ပျက်စီးခြင်းအရှင်သခင်၏ အကြွင်းအကျန်များ...
Vol. 81 Ch. 1129
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
ကျောက်တုံးနဂါးအရှင်သခင်က ကျင်းယွဲ့ဒိုင်မန်းရှင်းထဲသို့ ပြန်ဝင်သွားပြီးနောက် အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" အရောင်းအဝယ်မလုပ်ခင် ကျောက်တုံးနဂါး အသိပြန်ဝင်လာတဲ့အထိ ခဏစောင့်ရဦးမယ်ထင်တယ်။ ရှေးဟောင်းအချိန်ကာလတွေကို စူးစမ်းတဲ်အခါ သတိထားဖို့ ငါသူ့ကို သတိပေးခဲ့တယ်။ "
အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ခေါင်းခါလိုက်သည်။ သူက ကျောက်တုံးနဂါးအရှင်သခင်နှင့် သိလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သူတို့ကြားတွင် အရောင်းအဝယ်များစွာ ရှိခဲ့ဖူးသည်။
" ရှေးဟေုင်းအချိန်ကာလတွေက တကယ်အန္တရာယ်များတာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ကျောက်တုံးနဂါးအရှင်သခင်က ဘယ်အချိန်လောက် အသိပြန်ဝင်လာမှာလဲ။ "
" အနည်းဆုံး နှစ်ပေါင်းတစ်ရာဘီလီယံ အများဆုံးဆိုရင် မဟာပျက်စီးခြင်းစက်ဝန်း အနည်းငယ်လောက်ဆိုရင် လုံလောက်ပါလိမ့်မယ်။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ခန့်မှန်းလိုက်သည်။
" အဲ့လောက်တောင်ကြာတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
" ဘာဖြစ်လို့လဲ။ အရေးကြီးလို့လား။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်ကို အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က သတိပြုမိလိုက်သည်။
" တကယ်လို့ ငါက ကျောက်တုံးနဂါးကို စောစောနိုးအောင် လုပ်နိုင်ရင် အရောင်းအဝယ်လုပ်လို့ရမလား။ " လင်းယွမ်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က မှင်သက်သွားသည်။ ကျောက်တုံးနဂါးကို အသိပြန်ဝင်လာအောင် ဘယ်လိုနည်းလမ်းနှင့်လုပ်မှာလဲ။
" မင်း ငါ့ရဲ့ အကူအညီလိုရင် ဒါမှမဟုတ် တခြားအချိန်အရှင်သခင်တွေရဲ့ အကူအညီလိုသေးလား။ "
" အဲ့လောက်ထိ ဒုက္ခခံဖို့ မလိုပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်ပြီး ကျင်းယဲ့ဒိုင်မန်းရှင်းကို ကြည့်လိုက်သည်။
ကျောက်တုံးနဂါးအရှင်သခင်က ကျင်းယွဲ့ဒိုင်မန်းရှင်းအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်သော အဆင့်ထိ ရောက်ရန် အဝေးကြီးလိုသေးသည်ကို လင်းယွမ်က သတိထားမိလိုက်သည်။ သူက အတွေးတစ်ချက်နှင့် ဒိုင်မန်းရှင်းကို ဖျက်ဆီးပစ်နိုင်ရန် ပို၍ မဖြစ်နိုင်ပေ။
