အပိုင်း(၂၂၀)-ရှီမာယူယန်နှင့် ထပ်မံတွေ့ဆုံခြင်း
Vol. 003 Ch. 220
တည်းခိုခန်းတွင် တစ်ညနေပြီးနောက် ရှီမာဂိုဏ်းနှင့် နီးသောနောက်တည်းခိုခန်းတစ်ခုသို့ပြောင်းခဲ့လေသည်။ ရှီမာဂိုဏ်း၏ စံအိမ်ကို မြင်နိုင်သော အခန်းတစ်ခန်းကို ရွေးလိုက်ကြသည်။
ရှီမာယူယူ၏ အခန်းသည် လေးထပ်မြောက်တွင်ဖြစ်သည်။ သူမလည်း ပြတင်းပေါက်တွင်ရပ်လျက် ရှီမာဂိုဏ်းနှင့် ပတ်သတ်သည်များကို လေ့လာနေသည်။
ယခု ရှီမာဂိုဏ်းစံအိမ်သည် ယခင် ဒုံချန်းမင်းဆက်က စစ်သူကြီးတစ်ယောက်၏ စံအိမ်ဖြစ်၍ ယခု သူတည်းနေ သော အိမ်သည် လွန်စွာသေးငယ်သည်။
မြင့်မားသော ခြံဝန်းသည် ရှည်လျားစွာ သွယ်တန်းနေသည်။ သူမရပ်နေသော နေရာမှပင် အဆုံးကို မမြင်နိုင်ပေ။ ထို့ကြောင့် ဘေဂုံထန်နှင့် တခြားသူများက မြို့ငယ်တစ်ခုဟု ပြောချင်းသည် အံ့သြစရာမရှိပေ။
ထို့အပြင် ရှီမာစံအိမ်၏ အကျယ်ကို သာမန် စံအိမ်များက မယှဉ်နိုင်ပေ။ အကျယ်သည် မီတာထောင်ပေါင်းများစွာ ရှိနိုင်သည်။ စံအိမ်အကျယ်သည် တောင်ခြေရောက်သည်အထိ ကျယ်ပြန့်၍ အဆိုပါ တောင်တန်းကိုပင် သူတို့၏ မိသားစုပိုင် မြေအဖြစ်သတ်မှတ်နိုင်သည်။
ထိုသို့ပြောရချင်းမှာ ရှီမာဂိုဏ်းကသူများသည် မြေပြင်ထက် တောင်တန်းများအပေါ်တွင် ပို၍ နေထိုင်ကာ အစွမ်းတိုးအောင်လုပ်သောကြောင့် ဖြစ်သည်။ သူတို့သည် ကိစ္စတစ်စုံတရာမရှိဘဲ တောင်အောက်သို့ ဆင်းလာလေ့ မရှိပေ။
"အဘိုးနဲ့တခြားသူတွေ အခုချိန်ဘယ်မှာများရှိနေမလဲမသိဘူး" ဟု ရှီမာယူယူလည်း စံအိမ်ကြီးကို ကြည့်လျက် တီးတိုးငြီးမိသည်။
ဘေဂုံထန်လည်း ရှီမာယူယူတစ်ယောက် ရှီမာစံအိမ်ကို စိုက်ကြည့်နေမှန်းသိသောအခါ "အေးဆေးနားလိုက်ပါ။ မင်းအဘိုး သေချာပေါက် ပြန်ကောင်းသွားမှာပါ" ဟု စိတ်သက်သာအောင်ပြောလိုက်သည်။
နောက်နှစ်လတွင် ရှီမာယူယူနှင့် တခြားသူများသည် အလှည့်ကျ အပြင်ထွက်၍ လမ်းလျှောက်ကြသည်။ တခြားအချိန်များတွင် သူတို့အိမ်တွင် နေ၍ အဆင့်တိုးအောင် ပြုလုပ်နေကြသည်။
