← Chapters

ကျင်းယွဲ့ဒိုင်မန်းရှင်းကို သန့်စင်ခြင်း...

Vol. 81 Ch. 1130

ကျင်းယွဲ့ဒိုင်မန်းရှင်းကို သန့်စင်ခြင်း...

Vol. 81 Ch. 1130

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

" ငါက ပျက်စီးခြင်းအရှင်သခင်ပဲ။ မင်းက အတိတ်ကလာတာလား အနာဂတ်ကလာတာလား မသိဘူး။ " ပုံရိပ်က စကားပြောလာသည်။ " ဒါပေမယ့် မင်းက အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ပေါ်မှာ ရှိနေတယ်ဆိုရင် သန်းသုံးရာမြောက်ကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ နောက်ဆုံးကပ်ဘေးသုံးထောင်က အဆုံးမဲ့မဟာတာအိုစိတ်အသိက မင်းကို နေရာတစ်ခုဆီ ပို့ဆောင်ပေးလိမ့်မယ်။ အဲ့ဒါကတော့ လွတ်မြောက်ခြင်းလမ်းစဉ်သစ် တက်လှမ်းတာကို တားဆီးဖို့အတွက်ပဲ။ "

" မသွားနဲ့ အဲ့ဒီကို လုံးဝမသွားနဲ့။ " ပုံရိပ်၏ လေသံက နောင်တတရားများနှင့် ပြည့်နှက်နေသည်။

ပျက်စီးခြင်းအရှင်သခင်ချန်ခဲ့သော အကြွင်းအကျန်က ရူးသွပ်ခြင်းဆိုသည်မှာ အပေါ်ယံသာဖြစ်ပြီး အနှစ်သာရအားဖြင့် ၎င်းက အချက်အလက်တစ်ခု ချန်ထားခဲ့ခြင်းဖြစ်သည်။

" အဓိကအစိတ်အပိုင်းတစ်ခုက ဖျက်ခံလိုက်ရပြန်ပြီ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ပျက်စီခြင်းအရှင်သခင် ချန်ခဲ့သော သတင်းအချက်အလက်ကို သူနားလညသည်။ အဆုံးမဲ့ကပ်ဘေးများ၏ တတိယအဆင့်တွင် ကပ်ဘေး သန်း၃၃၀ ထဲမှ နောက်ဆုံးကပ်ဘေးသုံးထောင်က တစ်စုံတစ်ယောက်ကို လွတ်မြောက်ခြင်းလမ်းစဉ် တက်လှမ်းခြင်းကို တားဆီးရန်အတွက် ဖြစ်နိုင်သည်။

သို့သော် ၎င်းက အခြားအချက်အလက်များ မပါဝင်သောကြောင့် ထိုအချက်တစ်ခုတည်းနှင့် အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။

" ဒါက အဆုံးမဲ့မဟာတာအိုစိတ်အသိရဲ့ လက်ချက်ပဲထင်တယ်။ "

ဝမ်ဝေဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး ဧရိယာတွင် လင်းယွမ်က ကပ်ဘေးချောက်နက်ရှေ့၌ ထိုင်နေသည်။ သူက အခြားအချိန်အရှင်သခင်များ ကြုံတွေ့ခဲ့ရသော ကပ်ဘေးများကို ကြည့်ရှုနေသည်။

အဆုံးမဲ့ကပ်ဘေးလမ်းစဉ်တွင် ပျက်စီးခြင်းအရှင်သခင်က ဝမ်ဝေအရှင်သခင်ထက် များစွာသာလွန်သည်။ ပျက်စီးခြင်းအရှင်သခင်က နောက်ဆုံးကပ်ဘေးသုံးထောင်သာ ဖြတ်ကျော်ရန် လိုအပ်ပြီး ဝမ်ဝေအရှင်သခင်က နောက်ဆုံးအဆင်၏ ကပ်ဘေးသန်းနှစ်ရာကိုသာ ဖြတ်ကျော်နိုင်ခဲ့သည်။

ကပ်ဘေးချောက်နက်၏ နောက်ဆုံးကပ်ဘေးက ဝမ်ဝေအရှင်သခင် နောက်ဆုံးဖြတ်ကျော်ခဲ့သော ကပ်ဘေးဖြစ်သည်။ ငွေရောင်အလင်းများ လင်းလက်လာပြီး ဝမ်ဝေအရှင်သခင်၏ ပုံရိပ် ပေါ်လာသည်။

