← Chapters

အပိုင်း(၂၂၂)-သူတို့အကုန်လုံးက လူဆင်းရဲတွေ

Vol. 003 Ch. 222

အပိုင်း(၂၂၂)-သူတို့အကုန်လုံးက လူဆင်းရဲတွေ

Vol. 003 Ch. 222

ဆိုင်အကူသည် ရှီမာယူရှင်းခေါ်ဆောင်သွားရာ တခြားဆိုင်အကူသည် ချက်ချင်းရောက်လာကာ မေးလေသည် “တခြားဘာများကူညီရမလဲ ခင်ဗျာ”

“မလိုပါဘူး၊ ကျွန်တော်တို့ ကိုယ့်ဘာသာလျှောက်ကြည့်လိုက်ပါမယ်”

“ဒါဆိုလည်း ကောင်းပါပြီ တစ်ခုခုလိုတာရှိရင် ကျွန်တော်တို့ကို ခေါ်လိုက်ပါ” ပြောပြီးနောက်တွင် ဆိုင်အကူသည် တရိုတသေ ပြန်နောက်ဆုတ်သွားလေသည်။

“ဒီကပစ္စည်းတွေက ငြိမ်းချမ်းရေးမြို့တော်က ဆိုင်နဲ့ယှဉ်ရင်  အရည်အသွေးကောင်းပြီး စုံတာပဲ” ဖက်တီးကျူ၏ မျက်လုံးသည် ပစ္စည်းများကြည့်ရာတွင် ပြူးကျယ်လာပြီး အပြုံးဖြင့် ပြောလေသည်။

“မင်းကြိုက်တာရှိလားဆိုတာ ကြည့်လေ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပြီလေ”

အားလုံးသည် လိုချင်သည်များအား ရှာဖွေနေကြလေသည်။

တစ်ခဏအတွင်းတွင် ရှီမာယူယန်တို့ အုပ်စုသည်လည်း ဝင်လာကြသည်။ ဖက်တီးကျူနှင့် တခြားသူများ ပစ္စည်းများအား လှည့်ပတ်ကြည့်ရှုနေသည်ကိုတွေ့သည်နှင့် ရှီမာယူကျိနှင့် ဟူကျိကျောင်တို့သည် နှာခေါင်းရှုံ့ကြသည်။

ဝေကျိရွှီနှင့် တခြားသူများသည် လိုချင်သည်များရှာရန် ဟူကျိယန်အား ခေါ်ကာ အပေါ်တက်သွားသည်ကို ရှီမာယူယန် ခေါင်းညိတ်လိုက်သည်။

ဟူကျိကျောင်နှင့် တခြားသူများသည် လိုက်မတက်ကြပေ။ ရှိမာယူယူနှင့် သူ့အုပ်စုအားကြည့်ပြီးနောက် သူတို့သည် အပေါ်မတက်ချင်တော့ပေ။

“တောသားတွေ မင်းတို့ဒီက ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံတောင်ရှိရဲ့လား” ဟူကျိကျောင်သည် လျှောက်လာကာ တစ်နေရာထဲတွင် လည်နေသော ထိုလူများအား အထက်စီးဆန်စွာကြည့်လိုက်သည်။

“ငါတို့မှာ ပိုက်ဆံရှိရှိ မရှိရှိ မင်းနဲ့ဘာဆိုင်လဲ” ဖက်တီးကျူ ပြန်ငေါက်လိုက်သည် “ဟူမျိုးနွယ်က မိန်းကလေးဖြစ်တဲ့ မင်းက ဒီကဆိုင်အကူလား”

“အင်း ငါက မင်းတို့်ကို သတိပေးတာပါ၊ မင်တို့မဝယ်နိုင်တာကို မရွေးမိစေနဲ့၊ အရှက်ရနေမယ်” ဟူကျိကျောင်သည် အေးစက်စွာရယ်မောလိုက်ပြီး သူများအရှက်ရသည်ကို မြင်တွေ့ချင်နေသည်။

