← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အပိုင်း ၁၄၁

လုံခြုံရေးကောင်းလွန်းတာက ပြဿနာ

"နီဗားနား အိက်ဖုန်းပဲ ဖြစ်ပါတယ်"

​လီကျဲခိုင်က သူ့စကားကို ဆက်ပြောလိုက်သည်။

"ဒီတံဆိပ်ကို လူတိုင်းသိကြမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ယင်းခဲ့အဖွဲ့အစည်းက ဒီအခမဲ့အစီအစဉ်ကို စတင်ရတဲ့ အဓိကအကြောင်းရင်းက လုန့်ထန်းလုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ၊၊"

​"ပြည်တွင်းဆက်သွယ်ရေး ကုန်ကျစရိတ်ရဲ့ တစ်ဝက်ကို လုံထန်လုပ်ငန်းစုက ကျခံပေးမှာ ဖြစ်ပါတယ် လူတိုင်းအနေနဲ့ နီဗားနား အိက်စ်ဖုန်းကို ဝယ်ယူထားရုံနဲ့ ပက်ကေ့ချ်မှာပါဝင်တဲ့ အခမဲ့ အကျိုးခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်၊၊"

​"ဒါ့အပြင် ဒီပက်ကေ့ချ်ကို လစဉ်၊ သုံးလတစ်ကြိမ်နဲ့ နှစ်အလိုက် ဆိုပြီးတော့လည်း မိမိတို့ရဲ့ အခမဲ့အသုံးပြုလိုမှု လိုအပ်ချက်အလိုက် ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပါတယ်၊၊"

​ယခုအခါ လီမိသားစုနှင့် လုံထန်လုပ်ငန်းစုတို့သည် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရှိပြီးဖြစ်ရာ လီကျဲခိုင်အနေဖြင့် နီဗားနားဖုန်း၏ လိုအပ်ချက်များကို အခွင့်ကောင်းယူရန် ဝန်မလေးတော့ပေ၊ အမှန်စင်စစ်တွင် ပက်ကေ့ချ်ကို ငွေပေး၍ ဝယ်ယူရဦးမည် ဖြစ်ပါသည်၊၊

​တက်ရောက်လာသူ အားလုံးမှာ စီးပွားရေးအသိအမြင် ကြွယ်ဝသူများ ဖြစ်ကြသဖြင့် ဤလျှို့ဝှက်ချက်ကို မသိဘဲ မနေကြ၊၊

​"မစ္စတာလီ... ကျွန်တော်သိသလောက်ဆိုရင် အခုရှိသမျှ ဖုန်းအားလုံးက 4G ကွန်ရက်ကိုပဲ ထောက်ပံ့ပေးနိုင်တာပါ၊ 4G ရဲ့ ဒေတာသုံးစွဲမှုက 2G နဲ့ 3G ထက် အများကြီး သာပါတယ်၊၊ အဲဒါဆိုရင် ခင်ဗျားတို့ ကုမ္ပဏီရဲ့ ပက်ကေ့ချ်ခက အများကြီး ဈေးကြီးနေမှာ မဟုတ်ဘူးလား"

​ဟောင်ကောင် ဖျော်ဖြေရေးသတင်း (Xiangjiang Entertainment News) မှ သတင်းထောက်က မတ်တပ်ရပ်ပြီး မေးခွန်းထုတ်လိုက်သည်၊၊

ဤခေတ်တွင် ဒေတာသည် ဆက်သွယ်ရေးလောက၏ အစစ်အမှန် အမြတ်အစွန်း ရရှိရာနေရာ ဖြစ်သည်၊၊ ၎င်းမှာ ဖုန်းခေါ်ဆိုခနှင့် စာတိုပေးပို့ခများထက် များစွာ သာလွန်သည်၊၊

​ထိုသတင်းထောက်သည် အပေါ်ယံ အခမဲ့ဆိုခြင်းမှာ အရာအားလုံး အခမဲ့မဟုတ်ကြောင်းကို တိုက်ရိုက် ထောက်ပြလိုက်ခြင်း ဖြစ်သည်၊၊

​"ဒီသတင်းထောက်မိတ်ဆွေ ပြောတာ ကောင်းပါတယ်၊၊ တကယ်တော့ 4G ကွန်ရက်က 2G နဲ့ 3G ထက် ဒေတာသုံးစွဲမှု အများကြီး ပိုများပါတယ်၊ ဒါပေမဲ့ ဒါက စံနှုန်းတစ်ခု မဟုတ်ပါဘူး၊ 4G ရဲ့ ကုန်ကျစရိတ်ကလည်း မြင့်ပါတယ်၊၊"

