ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များ....
Vol. 81 Ch. 1124
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
လင်းယွမ်က ပတ်ဝန်းကျင်မှ အချိန်အရှင်သခင်များကို ကြည့်လိုက်သည်။
" မင်းတို့ ထွက်သွားလို့ရပြီ။ " သူက သွေးပင်လယ်အရှင်သခင်မဟုတ်သကဲ့သို့ တိုက်ခိုက်လုယက်ရန်လည်း စိတ်မဝင်စားပေ။
" ငါတို့ ထွက်သွားလို့ရပြီလား။ " အချိန်အရှင်သခင်များက စိတ်သက်သာရာရသွားကြပြီး သက်ပြင်းချလိုက်ကြသည်။
သွေးပင်လယ်အရှင်သခင်က အနာဂတ်ခန္ဓာကို ဆင့်ခေါ်ပြီး သူတို့ကို အချိန်သဲများစွာ ခြိမ်းခြောက်တောင်းဆိုခြင်းနှင့်ယှဉ်လျှင် လင်းယွမ်ပြသခဲ့သော စွမ်းအားအရ ခြိမ်းခြောက်ရန် မလိုအပ်ဘဲ စကားတစ်ခွန်းက လုံလောက်ပြီဖြစ်သည်။ ဘယ္သူမွ ငြင်းပင်ရဲမည်မဟုတ်ပေ။
" အရှင်သခင်ရဲ့ ဘွဲ့နာမည်ကို သခွင့်ရှိမလား။ " အချိန်အရှင်သခင်တစ်ယောက်က မေးလိုက်သည်။
" နဂါးငွေ့တန်း..." လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
" နဂါးငွေ့တန်း..." အချိန်အရှင်သခင်များအားလုံးက ထိုနာမည်ကို စွဲမြဲစွာ မှတ်သားပြီး ထွက်ခွာသွားကြသည်။
ရရှိလာသော အကျိုးအမြတ်များကို ဝမ်ဝေဟင်းလင်းပြင်၏ အပြင်ဘက်သို့ ပို့ဆောင်ပြီးနောက် လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးသို့ ကြည့်လိုက်သည်။
ဝမ်ဝေဟင်းလင်းပြင်ကို အပိုင်းသုံးပိုင်းခွဲခြားနိုင်သည်။ အပြင်ပိုင်းဧရိယာက သာမန်အချိန်အရှင်သခင်များစူးစမ်းသော နေရာဖြစ်ပြီး အတွင်းပိုင်းဧရိယာက ဒုတိယအဆင့် အချိန်အရှင်သခင်များအတွက် ဖြစ်သည်။ အနက်ရှိုင်းဆုံးဧရိယာကို ဒဏ္႑ာရီအဆင့် အချိန်အရှင်သခင်များသာ သွားနိုင်ကြသည်။
လင်းယွမ်က အနက်ရှိုင်းဆုံးဧရိယာသို့ ဝင်ရန် မမျှော်လင့်ထားပေ။ အနီးကပ်သွားကြည့်ရုံသာဖြစ်သည်။ ထိုနေရာတွင် ဝမ်ဝေအရှင်သခင်ချန်ထားခဲ့သော အချက်အလက်များက လွတ်မြောက်ခြင်းလမ်းစဉ်နှင့် သက်ဆိုင်နေသည်ဟု ပြောကြသည်။ ထို့ကြောင့် ဝမ်ဝေဟင်းလင်းပြင် ပွင့်သောအချိန်တိုင်း ဒဏ္႑ာရီအဆင့် အချိန်အရှင်သခင်များ ဝင်ရောက်လာခြင်းဖြစ်သည်။
နှစ်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က အနက်ရှိုင်းဆုံးဧရိယာ၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။ သူ၏ ရှေ့တွင် တွန့်လိမ်နေသော ဟင်းလင်းပြင်ဝင်ပေါက်တစ်ခုရှိပြီး အပြင်ဘက်တွင် အချိန်အရှင်သခင် အနည်းငယ် ရှိနေကြသည်။
ထိုနေရာတွင် ပေါ်လာသော အချိန်အရှင်သခင်အများစုက ဒဏ္႑ာရီအဆင့်ကို ထိတွေ့နေကြပြီး အချို့က ဒုတိအဆင့် အထွတ်အထိပ်များ ဖြစ်ကြသည်။
လင်းယွမ်က ဟင်းလင်းပြင်ဝင်ပေါက်ကို ကြည့်လိုက်သည်။ ထိုဝင်ပေါက်၏ အချိန်လေဟာနယ်က အလွန်ထူးခြားနေပြီး အပြင်ဘက်ရှိ အချိန်လေဟာနယ်နှင့် လုံးဝ ကွဲပြားနေသည်။
