ကောင်းကင်အရှင်သခင်၏ စွမ်းအား...
Vol. 81 Ch. 1118
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ရာ ကြာသွားခဲ့သည်။ လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာများကို ဆက်လက်စူးစမ်းနေခဲ့သည်။
" ဟိုဘက်မှာပဲ။ " လင်းယွမ်က အချိန်အရှင်သခင်အများအပြား တိုက်ခိုက်နေကြသကဲ့သို့ စွမ်းအားများ ဆူပွက်နေသော အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
လင်းယွမ်က ထိုနေရာသို့ ဦးတည်သွားခဲ့သော်လည်း သူရောက်သွားချိန်တွင် တိုက်ပွဲက ပြီးဆုံးလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
" ဒီနားကပ်ရဲတဲ့သူက ငါ့ရန်သူပဲ။ " မီးခိုးရောင်ဦးချိုတစ်စုံနှင့် အချိန်အရှင်သခင်တစ်ယောက်က ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေပြီး အချိန်အရှင်သခင် ဆယ်ယောက်ကျော်ကို နောက်ဆုတ်သွားစေရန် ဖိအားပေးနေသည်။
သူ၏ နောက်တွင် ဆန်းကြယ်သော အော်ရာတစ်ခု ထွက်ပေါ်နေသည့် အပြာရောင်ရေကန်တစ်ခု ရှိနေပြီး ၎င်းအတွင်း ရတနာတစ်ခု ရှိနေနိုင်သည်။
" သူဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ " လင်းယွမ်က မီးခိုးရောင်ဦးချိုနှင့် အချိန်အရှင်သခင်ကို မြင်လိုက်ရသောအခါ ယှဉ်ပြိုင်ရန် လက်လျှော့လိုက်သည်။
ထိုအချိန်အရှင်သခင်ကို ကောင်းကင်အရှင်သခင်ဟုခေါ်ပြီး မဟာပျက်စီးခြင်းစက်ဝန်းဆယ်ခုကျော် ရှင်သန်လာကာ ယခုအခါ ဒုတိယအဆင့် ကပ်ဘေးများ၏ နောက်ဆုံးကပ်ဘေးသုံးခုကို ဖြတ်ကျော်ရန် ကြိုးစားနေသည်ဟု ပြောကြသည်။
လင်းယွမ်က ပတ်ဝန်းကျင်တွင် ဒဏ္ဍာရီအဆင့်သို့ ချဉ်းကပ်နေသော အချိန်အရှင်သခင် ဆယ်ယောက်ကျော်ကို တွေ့လိုက်ရသည်။ သူမရောက်မီကတည်းက ကောင်းကင်အရှင်သခင်က အချိန်အရှင်သခင် ဆယ်ယောက်ကျော်ကို ဖိနှိပ်ခဲ့ပြီး သူ၏ နောက်မှ အပြာရောင်ရေကန်ကို သိမ်းပိုက်ထားသည်မှာ ထင်ရှားပေသည်။
" နောက်ကျသွားပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ယခုလှုပ်ရှားလျှင် လင်းယွမ်က ကောင်းကင်အရှင်သခင်နှင့် တစ်ယောက်ချင်း ရင်ဆိုင်ရမည်ဖြစ်ပြီး သူက ထိုသို့ လုပ်ဆောင်ရန် ယုံကြည်မှုမရှိသေးပေ။ ဒဏ္ဍာရီအဆင့်သို့ ချဉ်းကပ်နေသော အချိန်အရှင်သခင် ဆယ်ယောက်ကျော်ကို ဖိနှိပ်နိုင်ခြင်းက ကောင်းကင်အရှင်သခင်၏ စွမ်းအားကို ပြသနေသည်။ လင်းယွမ်က သူ့ကို ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပေ။
" ဟမ့် " အခြားအချိန်အရှင်သခင်များ ချဉ်းကပ်လာခြင်းမရှိသည်ကို မြင်သောအခါ ကောင်းကင်အရှင်သခင်က နှခေါင်းရှုံ့လိုက်ပြီး သူ၏ နောက်ရှိ အပြာရောင်ရေကန်ဘက်သို့ လှည့်လိုက်သည်။
" ဒါက ဘယ်လိုအော်ရာမျိုးလဲ။ " ကောင်းကင်အရှင်သခင်က အပြာရောင်ရေကန်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ သူက အပြာရောင်ရေကန်ကို ထိလိုက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသဘ်။
