← Chapters

ကျောက်တုံးနဂါးအရှင်သခင်...

Vol. 81 Ch. 1128

ကျောက်တုံးနဂါးအရှင်သခင်...

Vol. 81 Ch. 1128

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ကျင်းယွဲ့ဒိုင်မန်းရှင်း...." လင်းယွမ်၏ စိတ်ထဲတွင် အချက်အလက်များ ပေါ်လာသည်။ ကျင်းယွဲ့ဒိုင်မန်းရှင်းက ကောင်းကင်မြစ်ဒိုင်မန်းရှင်းကဲ့သို့ ပြင်ပသက်ရှိများကို ငြင်းပယ်ခြင်းမရှိသော ဒိုင်မန်းရှင်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

" အချိန်ကန့်သတ်ချက်မရှိဘူး။ သိပ်မခက်ခဲပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။ သူက ဝမ်ဝေဟင်းလင်းပြင်မှ ကပ်ဘေးချောက်နက်ကို လေ့လာကြည့်ချိန်တွင် ကပ်ဘေးအများစုက တင်းကျပ်သော အချိန်ကန့်သတ်ချက်များကို သတိပြုမိခဲ့သည်။ အကယ်၍ သတ်မှတ်ချိန်အတွင်း စမ်းသပ်မှုကို မအောင်မြင်လျှင် ရှုံးနိမ့်သွားခြင်းသာဖြစ်သည်။

" အချိန်အရှင်သခင်တစ်ယောက်အတွက် ကပ်ဘေးပထမအဆင့်က မခက်ခဲဘူးလို့ အားလုံးက ပြောကြတယ်။ အဲ့ဒါက တကယ်ဖြစ်တဲ့ပုံပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် ရိုးရှင်းနေရင်တောင် သတိထားရမယ်။ "

ကပ်ဘေးတစ်ခုက ရိုးရှင်းသည်ဖြစ်စေ ခက်ခဲသည်ဖြစ်စေ ကျရှုံးသွားလျှင် အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ လင်းယွမ်က အရေးကြီးသောအချိန်တွင် အမှားအယွင်း အဖြစ်မခံနိုင်ပေ။ အဆုံးမဲ့မဟာတာအိုစိတ်အသိက အလွှာဆယ့်လေး တစ်ဝက်အဆင့်နှင့် ညီမျှလေသည်။

" အင်း... ကိုယ်တိုင်သွားတာ အကောင်းဆုံးပဲ။ " လင်းယွမ်၏ မူလခန္ဓာကိုယ်က ထရပ်ပြီး ခြေတစ်လှမ်းလှမ်းကာ ဖရိုဖရဲဟင်းလင်းပြင်မှ ပျောက်ကွယ်သွားသည်။

ဆယ်စုနှစ်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က ကျင်းယွဲ့ဒိုင်မန်းရှင်း၏ အစွန်အဖျားဒေသသို့ ရောက်ရှိလာခဲ့သည်။

" ဒါက ကျင်းယွဲ့ဒိုင်မန်းရှင်းလား။ " လင်းယွမ်က ကြီးမားသော ဒိုင်မန်းရှင်းနယ်မြေတစ်ခုကို အဝေးမှ ကြည့်နေသည်။

" အချိန်အရှင်သခင်တစ်ယောက်က သိမ်းပိုက်ထားတာလား။ " လင်းယွမ်က ကျင်းယွဲ့ဒိုင်မန်းရှင်းထဲမှ အချိန်အရှင်သခင်တစ်ယောက်၏ တည်ရှိမှုကို အာရုံခံမိလိုက်သည်။

အချိန်လေဟာနယ်ဆိုင်။

မျက်လုံးဆယ့်နှစ်လုံးသက်ရှိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ကျင်းယွဲ့ဒိုင်မန်းရှင်းဆိုတာ ကျောက်တုံးနဂါးအရှင်သခင်ရဲ့ နယ်မြေပဲ။ "

" ကျောက်တုံးနဂါးအရှင်သခင်..." လင်းယွမ်က အတွေးနက်သွားသည်။

ကျင်းယွဲ့ဒိုင်မန်းရှင်းကို အခြားအချိန်အရှင်သခင်တစ်ယောက်က သိမ်းပိုက်ထားသည်ကို သိရှိပြီးနောက် လင်းယွမ်က အဆင်ခြင်မဲ့ မလှုပ်ရှားခဲ့ပေ။ ကျောက်တုံးနဂါးအရှင်သခင်ကို အင်အားသုံးပြီး ကိုင်တွယ်ရန်မှာလည်း သူက ကျင်းယွဲ့ဒိုင်မန်းရှင်းအပေါ် မည်မျှထိန်းချုပ်ထားသည်ကို မသေချာသေးပေ။

