← Chapters

အချိန်အရှင်သခင်ဖြစ်လာခြင်း....

Vol. 81 Ch. 1125

အချိန်အရှင်သခင်ဖြစ်လာခြင်း....

Vol. 81 Ch. 1125

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

လင်းယွမ်က ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များနှင့် စကားပြောပြီးနောက် စတင်ကျင့်ကြံတော့သည်။ ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးဧရိယာမှ မူလကျောက်တုံးနှင့် ကပ်ဘေးချောက်နက်တို့ကို နားလည်အောင် လုပ်ခြင်းအပြင် ဝမ်ဝေဟင်းလင်းပြင်ကိုယ်တိုင်အပေါ် လေ့လာခြင်းမှလည်း အကျိုးအမြတ်များ ရရှိခဲ့သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းခြောက်သောင်း ကြာသွားခဲ့သည်။

ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးဧရိယာတွင် လင်းယွမ်က မူလကျောက်တုံးဘေး၌ ထိုင်နေပြီး ဝမ်ဝေအရှင်သခင် မှတ်တမ်းတင်ထားသော ရှေးဟောင်းကာလများ၏ မှတ်တမ်းများကို လေ့လာဆင်ခြင်နေသည်။ အသိအမြင်များ ပေါင်းစည်းသွားသည်နှင့်အမျှ အချိန်အတိုင်းအတာများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။

အချိန်အတိုင်းအတာများကို အောင်မြင်စွာ စုစည်းပြီးနောက် လင်းယွမ်က အချိန်အရှင်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။

" အချိန်အရှင်သခင်နဲ့ အချိန်သက်ရှိတွေကြား အကြီးမားဆုံး ကွာခြားချက်က သူတို့ရဲ့ကိုယ်ပိုင်အချိန်အတိုင်းအတာမှာ ရှိတာပဲ။ " လင်းယွမ်က စိတ်ထဲတွင် နားလည်သွားသည်။

အချိန်အရှင်သခင်တစ်ယောက်ဖြစ်လာလျှင် အတိတ်မှ အချိန်အတိုင်းအတာများ စုစည်းသွားပြီး အားနည်းသော အခိုက်အတန့်များ မရှိသောကြောင့် အတိတ်တွင် သတ်ဖြတ်ခံရရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ အချိန်အရှင်သခင်တစ်ယောက်၏ အတိတ်ခန္ဓာကို သတ်နိုင်စွမ်းရှိသူက ပစ္စုပ္ပန်နှင့် အနာဂတ်ခန္ဓာကိုလည်း သတ်နိုင်ပေလိမ့်မည်။

အနာဂတ်အချိန်အတိုင်းအတာများ ပေါင်းစည်းသွားခြင်းက ၎င်းတို့ကို ပစ္စုပ္ပန်နှင့် ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ ရှုပ်ထွေးပြီး မလိုအပ်သော အနာဂတ်အချိန်အတိုင်းအတာများကို ချုံ့ပစ်လိုက်ပြီး အချိန်အရှင်သခင်အတွက် လိုအပ်သော အနာဂတ်အချိန်အတိုင်းအတာများကို ချန်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းက အနာဂတ် ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူဖြစ်ပေလိမ့်မည်။

" မျှော်လင့်တာထက် စောနေတာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

ဝမ်ဝေဟင်းလင်းပြင်၏ အချိန်လေဟာနယ် လှုပ်ခတ်မှုနှင့် မူလကျောက်တုံး၊ ကပ်ဘေးချောက်နက်တို့ကို လေ့လာခြင်းအပြင် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များနှင့် ဆွေးနွေးခြင်းတို့ကြောင့် လင်းယွမ်က နှစ်ပေါင်းခြောက်သောင်းအတွင်း အချိန်အရှင်သခင်အဆင့်သို့ ရောက်သွားခဲ့သည်။

" အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ရဲ့ ပထမအဆင့် ကပ်ဘေးတွေက မခက်ခဲဘူး။ အဲ့ဒါက ကျယ်ပြောတဲ့ ဒိုင်မန်းရှင်းတွေထဲက တစ်နေရာရာကို သွားပြီး စမ်းသပ်မှုတစ်ခုကို အောင်မြင်အောင် လုပ်ဖို့ပဲ။ နောက်ဆုံးကပ်ဘေးအနည်းငယ်ကတော့ အတိတ်ကိုသွားပြီး အချိန်အတိုင်းအတာတွေကို အနည်းငယ် ပြောင်းလဲလိုက်တာပဲ။ "

