အကျိုးအမြတ်များ....
Vol. 81 Ch. 1123
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
လင်းယွမ်က သွေးပင်လယ်အရှင်သခင်အပါအဝင် အလောင်းသုံးခုကို အတွင်းစကြာဝဠာထဲသို့ သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းတွင် သူက ၎င်းတို့ကို စတင်စစ်ဆေးလိုက်သည်။
" အချိန်အရှင်သခင်အဆင့် လက်နက်ငါးခု..." လင်းယွမ်က အလောင်းသုံးခုအတွင်းမှ လက်နက်ငါးခုကို ရှာတွေ့လိုက်ရသည်။
ထိုထဲတွင် ကောင်းကင်အရှင်သခင်၏ လက်နက်တစ်ခုနှင့် သူ၏ ရုပ်ခန္ဓာအစိတ်အပိုင်းများလည်း ပါဝင်နေသည်။ အချိန်အရှင်သခင်အဆင့် လက်နက်ငါးခုထဲတွင် တန်ဖိုးအရှိဆုံးမှာ အမှောင်ပင်လယ်ဖြစ်သည်။
အမှောင်ပင်လယ်က ဖုံးကွယ်နိုင်သော စွမ်းရည်အပါအဝင် ဖိနှိပ်ရေးအမျိုးအစား လက်နက်တစ်ခုဖြစ်သည်။ သွေးပင်လယ်အရှင်သခင်က အမှောင်ပင်လယ်ကို အသုံးပြုပြီး ဝမ်ဝေဟင်းလင်းပြင်တွင် ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်သည်။
" ဒါက တကယ်ကြီးမားတဲ့ အကျိုးအမြတ်ပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
အမှောင်ပင်လယ်ကို ဖယ်လိုက်လျှင်တောင် အခြားအချိန်အရှင်သခင်အဆင့် လက်နက်လေးခုက တစ်ခုစီမှာ အချိန်သဲပေါင်သန်းရှစ်ဆယ်ထက်မနည်း တန်ဖိုးရှိလေသည်။ အမှောင်ပင်လယ်လက်နက်ဆိုလျှင် အချိန်သဲပေါင်းသန်းနှစ်ရာ ရှိနိုင်သည်။ အချိန်အရှင်သခင်အဆင့် လက်နက်ငါးခု၏ စုစုပေါင်းတန်ဖိုးက အချိန်သဲပေါင်သန်းငါးရာကျော်နှင့် ညီမျှသည်။
" ဒီအလောင်းသုံးခုနဲ့ ကောင်းကင်အရှင်သခင်ရဲ့ ခန္ဓာကိုယ်ကလည်း တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ထိုခန္ဓာကိုယ်ငါးခုကို မူလစွမ်းအားအဖြစ် သန့်စင်ခြင်း သို့မဟုတ် အချိန်အရှင်သခင်အဆင့် လက်နက်များအဖြစ် သွန်းလုပ်နိုင်သည်။ အခြားနည်းလမ်းတစ်ခုက ထိုခန္ဓာကိုယ်များကို မူလပိုင်ရှင်များဆီ ပြန်ရောင်းရန်သာ ဖြစ်သည်။
လင်းယွမ်က သွေးပင်လယ်အရှင်သခင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်များကို စစ်ဆေးနေစဉ် အချိန်အရှင်သခင်များက ထိုမြင်ကွင်းကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် ရတနာများစွာ ပါဝင်နေသည်ကို အချိန်အရှင်သခင်တိုင်းသိကြသည်။
သို့သော် ဘယ်အချိန်အရှင်သခင်မှ မလှုပ်ရှားရဲကြပေ။ လင်းယွမ်ဆင့်ခေါ်လိုက်သော ကျောက်စိမ်းလှေကားထစ်များပေါ်မှ ပုံရိပ်က လက်တစ်ချက်ဝှေ့ရမ်းရုံနှင့် သွေးပင်လယ်အရှင်သခင်၏ အနာဂတ်ခန္ဓာကို ဖျက်ဆီးလိုက်ခြင်းက သူတို့၏ စိတ်ထဲတွင် မေ့ပျောက်ရမည်မဟုတ်ပေ။
" ဒီလောက်သန်မာတဲ့ သွေးပင်လယ်အရှင်သခင်က ဒီလိုပဲ သေသွားတာလား။ ဝမ်ဝေဟင်းလင်းပြင်ထဲက အဓိကတိုက်ခိုက်ရေးခန္ဓာကလည်း သေသွားတာလား။ "
