← Chapters

လင်းယွမ်၏ အနာဂတ်ခန္ဓာ...

Vol. 81 Ch. 1122

လင်းယွမ်၏ အနာဂတ်ခန္ဓာ...

Vol. 81 Ch. 1122

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

လင်းယွမ် စောင့်ကြည့်ခဲ့သော အနာဂတ်အချိန်အတိုင်းအတာက အလွန်ဝေဝါးနေပြီး ထိုအချိန်တွင် သူ၏ အနာဂတ်ခန္ဓာက ဘာလုပ်နေလဲ မသိခဲ့ရပေ။ သူက အခြားအချိန်သက်ရှိများ၏ အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ခဲ့ဖူးပြီး ၎င်းတို့က နှစ်သန်းပေါင်းများစွာအထိ အမြဲတမ်း ဝေဝါးမနေတတ်ပေ။

သို့သော် နှစ်ပေါင်းသန်းအနည်းငယ်အတွင်း အဆုံးမရှိသော ဒိုင်မန်းရှင်းများထဲတွင် သူနှင့် ပက်သက်သော အချက်အလက်များက မရှိသကဲ့သို့ ဖရိုဖရဲဟင်းလင်းပြင်မှာပင် သူက တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် လင်းယွမ်က အနီရောင်ပုံရိပ်ကို အနာဂတ်အချိန်လေဟာနယ်တွင် လွတ်မြောက်ခြင်းကို အောင်မြင်သွားသော အချိန်အရှင်သခင် တစ်ယောက်ယောက် ရှိခဲ့လားဟု မေးခဲ့ခြင်းဖြစ်သည်။

" စတင်မယ်။ " လင်းယွမ်၏ စိတ်အသိက အချိန်အတိုင်းအတာတစ်လျှောက် အနာဂတ်ဆီသို့ ပြန့်ကားသွားသည်။ ဝေဝါးနေသော အာရုံတစ်ခုက လင်းယွမ်ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့မျ အချိန်လေဟာနယ်က စတင်ရှုပ်ထွေးလာသည်။

" သူကလည်း သူ့ရဲ့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်နေတာလား။ " အချိန်အရှင်သခင်များက လင်းယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြသည်။ သူကလည်း သွေးပင်လယ်အရှင်သခင်ကဲ့သို့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်နေခြင်းဖြစ်သည်။

" သွေးပင်လယ်အရှင်သခင်လိုဆိုရင် သူဘရဲ့ အနာဂတ်ခန္ဓာကလည်း ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်ဖြစ်ဖို့များတယ်။ အနာဂတ် ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်နှစ်ယောက်က လက်ရှိအချိန်လေဟာနယ်မှာ တိုက်ခိုက်ကြမှာလား။ "

" အနာဂတ်ခန္ဓာကို ဆင့်ခေါ်နေတာလား။ " သွေးပင်လယ်အရှင်သခင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ နောက်မှ အနီရောင်ပုံရိပ်ကို လှည့်ကြည့်လိုက်ပြီး မည်သည့်တုန့်ပြန်မှုမှ မရှိသည်ကို မြင်သောအခါမှ စိတ်သက်သာရာရသွားခဲ့သည်။

ဝုန်း....

အချိန်အတိုင်းအတာက တွန့်လိမ်သွားပြီး လင်းယွမ်၏ နောက်တွင် ဝေဝါးနေသော မြင်ကွင်းများ ထွက်ပေါ်လာသည်။

" ဘယ်သူဖြစ်မလဲ။ " အနီရောင်ပုံရိပ်က သေချာစောင့်ကြည့်နေပြီး လင်းယွမ်၏ နောက်ကွယ်မှ တည်ရှိမှု ထွက်လာအောင် သူက လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်အရှင်သခင်၏ စီစဉ်မှုဖြစ်သည်ကို သူသိလိုသည်။

သို့သော် နောက်ခဏတွင် အနီရောင်ပုံရိပ်က သူ၏ စိတ်ဝိညာဉ်ထိ စွဲထင်သွားစေမည့် မြင်ကွင်းများ ထွက်ပေါ်လာသည်။ အလင်းရောင်များ လင်းလက်သွားပြီး လင်းယွမ်၏ နောက်တွင် ကျောက်စိမ်းလှေကားထစ်များ ထွက်ပေါ်လာသည်။

