အခန်း(၂၁၉)-အန်းယန်မြို့တော်
Vol. 003 Ch. 219
နာလန်မျိုးနွယ်ကလူတွေ ဒီအတိုင်းထွက်သွားကြတယ်ပေါ့?
လူတိုင်းက မယုံနိုင်ဖြစ်နေကြသည်။ အရင်တုန်းကဆို လူတစ်ယောက်ကို လွှတ်ပေးမည့်အစား အပြစ်မဲ့သူ အယောက်တစ်ထောင်ကိုသာ သတ်မည့်သူများဖြစ်သည်။ သူတို့က ရှီမာယူယူနှင့်တခြားသူများကို သံသယရှိ သော်လည်း ဘာမှလုပ်မသွားချေ။
သို့သော်လည်း ရှီမာမျိုးနွယ်ကလူများကိုတွေ့သောအခါ လူတော်တော်များက နားလည်လိုက်သည်။ ထိုဂိုဏ်းနှစ်ခုသည် ဘယ်သောအခါကမှ အဆင်ပြေခဲ့ခြင်းမရှိပေ။ ယခုပင်ကြည့်တော့ ရှီမာဂိုဏ်းကလူတွေက ထိုလူတွေကို ကာကွယ်ပေးချင်ပုံပေါ်နေ၍ နာလန်မျိုးနွယ်အနေဖြင့် လှုပ်ရှားရန် မလွယ်ကူပေ။
"တွေ့ဆုံပွဲက မကြာခင်ဆိုရောက်လာတော့မယ်။ အဲ့တာကြောင့်များ နာလန်ဂျီက သူ့ခွန်အားကို ထိန်းထားချင်လို့ ရှီမာယူလင်းနဲ့ မတိုက်တာဖြစ်မယ်" ဟု လူတစ်ချို့က ယူဆနေကြသည်။
"ပြီးတော့ သူပြောမသွားဘူးလား။ အဲ့လူတွေသာ ရှီမာဂိုဏ်းနဲ့ ဆက်ပြီးတွဲမနေတော့ရင် နာလန်ဂျီဂိုဏ်းက သူတို့ကို အမြဲပစ်မှတ်ထားနေတော့မှာဆိုပြီး ပြောသွားတယ်လေ"
ရှီမာယူယူနှင့်တခြားသူများသည် ထိုအဖွဲ့သည် ဒီလိုမျိုး နောက်ဆုတ်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ သို့သော်လည်း နောက်ဆုတ်ခြင်းသည် အချိန် အနည်းနဲ့အများသာ ဖြစ်သော်လည်း သူတို့ကိုတော့ ကျေးဇူးတင်မိပေသည် "အခုလိုကူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
ရှီမာယူလင်းသည် ဘာမှပြန်မပြောဘဲ တခြားသူများက သူ့ကို သတိမထားမိစေရန် သူ့၏ကိုယ်ရောင်ကိုယ်ဝါ ကိုသာပြန်သိမ်းလိုက်သည်။
ရှီမာယူယန်လည်း ရှေ့သို့တိုးလာပြီး ရှီမာယူယူ၏ပုခုံးကိုကိုင်ကာ "ဘာမှမပင်ပန်းပါဘူး။ မဟုတ်လည်း ငါတို့နဲ့ နာလန်ဂျီဂိုဏ်းက အဆင်ပြေတာမဟုတ်ဘူး ကိစ္စတစ်ခုတိုးလာလို့လည်း ဘာမှမထူးသွားပါဘူး" ဟု ပြောလိုက်သည်။
ဘေဂုံထန်လည်း ရှေ့သို့တိုးလာပြီး ရှီမာယူယန်၏ လက်ထဲမှ ရှီမာယူယူကိုပြန်ဆွဲယူလိုက်ပြီး "မင်းတို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်" ဟုပြောလိုက်သည်။
ဝေကျိရွှီနှင့် တခြားသူများလည်း ကျေးဇူးတင်ကြောင်းလာပြောကြလေသည်။
"ရှီမန်… သူတို့မျိုးနွယ်ကဘယ်သူ့ကို မင်းသတ်ခဲ့တာလဲ" ဟု ရှီမာယူယန်သည် ပြုံးရင်းနဲ့မေးလိုက်သည်။