ဝိညာဉ်ဆင်းတုတော်၏ သဘာဝအတိုင်းရရှိနိုင်သော ဝိညာဉ်စွမ်းအင်ဖြင့် ထိုအခန်းထဲတွင်လေ့ကျင့်ခြင်းသည် သာမန် တစ်ရက်ထက် သုံးဆခန့်ဖြစ်၍ သူမ၏ အစွမ်းသည်လည်း တတိယအဆင့် ဝိညာဉ်သခင်အဆင့်သို့တိုးတက် သွားသည်။
တစ်ခါတစ်ရံတွင် သူမသည် အချိန်နှင့် စွမ်းအင်များကို ဆေးလုံးဖော်စပ်ခြင်း, ဝိညာဉ်ပေါင်းစပ်ခြင်းနှင့် အလင်းတန်း ထုတ်လွှတ်ခြင်းများ လုပ်ရာတွင် အသုံးပြုခဲ့သည်။ ထိုသို့ အသုံးမပြုခဲ့ပါက ပို၍ပင် စွမ်းအားပြည့်နေမည် ဖြစ်သည်။
အဆင့်တိုးပြီးနောက် သူမ၏ အတွင်းအားတိုးတက်လာသည်ကို ခံစားလိုက်မိသည်။ ထို့အပြင် သူမသည် လောဘတကြီး အစွမ်းတိုးအောင် မလုပ်ခဲ့ပေ။
"ငါ သီးခြားနေနေတာ ကြာပြီ။ ငါအပြင်ထွက်ကြည့်ဖို့ အချိန်တန်ပြီ" ဟုပြောပြီး ရှီမာယူယူလည်း ကုတင်ပေါ်မှ ဆင်းကာ တံခါးဖွင့်၍ အပြင်ထွက်ခဲ့သည်။
"မင်းအဆင့်တက်ပြန်ပြီပေါ့ မဆိုးဘူးပဲ" ဟု ဝေကျိရွှီနှင့် တခြားသူများသည် တခြားသူများ သူမကို မနှောင့်ယှက်စေရန် တံခါးအပြင်ဖက်မှစောင့်ကြည့်နေကြခြင်းဖြစ်သည်။
"မကောင်းတဲ့သူ" ဟု ဖက်တီးကျူကပြောလိုက်သည်။
"မင်းတို့ထဲက တချို့လည်း အဆင့်တက်ကြတယ်မလား"ဟု ရှီမာယူယူလည်း သူတို့ကို ကြည့်ရင်းပြောလိုက်သည်။ အကုန်လုံးလည်း အတူတူနီးပါး အဆင့်တက်ကြသည်ဖြစ်သည်။ "ငါသီးခြားနေနေတာဘယ်လောက်ကြာပြီလဲ"ဟု မေးလိုက်သည်။
"တစ်လကျော်ပြီ။ မင်းတို့ရဲ့ သုံးနှစ်အချိန်ပေးတာပြည့်ဖို့ကလည်း ဆယ်ရက်ပဲလိုတော့တယ်" ဟု ဝေကျိရွှီက ပြန်ပြောသည်။
"ဆယ်ရက်…" ရှီမာယူယူတစ်ယောက် ရေရွတ်မိသည်။
အန်ယန်းမြို့တွင် နှစ်လလုံး နေဖြစ်ခဲ့မည်ဟု မထင်မိပေ။ အစွမ်းတိုးအောင်လုပ်ခြင်းသည် အမှန်တကယ်ပဲ အချိန်ကုန်မြန်သည်။
"ဟုတ်တယ် အဲ့နေ့က ငါတို့အပြင်ထွက်တော့ ဟိုမိန်းကလေးနဲ့တောင်တွေ့သေးတယ်" ဟု ဖက်တီးကျူ က ပြောသည်။
"ရှီမာယူကွမ်းလား"
"မဟုတ်ဘူး ရှီမာယူလန်" ဟု ဘေဂုံထန်ကပြောသည်။ "လွန်ခဲ့တဲ့ သုံးနှစ် ငါတို့ကျောင်းတက်တုန်းက သူ့ကိုတွေ့ဖူးတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက် ငါတို့အပြင်ထွက်တော့ သူ့က တိရစ္ဆာန်လှည်းနဲ့ ရှီမာစံအိမ်ထဲကို ပင်မအပေါက်ကနေဝင်သွားတာတွေ့လိုက်တယ်။ အစောင့်တွေကတော့ သူ့ကို မမလေးယူလန် လို့ခေါ်နေကြတယ်"
