← Chapters

အခန်း- ၂၁၈ နာလန်မျိုးနွယ်နှင့် ရှီမာမျိုးနွယ်

Vol. 003 Ch. 218

အခန်း- ၂၁၈ နာလန်မျိုးနွယ်နှင့် ရှီမာမျိုးနွယ်

Vol. 003 Ch. 218

ဝေကျိရွှီနှင့် တခြားသူများလည်း ရှီမာယူရှင်းပြောလိုက်သည်ကို ကြားသောအခါ နောက်ကိုလှည့်၍ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

အကယ်၍ ရှီမာလင်းသာ ရှီမာလီကို ကာကွယ်ပေးချင်တယ်ဆိုရင် လွန်ခဲ့သော သုံးနှစ်က သူတို့သဘောတူခဲ့သည့် ကိစ္စကို မလွဲမသွေ ဖော်ပြရတော့မည်ဖြစ်သည်။ ရှီမာယူယူ၏ အမည်သည်လည်း ရှီမာမျိုးနွယ်တွင် လျှို့ဝှက်ချက် အနေနှင့် ဆက်ရှိနေတော့မည် မဟုတ်ပေ။

တကယ်လို့ အခုချိန်မှာသာ လူတွေက သူမ၏ တည်ရှိမှုကို သိရှိသွားပါက ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်သည်။

"အစ်မကို ရှီမန်ယူ လို့ခေါ်လို့ရပါတယ်" ဟု ရှီမာယူယူက ပြောလိုက်သည်။

ရှီမာယူရှင်းလည်း မျက်တောင်ခတ်လျက် " ရှီမန်…အဲ့ မျိုးရိုးက ရှားပါးအမည်ပဲ" ဟု ပြောလိုက်သည်။

နောက်တွင်ရပ်နေသော လူကြီးမှ ရှေ့သို့တိုးလာကာ "ယူရှင်း မင်းကလေးချစ်တာက ဟုတ်ပါပြီ ဒါပေမဲ့ သူတို့ လန့်သွားလိမ့်မယ်" ဟု ပြောလိုက်သည်။

"ယူယန်…ကျွန်မက ဒီလောက်ချစ်ဖို့ကောင်းတာ ကလေးတွေကို လန့်အောင်လုပ်ပါ့မလား" ဟု ရှီမာယူရှင်းက ရှီမာယူယန်ကို မပျော်မရွှင်ကြည့်ရင်း စိတ်ကောက်ကာ ပြောလိုက်သည်။

"အဲ့လို မဟုတ်ပါဘူး နင်က ကလေးကို မျက်ရည်ကျအောင် ကြောက်အောင်လုပ်တာမမြင်ဖူးပါဘူး" ဟု ရှီမာယူယန် ကပြောကာ ရှီမာယူယူတို့ဖက်ကို ပြုံးလျက်လှည့်ကြည့်ရင်း "မင်းတို့စကားသံကိုနားထောင် ကြည့်ရတာ မင်းတို့က အန်ယန်းမြို့ကဟုတ်ဟန်မတူဘူး။ အန်ယန်းမြို့ကို ဘာသွားလုပ်ကြမလို့လဲ" ဟု မေးလိုက်သည်။

"လူသွားရှာမလို့ပါ" ဟု ရှီမာယူယူက ဖြေလိုက်သည်။

ရှီမာယူယန်ဆိုသူသည် အသက်နှစ်ဆယ်ကို တော်တော်ကျော်ပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှာ အသက်နှစ်ဆယ် ပြည့်ပြီးကာစ လို့ထင်ရသည်။ သူပြုံးလိုက်သောအခါ တောက်ပနေ၍ ကလေးကြီးတစ်ယောက် လိုပင်ဖြစ်နေသည်။

"သြော်…..မင်းတို့အားလုံးရှာနေကြတာက….."