ရှီမာယူယူလည်း သူတို့ကိုကြည့်ကာ အသံတိုးတိုးလေးဖြင့် "အောက်တန်းကျတဲ့ လူတစ်ယောက်နဲ့ စီနီယာတစ်ယောက်ပါ" ဟု ဝန်ခံလိုက်သည်။
"အောက်တန်းကျတဲ့ စီနီယာဆိုတာ သူတို့ဂိုဏ်းက ခေါင်းဆောင် ၁၅မလား" ဟု ရှီမာယူယန်လည်း တအံ့တသြ ပြောလိုက်သည်။"အဲ့လူက အသက်ကြီးကြီး အရပ်ပုပု ခပ်ဝဝ ရုပ်ဆိုးဆိုးနဲ့ ရာထူးကြီးလူမလား" ဟု ဆက်ပြောလိုက်သည်။
ရှီမာယူယူလည်း ခေါင်းငြိမ့်ပြလိုက်သည်။
"အို…သေလိုက်ပါတော့ မင်းက တကယ်ကြီး သူတို့ထဲက အကြီးတစ်ယောက်ကို သတ်ခဲ့တာကိုး။ သူတို့ တစ်မျိုးနွယ်လုံးက မင်းတို့ကို လိုက်ရှာနေတာ အံ့သြစရာမရှိပါဘူး" ဟုပြောရင်း ရှီမာယူယန်လည်း ရှီမာယူယူကို တကယ့်လူဟု တွေးလိုက်မိပြီး ထခုန်မိမတတ်ဖြစ်သွားသည်။
ရှီမာယူလင်းလည်း သူတို့ကို တစ်ချက်ကြည့်ပြီးနောက် အကြည့်ကို ခပ်မြန်မြန်ပင် လွှဲလိုက်သည်။
"ငါမင်းတို့ကို တကယ်လေးစားတယ်ကွာ။ နာလန်ဂိုဏ်းက အကြီးကို သတ်ချင်တယ်ဆိုတာနဲ့ သတ်ခဲ့လိုက်တာ"
"သူက ငါမိန်းမနဲ့ ညီကို ပြန်ပေးဆွဲဖို့လုပ်လို့ ငါကပြန်ပြီး လက်စားချေတာပါ။ ဒါပေမဲ့ ငါက အရမ်းအစွမ်းမကြီးတော့ တခြားကျွမ်းတဲ့သူဆီက အကူအညီတော့ ယူရတာပဲ" ဟု ရှီမာယူယူကပြောလိုက်သည်။
"ဘယ်လိုနည်းလမ်းပဲသုံးသုံးပါ မင်းသူ့ကိုသတ်နိုင်တာကို တော်တော်ကောင်းတာပဲ။ အဲ့သေခါနီးလူကြီး… မှားလို့.. အဲ့သေသွားတဲ့လူက ဒီအလယ်ဝူတိုင်းပြည်မှာ တကယ့်အမည်းစက်ကြီးပဲ။ ဒါပေမဲ့ နာလန်မျိုးနွယ်ကမို့ တော်ရုံလူ သူ့ကို မထိရဲဘူး။ အခုတော့ သူသေသွားပြီ မင်းတို့သူ့ကို သတ်လိုက်တာ တရားမျှတမှုအတွက် လုပ်တယ်လို့ ပြောလို့ရတယ်" ဟု ရှီမာယူရှင်းက ပြောလိုက်သည်။
သူတို့ထဲမှ လူတစ်ချို့က ရှီမာမျိုးနွယ်က လူငယ်များနှင့် စကားကောင်းနေကြသည်။ တကယ်လို့ သူတို့သာ ထိုလူတွေက အချိန်ခဏအတွင်း ပြဿနာသွားရှာမည့်သူများလို့သာ သိသွားရင် သူတို့ရဲ့ အပြုအမူတွေ ဘယ်လိုနေမလဲ လို့ သိချင်မိတယ်။
"မင်းတို့က အရှေ့ဖက်မှာနေတာမလား ဒီမြို့တော်ကို ဘာလာလုပ်ကြတာလဲ" ဟု ဝေကျိရွှီက မေးလိုက်သည်။
"ဆေးပင်ခူးဖို့လာကြတာပါ။ ပြီးတော့ ရောက်လက်စနဲ့ တောင်တန်းတွေပေါ်မှာ ဝိညာဉ်သားရဲတွေနဲ့ လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ကြတာ" ဟု ရှီမာယူကွမ်းက ပြောလိုက်သည်။
"ဆေးပင်လာခူးတာ?"
