အပိုင်း(၂၂၁)-ကျိဟူမျိုးနွယ်၏ အထက်စီးဆန်စွာ တိုက်ခိုက်ခြင်း
Vol. 003 Ch. 221
ဖက်တီးကျူ ပြန်ဖြေပြီးသော်လည်း ရှီမာယူယူသည် ဘာမှမပြောပဲ သူတို့ရှိရာ အပေါ်ထပ်သို့ လိုက်လာခဲ့သည်။
စားပွဲထိုးသည် သူတို့အား သီးသန့်အခန်းသို့ ခေါ်လာသည်။ ထိုအခန်းသည် ကြီးမားကာ အနည်းဆုံးတော့ လူနှစ်ဆယ်လောက် ထိုင်လို့ရသည်။
“ထိုင်ပါ” ရှီမာယူယန်းသည် အားလုံးအား မိတ်မဆက်ပေးခင် ထိုင်ခိုင်းလိုက်လေသည်။ “ဒါက ဟူမိသားစုက ဟူကျိယန်၊ ဒါကသူ့ညီမ ဟူကျိကျောင်ပါ၊ ဒီနှစ်ယောက်ကတော့ ငါ့ရဲ့ဂိုဏ်းတူ ညီအစ်ကိုပါ၊ ရှီမာယူဇွန်နဲ့ ရှီမာယူယီ၊ ဒီကတော့ ရှီမန်ယူ၊ ဝေကျိရွှီ၊ ဝူရန်ဖေ၊ ဖက်တီး၊ ဘေဂုန်ထန်နဲ့ ဒီကလေးကတော့ တုတု၊ သြော် ညီအစ်ကိုဟာစွန် ဘယ်ရောက်သွားတာလဲ”
“သူက ကိစ္စလေးရှိလို့ ဒီရက်ပိုင်းတစ်နေရာသွားပါတယ်” ရှီမာယူယူသည် သူတို့အား ခေါင်းညိတ် ကာ ပြန်ဖြေလိုက်သည်။
ဟူကျိယန်သည် အနည်းငယ် ပြန်တုန့်ပြန်ကာ တခြားသူများသည် သူမအား လျစ်လျူရှုထားလေသည်။
ဟူကျိကျောင်သည် မကျေနပ်စွာ နှုတ်ခမ်းစူပြီး ပြောလိုက်သည် “အစ်ကိုကြီးယူယန်၊ ဘာလို့လူတိုင်းကို ဖိတ်ထားတာလဲ၊ အခန်းမှာလူပြည့်နေပြီ”
သူမ ပြောပြီးနောက်တွင် အခန်းထဲရှိ အခြေအနေမှာ အနည်းငယ် တင်းမာသွားသည်။ ရှီမာယူယူသည် အစကတည်းကပင် သူတို့နှင့် ထမင်းမစားချင်ခဲ့ပေ။ ထို့ကြောင့် ထိုစကားကြားသောအခါ သူမ အနေရခက်သွားသည်။ သူမ မတ်တတ်ရပ်ကာ ပြောလိုက်သည် “ကျွန်တော်တို့ အပြင်ထွက်စားတာ ပိုကောင်းမယ်ထင်တယ်၊ ဧည့်ဝတ်ကျေတဲ့အတွက် ရှီမာသခင်လေးကို ကျေးဇူးတင်ပါတယ်”
“ဟေး ဟေး ဒီလိုမလုပ်ပါနဲ့ ရောက်လာမှာတော့ ဘာလို့ထွက်သွားမှာလဲ” ရှီမာယူရှင်းသည် သူမအား ဆွဲပြီးပြောလိုက်သည်။
ဟူကျိယန်သည် ဟူကျိကျောင်အားကြည့်လိုက်ပြီး ရှီမာယူယူနှင့် တခြားသူများအား လက်အုပ်ချီကာ ပြောလိုက်သည် “ကျွန်တော့်ညီမလေးက အထက်စီးဆန်ပြီး ဇွတ်တရွတ်နိုင်ပါတယ်၊ ရှီမန်သခင်လေး ဗွေမယူဖို့ တောင်းဆိုချင်ပါတယ်”
တစ်ဖက်လူမှ ပြေရာပြေကြောင်းပြောလာသဖြင့် ရှီမာယူယူသည် ဘာမှမပြောတော့ပဲ ထိုင်နေလိုကသည်။
“ဟူကျိယန် ဒီနာမည်က ရင်းနှီးနေသလိုပဲ” ဖက်တီးကျူပြောလိုက်သည်။
“င့ါအစ်ကိုကိုမှ မသိရင်တော့ မင်းက တောသားလူနုံပဲဖြစ်ရမယ်” ဟူကျိကျောင်သည် ဖက်တီးကျူအား အထင်သေးစွာကြည့်လိုက်သည်။
“ယူကျိယန်က ပါရမီလေးယောက်ထဲမျာပါတဲ့ အစ်ကိုကြီးယူလင်းလိုပဲ နာမည်ကြီးတဲ့ ဟူမျိုးနွယ်ကပဲ” ရှီမာယူရှင်းပြောလိုက်သည်။
