ကောင်းကင်အရှင်သခင် ရှုံးနိမ့်ခြင်း...
Vol. 81 Ch. 1120
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" သွေးပင်လယ်အရှင်သခင်က ဒဏ္ဍာရီအချိန်အရှင်ဖြစ်လာမယ့် အနာဂတ်ကို ရှာတွေ့သွားတာလား။ "
အချိန်အရှင်သခင်များက ထိတ်လန့်သွားကြသည်။ ယခင်က ခန့်မှန်းချက်မျှသာဖြစ်သော်လည်း ယခုအခါတွင် သေချာသွားခဲ့သည်။ သွေးပင်လယ်အရှင်သခင် အာရုံခံနိုင်သော အနာဂတ်အချိန်အတိုင်းအတာတစ်ခုတွင် သူက အဆုံးမဲ့ကပ်ဘေး၏ တတိယအဆင့်သို့ တက်လှမ်းပြီး ဒဏ္ဍာရီအဆင့်သို့ ရောက်သွားခဲ့သည်။
" ဒီတစ်ခါ ကောင်းကင်အရှင်သခင်တော့ ဒုက္ခရောက်ပြီ။ " အချိန်အရှင်သခင်များက ကောင်းကင်အရှင်သခင်ကို ကြည့်လိုက်ကြသည်။
ဒဏ္ဍာရီအဆင့်နှင့် ရင်ဆုင်ရလျှင် ၎င်းက အနာဂတ်ခန္ဓာဖြစ်လျှင်တောင် ဒုတိယအဆင့် အထွတ်အထိပ်က တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ အဆုံးမဲ့ကပ်ဘေးတွင် အဆင့်သုံးဆင့်ရှိပြီး တတိယအဆင့်က ယခင်နှစ်ဆင့်နှင့် ယှဉ်လျှင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်သည်။
" အကိုကြီးရဲ့ အနာဂတ်က ဟင်းလင်းပြင်စိတ်ဝိညာဉ် အချိန်အရှင်သခင်နှင့် ချပ်ဝတ်အရှင်သခင်တို့က သွေးပင်လယ်အရှင်သခင်၏ နောက်မှ အနီရောင်ပုံရိပ်ကို စိုက်ကြည့်နေကြသည်။
" ဒဏ္ဍာရီအဆင့်...." ကောင်းကင်အရှင်သခင်ကလည်း သွေးပင်လယ်အရှင်သခင်၏ နောက်မှ အနီရောင်ပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းရဲ့ အနာဂတ်ခန္ဓာက ဒဏ္ဍာရီအဆင့်ကို တက်လှမ်းသွားရင်တောင် ငါတို့ကြားမှာ အချိန်ကာလတွေ ခြားနေတာပဲ။ မင်းစိတ်တိုင်းကျ လုပ်နိုင်မယ်လို့ ငါမယုံဘူး။ "
စွမ်းအားအရ ကောင်းကင်အရှင်သခင်က ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်၏ ပြိုင်ဘက်မဟုတ်သည်မှာ သေချာသည်။ ကောင်းကင်အရှင်သခင် အားကိုးနိုင်သော တစ်ခုတည်းသောအချက်မှာ ဤအချိန်လေဟာနယ်မှာ သူ၏ အိမ်ကွင်းဖြစ်ပြီး သွေးပင်လယ်အရှင်သခင်၏ ဒဏ္ဍာရီအဆင့် ခန္ဓာက အနာဂတ်မှ လာခြင်းဖြစ်ပြီး ဤနေရာ၌ လှုပ်ရှားလျှင် ဖိနှိပ်ခံရမည်ဖြစ်သကဲ့သို့ ပြင်းထန်သော တန်ပြန်မှုကို ခံစားရမည်ဖြစ်သည်။
ဝုန်း....