အကယ်၍ ကျောက်တုံးနဂါးအရှင်သခင်က ဒိုင်မန်းရှင်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လျှင် အခြေအနေက ခက်ခဲသွားနိုင်သည်။ လင်းယွမ်က နဂါးငွေ့တန်းကို ကိုင်တွယ်နိုင်လျှင်တောင် ကျင်းယွဲ့ဒိုင်မန်းရှင်းမရှိလျှင် စမ်းသပ်မှု ကျရှုံးမည်ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်နိုင်ခြေက အလွန်နည်းသည်။ လင်းယွမ်ကဲ့သို့ ဒိုင်မန်းရှင်းတစ်ခုလုံးကို အပြည့်အဝ သန့်စင်ထားခြင်းမဟုတ်လျှင် အချိန်အရှင်သခင်တစ်ယောက်က ဒိုင်မန်းရှင်းတစ်ခုကို ချက်ချင်း ပြိုလဲအောင် လုပ်နိုင်မည်မဟုတ်ပေ။

" ဘာလို့မေးတာလဲ။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က မေးလိုက်သည်။

" ငါ ကျင်းယွဲ့ဒိုင်မန်းရှင်းကို ခဏလောက် ငှားချင်လို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။

" ကျင်းယွဲ့ဒိုင်မန်းရှင်းကို ငှားမလို့လား။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " ကျောက်တုံးနဂါးအရှင်သခင်က ထူးခြားတဲ့ခြေအနေတစ်ခုမှာ ရှိနေတာ။ သူနဲ့ ဆက်ဆံရတာမလွယ်ဘူး။ "

" ဆက်ဆံရတာမလွယ်ဘူးလား။ " လင်းယွမ်က မျက်လုံးဆယ့်နှစ်လုံးသားရဲကို ကြည့်လိုက်သည်။

" ကျောက်တုံးနဂါးအရှင်သခင်က အဆုံးမဲ့မူလလမ်းစဉ်ကို ရွေးချယ်ထားတာပဲ။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။ " မင်းသိတဲ့အတိုင်းပဲ။ အဆုံးမဲ့မူလလမ်းစဉ်က ရှေးဟောင်းကာလတွေကို စူးစမ်းတဲ့အခါ အရမ်းအန္တရာယ်များတယ်။ အထူးသဖြင့် ကြောက်စရာကောင်းတဲ့ သက်ရှိအချို့ ချန်ထားခဲ့တဲ့ အမှတ်အသားတွေနဲ့ တွေ့တဲ့အချိန်မျိုးမှာပေါ့။ "

အတိတ်အချိန်လေဟာနယ်တွင် မရေတွက်နိုင်သော လျို့ဝှက်ချက်များနှင့် လမ်းပျောက်သွားနိုင်သော အန္တရာယ်လည်း ရှိနေသည်။ ပို၍ ခန့်မှန်းရခက်သည်မှာ ရှေးဟောင်းသက်ရှိများ ချန်ခဲ့သော အမှတ်အသားများဖြစ်သည်။ သူတို့က လွတ်မြောက်ခြင်းလမ်းစဉ်ကို မြင်တွေ့ခဲ့ရသူများ သို့မဟုတ် ချဉ်းကပ်နိုင်ခဲ့သူများဖြစ်သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ကျရှုံးပြီး အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ ဖျက်ဆီးခံရသူများဖြစ်သည်။

အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ ဖျက်ဆီးခြင်းခံရလျှင် အချိန်အရှင်သခင်များက ကျဆုံးရမည်ဖြစ်သော်လည်း ကြောက်စရာကောင်းသော သက်ရှိအနည်းငယ်၏ မာကျည်းမှု အကြွင်းအကျန်များက ပျောက်ကွယ်သွားရန် ခက်ခဲပြီး အတိတ်အချိန်လေဟာနယ်တွင် ကျန်ရစ်နေတတ်သည်။

အဆုံးမဲ့မူလလမ်းစဉ်ပေါ်မှ အချိန်အရှင်သခင်များအတွက် အန္တရာယ်အရှိဆုံးအရာင ထိုနာကျည်းမှုအကြွင်းအကျန်များကို တွေ့ဆုံမိခြင်းဖြစ်သည်။