" ဒုတိယအဆင့်မှာတော့ နောက်ဆုံးကပ်ဘေးတွေက အချိန်အရှင်သခင်တစ်ယောက်အတွက် အရမ်းအန္တရာယ်များတယ်။ တစ်ချို့ကပ်ဘေးတွေက အထူးကမ္ဘာတစ်ခုကို ဆင်းသက်ပြီး စမ်းသပ်မှုကို အောင်မြင်အောင်လုပ်ဖို့ လိုအပ်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

" တတိယအဆင့် ကပ်ဘေး သန်း၃၃၀ကတော့.... " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ထိုအဆင့်ရှိ ကပ်ဘေးများက ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များနှင့် ကိုက်ညီပြီး ကပ်ဘေးတစ်ခုချင်းစီက မယုံကြည်နိုင်လောက်အောင် စိန်ခေါ်မှုများလှသည်။ ဝမ်ဝေအရှင်သခင်၏ သုံးသပ်ချက်အရ တတိယအဆင့်၏ အခက်ခဲဆုံး အစိတအပိုင်းက တစ်စုံတစ်ခုသော ဖြစ်ရပ်ဖြစ်မလာအောင် အနာဂတ်အချိန်ကာလများကို သွားရန် လိုအပ်သည်။

တတိယအဆင့် သန်းနှစ်ရာမြောက် ကပ်ဘေးမှာ ဝမ်ဝေအရှင်သခင်၏ အတွေ့အကြုံအရ ဝေးကွာသာ အနာဂတ်သို့ သွားပြီး အထူးအချိန်အရှင်သခင်တစ်ယောက်ကို လုပ်ကြံခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် ဝမ်ဝေအရှင်သခင်က စမ်းသပ်မှုကို အသည်းအသန် အောင်မြင်အောင် လုပ်နိုင်ခဲ့သော်လည်း အဆုံးမဲ့ကပ်ဘေးလမ်းစဉ်အပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီး ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

" ဒီတိုက်ပွဲက..." လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

ဝမ်ဝေအရှင်သခင်က တိုက်ပွဲအကြောင်းကို ဖော်ပြခဲ့သော်လည်း အရေးကြီးသော အစိတ်အပိုင်းများကို ဖျက်ပစ်ထားခဲ့သည်။

" အဆုံးမဲ့မဟာတာအိုစိတ်အသိက ပျံ့နှံ့ခွင့်မပြုတာလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။

" တိုက်ပွဲမှာ ဘာဖြစ်ခဲ့တာလဲ။ လုပ်ကြံခံရမယ့် အချိန်အရှင်သခင်က အရမ်းထူးခြားနေလို့ ဝမ်ဝေအရှင်သခင်က အဆုံးမဲ့ကပ်ဘေးလမ်းစဉ်က သူတို့အတွက် ဘယ်တော့မှ မျှော်လင့်ချက်မရှိကြောင်း နားလည်သွားတာလား။ "

မရေတွက်နိုင်သော ကပ်ဘေးများကို ရင်ဆိုင်ခဲ့ဖူးသော ဝမ်ဝေအရှင်သခင်ကဲ့သို့ တည်ရှိမှုအတွက် သူ၏ စိတ်ဓာတ်က များစွာ တည်ငြိမ်မှုရှိနေသည်။အဆုံးသတ်ခါနီးသော လွတ်မြောက်ခြင်းလမ်းစဉ်ကို စွန်လွှတ်ရန် ရိုက်ခတ်မှုက အလွန်ပြင်းထန်ပေလိမ့်မည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်က အချိန်အရှင်သခင်အဆင့်ကို တက်လှမ်းလိုက်သည်နှင့် သူ၏ အသက်အနှစ်သာရက စတင်ပြောင်းလဲလာပြီး သူ၏ စိတ်အသိက လျင်မြန်စွာ မြင့်တက်ကာ ဖရိုဖရဲဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်မှ သက်ရှိဖြစ်သောကြောင့် ဖရိုဖရဲဟင်းလင်းပြင်က သူ့ကို ခုခံခြင်းမရှိဘဲ လင်းယွမ်ကို သတင်းအချက်အလက်တစ်ခု အလွယ်တကူ သိစေခဲ့သည်။ ၎င်းမှာ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို သန့်စင်ပြီး ဖရိုဖရဲဟင်းလင်းပြင်၏ အရှင်သခင်ဖြစ်လာနိုင်သည်ဟူ၍ပင် ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်၏ အရှင်သခင်က မဟာပျက်စီးခြင်းစက်ဝန်းထဲသို့ ကျရောက်သွားလျှင်တောင် ဖရိုဖရဲဟင်းလင်းပြင်မှ ထွက်ခွာသွားစရာမလိုဘဲ ဖရိုဖရဲဟင်းလင်းပြင်မှာပင် ဆက်ပြီး နေထိုင်နိုင်ပေလိမ့်မည်။