ရှီမာယူယူသည် သူနှင့် သက်တူရွယ်တူမိန်းကလေးများထဲတွင် သူမကို လေးစားမှုရှိသည်။ ဆိုဖီယာ တောင်တန်းကို တက်၍ ဖြတ်ကျော်ခြင်းသည် လွန်စွာအန္တရာယ်များသောအလုပ်ဖြစ်သည်။ ထိုအချိန်က ရှီမာခိုင်သည် ဝိညာဉ်သခင် ဖြစ်သည်။ သူမက ဝိညာဉ်ဘုရင်သာဖြစ်ခဲ့၍ တခြားသုံးယောက်သည် ဝိညာဉ်သူတော်စင်အဆင့်သာ ရှိခဲ့သည်။ ထိုအချိန်က သူတို့ သူမကို ခေါ်ခြင်းသည် အတွေ့အကြုံနှင့် အသိပညာ ရစေလို၍သာဖြစ်သည်။
ရှီမာလင်း သူမ၏ စကားများကို နားထောင်ခဲ့သည်ကိုပြန်တွေးမိသည်။ သူမက ထိုအသီး၏ နေရာကို မခံစားမိဘူး ဟုပြောရုံဖြင့် ရွှေမြွေအသီးကို သူစွန့်လွှတ်ခဲ့သည်။ တကယ်လို့ သူမသာ ကျွမ်းကျင်မှုနှင့် ရတနာတွေကိုသာ ခံစားမိခဲ့ရင် ဟု တွေးမိသည်။
"ရှီမာယူယူလည်း သီးခြားနေရာကနေထွက်လာပြီဆိုတော့ ငါတို့ ပျော်ပွဲကျင်းပဖို့ စားသောက်ဆိုင်သွားရအောင်" ဟု ဖက်တီးကျူက အကြံပေးသည်။
"သွားကြတာပေါ့ ငါတို့အားလုံး အဆင့်တိုးနိုင်တာကို အောင်ပွဲခံသင့်ပါတယ်"ဟု ဝေကျိရွှီက ပြောသည်။
"မူးယစ်စေသောလ အရက်ဆိုင်က အစားအသောက်တွေမဆိုးဘူး အဲ့သွားစားရအောင်။ဖက်တီးကျူက အနီးအနားက စားသောက်ဆိုင်ကဟင်းတွေကို ငြီးငွေ့နေပြီ သူက ဘယ်ဆိုင်က ဟင်းပိုကောင်းတယ်ဆိုတာ သူသိတယ်"
"ဟုတ်ပြီလေ ဟာစွန်ကိုသွားခေါ်လိုက် အတူတူသွားစားရအောင်"ဟု ရှီမာယူယူကပြောလိုက်သည်။
"ဟာစွန်က လွန်ခဲ့တဲ့ နှစ်ရက်ကတည်းကထွက်သွားတာ ရက်အနည်းငယ်ကြာမယ်တဲ့ ဆယ်ရက်အတွင်းတော့ ပြန်လာမယ်လို့ပြောသွားတယ်" ဟုဝေကျိရွှီကပြောသည်။
ဟာစွန်ထွက်သွားမည်ဟု မထင်ခဲ့မိ၍ ရှီမာယူယူတစ်ယောက် ကြက်သေသေသွားသည်။ သူဘာများလုပ်စရာရှိလို့ သွားတာလည်း ဟု သိချင်နေမိသည်။
"အဲ့တော့လည်း ငါတို့ဘာသာငါတို့ပဲ သွားကြတာပေါ့" ဟု ပြောလိုက်သည်။
"ဒီနေ့က ရှီမာယူယူအဆင့်တက်တဲ့နေ့ဆိုတော့ သူ့ကိုပဲ ဝယ်ကျွေးခိုင်းရမယ်" ဟု ဖက်တီးကျူ ကစိတ်ဓာတ်တက် ကြွစွာပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ မင်းတို့အားလုံးကို စားသောက်ပွဲအကြီးကြီး ငါကျွေးမယ်" ဟုရှီမာယူယူက ပြုံးရင်းပြောလိုက်သည်။