" သူက အကြွင်းအကျန်တစ်ခုရဲ့ လွှမ်းမိုးမှုကို ခံထားရလို့ ကျောက်တုံးနဂါးအရှင်သခင်က ရူးသွပ်တဲ့အခြေအနေမှာ ရှိနေတယ်။ သတိဝင်တဲ့အချိန်က အရမ်းနည်းပြီး ဆက်သွယ်ပြောဆိုဖို့ ခက်ခဲတယ်။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။

" မင်းက ကျင်းယွဲ့ဒိုင်မန်းရှင်းကို ငှားချင်တယ်ဆိုတော့ ငါ ကျောက်တုံးနဂါးအရှင်သခင်နဲ့ ညှ်နှိုင်းပေးလို့ရပါတယ်။ ဒါပေမယ့် အချိန်သဲအချို့တော့ လိုလိမ့်မယ်။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။

" အချိန်သဲက ပြဿနာမရှိဘူး။ " လင်းယွမ်က ပြောလိုက်သည်။ " အချိန်သဲငါးသန်းအောက် ဘယ်လောက်ပဲဖြစ်ဖြစ် သဘောတူတယ်။ "

" အဲ့ဒါဆို အဆင်ပြေမှာပါ။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။

အချိန်သဲပေါင်ငါးသန်းက ကျင်းယွဲ့ဒိုင်မန်းရှင်းကို တစ်ကြိမ်အသုံးပြုရန်အတွက် လုံလောက်သည်ထက် ပိုလေသည်။ သူကိုယ်တိုင် ဆောင်ရွက်ပေးခြင်းကြောင့်လည်း ပါဝင်သည်။

ကျင်းယွဲ့ဒိုင်မန်းရှင်း၏ အပြင်ဘက်တွင် လင်းယွမ်ရှိနေသော နေရာ၌ မျက်လုံးဆယ့်နှစ်လုံးသက်ရှိ၏ ပုံရိပ်က ပေါ်လာသည်။

" ငါ ကျောက်တုံးနဂါးအရှင်သခင်ကို ဆက်သွယ်ပြီးသွားပြီ။ ခဏနေရင် သူထွက်လာလိမ့်မယ်။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ပြောလိုက်သည်။

"ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

မကြာမီ အဝေးတွင် ရှိနေသော ကျင်းယွဲ့ဒိုင်မန်းရှင်းက တုန်ခါသွားပြီး နဂါးနက်ပုံရိပ်တစ်ခု ပေါ်လာသည်။

" ကျောက်တုံးနဂါး " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက နဂါးနက်ပုံရိပ်၏ ရှေ့တွင် ပေါ်လာပြီး လင်းယွမ်က နောက်မှ လိုက်သွားသည်။

" ငါ အားလုံးပြောပြပြီးပြီ။ ဒါက ငှားရမ်းမယ့်သူပဲ။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက လင်းယွမ်ကို မိတ်ဆက်ပေးလိုက်သည်။ " သူက မင်းရဲ့ ကျင်းယဲ့ဒိုင်မန်းရှင်းကို နှစ်တစ်သန်းလောက် ငှားချင်တယ်။ အချိန်သဲငါးသိန်းက လုံလောက်တာထက် ပိုပါတယ်။ "

လင်းယွမ်က အချိန်သဲပေါင်ငါးသန်းအထိ ပေးနိုင်သည်ဟု ပြောထားသော်လည်း မျက်လုံးဆယ့်နှစ်လုံးသက်ရှိက ထိုအတိုင်း တိုက်ရိုက်ပြောမည်မဟုတ်ပေ။

" မင်းက ကျင်းယဲ့ဒိုင်မန်းရှင်းကို ဘာအတွက် သုံးမှာလဲ။ " ကျောက်တုံးနဂါးအရှင်သခင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။ သူ့ဆီမှ ရူးသွပ်မှုနှင့် ရှုပ်ထွေးသော အရှိန်အဝါများ ရှိနေသည်။

" ကျင်းယဲ့ဒိုင်မန်းရှင်းရဲ့ မူလရင်းမြစ်လည်ပတ်မှုကို ငါစိတ်ဝင်စားလို့ပါ။ ခဏလောက်ငှားပြီး လေ့လာချင်လို့ပဲ။ " လင်းယွမ်က အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။

" နားလည်ပြီ။ " ကျောက်တုံးနဂါးအရှင်သခင်က ပြောလိုက်သည်။ " အချိန်သဲပေါင်းငါးသိန်းက နည်းလွန်းတယ်။ "