ဖရိုဖရဲဟင်းလင်းပြင်ဖြစ်စေ အခြားဒိုင်မန်းရှင်းများဖြစ်စေ မဟာပျက်စီးခြင်းစတင်ပြီဆိုသည်နှင့် ထိုနေရာတွင် မွေးဖွားလာသော အချိန်သက်ရှိများက ထွက်ခွာသွားရမည်ဖြစ်သည်။ အကယ်၍ ထွက်မသွားလျှင် ဖရိုဖရဲဟင်းလင်းပြင်နှင့်အတူ ပျက်စီးသွားမည်ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်ကို သန့်စင်လိုက်လျှင် လင်းယွမ်က မဟာပျက်စီးခြင်းစက်ဝန် မည်မျှကုန်ဆုံးသွားသည်ဖြစ်စေ ဖရိုဖရဲဟင်းလင်းပြင်တွင် နေထိုင်နိုင်မည်ဖြစ်သည်။

" ဒါက မဟာပျက်စီးခြင်းစက်ဝန်းတစ်ခုအတွင်း အချိန်အရှင်သခင်ဖြစ်လာတဲ့ အကျိုးကျေးဇူးလား။ ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေတစ်ခုကို အပြည့်အဝ သန့်စင်နိုင်တာလား။ " လင်းယွမ်က တွေးလိုက်သည်။

ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေတစ်ခုကို သန့်စင်ပိုင်ဆိုင်ခြင်းက အကျိုးကျေးဇူးများစွာကို ဆောင်ကျဉ်းပေးပြီး ပထမဆုံးမှာ ထိုဒိုင်မန်းရှင်းနယ်မြေ၏ ကာကွယ်ပေးမှုကို ရရှိခြင်းဖြစ်သည်။ ဝမ်ဝေအရှင်သခင်ကဲ့သို့ ဒဏ္ဍာရီအချိန်အရှင်သခင်၏ တိုက်ခိုက်မှုမျိုးကို ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေက တားဆီးပေးလျှင် တိုက်ခိုက်မှု၏ ၉၉ ရာခိုင်းနှုန်းအထိ အားပျော့သွားမည်ဖြစ်သည်။

" ရင်းမြစ်ကမ္ဘာတွေကိုတော့ သန့်စင်လို့မရဘူး။ " လင်းယွမ်က တွေးလိုက်သည်။ သာမန်ထိပ်တန်းဒိုင်မန်းရှင်းနယ်မြေများနှင့် နှိုင်းယှဉ်လျှင် ရင်းမြစ်ကမ္ဘာများက ပိုထူးခြားလေသည်။

" ထားလိုက်တော့။ အရင်ဆုံး ဖရိုဖရဲဟင်းလင်းပြင်ကို သန့်စင်လိုက်မယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ဖရိုဖရဲဟင်းလင်းပြင်ကို စတင်သန့်စင်တော့သည်။

သူ၏ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ၎င်းက အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ ပျိုးထောင်ခြင်းမဟုတ်သောကြောင့် ကွာခြားမှုများရှိနေသည်။ အသိသာဆုံးကွာခြားချက်မှာ ဖရိုဖရဲဟင်းလင်းပြင်က အချိန်သက်ရှိများကို တစ်ယောက်ပြီးတစ်ယောက် ပျိုးထောင်ပေးနိုင်ခြင်းဖြစ်သည်။

လင်းယွမ်၏ အတွင်းစကြာဝဠာက စစ်မှန်သော အချိန်သက်ရှိများကို ပျိုးထောင်ပေးနိုင်ခြင်းမရှိပေ။ အချိန်စက်ဝန်းထဲတွင် ပိတ်မိနေသော နိယာမမူလသစ်ပင်ကလည်း အတွင်းစကြာဝဠာမှ ပျိုးထောင်ထားခြင်းမဟုတ်ဘဲ ကျယ်ပြောသော ဒိုင်မန်းရှင်းအက်ကြောင်းမှ လာခြင်းဖြစ်သည်။

ဝုန်း....