ထိုအချိန်မှာပဲ ကျယ်လောင်သောအသံတစ်ခု က စကားဝိုင်းကို ဝင်နှောင့်ယှက်လိုက်သည်။

"ရှီမန်ယူနဲ့ ဘေဂုန်ထန်ဆိုတာ ဘယ်သူတွေလဲ"

ရှီမာယူယူတို့လည်း အသံလာရာကိုကြည့်လိုက်သောအခါ လူတစ်စုပြေးလာသည်ကို တွေ့လိုက်ရသည်။ အဲ့လူတစ်ခုကို ကြည့်လိုက်သောအခါ နာလန်ဂိုဏ်းက ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။

အလယ်ဝူတိုင်းပြည်ကို ရောက်ကတည်းက ရှီမာယူယူသည် သူမ၏ နာမည်ကို ရှီမန်ယူ ဟုပြောင်းလိုက်ပြီးသား ဖြစ်သည်။ တခြားအဖွဲ့က သူတို့ကို တစ်ညတည်းနှင့် ရှာတွေ့မည်ဟု မထင်မိပေ။

သို့သော်လည်း သူတို့သည် ဝန်ခံရန်စိတ်ကူးမရှိပေ။ ထိုအဖွဲ့သည် သူတို့ထံ ချက်ချင်းပြေးမလာသည်ကို ကြည့်ချင်းအားဖြင့် လူသတ်ခဲ့သည်ကို နာလန်ဂိုဏ်းသားတွေ တွေ့မြင်ခဲ့ပုံမပေါ်ပေ။

ဝိညာဉ်သခင်အဖွဲ့တွင် တန်းစီစောင့်နေကြသောသူများသည် နာလန်မျိုးနွယ်များလမ်းလျှောက်လာသည်ကို တွေ့သောအခါ သူတို့ကိုရန်ရှာမည်ဆိုးသောကြောင့် ဘေးသို့ရှောင်ပေးလိုက်ကြသည်။ ရှီမာယူယူ၏အဖွဲ့နှင့် ရှီမာမျိုးနွယ်တို့ နှစ်ဖွဲ့သာလျှင် ကျန်နေခဲ့သည်။

"ဘုရားရေ….. အဲ့တာတကယ်ပဲ နာလန်မျိုးနွယ်က သခင်လေးလား"

"နာလန်ဂျီရောက်လာတာကို ကြည့်ရတာ တစ်ခုခုကြီးကြီးမားမား ဖြစ်တော့မယ်ထင်တယ်"

"ရှုး…တိုးတိုးနေ။ သူတို့ကြားသွားရင် မင်းအသက်ကို ဖက်နဲ့ထုပ်ထားရလိမ့်မယ်"

နာလန်ဂျီနှင့် နာလန်ဂုံတို့သည် သူတို့၏ တပ်ဖွဲ့ရှေ့တွင် မတ်တတ်ရပ်နေကြသည်။ လူစု၏ ရှေ့သို့တက်လာပြီး လူအခြေနေကို ကြည့်နေကြသည်။ ရှီမာယူမျိုးနွယ်ဝင်များကို တွေ့သောအခါ မသိမသာ မျက်လုံးများကို ကျူံ့လိုက်မိကြသည်။

"ရှီမန်ယူနဲ့ ဘေဂုန်ထန် ဆိုတာဘယ်သူတွေလဲ" ဟု ထိုလူတွေက ထပ်အော်ပြီးမေးလိုက်သည်။

ရှီမာယူယူလည်း ဘေးကပြောနေသော စကားများကိုကြား ထိုလူများအကြောင်းကိုသိသောအခါ ရှေ့ကိုတိုး၍ "ရှီမန်ယူ ဆိုတာ ငါပဲ" ဟု ဖြေလိုက်သည်။

"ရှီမန်ယူဆိုတာ မင်းပေါ့" ဟုပြောရင်း နာလန်ဂျီ၏ ဘေးက အစောင့်သည် မယုံသင်္ကာဖြင့်ကြည့်ကာ အဲ့လိုလူတစ်ယောက်က နာလန်မျိုးနွယ်က စီနီယာကို ဘယ်လိုလုပ်သတ်နိုင်ပါ့မလားလို့ တွေးနေမိသည်။

"မှန်ပါတယ် ဘာများဖြစ်လို့ပါလဲ" ဟုမေးရင်း ရှီမာယူယူလည်း နာလန်ဂျီ၏ အကြည့်ကြောင့် မသက်မသာဖြစ်ကာ မျက်နှာပျက်သွားလေသည်။