လင်းယွမ်က ကျင်းယွဲ့ဒိုင်မန်းရှင်းကို ကြည့်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်က ကျင်းယွဲ့ဒိုင်မန်းရှင်းထဲသို့ ဝင်ရောက်သွားသည်။ ကျင်းယွဲ့ဒိုင်မန်းရှင်းက ပြင်ပအချိန်သက်ရှိများကို ငြင်းပယ်ခြင်းမရှိသော်လည်း ကျောက်တုံးနဂါးအရှင်သခင်၏ နယ်မြေဖြစ်သောကြောင့် ကန့်သတ်ချက်များရှိနေသည်။
သို့သော် လင်းယွမ်၏ လက်အောက်တွင် ထိုကန့်သတ်ချက်များအာလုံးက လျင်မြန်စွာ ပြိုလဲသွားခဲ့သည်။ ထိုလက်က ကျင်းယွဲ့ဒိုင်မန်းရှင်းကို ထိခိုက်မှုမရှိစေဘဲ အနက်ရှိုင်းဆုံးနေရာများထိ ထိုးဖောက်ဝင်ရောက်သွားသည်။
ထို့နောက် လင်းယွမ်၏ လက်က တစ်စုံတစ်ခုကို ဆုပ်ကိုင်ပြီး ကျင်းယဲ့ဒိုင်မန်းရှင်း၏ အနက်ရှိုင်းဆုံးနေရာမှ ပြန်လည်ဆုတ်ခွာလာသည်။ ယခင်ကဲ့သို့ လင်းယွမ်၏ လက်က ဗလာမဟုတ်တော့ဘဲ အထဲတွင် သေးငယ်သော အရိပ်တစ်ခုကို ဆုပ်ကိုင်ထားသည်။ ထိုအရိပ်ကို သေချာကြည့်လျှင် ၎င်းက နဂါးနက်တစ်ကောင်ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။
" ကျောက်တုံးနဂါးလား။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က လင်းယွမ်၏ လက်ထဲမှ သေးငယ်သော နဂါးနက်ကို ကြည့်နေသည်။
ကျောက်တုံးနဂါးအရှင်သခင်က ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်နေပြီး ပျက်စီးခြင်းအရှင်သခင်၏ လွှမ်းမိုးခြင်းကိုလည်း ခံနေရသည်။ ထိုအခြေအနေတွင် အခြားအချိန်အရှင်သခင်များက သူ့ကို နှောက်ယှက်ရဲမည်မဟုတ်ပေ။ သို့သော် လင်းယွမ်က ကျောက်တုံးနဂါးအရှင်သခင်ကို သူ၏ နယ်မြေအတွင်းမှာပင် လင်းယွမ်၏ ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။
" ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားလား။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က လင်းယွမ်ကို အတွေးပေါင်းများစွာနှင့် ကြည့်နေသည်။
လင်းယွမ်က သူ၏ လက်ထဲမှ နဂါးနက်ကို ကြည့်ပြီး အသီပြန်ဝင်လာအောင် လုပ်ပေးလိုက်သည်။ ပျက်စီးခြင်းအရှင်သခင်၏ စိတ်အသိအမျှင်လေးတစ်ခုကပင် ဒုတိယအဆင့် အချိန်အရှင်သခင်များကို ခြိမ်းခြောက်နိုင်သည်။
သို့သော် လင်းယွမ်၏ စွမ်းအားက ဒဏ္ဍာရီအဆင့် အချိန်အရှင်သခင်များနှင့်ယှဉ်နိုင်ပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အကူအညီဖြင့် ပျက်စီးခြင်အရှင်သခင်၏ စိတ်အသိမျှင်က သူ့ကို လွှမ်းမိုးနိုင်မည်မဟုတ်ပေ။
" ကျောက်တုံနဂါးအရှင်သခင်က မကြာခင် နိုးလာလိမ့်မယ်။ " လင်းယွမ်က အျိန်လေဟာနယ်ဆိုင်ပိုင်ရှင်ကို ကြည့်ပြီး ပြောလိုက်သည်။
" အင်း " အချိန်လေဟာနယ် ဆိုင်ပိုင်ရှင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။ " မင်းက နဂါးငွေ့တန်းအရှင်သခင်လား။ "