လီကျဲခိုင်က ထိုထောင်ချောက်ထဲ မကျဘဲ တိုက်ရိုက်ပင် ပြန်လည်ချေပလိုက်သည်။

"တခြားသူတွေက ဒေတာကို ဈေးကြီးကြီးနဲ့ ရောင်းနေလို့ ကျွန်တော်တို့ အဖွဲ့အစည်းကလည်း အဲဒီလိုပဲ လုပ်ရမယ်လို့ ဆိုလိုတာလား"

​"ကျွန်တော် ဒီနေရာကနေ လေးလေးနက်နက် ကြေညာချင်တာကတော့ ဒီပက်ကေ့ချ်သစ်ရဲ့ လစဉ်ကြေးဟာ ဟောင်ကောင်ဒေါ်လာ ၅၈ ဒေါ်လာပဲ ဖြစ်ပြီး၊ သုံးလစာအတွက် ၁၈၈ ဒေါ်လာနဲ့ တစ်နှစ်စာအတွက် ၅၈၈ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်၊၊"

​ဤသည်မှာ လုပ်ငန်းတူ ပြိုင်ဘက်များကို နှိပ်ကွပ်လိုက်ခြင်း ဖြစ်သည်၊၊ အခြားသော ဆက်သွယ်ရေးကုမ္ပဏီ အားလုံးကို သိမ်းပိုက်နိုင်သရွေ့ ယင်းခဲ့အဖွဲ့အစည်းသည် ဟောင်ကောင်၏ ဆက်သွယ်ရေးလောကကို လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်သည်၊၊

​ထိုသို့ဆိုလျှင် ယင်ခဲ့အဖွဲ့အစည်း၏ ရှယ်ယာဈေးနှုန်းများမှာ သဘာဝအတိုင်း ထိုးတက်သွားမည် ဖြစ်ပါသည်၊၊ ဈေးကွက်တန်ဖိုး တက်လာသည့်အခါ သူတို့ ငွေမရှာနိုင်ဘဲ နေပါမည်လော၊၊

​အရေးကြီးဆုံးအချက်မှာ ခေတ်ကာလများက အလွန်မြန်ဆန်စွာ ပြောင်းလဲနေခြင်း ဖြစ်ပါသည်၊၊ ယခုမှာ ၂၀၁၉ ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၁ ရာခိုင်စု၏ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အီလက်ထရွန်နစ် နည်းပညာများမှာ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေသည်၊၊

​တရုတ်ပြည်ဖြစ်စေ၊ ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများဖြစ်စေ ဆက်သွယ်ရေးကုမ္ပဏီ အားလုံးသည် 4G စံနှုန်းကိုသာ အသုံးပြုနေကြသည်၊၊

​4G ကွန်ရက်သည် 2G နှင့် 3G တို့နှင့် မတူညီ၊၊ 2G မှာ စမ်းချောင်းလေးတစ်ခု၊ 3G မှာ မြစ်ငယ်တစ်ခုဆိုလျှင် 4G မှာ ဧရာဝတီမြစ်ကြီးကဲ့သို့ အဆုံးမရှိ စီးဆင်းနေခြင်း ဖြစ်သည်၊၊

​သို့သော် 4G ပြီးနောက် 5G ကွန်ရက်လည်း ရှိနေပါသေးသည်၊၊ ဤစံနှုန်းသစ်မှာလည်း တီထွင်ပြီးသား ဖြစ်သည်၊၊

​5G မှာ အလွန်အမင်း အဆင့်မြင့်လွန်းလှသဖြင့် နိုင်ငံခြားနည်းပညာများပင်လျှင် အပြည့်အဝ မရင့်ကျက်သေးဘဲ တရုတ်ပြည်တွင်လည်း မတွင်ကျယ်သေးချေ၊၊ ဟောင်ကောင်တွင်လည်း ဤကဲ့သို့သော နည်းပညာစံနှုန်းကို မိတ်မဆက်ရသေး နောက်ဆုံးပေါ် အချက်အလက်များအရ 5G ၏ အရှိန်မှာ အနာဂတ် နည်းပညာလောကနှင့် နီးစပ်နေပြီ ဖြစ်သည်၊၊