လင်းယွမ်က သန့်စင်ခြင်းကို စတင်သည်နှင့် ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး အချိန်သက်ရှိတိုင်းက ထိုတုန်ခါမှုကို ခံစားလိုက်ရသည်။

" ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အော်ရာက ဘာလို့ပြောင်းလဲနေတာလဲ။ " အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် အချိန်သက်ရှိများဆီသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။

" ငါ အချိန်အရှင်သခင်ဖြစ်လာလို့ ဖရိုဖရဲဟင်းလင်းပြင်ကို သန့်စင်နေတာပဲ။ "

အရှင်မိုရှုနှင့် အချိန်သက်ရှိများက စိုးရိမ်မှုများ ပြေပျောက်သွားပြီးနောက် အလွန်အမင်း တုန်လှုပ်အံ့ဩသွားကြသည်။

" နဂါးငွေ့တန်းက အချိန်အရှင်သခင်ဖြစ်သွားပြီလား။ " ကျူးယင်က မှင်သက်စွာ ပြောလိုက်သည်။

" မယုံနိုင်စရာပဲ။ " နောက်ထပ်အချိန်သက်ရှိတစ်ယောက်က ပြောလိုက်သည်။

" နဂါးငွေ့တန်း...." လောဟောက်က ဆွံ့အသွားသည်။ " ငါက နဂါးငွေ့တန်းရဲ့အရင် အလွှာဆယ့်သုံးကို တက်လှမ်းခဲ့တာ။ "

" မင်းက သူ့ထက်အရင်ရောက်ခဲ့ရုံပါပဲ။ ငါတို့အားလုံးက ဒီမှာ မဟာပျက်စီးခြင်းစက်ဝန် တစ်ဝက်မကရှိနေခဲ့တာပဲ။ "

အချိန်သက်ရှိများက ပြောလိုက်ကြသည်။ သူတို့မသိသည်မှာ လင်းယွမ်က ယခုမှ အချိန်သက်ရှိဖြစ်လာသော်လည်း သူ၏ စစ်မှတ်သော တိုက်ခိုက်ရေးစွမ်းအားက ဒဏ္ဍာရီအချိန်အရှင်သခင်များကြားမှာပင် အစွမ်းထက်သည်ဟု ဆိုနိုင်လေသည်။

" နဂါးငွေ့တန်းက ဖရိုဖရဲဟင်းလင်းပြင်ကို သန့်စင်လိုက်ပြီဆိုတော့ မဟာပျက်စီးခြင်းစက်ဝန်းဖြစ်လာရင်တောင် ငါတို့ ထွက်သွားစရာမလိုတော့ဘူး။ " အရှင်မိုရှုက ပြောလိုက်သည်။

လင်းယွမ်က သူတို့ကို ဖရိုဖရဲဟင်းလင်းပြင်အား သန့်စင်လိုက်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း အကျဉ်းချုပ် ပြောပြထားသည်။ ဖရိုဖရဲဟင်းလင်းပြင်ကို သန့်စင်ပြီးနောက် လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်၏ အရှင်သခင်ဖြစ်လာပြီး သူအလိုရှိလျှင် ဖရိုဖရဲဟင်းလင်းပြင်က ပျိုးထောင်ပေးလိုက်ခြင်းမဟုတ်သော အချိန်သက်ရှိများကိုပင် အထဲဝင်ခွင့်ပေးနိုင်သည်။

လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို အပြည့်အဝ သန့်စင်ပြီးနောက်တွင် ၎င်း၏ အနှစ်သာရများစွာကို သိမြင်နားလည်ခဲ့ပြီး သူ၏ ကိုယ်ပိုင်စုဆောင်းမှုများနှင့်အတူ သူ့ကို ပိတ်ဆို့ထားသော အခက်အခဲများစွာက အလျင်အမြန် ပြေလျော့သွားခဲ့သည်။

All Chapters