"မင်းက ငါတို့နာလန်ဂိုဏ်းသားကိုလည်း သတ်သေးတယ် ဘာဖြစ်လို့လဲလို့မေးရဲတယ်ပေါ့။ မင်းအနေနဲ့က ဒူးထောက်ပြီး ငါတို့အပြစ်ပေးတာကိုပဲခံရမှာ"ဟု အဖွဲ့ထဲမှ လူတစ်ယောက်က ရှီမာယူယူ၏ အပြုအမူ ကိုကြည့်ပြီး ကြိမ်းမောင်းလိုက်သည်။

"နင်ကငတုံးလား" ဟု ရှီမာယူယူက ထိုသူကို မထီမဲ့မြင်ကြည့်လျက်ပြောလိုက်သည်။ "ငါက မင်းတို့ ဘယ်သူဆိုတာတောင်မသိတာ။ဘယ်တုန်းက ရှင်တို့ နာလန်မျိုးနွယ်ဝင်ကို သတ်လို့လဲ" ဟု ဆက်ပြောသည်။

"မင်းက ဝန်မခံဘူးပေါ့။ မင်းတို့ မြို့ပြင်မှာ သူတို့နောက်လိုက်သွားတာကို မြင်လိုက်တဲ့သူရှိတယ်ကွ"

"အော် မင်းပြောချင်တာက ငါ့မိန်းမနဲ့ ညီကို ပြန်ပေးဆွဲချင်နေတဲ့ အောက်တန်းကျတဲ့သူကိုပြောတာလား" ဟု ရှီမာယူယူက ထိုအဖွဲ့ကို ခြိမ်းခြောက်ကာ ဆက်လက်၍ "အဲ့မှတော့ သူတို့ဘာလို့ ငါတို့နောက်လိုက်နေလဲဆိုတာ သိသာနေတာပဲ။ သူတို့က ငါ့မိန်းမကို ပြန်ပေးဆွဲဖို့ နောက်ကနေလိုက်နေတာလေ။ မြို့ပြင်မှာသူတို့အသတ်ခံလိုက် ရတာဘယ်သူသိမှာလဲ" ဟုပြောလိုက်သည်။

"သူတို့ကို မကျေနပ်နာကြဉ်းနေတဲ့ သူတွေရှိရင်။ သူတို့ကို သတ်သွားတာ တခြားသူတွေလည်း ဖြစ်နိုင်တာပဲ။ ငါတို့က သူတို့ကို သတ်နိုင်တဲ့ အင်အားမရှိပါဘူး" ဟု ရှီမာယူယူက ပြောလိုက်သည်။

"အဲ့တာဆို မင်းတို့က မြို့ပြင်ကို ဘာသွားလုပ်တာလဲ" ဟု နာလန်ဂျီကမေးလိုက်သည်။

"ဘာသွားလုပ်ရမှာလဲ ငါတို့ရဲ့ သူငယ်ချင်းကို သွားရှာတာလေ" ဟု ရှီမာယူယူလည်း စိတ်ထဲပေါ်သည့်အတိုင်း ပြောလိုက်သည်။

"မင်းသူတို့ကို သွားရှာတယ်မပြောနဲ့ သူတို့က မနေ့က တစ်နေကုန် တည်းခိုခန်းမှာ ရှိနေတာ ငါသိတယ်" ဟု နာလန်ဂျီသည် ရှီမာယူယူကို စိုက်ကြည့်ရင်းပြောလိုက်သည်။

"အာ."

တခြားအဖွဲ့ဝင်က သူမ၏ အဖြေကိုမစောင့်တော့ဘဲ "မင်းက ဒီအလယ်ဝူတိုင်းပြည်ကို သိတဲ့သူမရှိဘဲလာခဲ့ တာလေ။ အဲ့တာကို မင်းကဘယ်သူ့ကို သွားရှာတာလဲ" ဟု ကြားဖြတ်ကာ စစ်ဆေးမေးမြန်းလိုက်သည်။

"ငါကမင်းကို ငါဘယ်သူ့ကိုသွားရှာတယ်ဆိုတာ ဘာလို့ပြောရမှာလဲ" ဟု ရှီမာယူယူက ပြန်ပက်လိုက်သည်။

"ပြောစရာမလိုပါဘူး။ ဒါပေမဲ့ မပြောရင်တော့ ငါတို့ နာလန်မျိုးနွယ်ကလူကို သတ်ချင်လို့ ရည်ရွယ်ချက်နဲ့ သွားတယ်ဆိုတာ သက်သေပြပြီးသားဖြစ်တာပေါ့"

