← Chapters

လင်းယွမ်၏ မေးခွန်း.....

Vol. 81 Ch. 1121

လင်းယွမ်၏ မေးခွန်း.....

Vol. 81 Ch. 1121

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ငါ့ရဲ့ လှုပ်ရှားမှုက ဝမ်ဝေဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာက လူအိုကြီးအချို့ရဲ့ အာရုံစိုက်မှုအချို့ကို ရသွားပြီ။ မင်းအသက်ရှူချိန်ဆယ်ကြိမ်အတွင်း ဒီနေရာက ထွက်သွားရမယ်။ " အနီရောင်ပုံရိပ်က ပြောလိုက်သည်။

" အနက်ရှိုင်းဆုံးက လူအိုကြီးတွေလား။ " သွေးပင်လယ်အရှင်သခင်က မျက်မှောင်ကြုတ်သွားသည်။ အနာဂတ်ခန္ဓာကိုယ်ကတောင် လူအိုကြီးများဟုခေါ်လျှင် သူတို့က ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များ ဖြစ်ပေလိမ့်မည်။

" အသက်ရှူချိန်ဆယ်ကြိမ် ပြဿနာမရှိဘူး။ " သွေးပင်လယ်အရှင်သခင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် အချိန်အရှင်သခင် နှစ်ဆယ်သုံးဆယ်လောက်က အနီးနားတွင် စုရုံးနေကြသည်။

" လူကြီးမင်းတို့ မင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ " သွေးပင်လယ်အရှင်သခင်က ပြောလိုက်သည်။ " တစ်ခုက မင်းတို့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာတွေ ပျက်စီးသွားဖို့ပဲ။ နောက်တစ်ခုကတော့ မင်းတို့တစ်ယောက်ချင်းစီက အချိန်သဲပေါင်ဆယ်သန်းပေးရမယ်။ "

" စဉ်းစားဖို့ အသက်ရှူချိန်ငါးကြိမ်စာ အချိန်ရမယ်။ ပြီးရင်တော့ ငါလှုပ်ရှားတော့မယ်။ " သွေးပင်လယ်အရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

" အချိန်သဲပေါင်ဆယ်သန်းပေးရမယ်ဟုတ်လား။ " အချိန်အရှင်သခင်များက မျက်နှာပျက်သွားကြသည်။ သူတို့က ထွက်ပြေးချင်ကြသော်လည်း အနီရောင်စွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းမိုးထားသည်ကို တွေ့လိုက်သည်။

အမှန်တော့ သွေးပင်လယ်အရှင်သခင်၏ အနာဂတ်ခန္ဓာ ဆင်းသက်လာကတည်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ပြီးသားဖြစ်ပြီး ထိုအကွာအဝေးအတွင်း အချိန်အရှင်သခင်များက ထွက်ပြေးနိုင်မည်မဟုတ်ပေ။

" အချိန်သဲပေါင်ဆယ်သန်းပေးဖို့ ငါသဘောတူတယ်။ "

" ငါလည်းသဘောတူတယ်။ "

" အချိန်သဲ ပေါင်ဆယ်သန်းဟုတ်လား။ သွေးပင်လယ်အရှင်သခင် မင်းက အိပ်မက်မက်နေတာပဲ။ "

အသက်ရှူချိန် သုံးလေးကြိမ်အတွင်း အချိန်အရှင်သခင်များက သူတို့၏ ရွေးချယ်မှုများကို ပြုလုပ်လိုက်ကြသည်။ အချို့က လက်ခံကြပြီး အချို့က ငြင်းပယ်ကာ သူတို့၏ တိုက်ခိုက်ရေးခန္ဓာများကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်ကြသည်။

အသက်ရှူချိန်ငါးကြိမ် ကုန်ဆုံးသွားခဲ့သည်။ အချိန်အရှင်သခင် အနည်းငယ်က ရွေးချယ်မှုမပြုဘဲ ကျန်နေကြသည်။ သူတို့ထဲတွင် လင်းယွမ်လည်း ပါဝင်နေသည်။ တွေဝေနေသော အခြားသူများနှင့်ယှဉ်လျှင် လင်းယွမ်က သွေးပင်လယ်အရှင်သခင်နှင့် သူ၏ နောက်မှ အနီရောင်ပုံရိပ်ကြီးကို စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် မရေတွက်နိုင်သော အသိအမြင်များ ထွက်ပေါ်လာသည်။