" ကောင်းကင်အရှင်သခင်တော့ ဝင်သွားပြီ။ "
" အဲ့ဒီထဲမှာ ဘယ်လိုရတနာမျိုး ရှိမလဲမသိဘူး။ "
အချိန်အရှင်သခင်များက ပြောလိုက်ကြသည်။ သို့သော် ကောင်းကင်အရှင်သခင်၏ စွမ်းအားကို ကြောက်ရွံ့ကြသဖြင့် ဘယ်သူမှ မချဉ်းကပ်ဝံ့ကြပေ။
" ဟမ် " လင်းယွမ်၏ မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။ ကောင်းကင်အရှင်သခင် ပျောက်ကွယ်သွားသည့်အချိန်တွင် အပြာရောင်ရေကန်အတွင်း၌ အမှောင်ထုတစ်ခု ဖျတ်ခနဲ ပေါ်လာသည်ကိ သူသတိထားမိလိုက်သည်။
" တစ်ခုခုတော့ မှားနေပြီ။ " လင်းယွမ်က သတိထားလိုက်သည်။
အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ဝမ်ဝေဟင်းလင်းပြင်တွင် အကြီးမားဆုံး အန္တာရာယ်မှာ ဝမ်ဝေဟင်းလင်းပြင်မှမဟုတ်ဘဲ အချိန်အရှင်သခင်များထံမှ လာခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သည်။ အတိအကျပြောရလျှင် ဝမ်ဝေဟင်းလင်းပြင်ထဲကို ဝင်လာကြသော အချိန်အရှင်သခင်များက ပြိုင်ဘက်များဖြစ်ကြသည်။
" ဒီရေကန်က ထောင်ချောက်တစ်ခု ဖြစ်နေမလား။ " လင်းယွမ်က အဝေးမှ အပြာရောင်ရေကန်ကို ကြည့်လိုက်သည်။
ရေကန်တစ်ခုလုံးက ဝမ်ဝေဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်နေသောကြောင့် ကောင်းကင်အရှင်သခင်က ထိုရေကန်နားသို့ တိုက်ရိုက်ချဉ်းကပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဝမ်ဝေဟင်းလင်းပြင်အတွင်း အရေးပါသော နေရာများအားလုံးမှာ အလားတူ စွမ်းအားများရှိကြပြီး အခြားအချိန်အရှင်သခင်များအနေဖြင့် အတုယူရန် ခက်ခဲသည်။
လင်းယွမ်ကိုယ်တိုင်ပင် အစပိုင်းတွင် အပြာရောင်ရေကန်အပေါ် ဘာသံသယမှမရှိခဲ့ပေ။ ကောင်းကင်အရှင်သခင် ပျောက်ကွယ်သွားပြီး အမှောင်ထုကို သတိထားမိသောကြောင့်သာ ထိုသို့ တွေးမိခြင်းဖြစ်သည်။
" ဟမ်..." လင်းယွမ်တစ်ယောက်တည်းသာမက အခြားအချိန်အရှင်သခင်အချို့ကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။
" ကောင်းကင်အရှင်သခင် ပြန်ထွက်လာမလားဆိုတာ စောင့်ကြည့်တာပေါ့။ " လင်းယွမ်က အပြာရောင်ရေကန်ကို သေချာစောင့်ကြည့်နေခဲ့သည်။
ကောင်းကင်အရှင်သခင် ထွက်လာလျှင် ၎င်းက ထောင်ချောက်ဟုတ်မဟုတ် သိနိုင်မည်ဖြစ်သည်။
မကြာမီ တည်ငြိမ်သော အပြာရောင်ရေကန်က ရုတ်တရက် ဆူပွက်လာသည်။ အပြာရောင်ရေများက ပေါက်ကွဲထွက်သွားပြီး အဆုံးမရှိသော အမှောင်စွမ်းအားများ ထွက်ပေါ်လာသည်။
" မင်းတို့ရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို ခြိမ်းခြောက်နေတာလား။ " ကြောက်စရာကောင်းသော အော်ရာနှင့် ကြီးမားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက ကောင်းကင်အရှင်သခင်ပင်ဖြစ်၏။
ကောင်းကင်အရှင်သခင်က အပြာရောင်ရေကန်ထဲမှ အတင်းအကျပ် ရုန်းထွက်လိုက်ပြီး နက်ရှိုင်းသော အမှောင်နယ်ပယ်များက တစ်ထပ်ပြီးတစ်ထပ် ပေါ်လာခဲ့သည်။
" ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ခဲ့စမ်း..." ကောင်းကင်အရှင်သခင်က ဟိန်းဟောက်လိုက်သည်။ သူက အပြာရောင်ရေကန်ထဲသို့ ဆွဲခေါ်ခံရပြီးနောက် အမှောင်ပုံရိပ်သုံးခုပေါ်လာပြီး သူ့ကို အချိန်သဲပေါင်သန်းနှစ်ဆယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သူက အတိတ်ကာလတွင် ကောင်းကင်အရှင်သခင်က သဘောတူကောင်း တူနိုင်ပေသည်။ သို့သော် သူက ဝမ်ဝေဟင်းလင်းပြင်သို့ မဝင်မီ အဆင့်တက်ခဲ့ပြီး ဒုတိယအဆင့် ကပ်ဘေးများအနက် နောက်ထပ် ကပ်ဘေးတစ်ခုကို ဖြတ်ကျော်နိုင်လျှင် ဒဏ္ဍာရီအဆင့်သို့ ရောက်တော့မည်ဖြစ်သည်။
ထို့အပြင် ကောင်းကင်အရှင်သခင်က ဝမ်ဝေဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ချိန်တွင် အဓိကတိုက်ခိုက်ရေးလက်နက်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ လက်ရှိ ဒုတိယအဆင့် အထွတ်အထိပ်စွမ်းအားနှင့် အဓိကတိုက်ခိုက်ရေးလက်နက်တို့ကို ထည့်ပေါင်းလျှင် သူက ဒဏ္ဍညရီအဆင့်အောက်တွင် အသန်မာဆုံးဟု ယူဆနိုင်သည်။
ထိုအမှောင်ပုံရိပ်သုံးခုကိုင်စွဲထားသော အမှောင်စွမ်းအားလက်နက်က ကောင်းကင်အရှင်သခင်ကို ဖိနှိပ်ရန် မလုံလောက်သေးပေ။ ထို့ကြောင့် သူက ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
"ဘာလဲ။ အဲ့ဒီရေကန်က ထောင်ချောက်တစ်ခုလား။ "
" အဲ့ဒါကြောင့် သူဝင်သွားတုန်းက ပုံမှန်မဟုတ်တဲ့ အော်ရာတစ်ခုကို ခံစားမိခဲ့တာပဲ။ "
အချိန်အရှင်သခင်များက ရုတ်တရက် နားလည်သွားကြပြီး တစ်ချိန်တည်းတွင် ကောင်းကင်အရှင်သခင်၏ စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။
" ကောင်းကင်အရှင်သခင်က ငါတို့နဲ့ ရင်ဆိုင်တုန်းက အစွမ်းကုန် ထုတ်မသုံးခဲ့ဘူးပဲ။ "
" ဟုတ်တယ်။ ရေကန်ထဲက အမှောင်စွမ်းအားက ငါတို့ကို အလွယ်တကူ ဖိနှိပ်နိုင်ပေမယ့် ကောင်းကင်အရှင်သခင်က ရုန်းထွက်နိုင်ခဲ့တယ်။ "
အချိန်အရှင်သခင်များက လေးနက်သွားကြသည်။ သူတို့က ကောင်းကင်အရှင်သခင်၏ ကြောက်စရာကောင်းသော စွမ်းအားကို ချက်ချင်း အာရုံခံမိလိုက်ကြသည်။ ၎င်းမှာ စစ်မှန်သော ဒုတိယအဆင့်၏ အမြင့်ဆုံးစွမ်းအားဖြစ်သည်။
" သိပ်ကို သန်မာတာပဲ။ " လင်းယွမ်က လေးနက်သော အမူအရာနှင့် ကြည့်နေသည်။ ယခု ကောင်းကင်အရှင်သခင်နှင့် ယှဉ်လျှင် သူ၏ မူလခန္ဓာကိုယ်ပင် အားနည်းနေသေးသည်။
" ငါသာ ရှန်ထျန်းအသွင်ပြောင်းလဲခြင်းရဲ့ ဒုတိယမြောက်တိုက်ကွက်ကို ဖန်တီးနိုင်ရင် ဒါမှမဟုတ် အချိန်အရှင်သခင်အဆင့်ကို အမှန်တကယ် တက်လှမ်းနိုင်မှာပဲ ကောင်းကင်အရှင်သခင်ကို ယှဉ်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ကောင်းကင်အရှင်သခင်က ကပ်ဘေးဘယ်လောက်တောင် ဖြတ်ကျော်ပြီးပြီလဲမသိဘူး။ " လင်းယွမ်က အဆုံးမရှိသော အမှောင်ထုအတွင်း ရပ်နေသော ကောင်းကင်အရှင်သခင်ကို ကြည့်လိုက်သည်။
ဝုန်း ဝုန်း....