ဘေဂုန်ထန်သည် ဆိုင်အကူအား လက်ယက်ခေါ်ကာ မေးလိုက်သည် “ဒီဆိုင်မှာ ဆေးတွေဝယ်လား”

“ဝယ်ပါတယ်၊ သခင်မလေး ဆေးရောင်းချင်လို့လား” ဆိုင်အကူမေးလိုက်သည်။

“အင်း မိန်းကလေးဟူက ငါ့ကိုသတိပေးလိုက်တာ၊ ငါတို့်မှာ ပိုက်ဆံမရှိရင် အရှက်ရမှာစိုးလို့ အရင်ဆုံး ပိုက်ဆံရှာရင် ပိုကောင်းမလားလို့လေ”

ဘေဂုန်ထန် ထိုကဲ့သို့ပြုမူသည်ကို ရှီမာယူယူနှင့် တခြားသူများမြင်သော်အခါ သူမ ဒေါသထွက်နေပြီကို သိလိုက်ပြီ။ သူမ ဟူကျိကျောင်အား ဘယ်လိုဖြေရှင်းမလဲဆိုသည်ကို စောင့်ကြည့်နေခဲ့သည်။

“ဒါဆို အပေါ်ထပ်ကိုသွားရအောင် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ” ဆိုင်အကူပြောလိုက်သည်။

“ကောင်းပါပြီ” ဘေဂုန်ထန်သည် ခေါင်းညိတ်လိုက်သော်လည်း ခြေလှမ်းမကြွပေ။

“မလိုဘူး၊ တခြားသူ ဆေးရောင်းတာကြည့်စရာမလိုဘူး” ရှီမာယူယီ ပြောလိုက်သည်။

“ဟုတ်တယ်၊ ဆေး တစ်လုံးနှစ်လုံးအတွက် အဲအထိ လျှောက်ဖို့မလိုပါဘူး” ရှီမာယူကျိ ထောက်ခံလိုက်သည်။

“ဘေဂုန် ဒီမှာပဲ လုပ်လိုက်တော့လေ၊ ငါတို့်လည်း အပေါ်တက်ရမှာပျင်းနေပြီ” ဖက်တီးကျူပြောလိုက်သည် “ပြီးတော့ မင်းဆေးတစ်လုံး နှစ်လုံးရောင်းရဖို့ အားစိုက်နေတယ်လို့ တခြားသူတွေ ထင်သွားလိမ့်မယ်”

“မင်းလူတွေတောင် အဲလိုပြောလာမှတော့ မင်းအပေါ်ကို သွားဦးမှာလား”

ဘေဂုန်ထန်နှင့် တခြားသူများသည် နေရာငယ်တစ်ခုမှလာသည်ကို အားလုံးသေချာနေသောကြောင့် သူတို့တွင် ဆေးအနည်းသာရှိလိမ့်မည်ဟု ထင်ထားကြသည်။ ထို့ကြောင့်ပင် သူတို့အား အောက်တွင် အရောင်းအဝယ်လုပ်စေကာ အရှက်ရစေမည်။

ဘေဂုန်ထန်သည် သူတို့်သုံးယောက်အားကြည့်ကာ ဆိုင်အကူဘက်သို့လှည့်ပြီး ပြောလိုက်သည် “အားလုံးက အဲလိုတွေးမှာတော့ ဒီမှာပဲလုပ်ကြတာပေါ့”

ဆိုင်အကူသည် မငြင်းသာတော့ပဲ ပြောလိုက်သည် “သခင်မလေး အဆင့်တစ်ဆေးတွေက တစ်လုံးကို ရွှေပြားသုံးဆယ်ပါ၊ အဆင့်နှစ်ဆေးတွေကတော့ တစ်လုံးကို ရွှေပြားခြောက်ဆယ်၊ အဆင့်သုံးဆေး  တွေကတော့ တစ်လုံးကို ရွှေပြားတစ်ရာ၊ အဆင့်လေးဆေးတွေကတော့ တစ်လုံးကို ရွှေပြား သုံးရာပါ၊ အထူး  ဆေးတွေရှိရင်တော့ သူတို့အဆင့်ပေါ်မူတည်ပြီး ဈေးမတူကြပါဘူး”