" မင်းတို့အားလုံးကတော့...." သွေးပင်လယ်အရှင်သခင်က လင်းယွမ်နှင့် ဆုံးဖြတ်ချက်မချရသေးသော အချိန်အရှင်သခင်များကို ကြည့်လိုက်သည်။အနီရောင်စွမ်းအားများက စုစည်းလာပြီး အချိန်အရှင်သခင်များ၏ အဓိကတိုက်ခိုက်ရေးခန္ဓာများကို တိုက်ရိုက်ဖျက်ဆီးရန် ပြင်လိုက်သည်။

" သွေးပင်လယ်အရှင်သခင် " လင်းယွမ်က ရုတ်တရက် စကားပြောလိုက်သည်။ သူက သွေးပင်လယ်အရှင်သခင်နှင့် သူ၏ နောက်မှ အနီရောင်ပုံရိပ်ကို ကြည့်လိုက်သည်။ " ငါသိချင်တာက မင်းရဲ့ အချိန်လေဟာနယ်မှာ လွတ်မြောက်ခြင်းကို ရရှိသွားတဲ့ အချိန်အရှင်သခင်ရှိလား။ "

သွေးပင်လယ်အရှင်သခင်သာမက အခြားအချိန်အရှင်သခင်များက အံ့အားသင့်သွားကြသည်။ သို့သော် လင်းယွမ်က သွေးပင်လယ်အရှင်သခင်ကို မေးနေခြင်းမဟုတ်ဘဲ ဒဏ္ဍာရီအဆင့်ကို ရောက်နေသော သူ၏ အနာဂတ်ခန္ဓာကို မေးလိုက်ခြင်းဖြစ်သည်။

" လွတ်မြောက်ခြင်းလား။ " အနီရောင်ပုံရိပ်ကြီးက လင်းယွမ်ကို ငုံ့ကြည့်လိုက်သည်။ သူက လင်းယွမ်ကို ကြည့်လိုက်ချိန်တွင် သူ၏ အမူအရာက ဇဝေဇဝါဖြစ်သွားသည်။

ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်အနေဖြင့် သူ၏ မူလခန္ဓာကိုယ်က မဟာပျက်စီးခြင်းစက်ဝန်းရာချီ ဝေးကွာသော အနာဂတ်တွင် ရှိနေသော်လည်း အနီရောင်ပုံရိပ်က လင်းယွမ်၏ အချိန်အတိုင်းအတာမှာ မစုစည်းသေးသည်ကို အာရုံခံမိလိုက်သည်။

ထို့ကြောင့် လင်းယွမ်က အချိန်အရှင်သခင်တစ်ယောက်မဟုတ်သေးပေ။ သို့သော် လင်းယွမ် ထုတ်ဖော်ထားသော အော်ရာက ဒဏ္ဍာရီအဆင့်ကို ထိတွေ့နေသော အချိန်အရှင်သခင်များထက် အားနည်းခြင်းမရှိပေ။

" အချိန်အရှင်သခင်တစ်ယောက်မဟုတ်ဘဲနဲ့ ဒီလိုစွမ်းအားမျိုး ရှိနေတာလား။ " အနီရောင်ပုံရိပ်က အတွေးနက်သွားသည်။

အချိန်အရှင်သခင်တစ်ယောက်က အတိတ်ကို ပြောင်းလဲနိုင်သော်လည်း အတိတ်ကို ပြောင်းလဲခြင်းကြောင့် ဖြစ်လာသော တန်ပြန်မှုကို ကြောက်ကြသည်။ ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက အတိတ်ကို ပြောင်းလဲနိုင်ပြီး တန်ပြန်မှုကို ခံနိုင်ရည်ရှိလာကြသည်။

ထို့ကြောင့် အနီရောင်ပုံရိပ်က ရဲရဲဝံ့ဝံ့ လှုပ်ရှားရဲခြင်းဖြစ်သည်။ အချိန်အရှင်သခင်များကို အပြီးတိုင်သတ်ပစ်ခြင်းမျိုး မလုပ်သရွေ့ အတိတ်ကို ပြောင်းလဲမှုက မကြီးမားသောကြောင့် တန်ပြန်မှုကို ခံနိုင်ရည်ရှိကြသည်။

" စိတ်ဝင်စားစရာပဲ။ " အနီရောင်ပုံရိပ်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။ " မင်းက ဘယ်သူလဲ။ "