"သူက ဘယ်သူ့မှမသိဘူးလို့ဘယ်သူကပြောတာလဲ။ ယူယူနဲ့တခြားသူတွေက ငါတို့ကို လာရှာတာ" ဟု ဘေးကရပ်ကြည့်နေသာ ရှီမာယူရှင်းက ဝင်ပြောလိုက်သည်။

"ဒါနဲ့ မင်းကဘယ်သူလဲ" ဟုမေးရင်း နာလန်ဂျီက ရှီမာအဖွဲ့ကိုလှမ်းကြည့်နေရင်း ထိုအဖွဲ့နောက်တွင် တိတ်တဆိတ်ရပ်နေသော ရှီမာယူလင်း ကိုတွေ့လိုက်သည်။

ရှီမာယူလင်းသည် သူရောက်လာစဉ်ကတည်းက အသံတိတ်နေခဲ့သည်။ ရှီမာအဖွဲ့၏ နောက်ဖက်ကပ်ရပ်တွင် ရပ်နေသည့်တိုင်အောင် ရှီမာယူယူလည်း နာလန်ဂျီရောက်လာသည့်တိုင်အောင် ရှီမာယူလင်း၏ ရှိနေသည်ကို  သတိမထားမိပေ။

ရှီမာယူယူလည်း ရှီမာယူလင်းကိုကြည့်လျက် အဲ့လူက သူ့ကိုယ်ရောင်ကိုယ်ဝါကို ဘယ်လို ထိန်းသိမ်းရတယ်ဆိုတာ နဲ့ သူရှိနေတာကို မသိအောင်ဘယ်လိုနေရတယ်ဆိုတာ ကိုတွေးလိုက်မိသည်။ သူက ပတ်ဝန်းကျင်နှင့်လုံးဝ ရောနှောနေနိုင်တယ်လို့ ခံစားလိုက်ရသည်။

"သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ထိန်းနိုင်တဲ့ အစွမ်းက ငါတို့နဲ့ တော်တော်တူတာပဲ" ဟု သူမ တိတ်တဆိတ်တွေး လိုက်မိသည်။

ရှီမာယူလင်းလည်း ရှေ့သို့နှစ်လမ်းတိုးလျက် "နာလန်ဂျီ"ဟု ပြောလိုက်သည်။

"ငါတို့ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"ဟု နာလန်ဂျီသည် ရှီမာယူလင်းကို စိုးရိမ်စွာကြည့်ရင်းပြောလိုက်သည်။ ထို့နောက် ရှီမာယူလင်း၏ ဝိညာဉ်လှိုင်းကို ခံစားလိုက်မိသောအခါ ပို၍လန့်သွားပြီး "မင်းသူတို့ကိုသိလား" ဟု မေးလိုက်သည်။

ရှီမာယူလင်းလည်း ရှီမာယူယူကိုကြည့်လိုက်သော်လည်း သူ့မျက်လုံးများသည် ဘာအရိပ်ယောင်မှ မပြပေ။ ထို့နောက် လေးတွဲ့စွာဖြင့် "သိလား?" ဟုပြောလိုက်သည်။

"မနေ့က သူတို့ မင်းကိုလာရှာသေးလား" ဟု နာလန်ဂျီကဆက်မေးသည်။

"မနေ့ ညီမလေးနဲ့ တခြားသူတွေကတော့ မြို့ပြင်ကိုသွားကြတာပဲ" ဟု ရှီမာယူလင်းလည်း သွယ်ဝှိက်ပြီးဖြေလိုက်သည်။

"သူတို့က မင်းသူငယ်ချင်းတွေဆိုတော့ မင်းကပဲ သူတို့ကို ငါတို့လက်ထဲအပ်လိုက်"

"ဘာလို့လဲ။ မင်းက သူတို့က မင်းတို့ဂိုဏ်းကလူတွေကိုသတ်တယ်ပြောတယ်။ မင်းမှာ သက်သေရှိလို့လား။ တကယ်လို့ သက်သေမရှိရင် လူတွေကို မကောင်းမပြောနဲ့ကွ။ မနေ့က သူတို့က သူ့ကို ရှာလာတယ်လို့ ယူကွမ်းက ပြောပြီးပြီးပဲ။ သူတို့ မင်းတို့ဂိုဏ်းကလူတွေကို သွားပြီးသတ်ဖို့အချိန်ရှိပါ့မလား" ဟုပြောရင်း ရှီမာယူယန်က နာလန်ဂျီကို သဘောမကျဟန်ဖြင့်စိုက်ကြည့်လိုက်သည်။