ဘေဂုန်ထန် ခေါင်းညိတ်လိုက်သည်။ ဈေးနှုန်းများမှာ သင့်လျော်၍ သိပ်မမြင့်ပေ။

ထို့နောက်တွင် ဆိုင်အကူသည် ဘေးသို့ ကောင်တာတစ်ခုယူလာပြီး ဆေးများကို တင်ခိုင်းလေသည်။ ဘေဂုန်ထန် ခေါင်းရမ်းပြီး ပြောလိုက်သည် “ဒါနဲ့ဆို မဆန့်ဘူး”

သူမအသံသည် ဖျော့တော့သော်လည်း အားလုံး၏ နှလုံးခုန်သံများမြန်လာသည်။

ဒီလိုကောင်တာတောင် မလောက်ဘူးလား၊ သူမမှာ ဆေးတစ်လုံး နှစ်လုံးပဲရှိတာ မဟုတ်ဘူးလား။

ဆိုင်အကူသည် ကြက်သေသေပြီးမှ လှည့်ကာ ဘေးမှ မိန်းကလေးဆိုင်အကူအား အမိန့်ပေးလိုက်လေသည်။

“ဟင် မင်းမှာဆေးအများကြီးရှိတာလား၊ မင်းက မအောင်မြင်တဲ့ အဂ္ဂိရတ်ဆရာတော့ မဟုတ်ပါဘူးနော်၊ တောသား အဂ္ဂိရတ်ပညာရှင်လို့ ငါအရင်က တစ်ခုမှ မကြားဖူးခဲ့ဘူး” ရှီမာယူကျိ  ပြောလိုက်သည်။

“ငါဟုတ်ဟုတ် မဟုတ်ဟုတ် ဘာဖြစ်လဲ မင်းနဲ့ဘာဆိုင်လို့လဲ၊ မင်းမှာလုပ်စရာမရှိလို့ တခြားသူ ကိစ္စတွေဝင်ပါနေတာလား” ဘေဂုန်ထန်သည် ဒေါသဖြင့်ပြောလိုက်သည်။

“မင်း” ရှီမာယူကျိသည် ဒေါသထွက်ကာ ဒေါသအပြည့်မျက်လုံးဖြင့်ကြည့်ပြီး ဘေဂုန်ထန်အား ခြေဆောင့်လိုက်သည်။

“ဘာလဲ ငါမှားလို့လား” ဘေဂုန်ထန်သည် အေးစက်စွာရယ်မောကာ “ငါ အဂ္ဂိရတ်ဆရာ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းအပူမပါဘူး၊ မင်းဘာတွေ မနာလိုနေတာလဲ”

ရှီမာယူရှင်း၊ ရှီမာယူယန်နှင့် ဟူကျိယန်တို့်သည် အပေါ်ထပ်မှဆင်းလာကာ အောက်တွင် အငြင်းပွားနေကြသော လူများကို တွေ့လိုက်သည်။ သူတို့မေးလိုက်ကြသည် “ဘာဖြစ်ကြတာလဲ”

“ဘာမှမဖြစ်ပါဘူး ဒီနေရာမှာဝယ်ဖို့ ငါတို့မှာ ပိုက်ဆံမရှိဘူးလို့ မိန်းကလေး ဟူပြောလို့ ဘေဂုန်က ပိုက်ဆံမရှိမှာစိုးလို့ ဆေးနည်းနည်းလောက်ရောင်းချင်တာကို မိန်းကလေးဟူက ဝင်နောက်နေတာပါ” ရှီမာယူယူ ဖျော့တော့စွာပြောလေသည်။