"ဟုတ်ပါတယ်။ ငါတို့မိသားစုထဲက တစ်ယောက်က ဒဏ်ရာကြီးကြီးမားမားရပြီး အချိန်အကြာကြီး ပြန်မကောင်းတော့လို့ပါ။အစက ငါတို့က သူ့ကိုကုဖို့ ထူးခြားဆန်းကြယ်အသီးကိုသုံးမလို့ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်က လူတစ်ယောက်က အဲ့အသီးကို သုံးနှစ်အတွင်းယူလာပေးမယ်လို့ပြောသွားတယ်။ အခု သုံးနှစ်အချိန်ပြည့်ပြီ အဲ့လူပေါ်လာမလား မလာဘူးလားဆိုတာ ဘယ်သူမှမသိဘူး။ ငါတို့ ဉီးလေးတွေကတော့ အဲ့လူပေါ်လာဖို့မဖြစ်နိုင်တော့ဘူးလို့ပြောတယ်။ ဒါပေမဲ့ ဉီးလေးအကြီးဆုံးကတော့ ငါတို့ကို ပြင်ဆင်ရင်းစောင့်နေ ဖို့ခိုင်းလိုက်တာ" ဟု ရှီမာယူကွမ်းက သူတို့သိချင်သော သတင်းကို ရိုးရိုးသားသားပင်ပြောပြလိုက်သည်။
"အဲ့လူကရော မင်းတို့နဲ့ သုံးနှစ်စာချုပ်ချုပ်ဖို့ အခြေအနေရှိလို့လား"ဟု ဝေကျိရွှီက မေးလိုက်သည်။
"ရှိတယ်။ သူက ငါတို့ကို ဉီးလေးတစ်ယောက်၊ အကိုကြီးနဲ့ ညီလေးတစ်ယောက်တို့ရဲ့ အသက်ကို စောင့်ရှောက်ထားစေချင်တာ။ ဒါပေမဲ့ အဲ့လူတွေထဲက အချို့က အမှားလုပ်ဖူးကြတယ်လေ။ သူတို့က ကယ်တင်ဖို့ ဉီလေးတွေက တော်တော်အားထုတ်ခဲ့ရတာ။ အဲ့လူတချို့သာ ပေါ်မလာတော့ရင်တော့ ဉီလေးအကြီးဆုံးကို စိတ်ပျက်စေမှာပဲ" ဟု ရှီမာယူကွမ်းက ပြောလိုက်သည်။
ရှီမာလီနှင့် တခြားသူများ အန္တရာယ်ကင်းနေသည်ကို ကြားရသောအခါ ရှီမာယူယူလည်း စိတ်သက်သာရာရသွား သည်။ နောက်ဆုံးမှာ တခြားအဖွဲ့က သူတို့၏အပေးအယူကို ဆက်လုပ်ပြီး အဆုံးသတ်လိုက်သည်။
စကားပြောနေရင်းနဲ့ပင် သူတို့အလှည့်သို့ ခပ်မြန်မြန်ပင် ရောက်လာလေသည်။ သူတို့သွားမည့်နေရာလည်း အတူတူပင်ဖြစ်သောကြောင့် ပို့ဆောင်ရေးလမ်းကြောင်းကလည်း လူဆံ့၍ အတူတူသွားရန်ဆုံးဖြတ်လိုက်သည်။
အန်ယန်မြို့ ဝိညာဉ်သခင်အဖွဲ့သို့ရောက်သောအခါ ရှီမာယူယူလည်း ပျို့အန်ချင်သလို ခံစားရပြန်သည်။ သူမအဲ့လို ဖြစ်သည်ကို မြင်လိုက်ရသောအခါ ရှီမာအဖွဲ့မှ အငယ်များက အဆင်ပြေရဲ့လားလို့ လာပြီးမေးကြသည်။