ရုပ်ရှင်အကြီးကြီး တစ်ကားကို 4G သို့မဟုတ် 5G ဖြင့် ဒေါင်းလုဒ်ဆွဲလျှင် ဆယ်ဂဏန်းမျှသော စက္ကန့်ပိုင်းအတွင်း ပြီးစီးနိုင်သည်၊၊

​လက်ရှိ 4G နည်းပညာမှာ မကြာမီ ဟောင်ကောင်တွင် ခေတ်စားလာတော့မည် ဖြစ်သော်လည်း 5G သာ ပြည်မကြီးတွင် တွင်ကျယ်လာပါက 4G မှာ ချက်ချင်း ပယ်ဖျက်ခြင်း ခံရမည် ဖြစ်သည်၊၊

5G စနစ်တွင် ဒေတာသုံးစွဲမှုမှာ သမုဒ္ဒရာကြီးသဖွယ် များပြားလှသဖြင့် ထိုအခြေအနေတွင် ဒေတာဈေးနှုန်း လျှော့ချရန်မှာ မလွဲမသွေ ဖြစ်လာပါလိမ့်မည်၊၊

​ထို့ကြောင့် လီကျဲခိုင်သည် လုံထန်လုပ်ငန်းစု စီအီးအို ကျန်းဖန်နှင့် စကားပြောစဉ်က China Mobile၊ China Telecom နှင့် China Unicom တို့၏ 5G ကွန်ရက်သစ်အပေါ် အမြင်များကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊

​ပြည်မကြီးတွင် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက 5G အပြည့်အဝ ရရှိရန်အတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေပြီး အော်ပတစ်ကေဘယ်လ်များ သွယ်တန်းနေသည်၊၊ ယခုအခါ ဖုန်းအများစုမှာ 4G ဖြစ်သော်လည်း Huawei (Warwick) နှင့် Xiaomi (Dami) တို့၏ နောက်ဆုံးပေါ် ဖုန်းများမှာ 4G နှင့် 5G နှစ်မျိုးလုံးကို အသုံးပြုနိုင်နေပြီ ဖြစ်သည်၊၊

​ဆက်သွယ်ရေး ကုမ္ပဏီကြီး သုံးခုစလုံးသည် ဒေတာအစီအစဉ်သစ်များ၊ ဈေးနှုန်းလျှော့ချမှုများနှင့် ပက်ကေ့ချ် အသစ်များကို အပြိုင်အဆိုင် ပြင်ဆင်နေကြသည်၊၊

​ကွန်ရက်စံနှုန်း အပြောင်းအလဲသည် နည်းပညာပိုင်း နယ်ပယ်အားလုံးနှင့် ပတ်သက်နေပြီး နိုင်ငံတစ်ခုအတွက် သိသာထင်ရှားသော အပြောင်းအလဲများကို ယူဆောင်လာသည်၊၊

​အစကတည်းက လင်းဖန်သည် လီကျဲခိုင်ကို နီဗားနား၏ နောက်မျိုးဆက်ဖုန်းများသည် 4G နှင့် 5G နှစ်မျိုးလုံး သုံးနိုင်သည့် ဖုန်းများ ဖြစ်ရမည်ဟု ပြောထားသည်၊၊

​ထို့ကြောင့် လီကျဲခိုင်သည် ထိုအချိန်ကွာဟချက်ကို အသုံးချကာ လာမည့် 5G ခေတ်ဦးတွင် နေရာဦးနိုင်ရန်အတွက် ဟောင်ကောင်ပြည်သူများကို ကြိုတင်၍ ဆွဲဆောင်နေခြင်း ဖြစ်သည်၊၊

​အမှန်စင်စစ် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၅၈ ဒေါ်လာဖြင့်ပင် ယင်ခဲ့အဖွဲ့အစည်းမှာ အရင်းအမြစ်များကို ပြန်လည်ရရှိနေပြီ ဖြစ်သည်၊၊

အကယ်၍ ပက်ကေ့ချ်အတွင်း ဂိမ်းအသေးစားလေး တစ်ခုနှစ်ခုနှင့် တွဲဖက်လိုက်လျှင် ငွေရှာရသည်မှာ ပို၍ပင် လွယ်ကူသွားပါလိမ့်မည်၊၊