ကောင်းကင်အရှင်သခင်၏ ခေါင်းပေါ်ရှိ မီးခိုးရောင် ဦးချိုတစ်စုံမှာ နက်ရှိုင်းသော အော်ရာကို ထုတ်လွှတ်ပြီး ထွက်ပေါ်လာသော စွမ်းအားများက သွေးပင်လယ်အရှင်သခင်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။
အချိန်လေဟာနယ်များစွာကို ဖြတ်ကျော်လာသော ဒဏ္ဍာရီအဆင့် သွေးပင်လယ်အရှင်သခင်နှင့် ရင်ဆိုင်နေရသော်လည်း ကောင်းကင်အရှင်သခင်က တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ရိုက်ဦးဆောင်တိုက်ခိုက်လိုက်သည်။
" အဲ့ဒါ ကောင်းကင်အရှင်သခင်ရဲ့ အသန်မာဆုံးတိုက်ကွက်က ပျက်စီးခြင်းဦးချိုလား။ "ပတ်ဝန်းကျင်ရှိ အချိန်အရှင်သခင်များက ထိတ်လန့်သွားကြသည်။
အချိန်အရှင်သခင်ဖြစ်လာကတည်းက ကောင်းကင်အရှင်သခင်က ထိုတိုက်ကွက်ကို ငါးကြိမ်သာ အသုံးပြုခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ရန်သူကို ရှင်းလင်းနိုင်ခဲ့သည်။ ထိုရန်သူများအနက် နှစ်ယောက်က ဒဏ္ဍာရီအဆင့်ကို ထိတွေ့နေပြီဖြစ်သော်လည်း ပျက်စီးခြင်းဦးချိုရှေ့တွင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
" ပျက်စီးခြင်းဦးချိုလား။ " သွေးပင်လယ်အရှင်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ပုံမှန်အချိန်တွင် ထိုတိုက်ကွက်နှင့် ရင်ဆိုင်ရလျှင် အကောင်းဆုံး တုန့်ပြန်မှုမှာ နောက်ဆုတ်ရန်နှင့် ရှောင်ရှားရန်သာ ဖြစ်သည်။ ပျက်စီးခြင်းဦးချို၏ စွမ်းအားက မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းသော်လည်း ပေးဆပ်ရသည့်တန်ဖိုးက ကြီးမားလှသည်။
ကောင်းကင်အရှင်သခင်က ပျက်စီးခြင်းဦးချိုကို အသုံးပြုပြီးတိုင်း ပြန်လည်သက်သာလာစေရန် နှစ်ပေါင်းဘီလီယံချီပြီး အချိန်ယူ၍ ကုသရလေ့ရှိသည်။
ယခုအချိန်တွင် သွေးပင်လယ်အရှင်သခင်က သူ၏ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ထားသောကြောင့် ထိုမျှသတိထားနေရန် မလိုအပ်ပေ။ သွေးပင်လယ်အရှင်သခင်၏ နောက်မှ အနီရောင်ပုံရိပ်၏ ဝတ်ရုံများက ပြန့်ကားသွားပြီး ပျက်စီးခြင်းဦးချို၏ စွမ်းအားများကို ခုခံကာကွယ်လိုက်သည်။
ပျက်စီးခြင်းစွမ်းအားများက သွေးနီရောင်အကာအကွယ်နှင့် ထိတွေ့မိသောအခါ လျင်မြန်စွာ အရည်ပျော်သွားသည်။ သွေးနီရောင်အကာအကွယ်နှင့်ယှဉ်လျှင် ပျက်စီးခြင်းဦးချို၏ စွမ်းအားများက ပို၍ အားနည်းသည်။ ထိပ်တိုက်တွေ့ဆုံချိန်ခဏတွင် စွမ်းအားနှစ်ခုလုံးက အပြန်အလှန်တိုက်ခိုက်နေကြသော်လည်း ခဏကြာသောအခါ ပျက်စီးခြင်းဦးချို၏ စွမ်းအားများက အားနည်းလာသည်။