" ဝမ်ဝေအရှင်သခင်ဆိုတာနဲ့ ထိုက်တန်ပါတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဝမ်ဝေအရှင်သခင်က ရှိပြီးသား အချိန်လေဟာနယ်ကို အခြေခံပြီး ကိုယ်ပိုင်အချိန်လေဟာနယ်နိယာမများ ဖန်တီးခြင်းက အချိန်လေဟာနယ်အပေါ် အကြွင်းမဲ့ကျွမ်းကျင်မှုဖြစ်သည်။
လင်းယွမ်က ဟင်းလင်းပြင်ဝင်ပေါက်ကို ကြည့်နေချိန်တွင် ဝင်ပေါက်က ရုတ်တရက် အပြင်သို့ အတင်းအကျပ် လွင့်ပစ်ခြင်း ခံလိုက်ရသည်။
" မဟုတ်ဘူး။ " ပုံရိပ်က ဒေါသထွက်နေပုံရပြီး သူ့ကိုသူ ပြန်ထိန်းကာ ဝင်ပေါက်ထဲသို့ ပြန်ဝင်ရန် ကြိုးစားလိုက်သော်လည်း တားဆီးခြင်းခံလိုက်ရသည်။
" မီးတောက်အရှင်သခင်က ကျရှုံးသွားတာလား။ "
" သူက ကပ်ဘေးတစ်ခု ဖြတ်ကျော်ပြီးရင် ဒဏ္ဍာရီအဆင့် ရောက်တော့မှာပဲ။ ဒါတောင် အထဲဝင်ဖို့ အထူးသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလား။ "
" ဒါက ခက်ခဲလွန်းတယ်။ " ပတ်ဝန်းကျင်မှ အချိန်အရှင်သခင်များက အချင်းချင်း ပြောဆိုနေကြသည်။
" မီးတောက်အရှင်သခင်လား။ " လင်းယွမ်က ထိုပုံရိပ်ကို ကြည့်လိုက်သည်။
မီးတောက်အရှင်သခင်က အချို့သော ကဏ္ဍများတွင် ဒဏ္ဍာရီအဆင့်များထက်ပင် သာလွန်သော ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်သည်။
" ငါစမ်းကြည့်မယ်။ " နောက်ထပ်အချိန်အရှင်သခင်တစ်ယောက်က ရှေ့တိုးလာပြီး ဟင်းလင်းပြင်ဝင်ပေါက်ထဲသို့ လှမ်းဝင်လိုက်သည်။
" ဟင်းလင်းပြင်ဝင်ပေါက်ရဲ့ ရှေ့မှာ အချိန်စွမ်းအား အလွှာလိုက် ဖြန့်ကျက်ထားတာပဲ။ ဒုတိယအဆင့် အထွတ်အထိပ်တွေပဲ အဲ့ဒါကို ခုခံပြီး ဟင်းလင်းပြင်လမ်းကြောင်းထဲကို ဝင်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးပြီး ဟင်းလင်းပြင်ဝင်ပေါက်ထဲသို့ ဝင်မည့်စိတ်ကူးကို စွန့်လွှတ်လိုက်သည်။
သူက အချိန်အရှင်သခင်မဟုတ်သေးဘဲ သူ၏ အချိန်အတိုင်းအတာများက ခိုင်မာမှုမရှိသောကြောင့် အချိန်စွမ်းအားအလွှာများကို ခုခံနိုင်ရန် မျှော်လင့်ချက်မရှိပေ။
" ဒါပေမယ့် ဒါကို မြင်တွေ့ရတာလည်း ကောင်းပါတယ်။ " လင်းယွမ်က တွေးလိုက်သည်။
မကြာမီ မီးလျှံအရှင်သခင်နောက်မှ လိုက်ဝင်သွားသော အချိန်အရှင်သခင်ကလည်း အပြင်သို့ လွင့်ပစ်ခြင်း ခံလိုက်ရသည်။
"ဘယ်လိုအချိန်အရှင်သခင်မျိုးက ဝင်ရောက်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတာလဲ။ " ထိုအချိန်အရှင်သခင်က မျက်မှောင်ကြုတ်သွားသည်။
လင်းယွမ်ကလည်း အဝေးမှ စောင့်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် မူလက တည်ငြိမ်နေသော ဟင်းလင်းပြင်ဝင်ပေါက်က ရုတ်တရက် ဆူပွက်လာသည်။ ထိုဆူပွက်မှုက အချိန်အရှင်သခင်များကို အပြင်ကို လွင့်ပစ်လိုက်သော ဆူပွက်မှုထက် မျာစစွာ သာလွန်လှသည်။