​စီးပွားရေးသမားများသည် အရှုံးနှင့် ဘယ်တော့မှ မလုပ်ပါ၊၊ အကယ်၍ အပလီကေးရှင်းမှာ အခမဲ့ဖြစ်နေလျှင်တောင် ထိုကုမ္ပဏီများသည် ကြော်ငြာများနှင့် ကြော်ငြာလိုသည့် ကုမ္ပဏီများဆီမှ အမြတ်အစွန်းများ ရရှိနိုင်သည်၊၊

ဥပမာအားဖြင့် Android ပလက်ဖောင်းကို အခမဲ့ သုံးနိုင်သော်လည်း အခြားသူများက ၎င်းတို့၏ အပလီကေးရှင်းကို ကြော်ငြာလိုသည့်အခါ ငွေကြေးအမြောက်အမြား ပေးရခြင်းမျိုး ဖြစ်သည်၊၊

​"မစ္စတာလီ... ဒါဆိုရင် ခင်ဗျားက လုံထန်လုပ်ငန်းစုအပေါ် အများကြီး မျှော်လင့်ချက် ထားတယ်လို့ ဆိုလိုတာလား"

​ထိုအချိန်တွင် ဟောင်ကောင် သတင်းထောက်တစ်ဦးက မတူညီသော မေးခွန်းတစ်ခုကို မေးလိုက်ရာ လူတိုင်း၏ အာရုံမှာ လီကျဲခိုင်ထံသို့ ရောက်ရှိသွားသည်၊၊

​"ဟုတ်ပါတယ်၊ နီဗားနား (Nirvana)..."

​လီကျဲခိုင်သည် မျိုးချစ်စိတ်ဓာတ်ကို အသုံးချကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပါသည် "တန်ရွမ်စမတ်ဖုန်းလည်ပတ်ရေးစနစ်ဟာ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကြားမှာ လုံခြုံရေးအဆင့် အမြင့်ဆုံးလို့ သတ်မှတ်ခံထားရပြီး အပြစ်ပြောစရာ မရှိပါဘူး"

​သူ့စကားအဆုံးတွင် ပရိသတ်ထဲမှ သတင်းထောက်တစ်ဦးက လက်ထောင်လိုက်သဖြင့် လီကျဲခိုင်၏ အာရုံမှာ ထိုသူထံသို့ ရောက်သွားသည်၊၊

​"ဒီသတင်းထောက်မိတ်ဆွေ မေးခွန်းမေးနိုင်ပါပြီ"

​လီကျဲခိုင်က ပြုံးပြရင်း မေးခွန်းမေးရန် အချက်ပြလိုက်သည်၊၊

​"မင်္ဂလာပါ မစ္စတာလီ၊ ကျွန်တော်က နီဗားနားဖုန်းကို အစောဆုံး သုံးစွဲသူတစ်ဦးပါ..."

​ထိုသတင်းထောက်သည် နီဗားနားဖုန်းကို အရင်ဆုံး ချီးကျူးလိုက်ပြီးမှ ဆက်မေးသည်။

"ဒီဖုန်းရဲ့ လုံခြုံရေးက အတော်လေး ကောင်းမွန်လှပါတယ်၊ ဒါပေမဲ့ လုံခြုံရေး အလွန်ကောင်းနေတာက ဟောင်ကောင်ရဲတပ်ဖွဲ့အတွက် အခက်အခဲ ဖြစ်စေမှာ မဟုတ်ဘူးလား"

​လူတိုင်းသိကြသည့်အတိုင်း ရဲတပ်ဖွဲ့သည် ပြည်သူ့လုံခြုံရေးကို တာဝန်ယူရသည့် အဖွဲ့အစည်း ဖြစ်သည်၊၊ အကယ်၍ ၎င်းတို့အနေဖြင့် တစ်ဦးချင်းစီ၏ မိုဘိုင်းစက်ပစ္စည်းများကို စောင့်ကြည့်နိုင်စွမ်း မရှိပါက မည်သို့ စီမံခန့်ခွဲနိုင်ပါမည်နည်း၊၊

​ထို့ကြောင့် ဤသတင်းထောက်သည် အနှစ်သာရအားဖြင့် လုံထန်လုပ်ငန်းစုအတွက် ပြဿနာရှာပေးနေခြင်း ဖြစ်ပြီး လီကျဲခိုင်အတွက်လည်း တွင်းကြီးတစ်တွင်းကို တူးပေးလိုက်ခြင်း ဖြစ်သည်၊၊

​လူတိုင်းသည် ဤမေးခွန်း၏ ထိရှလွယ်မှုကို နားလည်ကြသဖြင့် စင်ပေါ်က လီမိသားစု၏ ဒုတိယသားကို အာရုံစိုက်ကြည့်နေကြသည်၊၊

​ဟောင်ကောင်သား တစ်ယောက်အနေဖြင့် ရဲတပ်ဖွဲ့က မထိန်းချုပ်နိုင်သည့် မိုဘိုင်းစက်ပစ္စည်းများ တွင်ကျယ်လာမှုကို ထောက်ခံနေခြင်းမှာ ဟောင်ကောင်သားများအပေါ် တာဝန်မဲ့ရာ မရောက်ပေဘူးလား၊၊

​....................................................