ကျောက်စိမ်းလှေကားထစ်များက အနာဂတ်မှ လာခြင်းဖြစ်သော်လည်း ၎င်းတို့ ထွက်ပေါ်လာသည်နှင့် အချိန်လေဟာနယ်ကို စတင်ရိုတ်ခတ်လာသည်။ သွေးနီရောင်စွမ်းအားများအပါအဝင် ထိတွေ့သမျှ အရာအားလုံးက ပျောက်ကွယ်သွားခဲ့သည်။ ကျောက်စိမ်းလှေကားထစ်များက အဆုံးမရှိဆန့်တန်းနေပြီး အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ အမြင့်ဆုံးသို့ ဦးတည်နေသည်ဟု ထင်ရသည်။

သွေးပင်လယ်အရှင်သခင်အပါအဝင် အချိန်အရှင်သခင်အားလုံးက နားမလည်နိုင်ဖြစ်သွားကြသည်။ မည်သည့်နေရာသို့ ဦးတည်နေမှန်းမသိသော ထိုကျောက်စိမ်းလှေကားကို သူတို့ မမြင်ူးရုံသာမက ကြားပင်မကြားဖူးခဲ့ပေ။

" ဆင့်ခေါ်တာကို ဆက်မလုပ်ပါနဲ့။ " အနီရောင်ပုံရိပ်က ပြောလိုက်ပြီး သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။ " အနာဂတ်က အဓိကမြင်ကွင်းတွေကို လက်ရှိအချိန်လေဟာနယ်မှာ ထုတ်ပြတာက ခုခံလို့မရတဲ့ တန်ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မယ်။ ဒါက ဒါက လုံဝ မလိုအပ်ပါဘူး။ "

" မင်း ဘာကိုဆိုလိုတာလဲ။ " လင်းယွမ်ကလည်း သူ၏ နောက်မှ လှေကားထစ်များကို စောင့်ကြည့်နေသည်။ ထိုလှေကားထစ်များက သူ့ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားချက်မျိုး ပေးနေသည်။

အချိန်အတိုင်းအတာက ဆက်လက်ရှုပ်ထွေးနေပြီး ကျောက်စိမ်းလှေကားထစ်များက ထူးခြားသော မြင်ကွင်းတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုကျောက်စိမ်းလှေကားထစ်များပေါ်တွင် ပုံရိပ်တစ်ခုလည်း ထွက်ပေါ်လာသည်။

ထိုပုံရိပ်က အချိန်အရှင်သခင်များကို ကျောခိုင်းထားပြီး ကျောက်စိမ်းလှေကားများကို ဖြည်းညင်းစွာ တက်လှမ်းနေသည်။ ကျောက်စိမ်းလှေကားထစ်များက အဆုံးမရှိ တည်ရှိနေသကဲ့သို့ ဖြစ်ပြီး ထိုပုံရိပ်က ကျယ်ပြောသော ကမ္ဘာထဲတွင် သူတစ်ယောက်တည်းရှိသကဲ့သို့ အထီးကျန်သော ခံစားချက်တစ်ခု လွှမ်းမိုးနေသည်။

" အဲ့ဒါ မင်းလား။ " အနီရောင်ပုံရိပ်၏ စိတ်ထဲတွင် မှင်သက်သွားသည်။ ၎င်းက ကျောက်စိမ်းလှေကားထစ်များကို မြင်ရသည်ထက် ပို၍ မယုံကြည်နိုင်စရာ ကောင်းနေသည်။

အချိန်အတိုင်းအတာ၏ ရှုပ်ထွေးမှုက ပျံ့နှံ့သွားပြီး ကျောက်စိမ်းလှေကားထစ်များအတိုင်း ဖြည်းညင်းစွာ တက်နေသော ပုံရိပ်က တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ နောက်ထပ်လှေကားထစ်တစ်ခုပေါ်သို့ တက်တော့မည့် ညာဘက်ခြေထောက်က တစ်ချက်ရပ်တန့်သွားပြီး အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်သည်။

ရှုပ်ထွေးနေသော အချိန်အတိုင်းအတာက ပြိုလဲသွားပြီး လက်ရှိအချိန်လေဟာနယ်ဆီသို့ ပျံ့နှံ့လာသည်။ အနီရောင်ပုံရိပ်၏ သွေးနီရောင်စွမ်းအားများက ပြိုကွဲသွားပြီး စွမ်းအားတစ်ခုက အနီရောင်ပုံရိပ်ကို တိုက်ရိုက်ဖျက်ဆီးသွားသည်။

ထိုမြင်ကွင်းက အချိန်အရှင်သခင်များကို တုန်လှုပ်သွားစေခဲ့သည်။ အနာဂတ်မှ ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်က အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။

" မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး..." သွေးပင်လယ်အရှင်သခင်က ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည်။ အနီရောင်ပုံရိပ်ကို ဖျက်ဆီးသွားသော စွမ်းအားက သူ့ဆီသို့ ဆက်လက်ဦးတည်လာနေသည်။

ဝုန်း...