" ငါ့ရဲ့ သန်းနှစ်ရာမြောက်ကပ်ဘေးကတော့ ဖြစ်တည်မှုတစ်ခုကို သတ်ဖို့အတွက် အနာဂတ်အချိန်လေဟာနယ်တစ်ခုကို သွားရတာပဲ။ ငါ ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တယ်။ "

" အဲ့ဒီအနာဂတ်အချိန်လေဟာနယ်ကနေ လက်ရှိအချိန်လေဟာနယ်ကို ပြန်လာတဲ့အခါ ငါက မတော်တဆ ဖရိုဖရဲဖြစ်နေတဲ့ အချိန်လေဟာနယ်တစ်ခုထဲကို ရောက်သွားခဲ့တယ်။ အဲ့ဒီအချိန်လေဟာနယ်..." ဝမ်ဝေအရှင်သခင်၏ နောက်ဆက်တွဲစကားလုံးများက အဖျက်ခံလိုက်ရသည်။ မြင်ကွင်း၏ အဆုံးသတ်တွင် ဝမ်ဝေအရှင်သခင်က ခါးသီးစွာ ပြုံးလိုက်သည်။

" ငါဝမ်ဝေက ကောင်းကင်ကြီးကို မော့ကြည့်နေရတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုနေ့မျိုး ကြုံလာရလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး။ "

လင်းယွမ်က ၎င်းကို အကြိမ်ကြိမ် ကြည့်ရှုခဲ့ပြီးပြီဖြစ်သည်။ သန်းနှစ်ရာကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ဝမ်ဝေအရှင်သခင်က ပြည့်စုံသော အချိန်သက်ရှိဖြစ်လာရန် ရွေးချယ်ခဲ့သည်။

" အဆုံးမဲ့မဟာတာအိုစိတ်အသိက ဘာကိုဖျက်လိုက်တာလဲ။ ဝမ်ဝေအရှင်သခင်နဲ့ အခြားအချိန်အရှင်သခင်တွေ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကြားမှာ ဆက်စပ်မှုတစ်ခုခုရှိနေမလား။ " လင်းယွမ်က အတော်လေးသိချင်နေသည်။

ဝမ်ဝေအရှင်သခင်က သူရွေးချယ်ထားသော လွတ်မြောက်ခြင်းလမ်းစဉ်ကို စွန့်လွှတ်ခြင်းမှာ မျှော်လင့်ချက်လုံးဝမရှိခြင်းကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

" ဒါပေမယ့် ဒါတွေအားလုံးက ငါ့အတွက်တော့ ဝေးနေပါသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက အဆုံးမဲ့ကပ်ဘေးလမ်းစဉ်ကို စတင်လျှောက်လှမ်းရုံသာဖြစ်သည်။ တတိယအဆင့်ကပ်ဘေးမပြောနှင့် ပထမအဆင့်ကပ်ဘေးကို အောင်မြင်ရန်ပင် ဝေးကွာနေဆဲ ဖြစ်သည်။

ကျင်းယွဲ့ဒိုင်မန်းရှင်း၏ အပြင်ဘက်တွင် ပျက်စီးခြင်းအရှင်သခင်၏ ပုံရိပ်က စကားပြောပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ပျက်စီးခြင်းအရှင်သခင်က သတင်းစကားပေးရန်အတွက် အကြွင်းအကျန်ကို ချန်ထားခဲ့ခြင်းဖြစ်သည်။ ကျောက်တုံးနဂါးအရှင်သခင်က လွှမ်းမိုးခံလိုက်ရခြင်းမှာ သူက သူ့ကိုသူ မထိန်းချုပ်နိုင်ဘဲ သတင်းစကားကို လက်ခံရန် အားနည်းလွန်းသောကြောင့်ဖြစ်သည်။

ပျက်စီးခြင်းအရှင်သခင်၏ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ကျောက်တုံးနဂါးအရှင်သခင်က တဖြည်းဖြည်း နိုးထလာသည်။

" ငါ..." ကျောက်တုံးနဂါးအရှင်သခင်က မကြုံဖူးသော ပေါ့ပါးမှုကို ခံစားလိုက်ရပြျိး သူ၏ စိတ်ထဲတွင်လည်း ဖရိုဖရဲဖြစ်နေမှုများ မရှိတော့ပေ။