" သွေးပင်လယ်အရှင်သခင် ကျဆုံးသွားရုံတင်မကဘူး။ ဒဏ္ဍာရီအဆင့်ကို တက်လှမ်းသွားတဲ့ သူ့ရဲ့ အနာဂတ်ခန္ဓာပါ ကျဆုံးသွားတာပဲ။ "
" သူက ဘယ်သူလဲ။ ဒီလောက်ကြောက်စရာကောင်းတဲ့ အနာဂတ်စွမ်းအားနဲ့ သူက သန်း ၃၃၀ ကပ်ဘေးတွေရဲ့ နောက်ဆုံးအဆင့်တောင် ရော်နေလောက်ပြီ။ "
အချိန်အရှင်သခင်များက ထိတ်လန့်စွာဖြင့် ဆွေးနွေးနေကြသည်။ အချိန်အရှင်သခင်များက သေခြင်းရှင်ခြင်း၏ အစွန်းတွင် လျှော်လှမ်းနေကြသည်။ ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက ပိုဆိုးလေသည်။ ပို၍ စွမ်းအားကြီးလေ ပို၍ ကြီးမားသော ကပ်ဘေးများကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ကပ်ဘေးတိုင်းတွင် ကျဆုံးသွားနိုင်သော အန္တရာယ်ရှိနေသည်။
ဒိုင်မန်းရှင်းအက်ကြောင်းအတွင်းရှိ အထူးဟင်းလင်းပြင်တစ်ခုရှိ နန်းတော်တစ်ခုအတွင်း၌ ကောင်းကင်အရှင်သခင်က မျက်လုံးများပွင့်လာပြီး မယုံကြည်နိုင်သော အမူအရာနှင့် ရှိနေသည်။
" သွေးပင်လယ်အရှင်သခင်က ဒဏ္ဍာရီအဆင့်ကို ရောက်နေတဲ့ သူ့ရဲ့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ပြီး ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကို ဖိနှိပ်ခဲ့တယ်။ ပြီးတော့ ဘေးက ကြည့်နေတဲ့ အချိန်အရှင်သခင်တစ်ယောက်ကလည်း သူ့ရဲ့ အနာဂတ်ခန္ဓာကို ဆင့်ခေါ်ငပြီး သွေးပင်လယ်အရှင်သခင်ရဲ့ လက်ရှိနဲ့ အနာဂတ်ခန္ဓာကို အသာလေး ဖျက်ဆီးပစ်တာလား။ "
" အဲ့ဒီအချိန်အရှင်သခင်ရဲ့ အနာဂတ်က..." ကောင်းကင်အရှင်သခင်က မယုံကြည်နိုင်ဖြစ်နေသည်။ " ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာက အဲ့ဒီအချိန်အရှင်သခင်ရဲ့လက်ထဲကို ရောက်သွားတာပဲ။ "
အကယ်၍ သူ၏ အဓိကတိုက်ခိုက်ရေးခန္ဓာက သွေးပင်လယ်အရှင်သခင်၏ လက်ထဲသို့ ရောက်သွားလျှင် ပြန်ရွေးရန် လိုအပ်သော တန်ဖိုးကို အကြမ်းဖျင်း သိနိုင်သည်။ သို့သော် ထိုလျို့ဝှက်ဆန်းကြယ်သော အချိန်အရှင်သခင်အကြောင်း သူမသိပေ။ ထို့ကြောင့် သူ၏ အဓိကတိုက်ခိုက်ရေးခန္ဓာကို မည်သို့ ပြန်ရွေးရမလဲ စဉ်းစားမရဖြစ်နေသည်။
" ဘာပဲဖြစ်ဖြစ် ငါကြိုးစားကြည့်ရမှာပဲ။ " ကောင်းကင်အရှင်သခင်က သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။
ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးတွင် သွေးပင်လယ်အရှင်သခင်က သူ၏ အနာဂတ်ခန္ဓာကို ဆင့်ခေါ်လိုက်ကတည်းက ထိုနေရာမှ တည်ရှိမှုများကို လှန့်နိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ တတိယအဆင့် ဒဏ္ဍာရီအချိန်အရှင်သခင်နှင့် ပက်သက်လျှင် မည်မျှဝေးနေပါစေ အာရုံခံနိုင်သည်။
" နောက်ထပ် ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်ပဲ။ "