မကြာမီ ဟင်းလင်းပြင်ဝင်ပေါက်မှ ကြောက်စရာကောင်းသော အော်ရာများနှင့် ပုံရိပ်များ ထွက်ပေါ်လာသည်။ ရှေ့ဆုံးမှ ပုံရိပ်က ခရမ်းရောင်အလင်းများ ဖြာထွက်နေပြီး အချိန်လေဟာနယ်အလွှာအသီးသီးကို လင်းလက်သွားစေသည်။
" သူတို့က ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တွေလား။ "
" ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တွေက ဘာလို့ထွက်လာကြတာလဲ။ "
အချိန်အရှင်သခင်များက နားမလည်နိုင်ဖြစ်သွားကြသည်။ ပုံမှန်အားဖြင့် ဝမ်ဝေဟင်းလင်းပြင် ပိတ်ရန် အဝေးကြီးလိုသေးကြောင့် ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက အစောကြီး ထွက်လာမည်မဟုတ်ပေ။
ခရမ်းရောင်အလင်းအရှင်သခင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်က လင်းယွမ်အပေါ်သို့ ကျရောက်သွားသည်။ " မိတ်ဆွေလေး မင်းက အနက်ရှိုင်းဆုံးဧရိယာမှာ ကျင့်ကြံဖို့ စိတ်ကူးနေတာလား။ "
လင်းယွမ်၏ အနာဂတ်အပိုင်းအစကို မြင်လိုက်ရပြီးကတည်းက ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များက သူ့အပေါ်တွင် သဘောထားတစ်ခုတည်းသာ ရှိပြီး ၎င်းမှာ အကွာအဝေးတစ်ခုတွင် နေရန်ဖြစ်သည်။ သို့သော် ယခု လင်းယွမ်က ဤနေရာသို့ ရောက်လာပြီး အနက်ရှိုင်းဆုံးဧရိယာကို စိတ်ဝင်စားမှု ပြသခဲ့သည်။ ထိုအခါ သူတို့က သဘာဝအတိုင်း ငြိမ်နေ၍ မရတော့ပေ။
ထို့ကြောင့် သူတို့က အပြင်ထွက်လာပြီး လင်းယွမ်ကို အနက်ရှိုင်းဆုံးဧရိယာသို့ ခေါ်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
" အနက်ရှိုင်းဆုံးဧရိယာထဲဝင်ပြီး ကျင့်ကြံဖို့လား။ " လင်းယွမ်က စေတနာအပြည့်ဖြင့် ကြည့်နေကြသော ဒဏ္ဍာရီအချိန်အရှင်သခင်များကို ကြည့်လိုက်သည်။
" မိတ်ဆွေလေး ငါတို့နဲ့အတူ အထဲဝင်ရအောင်။ " ခရမ်းရောင်အလင်းအရှင်သခင်က ပြုံးလိုက်သည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ဝင်ပေါက်တွင် လမ်းကြောင်းတစ်ခု အတင်းအကျပ် ဖွင့်လိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က နောက်မှ လိုက်ဝင်သွားသည်။
လင်းယွမ်ဝင်သွားသည်နှင့် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်သွားကြသည်။
" သူက ဘယ်သူလဲ။ "
"သူက ဘာလို့ဒဏ္ဍာရီအချိန်အရှင်သခင်တွေဆီကနေ ဒီလိုဆက်ဆံမှုမျိုး ရနေတာလဲ။ " လင်းယွမ် ဝင်သွားသည်နှင့် အချ်န်အရှင်သခင်များက နားမလည်နိုင်စွာဖြင့် ပြောလိုက်ကြသည်။
ဒုတိယအဆင့် အချိန်အရှင်သခင်တစ်ယောက်က အနက်ရှိုင်းဆုံးဧရိယာသို့ ဝင်သွားသည်ကို ကြားဖူးသော်လည်း ဒဏ္ဍာရီအချိန်အရှင်သခင်များက လာရောက်ကြိုဆိုခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။
" ငါမှတ်မိပြီ။ သူက နဂါးငွေ့တန်းပဲ။ သူ့ရဲ့ အနာဂတ်ခန္ဓာက သွေးပင်လယ်နဲ့ သူ့ရဲ့ အနာဂတ်ခန္ဓာကို ရှင်းပစ်ခဲ့တယ်။ အနာဂတ်မှာ နဂါးငွေ့တန်းက မယုံကြည်နိုင်လောက်အောင် အစွမ်ထက်တဲ့ ဒဏ္ဍာရီအချိန်အရှင်သခင်ဖြစ်လာလိမ့်မယ်။ "