သွေးပင်လယ်အရှင်သခင်၏ စိတ်အသိက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ နောက်မှ ဟင်းလင်းပြင်စိတ်ဝိညာဉ် အရှင်သခင်နှင့် ချပ်ဝတ်အရှင်သခင်တို့ကလည်း အလားတူ သူတို့၏ စိတ်အသိများ ဖျက်ဆီးခံလိုက်ရသည်။

မဟာပျက်စီးခြင်းစက်ဝန်း သုံးရာကျော်မှ အချိန်လေဟာနယ်တစ်ခုတွင် သွေးမျက်လုံးအရှင်သခင်က ရုတ်တရက် မျက်လုံးများဖွင့်လာသည်။ အတိတ်ကို ဆင်းသက်သွားသော သူ၏ ပုံရိပ်က အတင်းအကျပ် ဖျက်ဆီးခံလိုက်ရသောကြောင့် သူ၏ မူလခန္ဓာကိုယ်က ချက်ချင်း သိလိုက်သည်။

" အဲ့ဒီတည်ရှိမှု ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားဘူး။ အဲ့ဒီတည်ရှိမှုဖြစ်နေတာပဲ။ " သွေးပင်လယ်အရှင်သခင်က တုန်လှုပ်သွားသည်။ " အဲ့ဒီတည်ရှိမှု ဝမ်ဝေဟင်းလင်းပြင်ကို ရောက်ဖူးတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး။ "

သွေးပင်လယ်အရှင်သခင်၏ စိတ်ထဲတွင် အဖြေရှိပြီးသားဖြစ်သည်။ ထိုတည်ရှိမှုက ဝမ်ဝေဟင်းလင်းပြင်သို့ အမှန်တကယ် ရောက်ခဲ့သော်လည်း ထိုကိစ္စကို ဘယ်သူမှထုတ်မပြောခဲ့ကြခြင်းဖြစ်သည်။

သူမူဘက ကြုံတွေ့ခဲ့ရသော အချိန်အတိုင်းအတာတွင် ပုံမှန်အခြေအနေအရ ထိုတည်ရှိမှု၏ အတိတ်ခန္ဓာက အနာဂတ်ခန္ဓာကို ဆင့်ခေါ်နိုင်မည်မဟုတ်ပေ။ သူ၏ ဝင်ရောက်နှောက်ယှက်မှုကြောင့်သာ ထိုတည်ရှိမှု၏ အတိတ်ခန္ဓာက အနာဂတ်ခန္ဓာကို ဆင့်ခေါ်ပြီး ပိုကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

" ငါ့ရဲ့ ကံကတော့..." သွေပင်လယ်အရှင်သခင်က စိတ်ပျက်သွားမိသည်။ အတိတ်အချိန်လေဟာနယ်မှလာသော စွမ်းအားတစ်ခုက မဟာပျက်စီးခြင်းစက်ဝန်းရာချီကို ဖြတ်ကျော်ပြီး သူ့ကို လွှမ်းခြုံရန် ရောက်ရှိလာသည်။ ထိုစွမ်းအားက အချိန်အတိုင်းအတာများတစ်လျှောက် ဆက်လက်ပျံ့နှံ့သွားသည်။

အတိတ်မှ သွေးပင်လယ်အရှင်သခင်၊ အနာဂတ်မှ သွေးပင်လယ်အရှင်သခင်၊ အားနည်းသော သွေးပင်လယ်အရှင်သခင်၊ သန်မာသော သွေးပင်လယ်အရှင်သခင် စသည်ဖြင့် မတူညီသော အချိန်ကာလများတွင် ရှိနေကြသာ မရေတွက်နိုင်သည့် သွေးပင်လယ်အရှင်သခင်များက တစ်ချိန်တည်းတွင် ဖျက်ဆီးခြင်းခံလိုက်ရသည်။