" အနာဂတ်က လာတဲ့ ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်လား။ ဒါက အစီအစဉ်ဆွဲနေတာလား။ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကို ပြုပြင်နေတာလား။ "
ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးမှ ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက သိပ်ဂရုမစိုက်ကြပေ။ အနာဂတ်မှ ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက တစ်ခါတစ်ရံ လှုပ်ရှားကြပြီး သိပ်အံ့ဩစရာမရှိပေ။
" အဲ့ဒါ သွေးပင်လယ်လား။ အဲ့ဒီကောင်က အနာဂတ်မှာ ဒဏ္ဍာရီအဆင့် ရောက်သွားတာလား။ " ဒဏ္ဍာရီအချိန်အရှင်သခင်အချို့က အဝေးမှ စောင့်ကြည့်ပြီး ဆွေးနွေးနေကြသည်။ သို့သော် လင်းယွမ်က အနာဂတ်ခန္ဓာကို ဆင့်ခေါ်လိုက်ချိန်တွင် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။
" အဲ့ဒါဘာလဲ။ "
" ဒီအချိန်လေဟာနယ်ရဲ့ ရိုက်ခတ်မှုကို ဖိနှိပ်ထားတာလား။ "
ဒဏ္ဍာရီအချိန်အရှင်သခင်များက လေးနက်သော အမူအရာများနှင့် ရှိနေကြပြီး အခြားသူအချို့ကလည်း နိုးထလာကာ အချိန်အတိုင်းအတာများ ရှုပ်ထွေးနေသော နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
အဆုံးမရှိသော ကျောက်စိမ်းလှေကားထစ်များ၊ သက်ရှိအားလုံးကို ကျောခိုင်းပြီး ဖြည်းညင်းစွာ တက်နေသော ပုံရိပ်တစ်ခု၊ လက်တစ်ချက်ဝှေ့ရမ်းရုံနှင့် သွေးပင်လယ်အရှင်သခင်၏ လက်ရှိနှင့် အနာဂတ်ခန္ဓာများကို အလွယ်တကူ သုတ်သင်ပစ်ခဲ့သည်။
" ချက်ချင်း ဖျက်ဆီးခံလိုက်ရလား။ သွေးပင်လယ်ရဲ့ အနာဂတ်ခန္ဓာတောင် တော့်မခံနိုင်ဘူး။ မတူညီတဲ့ အချိန်ကာလမှာ လှုပ်ရှားရင် စွမ်းအားတွေ ကန့်သတ်ခံထားရတာတောင် ဒီအဆင့်ထိ ရောက်နေတုန်းလား။ အဲ့ဒီတည်ရှိမှုရဲ့ စွမ်းအားကတော့..."
" ဝမ်ဝေအရှင်သခင်အောက် မနိမ့်ကျလောက်ဘူး။ လွမ်မြောက်ခြင်းလမ်းစဉ်ရဲ့ အဆုံးထိတောင် စုးစမ်းပြီးသွားလောက်ပြီ။ "
" အဲ့ဒါဘယ်သူလဲ။ ပြီးတော့ အဲ့ဒိကျောက်စိမ်းလှေကားထစ်တွေကို တစ်ခါမှမမြင်ဖူးဘူး။ ဒါက အခြားဒိုင်မန်းရှင်းတစ်ခုက လာတာလား။ " ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက တုန်လှုပ်နေကြသည်။
" အနာဂတ်က ကြောက်စရာကောင်းတဲ့ တည်ရှိမှုရဲ့ အတိတ်ခန္ဓာလား။ " ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက လင်းယွမ်ကို ကြည့်လိုက်ကြသည်။
" အချိန်အရှင်သခင် မဟုတ်သေးပေမယ့် ဒုတိယအဆင့် အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားတာလား။ "
" အဲ့ဒီကြောက်စရာကောင်းတဲ့ တည်ရှိမှုက အနာဂတ်ဘယ်လောက်ဝေးဝေးကလဲ မသိဘူး။ "
" အနာဂတ်ဘယ်လောက်ဝေးဝေး ဒီလိုစွမ်းအားမျိုးဆိုတာ ကျယ်ပြောလှတဲ့ ဒိုင်မန်းရှင်းတွေထဲမှတောင် အများကြီးမရှိနိုင်ဘူး။ "