“ဟုတ်သားပဲ ကျွန်တော်အခုမှတ်မိပြီ ပြီးခဲ့တဲ့တစ်ခေါက်က တစ်ယောက်ပြောတာကြားဖူးတယ်” ဖက်တီးကျူ သည် မှတ်မိသည့်အတိုင်းပင် ပြောလိုက်သည်။ သူသည် ဟူကျိကျောင်ပြောသည်ကို လုံးဝလျစ်လျူရှုထားသည်။
ရှီမာယူယီနှင့် ရှီမာယူကျိနှစ်ယောက်လုံးသည် ဟူကျိကျောင်အား အလွန်နှစ်သက်သည်၊ ထို့ကြောင့်ပင် ရှီမာယူယူနှင့် တခြားသူများကို သူမ မနှစ်မြို့သည်ကို မြင်သော်လည်း လျစ်လျူရှုထားကြသည်။
ရှီမာယူယီမေးလိုက်သည် “မင်းတို့အားလုံးက ဟူမျိုးနွယ်ရဲ့ အရည်အချင်းကို မသိသေးဘူးထင်တယ်၊ ငါ့အစ်ကိုကြီးနဲ့ တခြားသူတွေကို ဘယ်လိုတွေ့တာလဲ”
သူတို့သည် အမည်မသိသော နေရာငယ်လေးတစ်ခုမှ လာခဲ့သည်ကို ဆုံးဖြတ်ထားသကဲ့သို့ သူတို့ စကားလုံးများသည် အထင်သေးသည့် ပုံပေါက်နေသည်။
“ကျွန်တော်တို့က တခြားတိုင်းပြည်ကလာတာပါ” ဝေကျိရွှီ ပြောလိုက်သည် “ကျွန်တော်တို့က အစ်ကိုယူယန်ကို လင်ချွန်းမြို့တော်ရဲ့ ဖြတ်လမ်းတည်ဆောက်မှုမှာ တွေ့တာပါ”
“သြော် အဲလိုလား မင်းတို့က ရှီမာမျိုးနွယ်ဝင်တွေနဲ့ သိတာ မဖြစ်နိုင်ဘူးလို့တော့ ထင်သား” ဟူကျိကျောင် ပြောလိုက်သည်။
ထိုလူများသည် ရှီမာယူယူနှင့် တခြားသူများကို နှိမ်သော စကားများပြောလာသဖြင့် အားလုံး ဒေါသထွက်ကြလေသည်။ သို့သော် သူတို့သည် ရှီမာယူရှင်းနှင့် ရှီမာယူယန်တို့ကြောင့် ပြန်တုန့်ပြန် မပြောလိုက်ပေ။
တုလေးသည် ရှီမာယူယူနှင့် ဘေဂုန်ထန်အကြားထိုင်ကာ ယူယူ၏ ပုခုံးအား ပုတ်ပြီး ပြောလိုက်သည် “အစ်ကိုကြီး စိတ်မဆိုးပါနဲ့ ခွေးကိုက်ရင်တောင် အစ်ကိုကြီးက ခွေးကို ပြန်ကိုက်လို့မရဘူးလို့ အရင်က ပြောဖူးတယ်မလား”
“ရွှတ်”
တုလေး ပြောသည်ကို ကြားသောအခါ အားလုံးသည် ကျယ်လောင်စွာ ရယ်မောကြသည်။ ထိုသည်မှာ တစ်ဖက်လူအား ခွေးဟု သုံးနှုန်းလိုက်သည်မဟုတ်လား။
“ကောင်စုတ်လေး မင်းဘာပြောတာလဲ” ဟူကျိကျောင်သည် စားပွဲအားရိုက်ကာ တုလေးအား အော်လိုက်သည်။
တုလေးသည် သူမအား ကြောက်ရွံ့ခြင်းမရှိပဲ ကြည့်ကာ ပြောလိုက်သည် “ကျွန်တော်က ခင်ဗျားအကြောင်း ပြောတာမှ မဟုတ်တာ၊ ဘာလို့စိတ်ဆိုးနေတာလဲ၊ အဲလိုဖြစ်သွားရင် အစ်မက အဲလိုခံစားမိသွားတာလား”
“ကောင်စုတ်လေး ဒီနေ့ မင်းမိဘတွေကိုယ်စား ငါမင်းကို အပြစ်ပေးမယ်” ရှီမာယူကျိသည် ရှီမာယူယူဘေးတွင် ထိုင်ကာ ရှီမာယူယူအားကျော်ပြီး တုလေးအား ရိုက်ရန် ဟန်ပြင်သော်လည်း ရှီမာယူယူ လက်အား ဆွဲလိုက်လေသည်။