နာလန်ဂျီသည် ရှီမာယူယန်ကို ဂရုမစိုက်ဘဲ ရှီမာယူလင်းကို " မင်းကသူတို့ကိုကာကွယ်ချင်လို့လား" ဟု တိုက်ရိုက်မေးလိုက်သည်။

"ဒါက ကာကွယ်ပေးတာမဟုတ်ဘူး။ မင်းတို့ဆီမှာ သူတို့က မင်းတို့လူကို သတ်ပါတယ်လို့ ပြောနိုင်တဲ့ သက်သေရှိလို့လား" ဟု ရှီမာယူလင်းက ပြန်မေးလိုက်သည်။

နာလန်ဂျီ၏အကြည့်သည် စူးရှနက်ရှိုင်းသည်။ ရှီမာယူယူနှင့် တခြားသူများက သူတို့လူများကို သတ်သွားသည်ကို သိသော်လည်း သက်သေကားမရှိပေ။

"မင်းက ငါ့အကိုကြီးကို ဘာလို့အဲ့လိုကြည့်နေတာလဲ။ မင်းကစိန်ခေါ်တာလား" ဟု ရှီမာယူယန်ကပြောရင်း ရှီမာယူလင်းကိုကြည့်ကာ "တကယ်လို့တိုက်မယ်ဆိုရင်လည်း အကိုကြီးလည်းတိုက်မယ်မလား" ဟုမေးလိုက်သည်။

ရှီမာယူလင်းလည်း ရှီမာယူယန်ကိုကြည့်လိုက်သော်လည်း သူ၏ စကားကိုမငြင်းပေ။ ထို့နောက် နာလန်ဂျီကို ပြန်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသည်။

သူတကယ်ပဲ နာလန်ဂျီနှင့် တစ်ခါလောက်တော့တိုက်ကြည့်ချင်သည်။သူတို့နှစ်ယောက်လုံးကို မကောင်းတာ လုပ်သူများဟု သတ်မှတ်ထားသော်လည်း တစ်ယောက်နှင့် တစ်ယောက်တော့ တစ်ခါမှ မယှဉ်ဖူးကြပေ။ ဘယ်သူက ပိုပြီး စွမ်းအားကြီးတယ်ဆိုတာကိုတော့ သိချင်မိသည်။

နာလန်ဂျီလည်း တိုက်ခိုက်ချင်သည်။ သူခြေတစ်လှမ်းရှေ့သို့လှမ်းလိုက်စဉ်တွင် လက်တစ်ဖက်သည် သူ၏ပုခုံး ပေါ်သို့ ကျလာသည်။

"သခင်လေး ကျွန်တော်တို့မှာ လုပ်စရာကိစ္စရှိသေးတယ်လေ။ အခုတော့ပြန်ကြပါစို့" ဟု နာလန်ဂုံသည် ရှီမာအဖွဲ့က လူတွေကို ကြည့်လျက် အသာအယာပြောလိုက်သည်။ ထိုစကားကို နာလန်ဂျီနာခံပုံတော့ပေါ်သည်။

"မင်းတို့ ကံကောင်းတယ်လို့မှတ်ပါ။ မင်းတို့ ရှီမာဂိုဏ်းရဲ့ အကာအကွယ်အောက်ကနေမထွက်တာ ကောင်းမယ် မဟုတ်ရင်တော့ မင်းတို့ခွေးကောင်တွေရဲ့ အသက်အတွက် ငါစိုးရိမ်မိတယ်" ဟု ပြောပြီး နာလန်ဂျီသည် သူ့လူများကို ခေါ်ကာ ပို့ဆောင်ရေးလမ်းကြောင်းဖြင့် အနောက်ဖက်သို့ထွက်သွားလေသည်။

သူထွက်သွားသောအခါ သူ၏ လူသတ်ချင်စိတ်ပြည့်နေသော မျက်လုံးများကြောင့် လူများ၏ စိတ်တွင် ကြောက်ရွံ့စိတ်များဖြင့် ပြည့်ကျန်နေခဲ့သည်။

All Chapters