အပိုင်း ၁၄၂

လီကျဲခိုင်ရဲ့ နည်းလမ်းက အလုပ်ဖြစ်သားပဲ

"ဒီသတင်းထောက်မိတ်ဆွေက မေးခွန်းကောင်းတစ်ခု မေးလိုက်တာပါပဲ ကမ္ဘာပေါ်မှာ လုံခြုံရေးအကောင်းဆုံး မိုဘိုင်းဖုန်းဖြစ်တဲ့ နီဗားနား အိက်စ်ရဲ့ တန်ရွမ်စမတ်စနစ်ဟာ တခြားအဖွဲ့အစည်းတစ်ခုခုက စောင့်ကြည့်ချင်တယ်ဆိုရင် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ဆက်သွယ်ညှိနှိုင်းမှု လုပ်ဖို့ တကယ်လိုအပ်ပါတယ်၊၊"

​လူတိုင်း၏ အကြည့်များအောက်တွင် လီကျဲခိုင်က အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့ လက်ရှိရဲတပ်ဖွဲ့ရဲ့ နည်းပညာနဲ့ ဒီဖုန်းကို စိတ်ကြိုက်စောင့်ကြည့်လို့ မရနိုင်လို့ပါ အသုံးပြုသူတွေရဲ့ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုံထန်လုပ်ငန်းစု ကိုယ်တိုင်တောင်မှ ဒီဖုန်းကို စိတ်ကြိုက်ဝင်ရောက်ကြည့်ရှုလို့ မရပါဘူး၊၊"

​"ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ လုံထန်လုပ်ငန်းစုတို့ ပူးပေါင်းပြီး နှစ်ဖက်စလုံး သဘောတူမှ ဖွင့်လို့ရတဲ့ လုံခြုံရေးစနစ်ကို တီထွင်ခဲ့တာပါ၊ တစ်ဖက်တည်းရဲ့ ဆန္ဒနဲ့တော့ ဖုန်းစနစ်ကို ဖွင့်ပြီး အချက်အလက် ခိုးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

​"ဒါဟာ နည်းနည်းတော့ အလုပ်ရှုပ်ပေမဲ့ လူတိုင်းအနေနဲ့ ဒီလိုလုံခြုံစိတ်ချရတဲ့ မိုဘိုင်းစက်ပစ္စည်းမျိုးကို ပိုပြီး လက်ခံချင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊၊"

​"ဝါး..."

​သူ့စကားအဆုံးတွင် အားပါးတရ လက်ခုပ်တီးသံများစွာ ထွက်ပေါ်လာသည်၊၊

​လူတိုင်းမှာ ဖုန်းအသုံးပြုသူများ ဖြစ်ကြသည့်အလျောက် ပုဂ္ဂိုလ်ရေး လုံခြုံမှုကို အလွန်အလေးထားကြသည်၊၊ အထူးသဖြင့် ဤနေရာသို့ ရောက်ရှိနေသူ အားလုံးနီးပါးမှာ သတင်းထောက်များ ဖြစ်ကြပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း သဘာဝအရ လျှို့ဝှက်ချက်များ ပေါက်ကြားမည်ကို အလွန်ပင် စိုးရိမ်မုန်းတီးကြသူများ ဖြစ်သည်၊၊

​ထို့ကြောင့် လီကျဲခိုင်၏ စကားမှာ ၎င်းတို့၏ စိတ်ကြိုက်ကို ကွက်တိ ထိမှန်သွားစေခဲ့သည်၊၊

​တိုက်ရိုက်ဗီဒီယိုကို ကြည့်ရှုနေပြီး နီဗားနားဖုန်း မဝယ်ရသေးသည့် ဟောင်ကောင်သားများစွာမှာလည်း စိတ်ထဲတွင် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာပြီး နီဗားနားဖုန်းကို ဝယ်ယူချင်စိတ်များ ပြင်းပြလာကြသည်၊၊