“ကျွန်တော်ညီလေးက ခင်ဗျားလို အပြင်လူက အပြစ်ပေးဖို့လိုလို့လား” သူမပြောပြီးသည်နှင့် သူ့အား အားပြင်းပြင်းဖြင့် တွင်းကာ ရှီမာယူကျိသည် မြေပေါ်တွင် လဲသွားလေသည်။
“ယူကျိ မင်းဘာလို့ တုလေးကို ရိုက်တာလဲ” ရှီမာယူရှင်းသည် မတ်တတ်ရပ်ကာ သူ့အား ဒေါသဖြင့် အော်လိုက်သည်။
ရှီမာယူကျိသည် မြေပေါ်တွင် တွားသွားကာ ရှီမာယူယူအား မုန်းတီးစွာကြည့်ကာ ပြောလိုက်သည် “မင်းက ငါ့ကိုရိုက်ရဲတယ် ဟုတ်လား၊ မင်း ခေတ်နောက်ကျနဲ့ တောသား၊ မင်းငါ့ကို ရိုက်ရဲတယ်၊ ရှီမာမျိုးနွယ်က ငါဘယ်သူလဲဆိုတာ သိရဲ့လား”
ရှီမာယူယူသည် သူ့အား ရေးရေးကြည့်ကာ ရှီမာယူယန်ဘက်သို့လှည့်ပြီး ပြောလိုက်လေသည် “ကြည့်ရတာ ရှီမာမျိုးနွယ်က လူတိုင်းက ခင်ဗျားလိုမဟုတ်ဘူးထင်ပါတယ်၊ ကျွန်တော်တို့ အပြင်မှစားတာ ပိုကောင်းပါတယ်၊ ဂရုစိုက်ပါ”
သူမ ပြောပြီးနောက် တစ်ယောက်ချင်းစီသည် စကားပြန်ပြောသည်ကို မစောင့်ပဲ ထွက်သွားလေသည်။
“ငါ့ကို ရိုက်ပြီး ထွက်သွားချင်တယ် ဟုတ်လား” ရှီမာယူကျိသည် သူတို့အား တိုက်ခိုက်မည် လုပ်သော်လည်း ဝူရန်ဖေသည် ဆွဲထားလိုက်သည်။
“အား”
ဝူရန်ဖေသည် အားအနည်းငယ် ထည့်လိုက်ရာ သူအော်တော့သည်။
ဝူရန်ဖေသည် တိတ်ဆိတ်နေသော်လည်း သူ့မျက်လုံးများတွင် လူသတ်ချင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ထို့နောက်တွင် သူ့အားလွှတ်ပေးလိုက်ကာ အားလုံးနောက်သို့ လိုက်သွားလေသည်။
“တော်ပြီ” ရှီမာယူကျိသည် သူတို့နောက်အားလိုက်သွားချင်သည်ကို ရှီမာယူယန်မြင်သောအခါ သူ့အား အော်လိုက်လေသည် “သူတို့က ငါ့မိတ်ဆွေတွေပဲ ဒါဘာအဓိပ္ပာယ်လဲ”
“ကျွန်တော်” ရှီမာယူကျိသည် မကျေမနပ်ဖြင့် သူ့လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။
“ငါသူတို့နဲ့ အတူသွားစားမယ်” ရှီမာယူရှင်းသည် ပြောပြီးသည်နှင့် အခန်းမှထွက်သွားလေသည်။ ရှီမာယူယူနှင့် တခြားသူများ အောက်တွင်တွေ့သည်နှင့် သူမ လျှောက်သွားကာ သူတို့စားပွဲတွင် ထိုင်လိုက်သည်။
“အခုဖြစ်သွားတာအတွက် တောင်းပန်ပါတယ်၊ ယူကျိနဲ့ တခြားသူတွေက ခြယ်လှယ်တာကို အသားကျနေလို့ပါ”
ရှီမာယူရှင်းသည် အောက်သို့ ဆင်းလာကာ တောင်းပန်မည်ဟု ရှီမာယူယူနှင့် တခြားသူများ ထင်မထားခဲ့ပါ။ ထို့ကြောင့် ရှီမာမျိုးနွယ်အပေါ်တွင် ဒေါသအနည်းငယ်ပြေသွားလေသည်။