မူလအချိန်အတိုင်းအတာတွင် သွေးပင်လယ်အရှင်သခင်က ဤဖြစ်ရပ်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး မဟာပျက်စီးခြင်းစက်ဝန်းရာချီ ကြာမြင့်ပြီးမှ ဒဏ္ဍာရီအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သိသိသာသာ ထိခိုက်ခြင်းမျိုး မရှိခဲ့ပေ။

ထို့ကြောင့်လည်း အနီရောင်ပုံရိပ်က ဤအချိန်အတိုင်းအတာတွင် ပေါ်လာပြီး အတိတ်ကို ပြောင်းလဲရန် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ဘဲ ယခုကဲ့သို့ အံ့ဩစရာတစ်ခု တွေ့လိုက်ရသည်။ သူက အခြားဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်၏ စီစဉ်မှုကို တွေ့ရှိသွားပုံရသည်။

" သူက ဘယ်သူလဲ။ " သွေးပင်လယ်အရှင်သခင်က တုန်လှုပ်သွားသည်။

ကောင်းကင်အရှင်သခင်နှင့် ရင်ဆိုင်ရချိန်တွင် အနီရောင်ပုံရိပ်က စကားအများကြီး မပြောခဲ့သော်လည်း လင်းယွမ်နှင့်တွေ့မှ မေးခွန်းထုတ်နေခြင်းဖြစ်သည်။ ထို့ကြောင့် လင်းယွမ်၏ နောက်ခံက ကြီးမားပြီး ဒဏ္ဍာရီအချိန်အရှင်သခင်များနှင့် ပက်သက်နေနိုင်သည်။ အခြားအရှင်သခင်များကလည်း အလားတူ တွေးမိသွားကြသည်။

" ငါ သူ့ကို မသိဘူး။ " သွေးပင်လယ်အရှင်သခင်က အနီရောင်ပုံရိပ်ကို ပြောလိုက်သည်။

" အင်း " အနီရောင်ပုံရိပ်က ဘာမှမပြောတော့ဘဲ လင်းယွမ်ကို စိုက်ကြည့်နေသည်။

သူက လင်းယွမ် မည်သူဖြစ်သည်ကို ခန့်မှန်းနေပုံရပြီး ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်၏ အစီအစဉ်တစ်ခုဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ မဟုတ်လျှင် အချိန်အရှင်သခင်မဟုတ်သူတစ်ယောက်က ဒဏ္ဍာရီအဆင့်ကို ထိတွေ့နိုင်သည်။

လင်းယွမ်က သူ့ကို ပြန်ပြီး မေးခွန်းထုတ်နေသော အနီရာင်ပုံရိပ်ကို ကြည့်လိုက်သည်။

" မင်း အရင်ဖြေလေ။ " လင်းယွမ်က ပြောလိုက်သည်။

" အနာဂတ်မှာ လွတ်မြောက်သွားတဲ့ အချိန်အရှင်သခင်ရှိလားဆိုတာ မင်းကိုယ်တိုင်မသိဘူးလား။ " အနီရောင်ပုံရိပ်က လှောင်ရယ်လိုက်သည်။

အနာဂတ် သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်းမှာ အထူးသဖြင့် လွတ်မြောက်ခြင်းနှင့် ပက်သက်သော သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်းက အချိန်အရှင်သခင်အချို့ကို သတ်ပစ်ခြင်းထက်ပင် ပိုကြီးမားသော သက်ရောက်မှုရှိနေသည်။

ထို့ကြောင့် အနီရောင်ပုံရိပ်က ၎င်းကို ထုတ်ပြောမည်မဟုတ်ပေ။ ထို့အပြင် သူ၏ အမြင်တွင် လင်းယွမ်က ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်နှင့် ပက်သက်နေနိုင်ပြီး ယခုကဲ့သို့ မေးခွန်းထုတ်ခြင်းက သူ့ကို ထောင်ချောက်ဆင်နေခြင်း ဖြစ်နိုင်သည်။

" မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ကြည့်ရသေးတာပေါ့။ " အနီရောင်ပုံရိပ်က ဆက်ပြီး စကားများမနေတော့ပေ။ သူက ဤအချိန်လေဟာနယ်တွင် အသက်သုံးလေးကြိမ်ရှူစာလောက်သာ နေရတော့မည်ဖြစ်သည်။

ဝုန်း...