" အဲ့ဒါကြောင့်ကိုး။ " အချိန်အရှင်သခင်များက နားလည်သွားကြသည်။
ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးဧရိယာက ကျယ်ပြောလှသော အဖြူရောင်ကမ္ဘာကြီးဖြစ်သည်။ အချိန်အရှင်သခင် ခုနှစ်ယောက် ရှစ်ယောက်က လင်းယွမ်၏ ဘေးမှ လိုက်ပါလာပြီး အနက်ရှိုင်းဆုံးဧရိယာ၏ အကြောင်းများကို မိတ်ဆက်ပေးနေကြသည်။
" အဲ့ဒါက မူလကျောက်တုံးပဲ။ အဲ့ဒီထဲမှာ ဝမ်ဝေအရှင်သခင်က အဆုံးမဲ့မူလလမ်းစဉ်ကို စူးစမ်းခဲ့တဲ့ အတွေ့အကြုံတွေ ပါဝင်ပြီး အချို့ရှေးဟောင်းအချိန်ကာလတွေရဲ့ တားမြစ်ချက်တွေကို အသေးစိတ်ဖော်ပြထားတယ်။ " ခရမ်းရောင်အလင်းအချိန်အရှင်သခင်က ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ညွှန်ပြလိုက်သည်။
" မူလကျောက်တုံးလား။ " လင်းယွမ်က အဝေးမှ စိုက်ကြည့်လိုက်ပြီး အလွန်ရှေးကျသော အတိတ်မှ မြင်ကွင်းများကို ဝေဝါးစွာ အာရုံခံမိလိုက်သည်။
" အတိတ်က အချိန်လေဟာနယ်က အရမ်းအန္တရာယ်များတယ်။ အထူးသဖြင့် အတိတ်က ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေနဲ့ ပက်သက်ရင်ပေါ့။ " ခရမ်းရောင်အလင်းအရှင်သခင်က သက်ပြင်းချပြီး ပြောလိုက်သည်။ " အဲ့ဒီကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေက လွတ်မြောက်ခြင်းနဲ့ အရမ်းနီးစပ်ပြီး ကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် အတိတ်က အချိန်လေဟာနယ်မှာတော့ သူတို့က အမှတ်အသားတွေ ချန်ခဲ့ကြတယ်။ အဆုံးမဲ့မူလလမ်းစဉ်ကို စူးစမ်းရင်း အတိတ်အချိန်လေဟာနယ်ကို စူးစမ်းတဲ့အခါ အဲ့ဒီကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေ ချန်ခဲ့တဲ့ ခြေရာတွေကို တွေ့ဖို့ အလွင့်အလမ်းအများကြီးရှိတယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" အနက်ရှိုင်းဆုံးဧရိယာမှာ ဝမ်ဝေအရှင်သခင်က အမွေအနှစ်နှစ်ခု ချန်ထားခဲ့တယ်။ တစ်ခုက မူလကျောက်တုံးဖြစ်ပြီး နောက်တစ်ခုက ကပ်ဘေးချောက်နက်ပဲ။ " ခရမ်းရောင်အလင်းအရှင်သခင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။
လင်းယွမ်က သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အမှောင်ထုများဖုံးလွှမ်းနေသော ချောက်နက်တစ်ခုကို တွေ့လိုက်ရသည်။
"ကပ်ဘေးချောက်နက်ထဲမှာ ဝမ်ဝေအရှင်သခင်ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတွေအပြင် အခြားစုးဆောင်ထားတဲ့ ကပ်ဘးတွေကိုပါ မှတ်တမ်းတင်ထားတယ်။ အဆုံးမဲ့ကပ်ဘေးလမ်းစဉ်က အချိန်အရှင်သခင်တစ်ယောက်စီအတွက် မတူညီနိုင်ပေမယ့် အခြားအချိန်အရှင်သခင်တွေ ကြုံတွေ့ခဲ့တဲ့ ကပ်ဘေးတွေကို စောင့်ကြည့်တာကလည်း ကိုယ့်အတွက် အကျိုးရှိတယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။