မိမိတို့၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးနိုင်သည့် တန်ရွမ်စနစ်ကို ၎င်းတို့ တန်ဖိုးထားကြသည်မှာ အမှန်ပင်ဖြစ်သည်၊၊

​တစ်ချိန်တည်းမှာပင် ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်၊၊

​"အခုခေတ်မှာ ရာဇဝတ်ကောင်တွေဟာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာကြပါပြီ လုပ်ငန်းထိရောက်မှု မြန်ဆန်စေဖို့နဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ပိုမိုကာကွယ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လကစပြီး လုံထန်လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊၊"

​"နီဗားနား အိတ် ဖုန်းတွေကို ရဲတပ်ဖွဲ့သုံး အထူးစက်ပစ္စည်းတွေအဖြစ် အမြောက်အမြား ဝယ်ယူခဲ့ပါတယ်၊ ရှေ့တန်းက သတင်းတွေအရ နီဗားနားဖုန်းတွေဟာ..."

​ဤသတင်း ထွက်လာသည်နှင့် ဟောင်ကောင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်၊၊

​ရဲတပ်ဖွဲ့ကိုယ်တိုင်ကပင် ဤဖုန်းများကို အမြောက်အမြား ဝယ်ယူအသုံးပြုနေသည်ဆိုလျှင် ၎င်း၏ လုံခြုံရေး စွမ်းဆောင်ရည်မှာ မေးခွန်းထုတ်စရာ မလိုတော့ချေ၊၊ ထိုနေ့ မွန်းလွဲပိုင်းတွင် ဟောင်ကောင်ရှိ မီဒီယာအားလုံးက လုံထန်လုပ်ငန်းစု၏ ထုတ်ကုန်များအကြောင်းကို အထူးသတင်းများအဖြစ် ဖော်ပြကြပြီး အချို့က ဟောင်ကောင်တက္ကသိုလ်မှ ကွန်ပျူတာပညာရှင်များကို ဖိတ်ခေါ်ကာ နီဗားနားဖုန်းကို စမ်းသပ်စစ်ဆေးခဲ့ကြသည်၊၊

​သုတေသန အချက်အလက်များအရ နီဗားနား အိက်၏ ကဏ္ဍစုံ စွမ်းဆောင်ရည်မှာ ကမ္ဘာပေါ်ရှိ တစ်ချိန်တည်းထွက် အခြားဖုန်းအားလုံးထက် များစွာ သာလွန်နေကြောင်း တွေ့ရှိရသည်၊၊

​အကယ်၍ ကုမ္ပဏီ တစ်ခုနှစ်ခုကသာ ချီးကျူးနေခြင်းဖြစ်ပါက ၎င်းမှာ လီမိသားစု၏ သြဇာအရှိန်အဝါကြောင့်ဟု ထင်နိုင်သော်လည်း ယခုအခါ ဟောင်ကောင် မီဒီယာတစ်ခုလုံးက တညီတညွတ်တည်း ထောက်ခံနေကြသဖြင့် လူတိုင်း ယုံကြည်သွားကြရသည်၊၊

ထို့အပြင် နီဗားနားဖုန်း၏ လှပသော အသွင်အပြင်မှာလည်း စတင်မိတ်ဆက်စဉ်ကတည်းက လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့သည်၊၊

​ယင်းခဲ့အဖွဲ့အစည်းက နောက်ဆုံးတွင် မိတ်ဆက်လိုက်သည့် ဈေးနှုန်းချိုသာသော အခမဲ့ပက်ကေ့ချ်မှာ ခေတ်ရေစီးကြောင်းကို အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားစေသည့် နောက်ဆုံးလက်ကျန် အင်အားစု ဖြစ်လာသည်၊၊

​ပြည်သူများ၏ စိတ်အားထက်သန်မှုနှင့် ယှဉ်လျှင် ဟောင်ကောင်၏ ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်မှာတော့ ဆောင်းရာသီသို့ အပြည့်အဝ ရောက်ရှိသွားခဲ့လေပြီ၊၊ လူအများစုမှာ ယင်းခယ်အဖွဲ့အစည်း၏ ထူးခြားလှသော လုပ်ဆောင်ချက်များကြောင့် မှင်တက်နေကြရသည်၊၊