ကြောက်စရာကောင်းသော သွေးနီရောင်စွမ်းအားများက လင်းယွမ်ဆီသို့ အရှိန်အဟုန်နှင့် တိုးဝင်လာသည်။ လင်းယွမ်၏ နောက်ခံကို သိရန် အလွယ်ကူဆုံးနည်းလမ်းက တိုက်ခိုက်ခြင်းသာဖြစ်သည်။ သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ သူ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်က ထွက်ပေါ်လာပေလိမ့်မည်။

သွေးနီရောင်စွမ်းအားများက အချိန်လေဟာနယ်ကို ထိုးဖောက်သွားပြီး လင်းယွမ်ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့သွားသည်။

ဝုန်း....

လင်းယွမ်၏ ပြင်ပစကြာဝဠာက ကွဲအက်လာပြီး သွေးနီရောင်စွမ်းအားများကို တောင့်ခံရန် မလုံလောက်သည်မှာ ထင်ရှားသည်။ ခဏအတွင်း လင်းယွမ်က သွေးနီရောင်စွမ်းအားများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

" အခုထိ အဓိကတိုက်ခိုက်ရေးခန္ဓာကို မဖျက်ဆီးသေးဘူးလား။ " ပတ်ဝန်းကျင်မှ အချိန်အရှင်သခင်များက မှင်သက်နေကြသည်။

" မင်းရဲ့ အနာဂတ်က ဘာလဲ။ " အနီရောင်ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ သူက ဤအချိန်လေဟာနယ်မှ ထွက်ခွာရန် အသက်ရှူချိန်နှစ်ကြိမ်သာ ကျန်တော့သည်။

" ငါက ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်ရဲ့ ပြိုင်ဘက်မဟုတ်တာတော့ အမှန်ပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

သို့သော် သူက စိုးရိမ်ခြင်းမရှိပေ။ သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က အခြားအချိန်အရှင်သခင်များ၏ အဓိကတိုက်ခိုက်ရေးခန္ဓာများနှင့် မတူပေ။ သူက ရုပ်ခန္ဓာတစ်ခုမဟုတ်ဘဲ မူလစိတ်ဝိညာဉ်ပုံသဏ္ဍန်တစ်ခုဖြစ်သည်။ သူက အသွေးအသားနှင့် ဖွဲ့စည်းထားသော်လည်း အခြေခံအားဖြင့် မူလစိတ်ဝိညာဉ်သာ ဖြစ်သည်။

လင်းယွမ်က သူ၏ စိတ်အသိကို ဖျက်ဆီးလိုက်လျှင် မူလစိတ်ဝိညာဉ်က သဘာဝအတိုင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး အရှင်ဖမ်းခံရမည်မဟုတ်ပေ။ သူ့အနေဖြင့် ထိုက်ကျိမူလစိတ်ဝိညာဉ်ကို တကူးတက ဖျက်ဆီးပစ်စရာမလိုပေ။

" ဒါပေမယ့် ဒီတစ်ခါ ငါရလိုက်တာတွေက လုံလောက်ပါတယ်။ " လင်းယွမ်က အနီရောင်ပုံရိပ်ကို ကြည့်ပြီး တွေးလိုက်သည်။ " ငါ့ရဲ့ စိတ်အသိကို မခွဲထုတ်ခင် အနာဂတ်ခန္ဓာကို ဆင့်ခေါ်ဖို့ ကြိုးစားကြည့်လို့ရတယ်။ "

သွေးပင်လယ်အရှင်သခင်က အနာဂတ်ခန္ဓာကို ဆင့်ခေါ်သည်အား နားလည်သွားသည့်အတွက် လင်းယွမ်က အချိန်အရှင်သခင်မဟုတ်သေးသော်လည်း သူ၏ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ရန် ကြိုးစားကြည့်နိုင်သည်။

သို့သော် စွမ်းအားနှင့် နယ်ပယ်ကန့်သတ်ချက်ကြောင့် လင်းယွမ်က သွေးပင်လယ်အရှင်သခင်ကဲ့သို့ မဟပျက်စီးခြင်းစက်ဝန်းရာချီမှ အနာဂတ်ခန္ဓာကို ဆင့်ခေါ်သကဲ့သို့ မလုပ်နိုင်ပေ။ အများဆုံး နှစ်ပေါင်းသန်းအနည်းငယ်မှ အနာဂတ်ခန္ဓာသာ ဖြစ်ပေလိမ့်မည်။

All Chapters