အသက်ရှူချိန်ဆယ်ကြိမ်ကျော်ကြာပြီးနောက် သွေးနီရောင်အကာအကွယ်က လွှမ်းမိုးထားဆဲ ဖြစ်သော်လည်း ပျက်စီးခြင်းဦးချို၏ စွမ်းအားများက ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့နောက် သွေးနီရောင်အကာအကွယ်က အချိန်လေဟာနယ်တစ်ခုလုံးကို သိမ်းပိုက်ပြီး ပျက်စီးခြင်းဦးချို၏ စွမ်းအားများက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
" ဘာလဲ။ ကောင်းကင်အရှင်သခင်ရဲ့ အသန်မာဆုံး တိုက်ကွက်က ဒီလိုပဲ တားဆီးခံလိုက်ရတာလား။ "
ထိုရလဒ်ကို ခန့်မှန်းထားပြီးဖြစ်သော်လည်း အချိန်အရှင်သခင်များက ထိတ်လန့်နေရဆဲ ဖြစ်သည်။ ပျက်စီးခြင်းဦးချို၏ စွမ်းအားများက ဒဏ္ဍာရီအဆင့်ကို ထိတွေ့နေရသော အချိန်အရှင်သခင်များပင် ခုခံရန်မလွယ်ကူပေ။ သို့သော် သွေးနီရောင်အကာအကွယ်အောက်တွင် အသက်ရှူကြိမ်နှစ်ဆယ်ပင် မခံခဲ့ပေ။
" ဟားဟား...." သွေးပင်လယ်အရှင်သခင်က ရယ်လိုက်သည်။ " ကောင်းကင်အရှင်သခင် မင်းရဲ့ အသန်မာဆုံးတိုက်ကွက်က အဲ့လောက်လည်း မဟုတ်ပါဘူး။"
" မင်း ဒီလောက်မဆင်မခြင်လုပ်နေတာ အဆုံးမဲ့ဒိုင်မန်းရှင်းစိတ်အသိရဲ့ တန်ပြန်မှုကို မကြောက်ဘူးလား။ " ကောင်းကင်အရှင်သခင်က မျက်မှောင်ကြုတ်ပြီး သွေးပင်လယ်အရှင်သခင်၏ နောက်မှ အနီရောင်ပုံရိပ်ကြီးကို ကြည့်ပြီး မေးလိုက်သည်။ ထိုအနီရောင်ပုံရိပ်ကြီးက အချိန်စွမ်းအားများ ဝန်းရံနေပြီး ဤအချိန်လေဟာနယ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
" တန်ပြန်မှုဟုတ်လား။ " အနီရောင်ပုံရိပ်က တစ်ချက်ရယ်ပြီး ဘာမှမပြောတော့ပေ။ သူ၏ ပတ်ပတ်လည်မှာ သွေးနီရောင်အကာအကွယ်က ရုတ်တရက် စုစည်းသွားပြီး ကောင်းကင်အရှင်သခင်ဆီသို့ ဦးတည်သွားသည်။
ကြောက်စရာကောင်းသော စွကမ်းအား အချိန်လေဟာနယ်ကို ပြိုလဲသွားစေပြီး ဝမ်ဝေဟင်းလင်းပြင်၏ အချိန်လေဟာနယ်က ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်၏ စွမ်းအားကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။
" သွေးပင်လယ်အရှင်သခင်ရဲ့ အနာဂတ်ခန္ဓာက လှုပ်ရှားလိုက်ပြီ။ "
" ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ။ သွေးပင်လယ်အရှင်သခင်ဆီက ဒါမျိုး တစ်ခါမှမမြင်ဖူးဘူး။ "
" သွေးပင်လယ်အရှင်သခင်က အနာဂတ်မှာ ဒဏ္ဍာရီအဆင့် ဖြစ်လာတဲ့အခါ သတ်ဖြတ်ရေးတိုက်ကွက်တွေ အများကြီး ဖန်တီးနိုင်မှာ သေချာတာပေါ့။ အရင်က မမြင်ဖူးတာ မထူးဆန်းပါဘူး။ "
တိုက်ပွဲကို စောင့်ကြည့်နေသော အချိန်အရှင်သခင်များက ဆွေးနွေးနေကြသည်။ စစ်မှန်သော ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်၏ လှုပ်ရှားမှုကို မြင်တွေ့ရခြင်းက အမှန်တကယ် အဖိုးတန်သော အတွေ့အကြုံဖြစ်သည်။
ဝုန်း....