လင်းယွမ်က ဝမ်ဝေဟင်းလင်းပြင်ထဲမှ နဂါးငွေ့တန်းအရှင်သခင် ဟုတ်မဟုတ် သူအတည်ပြုချင်ပေသည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က တုန်လှုပ်သွားသည်။ အဆက်အသွယ်များသော သူ့အတွက် ဝမ်ဝေဟင်းလင်းပြင်ထဲမှ အဖြစ်အပျက်များကို သူမသိဘဲ မနေပေ။ ထို့အပြင် ဤတစ်ကြိမ် ဝမ်ဝေဟင်းလင်းပြင် ဖွင့်လှစ်ချိန်တွင် အကြီးမားဆုံးဖြစ်ရပ်က နဂါးငွေ့တန်း အရှင်ခင်ပင်ဖြစ်သည်။
" အခြားသူတွေ အရမ်းကြောက်ရွံ့ရိုသေနေကြတဲ့ နဂါးငွေ့တန်းအရှင်သခင်က ငါနဲ့ကြိုသိနေခဲ့တာလား။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
မကြာမီ လင်းယွမ်၏ လက်ထဲတွင် ရုန်းကန်နေသော နဂါးနက်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ကျောက်တုံးနဂါးအရှင်သခင်က အသိပြန်ဝင်လာပြီးနောက် ထိတ်လန့်သွားသည်။
" ဒါက ဘယ်နေရာလဲ။ " သူက အဆုံးမရှိကြီးမားလှသော တိုင်ကြီးငါးတိုင်နှင့် ကြီးမားသော ဖိအားများက ကျောက်တုံးနဂါးကို မလှုပ်ရှားနိုင်ဖြစ်သွားစေသည်။
ထို့နောက် ကမ္ဘာကြီးက ပြောင်းလဲသွားပြီး သူက ပြင်ပကမ္ဘာတွင် ပေါ်လာသည်။ သူက မျက်လုံးဆယ့်နှစ်လုံးသက်ရှိနှင့် လင်းယွမ်တို့ကို တွေ့လိုက်ရသည်။
" မင်းတို့ ဘာလုပ်တာလဲ။ " ကျောက်တုံးနဂါးအရှင်သခင်က အျိန်လေဟာနယ်ဆိုင်ပိုင်ရှင်ကို သိသော်လည်း လင်းယွမ်ကို လုံးဝမသိပေ။ သို့သော် ပတ်ဝန်းကျသ်မှ ဖိအားအားလုံးက ထိုလူငယ်ဆီမှလာခြင်းဖြစ်သည်။
" ကျောက်တုံးနဂါး ဒါက နဂါးငွေ့တန်းအရှင်သခင်ပဲ။ မင်းကို အသိပြန်ဝင်လာအောင် သူလုပ်ပေးခဲ့တာ။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။
" နဂါးငွေ့တန်းအရှင်သခင် " ကျောက်တုံးနဂါးအရှင်သခင်က ထိုနာမည်ကို မကြားဖူးသော်လည်း ပတ်ဝန်းကျင်အနှံ့ ပြည့်နေသော ဖိအားများကြောင့် ချက်ချင်း ဦးညွှတ်လိုက်သည်။
" အင်း ငါ မင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ဖို့ လာခဲ့တာပဲ။ ငါ ကျင်းယွဲ့ဒိုင်မန်းရှင်းကို ခဏငှားချင်တယ်။ မင်းလိုချင်တဲ့စျေးကို ပြောနိုင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ကျင်းယွဲ့ဒိုင်မန်းရှင်းကို ငှားမှာလား။ " ကျောက်တုံးနဂါးအရှင်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။ " အခုကစပြီး ကျင်းယွဲ့ဒိုင်မန်းရှင်းက နဂါးငွေ့တန်းအရှင်သခင်ရဲ့ အပိုင်ပါပဲ။ ကျုပ်ရညလြ အချိန်သဲ ပေါင်ခုနှစ်ဘီလီယံကိုလည်း ယူနိုင်ပါတယ်။ "
" မင်းဘာလိုချင်လို့လဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
" ပျက်စီးခြင်းအရှင်သခင်ရဲ့ အကြွင်းအကျန်တွေကို ရှင်းထုတ်ပေးဖို့ နဂါးငွေ့တန်းအရှင်သခင်ကို ကျွန်တော် တောင်းဆိုချင်ပါတယ်။ " ကျောက်တုံးနဂါးက ပြောလိုက်သည်။