"ရှီမန်.. အဆင်ပြေရဲ့လား"
ရှီမာယူယူလည်း နံရံကိုမှီ၍ သူတို့ဖက်ကို လက်ခါပြလိုက်သည်။
"သူဘာဖြစ်တာလဲ" ဟု ရှီမာယူယန်က မေးလိုက်သည်။
"အထွေအထူးမဟုတ်ပါဘူး။ သူက ပို့ဆောင်ရေးလမ်းကြောင်းရွေ့ရင် မူးတတ်လို့ပါ" ဟု ဖက်တီးကျူက ပြောလိုက်သည်။
ပို့ဆောင်ရေးလမ်းကြောင်းရွေ့တာကို မူးတာ? ထိုရောဂါမျိုးကို သူတို့အခုမှပင် ကြားဖူးခြင်းသာဖြစ်သည်။
"မင်းတို့ရှာနေတဲ့ သူကဘယ်မှာလဲ" ဟု ရှီမာယူကွမ်းက မေးလိုက်သည်။
"မသိသေးဘူး ငါတို့ရှာရဉီးမှာ။ ဒါပေမဲ့ အစီအစဉ်ဆွဲနေတုန်း နှစ်ရက်လောက်တော့ နားဉီးမှာပါ" ဟု ဝေကျိရွှီက ပြောလိုက်သည်။
"ငါတို့အိမ်ကိုလိုက်ခဲ့လေ" ဟု ရှီမာယူရှင်းက စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
"ရပါတယ် ကျွန်တော်တို့ တည်းခိုခန်းတစ်ခုကိုပဲ ရှာလိုက်ပါ့မယ်။ ကျွန်တော်တို့က တောင်ပေါ်မှာနေတာနဲ့ အသားကျနေတာ တကယ်လို့ မင်းတို့အိမ်ကိုလိုက်ခဲ့ရင် ငါတို့ကပြဿနာဖြစ်နေလိမ့်မယ်" ဟု ဝေကျိရွှီက ပြောလိုက်သည်။
"ကောင်းပြီလေ။ အဲ့တာဆိုလည်း ဘယ်ကိုသွားမှာလဲ။ ငါတို့မျိုးနွယ်က တည်းခိုခန်းလည်း ဖွင့်ထားတယ်လေ"
"ကျွန်တော် နီးနီးနားနားက တစ်ခုကိုပဲ ရှာလိုက်ပါ့မယ်။ သူ့ကြည့်ရတာ အဆင်မပြေတော့ စောစောနားစေချင်လို့ ပါ။ ဂရုစိုက်ပြီးသွားကြနော်"
သူတို့ထဲမှ လူတချို့သည် ရှီမာမျိုးနွယ် သားတွေကို ဘာမှမပြောဘဲ ထွက်သွားကြပြီဖြစ်သည်။
ရှီမာယူလင်းလည်း သူတို့ထွက်သွားသည်ကိုကြည့်ကာ တစ်ခုခုတော့ တစ်ခုခုပဲဟု ခံစားမိလိုက်သည်။ သို့သော် ဘာကိစ္စလည်းဆိုတာကိုတော့ မပြောနိုင်ပေ။
"သွားကြစို့။ ငါတို့လည်း သွားသင့်ပြီ"
ဝေကျိရွှီနှင့် တခြားသူများလည်း အပြင်ထွက်ကာ တည်းခိုခန်းလိုက်ရှာရာ အဆင်ပြေသော တစ်ခုသို့ ဝင်ခဲ့လေသည်။ ထို့နောက် တချို့က အနားယူကာ တချို့က အပြင်သို့ထွက်ကာ လှည့်ပတ်ကြည့်လေသည်။