" ပျက်စီးခြင်းအရှင်သခင်ရဲ့ အကြွင်းအကျန်တွေ မရှိတော့ဘူးလား။ " ကျောက်တုံးနဂါးအရှင်သခင်က ဝမ်းသာသွားပြီး လင်းယွမ်ကို ဦးညွှတ်လိုက်သည်။ " ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်းအရှင်သခင်။ "

" ဝမ်းသာမစောနဲ့ဦး။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ငါ မင်းရဲ့ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နဲ့ စိတ်အသိရဲ့ အနက်ရှိုင်းဆုံးနေရာက အကြွင်းအကျန် ညစ်ညမ်းမှုတွေကိုပဲ ရှင်းထုတ်ပေးထားတာပဲ။ ဒါက အပြီးတိုင်ပျောက်သွားတာလား။ ကျန်သေးလားဆိုတာ မသေချာဘူး။ "

" နားလည်ပါပြီ။ " ကျောက်တုံးနဂါးအရှင်သခင်က ချက်ချင်း ပြောလိုက်သည်။" ဒါဆို နဂါးငွေ့တန်းအရှင်သခင်ကို မနှောက်ယှက်တော့ပါဘူး။ "

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ နောက်တစ်ဆင့်အနေဖြင့် သူက သူ၏ ပထမဆုံးကပ်ဘေးဖြစ်သော ကျင်းယွဲ့ဒိုင်မန်းရှင်းကို သတ့်စင်ရန်ဖြစ်သည်။

" ဒါဆို နဂါးငွေ့တန်းအရှင်သခင် ငါ့ကို ခွင့်ပြုပါဦး။ " အချိန်လေဟာနယ်ဆိုင်ပိုင်ရှင်ကလည်း ထွက်သွားရန် ပြောလိုက်သည်။

" ကျင်းယွဲ့ဒိုင်မန်းရှင်း.... " ထိုနှစ်ယောက်ထွက်သွားပြီးနောက် လင်းယွမ်က ကျင်းယွဲ့ဒိုင်မန်းရှင်းကို ကြည့်ပြီး သူ၏ စိတ်အသိက ဒိုင်မန်းရှင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက ၎င်းကို မသန့်စင်မီ ထိုဒိုင်မန်းရှင်း၏ အခြေအနေကို နားလည်ရန် လိုအပ်သည်။

လင်းယွမ်က ခြေချိတ်ထိုင်လိုက်ပြီး ကျင်းယွဲ့ဒိုင်မန်းရှင်း၏ အသေးစိတ်အချက်အလက်တိုင်းကို သေချာခံစားကြည့်နေသည်။

ဖရိုဖရဲဟင်းလင်းပြင်၊ ကောင်းကင်မြစ်ဒိုင်မန်းရှင်းတို့နှင့်မတူဘဲ ကျင်းယွဲ့ဒိုင်မန်းရှင်း၏ မဟာတာအိုက အဆုံးမဲ့ခိုင်မာမှုနှင့် အဆုံးမဲ့ယင်ကို ကိုယ်စားပြုသည်။

" မဆိုးဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " အဆုံးမဲ့မဟာတာအိုစိတ်အသိက ဘာလို့ဒီဒိုင်မန်းရှင်းကို သန့်စင်ခိုင်းတာလဲ။ "

လင်းယွမ်က သန့်စင်ခြင်းမပြုသေးဘဲ ခဏစဉ်းစားနေသည်။ ထိုဒိုင်မန်းရှင်းက ထူးခြားမှုမရှိဘဲ ကျင်းယွဲ့ဒိုင်မန်းရှင်း၏ မဟာတာအိုကလည်း သာမန်သာဖြစ်သည်။

" ထားလိုက်တော့။ စောစောစီးစီး သန့်စင်လိုက်တာ ပိုကောင်းတယ်။ " လင်းယွမ်က သန့်စင်ခြင်း နည်းစနစ်ကို စတင်အသုံးပြုလိုက်သည်။

သန့်စင်ခြင်းနည်းစနစ်က အဆုံးမဲ့မဟာတာအိုစိတ်အသိဆီမှ လာခြင်းဖြစ်သည်။ ၎င်းကို အသုံးပြုလိုက်သည်နှင့် စွမ်းအားလှိုင်းများက ကျင်းယွဲ့ဒိုင်မန်းရှင်းရှိ အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာများထိ ပျံ့နှံ့သွားသည်။