ကျောက်စိမ်းလှေကားထစ်များပေါ်မှ ပုံရိပ်က သူ၏ အင်္ကျီလက်ကို တစ်ချက်ခါပြီး လှေကားများပေါ်သို့ ဖြည်းညင်းစွာ ဆက်တက်သွားသည်။

ဝမ်ဝေဟင်းလင်းပြင်။

လင်းယွမ်၏ နောက်မှ အချိန်လေဟာနယ်က ပြန်လည်တည်ငြိမ်သွားခဲ့သည်။

"အဲ့ဒီကျောက်စိမ်းလှေကားထစ်တွေက..." လင်းယွမ်က ခဏအတွေးနက်သွားသည်။

သူဆင့်ခေါ်လိုက်သော အနာဂတ်ခန္ဓာက အဆုံးမရှိသော ကျောက်စိမ်းလှေကားထစ်များပေါ်တွင် ရှိနေခြင်းဖြစ်သည်။ ထိုကျောက်စိမ်းလှေကားထစ်များကို အနီရောင်ပုံရိပ်ပင် ထိတ်လန့်သွားခဲ့ပြီး တားဆီးရန် ကြိုးစားခဲ့သည်။ ကျောက်စိမ်းလှေကားထစ်များ အနာဂတ်တွင် ထင်ရှားကျော်ကြားပုံရပြီး မဟုတ်လျှင် ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်က ထိုသို့သော သဘောထားမျိုး ပြမည်မဟုတ်ပေ။

" ငါ စောင့်ကြည့်ခဲ့တဲ့ အနာဂတ်အချိန်အတိုင်းအတာမှာတော့ ကျောက်စိမ်းလှေကားထစ်တွေ မရှိခဲ့ဘူး။ ပြီးတော့ မြင်ကွင်းအများစုက ဝေဝါးပြီး ပုံပျက်နေခဲ့တယ်။ "လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက အချိန်သက်ရှိဖြစ်လာချိန်တွင် အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းက အဆင်ပြေခဲ့သည်။ သို့သော် သူ၏ စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ အနာဂတ်အချိန်အတိုင်းအတာများ၏ အသုံးဝင်မှုက လျော့နည်းလာခဲ့သည်။

အကြောင်းမှာ အနာဂတ်အချိန်အတိုင်းအတာများက လွတ်မြောက်ခြင်းနှင့် ပက်သက်နေခြင်း သို့မဟုတ် အဆုံးမဲ့မဟာတာအိုစိတ်အသိနှင့် ဆက်စပ်နေခြင်းတို့ကြောင့် ၎င်းတို့က အနာဂတ်အချိန်အတိုင်းအတာတွင် ပေါ်လာမည်မဟုတ်ပေ။

" အနည်းဆုံးတော့ ဒီဆင့်ခေါ်မှုကတစ်ဆင့် အနာဂတ်မှာ ငါက တော်တော်လေး အဆင်ပြေနေတယ်ဆိုတာ သိလိုက်ရတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

သွေးပင်လယ်အရှင်သခင်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်များ လုံးဝဖျက်ဆီးခံလိုက်ရသည်ကို သူမသိသေးပေ။ သို့သော် အစောက မြင်ကွင်းများအရ သွေးပင်လယ်အရှင်သခင်၏ အနာဂတ်ခန္ဓာက သူ၏ အနာဂတ်ခန္ဓာအား မယှဉ်နိုင်သည်ကို တွေ့လိုက်ရသည်။

၎င်းမှာ သူ၏ အနာဂတ်စွမ်းအားက မယုံကြည်နိုင်လောက်အောင် သန်မာသည်ကို ပြသနေသည်။ ထို့အပြင် ၎င်းက လင်းယွမ် နှစ်သန်းပေါင်းအနည်းငယ်က ဆင့်ခေါ်လိုက်သော အနာဂတ်ခန္ဓာဖြစ်နေသည်။

" သွေးပင်လယ်အရှင်သခင် " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး အဝေးတွင် လွင့်မျောနေသော အလောင်းသုံးခုကို ကြည့်လိုက်သည်။

အနာဂတ်ခန္ဓာက မည်မျှသန်မာသည်ဖြစ်စေ ယခုအချိန်တွင် လင်းယွမ်က အချိန်အရှင်သခင်ပင် မဟုတ်သေးပေ။ အချိန်အရှင်သခင်သုံးယောက်၏ အလောင်းများက သူ့အတွက် ရတနာသိုက်များ ဖြစ်ကြသည်။

All Chapters