ဟူကျိယန်၊ ရှီမာယူယန်နှင့် တခြားသူများသည် ဉာဏ်ပြေးကြသည်။ ရှီမာယူယူဆိုလိုသည့်အဓိပ္ပာယ်ကို အကြမ်းဖျင်းနားလည်ကြသည်။ ဆိုလိုသည်မှာ ဟူကျိကျောင်နှင့် ရှီမာယူကျိတို့သည် ရှီမာယူယူနှင့် တခြားသူများကို ထပ်ပြီးနှောင့်ယှက်ကြသည့်သဘောသက်ရောက်သည်။

ထိုအချိန်တွင် အစေခံမိန်းကလေးရောက်လာပြီး ကောင်တာဘေးတွင်ရပ်လိုက်သည်။ သူမ လက်ဝှေ့လိုက်ရာ တစ်မီတာ နှစ်မီတာလောက်ရှည်သော စားပွဲတစ်လုံးပေါ်လာသည်။

ထို့နောက်တွင် ဆိုင်အကူပြောလိုက်သည် “မိန်းကလေး စားပွဲပြင်ပြီးပါပြီ၊ ဆေးတွေကို ယူလိုက်ပါ”

ဘေဂုန်ထန်သည် လျှောက်လာကာ လက်ဝှေ့လိုက်ရာ စားပွဲပေါ်တွင် ပုလင်းပေါင်း တစ်ထောင်ကျော် ပေါ်လာသဖြင့် ထိုနေရာရှိ အားလုံးတုန်လှုပ်သွားကြလေသည်။

ရှီမာယူကျိနှင့် တခြားသူများသည် သူမတွင် ဆေးတစ်လုံးနှစ်လုံးသာရှိမည်ဟု ပြောခဲ့သည်မှာ မကြာသေးသဖြင့် သူတို့သည် မျက်နှာဖြတ်ရိုက်ခံရသလိုပင် ခံစားရခက်သွားသည်။ ထိုရိုက်သံသည် ခန်းမအတွင်း ပဲ့တင်သံထပ်သွားသလိုပင်။

ဆိုင်အကူသည်လည်း အံ့သြသွားကာ မေးလိုက်သည် “မိန်းကလေး ကျွန်တော်တို့ ဒီလောက်များတဲ့  ဆေးတွေကို သေချာရေလိုက်ပါဦးမယ်”

“ကောင်းပါပြီ” ဘေဂုန်ထန်သည် ဘာမှသိပ်မပြောပဲ ခုံယူကာ ထိုင်လိုက်လေသည်။

ဆိုင်အကူသည် လူများကို လက်ယက်ခေါ်ကာ ထိုဆေးများအရေအတွက်ကို ရေတွက်နေလေသည်။

“မိန်းကလေး အားလုံးပေါင်း ပထမအဆင့်ဆေးက ၁၁၀၀၊ အဆင့်နှစ်ဆေးက ၈၀၀၊ အဆင့်သုံးဆေးက ၆၀၀၊ နဲ့ အဆင့်လေးဆေးက ၂၀၀ပါ” ဆိုင်အကူသည် ဆေးများကို စားပွဲပေါ်တွင်ထားကာ သူရေတွက်မိသလောက်ကို သူမအားပြောလေသည်။

အရေအတွက်အားကြားလိုက်သောအခါ အားလုံးသည် သက်ပြင်းရှုရှိုက်မိသည်။ သာမာန်မျိုးနွယ်ဝင်တွေတောင် ဒီလောက်ဆေးအများကြီးမရှိနိုင်ဘူးလေ။ အဂ္ဂိရတ်ပညာရှင်ကလွဲပြီး ဒီလောက်ဆေးအများကြီးမရှိနိုင်ဘူး။