"ရေး… အကိုကြီးက ငါတို့ကို စားသောက်ပွဲကျွေးမယ်တဲ့ကွ" ဟု တုလေးသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
သူတို့လည်း တည်းခိုခန်းမှထွက်လာပြီးနောက် အချိန်စောနေသေး၍ စားသောက်ဆိုင်ဆီသို့ ဖြေးဖြေးချင်းလျှောက်လာကာ ဈေးဆိုင်များသို့လည်း ဝင်ကြည့်နေကြသည်။
သူတို့ လမ်းကြားလေးကို ဖြတ်လျှောက်သောအခါ လူတော်တော်များများက အထဲတွင်သာနေကြ၍ တိတ်ဆိတ်နေသည်ကို သတိထားလိုက်မိသည်။
"လမ်းကတိတ်ဆိတ်နေတာပဲ" ဟု ရှီမာယူယူကပြောလိုက်သည်။
"တိတ်ဆိတ်နေမှာပေါ့ အဲ့လမ်းက ရွမ်းယန်ကို သွားတဲ့လမ်းကိုး" ဟု ဖက်တီးကျူကပြောလိုက်သည်။
"လူရုပ်ဆိုးရဲ့ အခွဲ ရွမ်းယန်ဆိုင်လား"
"ဟုတ်တယ် ဆိုင်းဘုတ်ကတော့အတူတူပဲ။ စောသေးလို့ သူတို့မဖွင့်သေးတာနေမယ်။ ငါတို့စားသောက် ြ ပီးရင် တော့ ဝင်ကြည့်လို့ရတာပဲ" ဟု ဖက်တီးကျူကပြောလိုက်သည်။
"ကောင်းပြီလေ ငြိမ်းခြင်းမြို့တော်က တစ်ခုနဲ့ ဒီတစ်ခုနဲ့ ဘာကွာလည်းလို့ ဝင်ကြည့်ကြတာပေါ့"
ညနေရောက်သောအခါ သူတို့လည်း မူးယစ်စေသောလ စားသောက်ဆိုင်သို့ လာခဲ့ကြသည်။ သို့သော် သူတို့အတွက် နေရာမရှိတော့ဘဲ စားသောက်ဆိုင်သည် လူပြည့်၍နေသည်။
"ဘာလို့ လူဒီလောက်များနေရတာလဲ" ဟု ရှီမာယူယူသည် လူပြည့်နေသော စားသောက်ဆိုင်ကို ကြည့်၍ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဟင်းတွေက အရသာရှိတာကိုး"ဟုပြောရင်း ဖက်တီးကျူလည်း ဆိုင်အတွင်းသို့ဝင်သွားရာ စားပွဲထိုးတစ်ယောက်ထွက်လာသည်။
"စားပွဲထိုးရေ မင်းတို့ဆီမှာ နေရာရှိသေးလား"
"တောင်းပန်ပါတယ် ကျွန်တော်တို့ အခန်းတွေက ဒီနေ့ညနေအတွက် ကြိုယူပြီးသားဖြစ်နေလို့ပါ"ဟု စားပွဲထိုးက တောင်းပန်ရင်းပြောလိုက်သည်။
"သီးခန့်အခန်းတွေလည်း မရှိတော့ဘူးပေါ့"
"ဟုတ်ပါတယ် အခန်းတွေအကုန်ယူပြီးသားဖြစ်နေလို့ပါ။ အခန်းမအကျယ်ကြီးမှာလည်း စားပွဲ တစ်လုံး နှစ်လုံးပဲ လွတ်တော့တာပါ" ဟု ပြောရင်း စားပွဲထိုးသည် ဘေးတွင်ရှိသော စားပွဲများကို ညွှန်ပြလိုက်သည်။