​နီဗားနားဖုန်း၏ လူကြိုက်များမှု မြင့်တက်လာသည်နှင့်အမျှ ယင်းခဲ့အဖွဲ့အစည်း၏ အောင်မြင်မှုမှာလည်း ဆက်တိုက်ဆိုသလို ရှိနေခဲ့သည်၊၊

​ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီ ငါးခုမှာ ပြန်လည်တိုက်စစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း လီကျဲခိုင်က ငွေကြေးအမြောက်အမြား အသုံးပြုကာ အဓိက ဆက်သွယ်ရေးကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးနှုန်းများကို ဆက်တိုက် နှိမ်ချလိုက်သဖြင့် ၎င်းတို့မှာ အတော်ပင် ဒုက္ခရောက်ကုန်​တော့သည်၊၊

​"မစ္စတာလီ... အခု သူတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေက ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါပြီ၊ ကျွန်တော်တို့ စပြီး အရေးယူဆောင်ရွက်သင့်ပြီလား"

ဟု ယင်းခဲ့အဖွဲ့အစည်း ဌာနချုပ် ရုံးခန်းတစ်ခုအတွင်းရှိ ရှယ်ယာအရောင်းအဝယ်သမားတစ်ဦးက အလျင်အမြန် မေးလာသည်၊၊

​"မလုပ်နဲ့ဦး"

​စဉ်းစားခန်းဝင်နေသော လီကျဲခိုင်က လက်ဝေ့ယမ်းပြပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"၅၀ ရာခိုင်နှုန်း ကျရုံနဲ့ မလုံလောက်သေးဘူး၊ လုပ်မယ်ဆိုရင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမယ်၊၊"

​ရှယ်ယာ တစ်ခုနှစ်ခု ကျရုံမျှဖြင့် ဟောင်ကောင် ဆက်သွယ်ရေး ကုမ္ပဏီများစွာကို အပြီးအပိုင် သိမ်းပိုက်နိုင်ရန် လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေး၊၊

​"ဒါပေမဲ့ တချို့ ဆက်သွယ်ရေး ကုမ္ပဏီတွေက စပြီး လှုပ်ရှားနေကြပါပြီ၊ သူတို့ရဲ့ ရှယ်ယာရှင်တွေနဲ့ အဆင့်မြင့် အရာရှိတွေက ဈေးကွက်ထဲက သူတို့ကုမ္ပဏီ ရှယ်ယာတွေကို ပြန်ပြီး ဝယ်ယူနေကြပါတယ်"

ဟု ထိုသူက ဆက်လက်တင်ပြပြန်သည်။

"သူတို့ ဝယ်ယူနေတဲ့ အရှိန်အရဆိုရင် မတည်မငြိမ်ဖြစ်နေတဲ့ ရှယ်ယာဈေးနှုန်းတွေက ပြန်ပြီး ငြိမ်သွားနိုင်ခြေ ရှိပါတယ်၊၊"

​ထိုစကားကို ကြားသောအခါ လီကျဲခိုင်က စီးကရက်ကို တစ်ချက်သောက်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့်

"ဒီကာလအတွင်းမှာ အဲဒီကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေက ဒီလောက်ပဲ ကျတာလား"

ဟု မေးလိုက်သည်၊၊

​"စိတ်မပူပါနဲ့၊ အရင် စောင့်ကြည့်ဦး၊ ဈေးကွက်ထဲမှာ ရောင်းချသူတွေ မရပ်သေးဘူး၊ သာမန်ပြည်သူတွေက ဈေးကွက်ကို ထိန်းသိမ်းတဲ့ အမူအရာတွေကို နားမလည်ကြဘူး၊ သူတို့ သိတာက ဒီနေ့ ဟောင်ကောင်မှာ ကျွတော်တို့ အခြေအနေ ကောင်းနေတယ် ဆိုတာပဲ၊၊"

​ရှယ်ယာရှင်များက ယင်းခဲ့အဖွဲ့အစည်းကို တညီတညွတ်တည်း အယုံအကြည် ရှိနေသရွေ့ ၎င်းတို့သည် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်ရှိ အခြားကုမ္ပဏီများ၏ ရှယ်ယာများကို ရောင်းချပြီး ယင်းခယ်အဖွဲ့အစည်း၏ ရှယ်ယာများကိုသာ အမြောက်အမြား ပြန်လည်ဝယ်ယူကြမည် ဖြစ်သည်၊၊