သွေးနီရောင်အကာအကွယ်က ရှေ့သို့ တိုးဝင်သွားပြီး ကောင်းကင်အရှင်သခင်ကို ဝါးမြိုသွားသည်။ ကောင်းကင်အရှင်သခင်က ပြင်ပကမ္ဘာကို အာရုံခံမှုများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ မူလခန္ဓာကိုယ်နှင့် ဆက်သွယ်မှုပင် ဝေဝါးသွားသည်။
"ကျိုးပျက်စမ်း။ " ကောင်းကင်အရှင်သခင်ု အသည်းအသန် ရုန်းကန်လိုက်သော်လည်း သူထုတ်လိုက်သော စွမ်းအားတိုင်းက နွံထဲသို့ နစ်ဝင်သွားသကဲ့သို့ သွေးနီရောင်စွမ်းအားများက သူ၏ ရုပ်ခန္ဓာထဲထိ ထိုးဖောက်ဝင်ရောက်လာသည်။
" ဒါက ဒဏ္ဍာရီအဆင့်ရဲ့ စွမ်းအားလား။ " ကောင်းကင်အရှင်သခင်က စိတ်ထဲတွင် အေးစက်သွားသည်။ သွေးနီရောင်စွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်ကိုပင် မဖျက်ဆီးနိုင်တော့ပေ။
" ဒီဆုံးရှုံးမှုက တော်တော်ကြီးတာပဲ။ " ကောင်းကင်အရှင်သခင်က စိတ်ပျက်သွားသည်။
အဓိကတိုက်ခိုက်ရေးခန္ဓာ အခြားသူလက်ထဲသို့ ပါသွားခြင်းမှာ တိုက်ရိုက်ဖျက်ဆီးခံလိုက်ရခြင်းထက် ပိုဆိုးလေသည်။ ကောင်းကင်အရှင်သခင လျို့ဝှက်နည်းစနစ်များကို အဓိကတိုက်ခိုက်ရေးခန္ဓာမှတစ်ဆင့် ထုတ်ဖော်နိုင်သည်။ ထို့အပြင် အဓိကတိုက်ခိုက်ရေးခန္ဓာကို အသုံးပြုပြီး ကြောင်းကျိုးဆက်နွယ်မှုများကို အသုံးပြုနိုင်သောကြောင့် ကောင်းကင်အရှင်သခင်အတွက် နောက်ထပ်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
" ဒီတစ်ခါ တိုက်ခိုက်ရေးခန္ဓာကို ပြန်ရွေးဖို့ ဘယ်လောက်တောင်ကုန်မလဲမသိဘူး။ " ကောင်းကင်အရှင်သခင်က သက်ပြင်းချလိုက်သည်။ " အခြားရွေးချယ်စရာမရှိတော့ဘူး။ ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်အသိကိုပဲ ငါဖျက်ဆီးလိုက်တော့မယ်။ "
ရုပ်ခန္ဓာကို ထိန်းချုပ်မှုက တဖြည်းဖြည်း လွတ်လာသည်နှင့် ကောင်းကင်အရှင်သခင်က သူ၏ စိတ်အသိကို ဖျက်ဆီးပစ်ရန် ရွေးချယ်လိုက်သည်။ အကယ်၍ သူ၏ စိတ်အသိတစ်စိတ်တစ်ပိုင်းသာ သွေးပင်လယ်အရှင်သခင်၏ လက်ထဲသို့ ကျရောက်သွားလျှင် ကျွန်ပြုခံရနိုင်ခြေရှိသည်။
အပြင်ဘက်တွင် အနီရောင်ပင်လယ်က စုစည်းသွားပြီး လက်သီးဆုပ်အရွယ်သွေးပုလဲလုံးအဖြစ် ပြောင်းလဲသွားသည်။ သွေးပုလဲလုံးက သွေးပင်လယ်အရှင်သခင်၏ ရှေ့တွင် ဖြည်းညင်းစွာ လွင့်မျောနေသည်။
" ကောင်းကင်အရှင်သခင်ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာက ဒီထဲမှာရှိတယ်။ " အနီရောင်ပုံရိပ်က သွေးပင်လယ်အရှင်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။
" အဲ့ဒီထဲမှာဟုတ်လား။ " သွေးပင်လယ်အရှင်သခင်က ဝမ်းသာသွားသည်။
ကောင်းကင်အရှင်သခင်၏ အဓိကတိုက်ခိုက်ရေးခန္ဓာကို ရရှိခြင်းက အကျိုးကျေးဇူးများ ရနိုင်သကဲ့သို့ ကောင်းကင်အရှင်သခင်ကိုလည်း ဖိအားပေးနိုင်မည်ဖြစ်သည်။
"ငါက ဒီအချိန်လေဟာနယ်မှာ နောက်ထပ် အသက်ဆယ်ကြိမ်ရှူစာလောက်ပဲ တည်ရှိနိုင်လိမ့်မယ်။ အဲ့ဒါပြီးရင် မူလအချိန်လေဟာနယ်ကို ပြန်သွားရလိမ့်မယ်။ " အနီရောင်ပုံရိပ်က ဆက်ပြောလိုက်သည်။
အနာဂတ်မှ ဤအချိန်လေဟာနယ်သို့ ဆင်းသက်လာပြီး လှုပ်ရှားခဲ့သည့်အတွက် သူက တန်ပြန်မှုကို ခံရမည်ဖြစ်သည်။ အချိန်အတိုင်းအတာ၏ သဘာဝအလျောက် ပြုပြင်သောစွမ်းအားက သူ့ကို မူလအချိန်လေဟာနယ်ဆီ ပြန်လည်တွန်းထုတ်သွားမည်ဖြစ်သည်။