“ယူရှင်း ဘာလို့ ခင်ဗျားက သူတို့နဲ့ တွဲသွားနေရတာလဲ” ဖက်တီးကျူသည် သူခံစားရသည့်အတိုင်း တိုက်ရိုက်ပင် မေးလိုက်သည်။
“ငါလည်း သူတို့ကို မကြိုက်ပါဘူး” ရှီမာယူရှင်းပြောလိုက်သည် “ဒါပေမယ့် သူတို့က ဟူမျိုးနွယ်က လာတဲ့ ဧည့်သည့်တွေပဲ တစ်ယောက်ယောက်ကတော့ ဧည့်ခံရမယ်လေ၊ ယူယန်နဲ့ ငါက သူတို့ကို လှည့်ပြပေးဖို့တာဝန်ယူရတယ်၊ ဒါပေမယ့် ဟူကျိကျောင်နဲ့ အဲနှစ်ယောက်က လာဖို့ အတင်းတောင်းဆိုလို့”
“မင်းတို့အားလုံးက မိသားစုတွေပဲ ဘာလို့ အကျင့်တွေက မတူကြတာလဲ”
“သူတို့က ဦးလေး၃ ဘက်က အဲဘက်ကလူတွေက အတူတူတွေပဲ”
ရှီမာယူယူ နှလုံးခုန်မြန်လာသဖြင့် မေးလိုက်သည် “ကျွန်တော် အရင်က ရှီမာခိုင်နဲ့ ရှီမာခစ်အကြောင်း ကြားဖူးတယ်၊ သူတို့က ဘယ်ဘက်ကလဲ”
“ဦးလေး၃နဲ့ တခြားသူတွေက ဦးလေး၃ဘက်ကပဲ” ရှီမာယူရှင်းပြောလေသည် “ဒါပေမယ့် ဦးလေး၃က ပြန်လာပြီး ၃နှစ်အကြာမှာ ဆုံးသွားတယ်”
“ဟုတ်လား…”
ထို့ကြောင့် သူတို့ အကျင့်တွေက ဆိုးနေကြတာကိုး။
ရှီမာယူယူနှင့် တခြားသူများသည် ဟင်းများမှာလိုက်ကြသည်။ ဈေးများအားမြင်သောအခါ ဖက်တီးကျူ သူမကို ဘာကြောင့် ကျွေးမွေးခိုင်းလဲဆိုသည်ကို သိသွားသည်။ ထိုဟင်းများသည် ရွှေပြားတစ်ထောင်ထက်ပင် ကျော်နေသည်။
သို့သော် သူတို့စားသောက်ပြီးသောအခါ ရှီမာယူရှင်းသည် စာရင်းရှင်းသွားသည်။ သူတို့သည် ထိုတိုက်ပွဲအား မနိုင်နိုင်သဖြင့် လက်လျော့ပေးလိုက်ရသည်။
“ယူယူ ဒီနေ့ည ဘာလုပ်မယ် စီစဉ်ထားလဲ” ရှီမာယူရှင်းသည် မူးယစ်သောလ စားသောက်ဆိုင်မှ ထွက်ခွာပြီးနောက်တွင် မေးလိုက်သည်။
“ကျွန်တော်တို့ ရွှမ်ယွမ်ပြတိုက်ကိုသွားချင်တယ်” ဝေကျိရွှီ ပြောလိုက်သည်။
“ငါလည်း အဲဒီကို မရောက်တာကြာပြီ အတူသွားရအောင်” ရှီမာယူရှင်းပြောလိုက်သည်။
သူတို့သည် ရွှမ်ယွမ်ပြတိုက်သို့သွားရာ ပြတိုက်မှာ ဖွင့်နေပြီဖြစ်သည်။
ဆိုင်အကူသည် ရှီမာယူရှင်းအားမြင်သည်နှင့် နွေးနွေးထွေးထွေး နှုတ်ဆက်လေသည် “သခင်မလေး ယူရှင်း လာပြီလား”
“ဒီရက်ပိုင်း ပစ္စည်းကောင်းတွေရောက်လား” ရှီမာယူရှင်းသည် မေးလိုက်သည်။
“ရောက်ပါတယ်၊ သခင်မလေးယူရှင်း သေချာပေါက်ကြိုက်မှာပါ” ဆိုင်အကူသည် ပြန်ဖြေသည်။
“ယူယူ ငါနဲ့အတူ သွားကြည့်မလား” ရှီမာယူရှင်းမေးလိုက်သည်။
“မလိုဘူး၊ ငါအပြင်မှာ နေပြီးလမ်းလျှောက်ချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း မင်းပြီးတဲ့အထိ ငါထွက်မလာသေးရင် ငါ့ကို စောင့်”
“စောင့်ပါမယ်”