ရှီမာယူယန်သည် ဘေဂုန်ထန်အား စကားလုံးမဲ့စွာကြည့်လိုက်သည်။ သူသည် ရှီမာမျိုးနွယ်က တိုက်ရိုက်ဆက်ခံသူ၊ သို့သော် သူ့တွင် ဆေးလုံးတစ်ရာကျော်သာရှိသည်။ ထိုမိန်းကလေးမှာ ဒီလောက်အများကြီးရှိတာ သူမက တကယ်တော်တဲ့ အဂ္ဂိရတ်ပညာရှင်ပဲ။

“ငါ့ဆေးတွေလည်းရောင်းမယ်လေ အဲဒါတွေကြောင့် ငါ့မှော်ဝင်လက်စွပ်ကပြည့်နေပြီ” ဝူရန်ဖေလျှောက်လာကာ လက်ဝှေ့ရမ်းလိုက်ရာ စားပွဲတွင် ကျောက်စိမ်းပုလင်းများ ထပ်မံပြည့်သွားလေသည်။

အားလုံးသည် ထိုမြင်ကွင်းအား မျက်လုံးပြူးကာကြည့်နေကြတော့သည်။ ဝူရန်ဖေတောင်မှ အဂ္ဂိရတ်ပညာရှင်…. သူတို့သည် ဆင်းရဲသည်ဟု အရင်ကပြောခဲ့ဖူးသည်၊ သို့သော် အခုတော့ သူတို့ထက်ပင် ချမ်းသာနေသေးသည်။

ရှီမာယူယန်နှင့် တခြားနှစ်ယောက်သည်ပင်လျှင် ဘေဂုန်ထန်၏ ဆေးများကြောင့် တုန်လှုပ်သွားသော်လည်း အဂ္ဂိရတ်ပညာရှင်ဖြစ်ခြင်းကို အရေးမစိုက်ခဲ့ပေ။ သူတို့မျိုးနွယ်တွင် အဂ္ဂိရတ်ပညာရှင် အမြောက်အမြားရှိသည်။

သို့သော် တစ်ခဏအတွင်း အဂ္ဂိရတ်ပညာရှင် နှစ်ယောက်ရှိလာမည်ဟု ထင်မထားပေ။ ပိုအရေးကြီးသည်မှာ ရှီမာယူယူနှင့် အုပ်စုသည် သူတို့ထက်ပင် ပိုငယ်သည့်ပုံပင်။ အချိန်ရောက်လာသောအခါ သူတို့၏ ဖြစ်နိုင်စွမ်းကို သိလာရသည်။

ဆိုင်အကူသည် ဒုတိယအသုတ် ဆေးများကိုစတင်ပြီး ရေတွက်ရာ ခဏအတွင်းတွင် သူတို့သည် ရေတွက်၍ ပြီးသွားလေသည်။ ထိုဆေးများမှာ ဘေဂုန်ထန်မှာရှိသည်ထက် ဆေးလုံးပေါင်း ၁၀၀ ပိုများလေသည်။

“အမလေး မင်းတို့ရောင်းမှတော့ ငါ့မှော်လက်စွပ်လည်း ရှင်းလင်းရေးလုပ်မှရတော့မယ်” ဖက်တီးကျူ ရှေ့တိုး ကာ ပြောလိုက်သည် “မင်းတို့ ဝိညာဉ်လက်နက်တွေလည်း လက်ခံလား”

ဆိုင်အကူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “လက်ခံပါတယ်”

“ကောင်းတယ်၊ ငါပိုက်ဆံမလောက်မှာ စိုးလို့ ရောင်းချင်တယ်” ဖက်တီးကျူသည် ပြောပြီးသည်နှင့် စားပွဲသို့ သွားလေသည်။ လက်တစ်ချက်ဝှေ့လိုက်ရာ စားပွဲတွင် ဝိညာဉ်လက်နက်တစ်ရာကျော် ပေါ်လာလေသည်။ ပစ္စည်းများမှာ စားပွဲမလောက်သဖြင့် ကြမ်းပေါ်တွင် ကျနေလေသည်။

All Chapters