"အရင်နှစ်ခေါက် ညလာတုန်းက ညနေမှာ ဒီလောက်လူပြည့်နေမယ်မထင်ထားဘူး။ ဒီလိုမှန်းသိ ငါတို့လမ်းကိုမြန်မြန်လျှောက်ခဲ့ပါတယ်" ဟု ဖက်တီးကျူကပြောသည်။
"အခန်းမကျယ်မှာပဲ ရတယ်ဆိုလည်း အခန်းမကျယ်ပဲပေါ့။ ရောက်လာပြီးမှတော့ ဘယ်မှာစားစား အစားအသောက်ပါပဲလေ" ဟု ရှီမာယူယူကပြောလိုက်သည်။
"ကောင်းပြီလေ"
"ဒီဖက်ကိုကြွပါ" ဟု စားပွဲထိုးက လက်ဟန်ပြ၍ ခေါ်ဆောင်သွားလေသည်။
"သီးသန့်အခန်းမရှိတော့ဘူးဆိုတော့ ငါတို့နဲ့ လာစားလိုက်လေ" ဟု အပြင်မှ ရှီမာယူယန်၏ အသံသည် ထွက်ပေါ်လာသည်။
ရှီမာယူယူနှင့် တခြားသူများလည်း နောက်သို့လှည့်ကြည့်လိုက်သောအခါ ရှီမာယူယန်, ရှီမာယူကွမ်းနှင့် အတူ လူလေးငါးယောက်သည် အတူတူလမ်းလျှောက်လာကြသည်။
"အကိုကြီး ယူယန်၊ အစ်မကြီး ယူကွမ်း" ဟု တုလေးသည် ရှီမာယူယန်ကိုတွေ့သောအခါ ပြုံး၍ နှုတ်ဆက်လိုက်သည်။
"မင်းတို့လည်း စားသောက်ဖို့လာကြတာလား" ရှီမာယူယူလည်း တုလေး၏ အပြုအမူကိုကြည့်လိုက်သောအခါ သူတို့နှစ်ယောက်နှင့် တော်တော်ရင်းနှီးနေပုံပေါ်သည်။
ကြည့်ရတာတော့ သူတို့ ဒီကြားထဲမှာ တွေ့ဖူးနေကြသည်ထင်သည်။
"ဟုတ်တယ်။ ဒီမှာစားသောက်ဖို့ ငါတို့ သူငယ်ချင်းအချို့ကိုခေါ်လာတာ။ အရင်နှစ်ခေါက်က ငါတို့ ရှီမန်အကိုကို မမြင်မိပါဘူး။ သူတို့ပြောတာတော့ သီးသန့်နေနေတယ်ဆို" ဟု ရှီမာယူယန်ကပြောလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော်ဒီနေ့မှ ထွက်လာတာ" ဟု ရှီမာယူယူကပြောလိုက်သည်။
"မင်းတို့လည်း သီးသန့်အခန်းမရှိဘူးဆိုတော့ ငါတို့နဲ့လိုက်စားလိုက်လေ။ ကိစ္စမရှိဘူးမလား အကို ရှီယန်" ဟု ရှီမာယူယန်ကပြောလိုက်သည်။
ဝူရှီယန်က "သူတို့က မင်းသူငယ်ချင်းတွေဆိုတော့ ကိစ္စမရှိပါဘူး" ဟုပြောလိုက်သည်။
ရှီမာယူယူသည် အခုလောလောဆယ်တွင် ရှီမာဂိုဏ်းကသူများနှင့် အတူတူမသွားချင်သော်လည်း ဖက်တီးကျူကပြောပြီးသားဖြစ်နေသည်။
"အဲ့တာဆိုရင်တော့ ယူယန်ကို ကျေးဇူးတင်ပါတယ်"
ရှီမာယူယူ၏ မျက်ခုံးများပင့်တင်လိုက်မိသည်။ သူတို့ဘယ်တုန်းကများ မျိုးရိုးနာမည်မခေါ်ရလောက်သည်အထိ ရင်းနှီးသွားကြတာပါလိမ့်?