ညရောက်သောအခါ သတင်းများနှင့်အတူ ပြန်လာကြလေသည်။
"ရှီမာမျိုးနွယ်က ယီလင်းကုန်းမြေမှာ အင်အားအကြီးဆုံးဖြစ်ရုံမကဘူး သူတို့စံအိမ်ကလည်း မြို့ငယ်တစ်မြို့စာ လောက်ရှိတယ် အန်ယန်းမြို့ရဲ့ နေရာအကြီးကြီးကို ပိုင်တာပဲ"
"အန်ယန်းမြို့ကလူတွေက ရှီမာဂိုဏ်းကို နတ်ဘုရားတွေလို ဆက်ဆံတာဗျ"
"ရှီမာမျိုးနွယ်များ ကျွမ်းကျင်သူတွေအများကြီးရှိတယ်လို့ကြားခဲ့တာ အများစုက လူငယ်မျိုးဆက်သစ်တွေတဲ့"
"ဒါပေမဲ့ ရှီမာမျိုးနွယ်က ဒုတိယနေရာရောက်အောင်တွန်းပို့ခံနေရတယ်လို့ လူတချို့ကပြောနေတယ်"
"ကြည့်ရတာ ရှီမာမျိုးနွယ်မှာ အတွင်းပိုင်းစိတ်ဝမ်းကွဲတာရှိနေတယ်ထင်တယ်"
ရှီမာယူယူလည်း သူတို့ကို ဝမ်းနည်းနေသော မျက်လုံးများဖြင့်ကြည့်ကာ "မင်းတို့ ငါ့ကို စောင့်နေကြရပြီ တကယ်က ငါတို့အားလုံးက အတူတူ အဲ့သတင်းကိုသွားယူရမှာ" ဟုပြောလိုက်သည်။
"ဒီသတင်းတွေကို မင်းသာသိရင် မင်းဘယ်လောက် စိုးရိမ်သွားမယ်ဆိုတာ ငါတို့မတွေးခဲ့မိဘူး" ဟု ဖက်တီးကျူက ပြောသည်။
"အဲ့တာဆို နင်တို့က ငါ့အဘိုးနဲ့ တခြားသူတွေအကြောင်းကို သတင်းရခဲ့တယ်ပေါ့" ဟု ရှီမာယူယူကမေးလိုက်သည်။
"အာ… မရခဲ့ပါဘူး" သူတို့အားလုံးက ခေါင်းရမ်းလိုက်ပြီး "ငါတို့ လွန်ခဲ့တဲ့ သုံးနှစ်ကရှီမာမျိုးနွယ်က ခေါ်ခဲ့တဲ့ လူတွေ အကြောင်းကို လူတစ်ချို့ကို မေးတော့ မဖြေကြဘူးလေ" ဟု ပြန်ပြောလိုက်သည်။
"ကြည့်ရတာ မပြောရတဲ့ သတင်းမို့လို့ သူတို့မပြောရဲတာထင်တယ်။ အခုတော့ သုံးနှစ်အချိန်ပြည့်ဖို့က နှစ်လလောက် လိုသေးတယ်ဆိုတော့ ရတဲ့အချိန်အတွင်းမှာ ကျွန်မရဲ့ အစွမ်းကိုတိုးအောင်လုပ်ကြည့်မယ်။ ဘယ်လောက် စွမ်းအားတိုးလာမလဲ စောင့်ကြည့်တာပေါ့" ဟု ရှီမာယူယူက ပြောလိုက်သည်။
ရှီမာလင်းနဲ့ တခြားသူတွေနဲ့ တစ်မြို့ထဲ အတူတူရောက်နေသည်ကို တွေးမိသောအခါ ရှီမာယူယူ၏ စိတ်တွေတုန်လှုပ်လာသည်။
အဘိုးနဲ့ အကိုတို့ရေ သမီးလာပြီ