" ဒါဆို မင်းက ဘယ်လောက်လိုချင်လို့လဲ။ " လင်းယွမ်က မေးလိုက်သည်။

" အချိန်သဲသန်းငါးဆယ် လုံးဝမလျှော့နိုင်ဘူး။ " ကျောက်တုံးနဂါးအရှင်သခင်က ပြောလိုက်သည်။

" အချိန်သဲပေါင်သန်းငါးဆယ်လား။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက မှင်သက်သွားသည်။ " ကျောင်တုံးနဂါး မင်းရူးနေလား။ အချိန်သဲပေါင်သန်းငါးဆယ်လား။ မင်းရဲ့ ကျင်းယဲ့ဒိုင်မန်းရှင်းက အဲ့လောက်တန်ဖိုးမရှိပါဘူး။ ကျောက်တုံးနဂါး ငါ့မျက်နှာကို ထောက်ပြီး အချိန်သဲပေါင်နှစ်သန်းပဲ ထားလိုက်ပါ။ "

" မင်းမျက်နှာကို ထောက်ရမှာလား။ " ကျောက်တုံးနဂါးအရှင်သခင်က စိတ်မရှည်တော့ပေ။ " မင်းကိုမင်း ဘယ်သူထင်နေတာလဲ။ မင်းက ဒဏ္ဍာရီအချိန်အရှင်သခင်တောင် မဟုတ်ဘူး။ "

" ငါက ကပ်ဘေးပေါင်း သန်းသုံးရာကို ဖြတ်ကျော်ထားပြီး လွတ်မြောက်ခြင်းဆီ ရောက်တော့မယ့် ပျက်စီးခြင်းအရှင်သခင်ပဲ။ မင်းက ငါ့ကို လာပြီး မျက်နှာသာပေးဖို့ ပြောနေတာလား။ "

" ပျက်စီးခြင်းအရှင်သခင်လား။ " မျက်လုံးဆယ့်နှစ်လုံးသက်ရှိက စိတ်ပျက်သွားသည်။ " ကျောက်တုံးနဂါး ပျက်စီးခြင်းအရှင်သခင်က အတိတ်မှာ ပျက်စီးသွားခဲ့ပြီ။ မင်းရဲ့ စိတ်အသိက အတိတ်အချိန်လေဟာနယ်မှာ ပျက်စီးခြင်းအရှင်သခင်ချန်ထားခဲ့တဲ့ အကြွင်းအကျန်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရတာပဲ။ သတိထားစမ်း။ "

" ငါက ပျက်စီးခြင်းအရှင်သခင်ပဲ။ ပျက်စီးခြင်းအရှင်သခင်က ငါပဲ။ " ကျောက်တုံးနဂါးအရှင်သခင်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ " မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ တစ်ခုက အချိန်သဲပေါင်းသန်းငါးဆယ်ကို ပေးဖို့နဲ့ နောက်တစ်ခုက မြန်မြန်ထွက်သွားဖို့ပဲ။ "

" သန်မာတဲ့ ဒဏ္ဍာရီအချိန်အရှင်သခင်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ ရူးသွပ်သွားတာလဲ။ "

ကျောက်တုံးနဂါးအရှင်သခင်က ရူးသွပ်နေရုံသာမက သူ့ကိုသူ ပျက်စီးခြင်းအရှင်သခင်ဟု ထင်နေသည်။ သူက သူ၏ ကိုယ်ပိုင်ဖြစ်တည်မှုကိုပင် မထိန်းသိမ်းနိုင်တော့ပေ။

ပျက်စီးခြင်းအရှင်သခင်နှင့် ပက်သက်သော အချက်အလက်များက များစွာ ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုအချိန်အရှင်သခင်က မယုံကြည်နိုင်လောက်အောင် သန်မာပြီး လွတ်မြောက်ခြင်းလမ်းစဉ်၏ နောက်ဆုံးအဆင့်ကို ရောက်ရှိနေကာ ကပ်ဘေးပေါင်း သန်းသုံးရာကို ဖြတ်ကျော်ထားသည်။ ဝမ်ဝေအရှင်သခင်ပင် နောက်ဆုံးအဆင့်၏ ကပ်ဘေးသန်းနှစ်ရာကိုသာ ဖြတ်ကျော်နိုင်ခဲ့သည်။

" ဒီလောက်အစွမ်းထက်တဲ့ အချိန်အရှင်သခင်တောင် နောက်ဆုံးကပ်ဘေးတွေထဲမှာ သေဆုံးသွားခဲ့တာလား။ " လင်းယွမ်က တွေးလိုက်သည်။

All Chapters