" မှန်တယ်။ အဲ့ဒီရှေးဟောင်းတည်ရှိမှုတွေကို ထည့်တွက်ရင်တောင် သူ့ကို ယှဉ်နိုင်တဲ့သူ အများကြီး ရှိမှာမဟုတ်ဘူး။ " ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက အချင်းချင်း ဆွေးနွေးနေကြသည်။
" အဲ့ဒီကျောက်စိမ်းလှေကားထစ်က..." ခရမ်းရောင်အလင်းများနှင့် အချိန်အရှင်သခင်တစ်ယောက်က အခြားသူများကို ကြည့်ပြီး လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။ " မကြာသေးခင်က ငါတို့ စောင့်ကြည့်တဲ့ အနာဂတ် နှစ်ပေါင်းတစ်သန်းအကြာက အချိန်အတိုင်းအတာက မယုံကြည်နိုင်လောက်အောင် မှောင်မိုက်ပြီး ဝေဝါးနေတဲ့ ကာလတစ်ခုရှိတယ်။ ဘာသတင်းအချက်အလက်ကိုမှ စောင့်ကြည့်လို့မရခဲ့ဘူး။ "
အချိန်အရှင်သခင်များ စောင့်ကြည့်နေသော အနာဂတ်အချိန်အတိုင်းအတာများက ဝေဝါးနေသော်လည်း သတင်းအချက်အလက် အပိုင်းအစအချို့ကို ကြည့်နိုင်လေသည်။ သို့သော် လက်ရှိဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက မြင်တွေ့ခဲ့ရသော အနာဂတ်နှစ်ပေါင်းတစ်သန်းကျော်အကြာတွင် တူညီစွာပင် မယုံကြည်နိုင်လောက်အောင် မှောင်မိုက်နေသည်။
ထိုအချိန်အပိုင်းအခြားတွင် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်နိုင်ပြီး လွတ်မြောက်ခြင်းနှင့် ပက်သက်နိုင်ခြေများနေသည်။
" မင်းဆိုလိုတာက အဲ့ဒီကျောက်စိမ်းလှေကားထစ်တွေက ငါတို့ မြင်တွေ့ခဲ့တဲ့ အနာဂတ်နဲ့ ပက်သက်နေတာလား။ "
" မှန်တယ်။ ငါက ခန့်မှန်းရုံသက်သက်ပါပဲ။ " ခရမ်းရောင်အလင်းများနှင့် အရှင်သခင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
၎င်းက ခန့်မှန်းချက်သာဖြစ်သော်လည်း သူက အတည်ပြုပြီးသလောက်ဖြစ်သည်။ ထိုကျောက်စိမ်းလှေကားထစ်များက အလွန်ထူးခြားပြီး ၎င်းက အရာအားလုံးကို ကျော်လွန်နေသော အော်ရာမျိုး ရှိနေသည်။
" ငါတို့ ဘာလုပ်ကြမလဲ။ " ဒဏ္ဍာီအဆင့် အချိန်အရှင်သခင်တစ်ယောက်က မေးလိုက်သည်။
၎င်းက လင်းယွမ်ကို ဘယ်လိုလုပ်ကြမလဲဟူ၍ ဖြစ်သည်။ လက်ရှိတွင် လင်းယွမ်က အားနည်းပြီး အချိန်အရှင်သခင်တစ်ယောက်ပင် မဟုတ်သေးပေ။ သို့သော် အနာဂတ်တွ် လင်းယွမ်က အဆုံးမရှိသော ဒိုင်းမန်းရှင်းအက်ကြောင်းများကြားတွင် အသန်မာဆုံး အချိန်အရှင်သခင်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
" အကွာအဝေးတစ်ခုမှာပဲ နေကြတာပေါ့။ " ခရမ်းရောင်အလင်း အချိန်အရှင်သခင်က ပြောလိုက်သည်။
" အကွာအဝေးတစ်ခုမှာ နေကြမှာလား။ " အခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ဟုတ်တယ်။ အကွာအဝေးတစ်ခုမှာပဲ နေကြတာပေါ့။ " ခရမ်းရောင်အလင်း အချိန်အရှင်သခင်က ပြောလိုက်သည်။ " ပြီးတော့ သူ့ကို လုံးဝ ရန်မစမိစေနဲ့။ "
" နားလည်ပါပြီ။ " ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်အားလုံးက ပြောလိုက်ကြသည်။