" ပျက်စီးခြင်းအရှင်သခင်ရဲ့ အကြွင်းအကျန်တွေကို ရှင်းထုတ်ပေးဖို့လား။ " လင်းယွမ်က ခဏစဉ်းစားလိုက်သည်။ " ငါ အာမတော့မခံနိုင်ဘူး။ ဒါပေမယ့် အပြီးတိုင်မရှင်းထုတ်နိုင်ရင်တောင် အစိတ်အပိုင်းအချို့ကို ဖိနှိပ်ပေးထားနိုင်တယ်။ မင်းအသိပြန်ဝင်လာတဲ့အချိန်က ပိုတိုးလာမှာပေါ့။ "
ပျက်စီးခြင်းအရှင်သခင်၏ အကြွင်းအကျန်များနှင့် ထိတွေ့ခဲ့သောကြောင့် လင်းယွမ်က ၎င်းကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိသည်။
" ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် ကျုပ်လက်ခံနိုင်ပါတယ်။ " ကျောက်တုံးနဂါးအရှင်သခင်က အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်ကို ကြည့်ပြီး ချက်ချင်း ပြောလိုက်သည်။ " ဆိုင်ပိုင်ရှင် ငါမင်းကို အပ်ထားတဲ့ အချိန်သဲအားလုံးကို နဂါးငွေ့တန်းအရှင်သခင်ဆီ လွှဲပေးလိုက်ပါ။ "
" ပြဿနာမရှိဘူး။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။
" ဒါဆို ငါစတော့မယ်။ " လင်းယွမ်က ထပ်မပြောတော့ဘဲ ကျောက်တုံးနဂါးကို ကြည့်လိုက်သည်။
ကျောက်တုံးနဂါးအရှင်သခင်က သူ၏ စိတ်အသိများ ကျဆင်းသွားသည်ကို ခံစားလိုက်ရပြီး သူက ခုခံခြင်းမရှိဘဲ အိပ်ပျော်သွားစေလိုက်သည်။
" ပျက်စီးခြင်းအရှင်သခင် " လင်းယွမ်က ရှန်ထျန်းအသွင်ပြောင်းလဲခြင်းမှ ထိုက်ယိ၊ ထိုက်ချူးနှင့် ထိုက်ရှီ စွမ်းအားသုံးမျိုးကို တစ်ပြိုင်နက် အသက်သွင်းလိုက်ပြီး ကျောက်တုံးနဂါးအရှင်သခင်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်အသိတို့၏ အနက်ရှိုင်းဆုံးမှ အကြွင်းအကျန်ညစ်ညမ်းမှုများကို စတင်ရှင်းထုတ်လိုက်သည်။
" တကယ်ပဲ လွတ်မြောက်ခြင်းလမ်းစဉ်ရဲ့ အဆုံးနားရောက်နေတဲ့ အချိန်အရှင်သခင်ဖြစ်ထိုက်တာပဲ။ " လင်းယွမ်က စိတ်ထဲမှ အံ့ဩသွားသည်။
သူက အစွမ်းကုန် မသုံးရသေးသော်လည်း အတော်လေးထုတ်သုံးနေရပြီဖြစ်သည်။ သို့သော် ပျက်စီးခြင်းအရှင်သခင်၏ အကြွင်းအကျန်များကို ရှင်းထုတ်သော နေရာတွင် အနေအထားအထိ မရောက်သေးပေ။ ၎င်းတို့ကို ရှင်းထုတ်ရန်မှာ အချိန်တစ်ခုသာလိုသည်။
ရက်အနည်းငယ်ကြာပြီးနောက် စွမ်းအားသုံးမျိုး၏ ဖိနှိပ်မှုအောက်တွင် ကျောက်တုံးနဂါးအရှင်သခင်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်အသိတို့၏ အနက်ရှိုင်းဆုံးမှ အကြွင်းအကျန် ညစ်ညမ်းမှုများက နေရာတစ်ခုဆီသို့ မောင်းထုတ်ခြင်းခံလိုက်ရသည်။ ထိုအကြွင်းအကျန်ညစ်ညမ်းမှုများက စုစည်းသွားပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။