​ထို့အပြင် ထိုကုမ္ပဏီများမှာ လက်ရှိအခြေအနေကို ထိန်းထားနိုင်လောက်အောင် ခိုင်မာသည့် အခြေခံအုတ်မြစ် မရှိကြပါချေ၊၊

​"ဟုတ်ကဲ့ပါ"

​ရှယ်ယာအရောင်းအဝယ်သမားများသည် လီကျဲခိုင်၏ ညွှန်ကြားချက်အတိုင်း နေရာအနှံ့တွင် နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သော်လည်း ဆက်သွယ်ရေး ကုမ္ပဏီများ၏ ရှယ်ယာများကို အမြောက်အမြား ဝယ်ယူခြင်းတော့ မပြုလုပ်ခဲ့ကြ၊၊

​တစ်ချိန်တည်းမှာပင် ဟောင်ကောင်၌ ယင်းခဲ့နှင့် အဆင့်တူနီးပါး ရှိသည့် ဟွေ့ကန်ဆက်သွယ်ရေး ကုမ္ပဏီမှာလည်း ငြိမ်သက်မနေ၊၊ စီအီးအို မာဝေရှန်းသည် ဤအရေးကြီးသော အချိန်တွင် ယင်းခဲ့အဖွဲ့အစည်း၏ နည်းလမ်းများကို အတုယူရန် ဆုံးဖြတ်လိုက်သည်၊၊

​ထိုနေ့တွင်ပင် ဟွေ့ကန် ဆက်သွယ်ရေး ကုမ္ပဏီသည် ရှန်ကျန့်ရှိ တမီ (Rice/Xiaomi) ကုမ္ပဏီနှင့် အနီးကပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်၊၊

​၎င်းတို့သည် တမီကုမ္ပဏီနှင့် မည်သည့်နည်းဖြင့်မဆို ပူးပေါင်းလိုကြသည်၊၊ ၎င်းတို့အနေဖြင့်လည်း ယင်းခဲ့ကဲ့သို့ပင် အခမဲ့ပက်ကေ့ချ်များကို ကျင့်သုံးနေပြီဖြစ်ကြောင်း ပြင်ပသို့ ထုတ်ဖော်ပြသနိုင်သရွေ့...

​ရှယ်ယာဈေးနှုန်းများ ကျဆင်းနေမှုမှာ သေချာပေါက် ရပ်တန့်သွားမည်ဖြစ်ပြီး ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ကာ ပြန်လည်မြင့်တက်လာနိုင်ခြေပင် ရှိသည်၊၊

​ကျန်းလင်းမြို့ -- လုံထန်လုပ်ငန်းစုဌာနချုပ်

​"သူဌေး... သတင်းကောင်း၊ သတင်းကောင်းကြီး"

​ဝမ်းသာအားရ ဖြစ်နေသည့် ကျန်းဖန်သည် လင်းဖန်၏ ရုံးခန်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဟောင်ကောင်မှာ တုံ့ပြန်မှုတွေ ဆက်တိုက် ဖြစ်နေပါပြီ၊ ဒီနေ့ ရှန်ကျန့်က ကျွန်တော်တို့ရဲ့ အရောင်းဆိုင်မှာတင် ရောင်းအား ယွမ်တစ်သန်း ကျော်သွားပါပြီ"

​"အင်း"

လင်းဖန်မှာတော့ ထူးထူးခြားခြား စိတ်လှုပ်ရှားခြင်း မရှိဘဲ ရေကဲ့သို့ တည်ငြိမ်နေပါသည်။

"လီကျဲခိုင်မှာ နည်းလမ်းကောင်းတွေ ရှိပုံရတယ်၊ အခမဲ့ဆက်သွယ်ရေး ပက်ကေ့ချ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဝယ်ယူမှု ဆိုတာတွေက ပေါင်းစပ်လိုက်ရင်တော့ တုံ့ပြန်မှုက တကယ်ကို ကြီးမားသွားတာပေါ့၊"

​"သူဌေး ပြောတာ မှန်ပါတယ်၊"

​ကျန်းဖန်က ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။

"ကျွန်တော်တို့ရဲ့ နီဗားနား.."

​ယခုအချိန်အထိ နီဗားနားဖုန်း၏ အောင်မြင်မှုမှာ သိသာထင်ရှားလှသည်၊၊

​ကျန်းဖန်အနေဖြင့် မိမိကိုယ်ကို မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း၊၊

All Chapters