား နားချည်တော့။"
လာမည့်စစ်ပွဲအတွက် ပြင်ဆင်နေရသောကြောင့် ရှီမာယူယူတစ်ယောက် နောက်ကျမှ အိပ်ယာ ဝင်ဖြစ်ခဲ့သည်။ အစက ဟာစွန်သည် ဝင်မပါလိုသော်လည်း ရှီမာယူယူ ကြောင့် ဝင်ပါလိုက်ရသည်။
ယခုအခါ သူမသည် သူ့ကို မကြောက်တော့ပေ။ အခါအခွင့်သင့်သလို သူ့ရဲ့ ပုခုံးကိုပင် ဖက်နိုင်နေပေသည်။
"အဲ့လူနှစ်ယောက် ဒီလောက်များတဲ့ ရတနာပစ္စည်းတွေပိုင်လိမ့်မယ်မထင်မိဘူး။ အဲ့ပမာဏက အလယ်အလတ် ဂိုဏ်းတစ်ခုရဲ့ ပိုင်ဆိုင်မှုလောက်ရှိတယ်။ သူတို့နာလန်ဂိုဏ်းက ပစ္စည်းဥစ္စာကြွယ်ဝတာ ဟုတ်ရင် ဟုတ် မဟုတ်ရင် သူများတွေဆီက လုထားတာပဲဖြစ်လိမ့်မယ်"
အားလုံးလည်း ထိုအတွေးကို တူညီစွာတွေးမိနေသည်။
ရှီမာယူယူလည်း မထွက်ခွာ လိုအပ်သည့်ပစ္စည်းများကို ခွဲခြမ်းနေသည်။ မနက်ဖြန်လာမည့် စစ်ဆေးမှုများအတွက် သူမ၏ စွမ်းရည်ကို သွေးနေလိုသည်။ ပို့ဆောင်ရေးလမ်းကြောင်းကိုသုံးခဲ့စဉ် သူမ မူးဝေခဲ့သည်ကို အခြားသူများက တိတ်တဆိတ်ရယ်ခဲ့သည်ကို ပြန်တွေးနေမိသည်။ သို့သော်လည်း သူတို့က ဒီအတိုင်းပဲ ထွက်ခွာသွားခဲ့သည်။
ဒုတိယနေ့တွင် ရှီမာယူယူနှင့် တခြားသူများသည် စောစောထ၍ မနက်စာစားရန်တုလေးကို ခေါ်ကာ ဝိညာဉ်သခင်အဖွဲ့ဆီသို့ လမ်းလျှောက်လာသည်။
လင်ချွန်းမြို့သည် အလယ်ပိုင်း ဝူတိုင်းပြည်၏ မြို့တော်ဖြစ်သည်။ ထိုမြို့တွင် သူတို့ကို အပြင်ဘက်သို့ပို့ဆောင် ပေးမည့် ပို့ဆောင်ရေးလမ်းကြောင်းအချို့ရှိနေသည်။ သွားလိုသော လမ်းကြောင်းကိုလိုက်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် သာ ကွဲပြားသည်။
မြို့အရှေ့ပိုင်းတွင် လူများပြည့်ကြပ်ကာ လမ်းလျှောက်နေကြသည်။ မနက်ခင်းစောစော ဖြစ်သော်လည်း မြို့အရှေ့ပိုင်း ပို့ဆောင်ရေးလမ်းကြောင်းကို စောင့်ဆိုင်းနေသော လူတန်းသည် အလွန်ရှည်လျားနေသည်။
"ခဏလောက် စောင့်ကြတာပေါ့"
သူတို့လည်း လူတန်းနောက်တွင် ဝင်တန်းစီကာ တရွေ့ရွေ့သွားနေသော လူတန်းကို ကြည့်နေကြသည်။
ရှီမာယူယူလည်း တုလေးလက်ကိုဆွဲပြီး နောက်တွင်ဝင်တန်းစီကာ ဘေဂုံထန်နှင့် တခြားသူများက ရှေ့တွင် ဝင်တန်းစီကြသည်။
"ချစ်စရာကောင်းတဲ့ မောင်လေးပဲ" ရှေ့တွင် တန်းစီနေသောသူများက တုလေးကို မြင်သောအခါ မချီးကျူးဘဲ မနေနိုင်ကြပေ။
ရှီမာယူယူလည်း လူတန်း၏နောက်သို့လှည့်ကြည့်လိုက်သောအခါ လူငယ်များနှင့်အတူ ခရီးသွားဟန်တူသော လူကြီးနှစ်ယောက်ကို တွေ့လိုက်သည်။
စကားပြောလိုက်သော သူမှာ ထိုအဖွဲ့မှ မိန်းမငယ် တစ်ဉီးဖြစ်သည်။
ရှီမာယူယူလှည့်ကြည့်သည်ကို မြင်သောအခါ အဆိုပါ မိန်းမငယ်လေးမှ "အဲ့တာ အစ်မမောင်လေးလားဟင်။ အရမ်းချစ်ဖို့ကောင်းတာပဲ" ဟု ပြုံးရင်းပြောလိုက်သည်။
ရှီမာယူယူလည်း တခြားသူများက လှိုက်လှိုက်လှဲလှဲ ပြုံးနေသည်ကို မြင်သောအခါ ညင်သာစွာဖြင့် "အခုလို ချီးကျူးတာကို ကျေးဇူးတင်ပါတယ်" ဟု ပြန်ပြောလိုက်သည်။
"အစ်မတို့ကလည်း မြောက်ဖက်ကို သွားမလို့လား။ ဘယ်မြို့ကို သွားမလို့လဲ" ဟု မိန်းမငယ်လေးမှမေးလိုက်သည်။
အဆိုပါ မိန်းမငယ်သည် အသက် ၁၈ နှစ်ပင်ပြည့်သေးဟန်မတူ သူမ၏ မျက်နှာသည်လည်း ကလေးရုပ် ပေါက်နေ သေးသည်ကို ရှီမာယူယူတွေ့လိုက်ရသည်။ သူမပြုံးလိုက်သောအခါ ပါးချိုင့်ပါးပါးလေး နှစ်ခုက ပေါ်လွင်လာသည်။ သူမ၏ မျက်လုံးများသည် ကြည်လင်၍ ပင်ကိုယ်စရိုက်ကောင်းပုံပေါ်နေသည်။
ရှီမာယူယူလည်း ခေါင်းကိုအသာအယာငြိမ့်ပြပြီး " ဟုတ်တယ် အစ်မတို့က အန်ယန်းမြို့ကို သွားမလို့" ဟု ဖြေလိုက်သည်။
"တကယ်လား။ ညီမတို့ကလည်း အဲ့မြို့ကိုသွားမလို့ပဲ။ အဲ့တာဆိုရင်တော့ သွားမယ့်လမ်းတူတာပဲ။ ကျွန်မနာမည်က ရှီမာယူရှင်းပါ" ဟု မိန်းမငယ်ကပြောလိုက်သည်။
ရှီမာယူယူတစ်ယောက် ထိုနာမည်ကိုကြားလိုက်သောအခါ နှလုံးခုန်နှုန်းမြန်သွားသည်။ ရှီမာမျိုးနွယ်များနှင့် မတွေ့တာကြာပြီပင်ဖြစ်သည်။