အဆုံးမဲ့အမှောင်ထုများ လှိုင်းထန်သွားပြီး ပုံရိပ်သုံးခုအဖြစ် စုစည်းလာသည်။ ထိုပုံရိပ်သုံးခုက ဝေဝါးပြီး အမှောင်စွမ်းအားများ ဖုံးလွှမ်းနေသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိနိုင်ပေ။
" ကောင်းကင်အရှင်သခင် မင်းလည်း ဒီအဆင့်ထိ ရောက်လာတာပဲ။ " ခေါင်းဆောင် အမှောင်ပုံရိပ်က ကောင်းကင်အရှင်သခင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " အဲ့ဒါဆိုရင်တော့ မင်းအခု ထွက်သွားလို့ရပြီ။ "
ကောင်းကင်အရှင်သခင် ပြသလိုက်သော စွမ်းအားအရ သူတို့က ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များအတွက် သီးသန့်ပြင်ထားသော သူတို့၏ ဝှက်ဖဲများကို ထုတ်မသုံးလျှင် သူ့ကို တားဆီးရန် သူတို့တွင် ယုံကြည်မှုမရှိပေ။ သဘာဝကျစွာပင် သူတို့က ထိုဝှက်ဖဲများကို ကောင်းကင်အရှင်သခင်အပေါ်တွင် အသုံးမပြုလိုကြပေ။
" ထွက်သွားရမယ်ဟုတ်လား။ " ကောင်းကင်အရှင်သခင်က လှောင်ပြုံးပြုံးလိုက်သည်။ " မင်းတို့သုံးယောက် ခိုးကြောင်ခိုးဝှက်နဲ့ ငါ့ရဲ့ အချိန်တွေကို ဖြုန်းတီးခဲ့တယ်။ တစ်ယောက်ကို အချိန်သဲပေါင်ဆယ်သန်းစီ ပေးကြစမ်း။ အဲ့ဒါဆိုရင်တော့ ငါထွက်သွားဖို့ စဉ်းစားပေးမယ်။ "
" ကောင်းကင်အရှင်သခင် မင်းလွန်လာပြီ။ " ခေါင်းဆောင်က ပြောလိုက်သည်။ သူ၏ နောက်မှ အမှောင်ပုံရိပ်နှစ်ခုက ဒေါသထွက်သွားကြသည်။
ဝမ်ဝေဟင်းလင်းပြင်သို့ ရောက်ကတည်းက သူတို့က အခြားအချိန်အရှင်သခင်များကိုသာ လုယက်ခဲ့ပြီး သူတို့က လုယက်ခံရခြင်းမရှိပေ။
" မပေးဘူးလား။ ဒါဆိုရင် မင်းတို့ ဘယ်သူတွေလဲဆိုတာ ငါကြည့်ရသေးတာပေါ့။ " ကောင်းကင်အရှင်သခင်က ရှေ့သို့ တက်လိုက်ရာ ကြောက်စရာကောင်းသော အော်ရာက ထွက်ပေါ်လာသည်။ သူ၏ ဦးချိုများက ပုံပျက်နေသော လှိုင်းတစ်ခုကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ရှိ အမှောင်စွမ်းအားများကို အဆက်မပြတ် ထိုးဖောက်ဝါးမြိုသွားသည်။
ဝုန်း...
မတူညီသော စွမ်းအားနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသည်။ အရပ်မျက်နှာအနှံ့ရှိ အရာအားလုံးက ပျက်စီးသွားပြီး တိုက်ပွဲကို ကြည့်ရှုနေသော အချိန်အရှင်သခင်များကို နောက်ဆုတ်သွားစေသည်။