" သန့်စင်ခြင်းနည်းစနစ်ရဲ့ အချက်အလက်တွေအရဆို ဒါကို နှစ်ပေါင်းတစ်ရာလောက် ဆက်ပြီး လုပ်နေဖို့ပဲလိုတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ကပ်ဘေး၏ ပထမဆုံးစမ်းသပ်မှုက ကျင်းယွဲ့ဒိုင်မန်းရှင်းကို နှစ်ပေါင်းတစ်ရာသန့်စင်ပေးရန်ဖြစ်သည်။ ထိုစမ်းသပ်မှုက မခက်ခဲပေ။ ဖြေရှင်းရန် လိုအပ်သော အရာမှာ ကျောက်တုံးနဂါးအရှင်သခင်သာဖြစ်သည်။ ထို့အပြင် အချိန်ကန့်သတ်ချက်လည်း မရှိသောကြောင့် စမ်းသပ်မှုက မခက်ခဲပေ။

အချိန်များကုန်ဆုံးလာပြီး နှစ်ပေါင်းကိုးဆယ်ကြာပြီးနောက် သန့်စင်ခြင်းနည်းစနစ်ကြောင့် အနက်ရောင်စွမ်းအားမျှင်များ မောင်းထုတ်ခံရသည်ကို လင်းယွမ်က သတိပြုမိလိုက်သည်။

" ဒီစွမ်းအားတွေက..." လင်းယွမ်က အနက်ရောင်စွမ်းအားမျှင်များကို လေ့လာကြည့်လိုက်သည်။ ထိုအနက်ရောင်စွမ်းအားများက အဆုံးမဲ့ဒိုင်မန်းရှင်းများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

" ဒီစွမ်းအားတွေက ဒိုင်မန်းရှင်းကို ပြန်ပြင်လို့မရတဲ့ ပျက်စီးခြင်းဆီကို ဦးတည်သွားစေနိုင်တာပဲ။ ပြန်လည်မွေးဖွားခြင်းဆိုတာလည်း မရှိဘူး။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ဒိုင်မန်းရှင်းနယ်မြေများ၏ ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းဆိုသည်မှာ ၎င်းတို့၏ လည်ပတ်မှုဖြစ်သည်။ သို့သော် ပြန်ပြင်မရသော ပျက်စီးခြင်းက လုံးဝပျက်စီးသွားခြင်းကို ဆိုလိုသည်။ ၎င်းက အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လုပ်ဆောင်မှုများကို သိသိသာသာ ချိုးဖောက်ခြင်းဖြစ်သည်။

" နားလည်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ကပ်ဘေးလမ်းစဉ်က အနှစ်သာရအားဖြင့် အဆုံးမဲ့မဟာတာအိုစိတ်အသိ၏ လုပ်ဆောင်မှုနိယာမများကို ချိုးဖောက်နေသော ဘယ်အရာကိုမဆို ဖြေရှင်းရန် အရှင်သခင်များကို တွန်းအားပေးခြင်းဖြစ်သည်။

၉၉ နှစ်မြောက်တွင် အနက်ရောင်စွမ်းအားမျှင်များ၏ ထွက်ပေါ်မှုက လျော့နည်းသွားပြီး နှစ်တစ်ရာပြည့်သောအခါတွင် လင်းယွမ်က သန့်စင်ခြင်းနည်းစနစ်ကို မည်မျှအသုံးပြုသည်ဖြစ်စေ အနက်ရောင်စွမ်းအားမျှင်များက ထွက်ပေါ်လာခြင်းမရှိတော့ပေ။

" ပြီးသွားပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ကျင်းယွဲ့ဒိုင်မန်းရှင်းအတွင်းမှ အနက်ရောင်စွမ်းအားမျှင်များကို အပြည့်အဝ သန့်စင်ပြီသွားသည်မှာ ထင်ရှားသည်။ မည်သို့ပင်ဖြစ်စေ ထိုကပ်ဘေးကို ဖြတ်ကျော်နိုင်ရန် နှစ်ပေါင်းတစ်ရာပြည့်အောင် စောင့်ရမည်ဖြစ်သည်။

ဝုန်း....

အဆုံးမဲ့မဟာတာအိုစိတ်အသိက င်းသက်လာပြီး လင်းယွမ်က ပထမဆုံးကပ်ဘေးကို ဖြတ်ကျော်နိုင်သည်ကို ချက်ချင်းသိလိုက်သည်။

All Chapters